အပိုင်း (၁၁၆)

205 25 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၁၆ )
Chapter 116         တယ်လီပို့ အဆောင် 

ရုတ်တရက် မျောက္မ တစ်ကောင်က နှာချေလိုက်ပါတယ်။ ကျောက်ဖူ ဘယ်လောက်ပဲတည်ငြိမ်တယ်ပြောပြော၊ ဒီအချိန်မှာတော့ သူ အလွန်ကြောက်လန့်သွားခဲ့ပါပြီ။ သူဆံပင်တွေ ထောင်ထသွားပါပြီ။ ဒါပေမယ့် ဒီလို နှာချေသံက အခြားအိမ်မောကျနေတဲ့ အမွှေးဖြူမျောက်တွေကို အနှောက်အယှက်မဖြစ်ခဲ့ပါဘူး။

ကျောက်ဖူ အပေါ် ကယ်ဆယ်ရေးလှိုင်းလုံးကြီးတစ်လုံး ၀င်‌ေရာက်လာခဲသိလုပါပဲ။ နောက်ဆုံးတော့ သူ အိပ်ပျော်နေတဲ့ အမွှေးဖြူမျောက်ဘုရင် အနားကို ရောက်လာခဲ့ပါပြီ။ ဒီမျောက်ဘုရင်က လက်တစ်ဖက်ဆီမှာ မျောက္မ တစ်ကောင်စီဖက်ပြီး၊ ဟောက်သံ ကျယ်လောင်စွာနဲ့ အိပ်မောကျနေပါတယ်။ မျောက်တစ်ကောင်အတွက် ဒါက လောကစည်းစိမ်ပါပဲ။

ကျောက်ဖူ ကောင်းကင်နတ်ဆိုးဓါးကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်ပြီး၊ သူ့ရဲ့ စွမ်းအားအားလုံးကို စုဆောင်းလိုက်ကာ လုပ်ကြံသတ်ဖြတ်ခြင်း နည်းစနစ်ကို အသက်သွင်းလိုက်ပါပြီ။ သူ ဓါးနဲ့ ထိုးစိုက်ချလိုက်ပါပြီ၊၊  ကောင်းကင်နတ်ဆိုးဓါးက အနက်ရောင် အဖြစ်မှုန်ဝါးသွားခဲ့ပြီး၊ အမွှေးဖြူဘုရင်ရဲ့ နှလုံးထဲကို အသံတိတ် မြှုပ်ဝင်သွားခဲ့ပါတယ်။ အဲ့ဒီ့နောက် မွှေနောက် ဖျက်စီးလိုက်ပါပြီ။ ဒီလိုနဲ့ပဲ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ အမွှေးဖြူမျောက်ဘုရင် သေဆုံးသွာခဲ့ပါတယ်။

အဲ့ဒီ့နောက် ကျောက်ဖူ သူ့ဓါးကို ပြန်ဆွဲထုတ်လိုက်ပြီး၊ အမွှေးဖြူမျောက်ဘုရင် အဝါရောင် စမ်းချောင်းကို သွားတဲ့ ခရီးမှာ အထီးကျန်မဖြစ်စေဖို့အတွက် သူ့ဘေးမှ မျောက်မ နှစ်ကောင်ကိုပါ ဆက်သတ်ခဲ့ပါတယ်။

အမွှေးဖြူ မျောက်ဘုရင် သေပြီးတဲ့နောက္မှာ‌ေတာ့ ပစ္စည်းကိရိယာသုံးခုနဲ့ ရွှေဒင်္ဂါး အများအပြား ကျဆင်း လာခဲ့ပါတယ်။ ကျောက်ဖူ တွန့်ဆုတ်မနေတော့ဘဲ သွေးနံ့တွေ မထွက်လာနိုင်ခင်မှာပဲ အမွှေးဖြူ မျောက်ဘုရင်နဲ့ မျောက္မ ၂ကောင်ရဲ့ အလောင်းတွေအပြင် ပစ္စည်းကိရိယာတွေကို ဘုရင့်သိုလှောင်လက်စွပ်ထဲ ချက်ခြင်း သိမ်းဆည်းလိုက်ပါတယ်။ ရွှေဒင်္ဂါး‌ေတွကို‌ေတာ့ ကျောက်ဖူ လှည့်တောင် မကြည့်‌ေတာ့ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now