Uni
“ရက်နည်းနည်းနေရင်ပတ်တီးဖြည်လို့ရပါပြီ။ အဲဒီထိပဲဒုက္ခခံလိုက်ပါဦး။ အားလုံးအဆင်ပြေသွားမှာပါ။”
“ခွဲစိတ်မှုက အကုန်လုံးအဆင်ပြေတယ်မို့လား ဒေါက်တာ။”
“ဟုတ်ကဲ့။ အဲ့လိုပါပဲ။ မြင်မမြင်ကတော့ ပတ်တီးဖြည်ပြီးမှပဲသိရမှာပါ။ မြင်ဖို့ကများပေမဲ့ အပိုင်ကြီးတော့တွက်မထားပါနဲ့။”
“အာ......အဲ့လို့လား။”
မစ္စဂျာက တုန်လှုပ်သွားသည့်မျက်နှာအမူအရာဖြစ်သွားကာ သူမရှေ့ရှိ သတိလစ်နေသေးသော သားဖြစ်သူကိုကြည့်လိုက်သည်။ သက်ပြင်းချသံနှင့်အတူ စကားလုံးတစ်ချို့ကကပ်ပါလာသည်။
“သား ပြန်မြင်ရမှာပါ။”
.......................................................................................................................................................................................................................
“တကယ်လား။ ဆုံးဖြတ်ချက်ချပြီးပြီလား။”
ဂျွန်ဝူး၏အမေးကို အင်းထယ်က အသေအချာခေါင်းညိမ့်သည်။
“ကျွန်တော်ခင်ဗျားရဲ့အတွင်းရေးမှူးပဲလုပ်တော့မယ်။ ဒါမှပိုအဆင်ပြေမှာ။”
“မဟုတ်သေးပါဘူး။ ကိုယ်က မင်းကိုမင်းဝါသနာပါရာတစ်ခုခုလုပ်စေချင်ခဲ့တာ။”
“ကျွန်တော့်ဝါသနာမှာ စီးပွားရေးလည်းပါတယ်လေ။”
“ဟုတ်လား။ ကိုယ်သိရသလောက်တော့ မင်းကစီးပွားရေးကို ဝါသနာမပါဘူးလို့သိထားတာ။”
အင်းထယ်ကလှို့ဝှက်စွာပြုံးလိုက်သည်။ စီးပွားရေးဝါသနာမပါတာ မူလလူလေ။ သူမှမဟုတ်တာ။ သူကတော့ အောင်မြင်တဲ့သရုပ်ဆောင်လုပ်ရင်းနဲ့ကို ထုတ်ကုန်တွေအများကြီးကို ဦးစီးခဲ့တဲ့လူပဲလေ။ ဝါသနာမပါ၊ မကျွမ်းကျင်ဘဲ အဲဒီထုတ်ကုန်တွေဟာ အရမ်းကျော်ကြားခဲ့ပါ့မလား။
“ခင်ဗျားက ကျွန်တော်ကိုယ်တိုင်ထက် ဘယ်သူပြောတာကိုပိုပြီးယုံလဲ။”
“သေချာပေါက်မင်းပြောတာကိုပဲ ကိုယ်ယုံပါတယ်ကွာ။ ချစ်လိုက်တာ။”
ဂျွန်ဝူးက အင်းထယ်၏ခန္တာကိုယ်လေးကို သူ့ရင်ခွင်ကျယ်ကြီးထဲဆွဲသွင်းလိုက်သည်။ တကယ်ဖြစ်လာမဲ့ စိတ်ကူးယဥ်မှုတစ်ချို့ကြောင့် သူ့မျက်နှာပြုံးဖြီးနေသည်ကို ရင်ခွင်ထဲကကောင်လေးတော့ မသိနိုင်လောက်ပါ။ ရုံးခန်းထဲက စားပွဲပေါ်မှာသာ တစ်ခုခုလုပ်ဖို့အခွင့်အရေးရခဲ့ရင်........။ ဂျွန်ဝူးမျက်နှာက ပိုပိုပြီးပြုံးလာသည်။ အပင်နောက်တွေမှာကွယ်၍ ခေါင်းဆောင်နှစ်ယောက်ကို စောင့်ရှောက်ပေးနေသည့် အနက်ရောင်ဝတ်လူတွေက မှန်ဘီလူးတစ်ခုကို တစ်ယောက်တစ်လှည့် ကမ်းပေးကာ မြင်ကွင်းကို အသေအချာကြည့်ရှုပြီး ခေါင်းရမ်းလိုက်သည်။
“မင်းတို့မြင်လိုက်လား။ မဖြစ်နိုင်စရာကြီးနော်။”
