Uni
“လာဘေဘီ ဒီမှာထိုင်လိုက်”
ဂျွန်ဝူးက အခန်းထဲရှိတစ်ခုတည်းသောကုလားထိုင်မှာ သူကိုယ်တိုင်ဝင်ထိုင်လိုက်ကာ အင်းထယ်ကိုတော့ သူ့ပေါင်ပေါ်မှာထိုင်ဖို့ ပြောလိုက်သည်။ အင်းထယ်က အခန်းထဲကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ အပြင်ဘက်ကတိုက်ခန်းဟောင်းပုံစံမျိုးပေမဲ့ အထဲမှာတော့ထင်မထားရလောက်အောင်သားနားပါသည်။ ရုံးခန်းက သိပ်ထိုင်ပုံမရတာကြောင့် သားရေသား ထိုင်ခုံတစ်လုံးကလွဲရင် ကျန်တဲ့ထိုင်စရာသိပ်မရှိလှ။ စားပွဲပေါ်မှာကတော့ စာရွက်စာတမ်းတွေနဲ့ရှုပ်ပွနေသည်။ အခန်းကတောက်ပြောင်နေသလောက် ဒီစာရွက်ပုံကြီးကတော့ အရုပ်ဆိုးလှသည်။
သူကလိမ်လိမ်မာမာပဲ ဂျွန်ဝူးပေါင်ပေါ်သို့ဂရုတစိုက်ထိုင်လိုက်သည်။ မျက်လုံးတွေကတော့ ပတ်ပတ်လည်ကိုဝေ့ကြည့်နေဆဲ။
“ဒီနေရာကိုဘယ်လိုထင်လဲ။ သာမန်လို့တော့မထင်စေချင်ဘူး။”
“ခင်ဗျားတို့ဒီမှာမူးယစ်ဆေးတွေရောင်းတာလား။”
ရုံးခန်းဟု ဂျွန်ဝူးညွှန်းဆိုသော ဤအခန်းလေးထဲသို့မရောက်မီ ဟောခန်းကြီးတစ်ခုကိုဖြတ်လာရသေးသည်။ ထိုခန်းမတွင် မီးမှိန်မှိန်တွေနှင့် လူအများထိုင်နေကြသည်။ လူတိုင်းလူတိုင်းသည် သူ့အာရုံနှင့်သူဖြစ်ကာ အရက်ရောင်းသည့် ကောင်တာလေးတောင်ရှိသေးသည်။ တစ်ချက်ကြည့်ရုံနှင့် ဘားအသေးစားလေးအလား ပြင်ဆင်ထားကာ မိန်းမတွေမရှိတာလွဲရင် အကုန်သာယာအောင်ဖန်တီးထားသည်။ သူ့အမြင်အရ ဒီနေရာမျိုးက မူးယစ်ဆေးရောင်းတဲ့မှောင်ခိုနေရာမျိုးဆိုတာသေချာသည်။
“အိုး ဘေဘီတော်တယ်။”
ဂျွန်ဝူးကသူ့ပေါင်တွေကိုပွတ်သပ်ရင်း ပြုံးကာပြောလာပေမဲ့ သူကတော့မပြုံးနိုင်ပါ။ သူ့ချစ်သူ ဘတ်စ်ပေါ်မှာလူသတ်ကတည်းက ဒီလိုဥပဒေနဲ့မညီတာမျိုးတွေအများကြီးတွေ့ရဦးမှာကြိုသိနေပေမဲ့ တကယ်တွေ့ရတော့လည်း စိတ်ထဲသိပ်အဆင်မပြေ။ သူကအရင်ဘဝကတည်းက လူကောင်းလေးမဟုတ်လား။ နိုင်ငံတော်ဥပဒေဆိုတာ သူတစ်လက်မတောင်ချိုးဖောက်ဖူးတာမဟုတ်ဘူးလေ။ အခုတော့ ဂိုဏ်းစတားဘေးတောင်ရောက်နေရတဲ့အဖြစ်။
“ဒီနေရာက တကယ်ဆိုဘာမှမဟုတ်ဘူးလေ။ ကိုယ်တို့မှာ ဒီလိုအခွဲပေါင်း သိန်းချီရှိတယ်။ ဒါပေမဲ့ ဒီနေရာကတော့ ကိုယ်တို့ဂိုဏ်းရဲ့စတင်ရာပေါ့။ အဖေကအရာအားလုံးကို ဒီကစခဲ့တာလေ။ ဒါကြောင့်မင်းကို ဒီကိုအရင်ခေါ်လာတာ။ ကိုယ်တို့ကမူးယစ်ဆေးရောင်းတယ်။ လူသတ်တယ်။လောင်းကစားဝိုင်းတွေအများကြီးထောင်တယ်။ မြေအောက်ဂိုဏ်းဆိုမှတော့ မဟုတ်တာအကုန်လုပ်တယ်။ ဒါပေမဲ့ ဘေဘီမလုပ်ချင်ရင်မလုပ်လို့ရတယ်။ ငရဲကြီးရင်ကိုယ်ပဲကြီးပါရစေ။ ဘေဘီ့ကိုအပြစ်မဖြစ်စေချင်ဘူး။”
ဂျွန်ဝူးစကားတွေကြောင့် တွေဝေနေသည့်သူမျက်ဝန်းတို့က ပြန်လည်တည်ငြိမ်လာသည်။
“ဟင့်အင်း။ ကျွန်တော် လုပ်မယ်။ ကျွန်တော်က ခင်ဗျားနဲ့အတူ ကမ္ဘာအဆုံးထိရည်ရွယ်ထားတာ။ ခင်ဗျားကငရဲသားကြီးဖြစ်နေပြီး ကျွန်တော်က နတ်သားလေးဖြစ်နေရင် ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ အကောင်းအဆိုး အရာအားလုံးကို အတူဖြစ်စေချင်တယ်။ ခင်ဗျား ဒါကိုစွန့်လွှတ်ဖို့ ကျွန်တော်ကြိုးစားမယ်။ မဖြစ်နိုင်ဘူးဆိုရင်လည်း ကျွန်တော်ပါ နစ်မွန်းလိုက်မယ်။ ခင်ဗျားသိလား။ အချစ်ကလူကိုရူးစေတယ်။ အကောင်းအဆိုးတွေအားလုံးက အချစ်နဲ့တွေ့ရင် ဘာမှမရှိတော့ဘူး။ အခု ခင်ဗျားကြောင့် ကျွန်တော်ရူးသွားပြီ။ သေချာမဆုံးဖြတ်နိုင်တော့ဘူး။”
