𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...
By pickpachacon333
974K 111K 5.5K
Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More
Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!
Part 77 Only Zawgyi
3.1K 284 4
By pickpachacon333
ညမှောင်မှောင် ကျောက်သားခန်းမကြီး၏ အလယ်တွင် အနက်ရောင်ပဝါလေးခြုံထားသော အမျိုးသမီးတစ်ယောက် ဝတ်ပြုဆုတောင်းလျှက်ရှိ၏။ အမျိုးသားတစ်ယောက်သည် အဝင်ဝမှတဖြေးဖြေးလျှောက်လာကာ အမျိုးသမီး၏ နောက်နား၌ နေရာယူသည်။ အမျိုးသမီးလေးက နတ်ဘုရားရုပ်ထုကြီးရှေ့ရှိ ကံကြမ္မာသင်္ကေတများ‌ရေးသားထားသော စက်ဝိုင်းကို တစ်ချက်ကြည့်ကာ ခြုံထားသော အနက်ရောင်ပဝါကိုဖြုတ်၍ ကိုယ့်မျက်လုံးကိုယ် စည်းလိုက်သည်။ ထို့နောက် မင်စွတ်ထားသော စုတ်တံတစ်ချောင်းကို ကိုင်ပြီးသည်နှင့် အရှေ့ရှိ စက်ဝိုင်းကြီးကို ဖြေးညင်းစွာ လှည့်လိုက်တော့သည်။ စုတ်တံ၏ စုတ်ချက်က စက်ဝိုင်းပေါ်သို့ သုံးချက်တိတိ ကျပန်းရောက်ရှိသွားသည်။ အမျိုးသမီးလေး၏ နှုတ်မှ တဖွဖွရွတ်ဆိုနေသံကိုလည်း နားဖျားတွင် ခပ်သဲ့သဲ့ကြားနိုင်သည်။ မီးတုတ်မှ မီး‌လျှံတို့မှာလည်း တလွင့်လွင့်။
အလုံးစုံပြီးစီးသောအခါ မိန်းမပျိုလေးက သူမ၏ မျက်လုံးစည်းကို ဖွင့်ပြီး စက်ဝိုင်းဆီမျှော်လင့်တကြီးကြည့်လိုက်သည်။ ကံကြမ္မာကြည့်ခြင်းအချိန်ကာလကို မရောက်သေးသော်လည်း စစ်ပွဲအတွက်စိတ်ပူတာမို့ ရှီဝေးနှင့်တိုင်ပင်ပြီး ကံကြမ္မာကြည့်နေကြခြင်းဖြစ်သည်။
"ဘယ်လိုနေလဲ"
ရှီဝေး၏ ခပ်ဩဩအသံက နောက်မှထွက်ပေါ်လာသည်။ ထိုအထိ နက်ထန်က စုတ်ချက်သုံးချက်ကိုကြည့်ရင်း မလှုပ်မယှက်ဖြစ်နေသေးတာမို့ ရှီဝေးစိတ်ပူလာသည်။ ကံကြမ္မာက မကောင်းတဲ့ဘက်ကို ညွှန်ပြနေတာများလား။
"ဘာဖြစ်လို့လဲ မကောင်းဘူးလား"
ထပ်ဆင့်မေးခွန်းအပြီးဝယ် နက်ထန်က သူ့ဘက်သို့ အေးစက်စက်မျက်နှာထားနှင့် အသက်မရှိသူပမာ လှည့်လာသည်။ မျက်နှာအမူအရာက ကောင်းသည့် လက္ခဏာ မဟုတ်တာတော့ သေချာသည်။
"ကောင်းပါတယ် အရှင်.. စစ်ပွဲက နိုင်မှာပါ...တစ်ခု..တစ်ခုပဲ"
စစ်ပွဲနိုင်မည်ဆို၍ ပျော်သွားသော ရှီဝေး၏ စိတ်အခြေအနေက နက်ထန်၏ ရှတတကွဲအက်အက်ဖြစ်နေသော အသံကြောင့် ခဏချင်းပင် ပျက်စီးသွားရသည်။
"ဘာတစ်ခုလဲ နက်ထန် ကိုယ့်ကိုပြော။ ဘာများဖြစ်စရာရှိသေးလို့လဲ"
နက်ထန်၏ လက်တောက်တောက်မျက်ဝန်းများက ရှီဝေးဆီသို့ အလုံးစုံကျရောက်လာသည်။ လရောင်၏ အကူအညီဖြင့် သူမ၏ မျက်လုံးထဲက ဝဲနေသည့်မျက်ရည်စများကို မြင်လိုက်ရသည်။
"အထိန်းအကွပ်မရှိတဲ့ နိုင်ခြင်းမျိုး..."
