အပိုင်း (၁၄၇)

226 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၄၇ )
Chapter 147                 ဓါး ပါရမီရှင်

  ဒီအရာက ကုန်သည်များမဟာမိတ်အဖွဲ့က ဖွင့်လှစ်ထားတဲ့ စီးပွားရေးလုပ်ငန်းများအနက္မှ တစ်ခုသာဖြစ်ပါတယ်။ ဒေသတစ်ခုစီမှာ အထူး‌ေဒသထွက်ကုန် အစားအစာတွေရောင်းချခြင်းအပြင် ဒေသအသီးသီးမှ အဝတ်အစားတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ အခြားပစ္စည်းတွေကိုလည်း ရောင်းချပါ‌ေသးတယ်။

  စားသောက်ဆိုင်များ တည်ထောင်ခြင်းက အုပ်စု၊အဖွဲ့အစည်းအမျိုးမျိုးကို သတိထားမိစေပါကကုန်သည်များမဟာမိတ်အဖွဲ့လို့ အဖွဲ့မျိုး တည်ထောင်ခြင်းက အမြတ်အစွန်း အရမ်းကြီးမားတာကြောင့် သူတို့အတွက် အလွန်အမင်း ပြင်းထန်တဲ့ အန္တရာယ်ကို ခံစား‌ေစရပါတယ်။ ဒါဟာ သူတို့အပေါ်မှာ အာရုံစူးစိုက်နေတဲ့ အုပ်စု၊အဖွဲ့အစည်းအမျိုးမျိုးသာမက ဂိမ်းစနစ်ရဲ့ အစိုးရမဟုတ်တဲ့ အုပ်စု၊အဖွဲ့အစည်း တွေတောင် အလေးအနက်ထားခဲ့ကြပါတယ်။

မရေမတွက်နိုင်တဲ့ အကြည့်တွေက  မိုးစက္များ ကုန်သည်မဟာမိတ်အဖွဲ့ပေါ်မှာ ကျရောက်နေခဲ့ပေမယ့် သူတို့က ဒီအကြည့်တွေ အားလုံးကိုလျစ်လျူရှုခဲ့ပြီး၊ နိမ့်နိမ့်ချချနေထိုင်ကာ ငွေကိုပဲ ဂရုစိုက် ဆက်ရှာနေခဲ့ပါတယ်။ သူတို့အဖွဲ့က အန္တရာယ်ပေးနိုင်မယ့် အရိပ်လက္ခဏာမပြသခဲ့ဘဲ စီးပွားရေးသမားတစ်ယောက်လိုသာ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့အပြင် အုပ်စု၊ အဖွဲ့အစည်း အမျိုးမျိုးအတွက် ပစ္စည်းအချို့ကို  အထူးလျှော့စျေးပင်ပေးထားခဲ့ပါသေးတယ်။

ဒီအချက်ကြောင့် အုပ်စုအဖွဲ့အစည်း‌ေတွက အံ့အားသင့်ခဲ့ကြပြီး၊ ကျေနပ်ဝမ်းမြောက်နေခဲ့ကြပါတယ်။   မိုးစက္များ ကုန်သည်မဟာမိတ်အဖွဲ့က သူတို့ကို အကျိုးအမြတ်တွေပေးတဲ့အတွက်  မိုးစက္များ ကုန်သည်မဟာမိတ်အဖွဲ့နဲ့ပတ်သက်ပြီး တင်းမာမှု‌ေတွ မရှိကြတော့ပါဘူး။  မိုးစက္များ ကုန်သည်မဟာမိတ်အဖွဲ့နဲ့ အုပ်စုအဖွဲ့အစည်းအမျိုးမျိုးကြား ဆက်ဆံရေးတွေဟာ ပိုပြီး နီးကပ်ရင်းနှီးလာခဲ့ကြပါတယ်။ ဒါက ကျောက်ဖူ လိုချင်တာ အတိအကျဖြစ်လာတဲ့ ကိစ္စပါပဲ။ စီးပွားရေးသမားတစ်ယောက်ဟာ တစ်စုံတစ်ယောက်အပေါ် အန္တရာယ်မရှိကြောင်း ပြသဖို့ လိုအပ်ပြီး၊ ကောင်းမွန်စွာနေထိုင်နိုင်ပါက အားလုံးအတွက် အကျိုးရှိတယ် ဆိုတာပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now