ဂျွန်ဝူးက ပြုံးကာ အင်းထယ်ရဲ့မျက်နှာလေးကို သူ့ဘက်သို့ဆွဲယူလိုက်သည်။ ချစ်သည်ဟူသောစကားကို အကြိမ်ကြိမ်ပြောဖူးပေမဲ့ အခုထိရှက်နေဆဲဖြစ်သော ကောင်လေး၏မျက်နှာက နီရဲနေသည်။ ဂျွန်ဝူးက အင်းထယ်ရဲ့နှုတ်ခမ်းတွေကို နူးညံ့စွာနမ်းရှိုက်သည်။ တဖြေးဖြေးတိုးဝင်လာသောလျှာက တစ်ဖက်ကကောင်လေး၏နှုတ်ခမ်းနုနုကလေးဆီသို့ ထိုးဖောက်ကာ အထဲရှိအရာအားလုံးကို စူးစမ်းနေသယောင်။ လက်နှစ်စုံ၏ရွေ့လျားခြင်းက ခန္တာကိုယ်နှစ်ခုအားပူလောင်လာစေသည်။
ဂျွန်ဝူးက သူ့အပေါ်ကုတ်အင်္ကျီကိုချွတ်လိုက်ကာ စားပွဲပေါ်မှစာရွက်တွေအားလုံးကို ဆွဲရမ်း၍ ကောင်လေးကိုချီမ,ကာ စားပွဲပေါ်သို့တင်လိုက်သည်။ ထိုအဆင့်အထိ သူတို့နှစ်ယောက်၏နှုတ်ခမ်းတွေကဆက်စပ်နေဆဲ။ ပူရှိန်းနံ့လေးသင်းသင်းလေးက အင်းထယ်ရဲ့နားတွေကို နီရဲလာစေသလို အင်းထယ်၏ကိုယ်လုံးလေးမှထွက်လာသည့် နို့နံ့သင်းသင်းလေးကြောင့်လည်း ဂျွန်ဝူး၏အနမ်းတွေက ပိုပိုပြီးပြင်းထန်လာသည်။ ဒီအနမ်းက အင်းထယ်တစ်ကိုယ်လုံးကို သူ့ပါးစပ်ထဲငုံထားတော့မည့်သယောင်ဖြစ်နေသည်။
နူးညံ့ခြင်းတို့မှတဆင့် တဖြေးဖြေးအရိုင်းဆန်လာကာ necktile ကိုဆွဲဖြုတ်လိုက်သည်။ ခါးပတ်ကိုဖြုတ်လိုက်ချိန်တွင် သူ့ရှေ့ကကောင်လေးက သူ့ကိုအံ့အားသင့်သလိုလေး ငေးကြည့်လာ၏။ အစားခံရတော့မည့် ယုန်လေးလိုမျက်နှာထားကြောင့် သူ့စိတ်တွေပိုလို့ပင်ပူလောင်လာတော့သည်။
‘အင်းထယ် ကိုယ်တော့ မင်းကိုချစ်လွန်းလို့ရူးနေပြီ။’
အနမ်းသည် နှုတ်ခမ်းမှတဆင့်ရွေ့လျားလာကာ အင်းထယ်၏ချောမွတ်နေသော လည်ပင်းဆီသို့ဦးတည်၏။ ပြင်းပြသောအနမ်းများကြောင့် လည်ပင်းသားတလျှောက် နီရဲနေသော နှုတ်ခမ်းရာများက မင်းမူနေလျက်။
“ခဏ......ခဏလေးနေပါဦး”
“အွန်းပြောလေ။”
အင်းထယ်၏စကားကို ပြန်ဖြေလိုက်သော်လည်း ဂျွန်ဝူးလက်တွေက တစ်စက္ကန့်မှရပ်တန့်သွားခြင်းမရှိ။ တစ်ဖက်လူ၏ခန္တာကိုယ်ပေါ်သို့အလောတကြီးပွတ်သပ်နေသည်။
“ကလေး......ကလေးယူရအောင်။”
ရုတ်တရက်ပြောလိုက်သည့် အင်းထယ်၏စကားကို ဂျွန်ဝူးက နည်းနည်းလေးမှအံ့ဩဟန်မပြဘဲ သူ့အလုပ်သူဆက်လုပ်ရင်းပြန်ဖြေသည်။
“ကိုယ်တို့နှစ်နည်းနည်းကြာမှယူရအောင်။”
“အာ့.....အာ့ .......ဘာဖြစ်လို့လဲ။ မြန်မြန်ယူလို့မရဘူးလား။”
ဂျွန်ဝူး၏နှိပ်စက်မှုကြောင့် တစ်ကိုယ်လုံးနီရဲနေသော အင်းထယ်က အာရုံလွှဲလို့ရလိုရငြား ဆက်ပြောသည်။ ဒါပေမဲ့ တစ်ဖက်လူက သူ့ချစ်သူပဲလေ။ ဒီလိုအာရုံလွှဲလို့ရတယ်ဆိုတာ သေချာပေါက်မဖြစ်နိုင်ဘူးပေါ့။ ဂျွန်ဝူးက အင်းထယ်၏ပေါင်အတွင်းသားလေးကို တစ်ချက်နမ်းရင်းပြန်ဖြေလိုက်သည်။
“ကိုယ့်မှာ ဘေဘီရှိရုံနဲ့အဆင်ပြေတယ်။ အဲတာတွေကို နောက်မှတွေးရအောင်။”
