အပိုင်း (၁၇၇)

188 22 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၇၇ )
Chapter   177         အမှောင်ကာလများ

ကျောက်ဖူရဲ့ လုပ်ရမယ့် အလုပ်ကတော့ နေ့ညမပြတ် တွင်းနက်နက်တွေကို တူးဖို့ပါပဲ။ သူနဲ့ သူ့ရဲ့ ဂေါ်ဗလင် ၃၂ ကောင်က တွင်းတွေကို တစ်ခုပြီး၊ တစ်ခု စတင် တူးဖော်ခဲ့ကြပါတယ်။

……………………………………

ကောင်းကင်ဘုံ ကျောက်တုံးမြို့တော်မှာ‌ေတာ့..
   
သတိလစ်နေခဲ့တဲ့ ရှီဂျင်း နောက်ဆုံး‌ေတာ့ ပြန်လည် နိုးထလာခဲ့ပါပြီ။ သူက ကျောက်ဖူထက် ပို ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ဒီအချိန်မှ သတိပြန်ရလာခဲ့တာပါ။

သူ့အိပ်ယာပေါ်မှာ လဲလျောင်းနေရင်း ရှီဂျင်း အသက် ၁၀ နှစ်လောက် ရုတ်တရက် အိုစာသွားခဲ့တာကို သတိထားမိသွားခဲ့ပါတယ်။ သူ့ခေါင်းပေါ်မှာဆံပင်ဖြူတွေတောင် ပေါက်နေခဲ့ပါပြီ။

လုရှမ်းနဲ့ ယုလင်းပိုင်တို့က အချိန်ကြာမြင့်စွာကတည်းက သူ့ဘေးမှာ စောင့်ဆိုင်း‌ေနခဲ့ကြတာပါ။ ယုလင်းပိုင်က ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်ပြီး၊ လုရှမ်းရဲ့ လက်တွေကို ကျောက်ဖူ ဖြတ်ပစ်ခဲ့ပေမယ့် တစ်နည်းနည်းနဲ့ ပြန်လည်ထွက်ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့ ကျင့်ကြံမှုကတော့ အတော်နိမ့်ကျသွားခဲ့ပါပြီ။

ရှီဂျင်း မျက်လုံးတွေ တဖြည်းဖြည်းခြင်း ဖွင့်လာတာကို သူတို့မြင်လိုက်ရတဲ့ အခါမှာတော့ သူတို့က အော်ခေါ်လိုက်ကြပါတယ်။
"မြို့တော် အရှင်သခင်"

ရှီဂျင်း အားနည်းနေပေမယ့် ခေါင်းညိတ်ပြလိုက်ပြီး၊ အိပ်ရာကို လက်တစ်ဖက်ထောက်ကာ ထိုင်ဖို့ ကြိုးစားခဲ့လိုက်ပါတယ်။ လုရှမ်းနဲ့ ယုလင်းပိုင်တို့ အပြေးအလွှားနဲ့ ကူညီဖို့ ရောက်လာကြပြီး၊ ရှီဂျင်းကို ခေါင်းအုံးကျောမှီကာ ထိုင်ဖို့ လုပ်ပေးလိုက်ကြပါတယ်။

လုရှမ်းနဲ့ ယုလင်းပိုင်တို့က လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတေွနဲ့ ပက်သက်ပြီး၊ စတင်အစီရင်ခံခဲ့ကြပါတယ်။ ဒီကိစ္စတွေကတော့ ချင် မိသားစု‌ေကြာင့် ကောင်းကင်ဘုံ ကျောက်တုံးမြို့တော်အပေါ် ကြီးမားတဲ့ တိုက်ပွဲရဲ့ အကျိုးသက်ရောက္မှု‌ေတွ ဖြစ်ပေါ်လာခဲ့တဲ့ ကိစ္စတွေနဲ့ လူငယ် အရှင်သခင် ရှီဝမ်နဲ့ ပတ်သက်တဲ့ ကိစ္စေတွပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Onde as histórias ganham vida. Descobre agora