"ဘာရယ်?"
"အထိန်းအကွပ်မရှိဘူးဆိုတာ သိပါသလားအရှင်။ အဲ့တာတိုင်းပြည်နဲ့ တွဲသုံးရင် ဘုရင်ကိုပြောတာပါ။ ဘုရင်က တိုင်းပြည်ရဲ့ အထိန်းအကွပ်ပဲ။ ဘော်ဟူလာက စစ်နိုင်မှာပေမဲ့...အရှင့်အစ်ကိုတော်..တိုင်းပြည်ရဲ့ဘုရင်ကတော့...ပျောက်ကွယ်သွားမယ်"
"ဘာပြောတယ်"
ရှီဝေးမျက်နှာမှာ မယုံနိုင်ခြင်းတွေ၊ ဒေါသတွေ၊ ဝမ်းနည်းမှုတွေ ရောပြွန်းရှုပ်ထွေးစွာ ဖြတ်ပြေးသွားကြသည်။ အစ်ကိုတော်က စစ်ပွဲမှာ တစ်ခုခုဖြစ်မယ်ဆိုတဲ့ သဘောလား။ အစ်ကိုတော်က ဘာလို့..ဘာလို့ အဲ့လိုဖြစ်ရမှာလဲ။ မဖြစ်နိုင်တာ ဟောချက်ကတစ်ခုခုမှားနေတာ။ ဒါပေမဲ့ သူမွေးကတည်းကစလို့ ဒီဟောချက်တွေမှားတာ တစ်ခါမှမရှိဖူးဘူးဆိုတာကို ဉီးနှောက်က အသိပေးနေပြန်သည်။ ဘယ်လိုပင်ဖြစ်စေကာမူ သူကတော့ ဟောချက်မှားနေကြောင်းသာ မျက်စိမှိတ်ပြီး ယုံချင်ပါသည်။
"မပူပါနဲ့ နက်ထန် ကိုယ် အစ်ကို့ကို ဂရုစိုက်မှာပါ။ သူ မသေစေရဘူးနက်ထန်။ ကိုယ့်ကိုယုံလိုက်။ ဟောချက်တွေက နည်းနည်းမှားတာမျိုးလည်း ရှိနိုင်တာပဲလေ။ အဲ့ဒီလိုပဲဖြစ်မှာပါ"
ပါးစပ်က တောင်စဉ်ရေမရ ပွစိပွစိပြောရင်း ခန်းမအပြင်သို့ သွေးရူးသွေးတန်းထွက်သွားသော ရှီဝေး၏ ကျောပြင်ကို ကြည့်ရင်း သူမ သက်ပြင်းချလိုက်သည်။ နှုတ်မှ ပြောရန်ကျန်နေသေးသော စကားလုံးတစ်ချို့တို့က တိုးတိုးကလေး ထွက်ပေါ်လာသည်။
"ပထမအချက်ပြောရရင် ရှင်ဘုရင်ရဲ့ နက္ခတ်က လုံးဝပျောက်လုနီးပါးဖြစ်နေပြီ အသစ်ဖြစ်လာတဲ့ ဘုရင်နက္ခတ်ကိုတောင် မြင်နေရပြီ။ ဒုတိယစုတ်ချက်နဲ့ ညှိပြောရရင် ဘော်ဟူလာဟာ ဘုရင်မရှိတဲ့နိုင်ခြင်းမျိုးနဲ့ပဲ နိုင်လိမ့်မယ်။ တတိယအချက်ကတော့..."
သူမ ပြောနေရင်းနဲ့ နတ်ဘုရားရုပ်ထုကြီးကို တစ်ချက်မော့ကြည့်လိုက်သည်။ စကားလုံးတို့က ခုနကထက်ပို၍ တိုးညှင်းစွာ ထွက်လာကြပြန်သည်။
"တတိယအချက်ကတော့....ဒီဟောကိန်း ဘယ်လိုမှမလွဲနိုင်ဘူးတဲ့"
.
.