“အေးကွာ။ ခေါင်းဆောင်အနားမှာငါတို့နေလာတာ ခေါင်းဆောင်ရဲ့အသက်တမျှပဲ။ ငါးကြော်စားရတော့မဲ့ ကြောင်လိုမျိုးပြုံးဖြီးနေတာ ငါတွေ့ဖူးတာနှစ်ခါပဲရှိသေးတယ်။ လက်ထပ်ပွဲပြီးခါနီးရယ်။ အခုရယ်ပဲ။”
“မင်းတို့ဘယ်လိုထင်လဲ။ ခေါင်းဆောင်က ကြင်ရာကို ဒီနေရာမှာစားလောက်လား။”
“မဖြစ်နိုင်ဘူးကွ။ ကိုယ့်ခြံထဲပေမဲ့ ခေါင်းဆောင်က ငါတို့ရှိနေတာကို သိနေတာပဲဟာ။ သူကသူ့ကြင်ရာရဲ့မမြင်အပ်တဲ့နေရာတွေကို တစ်လက်မမှ သူများတွေမြင်တာမကြိုက်ဘူးတဲ့။”
“အေးလေ။ ထားတော့ ငါတို့အရမ်းအတင်းတုပ်နေမိသလိုပဲ။”
“အေး။ဟုတ်တယ်။ ခေါင်းဆောင်ပြုံးတာမြင်ပြီး ငါတို့လည်း ဦးဏှောက်အဆံချောင်သွားတယ်။”
“ကဲကဲ စကားများတာရပ်ပြီး ကိုယ့်နေရာကိုယ်ပြန်ခွဲကြ။”
“ဟုတ်”
ခပ်တိုးတိုး ပွစိပွစိလေသံတွေက ပြန်လည်တိတ်ဆိတ်သွားကာ သစ်ရွက်လှုပ်သံလေးတွေကိုသာ ကြားနေရတော့သည်။
ဂျွန်ဝူးက နားပါးသူဖြစ်သည့်အလျောက် သူ့တပည့်တွေလေသံကိုကြားခဲ့ပေမဲ့ သူတို့၏တည်ရှိမှုကို ထုတ်ဖော်ဖို့ဆန္ဒမရှိတာကြောင့် မသိချင်ယောင်သာ ဆောင်နေလိုက်သည်။
“ကိုယ်တို့ဘယ်တော့ ကိုယ့်စံအိမ်ကိုပြန်နိုင်မှာလဲ။ အမေ့အိမ်သွားလိုက် အဖေ့အိမ်သွားလိုက်နဲ့။”
“ကျွန်တော့်မိထွေးလာမှပြန်ကြမယ်။ အဖေ့ကိုတစ်ယောက်တည်းထားလို့မဖြစ်ဘူး။ အရေးကြီးအလုပ်မရှိတာသေချာလား။”
“မရှိပါဘူး။ သေချာပေါက်မရှိဘူး။”
ဒါပေါ့။ ဒီလိုမရှိနေဖို့ကိုလည်း သူ့အတွင်းရေးမှူးကိုစတေးပြီး ဟိုလဒကောင်ကို တာဝန်လွှဲခဲ့ရတာလေ။ ကြီးကြီးမားမားမှန်သမျှ အဲ့ကောင်ပဲစုပြုံတာဝန်ယူမှာပေါ့။ အသေးအဖွဲ့တွေအတွက်ကတော့ သူ့တပည့်တွေက စိတ်ချရပြီးသားလေ။
“ညီလေးကို ဆေးရုံသွားကြည့်ချင်သေးလား။”
“ဟင့်အင်း။ ကျွန်တော်သိတယ်။ သူပြန်ကောင်းမှာပါ။”
အင်းထယ်က နာရီကို မြှောက်ကြည့်ကာ ခွဲစိတ်တာပြီး,မပြီး တွက်ဆလိုက်သည်။ သူသိသလောက်တော့ ဒီအချိန်မှာ သူ့မိထွေးအိမ်ပြန်လမ်းပေါ်ရောက်နေလောက်ပြီ။ တစ်ခါလောက် သူ့ခင်ပွန်းရဲ့ အင်အားကိုပြကြည့်တာပေါ့။ အဲ့ပွစိပွစိပါးစပ်ကြီးက ဘယ်လိုနေမလဲဆိုတာသိချင်လိုက်တာ။
သူတွက်သည့်အချိန်က အနည်းငယ်ပင်နောက်ကျသွားသေးသည်။ မစ္စဂျာသည် သူခန့်မှန်းထားတာထက်စောစီးစွာ အိမ်သို့ပြန်ရောက်လာသည်။ အိမ်ရှေ့သို့ကားရပ်ရပ်ချင်း သူမ မျက်လုံးတွေပြူးသွားသည်။ နေပါဦး။ ဘာဖြစ်လို့ အစောင့်တွေက ဒီလောက်များနေရတာလဲ။ နိုင်ငံတော်အကြီးအကဲတစ်ယောက်ယောက်များ အိမ်ကိုလာနေသလားမှတ်ရသည်။ ကားအနက်တွေတန်းစီနေသလို ပေါ်ပေါ်ထင်ထင်စောင့်ရှောက်နေသည့် လူများကလည်း အစီအရီ။
