အပိုင်း (၁၁၅)

206 18 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၁၅ )
Chapter 115                 လုပ်ကြံသတ်ဖြတ်ခြင်း

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး၊ ယနေ့ညမှာတော့ လက ထွက်ပေါ်မလာခဲ့ပေမယ့် ကောင်းကင်မှာ‌ေတာ့ ကြယ်များစွာက ထွန်းလင်းတောက်ပနေခဲ့ပါတယ်။ ဒါကြောင့် ညက လုံးဝမှောင်မိုက်မနေခဲ့ပဲ၊ အလင်းရောင်တော့ ရှိနေခဲ့ပါတယ်။ ညသန်းခေါင် ၁ နာရီ‌ေလာက်မှာ‌ေတာ့  အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး၊  ကျောက်ဖူလည်း အမွှေးဖြူ မျောက်တွေရဲ့ နယ်မြေထဲကို စတင်ဝင်ရောက်လာခဲ့ပါပြီ။

ကျောက်ဖူ တောင်တန်းတစ်လျှောက်ကို သရဲတစ္ဆေတစ်‌ေကာင်လို ကျော်ဖြတ်လာခဲ့ပြီး၊ မကြာမီမှာပဲ အမွှေးဖြူမျောက် ၁၀ကောင်‌ေလာက် ကင်းရပ်စောင့်‌ေနတဲ့နေရာကို ရောက်လာခဲ့ပါတယ်။ ဒီအချိန်မှာတော့ အမွှေးဖြူ မျောက်တွေ ရှိမနေတော့ပဲ၊ သူတို့ရဲ့ ရှုပ်ယှက်ခတ်နေတဲ့‌ေခြရာတွေ၊ ကျောက်တုံးကျောက်ခဲတွေနဲ့ သစ်ကိုင်းတွေသာ ကျန်နေပါတော့တယ်။

ကြည့်ရတာက ကျောက်ဖူနဲ့ သူ့အဖွဲ့ ထွက်လာပြီးတဲ့နောက် ဒီနေရာကို အမွှေးဖြူမျောက်အများအပြား လာရောက်ခဲ့တာကြောင့် ဒီလို ကျောက်တုန်းတွေ၊သစ်ကိုင်းတွေနဲ့ ရောက်လာခဲ့တာပါ။ ဒါပေမယ့် သူတို့အဖွဲ့က ထွက်ခွာသွားခဲ့ပြီဖြစ်လို့ သူတို့က ဒါတွေကို ဒီနေရာမှာ ချထားခဲ့တာ ဖြစ်နိုင်ပါတယ်။

ကျောက်ဖူ အမွှေးဖြူမျောက်တွေရဲ့ ခြေရာနောက်ကိုလိုက်ပြီး၊ ရှေ့ကို ဆက်ထွက်လာခဲ့ပါတယ်။

လမ်းမှာတော့ ကျောက်ဖူ အမွှေးဖြူမျောက် တစ်ကောင်မှ မတွေ့ခဲ့ရပါဘူး။ သူတို့ အိပ်ဖို့ ပြန်သွားကြတာဖြစ်နိုင်ပါတယ်။ ဟုတ်သားပဲ။ ဒီကောင်တွေက တိရိစ္ဆာန်တွေပဲဟာကို လူတွေလိုတော့ ကင်းလှည့်တာမျိုး ဘယ်ရှိပါ့မလဲ။

လူတွေကတော့ ညလုံးပေါက် အလှည့်ကျ ကင်းလှည့်ပတ် နေကြပြီး၊ ဒီလို သားရဲသတ္တဝါ အများစုကတော့ သူတို့ရဲ့ နိမ့်ပါးတဲ့ ညာဏ်ရည်နဲ့ စည်းကမ်း ကင်းမဲ့မှု‌ေတွကြောင့် ဒီလို လုပ်ဖို့ မဖြစ်နိုင်ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now