"ငါပြန်လာပြီ"
သွားတာ ဘယ်နှရက်မှတောင်မရှိသေးဘဲ ချက်ချင်းပြန်လာသော ရက်ခ်ျကြောင့် သူ မျက်မှောင်ကျုံ့မိသွားသည်။ ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန်ပြန်လာရတာတုန်း။
"နေစမ်းပါဉီး သတင်းယူတာ အဲ့လောက်တောင်မြန်ရလား"
"ဪ မြန်တယ်လေ မင်းဖအေတွေက ငါရောက်ရောက်ချင်းကို တိုက်ဖို့တိုင်ပင်နေကြပြီလေ။ သူတို့ဒီလ လဆုတ်ပိုင်းလောက် ဝင်တိုက်မယ်တဲ့။အစက နောက်နှစ်လမှ ဝင်တိုက်မလို့။ ဒါပေမဲ့ ဆန်ဒိုဘုရင်က ဂျူယာဘုရင်ကို နည်းနည်းပိုမြန်ဖို့လောဆော်လိုက်တယ်လေ။ နောက်လတွေဆို ဆောင်းဝင်စပြုပြီဖြစ်လို့ အကျအဆုံးမများရင်တောင် ဒဏ်ရာတွေ ကုဖို့ခက်မှာစိုးလို့တဲ့။ သူတို့က နိုင်မယ်လို့ အပိုင်တွက်ထားပုံပဲ"
"ဟွန့်"
ရှီလာက အားရပါးရ မဲ့လိုက်သည်။ ဒီငတုံးကောင်တွေကတော့ ငါ့ကိုဖြတ်ပြီး စစ်ပွဲနိုင်မယ်လို့ စိတ်ကူးယဉ်နေကြတာလား။ မြေကြီးကိုပဲ ဝါးစားလိုက်တော့။
"ဒီတော့ သူတို့ ဘယ်လမ်းကလာမယ်?"
"တောင်တက်လမ်းကပဲ လာလိမ့်မယ်။ နောက်ဘက်လမ်းက သူတို့လမ်းမကျွမ်းတော့ ကြာမှာလေ။ ပိုမြန်အောင် တောင်တက်လမ်းကပဲ သွားကြမယ်တဲ့"
"အိုး"
ရှီလာ့ပါးစပ်လေးက အိုပုံသဏ္ဌာန် လုံးဝိုင်းသွားသည်။
"သူတို့တော့ ကိုယ့်သေတွင်းကိုယ် တူးလိုက်ပြီပဲ။ အိုခေ ရက်ခ်ျ နောက်တစ်ခြား ဘာများကြားခဲ့သေးလဲ"
"သူတို့က ဗျူဟာတွေကို သုံးတော့သုံးမှာပေမဲ့ ငါတို့ကို အရမ်းလျှော့တွက်ထားလို့ ပေါ့ပေါ့လျော့လျော့ပဲသုံးမှာတဲ့။ အေးလေ စစ်ကြေညာတာလည်းမရှိဘဲ ဝင်တိုက်မှတော့ သူတို့က အသာစီးရမယ်ထင်တာနေမယ်။"
"ဟွန့် အိပ်မက်သာမက်နေလိုက်။ အိုခေ ငါ့ရဲ့လက်ထောက်လေး။ အရမ်း‌တော်တယ်။ နားလိုက်တော့"
သူ့စကားမှမဆုံးသေးခင် အိပ်ပျော်သွားသော ဇီးကွက်ကောင်ကို မကြည်ကြည့်ကြည့်ကာ အပြင်ကိုထွက်လာလိုက်သည်။ ရုတ်တရက် အပြင်မှာဟိုလျှောက်ဒီလျှောက်ဖြစ်နေသော ညီဖြစ်သူကို တွေ့လိုက်ရတော့ အံ့ဩသွားမိသည်။
"ရှီဝေး ဘာဖြစ်လို့လဲ။ အပြင်မှာ ဟိုသွားဒီသွားနဲ့ အထဲဝင်လာခဲ့လေ။ လာ"
"ကျွန်တော်...ကျွန်တော်.."
အထစ်အထစ်နှင့် ကယောင်ခြောက်ခြားဖြစ်နေပါသော ညီတော်အား မျက်လုံးအပြူးသားနှင့်ကြည့်နေမိသည်။ မှတ်ဉာဏ်ထဲမှာ ကြည့်ရသလောက်ကတော့ ရှီဝေးဒီလိုဖြစ်နေတာ သူတစ်ခါမှမတွေ့ဖူးသေး။
"ဘာဖြစ်လို့လဲ"
သူ့စကားမဆုံးသေးခင် အတင်းဖက်လာသော ညီတော်အား ပို၍ပင်နားမလည်နိုင်တော့။ ဒီကောင်လေး ဘာဖြစ်လာလို့များလဲ။
"အစ်ကိုတော်...ညီတော်နဲ့ သက်ဆုံးထိ တူတူရှိနေပေးမယ်မဟုတ်လား။ အစ်ကိုတော် စစ်ပွဲမှာ...စစ်ပွဲမှာ.."