အင်းထယ် ကလေးလိုချင်တာကလည်း အကြောင်းရှိပါသည်။ တကယ်ဆို သူတို့ဘဝတွေအများကြီးသာချစ်လာကြတာ။ ကလေးတော့တစ်ခါမှမယူဖူးဘူးမလား။ သူများကလေးကို ခဏခေါ်ထိန်းတာကလွဲရင် ကိုယ်ပိုင်မိသားစုလေးမရှိဖူးဘူးလေ။ နှစ်ယောက်တစ်ကမ္ဘာတည်ပြီး နေလာခဲ့တာချည်းပဲ။ အဲတာကြောင့် ဒီကမ္ဘာမှာတော့ ကလေးလေးတစ်ယောက်ရချင်မိသည်။ ဖခင်စိတ်ဓာတ်ဆိုတာမျိုး သူလည်းခံစားကြည့်ချင်သည်လေ။
ဒါပေမဲ့ လောလောဆယ်တော့ ဂျွန်ဝူးရဲ့လက်တွေထဲမှာ သူ့စိတ်တွေဟာလည်း တဖြေးဖြေးဝေဝါးလာလျက်........။
“အရောင်အေးတာလေးတွေပဲဝတ်ပေးကြပါနော်။ မျက်စိစူးမဲ့အရောင်မျိုးဆိုမဖြစ်လို့ပါ” ဟူသော ဒေါက်တာ၏ပြောစကားအရ သူမတို့အကုန်လုံး အရောင်နုနုလေးတွေကိုသာ ရွေးချယ်ဝတ်ဆင်ထားကြသည်။ ဆေးရုံပြတင်းပေါက်ကြီးကို လိုက်ကာတွေနဲ့ကာထားတာကြောင့် နေရောင်စူးမှာတော့မပူရပေ။ ဒေါက်တာက ထယ်နမ့်မျက်လုံးပေါ်က ပတ်တီးစတွေကို ဖြေးညှင်းစွာခွာလိုက်သည်။ တစ်ရစ်ပြီးတစ်ရစ်ခွာလိုက်တိုင်းမှာ မစ္စဂျာနှင့် နာရာတို့၏ ရင်ဘတ်တွေက တဒိန်းဒိန်းခုန်လျက်သား။
သူတို့တင်မဟုတ်။ ခွဲစိတ်ဆရာဝန်တွေနှင့် ဆေးရုံက သူနာပြုလေးကလည်း ရလဒ်မည်သို့ဖြစ်မည်ကို ရင်ခုန်နေကြသည်။ ကာယကံရှင်ဖြစ်သော ထယ်နမ်ဆိုလျှင်ပြောစရာတောင်မလိုတော့။
ပတ်တီးခွာပြီးသည့်နောက် မျက်လုံးနေရာကိုအုပ်ထားသည့် ဂွမ်းစကြီးနှစ်ခုကိုဖြေးညှင်းစွာဖယ်ရှားလိုက်သည်။ အခုဆိုမျက်လုံးဖွင့်ဖို့သာကျန်တော့တာဖြစ်သည်။
“ဂျာထယ်နမ် ကျေးဇူးပြု၍ ဖြေးဖြေးချင်းမျက်လုံးကိုဖွင့်ပေးပါ။ ဖြေးဖြေးချင်းပါနော်။ အလင်းစူးရင် ပြန်ပိတ်လို့ရပါတယ်။ ဖြေးဖြေးချင်းဖွင့်ပေးပါ။”
ဆရာဝန်အတန်တန်မှာထားသည့်အတိုင်းပင်။ ထယ်နမ်ကမျက်လုံးကိုဖြေးဖြေးချင်းဖွင့်လိုက်သည်။ မခံနိုင်လောက်အောင် စူးရှနေသည့် အလင်းတစ်ချို့ကြောင့် မျက်လုံးတို့ကိုပြန်ပိတ်လိုက်သည်။ သူ့အမူအရာတွေကို တစ်ခုချင်းလိုက်ကြည့်နေသည့် ဘေးလူတွေမှာတော့ ရင်တမမဖြစ်လျက်။
“ရရဲ့လား။ ဖွင့်လို့မရဘူးလား။”
“မဟုတ်ပါဘူး။ နည်းနည်းစပ်သွားလို့ပါ။ မမြင်ရတာကြာပြီဆိုတော့။”
ထယ်နမ့်စကားက အဖျားလေးမှာသိသာစွာတုန်ခါသွားသည်။ နောက်တစ်ကြိမ်ကြိုးစားမှုနှင့်အတူ မျက်ဝန်းတို့က ဖြေးညှင်းစွာပွင့်လာသည်။ စူးရှရှအလင်းရောင်တို့၏နောက်မှာနာကျင်မှုကပ်ပါလာသော်လည်း သူ့မျက်ဝန်းတွေကို ပြန်မပိတ်မိတော့။ အလင်းရောင်တို့နောက်ဝယ် ဂျူတီကုတ်ဝတ်ထားသော ဆရာဝန်လေးတစ်ယောက်ကို စပြီးတွေ့ရသည်။ ဝေဝေဝါးဝါးစတွေ့ရတာဖြစ်သော်ငြား တဖြေးဖြေးနှင့်ပုံရိပ်တွေကထင်ရှားလာသည်။
သူ့ဘေးမှာတော့ အဖြူဝတ်သူနာပြုမလေးရပ်နေတာကိုတွေ့လိုက်ပေမဲ့ သူ့အာရုံအရ ဒါကနာရာမဟုတ်ဘူးဆိုတာကို သေချာသိသည်။ ခုတင်ခြေရင်းမှာတော့ သူ့အမေက စိတ်လှုပ်ရှားသည့်မျက်နှာနှင့်ကြည့်နေသည်။ သူ့အမေ၏နောက်မှာတော့ အပြာဖျော့ဖျော့စကပ်လေးနှင့်ကောင်မလေးတစ်ယောက်။ မျက်နှာက အမေ့ပုခုံးနှင့်ကွယ်နေသဖြင့် အပြည့်အစုံမမြင်ရသော်လည်း တစ်စွန်းတစ်စတွေ့လိုက်ရသော မျက်ဝန်းလက်လက်ကလေးတွေက သဘောကျချင်စရာ။ ထိုမျက်ဝန်းထဲတွင်ပျော်ဝင်နေသော စိုးရိမ်မှုတစ်ချို့ကို ဖမ်းမိတော့ သူပိုပြီးသဘောကျသွားသည်။
