အပိုင်း (၁၅၉)

201 22 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၅၉ )
Chapter 159      မမျှော်လင့်ဘဲ ထွက်ပေါ်လာတဲ့ မဟာ ချင်ရဲ့ အမွေခံ

အဲ့ဒီနောက် ဒီထိတ်လန့်ဖွယ်ကောင်းတဲ့ တိုက်ပွဲသတင်းက ကောင်းကင်ဘုံ နိုးထခြင်း ကမ္ဘာ သတင်းအချက်အလက် စာမျက်နှာ ဖိုရမ်မှာ ပျံ့နှံ့သွားခဲ့ပါတော့တယ်။ ဒီတိုက်ပွဲရဲ့ နိဂုံးက  ကောင်းကင်ဘုံကျောက်တုံး မြို့တော်ရဲ့ တောင်ဘက်အခြမ်း အားလုံးကို ဖျက်ဆီးလုနီးပါး ဖြစ်သွားခဲ့ပြီး၊ မြို့တော်ဟာ ဓါးနဲ့ ပိုင်းဖြတ်ခြင်း ခံခဲ့ရတာကြောင့် နှစ်ပိုင်းကွဲသွားခဲ့ပါပြီ။ မြို့တော်အစောင့် စစ်သည် ၁၀၀၀၀ နီးပါး သေဆုံးသွားခဲ့ပြီး၊ ကံကောင်းတာကတော့ ဒေသခံအများစုဟာ အလျင်အမြန် ထွက်ခွာသွားခဲ့ကြလို့ပါပဲ။ ဒါပေမယ့် ထိခိုက် သေဆုံးမှု များစွာကတော့ ကျန်ရှိ‌ေနပါသေးတယ်။

ကျန်ရှိနေတဲ့ မြို့အစောင့်တွေရဲ့ ကျင့်ကြံမှုအားလုံးဟာ အဆင့် ၁ အောက်ကို ရောက်သွားခဲ့ပြီး၊ မြို့တော် အရှင်သခင် ရှီဂျင်ဟာ ပြင်းထန် ကြီးမားတဲ့ ဒဏ်ရာကြောင့် ကိုမာ ဝင်ကာ သတိလစ်မေ့မျော နေခဲ့ပါတယ်။ ဒီအခြေအနေက  ကောင်းကင်ဘုံကျောက်တုံး မြို့တော်ကို အကြီးအကျယ် ထိုးနှက်သွားခဲ့ပြီး၊ ဆုံးရှုံးမှုတွေကတော့  မှန်းဆလို့ မရနိုင်ခဲ့ပါဘူး။

တစ်ဆက်တည်းမှာပဲ  မရေမတွက်နိုင်တဲ့ လူတွေက ဒီကစားသမားရဲ့ ဖြစ်တည်မှု အနေအထကို စိတ်ဝင်စားနေခဲ့ကြပါတယ်။ စောင့်ကြည့်ပြီး သက်ရှင်ကျန်ရစ်နေတဲ့ ကံကောင်းသူတွေရဲ့ ပြောကြားချက်ကို ကြားလိုက်ပြီးနောက်မှာ‌ေတာ့ လူတိုင်း လုံးဝ အံ့အားသင့်သွားခဲ့ကြပါတယ်။  ကစားသမားတစ်ယောက်အနေနဲ့ ဒီအချိန်မှာ ဒီလိုမျိုး ကြီးမားတဲ့ စွမ်းအားကို အမှန်တကယ် အသုံးပြုနိုင်ခဲ့ပါလား ဆိုတာကိုပေါ့။

လူအများစုက ဒီလူဟာ ကစားသမားမဟုတ်ဘဲ အခြား မြို့တော် အရှင်သခင် တစ်ယောက် ဖြစ်နိုင်တယ်လို့ သံသယဝင်ခဲ့ကြပါ‌ေသးတယ်။ ဒါပေမယ့် သတင်းအချက်အလက်‌ေတွ ပိုမိုများပြားလာခဲ့တာနဲ့ အမျှ သူဟာ ကစားသမားတစ်‌ေယာက် ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်အနေနဲ့ ဒီလောက် ကြီးမားတဲ့ သန်မာမှုမျိုး ရှိနိုင်ပါ့မလားဆိုတာတော့ ဘယ်သူမှ သေချာ မသိနိုင်ကြပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Wo Geschichten leben. Entdecke jetzt