အိမ်ထဲသို့ဝင်သွားတော့လည်း သူမကို ဟန့်တားခြင်းမရှိတာကလွဲ၍ ကြောက်ဖို့ကောင်းသည့်အသွင်အပြင်တွေနှင့် သက်တော်စောင့်တွေက အများကြီး။
“ပြန်ရောက်ပြီလား။ အဲတာဆို ကျွန်တော် သွားတော့မယ်။ အဖေ့ကိုသေချာဂရုစိုက်ပေးပါ။”
အင်းထယ်က မျက်လုံးတွေကျွတ်ထွက်မတတ်ပြူးနေသော မိထွေးဖြစ်သူကို ကျော်ဖြတ်ကာ ဂျွန်ဝူးလက်ကိုတွဲ၍ ကားဆီသို့အေးအေးလူလူထွက်သွားသည်။ သူတို့နှစ်ယောက်ထွက်သွားသည့်နောက်မှာတော့ သက်တော်စောင့်များစွာက ပေါ်ပေါ်ထင်ထင်တစ်မျိုး၊ ပုန်းရှိုးကွယ်ရှိုးဖြင့်တစ်ဖုံ အိမ်အတွင်းမှ လိုက်လံထွက်ခွာသွားတော့သည်။ မစ္စဂျာက ထိုမြင်ကွင်းကိုမြင်ပြီးစွံ့အနေသည်။ အင်းထယ်ဘေးကတစ်ယောက်က အင်းထယ်ရဲ့အမျိုးသားဆိုတာ သူမှတ်မိပါသည်။ ခုနက ပုံစံအရတော့ သာမန်စီးပွားရေးသမား ဘယ်နည်းနဲ့မှမဖြစ်နိုင်။ ဂိုဏ်းတစ်ခုခုကဖြစ်ပုံရသည်။ ဒါကြောင့်မို့ ဒီကောင်လေး သူမကို ကြုံးဝါးသွားတာမဟုတ်လား။
လန့်သွားသည့်အတွက် ရေနှစ်ခွက်လောက်ဆင့်သောက်ကာ အင်းထယ်ရဲ့အမျိုးသားအကြောင်းကို အကုန်သိရဖို့ သူမယောကျ်ားဆီသို့ အပြေးသွားတော့သည်။
“နိုးပြီလား သူဌေးလေး။”
ကြည်လင်လင်အသံလေးက နားထဲဝင်လာသည်။ ဒီအသံအရ နာရာ့အသံဆိုတာသူသိပါသည်။ တစ်ခြားအသံတွေမကြားရပုံအရ သူ့အနားမှာ နာရာတစ်ယောက်တည်းရှိပုံရသည်။ အမေရော ပြန်သွားပြီလား။
“အမေရော ဘယ်မှာလဲ။”
“သူဌေးကတော်က သူဌေးလေးနိုးလာမှာကိုစောင့်နေသေးတယ်။ ဒါပေမဲ့ သူဌေးကြီးကိုလည်း စိတ်ပူနေလို့ အိမ်ခဏပြန်သွားတာပါ။ ခဏနေပြန်လာမယ်လို့ပြောတယ်။”
“မဟုတ်ပါဘူး။ အမေ အလကားသပ်သပ်စိတ်ပူနေမှာမလိုလားလို့။ ဒေါက်တာက ဘာပြောလဲ။”
“အားလုံးအဆင်ပြေပါတယ်တဲ့။”
“ကောင်းတယ်။”
“သူဌေးလေး ခေါင်းထဲမှာ ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား။”
“နည်းနည်းရီဝေဝေဖြစ်ပေမဲ့ အဆင်ပြေပါတယ်။”
“မေ့ဆေးအရှိန်နည်းနည်းကျန်သေးတာထင်တယ်။ ခဏနေရင်ကောင်းသွားမှာပါ။ တစ်ခြား ဘာခံစားရသေးလဲ။”
“ဟင့်အင်း။ ငါအဆင်ပြေပါတယ်။”
“စားချင်တာတစ်ခုခုရှိရင်ပြောပါ။ စားလို့ရတာဆိုရင် အားလုံးလုပ်ပေးပါ့မယ်။”
“နာရာ”
“ဟုတ်ကဲ့။”
ခုံကိုဆွဲယူလိုက်သံကြားရတာကြောင့် နာရာက သူ့ကုတင်ဘေးမှခုံပေါ်မှာရှိနေမည်ဟု ခန့်မှန်းမိသည်။
“နှလုံးခုန်နှုန်း သာမန်ထက်ပိုမြန်တဲ့လူတွေရှိလား။ မွေးကတည်းက အဲ့လိုဖြစ်နေတာမျိုး။”
“ရှင်?”
