အပိုင်း (၁၆၃)

199 25 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၆၃ )
Chapter  163         ဟော့ဖ် ဂေါ်ဗလင်များ

သုံးရက် အကြာမှာတော့ ဒဏ်ရာတွေ ပြန်လည်သက်သာလာခဲ့ပါပြီ။ ကျောက်ဖူရဲ့ ပြင်ပ ဒဏ်ရာတွေဟာ ပန်းနတ်သမီး သုံယောက်ကြောင့် အလျင်အမြန်ပဲ ပျောက်ကင်းသွားခဲ့တာပါ။  ဒါပေမယ့် သူ့ရဲ့ အတွင်းပိုင်းဒဏ်ရာကတော့ ပြန်လည်ကောင်းမွန်လာဖို့ အချိန် အတော်အတန်ယူရဦးမှာပါ။

ဒီနေ့မှာတော့ ကျောက်ဖူ သူ့ရဲ့ သွေးစွန်းနေတဲ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး၊ ဝတ်ရုံအသစ်ကို လဲလှယ်ဝတ်ဆင်လိုက်ပါတယ်။ သူနဲ့ အနီးဆုံးဖြစ်တဲ့ မြောက်ဖက္မှာ ရှိနေတဲ့ နေကိုစင်း မြို့တော်ကို လမ်းလျှောက်ခဲ့လိုက်ပါတယ်။  ပန်းနတ်သမီး သုံးယောက် သူ့နောက်ကနေ ပျံသန်းလိုက်ပါလာခဲ့ပါတယ်။ သူတို့ ပင်ပန်းတဲ့ အခါမှာ‌ေတာ့ သူမတို့က သူ့ရဲ့ ပခုံးပေါ်မှာ အနားယူကြပါတယ်။

ကျောက်ဖူ သူမတို့ဟာ အတော် စိတ်ချမ်းသာနေခဲ့ပြီး၊ စိတ်ပူပင်မှုမရှိဘဲ မြင့်မြတ်တဲ့ နတ်သမီးတွေဖြစ်တာကြောင့် အတော်လေး လေးစား‌ေနမိခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူတို့ တောတစ်ခုထဲကို စဝင်လာခဲ့ပါပြီ။

"ကျောက်။  ရှေ့ကို ဆက္မသွားနဲ့‌ေတာ့။ ရှေ့မှာ အန္တရာယ်ရှိ‌ေနတယ်။ မင်းအနေနဲ့ ပတ်လျှောက်သွားရင်ပိုကောင်းတယ်။"
သူ့ပခုံးပေါ်မှာ ထိုင်‌ေနတဲ့ ရိုဆာရို့က သူ့ကို ရုတ်တရက်ပဲ ပြောလိုက်ပါတယ်။

  ဒါကြောင့် ကျောက်ဖူ ရပ်တန့်လိုက်ပြီး၊ အံ့အားသင့်စွာနဲ့ မေးလိုက်ပါတယ်။
“ ရှေ့မှာ ဘာရှိနေလို့လဲ”

သူ့ရဲ့ အခြားပခုံးပေါ်မှာ ထိုင်နေတဲ့ လီလိလီလီက အေးဆေးတည်ငြိမ်စွာနဲ့ ရှင်းပြလိုက်ပါတယ်။
" အဲ့ဒီ့နေရာက သမိုင်းအကြွင်းအကျန်နေရာတစ်ခုပဲ။ အဲ့ဒီ့မှာ ကြောက်စရာကောင်းတဲ့ ဂေါ်ဗလင်   အများအပြား ရှိနေတယ်။ ငါတို့ အရင်က ရောက်ဖူးတယ်။"

"နွားတစ်ပိုင်း လူတစ်ပိုင်း (Minotaurs)မိုင်နိုတော တွေလည်းရှိတယ်!"

လီလိလီလီ ဘေးနားမှာ ထိုင်နေတဲ့ ပီချေး က ကြောက်လန့်တကြား ဝင်ပြောလိုက်ပါတယ်။  ဒီလိုပြောပြီးနောက် သူမ အလွန်ကျယ်လောင်စွာပြောဆိုခဲ့တာကို သတိပြုမိသွားခဲ့ပြီး၊ ရှက်ရွံ့သွားတာကြောင့် သူမရဲ့ မျက်နှာ နီရဲသွားခဲ့ကာ လီလိလီလီ နောက်မှာ ဝင်ပုန်းနေခဲ့ပါတယ်။ 

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now