“မြင်ရလား။ အခုကျွန်တော့်လက်ချောင်းတွေကိုမြင်ရလား။ ဘယ်လိုနေလဲ။”
“ကျွန်တော် မြင်ရပြီ။ အားလုံးမြင်ရပြီ။ ဒေါက်တာက လက်ငါးချောင်းထောင်ထားပြီးတော့။ အမေကလည်း ဒီမှာရပ်နေတယ်။ မှန်တယ်မလား။”
“အိုက်ဂူး ကျေးဇူးတင်ပါတယ်သားလေးရယ်။ ပြန်ကောင်းလာပေးလို့ကျေးဇူးတင်ပါတယ်”
သူ့အမေက စိတ်မထိန်းနိုင်စွာဘဲ သူ့ကိုပြေးဖက်လာသည်။ ဒေါက်တာတို့ကလည်း သူ့အခြေအနေကောင်းမှန်းသိသွားပြီဖြစ်တာကြောင့် ပြုံးနိုင်လာကြပြီဖြစ်သည်။ သူက သူ့အမေ၏ကျောပြင်လေးကိုဖွဖွသပ်ပေးကာ တစ်ဖက်ရှိ ကောင်မလေးကိုကြည့်လိုက်သည်။ ထိုကောင်မလေးက သူတို့သားအမိနှစ်ယောက်ကိုကြည့်ပြီး မျက်ရည်ဝဲနေသည်။ မျက်လုံးတွေက ဝမ်းနည်းသလိုဖြစ်နေပေမဲ့ နှုတ်ခမ်းတွေကတော့ပြုံးလျှက်ရှိသည်။
ကုတ်ဝဲဆံပင်လေးနှင့် ပါးဖောင်းဖောင်းတွေရှိသောကောင်မလေးသည် သူ၏နာရာဖြစ်သည်။ သူမ၏အပြုံးက သူ့ကိုချက်ချင်းဆိုသလို မျက်စိကျိန်းစေသည်။ သူမှန်းထားသလိုမျိုး ဒီကောင်မလေးက ချစ်စရာကောင်းလှသည်။ ဖက်တီးခန္တာကိုယ်လို့ သူတွေးခဲ့သည့်ခန္တာကိုယ်လေးက အရမ်းဝတာမျိုးလည်းမဟုတ်ဘဲ တစ်တစ်ကလေးနှင့် ကိုယ်လုံးကိုယ်ပေါက်လည်းပေါ်လွင်လှသည်။ အင်း။ သူ့စိတ်ကူးထဲမှာတွေးထားသည့်ပုံလေးထက်တောင် ပိုပြီးလှနေသေးသည်။
“အမေ အားလုံးအဆင်ပြေသွားပါပြီ။ စိတ်မပူနဲ့တော့နော်။”
“အွန်း ဒါနဲ့ဒေါက်တာ။ ကျွန်မတို့ ဘယ်တော့ဆေးရုံဆင်းလို့ရမှာလဲဟင်။”
“တစ်ပတ်လောက်တော့နေစေချင်ပါသေးတယ်ဗျ။ မျက်လုံးကအခုအထိခိုက်ခံဖို့မဖြစ်လို့ပါ။ အမြန်ကောင်းသွားဖို့ဆိုရင် ကြပ်ကြပ်မတ်မတ်လေးနေစေချင်တယ်။”
“ဟုတ်ကဲ့။ နားလည်ပါပြီ။”
မစ္စဂျာက ဒေါက်တာ့ကို ကျေးဇူးတင်စွာပဲ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ပြီးနောက် ဆေးရုံကောင်တာမှာ ခွဲစိတ်စားရိတ်ရှင်းဖို့အတွက် ထွက်ခွာသွားလေတော့သည်။
“နာရာလား။”
“ဟုတ်ကဲ့သူဌေးလေး။ တွေ့ရတာဝမ်းသာပါတယ်။”
သူ့ရှေ့ကကောင်မလေးက အခုမှစတွေ့ရသူတွေလို ဦးညွတ်ပြီးနှုတ်ဆက်သည်။
“အခုမှတွေ့တဲ့လူတွေကျနေတာပဲ။ ကိုယ့်ကိုမနောက်ပါနဲ့။”
“ကျွန်မက ဝမ်းသာနေလို့ပါ။ နောက်ဆုံးတော့ သူဌေးလေးမျက်လုံးမြင်ရပြီပဲ။”
“ဒါပေါ့။ ဒါနဲ့ ခဏခဏမပြုံးပါနဲ့။”
“ဟမ်”
နာရာ လန့်သွားသည်။ မဟုတ်မှ။ သူမ ပြုံးတာအရမ်းရုပ်ဆိုးနေလို့များလား။ သူဌေးလေး သူမ ကိုမြင်တော့ဘယ်လိုတွေးမိလဲ။ ပြီးတော့ သူမ ဒီနေ့လှရောလှနေရဲ့လား။ သူမကိုယ် သူမလည်းမသိတော့သလို ခေါင်းတစ်ခုလုံးရှုပ်ထွေးနေသည်။
“ကိုယ့်မျက်စိတွေကျိန်းကျိန်းသွားတယ်။ ခဏခဏသာဖြစ်နေရင် ကိုယ်နှလုံးရောဂါရော မျက်စိထိခိုက်တာပါဖြစ်ကုန်လိမ့်မယ်ထင်တယ်။”
ထယ်နမ်က အထက်ပါစကားတို့ကို ပြုံးပြုံးကလေးဖြင့်ပြောကာ ဘာမှမသိသူတစ်ဦးနှယ် စောင်ကိုဆွဲခြုံရင်း မျက်စိတွေကို ပိတ်ကာ သက်သက်သာသာနေလိုက်သည်။ မျက်လုံးပြူးမျက်ဆံပြူးလေးဖြင့်ကျန်ခဲ့သည့်နာရာ့မှာတော့ ဘာကိုပြန်ပြောရမယ်မှန်းမသိတော့။ ဒီစကားက သူဌေးလေး သူမကိုရွဲ့နေတာများလား။
…………………………………………………………………………………………………………………………………………..
