အပိုင်း (၈၄)

220 25 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၈၄ )
Chapter 84              နတ်ဘုရား စစ်လက်နက်စာရင်းစာအုပ်

သူတို့ နှစ်ယောက်ဟာ စကားပြောဆို ရယ်မောနေကြပြီး၊ အခန်းထဲကထွက်လာတာကို ဟူချင်း တွေ့မြင်သွားခဲ့ပါတယ်။ သူ အလျင်အမြန်ပဲ ပြေးလာခဲ့ပြီး၊ ပြောလိုက်ပါတယ်။
“ ဆရာ အလှလေး၊ ငါ မင်းကို ရှာနေတာကြပြီ။ ဒီအခန်းထဲမှာ သူဌေးနဲ့ ဘာလုပ်နေတာလဲ။ သူဌေးက ဒီအခန်းထဲမှာ ငါ့ဆရာကို တစ်ခုခုလုပ်ခဲ့တယ်လို့‌ေတာ့ ငါ့ကိုမပြောပါနဲ့။ "

ကျောက်ဖူ ဆွံ့အသွားပြီး၊ ဟူချင်းကို စိုက်ကြည့်လိုက်ပါတယ်။ သူ့ကို ခဏ‌ေလာက် စူးစိုက်ကြည့်ပြီးတဲ့နောက္မှာ ကျောက်ဖူ  ဟူချင်းမှာ ထူးခြားတဲ့နောက်ခံမျိုးရိုး ရှိနိုင်တယ် ဆိုတာ သိခဲ့ပေမယ့် သူအနေနဲ့ မရေရာသေးပါဘူး။ သူ့ကို ဟီရှန်းယု ဘာလို့ ကျောင်းသားအဖြစ် လက်ခံခဲ့သလဲဆိုတာ ကျောက်ဖူ မသိပါဘူး။

ဟီရှန်းယု ဟူချင်းကို  ကြည့်ပြီး၊ ပြောလိုက်ပါတယ်။
“ မင်းက အရိုအသေမရှိတဲ့ ကျောင်းသားပဲ၊ သွား မုန့်လာဥ တစ်ရာ သွားလှီး"။

ဟူချင်း မျက်နှာက ခါးသက်သွားပြီး၊ ပြန်ပြောလိုက်ပါတယ်။
“ မလုပ်ပါနဲ့ ဆရာ အလှလေးရယ်၊ ငါ မှားပါတယ်။ ဘယ်လိုချက်ပြုတ်ရမယ် ဆိုတာသာ သင်ပေးပါ။"

ဟီရှန်းယုနဲ့ ဟူချင်းတို့ မီးဖိုချောင်ကို ပြန်ဝင်သွားတဲ့ အခါမှာတော့ ကျောက်ဖူ အနောက်ဖက် နေဝင်ချိန် စားသောက်ဆိုင်ရဲ့ ဝင်ပေါက်ကို သွားလိုက်ပါတယ်။ သူ ပန်းတစ်ရာဝိုင် ၃ အိုးကို သွန်ချလိုက်ပြီး၊ အနောက်ဖက် နေဝင်ချိန် စားသောက်ဆိုင်ရှေ့မှာရိှတဲ့ စားပွဲပေါ်ကို တင်ထားလိုက်ပါတယ်။ ဒါကြောင့် မူးယစ်ရီဝေတဲ့ မွှေးရနံ့တွေဟာ လမ်းတစ‌ေလျှာက်လုံး ပျံ့နှံ့သွားပါတော့တယ်။

လူ အမြောက်အများ စုရုံးလာကြပြီး၊ မေးလာခဲ့ကြပါတယ်။
“ သူဌေး ကျောက် ဒီဝိုင်က ဘာဝိုင်လဲ။ အရမ်းမွှေးတာပဲ! "

ကျောက်ဖူ ပြုံးပြလိုက်ပြီး၊ ပြန်ဖြေလိုက်ပါတယ်။
"ဒီပန်းတစ်ရာဝိုင် သုံးမျိုးကတော့ အနောက်ဖက် နေဝင်ချိန် စားသောက်ဆိုင်က ထုတ်လုပ်ခဲ့တာပါ။  အခုအချိန်မှာ ဒီဝိုင်တွေ အားလုံးကို  ၅၀% ဈေးလျော့ပေးထားပါတယ်။ ဒါပေမယ့် ဒါ သုံးရက်ပါပဲ။ ”

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now