အပိုင်း (၃၇)

264 36 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၃၇ )
Chapter  37       ရဲစွမ်းသတ္တိပြတဲ့ စစ်သူကြီး

အင်အားကြီးသူတွေက အားနည်းသူတွေကို ဝါးမြိုနေကြတဲ့ ဒီကမ္ဘာကြီးမှာ တစ်စုံတစ်ယောက်က ဘာကြောင့် သူတို့ကို သတ်ချင်နေရတာလဲလို့ မေးမြန်းနေတာက အတော်လေး ရယ်စရာကောင်းနေခဲ့ပါပြီ။ ဒါပေမယ့်လည်း ကျောက်ဖူ ပြန်ဖြေခဲ့လိုက်သည်။

“ မင်းတို့ ရွာကို လိုချင်လို့”

အဲ့ဒီနောက် ကျောက်ဖူ သူတို့အားလုံးကို ကြည့်လိုက်ပြီး၊ သူ့လူတွေကို အမိန့်ပေးခဲ့လိုက်သည်။

“ သူတို့ထဲက တချို့ကိုတော့ မသတ်လိုက်နဲ့။ ”

လေးသမားတွေနှင့် နွမ်စ် (မြေအောက်နေ လူပု) ဒူးလေးသမားတွေက ပစ်ခတ်ဖို့ အသင့်ပြင်လိုက်ကြတာကို မြင်တဲ့အခါမှာတော့ အဲ့ဒီလူကြီးက ချက်ခြင်းဆိုသလို အော်ဟစ်ပြောဆိုလိုက်သည်။

“ ငါက ကြီးမြတ်တဲ့ကျား ကျေးရွာရဲ့ အကြီးအကဲ ကျန်းတဟူ ပဲ"

ကျောက်ဖူ ဒီစကားကိုကြားတဲ့အခါမှာတော့ အတော်လေး အံ့ဩသွားခဲ့သည်။ သူရှေ့မှာ ရှိနေတဲ့လူကြီးသည် ကျေးရွာခေါင်းဆောင် ဖြစ်နေလိမ့်မည်ဟာ သူ မထင်ထားခဲ့တာကြောင့်ပါ။ ဒါကြောင့် သူ က မြန်မြန်ဆန်ဆန်ပဲ ရပ်တန့်ဖို့ အော်ဟစ်လိုက်ခဲ့သည်။

“ ရပ်လိုက်ကြ”

ကျန်းတဟူ သက်ပြင်းချလိုက်နိုင်ပါပြီ။ သူက ကျောက်ဖူရဲ့ စကားကို နားထောင်ဖို့လိုတယ် ဆိုတာ ကို သိနေခဲ့သည်။ ကျောက်ဖူရဲ့စစ်သည်တွေက ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားပြီး၊ ရက်စက်ခက်ထန်တဲ့ ပုံစံတွေရှိနေခဲ့တာကြောင့် တကယ်လို့ ကျောက်ဖူသာ သူတို့ရွာကို တိုက်ခိုက်ခဲ့ရင်တော့ ကပ်ဆိုးတစ်ခုလို ဖြစ်သွားမှာကို သူနားလည်ထားခဲ့သည်။

ဒီအချိန်မှာတော့ ကျောက်ဖူ ကျန်းတဟူကို ကြည့်လိုက်ပြီး၊ သူ ဘာဆက်လုပ်ရမလဲဆိုတာကို တွေးနေခဲ့သည်။ သူ့အနေနဲ့ ဒီကြီးမားတဲ့ စစ်တုရင် အကောင်ကြီးကြီးကို ကြီးမြတ်တဲ့ကျားကျေးရွာဆီကို ဘယ်လိုခေါ်သွားရမလဲဆိုတာကိုပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now