အပိုင်း (၁၀၀)

224 19 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၀၀ )
Chapter 100       ခြုံခို တိုက်ခိုက်ခြင်း

“ တကယ်လို့ ငါတို့က အတင်းထိုးဖောက္မယ်ဆိုရင် ငါတို့ရဲ့ အင်အားကို လျှော့ချဖို့ မသေမျိုးတွေ  ကို ငါတို့ဆီ လွှတ်လိမ့်မယ်။ ပြီးတော့သူတို့ရဲ့လက်ရွေးစင် တွေကိုသုံးပြီး၊ ငါတို့ကိုရှင်းပစ်လိမ့်မယ်။ ဒါဆို ငါတို့ ကျိန်းသေ‌ေပါက် ရှုံးသွားလိမ့်မယ် " ဆိုပြီး၊ ပထမဆုံး စကားစပြောတဲ့ သက်ကြီးရွယ်အိုကြွက်လူက ရှင်းပြလိုက်ပါတယ်။

"ဒါဆိုငါတို့ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။" တိုက်ခိုက်ချင်တဲ့ သက်ကြီးရွယ်အို ကြွက်လူက မေးလိုက်ပါတယ်။

ရုတ်တရက်ပဲ  စကားဝင်မပြောရသေးတဲ့ သက်ကြီးရွယ်အို ကြွက်လူ က နောက်ဆုံးမှာ ပြောလာခဲ့ပါပြီ။
“ အရင်ကတည်းက ငါတို့ အရေးပေါ်အဖြစ် သုံးဖို့ဥမင်လိုဏ်ခေါင်းသုံးခုကို တူးထားတယ် မဟုတ်လား။ အခုဆို ငါတို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ဒီဥမင်လိုဏ်ခေါင်းတွေကို အသုံးပြုပြီး၊ ထွက်ပြေးဖို့ ..."

"မလုပ်ဘူး!"

သူ စကားအပြီးထိမပြောနိုင်ခင်မှာပဲ တခြားလူတွေက သူ့စကားကို ဖြတ်ပြောလိုက်ကြပါတယ်။  သူတို့ထဲက တစ်ယောက် ပြောလိုက်ပါတယ်။
“ ငါတို့ လွတ်မြောက်ဖို့အတွက်ဆိုရင် မြို့တော်ဖန်တီးခြင်း ကျောက်တုံးကို ယူသွားရလိမ့်မယ်။ ဒီလိုလုပ်ရင် ပြောင်းလဲမှုတွေ ကြီးကြီးမားမားဖြစိပြီး၊ လူတွေ သတိထားမိသွားလိမ့်မယ်။ ငါတို့ ဒီတိုင်းပြေးရင်လည်း ဒီမှာ မြို့တော်ဖန်တီးခြင်း ကျောက်တုံးကို ထားခဲ့လို့ကလည်း မဖြစ်နိုင်ဘူး။ ငါတို့က ဒီသမိုင်းအကြွင်းအကျန်ကို ဒီလောက်အကြာကြီး လေ့လာကြပေမယ့် အစိတ်အပိုင်းအနည်းငယ်လောက်ကိုပဲ သော့ပွင့် (ရရှိ)အောင် လုပ်နိုင်သေးတယ်။ ဒါတွေအားလုံးကို မင်းက သူတို့ကို တကယ်ပေးချင်နေတာလား။"

အာ!! ပထမဆုံး ဥမင်လိုဏ်ခေါင်းမှ ထွက်ခွာဖို့ အကြံပြုခဲ့တဲ့ ကြွက်လူ ကပြောလိုက်ပါတယ်။
“ ဒါဆို ငါတို့ ဥမင်လိုဏ်ခေါင်းကို ညဘက်သုံးပြီး၊  ငါတို့ရဲ့ အထူးတပ်ဖွဲ့တွေကို အသုံးပြုပြီး လူသားစစ်တပ်ကို အကြီးအကျယ်တိုက်ခိုက်ရမယ်”

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Où les histoires vivent. Découvrez maintenant