တစ်ဆို့နေသော စကားသံက ထိုနေရာတွင်ပင် တိခနဲရပ်၏။ အနောက်မှစကားလုံးများကို ရှီဝေးပြောလည်း မပြောနိုင်တော့သလို တွေးလည်းမတွေးရဲတော့။ အစ်ကိုတော်က သူမွေးကတည်းက သူ့အနားမှာရှိနေပေးခဲ့တာ။ အရာအားလုံးကို အစ်ကိုတော့်ဆီကပဲ သင်ယူလာခဲ့တာ။ ဒီအစ်ကို မရှိတော့ရင် သူဘယ်လိုလုပ်ပါ့မလဲ။ သူရပ်တည်နိုင်တယ်ပဲထား။ သူ့အစ်ကိုမရှိပဲနဲ့ ဘာတွေကိုထပ်ပြီးသင်ယူနိုင်မှာလဲ။ သူ့အစ်ကိုသာ တကယ်..တကယ်သေသွားခဲ့ရင် သူလည်းဝမ်းနည်းတဲ့စိတ်နဲ့ သေမှာပဲ။
"စစ်ပွဲမှာ အစ်ကိုတော် တစ်ခုခုဖြစ်မှာကြောက်လို့လား"
ရှီဝေးက ရှီလာ့စကားကို ခေါင်းတဆတ်ဆတ်ညိတ်၍ ပြန်ဖြေသည်။ တင်းတင်းကြပ်ကြပ်ဖက်ထားသည့်လက်တွေကို လုံးဝမလွှတ်သေး။ သူ ညကတည်းကစပြီး ကယောင်ခြောက်ခြားဖြစ်နေမိတာ မနက်ထိ တစ်ရေးမှမအိပ်ရသေးဘူး။ သူဘာလုပ်ရမလဲ။ သူ အစ်ကို့ကို မကာကွယ်နိုင်ရင် ဘယ်လိုလုပ်မလဲဆိုတာပဲ ခေါင်းထဲစွဲနေတယ်။ သူ့အတွေးတွေမဆုံးခင်မှာပဲ သူ့အစ်ကိုက သူ့ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ရင်း ချော့မော့ပြောလာလေတယ်။
"မပူပါနဲ့ကွာ အစ်ကို မသေသေးပါဘူး။ အစ်ကိုက မင်းနဲ့နက်ထန်မွေးမဲ့ တူလေးတွေကိုချီရဉီးမှာမဟုတ်လား။ ပြီးတော့ အစ်ကိုက ဒီလောက်တော်တာ အဲ့ဒီကောင်တွေလက်ချက်နဲ့ အစ်ကိုတစ်ခုခုဖြစ်မယ်လို့ မင်းထင်ရင်တော့ မင်းအစ်ကို့ကို အထင်သေးလိုက်တာပဲ ဟုတ်ပြီလား ဟားဟား အစ်ကိုတော် ဆံပင်တစ်ချောင်းတောင် အရာမယွင်းဘဲ နိုင်အောင်တိုက်ပြမယ်"
ရှီလာရဲ့ စကားတွေကြောင့် ရှီဝေးစိတ်တွေ တည်ငြိမ်လာသည်။ ဟုတ်သားပဲ။ သူ့အစ်ကိုက အမဲလိုက်ဘုရင်လေ။ ခြင်္သေ့တွေကိုတောင် ခြင်ရိုက်သတ်သလို သတ်နိုင်သေးတယ်။ အရမ်းတော်တာပဲဟာ ဘာလို့ အဲ့ကောင်တွေလောက်နဲ့ သေရမှာလဲ အဓိပ္ပါယ်မရှိတာ။
"ကဲ ငါတိုက်ပွဲအတွက်ဆွေးနွေးမလို့ မင်းဆီလာချင်နေတာ။ ရောက်လာတာနဲ့ အတော်ပဲ။ ရှီဝေး တောင်တက်လမ်းကိုသိတယ်မို့လား။"
ရှီဝေးက ခေါင်းညိတ်၏။ ရှီလာ့ မျက်နှာကအပြုံးက ပို၍ ပီပြင်လာသည်။
"မင်းတောင်တက်လမ်းအထက်က ကမူစွန်းကိုလည်းသိတယ်မို့လား။ ငါ့သူလျိုပြောတာက သူတို့တောင်တက်လမ်းက လာမှာပဲ အဲ့တော့ ငါတို့သူတို့ကို အကြိုလက်ဆောင်လေး ပေးစရာရှိနေတယ်"