“ရှိလားလို့။”
“အာ...အဲဒါက...တစ်ခုခုကြောင့် လန့်တာကြောက်တာမှာပဲ အဲ့လိုကိစ္စမျိုးရှိပေမဲ့ မွေးကတည်းက နှလုံးခုန်သံမြန်တာမျိုးကျတော့......ကျွန်မသိရသလောက်ကတော့ မရှိပါဘူး။”
“ငါအဲ့လိုလူပဲ။ မွေးကတည်းက။”
“ဖြစ်နိုင်ပါ့မလား။”
“စမ်းကြည့်လေ။”
“နားကြပ်က ဒေါက်တာ့ဆီက သွားယူရမှာ။”
“ဒီတိုင်းနားထောင်ကြည့်လည်းရတာပဲ။ လာ”
မမြင်ရတဲ့လူက လက်ကိုလှမ်းဆွဲတော့လည်း တန်းခနဲဖြစ်သည်။ မရဲတရဲဖြစ်နေသော ကောင်မလေးက ရင်ဘတ်နားကပ်ကာ နှလုံးခုန်သံကိုနားထောင်နေသည်။ ရင်ဘတ်နဲ့ခေါင်းမထိသေးတာမို့ သိပ်မကြားရပေမဲ့ သူမရှေ့ဆက်မတိုးရဲ။ ကိုယ်ကိုပြန်မတ်ဖို့လုပ်လိုက်ပေမဲ့ ခေါင်းကိုရင်ဘတ်နှင့်ဆွဲကပ်လိုက်သည့် ထယ်နမ်ကြောင့် သူမ မျက်နှာရဲခနဲဖြစ်သွားသည်။
နှလုံးခုန်သံသည် သူမ နားထဲသို့ စီးချက်ကျကျဝင်လာသည်။ သူဌေးလေးပြောသလို မွေးကတည်းက မြန်တာဟုတ်မဟုတ် မသိပေမဲ့ အခုနားထောင်ရသလောက်တော့ နှလုံးခုန်သံတွေ သိသာစွာမြန်နေပါသည်။ ဘယ်လောက်တောင်အာရုံစိုက်မိနေလဲဆို နားကသွေးကြောလေးတွေ၏ အသံကိုပါ ပြန်ကြားနေရသည့်အဖြစ်။ သူဌေးလေးရင်ဘတ်က တက်လာသည့်နွေးထွေးမှုသည် သူမကို အိပ်ပျော်သွားစေလောက်အောင် သက်သောင့်သက်သာဖြစ်စေသည်။ အနီးကပ်မြင်နေရသည့် သူဌေးလေး၏မျက်နှာကြောင့် သူမ ရူးသွားလောက်ပါသည်။ မျက်လုံးတွေကို မမြင်ရတာတောင်မှပေါ့။
သူမ ထရပ်လိုက်သည့်အခါမှာတော့ သူဌေးလေးဆီမှာ ဘာလှုပ်ရှားမှုမှရှိမနေတော့။ စိတ်ပင်ပန်းနေပုံရသည့်သူဌေးလေးသည် အိပ်ပျော်သွားပုံရပါသည်။ သူမကတော့ ညရောက်ရင်တောင် အိပ်ပျော်မဲ့အရိပ်အယောင်မမြင်တော့။
အရှေ့မှာရှိနေသည့် လူကိုမျက်စောင်းထိုးမိသည်။
‘ဒီလိုအမူအရာတွေနဲ့ သူဌေးလေးက ဘာဖြစ်ချင်နေတာလဲ။’
...............................................................................................................................................................................................................
A/N
လိုက်လည်းလိုက်ကြတယ်။ သတိရရချင်းခွင်ဖန်တဲ့လူနဲ့ လက်နဲ့လည်းစမ်းလို့ရတာကို ခေါင်းလေးသွားကပ်တဲ့လူနဲ့။ အတွင်းရေးမှူးလုပ်ခိုင်းပြီး အလုပ်ခန်းထဲမှာ စားဖို့စဥ်းစားနေတဲ့လူနဲ့ ယောကျ်ားအင်အားကိုဗန်းပြပြီး မိထွေးကိုဖြဲတဲ့လူနဲ့။ ဟုတ်နေတာပဲ။
Zawgyi
“ရက္နည္းနည္းေနရင္ပတ္တီးျဖည္လို႔ရပါၿပီ။ အဲဒီထိပဲဒုကၡခံလိုက္ပါၪီး။ အားလံုးအဆင္ေျပသြားမွာပါ။”
“ခဲြစိတ္မႈက အကုန္လံုးအဆင္ေျပတယ္မို႔လား ေဒါက္တာ။”
“ဟုတ္ကဲ့။ အဲ့လိုပါပဲ။ ျမင္မျမင္ကေတာ့ ပတ္တီးျဖည္ၿပီးမွပဲသိရမွာပါ။ ျမင္ဖို႔ကမ်ားေပမဲ့ အပိုင္ႀကီးေတာ့တြက္မထားပါနဲ႔။”
“အာ......အဲ့လို႔လား။”
မစၥဂ်ာက တုန္လႈပ္သြားသၫ့္မ်က္ႏွာအမူအရာျဖစ္သြားကာ သူမေရ႔ွရိွ သတိလစ္ေနေသးေသာ သားျဖစ္သူကိုၾကၫ့္လိုက္သည္။ သက္ျပင္းခ်သံႏွင့္အတူ စကားလံုးတစ္ခ်ိဳ႕ကကပ္ပါလာသည္။
“သား ျပန္ျမင္ရမွာပါ။”
.......................................................................................................................................................................................................................
