အပိုင်း (၁၄၂)

218 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၄၂ )
Chapter 142       သန့်စင်သော စိတ်ဝိညာဉ်ဆေးဝါး

တုဘချင်းကို သေချာစွာ စစ်ဆေးပြီးနောက် ကျန်းဘိုင်ချူ လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးပြီး၊ ‌ေပြာလိုက်ပါတယ်။

“ အရှင် မင်းမြတ်၊ ဒီဟာက ဖျားနာတာ မဟုတ်ပါဘူး။ ဒီအမျိုးသမီးငယ်မှာ အထူးဖွဲ့စည်းတည်ဆောက်ပုံ တစ်ခုခုများ ရှိ‌ေနလို့ပါ”

"ဝိုး" 
ကျောက်ဖူ အံ့အားသင့်သွားပြီး၊ မေးလိုက်ပါတယ်။
“ သူမမှာ ဘယ်လိုဖွဲ့စည်းတည်‌ေဆာက်ပုံမျိုး ရှိနေတယ် ဆိုတာကို ပြောပြနိုင်မလား”

ကျန်းဘိုင်ရှူး ခေါင်းကိုခါပြလိုက်ရင်း ပြန်ဖြေလိုက်ပါတယ်။
“ အရှင် မင်းမြတ်၊ ဒီမိန်းမပျိုရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်‌ေဆာက်ပုံက သိပ်ကိုထူးခြားပါတယ်။  ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ဖို့ ခက်နေပါတယ်။ ဒါပေမယ့် ဒီမိန်းကလေးဖြစ်နေတဲ့ ရောဂါလက္ခဏာ အချို့ရဲ့အကြောင်းရင်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းနည်းအချို့ကိုတော့ ကျွန်တော်သိပါတယ်။ ”

ကျောက်ဖူ အနည်းငယ် စိတ်ပျက်သွားခဲ့ပါတယ်။ ကျန်းဘိုင်ရှူက သူမရဲ့ ထူးဆန်းတဲ့ ဖွဲ့စည်းတည်‌ေဆာက်ပုံ ရှိနေတာကိုသိ‌လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမယ့် သူက ဘယ်လို ဖြေရှင်းရမယ် ဆိုတာ သိနေသေးတဲ့ အတွက် အခြေအနေ ကောင်ပါသေးတယ်။ ဒါကြောင့် ကျောက်ဖူ ဘာလုပ်နိုင်သလဲ ဆိုတာကို မေးမြန်းခဲ့လိုက်ပါတယ်။

ကျန်းဘိုင်ရှူက ရှင်းပြလိုက်ပါတယ်။
“ ဒီအမျိုးသမီးငယ်ဟာ နှစ်စဉ်နှစ်တိုင်း အသွင်ပြောင်းလဲမှု ဖြစ်စဉ်ကို ကျော်ဖြတ်နေရတာဖြစ်တဲ့အတွက် သွေးသန့်စင်တဲ့ စိတ်ဝိညာဉ်ဆေးဝါး အများအပြား လိုအပ်မှာ ဖြစ်ပါတယ်။ ‌သွေးသန့်စင်တဲ့ စိတ်ဝိညာဉ်ဆေးဝါး‌ေတွ မပါဘဲ‌ ေကျာ်ဖြတ်ခဲ့ရင်‌ေတာ့ မိန်းကလေးငယ်ဟာ နာကျင်မှုနဲ့ အားနည်းမှုတွေကို ခံစားရနိုင်ပါတယ်။ ဒီပြောင်းလဲမှု ဖြစ်စဉ်မှာ  သွေးသန့်စင်တဲ့ စိတ်ဝိညာဉ်ဆေးဝါး‌ေတွ အကူအညီရခဲ့ရင်‌ေတာ့ ပြသနာ မရှိနိုင်တော့ပါဘူး။"

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Wo Geschichten leben. Entdecke jetzt