"အစ်ကိုတော် ဘာကိုပြောတာလဲ"
"စမ်းချောင်းဘေးက ကျောက်တုံးကြီးတွေကို မြင်တယ်မလား။ အဲ့တာတွေကို မ,ရမယ်။ ခုပဲစလုပ်ကြတော့။ အဲ့တာတွေကို ကမူစွန်းနားထိ လှိမ့်သွားရမယ်။ ခြေရာလက်ရာမကျန်စေနဲ့။ ကျောက်တုံးတွေကို သစ်ရွက်တွေနဲ့ဖုံးထား။ လဆုတ်ပိုင်းလာမယ်လို့ သတင်းရထားတယ်။ ကင်းပုန်းတွေချထားပြီး စောင့်နေမယ်။ တပ်သားလေးပုံနှစ်ပုံက အဲ့နေရာမှာနေပြီး ကျောက်တုံးတွေကို ဟိုကောင်တွေဆီလှိမ့်ချရမယ်။ အပေါ်နဲ့အောက်မို့ မြှားနဲ့ပစ်လည်း အကျအဆုံးမရှိနိုင်ဘူး။ သေနတ်တပ်သားကလည်း သိပ်များများစားစားမရှိလို့ စိတ်ပူစရာနည်းတယ်။ အဲ့အခါကျ ကျောက်တုံးပိ မသေဘဲ ကျန်နေတဲ့တပ်သားတွေက နောက်ကိုပြန်ပြေးလိမ့်မယ်။
လမ်းအတိုင်း နောက်ကိုပြေးတဲ့ တပ်သားတွေအတွက် တောင်ခြေနားကတောအုပ်မှာ လေးပုံတစ်ပုံက စောင့်နေရမယ်။ အဲ့ကောင်တွေကို အသေသာသတ်ပစ်။ သစ်ပင်တွေထဲ သွေးရူးသွေးတန်းပြေးမိတဲ့ တပ်သားတွေကိုတော့ ခဲကြီးတွေလှိမ့်ချတဲ့ တပ်သားတွေကပဲ လိုက်ရှာပြီး သတ်လိုက်ကြ။ နောက်ကျန်တဲ့ လေးပုံတစ်ပုံကတော့ တောင်နောက်ဘက်ကို လူဖြန့်ပြီးကင်းချလိုက်ပါ။ လာနိုင်ချေတော့ မရှိပါဘူး။ ဒါပေမဲ့ သတိထားတာ မကောင်းတာတော့မဟုတ်ဘူး။ တောင်နောက်ပိုင်းက မြို့တော်နဲ့ တိုက်ရိုက်ဆိုတော့ သူတို့ယုတ်မာလာနိုင်တယ်။ ဖြစ်နိုင်ချေတော်တော်လေးနည်းပေမဲ့ပေါ့။
သူတို့အင်အားက ငါတို့ထက် နှစ်ဆရှိလိမ့်မယ်။ မပူပါနဲ့ တောင်နောက်ပိုင်းနဲ့ တောင်တက်လမ်းမှာလည်း ထောင်ချောက်တွေချထားလိုက်မယ်။ ဒါပေမဲ့ သူတို့လာမယ်ဆိုတာ ငါတို့ကြိုသိတဲ့ပုံမျိုးတော့ မဖြစ်စေဘဲနဲ့ သားကောင်ထောင်ချောက်လိုမျိုးပဲ ထားရမယ်။ ထောင်ချောက်ရယ်၊ ကျောက်တုံးကြီးတွေရယ်နဲ့ တပ်သားတစ်ဝက်ကိုသေစေမယ်။ ဒီလိုဆို ငါတို့နဲ့ အင်အားတူသွားပြီ။ လူအင်အားတူတယ်ဆို ငါ့လူတွေက ပိုသာမှာ ငါယုံတယ်။ ရှီဝေး မင်းက ကျောက်တုံးတွေလှိမ့်ချမဲ့ တပ်သားလေးပုံနှစ်ပုံကို တာဝန်ယူ။ ငါက တောင်အောက်က တောအုပ်မှာ တပ်သား လေးပုံတစ်ပုံနဲ့အတူ ပုန်းနေမယ်။ တောင်အနောက်ပိုင်းကိုတော့ စစ်သူကြီးကို တာဝန်ပေးလိုက်။