“တကယ္လား။ ဆံုးျဖတ္ခ်က္ခ်ၿပီးၿပီလား။”
ဂၽြန္ဝူး၏အေမးကို အင္းထယ္က အေသအခ်ာေခါင္းညိမ့္သည္။
“ကၽြန္ေတာ္ခင္ဗ်ားရဲ့အတြင္းေရးမွဴးပဲလုပ္ေတာ့မယ္။ ဒါမွပိုအဆင္ေျပမွာ။”
“မဟုတ္ေသးပါဘူး။ ကိုယ္က မင္းကိုမင္းဝါသနာပါရာတစ္ခုခုလုပ္ေစခ်င္ခဲ့တာ။”
“ကၽြန္ေတာ့္ဝါသနာမွာ စီးပြားေရးလည္းပါတယ္ေလ။”
“ဟုတ္လား။ ကိုယ္သိရသေလာက္ေတာ့ မင္းကစီးပြားေရးကို ဝါသနာမပါဘူးလို႔သိထားတာ။”
အင္းထယ္ကလိႈ႔ဝွက္စြာႃပံုးလိုက္သည္။ စီးပြားေရးဝါသနာမပါတာ မူလလူေလ။ သူမွမဟုတ္တာ။ သူကေတာ့ ေအာင္ျမင္တဲ့သရုပ္ေဆာင္လုပ္ရင္းနဲ႔ကို ထုတ္ကုန္ေတြအမ်ားႀကီးကို ၪီးစီးခဲ့တဲ့လူပဲေလ။ ဝါသနာမပါ၊ မကၽြမ္းက်င္ဘဲ အဲဒီထုတ္ကုန္ေတြဟာ အရမ္းေက်ာ္ၾကားခဲ့ပါ့မလား။
“ခင္ဗ်ားက ကၽြန္ေတာ္ကိုယ္တိုင္ထက္ ဘယ္သူေျပာတာကိုပိုၿပီးယံုလဲ။”
“ေသခ်ာေပါက္မင္းေျပာတာကိုပဲ ကိုယ္ယံုပါတယ္ကြာ။ ခ်စ္လိုက္တာ။”
ဂၽြန္ဝူးက အင္းထယ္၏ခႏၲာကိုယ္ေလးကို သူ႔ရင္ခြင္က်ယ္ႀကီးထဲဆဲြသြင္းလိုက္သည္။ တကယ္ျဖစ္လာမဲ့ စိတ္ကူးယဥ္မႈတစ္ခ်ိဳ႕ေၾကာင့္ သူ႔မ်က္ႏွာႃပံုးၿဖီးေနသည္ကို ရင္ခြင္ထဲကေကာင္ေလးေတာ့ မသိႏိုင္ေလာက္ပါ။ ရံုးခန္းထဲက စားပဲြေပၚမွာသာ တစ္ခုခုလုပ္ဖို႔အခြင့္အေရးရခဲ့ရင္........။ ဂၽြန္ဝူးမ်က္ႏွာက ပိုပိုၿပီးႃပံုးလာသည္။ အပင္ေနာက္ေတြမွာကြယ္၍ ေခါင္းေဆာင္ႏွစ္ေယာက္ကို ေစာင့္ေရွာက္ေပးေနသၫ့္ အနက္ေရာင္ဝတ္လူေတြက မွန္ဘီလူးတစ္ခုကို တစ္ေယာက္တစ္လွၫ့္ ကမ္းေပးကာ ျမင္ကြင္းကို အေသအခ်ာၾကၫ့္ရႈၿပီး ေခါင္းရမ္းလိုက္သည္။
“မင္းတို႔ျမင္လိုက္လား။ မျဖစ္ႏိုင္စရာႀကီးေနာ္။”
“ေအးကြာ။ ေခါင္းေဆာင္အနားမွာငါတို႔ေနလာတာ ေခါင္းေဆာင္ရဲ့အသက္တမ်ွပဲ။ ငါးေၾကာ္စားရေတာ့မဲ့ ေၾကာင္လိုမ်ိဳးႃပံုးၿဖီးေနတာ ငါေတြ့ဖူးတာႏွစ္ခါပဲရိွေသးတယ္။ လက္ထပ္ပဲြၿပီးခါနီးရယ္။ အခုရယ္ပဲ။”
“မင္းတို႔ဘယ္လိုထင္လဲ။ ေခါင္းေဆာင္က ၾကင္ရာကို ဒီေနရာမွာစားေလာက္လား။”
“မျဖစ္ႏိုင္ဘူးကြ။ ကိုယ့္ၿခံထဲေပမဲ့ ေခါင္းေဆာင္က ငါတို႔ရိွေနတာကို သိေနတာပဲဟာ။ သူကသူ႔ၾကင္ရာရဲ့မျမင္အပ္တဲ့ေနရာေတြကို တစ္လက္မမွ သူမ်ားေတျြမင္တာမႀကိဳက္ဘူးတဲ့။”
