အပိုင်း (၁၂၃)

219 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၂၃ )
Chapter 123                ဘုရင့်သွေး.

ကျောက်ဖူ ကျန်နေသေးတဲ့ အမျိုးသမီးကို ကြည့်လိုက်ပါတယ်။ သူမက အလွန်လှပကာ အဖြူရောင် ၀ တ်စုံကို ၀ တ်ဆင်ထားပြီး၊ နူးညံ့သိမ်မွေ့ပြီး ပညာရှိပုံ‌ေပါက်‌ေနပါတယ်။

နာမည်: ဘချင်း

အဆင့် - SSS

ဘွဲ့ထူး၊ဂုဏ်ပုဒ် - မရှိ။

အလုပ်အကိုင်: [ကုန်သည်]

အောင်မြင်မှုရမှတ်များ - သာမန် (0/200)

အမျိုးအနွယ်: လူသား

အသက်: 25 (100)

သစ္စာရှိမှု - ၁၀၀

အချက်အလက်မျညး: သန်မာမှု (ခွန်အား): ၈၊ ညာဏ်ရည်: ၁၀၊ ကြံခိုင်မှု- ၇၊ ဖြတ်လတ်မှု ၈

ကျင့်ကြံမှု: အဆင့် 0

ကျင့်ကြံခြင်းနည်းစနစ် - မရှိ

ကျွမ်းကျင်မှု - စီးပွားရေးလုပ်ငန်းလည်ပတ်မှု

ပစ္စည်းကိရိယာ: အဝတ်အစား၊(အကြမ်း)၊ ဆံထိုး

“ ဘချင်း”  ကျောက်ဖူ ဒီနာမည်ကို မြင်လိုက်တော့ သူမနဲ့ပါတ်သက်ပြီး သတိရသွားခဲ့ပါတယ်။  ဘချင်းကို မုဆိုးမ ဘချင်း လို့ ခေါ်ကြပါတယ်။ သူမဟာ  ဒါရော့ချန်နဲ့ ဒါဂျီတို့လို ကျော်ကြားမှု မရှိပေမယ့် ချင်မင်းဆက်ရဲ့ သမိုင်းကို သိတဲ့ ဘယ်သူမဆို ဒီဒဏ္ဍာရီဆန်တဲ့ အမျိုးသမီးကို သိကြပါတယ်။

ဘချင်း က တရုတ်နိုင်ငံရဲ့ ပထမဆုံးသောစွန့် ဦး တီထွင်သူ တစ်ယောက်ဖြစ်ပြီး၊ သူမရဲ့ ကြွယ်ဝမှုဟာ တိုင်းပြည် တစ်ပြည်နဲ့တောင် ယှဉ်လို့ရပါတယ်။ တစ်ဆက်တည်းမှာပဲ သူမမှာ ကိုယ်ပိုင်စစ်တပ်တောင်ရှိပြီး၊ မဟာ ချင်ရဲ့ ပထမဆုံးဧကရာဇ်က သူမကို သံသယတောင် မထားခဲ့ပါဘူး။ အမှန်တကယ်လည်း သူမကို ဧကရာဇ်က အကြီးအကဲတစ်ယောက်လို ဆက်ဆံခဲ့တာပါ။ ဧကရာဇ်ကတောင် ဒီလိုဆက်ဆံရတဲ့အတွက် သူမမှာ ဘယ်လောက်တောင် အစွမ်းအစ ရှိတယ်ဆိုတာ ထင်ရှားနေပါတယ်။

သူမဟာ တရုတ်ပြည်ရဲ့ မဟာတံတိုင်းကြီးတည်ဆောက်ခြင်းအတွက် ငွေ‌ေပါင်းများစွာ လှူဒါန်းခဲ့ပြီး၊ ပထမဆုံး မဟာ ချင် ဧကရာဇ်ရဲ့ သင်္ချိုင်းဂူအတွက် ပြဒါး အချိန်ပေါင်း များစွာကိုလည်း ထောက်ပံ့ခဲ့ပါ‌ေသးတယ်။ ဒါပေမယ့် မဟာ ချင် အင်ပါယာ ကျဆုံးသွားချိန်မှာတော့ သူမရဲ့ စီးပွားရေးအင်ပါယာဟာလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now