အပိုင်း (၁၂၅)

234 20 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၂၅ )
Chapter 125 ဧကရာဇ်ရဲ့ကံကြမ္မာ

ဒီလို အခြေအနေတွေ ရှုပ်ထေွး သွားခဲ့တာဟာ ကျောက်ဖူကြောင့် ဖြစ်ခဲ့ရပေမယ့် ပိုပြီးတိတိကျကျေ ‌ေပြာရရင်‌ေတာ့ ရက်စက်ကြမ်းကြုတ်တဲ့ နဂါးရဲ့ လွှမ်းမိုးနိုင်တဲ့ ဟိန်းဟောက်သံ‌ေကြာင့် ဖြစ်လာခဲ့တာပါ။

ဒီလူတွေ အားလုံးက မြင့်မြတ်တဲ့ မျိုးရိုး‌ေတွကနေ ဆင်းသက်လာပြီး၊ သူတို့ကိုယ်သူတို့ အလွန် ဂုဏ်ယူဝင့်ကြွား‌ေနခဲ့ကြတာပါ။ ဒါကြောင့် တစ်စုံတစ်ယောက်က သူတို့ကို ဖိနှိပ်ဖို့ လုပ်‌ေနတာမျိုးကို ဘယ်လိုလုပ်ခွင့်ပြုနိုင်မှာလဲ။ ဒီအရာကြောင့် သူတို့ကိုယ်တိုင် ဒေါသထွက်ခဲ့ရုံသာမက သူတို့ရဲ့ကံကြမ္မာနဂါးတွေတောင် ဒီအင်အားကြီးမားတဲ့ နဂါရဲ့ ဟိန်းဟောက်သံကို ခုခံနိုင်ခြင်းမရှိခဲ့ပါဘူး။ သူတို့အနေနဲ့ အံကြိတ် ဟိန်းဟောက်နေရုံမှတပါး မတတ်နိုင်ခဲ့ပါဘူး။
" မဟာ ချင် "

တစ်ချိန်တည်းမှာပဲ နဂါးရဲ့ ဟိန်းဟောက်သံကို တရုတ်တွေအပြင် တရုတ်ကို မျက်ခြည်မပြတ်စောင့်ကြည့်နေကြတဲ့ အုပ်စု၊အဖွဲ့အစည်းတွေကလည်း ကြားလိုက်ရပါတယ်။ ဒီလို ကမ္ဘာကြီးကို တုန်ခါစေနိုင်လောက်တဲ့ နဂါးဟိန်းဟောက်သံကြောင့် သူတို့ အလွန်စိတ်ပျက်သွားခဲ့ကြပါတယ်။

ဒီဟိန်းဟောက်သံကို ကြားရတဲ့ သူတို့အားလုံးက မယုံနိုင်လောက်အောင် သိမ်ငယ်‌ေနခဲ့ကြပြီး၊ သူတို့ အတော်လေး အားနည်းနေသေးတယ်လို့ ခံစားလိုက်ကြရပါတယ်။ လူတိုင်းကတော့ တရုတ်ရဲ့ ရန်သူ ဖြစ်ချင်၊ မဖြစ်ချင် ပြန်တွက်နေကြပါပြီ။

တရုတ်နိုင်ငံဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက‌္မှုကို ပြန်လည်ရရှိခဲ့ပြီး၊ လူတိုင်းရဲ့ ပါးစပ်ဖျားမှာလည်း နာမည်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
" မဟာ ချင် "

မဟာ ချင်ဟာ မရေမတွက်နိုင်အောင် များပြားလှတဲ့ အုပ်စု၊ အဖွဲ့အစည်းတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး၊ လူတိုင်းက မဟာ ချင်နဲ့ ပက်သက်တဲ့ အကြောင်းအရာ‌ေတွအားလုံးကို သိချင်နေကြပါတယ်။ အခုဆိုရင်တော့ မဟာ ချင်ဟာ ဒီကမ္ဘာမှာ စွမ်းအားအရှိဆုံးအဖွဲ့ထဲက တစ်ဖွဲ့ဖြစ်လာမယ်ဆိုတာကို သောက်ရှုးတောင် သိနေပါပြီ။ ဒီအုပ်စုအဖွဲ့အစည်းတွေကတော့ မဟာ ချင် ဟာ ဒီလောက်‌ေတာင်အင်အားကြီးလွန်းတာကြောင့် ကြောက်စိတ်နဲ့ စိတ်ပျက်အားငယ်မှု‌ေတွကို ခံစား‌ေနခဲ့ရပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now