“ေအးေလ။ ထားေတာ့ ငါတို႔အရမ္းအတင္းတုပ္ေနမိသလိုပဲ။”
“ေအး။ဟုတ္တယ္။ ေခါင္းေဆာင္ႃပံုးတာျမင္ၿပီး ငါတို႔လည္း ၪီးေဏွာက္အဆံေခ်ာင္သြားတယ္။”
“ကဲကဲ စကားမ်ားတာရပ္ၿပီး ကိုယ့္ေနရာကိုယ္ျပန္ခဲြၾက။”
“ဟုတ္”
ခပ္တိုးတိုး ပြစိပြစိေလသံေတြက ျပန္လည္တိတ္ဆိတ္သြားကာ သစ္ရြက္လႈပ္သံေလးေတြကိုသာ ၾကားေနရေတာ့သည္။
ဂၽြန္ဝူးက နားပါးသူျဖစ္သၫ့္အေလ်ာက္ သူ႔တပၫ့္ေတြေလသံကိုၾကားခဲ့ေပမဲ့ သူတို႔၏တည္ရိွမႈကို ထုတ္ေဖာ္ဖို႔ဆႏၵမရိွတာေၾကာင့္ မသိခ်င္ေယာင္သာ ေဆာင္ေနလိုက္သည္။
“ကိုယ္တို႔ဘယ္ေတာ့ ကိုယ့္စံအိမ္ကိုျပန္ႏိုင္မွာလဲ။ အေမ့အိမ္သြားလိုက္ အေဖ့အိမ္သြားလိုက္နဲ႔။”
“ကၽြန္ေတာ့္မိေထြးလာမျွပန္ၾကမယ္။ အေဖ့ကိုတစ္ေယာက္တည္းထားလို႔မျဖစ္ဘူး။ အေရးႀကီးအလုပ္မရိွတာေသခ်ာလား။”
“မရိွပါဘူး။ ေသခ်ာေပါက္မရိွဘူး။”
ဒါေပါ့။ ဒီလိုမရိွေနဖို႔ကိုလည္း သူ႔အတြင္းေရးမွဴးကိုစေတးၿပီး ဟိုလဒေကာင္ကို တာဝန္လႊဲခဲ့ရတာေလ။ ႀကီးႀကီးမားမားမွန္သမ်ွ အဲ့ေကာင္ပဲစုႃပံုတာဝန္ယူမွာေပါ့။ အေသးအဖဲြ႔ေတြအတြက္ကေတာ့ သူ႔တပၫ့္ေတြက စိတ္ခ်ရၿပီးသားေလ။
“ညီေလးကို ေဆးရံုသြားၾကၫ့္ခ်င္ေသးလား။”
“ဟင့္အင္း။ ကၽြန္ေတာ္သိတယ္။ သူျပန္ေကာင္းမွာပါ။”
အင္းထယ္က နာရီကို ၿမွောက္ၾကၫ့္ကာ ခဲြစိတ္တာၿပီး,မၿပီး တြက္ဆလိုက္သည္။ သူသိသေလာက္ေတာ့ ဒီအခ်ိန္မွာ သူ႔မိေထြးအိမ္ျပန္လမ္းေပၚေရာက္ေနေလာက္ၿပီ။ တစ္ခါေလာက္ သူ႔ခင္ပြန္းရဲ့ အင္အားကိုျပၾကၫ့္တာေပါ့။ အဲ့ပြစိပြစိပါးစပ္ႀကီးက ဘယ္လိုေနမလဲဆိုတာသိခ်င္လိုက္တာ။
သူတြက္သၫ့္အခ်ိန္က အနည္းငယ္ပင္ေနာက္က်သြားေသးသည္။ မစၥဂ်ာသည္ သူခန႔္မွန္းထားတာထက္ေစာစီးစြာ အိမ္သို႔ျပန္ေရာက္လာသည္။ အိမ္ေရ႔ွသို႔ကားရပ္ရပ္ခ်င္း သူမ မ်က္လံုးေတျြပဴးသြားသည္။ ေနပါၪီး။ ဘာျဖစ္လို႔ အေစာင့္ေတြက ဒီေလာက္မ်ားေနရတာလဲ။ ႏိုင္ငံေတာ္အႀကီးအကဲတစ္ေယာက္ေယာက္မ်ား အိမ္ကိုလာေနသလားမွတ္ရသည္။ ကားအနက္ေတြတန္းစီေနသလို ေပၚေပၚထင္ထင္ေစာင့္ေရွာက္ေနသၫ့္ လူမ်ားကလည္း အစီအရီ။
အိမ္ထဲသို႔ဝင္သြားေတာ့လည္း သူမကို ဟန႔္တားျခင္းမရိွတာကလဲြ၍ ေၾကာက္ဖို႔ေကာင္းသၫ့္အသြင္အျပင္ေတြႏွင့္ သက္ေတာ္ေစာင့္ေတြက အမ်ားႀကီး။
