အပိုင်း (၁၂၉)

218 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၂၉ )
Chapter 129             ပြိင်ဘက်ကင်းဓားသမား

ဒါက ကျောက်ဖူအနေနဲ့ အခြားဒေသ တစ်ခုရဲ့ အဓိကမြို့ကြီးတစ်မြို့ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်းပဲဖြစ်ပြီး၊ သူ စိတ်၀င်တစား ကြည့်ရှု‌ေနခဲ့ပါတယ်။ သူက စစ်သည် များများ ခေါ် ဆောင်လာခဲ့ပါက သူ့ အနေနဲ့ ဒီမြို့တော်ရဲ့ နာမည်ပျက် စာရင်းမှာ ထည့်သွင်းခံရနိုင်တာကြောင့် သူတစ်ဦးတည်း ထွက်လာခဲ့တာပါ။

တိုက်ပွဲ မြို့တော်က အဓိကမြို့ကြီးတစ်မြို့ ဖြစ်ပေမယ့် ဒီ‌ေနရာက အတော်အတန်ခက်ထန်ပြီး၊ အကြမ်းထည်သာ တည်ဆောက်ထားတဲ့နေရာတစ်ခုပါ။ အဆောက်အအုံအများစုကို မသန့်စင်ထားတဲ့ကျောက်‌ေတွနဲ့ တည်ဆောက်ထားခဲ့ကြပြီး၊ နေထိုင်သူအများစုက အကြမ်းထည် အဝတ်အစားတွေသာ ဝတ်ဆင်ထားကာ အရိုင်းဆန်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့ကြပါတယ်။

ကျောက်ဖူ တစ်စုံတစ်ယောက်ကို ဒီမြို့‌ေတာ်ကို ဘာဖြစ်လို့ တိုက်ပွဲ မြို့တော်လို့ ခေါ်တာလဲဆိုတာ မေးမြန်းခဲ့ပါတယ်။ သာမန်ဂိမ်းစနစ်ရဲ့ အဓိကမြို့ကြီးတွေဟာ ပုဂ္ဂိုလ်ရေး တိုက်ပွဲတွေကို တားမြစ်ထားကြပြီး၊ သူတို့ရဲ့ မကျေလည်မှု‌ေတွကို ဖြေရှင်းဖို့အတွက် တိုက်ပွဲစင်မြင့်ကို သတ်မှတ်ပေးထားတတ်ပါတယ်။ ဒီ တိုက်ပွဲမြို့တော်မှာလည်း ကြီးမားတဲ့ တိုက်ပွဲစင်မြင့် ရှိနေပြီး၊ တိုက်ခိုက်ဖို့ အားပေးထားပါတယ်။

ဒီနေရာမှာတော့ လူတစ်ယောက်က အောင်မြင်မှု ရမှတ်တွေကို အလုပ်တာဝန်တွေလုပ်ဆောင်ခြင်းမှ ရရှိရုံသာမက တိုက်ပွဲစင်မြင့်မှာ တိုက်ခိုက်ပြီးလည်း ရရှိနိုင်ပါတယ်။ ဒါတွေ အပြင် မြို့တော်ရဲ့ အရှင်သခင်က ဘက်ညီတဲ့ ပြိုင်ဘက်တွေအတွက် လောင်းကစားခွင့် ပြုထားပါသေးတယ်။ တစ်စုံတစ်ယောက်အနေနဲ့ မည်သည့်ဖက္မှမဆို လောင်းကြေးထပ်နိုင်ပါတယ်။

ဒါကြောင့်တိုက်ပွဲစင်မြင့်‌ေတွက အများအပြား ရှိနေပြီး၊ လောင်းကစားပြုလုပ်မယ့် ပရိသတ်တွေ ကြည့်ရှုဖို့ ထိုင်ခုံများစွာလည်း ရှိနေခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now