အပိုင်း (၁၀၆)

207 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၀၆ )
Chapter 106                ပစ္စည်းကိရိယာ အစုံလိုက္များ

စင်မြင့်ပေါ်ရှိ ရုပ်တု ၁၂ ခုက ကျောက်ဖူ ဝတ်ဆင်ထားတဲ့ အဝတ်အစား‌ေတွလို ဝတ်ဆင်ထားခဲ့တဲ့အတွက် သူတို့ရဲ့ မျက်နှာသွင်ပြင်များကို တွေ့မြင်ဖို့က မဖြစ်နိုင်ခဲ့ပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်ပေါ် မူတည်ပြီး၊ ယောက်ျားနဲ့ မိန်းမ၊ငယ်ရွယ်သူနဲ့အိုမင်းသူ တွေလို့ပဲ ခွဲခြားနိုင်ပါတယ်။

ကျောက်ဖူ ဒီရုပ်ထုတွေကို မသိခဲ့ပေမယ့် ဒီ ၁၂ ယောက်လုံးက ကျွမ်းကျင်သူတွေဖြစ်မှာပါ။

ကျောက်ဖူ ရုပ်တု ၁၂ ခုရဲ့ ခြေထောက်‌ေအာက်မှာ ရှိ‌ေနတဲ့ ပစ္စည်းကိရိယာ ၁၂ စုံကို ကြည့်ခဲ့လိုက်ပါတယ်။ တစ်စုံစီမှာ လက်စွပ်တစ်ကွင်း၊ ဖုံးကွယ်ဓါးနှစ်ချောင်းနဲ့ အဝတ်အစား‌ေတွ ရှိနေပါတယ်။

ပစ္စည်းကိရိယာ သုံးမျိုးစလုံးကမီးခိုးရောင်‌ေတွပါ။ ဒီအရာ‌ေတွက ကြည့်လိုက်ရင်ပဲ သာမာန်ထက်အလွန် ထူးကဲကောင်းမွန်နေတာကို တွေ့နိုင်ပါတယ်။ လက်စွပ်တွေက လက်ရာမြောက်ပြုလုပ်ထားတဲ့ ပုံရှိပြီး၊ လက်စွပ်မှာ ရေးသားထားတဲ့ စာတွေလည်း ရှိနေပါတယ်။ ဖုံးကွယ်ဓါး‌ေတွက အလင်းတစ်ခု ထုတ်လွှတ်နေပြီး၊ တစ်စုံတစ်ယောက်ကို အေးစက်စက် ဖြစ်သွားနိုင်တဲ့ အငွေ့အသက်တွေ ပေးနေခဲ့ပါတယ်။ ဝတ်စုံကတော့ မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်မှု‌ေတွကို  ခံစားစေခဲ့ပါတယ်။

ကျောက်ဖူ ပစ္စည်းကိရိယာ‌ေတွထဲဆီကို လျှောက်သွားလိုက်ပြီး၊ တစ်ခုကို ယူကြည့်လိုက်ပါတယ်။

[ပရလောက အရိပ်ရဲ့လက်စွပ် - တိုက်ပွဲ]
အဆင့်: ရွှေ
အချက်အလက္များ : အချက်အလက် အားလုံး +4
  ဖော်ပြချက် အခြေအနေ: တိုက်ပွဲအင်အား အဆင်တန်ဆာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဒီအဆင်တန်ဆာဟာ ပိုင်ရှင်နဲ့အတူ တဖြည်းဖြည်း တိုးတက်ပြောင်းလဲနိုင်တဲ့ အမွေခံပစ္စည်းကိရိယာတစ်ခုဖြစ်သည်။ ဒီအဆင်တန်ဆာရဲ့ နောက်ဆုံးပိုင်ရှင်၏ ဖုံးကွယ်ထားတဲ့ စွမ်းအားပါဝါ ပါရှိသည်။ ပစ္စည်းကိရိယာ သုံးခုစလုံးဖြစ်တဲ့ အဆင်တန်ဆာ တစ်ခုလုံးကို တပ်ဆင်ထားသည့်အခါ ပိုင်ရှင်သည် နောက်ဆုံးပိုင်ရှင်ရဲ့ အမွေကိုရယူနိုင်သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)حيث تعيش القصص. اكتشف الآن