အပိုင်း (၈၀)

235 21 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၈၀ )
Chapter 80      ကောင်းကင်ဘုံ ဖျက်စီးမဲ့ ဓါး

တွင်းချိုင့် အတွင်းမှာတော့ ကျောက်ဖူ ပုလင်း ခြောက်လုံးကို ထုတ်လိုက်ပြီး၊ အကြမ်းဖျင်း ၃၀၀ လောက်ရှိတဲ့ ဝိညာဉ်ငယ်ဆေးလုံး‌ေတွကို ခက်ခက်ခဲခဲ မျိုချလိုက်ပါတယ်။ အဲ့ဒီ့နောက် သူ ကျန်နေသေးတဲ့ စွမ်းအင်ပေါက်ကွဲဆေးတွေကိုလည်း မျိုချလိုက်ပါပြီ

ဒီ ဆေးလုံးတွေကို မျိုချလိုက်တာနဲ့ တပြိုင်နက် ကျောက်ဖူ သူ့နှလုံးသား‌ကို ကြီးမားတဲ့ လက်ကြီးနှစ်ဖက်နဲ့ ဆွဲညစ်ထားသလို ခံစားလိုက်ရပါတယ်။
ဒါကြောင့် နှလုံးခုန်နှုန်းက နှေးသွားခဲ့ပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ အင်အားကြီးတဲ့ ဆေးစွမ်းအင်ကြောင့် နာကျင်မှု ဝေဒနာခံစားလိုက်ရပါ‌ေတာ့တယ်။

“ အားးး !!!”
  ကျောက်ဖူ ခေါင်းကိုခါယမ်းနေခဲ့ပြီး၊ နာကျင်စွာအော်ဟစ်မူကြောင့် သူရဲ့သွေးပြန်ကြော‌ေတွက ဖောင်းထွက်လာကာ သူ့ခန္ဓာကိုယ်ကလည်း နှစ်ဆလောက်ကြီးထွားလာခဲ့့ါတယ်။ သူ့တစ်ကိုယ်လုံး နီရဲလာပြီး၊ သူ့အသားအရေ ကလည်း အရေတွေထွက်နေခဲ့ပါပြီ။ ကြည့်ရတာ ကျောက်ဖူရဲ့ခန္ဓာကိုယ်ဟာ ပေါက်ကွဲလုနီးပါးဖြစ်နေပါပြီ။

ကျောက်ဖူ သူ့ခန္ဓာကိုယ်မှ သွေးရောင်အရိှန်အဝါ အော်ရာက  ထွက်ပေါ်လာတဲ့အခါမှ‌ာတော့ အော်ဟစ်နေတာကို ရပ်တန့်လိုက်ပါပြီ။  မဟာ ချင် ကျေးရွာရဲ့ ကျေးရွာခန်းမမှာရှိနေတဲ့ ကြေးဝါ သတ္တုပုဂ္ဂိုလ် ၁၂ဦးကနေ အသံတွေထွက်ပေါ်လာပြီး၊ ကျောက်ဖူရဲ့  ခန္ဓာကိုယ်ထဲကို ကြီးမားများပြားတဲ့ စွမ်းအင်တွေ ဝင်ရောက်လာပါတော့တယ်။

ဘုန်း !!!

ကျောက်ဖူရဲ့ ခန္ဓာကိုယ်က အရမ်းအစွမ်းထက်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွာလာခဲ့ပြီး၊ ပေါက်ကွဲမူကြောင့် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီ့ ချိုင့်ဝှမ်းရဲ့ အစပ်မှာ ရပ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရိုးစုက ဒီ အနက်ရောင်နဲ့ သွေးနီရောင် အရှိန်အဝါအော်ရာ တွေကို စူးစိုက်ကြည့်နေခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now