A/N
အကြွေးကျေပြီဗျိုးးးးးးးးးးးး
ဟိုနေရာက ကိုယ့်ဟာကိုယ်သာဆက်တွေးကြ🌚
ဒိုးအသက်မပြည့်သေးဝူး
စကားမစပ် နောက်ဟာကိုဘာဖြစ်စေချင်လဲ
Zawgyi
“လာေဘဘီ ဒီမွာထိုင္လိုက္”
ဂၽြန္ဝူးက အခန္းထဲရိွတစ္ခုတည္းေသာကုလားထိုင္မွာ သူကိုယ္တိုင္ဝင္ထိုင္လိုက္ကာ အင္းထယ္ကိုေတာ့ သူ႔ေပါင္ေပၚမွာထိုင္ဖို႔ ေျပာလိုက္သည္။ အင္းထယ္က အခန္းထဲကိုတစ္ခ်က္ေဝ့ၾကၫ့္လိုက္သည္။ အျပင္ဘက္ကတိုက္ခန္းေဟာင္းပံုစံမ်ိဳးေပမဲ့ အထဲမွာေတာ့ထင္မထားရေလာက္ေအာင္သားနားပါသည္။ ရံုးခန္းက သိပ္ထိုင္ပံုမရတာေၾကာင့္ သားေရသား ထိုင္ခံုတစ္လံုးကလဲြရင္ က်န္တဲ့ထိုင္စရာသိပ္မရိွလွ။ စားပဲြေပၚမွာကေတာ့ စာရြက္စာတမ္းေတြနဲ႔ရႈပ္ပြေနသည္။ အခန္းကေတာက္ေျပာင္ေနသေလာက္ ဒီစာရြက္ပံုႀကီးကေတာ့ အရုပ္ဆိုးလွသည္။
သူကလိမ္လိမ္မာမာပဲ ဂၽြန္ဝူးေပါင္ေပၚသို႔ဂရုတစိုက္ထိုင္လိုက္သည္။ မ်က္လံုးေတြကေတာ့ ပတ္ပတ္လည္ကိုေဝ့ၾကၫ့္ေနဆဲ။
“ဒီေနရာကိုဘယ္လိုထင္လဲ။ သာမန္လို႔ေတာ့မထင္ေစခ်င္ဘူး။”
“ခင္ဗ်ားတို႔ဒီမွာမူးယစ္ေဆးေတြေရာင္းတာလား။”
ရံုးခန္းဟု ဂၽြန္ဝူးၫႊန္းဆိုေသာ ဤအခန္းေလးထဲသို႔မေရာက္မီ ေဟာခန္းႀကီးတစ္ခုကိုျဖတ္လာရေသးသည္။ ထိုခန္းမတြင္ မီးမိွန္မိွန္ေတြႏွင့္ လူအမ်ားထိုင္ေနၾကသည္။ လူတိုင္းလူတိုင္းသည္ သူ႔အာရံုႏွင့္သူျဖစ္ကာ အရက္ေရာင္းသၫ့္ ေကာင္တာေလးေတာင္ရိွေသးသည္။ တစ္ခ်က္ၾကၫ့္ရံုႏွင့္ ဘားအေသးစားေလးအလား ျပင္ဆင္ထားကာ မိန္းမေတြမရိွတာလဲြရင္ အကုန္သာယာေအာင္ဖန္တီးထားသည္။ သူ႔အျမင္အရ ဒီေနရာမ်ိဳးက မူးယစ္ေဆးေရာင္းတဲ့ေမွာင္ခိုေနရာမ်ိဳးဆိုတာေသခ်ာသည္။
“အိုး ေဘဘီေတာ္တယ္။”
ဂၽြန္ဝူးကသူ႔ေပါင္ေတြကိုပြတ္သပ္ရင္း ႃပံုးကာေျပာလာေပမဲ့ သူကေတာ့မႃပံုးႏိုင္ပါ။ သူ႔ခ်စ္သူ ဘတ္စ္ေပၚမွာလူသတ္ကတည္းက ဒီလိုဥပေဒနဲ႔မညီတာမ်ိဳးေတြအမ်ားႀကီးေတြ့ရၪီးမွာႀကိဳသိေနေပမဲ့ တကယ္ေတြ့ရေတာ့လည္း စိတ္ထဲသိပ္အဆင္မေျပ။ သူကအရင္ဘဝကတည္းက လူေကာင္းေလးမဟုတ္လား။ ႏိုင္ငံေတာ္ဥပေဒဆိုတာ သူတစ္လက္မေတာင္ခ်ိဳးေဖာက္ဖူးတာမဟုတ္ဘူးေလ။ အခုေတာ့ ဂိုဏ္းစတားေဘးေတာင္ေရာက္ေနရတဲ့အျဖစ္။
“ဒီေနရာက တကယ္ဆိုဘာမွမဟုတ္ဘူးေလ။ ကိုယ္တို႔မွာ ဒီလိုအခဲြေပါင္း သိန္းခ်ီရိွတယ္။ ဒါေပမဲ့ ဒီေနရာကေတာ့ ကိုယ္တို႔ဂိုဏ္းရဲ့စတင္ရာေပါ့။ အေဖကအရာအားလံုးကို ဒီကစခဲ့တာေလ။ ဒါေၾကာင့္မင္းကို ဒီကိုအရင္ေခၚလာတာ။ ကိုယ္တို႔ကမူးယစ္ေဆးေရာင္းတယ္။ လူသတ္တယ္။ေလာင္းကစားဝိုင္းေတြအမ်ားႀကီးေထာင္တယ္။ ေျမေအာက္ဂိုဏ္းဆိုမွေတာ့ မဟုတ္တာအကုန္လုပ္တယ္။ ဒါေပမဲ့ ေဘဘီမလုပ္ခ်င္ရင္မလုပ္လို႔ရတယ္။ ငရဲႀကီးရင္ကိုယ္ပဲႀကီးပါရေစ။ ေဘဘီ့ကိုအျပစ္မျဖစ္ေစခ်င္ဘူး။”
ဂၽြန္ဝူးစကားေတြေၾကာင့္ ေတြေဝေနသၫ့္သူမ်က္ဝန္းတို႔က ျပန္လည္တည္ၿငိမ္လာသည္။
“ဟင့္အင္း။ ကၽြန္ေတာ္ လုပ္မယ္။ ကၽြန္ေတာ္က ခင္ဗ်ားနဲ႔အတူ ကမ႓ာအဆံုးထိရည္ရြယ္ထားတာ။ ခင္ဗ်ားကငရဲသားႀကီးျဖစ္ေနၿပီး ကၽြန္ေတာ္က နတ္သားေလးျဖစ္ေနရင္ ဘယ္လိုလုပ္အဆင္ေျပမွာလဲ။ အေကာင္းအဆိုး အရာအားလံုးကို အတူျဖစ္ေစခ်င္တယ္။ ခင္ဗ်ား ဒါကိုစြန႔္လႊတ္ဖို႔ ကၽြန္ေတာ္ႀကိဳးစားမယ္။ မျဖစ္ႏိုင္ဘူးဆိုရင္လည္း ကၽြန္ေတာ္ပါ နစ္မြန္းလိုက္မယ္။ ခင္ဗ်ားသိလား။ အခ်စ္ကလူကိုရူးေစတယ္။ အေကာင္းအဆိုးေတြအားလံုးက အခ်စ္နဲ႔ေတြ့ရင္ ဘာမွမရိွေတာ့ဘူး။ အခု ခင္ဗ်ားေၾကာင့္ ကၽြန္ေတာ္ရူးသြားၿပီ။ ေသခ်ာမဆံုးျဖတ္ႏိုင္ေတာ့ဘူး။”
