အပိုင်း (၁၃၉)

219 24 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၃၉ )
Chapter 139          ကျောက်စိမ်းမြင်းဝိညာဉ် 

ဒါပေမယ့် ကျောက်ဖူ ဒီနည်းစနစ်တွေမှာ အကန့်အသတ် ရှိ‌ေနတယ်လို ခံစားနေရပါတယ်။ ဒါကြောင့် သူ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးရဲ့ဌာနေ ဒေသခံတွေကို ဒေသ အပြင်ဖက်‌ေတွကို ခေါ်ထုတ်ပြီး၊ သူတို့အတွက် ဘယ်လောက်အလုပ်ဖြစ်သလဲ ဆိုတာ စမ်းသပ်ချင်နေခဲ့ပါတယ်။ 

ကျောက်ဖူ  အနီရောင် ဇီးသီး မြေပြန့်‌ေဒသကိုပဲ အာရုံပြောင်းလိုက်ပါတယ်။ ဒီဒေသက မြက်တွေနဲ့ ဖုံးလွှမ်းနေပြီး၊ ဇီးသီးနဲ့တူတဲ့အသီးတွေသီးတဲ့ အပင်ပုတွေ ရှိနေတာကြောင့်အနီရောင် ဇီးသီး မြေပြန့်‌ေဒသလို့ အမည်ရခဲ့တာပါ။ ဒီဒေသဟာ လွင်ပြင်မြေပြန့်ဒေသ ဖြစ်တာကြောင့် မြင်းအမျိုးအစားများစွာရှိပြီး၊ ကစားသမားများစွာက ဒီလွင်ပြင်ဒေသမှာ မြင်းတွေကို ဖမ်းဖို့ သွားခဲ့ကြတာပါ။

အသုံးအများဆုံးမြင်းတွေကတော့ အညိုရောင်မြင်းအမျိုးအစား တစ်မျိုးဖြစ်ပြီး၊ ဒီနေရာမှာ အများအပြား ရှိနေကြပါတယ်။ အများစုမှာမြင်းဖြစ်သည်။ ကျောက်ဖူ ဒီမြင်းတွေဟာ သူ့အတွက် အသုံးဝင်မလားဆိုတာ သိချင်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီမြင်းတွေက သူ့ရဲ့ အနက်ရောင်သစ်တောမြင်းတွေထက် ခန္ဓာကိုယ်ရော သန်မာမှုပါ အားနည်းနေပါတယ်။  

ဒါပေမယ့် ဒီနေရာမှာ အနီရောင်လျှပ်စီးမြင်း လို ခေါ်ကြတဲ့ မြင်းအမျိုးအစားတစ်မျိုးရှိ‌ေနပြီး၊ ဒီမြင်းတွေက လုံးဝကို အနီရဲရဲပါပဲ။ ဒီမြင်းတွေက အလွန်တရာ လျင်မြန်ကြပြီး၊ သူတို့ ပြေးတာကို ကြည့်လိုက်ရင် အနီရောင်လျှပ်စီးတန်းကြီး ‌လိုတွေ့ရမှာပါ။ သူတို့က အနက်ရောင်သစ်တောမြင်းတွေထက် ပိုမြန်ပုံရပါတယ်။ ဒါပေမယ့်  သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်တွေက အတော်လေးကွဲပြားခြားနားတာကြောင့် အနက်ရောင်သစ်တောမြင်းတွေက အတားအဆီးတွေကို ရှောင်ရှားနိုင်ခြင်းနဲ့ ကျော်လွှားနိုင်ခြင်းတို့မှာ သာလွန်ကောင်းမွန်ခဲ့ပါတယ်။

ကြောက်စရာများ သစ်တောက သစ်ပင်တွေနဲ့ ပြည့်နှက်နေပြီး၊ အတားအဆီးများစွာ ဖြစ်ပေါ်ပါတယ်။ ဒီ  အနီရောင် ဇီးသီး မြေပြန့်‌ေဒသက လွင်ပြင်ဒေသ ဖြစ်တာကြောင့် မြင်းတွေ ပြေးတာ ပို မြန်တယ်လို့ ထင်ရတာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now