အပိုင်း (၉)

396 42 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၉ )
Chapter 9         လို့ဂ်(သလွန်) ကျေးရွာ 

လိစီရဲ့ အစီရင်ခံချက်ကို နားထောင်ပြီးနောက် ကျောက်ဖူ ခေါင်းညိတ်ပြလိုက်သည်။ နောက်တစ်နေ့မှာတော့ သူက ရွာသား ၁၄ ယောက်ကိုဆင့်ခေါ်နိုင်ခဲ့သည်။ တိုက်ပွဲဝင်နိုင်သောလူ (၇) ယောက်နှင့် B အဆင့် အမျိုးသမီးတစ်ယောက် ပါဝင်လာခဲ့ကြသည်။ သူမကိုတော့ ကျောက်ဖူက ပညာရှင်အဖြစ်ပြောင်းလဲခဲ့သည်။ သူ့အနေနဲ့ ပညာရှင်တွေကို ပိုအဆင့်မြင့်တဲ့ပညာရှင်တွေဖြစ်လာဖို့နှင့် ကျွမ်းကျင်မှု စွမ်းရည်စကေးတွေ မကြာမီမှာ ရရှိလာနိုင်မည်လို့ မျှော်လင့်ထားခဲ့သည်။

အဲ့ဒီနောက် ကျောက်ဖူ တိုက်ခိုက်နိုင်တဲ့ လူ (၇) ဦးကို စစ်သည် အလုပ်အကိုင်ပြောင်းဖို့ ခေါ်ဆောင်သွားခဲ့သည်။ ဒီအချိန်မှာတော့ ကျောက်ဖူမှာ စစ်သည် ၂၈ ယောက် ရှိလာခဲ့ပါပြီ။ အဲ့ဒီနောက် စစ်သည်တွေအားလုံးကို ဂေါ်ဗလင် ကျေးရွာကို ခေါ်ဆောင်သွားခဲ့လိုက်သည်။

ဂေါ်ဗလင်ကျေးရွာဟာ လုံခြုံရေး အပြည့်အဝ ချထားဆဲ ဖြစ်တာကြောင့် ကျောက်ဖူ မတိုက်ခိုက်သေးပါဘူး။ အဲ့ဒီအစား သူက ဘိုင်ချီအား စစ်သည်တွေကို လေ့ကျင့်မူနှင့် ထောင်ချောက်တွေကိုဆက်လက်ပြုလုပ်ဖို့ ပြောကြားခဲ့သည်။

နောက်တစ်နေ့မှာတော့ ကျောက်ဖူ နောက်ထပ် ရွာသားသစ် ၁၅ ယောက်ကို ဆင့်ခေါ်နိုင်ခဲ့သည်။သူတို့ထဲက ၆ ယောက်က တိုက်ခိုက်နိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့သည်။ ဒါကြောင့် ကျောက်ဖူ သူတို့ရဲ့အလုပ်အကိုင်ကို စစ်သည်အဖြစ်ပြောင်းလဲခဲ့လိုက်သည်။ ဂေါ်ဗလင်တွေကတော့ ရွာထဲကနေ ထွက်မလာရဲကြပါဘူး။ ဒါကြောင့် ကျောက်ဖူ ထောင်ချောက်တွေကိုပဲ ထပ်မံတပ်ဆင်ခဲ့ပြီး ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။ ဒီလိုလုပ်နေစဉ်မှာပဲ ကျောက်ဖူ နောက်ထပ် ဆယ်စုနှစ်သံသစ်ပင်ကို ထပ်မံတွေ့ရှိခဲ့သည်။

နောက်တစ်နေ့မှာတော့ ကျောက်ဖူ ရွာသားသစ် ၁၄ ယောက်ကို ခေါ်ယူနိုင်ခဲ့ပြီး၊ ၈ ယောက်က တိုက်ခိုက်နိုင်တဲ့အခြေအနေမှာ ရှိနေသည်။ ထို့အပြင် B အဆင့် ရွာသားတစ်ယောက်လည်း ပါဝင်လာခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now