ဂၽြန္ဝူးက ႃပံုးကာ အင္းထယ္ရဲ့မ်က္ႏွာေလးကို သူ႔ဘက္သို႔ဆဲြယူလိုက္သည္။ ခ်စ္သည္ဟူေသာစကားကို အႀကိမ္ႀကိမ္ေျပာဖူးေပမဲ့ အခုထိရွက္ေနဆဲျဖစ္ေသာ ေကာင္ေလး၏မ်က္ႏွာက နီရဲေနသည္။ ဂၽြန္ဝူးက အင္းထယ္ရဲ့ႏႈတ္ခမ္းေတြကို ႏူးညံ့စြာနမ္းရိႈက္သည္။ တေျဖးေျဖးတိုးဝင္လာေသာလ်ွာက တစ္ဖက္ကေကာင္ေလး၏ႏႈတ္ခမ္းႏုႏုကေလးဆီသို႔ ထိုးေဖာက္ကာ အထဲရိွအရာအားလံုးကို စူးစမ္းေနသေယာင္။ လက္ႏွစ္စံု၏ေရြ့လ်ားျခင္းက ခႏၲာကိုယ္ႏွစ္ခုအားပူေလာင္လာေစသည္။
ဂၽြန္ဝူးက သူ႔အေပၚကုတ္အက်ႌကိုခၽြတ္လိုက္ကာ စားပဲြေပၚမွစာရြက္ေတြအားလံုးကို ဆဲြရမ္း၍ ေကာင္ေလးကိုခ်ီမ,ကာ စားပဲြေပၚသို႔တင္လိုက္သည္။ ထိုအဆင့္အထိ သူတို႔ႏွစ္ေယာက္၏ႏႈတ္ခမ္းေတြကဆက္စပ္ေနဆဲ။ ပူရိွန္းနံ႔ေလးသင္းသင္းေလးက အင္းထယ္ရဲ့နားေတြကို နီရဲလာေစသလို အင္းထယ္၏ကိုယ္လံုးေလးမွထြက္လာသၫ့္ ႏို႔နံ႔သင္းသင္းေလးေၾကာင့္လည္း ဂၽြန္ဝူး၏အနမ္းေတြက ပိုပိုၿပီးျပင္းထန္လာသည္။ ဒီအနမ္းက အင္းထယ္တစ္ကိုယ္လံုးကို သူ႔ပါးစပ္ထဲငံုထားေတာ့မၫ့္သေယာင္ျဖစ္ေနသည္။
ႏူးညံ့ျခင္းတို႔မွတဆင့္ တေျဖးေျဖးအရိုင္းဆန္လာကာ necktile ကိုဆဲြျဖဳတ္လိုက္သည္။ ခါးပတ္ကိုျဖဳတ္လိုက္ခ်ိန္တြင္ သူ႔ေရ႔ွကေကာင္ေလးက သူ႔ကိုအံ့အားသင့္သလိုေလး ေငးၾကၫ့္လာ၏။ အစားခံရေတာ့မၫ့္ ယုန္ေလးလိုမ်က္ႏွာထားေၾကာင့္ သူ႔စိတ္ေတြပိုလို႔ပင္ပူေလာင္လာေတာ့သည္။
‘အင္းထယ္ ကိုယ္ေတာ့ မင္းကိုခ်စ္လြန္းလို႔ရူးေနၿပီ။’
အနမ္းသည္ ႏႈတ္ခမ္းမွတဆင့္ေရြ့လ်ားလာကာ အင္းထယ္၏ေခ်ာမြတ္ေနေသာ လည္ပင္းဆီသို႔ၪီးတည္၏။ ျပင္းျပေသာအနမ္းမ်ားေၾကာင့္ လည္ပင္းသားတေလ်ွာက္ နီရဲေနေသာ ႏႈတ္ခမ္းရာမ်ားက မင္းမူေနလ်က္။
“ခဏ......ခဏေလးေနပါၪီး”
“အြန္းေျပာေလ။”
အင္းထယ္၏စကားကို ျပန္ေျဖလိုက္ေသာ္လည္း ဂၽြန္ဝူးလက္ေတြက တစ္စကၠန႔္မွရပ္တန႔္သြားျခင္းမရိွ။ တစ္ဖက္လူ၏ခႏၲာကိုယ္ေပၚသို႔အေလာတႀကီးပြတ္သပ္ေနသည္။
“ကေလး......ကေလးယူရေအာင္။”
ရုတ္တရက္ေျပာလိုက္သၫ့္ အင္းထယ္၏စကားကို ဂၽြန္ဝူးက နည္းနည္းေလးမွအံ့ဩဟန္မျပဘဲ သူ႔အလုပ္သူဆက္လုပ္ရင္းျပန္ေျဖသည္။
“ကိုယ္တို႔ႏွစ္နည္းနည္းၾကာမွယူရေအာင္။”
“အာ့.....အာ့ .......ဘာျဖစ္လို႔လဲ။ ျမန္ျမန္ယူလို႔မရဘူးလား။”
ဂၽြန္ဝူး၏ႏိွပ္စက္မႈေၾကာင့္ တစ္ကိုယ္လံုးနီရဲေနေသာ အင္းထယ္က အာရံုလႊဲလို႔ရလိုရျငား ဆက္ေျပာသည္။ ဒါေပမဲ့ တစ္ဖက္လူက သူ႔ခ်စ္သူပဲေလ။ ဒီလိုအာရံုလႊဲလို႔ရတယ္ဆိုတာ ေသခ်ာေပါက္မျဖစ္ႏိုင္ဘူးေပါ့။ ဂၽြန္ဝူးက အင္းထယ္၏ေပါင္အတြင္းသားေလးကို တစ္ခ်က္နမ္းရင္းျပန္ေျဖလိုက္သည္။
“ကိုယ့္မွာ ေဘဘီရိွရံုနဲ႔အဆင္ေျပတယ္။ အဲတာေတြကို ေနာက္မွေတြးရေအာင္။”