“ျပန္ေရာက္ၿပီလား။ အဲတာဆို ကၽြန္ေတာ္ သြားေတာ့မယ္။ အေဖ့ကိုေသခ်ာဂရုစိုက္ေပးပါ။”
အင္းထယ္က မ်က္လံုးေတြကၽြတ္ထြက္မတတ္ျပဴးေနေသာ မိေထြးျဖစ္သူကို ေက်ာ္ျဖတ္ကာ ဂၽြန္ဝူးလက္ကိုတဲြ၍ ကားဆီသို႔ေအးေအးလူလူထြက္သြားသည္။ သူတို႔ႏွစ္ေယာက္ထြက္သြားသၫ့္ေနာက္မွာေတာ့ သက္ေတာ္ေစာင့္မ်ားစြာက ေပၚေပၚထင္ထင္တစ္မ်ိဳး၊ ပုန္းရိႈးကြယ္ရိႈးျဖင့္တစ္ဖံု အိမ္အတြင္းမွ လိုက္လံထြက္ခြာသြားေတာ့သည္။ မစၥဂ်ာက ထိုျမင္ကြင္းကိုျမင္ၿပီးစြံ႔အေနသည္။ အင္းထယ္ေဘးကတစ္ေယာက္က အင္းထယ္ရဲ့အမ်ိဳးသားဆိုတာ သူမွတ္မိပါသည္။ ခုနက ပံုစံအရေတာ့ သာမန္စီးပြားေရးသမား ဘယ္နည္းနဲ႔မွမျဖစ္ႏိုင္။ ဂိုဏ္းတစ္ခုခုကျဖစ္ပံုရသည္။ ဒါေၾကာင့္မို႔ ဒီေကာင္ေလး သူမကို ႄကံုးဝါးသြားတာမဟုတ္လား။
လန႔္သြားသၫ့္အတြက္ ေရႏွစ္ခြက္ေလာက္ဆင့္ေသာက္ကာ အင္းထယ္ရဲ့အမ်ိဳးသားအေၾကာင္းကို အကုန္သိရဖို႔ သူမေယာက်္ားဆီသို႔ အေျပးသြားေတာ့သည္။
“ႏိုးၿပီလား သူေဌးေလး။”
ၾကည္လင္လင္အသံေလးက နားထဲဝင္လာသည္။ ဒီအသံအရ နာရာ့အသံဆိုတာသူသိပါသည္။ တစ္ျခားအသံေတြမၾကားရပံုအရ သူ႔အနားမွာ နာရာတစ္ေယာက္တည္းရိွပံုရသည္။ အေမေရာ ျပန္သြားၿပီလား။
“အေမေရာ ဘယ္မွာလဲ။”
“သူေဌးကေတာ္က သူေဌးေလးႏိုးလာမွာကိုေစာင့္ေနေသးတယ္။ ဒါေပမဲ့ သူေဌးႀကီးကိုလည္း စိတ္ပူေနလို႔ အိမ္ခဏျပန္သြားတာပါ။ ခဏေနျပန္လာမယ္လို႔ေျပာတယ္။”
“မဟုတ္ပါဘူး။ အေမ အလကားသပ္သပ္စိတ္ပူေနမွာမလိုလားလို႔။ ေဒါက္တာက ဘာေျပာလဲ။”
“အားလံုးအဆင္ေျပပါတယ္တဲ့။”
“ေကာင္းတယ္။”
“သူေဌးေလး ေခါင္းထဲမွာ ဘယ္လိုေနလဲ။ အဆင္ေျပရဲ့လား။”
“နည္းနည္းရီေဝေဝျဖစ္ေပမဲ့ အဆင္ေျပပါတယ္။”
“ေမ့ေဆးအရိွန္နည္းနည္းက်န္ေသးတာထင္တယ္။ ခဏေနရင္ေကာင္းသြားမွာပါ။ တစ္ျခား ဘာခံစားရေသးလဲ။”
“ဟင့္အင္း။ ငါအဆင္ေျပပါတယ္။”
“စားခ်င္တာတစ္ခုခုရိွရင္ေျပာပါ။ စားလို႔ရတာဆိုရင္ အားလံုးလုပ္ေပးပါ့မယ္။”
“နာရာ”
“ဟုတ္ကဲ့။”
ခံုကိုဆဲြယူလိုက္သံၾကားရတာေၾကာင့္ နာရာက သူ႔ကုတင္ေဘးမွခံုေပၚမွာရိွေနမည္ဟု ခန႔္မွန္းမိသည္။
“ႏွလံုးခုန္ႏႈန္း သာမန္ထက္ပိုျမန္တဲ့လူေတြရိွလား။ ေမြးကတည္းက အဲ့လိုျဖစ္ေနတာမ်ိဳး။”
“ရွင္?”
