အပိုင်း (၁၆၅)

190 25 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၆၅ )
Chapter  165     မဟာ ချင်ရဲ့ သခင်

တကယ်လို့ ကျောက်ဖူ ဒီအချိန်မှာ ရှိနေခဲ့ရင်တော့ သူတို့ဘာလုပ်ချင်သည်ဖြစ်စေ၊ ဘာအတွေးတွေကို တွေးနေသည်ဖြစ်စေ ကျောက်ဖူသာ ဆုံးဖြတ်ချက္‌ေတွကို ချမှတ်သူ ဖြစ်‌ေနမှာပါ။ သူက  မဟာ ချင်ရဲ့သခင်ဖြစ်ပြီး၊ မဟာ ချင်ရဲ့ကံကြမ္မာကို ဆုံးဖြတ်မှာပါ။

ကျောက်ဖူ အရှေ့ဖက် အစိမ်းရောင်‌ေဒသမှာ အချိန်ကြာနေခဲ့တဲ့အတွက် မဟာ ချင် ဟာ အထူးအရေးပေါ် အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကောင်းကင်ဘုံ ကျောက်တုံး မြို့တော် မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကြောင့် မဟာ ချင် အနေနဲ့ သူ့ရဲ့ စွမ်းအားကို ပိုမို မြှင့်တင်ဖို့ လိုအပ်‌ေနခဲ့ပါပြီ။

ဘိုင်ချီ၊ ရှအိုဂျင်းနဲ့ မျက်နှာစိမ်းပြင်ပရှာ‌ေဖွသူ စစ်သူကြီး အချို့အတွက် သူတို့ရဲ့ အတွေ့ အကြုံတွေနဲ့ သဘောသဘာဝအရ အင်အားကြီးတဲ့သူက အားနည်းသူတွေကို ဖမ်းဆီး သတ်ဖြတ်ခြင်းနဲ့ လုယက်ခြင်းတွေကို ပြုလုပ်တာက သူတို့ရဲ့ စွမ်းအားကို တိုးတက်စေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ သူတို့ရဲ့ ယုံကြည်မှု၊ အင်အားသန်မာမှုနဲ့ မသက်ဆိုင်တဲ့ အခြားအရာတွေဟာ အဟန့်အတားတွေနဲ့ ၀န်ထုပ်ဝန်ပိုးကိစ္စ‌ေတွသာ ဖြစ်ပြီး၊ မဟာ ချင် အနေနဲ့ လျင်လျင်မြန်မြန်နဲ့ အရှိန်အဟုန်ပြင်းပြင်း ကြီးထွားဖွံ့ဖြို့ တိုးတက်လာစေဖို့ စစ်ပွဲ ယန္တယားတစ်ခု အဖြစ် တည်ဆောက်သင့်တယ်လို့ ယုံကြည်ထားကြပါတယ်။

လိစီ၊ ဘချင်းနဲ့ ဒေစီတို့က မဟာ ချင်ကို မဖွံ့ဖြိုးစေချင်လို့ မဟုတ်ကြပါဘူး ဒါပေမယ့် ဘိုင်ချီရဲ့ အတွေးအခေါ်တွေက အလွန်အမင်း အစွန်းရောက်လွန်းတာကြောင့် အဖွဲ့တွေအားလုံးဟာ အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်လို့ပါပဲ။ တစ်ဆက်တည်းမှာပဲ ဒီလို အခြေအနေတွေကြောင့် မဟာ ချင်ဟာ အေးစက်ပြီး၊ ရက်စက်လာခဲ့ပါပြီ။ ဒါကြောင့် သူတို့ရဲ့ ကြီးထွားလာမှုကို မြှင့်တင်ဖို့အတွက် သူတို့ဟာ  ပိုပြီး အလယ်အလတ် သဘောသဘာဝရှိတဲ့ နည်းလမ်းတွေကို အသုံးပြုချင်‌ေနကြလို့ပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now