အင္းထယ္ ကေလးလိုခ်င္တာကလည္း အေၾကာင္းရိွပါသည္။ တကယ္ဆို သူတို႔ဘဝေတြအမ်ားႀကီးသာခ်စ္လာၾကတာ။ ကေလးေတာ့တစ္ခါမွမယူဖူးဘူးမလား။ သူမ်ားကေလးကို ခဏေခၚထိန္းတာကလဲြရင္ ကိုယ္ပိုင္မိသားစုေလးမရိွဖူးဘူးေလ။ ႏွစ္ေယာက္တစ္ကမ႓ာတည္ၿပီး ေနလာခဲ့တာခ်ည္းပဲ။ အဲတာေၾကာင့္ ဒီကမ႓ာမွာေတာ့ ကေလးေလးတစ္ေယာက္ရခ်င္မိသည္။ ဖခင္စိတ္ဓာတ္ဆိုတာမ်ိဳး သူလည္းခံစားၾကၫ့္ခ်င္သည္ေလ။
ဒါေပမဲ့ ေလာေလာဆယ္ေတာ့ ဂၽြန္ဝူးရဲ့လက္ေတြထဲမွာ သူ႔စိတ္ေတြဟာလည္း တေျဖးေျဖးေဝဝါးလာလ်က္........။
“အေရာင္ေအးတာေလးေတြပဲဝတ္ေပးၾကပါေနာ္။ မ်က္စိစူးမဲ့အေရာင္မ်ိဳးဆိုမျဖစ္လို႔ပါ” ဟူေသာ ေဒါက္တာ၏ေျပာစကားအရ သူမတို႔အကုန္လံုး အေရာင္ႏုႏုေလးေတြကိုသာ ေရြးခ်ယ္ဝတ္ဆင္ထားၾကသည္။ ေဆးရံုျပတင္းေပါက္ႀကီးကို လိုက္ကာေတြနဲ႔ကာထားတာေၾကာင့္ ေနေရာင္စူးမွာေတာ့မပူရေပ။ ေဒါက္တာက ထယ္နမ့္မ်က္လံုးေပၚက ပတ္တီးစေတြကို ေျဖးၫွင္းစြာခြာလိုက္သည္။ တစ္ရစ္ၿပီးတစ္ရစ္ခြာလိုက္တိုင္းမွာ မစၥဂ်ာႏွင့္ နာရာတို႔၏ ရင္ဘတ္ေတြက တဒိန္းဒိန္းခုန္လ်က္သား။
သူတို႔တင္မဟုတ္။ ခဲြစိတ္ဆရာဝန္ေတြႏွင့္ ေဆးရံုက သူနာျပဳေလးကလည္း ရလဒ္မည္သို႔ျဖစ္မည္ကို ရင္ခုန္ေနၾကသည္။ ကာယကံရွင္ျဖစ္ေသာ ထယ္နမ္ဆိုလ်ွင္ေျပာစရာေတာင္မလိုေတာ့။
ပတ္တီးခြာၿပီးသၫ့္ေနာက္ မ်က္လံုးေနရာကိုအုပ္ထားသၫ့္ ဂြမ္းစႀကီးႏွစ္ခုကိုေျဖးၫွင္းစြာဖယ္ရွားလိုက္သည္။ အခုဆိုမ်က္လံုးဖြင့္ဖို႔သာက်န္ေတာ့တာျဖစ္သည္။
“ဂ်ာထယ္နမ္ ေက်းဇူးျပဳ၍ ေျဖးေျဖးခ်င္းမ်က္လံုးကိုဖြင့္ေပးပါ။ ေျဖးေျဖးခ်င္းပါေနာ္။ အလင္းစူးရင္ ျပန္ပိတ္လို႔ရပါတယ္။ ေျဖးေျဖးခ်င္းဖြင့္ေပးပါ။”
ဆရာဝန္အတန္တန္မွာထားသၫ့္အတိုင္းပင္။ ထယ္နမ္ကမ်က္လံုးကိုေျဖးေျဖးခ်င္းဖြင့္လိုက္သည္။ မခံႏိုင္ေလာက္ေအာင္ စူးရွေနသၫ့္ အလင္းတစ္ခ်ိဳ႕ေၾကာင့္ မ်က္လံုးတို႔ကိုျပန္ပိတ္လိုက္သည္။ သူ႔အမူအရာေတြကို တစ္ခုခ်င္းလိုက္ၾကၫ့္ေနသၫ့္ ေဘးလူေတြမွာေတာ့ ရင္တမမျဖစ္လ်က္။
“ရရဲ့လား။ ဖြင့္လို႔မရဘူးလား။”
“မဟုတ္ပါဘူး။ နည္းနည္းစပ္သြားလို႔ပါ။ မျမင္ရတာၾကာၿပီဆိုေတာ့။”
ထယ္နမ့္စကားက အဖ်ားေလးမွာသိသာစြာတုန္ခါသြားသည္။ ေနာက္တစ္ႀကိမ္ႀကိဳးစားမႈႏွင့္အတူ မ်က္ဝန္းတို႔က ေျဖးၫွင္းစြာပြင့္လာသည္။ စူးရွရွအလင္းေရာင္တို႔၏ေနာက္မွာနာက်င္မႈကပ္ပါလာေသာ္လည္း သူ႔မ်က္ဝန္းေတြကို ျပန္မပိတ္မိေတာ့။ အလင္းေရာင္တို႔ေနာက္ဝယ္ ဂ်ူတီကုတ္ဝတ္ထားေသာ ဆရာဝန္ေလးတစ္ေယာက္ကို စၿပီးေတြ့ရသည္။ ေဝေဝဝါးဝါးစေတြ့ရတာျဖစ္ေသာ္ျငား တေျဖးေျဖးႏွင့္ပံုရိပ္ေတြကထင္ရွားလာသည္။
သူ႔ေဘးမွာေတာ့ အျဖဴဝတ္သူနာျပဳမေလးရပ္ေနတာကိုေတြ့လိုက္ေပမဲ့ သူ႔အာရံုအရ ဒါကနာရာမဟုတ္ဘူးဆိုတာကို ေသခ်ာသိသည္။ ခုတင္ေျခရင္းမွာေတာ့ သူ႔အေမက စိတ္လႈပ္ရွားသၫ့္မ်က္ႏွာႏွင့္ၾကၫ့္ေနသည္။ သူ႔အေမ၏ေနာက္မွာေတာ့ အျပာေဖ်ာ့ေဖ်ာ့စကပ္ေလးႏွင့္ေကာင္မေလးတစ္ေယာက္။ မ်က္ႏွာက အေမ့ပုခံုးႏွင့္ကြယ္ေနသျဖင့္ အျပၫ့္အစံုမျမင္ရေသာ္လည္း တစ္စြန္းတစ္စေတြ့လိုက္ရေသာ မ်က္ဝန္းလက္လက္ကေလးေတြက သေဘာက်ခ်င္စရာ။ ထိုမ်က္ဝန္းထဲတြင္ေပ်ာ္ဝင္ေနေသာ စိုးရိမ္မႈတစ္ခ်ိဳ႕ကို ဖမ္းမိေတာ့ သူပိုၿပီးသေဘာက်သြားသည္။
“ျမင္ရလား။ အခုကၽြန္ေတာ့္လက္ေခ်ာင္းေတြကိုျမင္ရလား။ ဘယ္လိုေနလဲ။”
