အပိုင်း (၄၂)

254 37 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၄၂ )
Chapter  42           လှံကိုင်စစ်သည်

ကိုဘိုးလ် ကျေးရွာအနီးကို ပြန်ရောက်လာခဲ့ပြီးနောက် ကျောက်ဖူ လူတိုင်းကို အသင့်ပြင်ထားဖို့  ပြောခဲ့လိုက်သည်။ ဒီအချိန်မှာတော့ သူတို့အားလုံးက သူတို့ရဲ့ နှာခေါင်းနှင့်ပါးစပ်တွေကို အဝတ်စတွေဖြင့် ဖုံးအုပ်လိုက်ခဲ့ကြသည်။

ဒီကိုဘိုးလ်တွေကို လက်နက်ချဖို့ စည်းရုံးနိုင်ဖို့အတွက် ကျောက်ဖူ ကိုဘိုးလ်တစ်ကောင်ကို ဖမ်းဆီးဖို့ သူ့လူတွေကို အမိန့်ပေးခဲ့လိုက်သည်။ အဲ့ဒီသူကို အနည်းငယ် သင်ခန်းစာပေးပြီးနောက် ကျောက်ဖူ ကိုဘိုးလ် ဘာသာစကား ကျွမ်းကျင်မှုကို ရရှိလာခဲ့လိုက်သည်။

အဲ့ဒီနောက် စစ်သည်တွေကို စုဖွဲ့လိုက်ပြီး၊ ကိုဘိုးလ် ကျေးရွာဆီကို ချီတက်သွားခဲ့ကြသည်။

သူတို့တွေကို မတွေ့ခင်မှာဘဲ ကိုဘိုးလ် ကျေးရွာ တစ်ခုလုံးသည် အချက်ပေးသံတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ ကိုဘိုးလ်တွေသည် သူတို့ရဲ့ နှာခေါင်းတွေမှ တစ်ဆင့် ရန်သူအများအပြား ချီတက်လာခဲ့တာကို အနံ့ခံနိုင်ခဲ့တာကြောင့်ပါ။

ခဏအကြာမှာတော့ ကျောက်ဖူ နဲ့ သူ့စစ်သည် ၉၀၀ တို့သည်  ကိုဘိုးလ်ကျေးရွာရှေ့ကို ရောက်ရှိလာခဲ့ကြပါပြီ။ ဒီအချိန်မှာတော့ ကိုဘိုးလ်တွေ အားလုံးက  ကျေးရွာဝင်ပေါက်မှာ လက်နက်တွေကိုင်ပြီး၊ စောင့်ဆိုင်းနေခဲ့ကြသည်။ အခုအချိန်မှာတော့ နှစ်ဖက်တပ်တွေ မျက်နှာခြင်း ဆိုင်ထားခဲ့ကြပါပြီ။

ကျောက်ဖူ စတင်တိုက်ခိုက်တာမျိုး မလုပ်သေးသလို ကိုဘိုးလ် တွေကလည်း တိုက်စစ် မဆင်ရဲကြပါဘူး။ ကျောက်ဖူမှာတော့ စစ်သည် ၉၀၀ ရှိပြီး၊ ကိုဘိုးလ်တွေဖက်မှာ စစ်သည် ၁၀၀၀ လောက်ရှိနေခဲ့သည်။ ထို့ကြောင့် ကျောက်ဖူ တိုက်ခိုက်ခဲ့မယ်ဆိုရင်တော့ ကိုဘိုးလ်ကျေးရွာအနေနဲ့ အတော်လေး ထိခိုက်ဆုံးရှုံးမှုတွေ များသွားနိုင်တာကြောင့် ဖြစ်သည်။

"ငါအနေနဲ့ ဘယ်သူကိုမှ မသတ်ချင်ဘူး။ ဒါကြောင့် လက်နက်ချလိုက်တာက မင်းတို့အတွက် အကောင်းဆုံးပဲ။ မင်းတို့သာ လက်နက်ချရင် ငါ့ရဲ့လူတွေကို ဆက်ဆံသလိုမျိုး ကောင်းကောင်း ဆက်ဆံမယ်။" 

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now