မင်းတို့အဖွဲက တာဝန်ပြီးတာနဲ့ ငါ့ဆီကိုလာခဲ့ရမယ်။ စစ်သူကြီးတို့ကလည်း တောင်နောက်မှာ အခြေအနေမထူးခြားတာနဲ့ ချက်ချင်း ငါတို့ဆီလာပြီးကူပေးရမယ်။ မြှားတွေအဆိပ်သုတ်ထား။ ဓားမတွေမီးကင်ထား။ နောက်ပြီး ငါနဲ့စစ်သူကြီးတို့ ဝယ်လာတဲ့ ယမ်းမှုန့်တွေနဲ့ အဆိပ်မှုန့်တွေကိုလည်း အသင့်ပြင်ထားလိုက်။ ယမ်းမှုန့်တွေကိုက ငါ့ဆီယူလာခဲ့ ငါစီမံလိုက်မယ်။ လက်နက်တွေအကုန်အသင့်ပြင်ထားတော့ လေ့ကျင့်မှုတွေကို လုပ်တော့လုပ် အရမ်းမပြင်းစေနဲ့ သူတို့ကို အားမွေးထားခိုင်း။ စစ်သူကြီးကို ငါမှာတာတွေအကုန်ပြောပြလိုက်နော်။ ပြီးရင် ငါ့ဆီခေါ်လာခဲ့ ငါသူ့ကိုမှာစရာလည်း ရှိသေးတယ်။"
ပါးစပ်မှ အဆက်မပြတ်မှာကြားပြီးသည့်နောက်မှာတော့ ရေခွက်ကို ကောက်ကိုင်လိုက်ရသည်။ ညွှန်ကြားရသည့်အလုပ်ကလည်း လွယ်တာမဟုတ်။ နောက်ပြီး သေနတ်မရှိဘဲ ယမ်းမှုန့်ဝယ်လာမိတာကြောင့် တစ်ခုခုလုပ်ဖို့စဉ်းစားရဉီးမည်။ Tom & Jerryထဲကလိုမျိုး ဗုံးအသေးစားလေးလုပ်ရင်ကောင်းမလား။ အတွေးထဲ၌ ဗုံးအသေးစားလေးကို ပြင်ဆင်နေမိသည်။ အောင်မြင်ရင်အောင်မြင် မအောင်မြင်ရင်လည်း ကိစ္စတော့မရှိပေ။ အသာစီးရထားသည်မဟုတ်လား။ ဒါပေမဲ့ ဒီလောက်နဲ့တော့ သူ မကျေနပ်နိုင်သေးပါ။ နိုင်မှာသေချာမည့် တစ်ခုခုတော့ လုပ်ရပေလိမ့်မည်။
ဈေးထဲတွင်တွေ့ခဲ့သည့် အဆိပ်ပေါင်းများစွာကို တွေးတောပြီးနောက်တွင် သူသဘောတကျပြုံးလိုက်မိသည်။ ကိုယ်ရံတော်ကို အားကိုးရမဲ့အချိန်ရောက်လာပြီပဲ။ ရွှီခနဲ လက်ခေါက်မှုတ်လိုက်ချိန်မှာတော့ လူတစ်ယောက်က သူ့ရှေ့ကို ခစားလာသည်။ လုပ်ရမည့် ကိစ္စတို့ကို တိုတိုရှင်းရှင်းညွှန်ကြားကာ ကျောက်တုံးလှိမ့်ချမည့်ကိစ္စကို ကိုယ်တိုင်သွားရောက် ညွှန်ကြားတော့သည်။
Sorry for keyboard error.
Pls tell me Are you OK in reading?
Continue Reading
You'll Also Like
59K 5.4K 15
Uni Betaယောင်ဆောင်ထားတဲ့ Omegaကောင်လေးဟာ ကျောင်းရဲ့ နံပါတ်၂ Alphaကိုမှ ချစ်မိသွားသတဲ့။ Zawgyi Betaယောင်ဆောင်ထားတဲ့ Omegaကောင်လေးဟာ ကျောင်းရဲ့ နံပါတ်...
605K 58.7K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
3.7K 211 32
83.2K 8.3K 51
Rebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးက...