အပိုင်း (၁၃၆)

209 22 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၃၆ )
Chapter 136        အကျိုးသက်ရောက္မှု ခြောက်ခု

မဟာ ချင်ဟာ တရုတ်ရဲ့ ကံကြမ္မာအများစုကို စုဆောင်းခဲ့ပြီး၊ သတ်ဖြတ်မှုခုနစ်ခု ကြယ်ကိုရရှိခဲ့တယ်ဆိုပြီး၊ ကျော်ကြားလာခဲ့ပါပြီ။ အထူးပုဂ္ဂိုလ်တွေနဲ့ စွမ်းရည်အသုံးပြုသူများက မဟာ ချင်ဟာ အနာဂတ်မှာ မယုံနိုင်လောက်အောင်အစွမ်းထက်တဲ့ အုပ်စုအဖွဲ့အစည်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ ဒါကြောင့်အချို့က မဟာ ချင်နဲ့ ပူပေါင်းဖို့တောင် စတင် တွေးတောနေခဲ့ကြပါပြီ။

အရှင်သခင် ရှိပြီးသား တစ်စုံတစ်ယောက်အနေနဲ့ ဒီအကြောင်းအရာတွေကို သူတို့ရဲ့ အမွေခံများထံ အလေးအနကထား ပြန်တင်ပြခဲ့ကြပါတယ်။  ဒါကြောင့် အဲ့ဒီအရှင်သခင်တွေအတွက် ကြားရတာ နားခါးတဲ့ မဟာ ချင် အကြောင်းကို ထပ်ကြားခဲ့ရပြန်ပါတယ်။

ဒီကိစ္စက တရုတ်ရဲ့ ကံကြမ္မာကို သိမ်းဆည်းသွားတဲ့ မဟာ ချင်နဲ့ပက်သက်နေတာကြောင့်  ပိုပြီး ဒေါသနဲ့ မကျေနပ်မှုများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခုဆို ဒီနောက်ဆုံးအဖြစ်အပျက်ဟာ  နဟာ ချင်မှ ဖြစ်တယ် ဆိုတာကို အခြား အမွေခံတွေ ကြားခဲ့ကြရပါပြီ။ ဒါပေမယ့် ဒီသတ်ဖြတ်မှုခုနစ်ခု ကြယ်ဟာ မဟာ ချင်မှ ရသွားခဲ့တာကြောင့် သူတို့က သိပ်မနှစ်သက်ကြ‌ေပမယ့် ဒီအချက်အလက်ကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းတွေက သိပ်မကြီးကျယ်လှပါဘူး။ ဒါပေမယ့် အချို့ကတော့ စိုးရိမ်နေကြပါတယ်။

ဟီရှမ်းယု အဆောက်အဦ တစ်ခုရဲ့ လသာဆောင်ပေါ်မှာ ရပ်‌ေနပြီး၊ မဟာ ချင်မြို့ ရှိတဲ့ဖက်ကို ကြည့်နေခဲ့ပါတယ်။ သူမက မပြုံးပဲ မနေနိုင်တာကြောင့် ပြုံးလိုက်ပြီး၊ ပြောလိုက်ပါတယ်။
"အရှင် မင်းမြတ်။ ရှင်က ကျွန်မကို စိတ်မပျက်စေခဲ့ဘူး။"

“ လှပတဲ့ ဆရာ၊ မင်းက ဒီမှာဘာလုပ်နေတာလဲ။  မီးဖိုချောင်မှာ မင်းရဲ့ဂရုစိုက်ရမယ့် အရာတွေရှိနေတယ်လေ။"
  ဟီရှမ်းယု အပြင်ဘက္မှာ ရပ်နေတာကို တွေ့လိုက်တဲ့အခါ ဟူချင်းက သိချင်စိတ်နဲ့မေးလာခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now