အပိုင်း (၄၆)

262 32 0
                                    


အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၄၆ )    အင်အားကြီး အော့စ်လူဘီလူးများ
Chapter 46    

ပထမနည်းလမ်းကို ဆောင်ရွက်မယ်ဆိုရင်တော့ ကျောက်ဖူ အနေနဲ့ အခြားရွာ ၃ရွာနဲ့ မဟာမိတ် လုပ်ရမှာပဲ ဖြစ်သည်။ သူ့အနေနဲ့ ဒီကျေးရွာ ၃ ရွာကို စည်းရုံးချင်ရင်တော့ အပေးအယူတစ်ချို့ ပြုလုပ်ရမှာဖြစ်ပြီး၊ မိမိဖက်ကလည်း နစ်နာမှု တွေရှိနိုင်တဲ့အပြင် အော့စ်လူဘီလူးတွေရဲ့ အပြင်းအထန်တိုက်ခိုက်မူကိုလည်း ခံရနိုင်သည်။ ဒီလိုမှမဟုတ်ရင်တော့ သူ့အနေနဲ့ အခြားရွာသုံးရွာရဲ့ ထောက်ပံ့ကူညီမှုကို အပြည့်အ၀ ရနိုင်မှာ မဟုတ်ပါဘူး။ အဆုံးသတ်မှာ သူ့အနေနဲ့ ဆုံးရှုံးမူတွေက ကြီးမားကောင်း ကြီးမားသွားနိုင်သည်။

တကယ်လို့ သူကဟာ ဒီအော့စ်လူဘီလူးတွေကို အနိုင်ယူနိုင်မယ်လို့ သူတို့တွေက မယုံကြည်ခဲ့ရင်တော့ သူတို့က သစ္စာဖောက်ပြီး၊ သူ့ နောက်ကျောကို ဓါးနဲ့ ထိုးချင်ထိုးနိုင်သည်။

ဒုတိယနည်းလမ်းကတော့ သူ့အတွက် အကျိုးအမြတ် အကြီးမားဆုံးရရှိနိုင်ပြီး၊ ဆုံးရှုံးစတေးမူ အနည်းငယ်လောက်သာ ရှိမှာပါ။

ကျောက်ဖူ ဒီအကြောင်းကို အချိန် အနည်းငယ်လောက် စဉ်းစားလိုက်ပြီးနောက် အကျိုးအမြတ်ကြီးကြီးမားမား ရနိုင်မယ့် ဒုတိယတစ်ခုကို လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့လိုက်သည်။ တစ်ကယ်လို့ ဒီ ကျေးရွာသုံးရွာဟာ သူရဲ့ မဟာမိတ်တွေ ဖြစ်လာခဲ့ရင်တော့ ဒီနည်းလမ်းကို သူအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီအချိန်မှာတော့ သူတို့တွေက မဟာမိတ်တွေလား၊ ရန်သူတွေလား ဆိုတာ မသဲကွဲသေးပါဘူး။ ဒါကြောင့် ကျောက်ဖူ ဒုတိယနည်းလမ်းကို ရွေးချယ်ဖို့ တွန့်ဆုတ်မနေခဲ့ပါဘူး။

ဒီအချိန်မှာတော့ ဒုတိယနည်းလမ်းအတွက် ဘာတွေ ပြင်ဆင်ရမလဲဆိုတာကို တွေးတောနေခဲ့ရပါပြီ။ ဒီ အော့စ် လူဘီလူးတွေရဲ့ကျေးရွာကို ဒီရွာ ၃ရွာက ပေးဆပ်ရမှာ အရင်းအနှီးများတာကြောင့် တိုက်ခိုက်ဖို့ စိတ်ကူး မရှိကြပါဘူး။ ဒါကြောင့် ကျောက်ဖူ ဒီအော့စ်လူဘီလူးတွေကို လှည့်စားပြီး၊ အခြားကျေးရွာ (၃) ရွာကို တိုက်ခိုက်စေကာ သူတို့ရဲ့ အင်အားကို ကုန်ခမ်းအောင် လုပ်ရမှာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Onde as histórias ganham vida. Descobre agora