“ကၽြန္ေတာ္ ျမင္ရၿပီ။ အားလံုးျမင္ရၿပီ။ ေဒါက္တာက လက္ငါးေခ်ာင္းေထာင္ထားၿပီးေတာ့။ အေမကလည္း ဒီမွာရပ္ေနတယ္။ မွန္တယ္မလား။”
“အိုက္ဂူး ေက်းဇူးတင္ပါတယ္သားေလးရယ္။ ျပန္ေကာင္းလာေပးလို႔ေက်းဇူးတင္ပါတယ္”
သူ႔အေမက စိတ္မထိန္းႏိုင္စြာဘဲ သူ႔ကိုေျပးဖက္လာသည္။ ေဒါက္တာတို႔ကလည္း သူ႔အေျခအေနေကာင္းမွန္းသိသြားၿပီျဖစ္တာေၾကာင့္ ႃပံုးႏိုင္လာၾကၿပီျဖစ္သည္။ သူက သူ႔အေမ၏ေက်ာျပင္ေလးကိုဖြဖြသပ္ေပးကာ တစ္ဖက္ရိွ ေကာင္မေလးကိုၾကၫ့္လိုက္သည္။ ထိုေကာင္မေလးက သူတို႔သားအမိႏွစ္ေယာက္ကိုၾကၫ့္ၿပီး မ်က္ရည္ဝဲေနသည္။ မ်က္လံုးေတြက ဝမ္းနည္းသလိုျဖစ္ေနေပမဲ့ ႏႈတ္ခမ္းေတြကေတာ့ႃပံုးလ်ွက္ရိွသည္။
ကုတ္ဝဲဆံပင္ေလးႏွင့္ ပါးေဖာင္းေဖာင္းေတြရိွေသာေကာင္မေလးသည္ သူ၏နာရာျဖစ္သည္။ သူမ၏အႃပံုးက သူ႔ကိုခ်က္ခ်င္းဆိုသလို မ်က္စိက်ိန္းေစသည္။ သူမွန္းထားသလိုမ်ိဳး ဒီေကာင္မေလးက ခ်စ္စရာေကာင္းလွသည္။ ဖက္တီးခႏၲာကိုယ္လို႔ သူေတြးခဲ့သၫ့္ခႏၲာကိုယ္ေလးက အရမ္းဝတာမ်ိဳးလည္းမဟုတ္ဘဲ တစ္တစ္ကေလးႏွင့္ ကိုယ္လံုးကိုယ္ေပါက္လည္းေပၚလြင္လွသည္။ အင္း။ သူ႔စိတ္ကူးထဲမွာေတြးထားသၫ့္ပံုေလးထက္ေတာင္ ပိုၿပီးလွေနေသးသည္။
“အေမ အားလံုးအဆင္ေျပသြားပါၿပီ။ စိတ္မပူနဲ႔ေတာ့ေနာ္။”
“အြန္း ဒါနဲ႔ေဒါက္တာ။ ကၽြန္မတို႔ ဘယ္ေတာ့ေဆးရံုဆင္းလို႔ရမွာလဲဟင္။”
“တစ္ပတ္ေလာက္ေတာ့ေနေစခ်င္ပါေသးတယ္ဗ်။ မ်က္လံုးကအခုအထိခိုက္ခံဖို႔မျဖစ္လို႔ပါ။ အျမန္ေကာင္းသြားဖို႔ဆိုရင္ ၾကပ္ၾကပ္မတ္မတ္ေလးေနေစခ်င္တယ္။”
“ဟုတ္ကဲ့။ နားလည္ပါၿပီ။”
မစၥဂ်ာက ေဒါက္တာ့ကို ေက်းဇူးတင္စြာပဲ လက္ဆဲြႏႈတ္ဆက္လိုက္သည္။ ၿပီးေနာက္ ေဆးရံုေကာင္တာမွာ ခဲြစိတ္စားရိတ္ရွင္းဖို႔အတြက္ ထြက္ခြာသြားေလေတာ့သည္။
“နာရာလား။”
“ဟုတ္ကဲ့သူေဌးေလး။ ေတြ့ရတာဝမ္းသာပါတယ္။”
သူ႔ေရ႔ွကေကာင္မေလးက အခုမွစေတြ့ရသူေတြလို ၪီးၫြတ္ၿပီးႏႈတ္ဆက္သည္။
“အခုမွေတြ့တဲ့လူေတြက်ေနတာပဲ။ ကိုယ့္ကိုမေနာက္ပါနဲ႔။”
“ကၽြန္မက ဝမ္းသာေနလို႔ပါ။ ေနာက္ဆံုးေတာ့ သူေဌးေလးမ်က္လံုးျမင္ရၿပီပဲ။”
“ဒါေပါ့။ ဒါနဲ႔ ခဏခဏမႃပံုးပါနဲ႔။”
“ဟမ္”
နာရာ လန႔္သြားသည္။ မဟုတ္မွ။ သူမ ႃပံုးတာအရမ္းရုပ္ဆိုးေနလို႔မ်ားလား။ သူေဌးေလး သူမ ကိုျမင္ေတာ့ဘယ္လိုေတြးမိလဲ။ ၿပီးေတာ့ သူမ ဒီေန့လွေရာလွေနရဲ့လား။ သူမကိုယ္ သူမလည္းမသိေတာ့သလို ေခါင္းတစ္ခုလံုးရႈပ္ေထြးေနသည္။
“ကိုယ့္မ်က္စိေတြက်ိန္းက်ိန္းသြားတယ္။ ခဏခဏသာျဖစ္ေနရင္ ကိုယ္ႏွလံုးေရာဂါေရာ မ်က္စိထိခိုက္တာပါျဖစ္ကုန္လိမ့္မယ္ထင္တယ္။”
ထယ္နမ္က အထက္ပါစကားတို႔ကို ႃပံုးႃပံုးကေလးျဖင့္ေျပာကာ ဘာမွမသိသူတစ္ၪီးႏွယ္ ေစာင္ကိုဆဲြႃခံုရင္း မ်က္စိေတြကို ပိတ္ကာ သက္သက္သာသာေနလိုက္သည္။ မ်က္လံုးျပဴးမ်က္ဆံျပဴးေလးျဖင့္က်န္ခဲ့သၫ့္နာရာ့မွာေတာ့ ဘာကိုျပန္ေျပာရမယ္မွန္းမသိေတာ့။ ဒီစကားက သူေဌးေလး သူမကိုရဲြ႔ေနတာမ်ားလား။
…………………………………………………………………………………………………………………………………………..
A/N
အႂကြေးေက်ၿပီဗ်ိဳးးးးးးးးးးးး
ဟိုေနရာက ကိုယ့္ဟာကိုယ္သာဆက္ေတြးၾက🌚
ဒိုးအသက္မျပည့္ေသးဝူး
စကားမစပ္ ေနာက္ဟာကိုဘာျဖစ္ေစခ်င္လဲ