အပိုင်း (၁၀၉)

209 22 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၀၉ )
Chapter 109        စစ်သည်တော် မဟာမိတ်အဖွဲ့

အစစ်အမှန်ကမ္ဘာမှာတော့ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ဘယ်ကုမ္ပဏီပဲ ဖြစ်ဖြစ် တစ်ခုဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် ပင်ကိုယ်စွမ်းရည်ရှိသူ‌ေတွနဲ့ အမြဲယှဉ်ပြိုင်နေရမှာပလ။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက္မှုအတွက် သိပ္ပံ၊ နည်းပညာနှင့်ပညာရေးတို့ဟာ မရှိမဖြစ်လိုအပ်တယ် ဆိုတာကို မကြာခဏ အလေးပေး ဖော်ပြလေ့ရှိကြတယ်။

ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးအနေနဲ့က ဒီလို အခြေအနေတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာရောက်နေတဲ့အတွက် လူအများ လေ့လာသင်ယူဖို့က ပိုတောင်လိုအပ်ပါ‌ေသးတယ်။ အရပ်ဘက်နဲ့ စစ်ဖက် အားနည်းချက်တွေကို တစ်ဖက်နဲ့တစ်ဖက် ပြုပြင်ပြီး၊ ဟန်ချက်ညီနေမှသာ တစ်စုံတစ်ယောက်ရဲ့ အဖွဲ့အစည်းဟာ ဒီလို အချိန်အခါမှာ ပိုမိုအားကောင်းလာမှာပါ။

နောင်မှာလည်း ကျောက်ဖူ ဘယ်ကွန်ဖြူးရှပ်အဖွဲ့ဝင်ကို မဆို သူ့ရဲ့ အဖွဲ့မှာ ပါဝင်ဖို့ဆိုရင် ကြိုဆိုနေမှာပါ။ သူ့အနေနဲ့ ဒီလိုပြောတာက ရာပေါင်းများစွာသော အတွေးအခေါ်များ ကျောင်းတော်ကို ပစ်ပယ်တာမျိုး မဟုတ်ပါဘူး။ သူတို့သာ ပူးပေါင်းလာပါက ကျောက်ဖူ ကွန်ဖြူးရှပ်‌ေတွနဲ့တနိးတူ ဆက်ဆံမှာပါ။ များအားမှတ်တိုင်အောက်ခြေတွင်ထားမည်မဟုတ်ပေ။ ကျောက်ဖူ အနေနဲ့ အတွေးအခေါ် ကျောင်းတော်တွေရဲ့ ကိုယ်ပိုင်အယူအဆတွေ ၊ကိုယ်ပိုင်စွမ်းရည် တွေ   ကို လက်ခံပါတယ်။ ကွန်ဖူ့ရှပ် တစ်ခုထဲမှ မဟုတ်ပါဘူး။

တစ်ချိန်တည်းမှာပဲ ဒီလို ယှဉ်ပြိုင်မှုတွေ အကြီးအကျယ် ရှိနေတဲ့ အခြားအဖွဲ့အစည်း အသီးသီးကလည်း အတွေးအခေါ် ကျောင်းတွေကို ကြိုဆိုကြမှာပါ။ ဒါကြောင့် ကျောက်သူ သူ့အနေနဲ့ ဂရုစိုက်လုပ်ဆောင်ရမယ် ဆိုတာကို သူနားလည်ပါတယ်။ သူအနေနဲ့ လက်ရှိမှာ အလွန်အားနည်းနေဆဲဖြစ်ပြီး၊ အစစ်အမှန်ကမ္ဘာမှာရှိနေတဲ့ ဘယ်သူမဆို သူ့ကို အလွယ်တကူနှိပ်စက်ပြီးသတ်ပစ်နိုင်ပါတယ်။ ဒါကြောင့် သူ အရာရာတိုင်းကို သတိရှိဖို့ လိုအပ်နေပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now