အပိုင်း (၉၆)

226 21 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၉၆ )
Chapter 96                ပန်းမျက်ရည်စက္များ

နောက်ဆုံးနေ့မှာတော့ ကျောက်ဖူရဲ့ကံဇာတာ တက်လာခဲ့ပါပြီ။ သူ့လူတွေက ဒီမနက်ခင်းမှာပဲ ခရမ်းရောင်ပန်း မျက်ရည်စက် နှစ်ခုကို တွေ့ရှိခဲ့တာကြောင့် သူ့မှာ ခရမ်းရောင် ပန်းမျက်ရည်စက် ၈ခုထိ ရှိလာခဲ့ပါပြီ။ ဒီ့အပြင် ပွဲတော်ဟာ နောက်တစ်နေ့မနက်စောစောဖြစ်တဲ့ ဒီနေ့ည ၁၂ နာရီမှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ကျောက်ဖူ အော့စ်မြို့တော်ကို စောစောမသွားခဲ့ပဲ မနက် ၉နာရီလောက္မှ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

ယခုဆို သူ့မှာ ခရမ်းရောင် ပန်းမျက်ရည်စက် ၈ခုရှိနေပြီဖြစ်တာကြောင့် ဒီနေ့ဟာ နောက်ဆုံးနေ့ဖြစ်ပြီး၊ ထပ်မရှာနိုင်တော့တာကြောင့် ဘယ်သူတွေ ခရမ်းရောင်မျက်ရည်စက်တွေ ရောင်းနေလဲ ဆိုတာကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူ သန့်ရှင်းသောအလင်း မြို့‌ေတာ်ကို လှည့်ပတ်ကြည့်ခဲ့ပေမယ့် ဘာမှ ရှာမတွေ့တာကြောင့် စစ်သည်သစ်တော မြို့တော်ကို ထွက်လာခဲ့ပါတယ်။ လမ်းတစ်‌ေလျှာက်လှည့်လည် ကြည့်ပြီးနောက် ဆိုင်ခန်းငယ်တစ်ခုမှာ လူအများအပြားက ပစ္စည်းတွေကို တိုးဝှေ့ကြည့်နေကြတာ တွေ့လိုက်ရပါတယ်။

  အဲ့ဒီ့ ဆိုင်ခန်းငယ်ဟာ ကျောက်ဖူရဲ့ သိချင်စိတ်ကိုနှိုးဆွပေးနေတာကြောင့် သူလဲ လျှောက်သွားလိုက်ပါတယ်။ ဒီဆိုင်ခန်းငယ်ပိုင်ရှင်က ခရမ်းရောင်မျက်ရည်စက် တစ်ခုကို ရောင်းချနေတာတွေ့တဲ့အတွက် သူ အတော်လေးဝမ်းသာ သွားခဲ့ပါတယ်။ ဟုတ်ပါတယ်။ လူအများအပြားက ဒီခရမ်းရောင်မျက်ရည်စက်‌ေတွကို လိုချင်နေကြတာပါ။ အကြောင်းကတော့ ဒီခရမ်းရောင် ပန်းမျက်ရည်စက်တစ်ခုက သာမာန် ပန်းမျက်ရည်စက် တစ်သောင်းလောက် တန်နေလို့ပါပဲ။

ဒါကို မရောင်းရသေးတဲ့ အကြောင်းအရင်းကတော့ ဒီပစ္စည်းတွေက ဈေးအလွန်များလွန်းလို့ပါ။ ပိုင်ရှင်က ဒီခရမ်းရောင် ပန်းမျက်ရည်စက်အတွက် ငွေဒင်္ဂါး ၃ သန်း လိုချင်‌ေနတာပါ။ အဲဒါက ကြေးနီဒင်္ဂါးသန်း ၃၀၀ ဒါမှမဟုတ် တကယ့် အစစ်အမှန်ကမ္ဘာမှာ ဒေါ်လာ ၃ ဘီလီယံ‌ေလာက် တန်ကြေးရှိလို့ပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now