အပိုင်း (၂၈)

284 32 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၂၈ )
Chapter 28     ရာပေါင်းများစွာသောအတွေးအခေါ် ပညာသင်ကျောင်းများနှင့် ဒေါင်လိုက်(ထက်အောက်)နှင့် အလျားလိုက် (ဘေးနံ)ကျောင်း (မိုးကုတ်စက်ဝိုင်းကျောင်းတော်)

အစစ်အမှန်ကမ္ဘာကို ပြန်ရောက်လာပြီးနောက် ကျောက်ဖူ ချက်ချင်းပဲ အသင့်စား ခေါက်ဆွဲတစ်ထုတ်ကို စားသောက်ဖို့လုပ်လိုက်ပြီး၊ ပုံမှန်အတိုင်း သူရဲ့ကွန်ပျူတာကို ဖွင့်ခဲ့လိုက်သည်။ အဲ့ဒီနောက် သူသည် ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာ သတင်းအချက်အလက် စာမျက်နှာဖိုရမ်မှ သတင်းအသစ်တွေနှင့် စိတ်ဝင်စားစရာတွေ ရှိ၊မရှိကို ကြည့်နေခဲ့ရင်း ခေါက်ဆွဲကို စားခဲ့လိုက်သည်။

ဒီကောင်းကင်ဘုံနိုးထခြင်းကမ္ဘာ သတင်းအချက်အလက် စာမျက်နှာ ဖိုရမ်မှာ သူ တွေ့ခဲ့လိုက်တာက '' သူရဲကောင်း အဆင့်ဇယား' ပဲဖြစ်သည်။

လောလောဆယ်အချိန်မှာတော့ သူရဲကောင်းအဆင့်ဇယားတွင် အမှန်တကယ် အဆင့်သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။ အခုအချိန်မှာ ဒီဇယားတွင်ရှိနေခဲ့တာက သမိုင်းမှာ ရှိခဲ့တဲ့ အဓိက သူရဲကောင်းတွေကနေ ဆင်းသက်လာတဲ့ မျိုးဆက်တွေပဲ ရှိနေခဲ့တာပါ။

အခု ဒီဇယားမှာ ပါဝင်နေသူတွေသည် သုံးနိုင်ငံခေတ်က လွီပု ၊လွီချန်[ သူ့ရဲ့ပုဆိန်သွားတပ်ဓါးရှည် (လှံထိပ်မှာ ဓါးရှည်တပ်ထား)နဲ့ ဓါးပြ ၁၀ ယောက်ကို သတ်ခဲ့သူ ]တွေရဲ့ မျိုးဆက်များ၊ တန် မင်းဆက် မှ ချန်ယိုကျင်း ၊ချန်တမာန် [ ကြီးမားတဲ့ ပုဆိန်ကို ကိုင်ဆွဲပြီး မဟာစွမ်းအားကို ထုတ်ပြခဲ့သူ] တို့ရဲ့ မျိုးဆက်များ၊ ဆောင် မင်းဆက် ဘာအို ကျွင်းရှန် ၊ဘာအို ရှောင်ဒန် [ နတ်ဘုရားလို ဗေဒင်ပညာ စွမ်းရည်စကေး ရှိသူ] တွေရဲ့ မျိုးဆက်တွေပဲ ဖြစ်သည်။
  
အဲ့ဒီသူတွေက ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကို ၀င်ရောက်ပြီးသည့်နောက် သူတို့တွေသည် သူတို့ရဲ့ ဘိုးဘေးတွေဖြစ်ကြတဲ့ ကျော်ကြားတဲ့ စစ်သူကြီးတွေနှင့် အရပ်ဖက်အရာရှိကြီးတွေရဲ့ အမွေအနှစ်တွေနဲ့ အလုပ်အကိုင်တွေကို ရရှိခဲ့ကြသည်။ ဒါပေမဲ့ သူတို့ဟာ သူတို့ ဘိုးဘေးတွေ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အင်ပါယာတွေဆီမှာ ဆက်တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိ၊ မရှိဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဲ့ဒီသူတွေ မှာ ခမ်းနားတဲ့ အရည်အချင်းတွေနဲ့ မြင့်မားတဲ့ အချိန်ကောင်း၊ အရွယ်ကောင်းတွေ ရှိနေခဲ့ကြသည်။ ဒါကြောင့် သူတို့က ဒီ ကောင်းကင်ဘုံ နိုးထခြင်းကမ္ဘာကြီးမှာ ဘာဖြစ်လို့ ကိုယ်အားကိုယ်ကိုး မလုပ်နိုင်ရမှာလဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now