“ရိွလားလို႔။”
“အာ...အဲဒါက...တစ္ခုခုေၾကာင့္ လန႔္တာေၾကာက္တာမွာပဲ အဲ့လိုကိစၥမ်ိဳးရိွေပမဲ့ ေမြးကတည္းက ႏွလံုးခုန္သံျမန္တာမ်ိဳးက်ေတာ့......ကၽြန္မသိရသေလာက္ကေတာ့ မရိွပါဘူး။”
“ငါအဲ့လိုလူပဲ။ ေမြးကတည္းက။”
“ျဖစ္ႏိုင္ပါ့မလား။”
“စမ္းၾကၫ့္ေလ။”
“နားၾကပ္က ေဒါက္တာ့ဆီက သြားယူရမွာ။”
“ဒီတိုင္းနားေထာင္ၾကၫ့္လည္းရတာပဲ။ လာ”
မျမင္ရတဲ့လူက လက္ကိုလွမ္းဆဲြေတာ့လည္း တန္းခနဲျဖစ္သည္။ မရဲတရဲျဖစ္ေနေသာ ေကာင္မေလးက ရင္ဘတ္နားကပ္ကာ ႏွလံုးခုန္သံကိုနားေထာင္ေနသည္။ ရင္ဘတ္နဲ႔ေခါင္းမထိေသးတာမို႔ သိပ္မၾကားရေပမဲ့ သူမေရ႔ွဆက္မတိုးရဲ။ ကိုယ္ကိုျပန္မတ္ဖို႔လုပ္လိုက္ေပမဲ့ ေခါင္းကိုရင္ဘတ္ႏွင့္ဆဲြကပ္လိုက္သၫ့္ ထယ္နမ္ေၾကာင့္ သူမ မ်က္ႏွာရဲခနဲျဖစ္သြားသည္။
ႏွလံုးခုန္သံသည္ သူမ နားထဲသို႔ စီးခ်က္က်က်ဝင္လာသည္။ သူေဌးေလးေျပာသလို ေမြးကတည္းက ျမန္တာဟုတ္မဟုတ္ မသိေပမဲ့ အခုနားေထာင္ရသေလာက္ေတာ့ ႏွလံုးခုန္သံေတြ သိသာစြာျမန္ေနပါသည္။ ဘယ္ေလာက္ေတာင္အာရံုစိုက္မိေနလဲဆို နားကေသြးေၾကာေလးေတြ၏ အသံကိုပါ ျပန္ၾကားေနရသၫ့္အျဖစ္။ သူေဌးေလးရင္ဘတ္က တက္လာသၫ့္ေနြးေထြးမႈသည္ သူမကို အိပ္ေပ်ာ္သြားေစေလာက္ေအာင္ သက္ေသာင့္သက္သာျဖစ္ေစသည္။ အနီးကပ္ျမင္ေနရသၫ့္ သူေဌးေလး၏မ်က္ႏွာေၾကာင့္ သူမ ရူးသြားေလာက္ပါသည္။ မ်က္လံုးေတြကို မျမင္ရတာေတာင္မွေပါ့။
သူမ ထရပ္လိုက္သၫ့္အခါမွာေတာ့ သူေဌးေလးဆီမွာ ဘာလႈပ္ရွားမႈမွရိွမေနေတာ့။ စိတ္ပင္ပန္းေနပံုရသၫ့္သူေဌးေလးသည္ အိပ္ေပ်ာ္သြားပံုရပါသည္။ သူမကေတာ့ ညေရာက္ရင္ေတာင္ အိပ္ေပ်ာ္မဲ့အရိပ္အေယာင္မျမင္ေတာ့။
အေရ႔ွမွာရိွေနသၫ့္ လူကိုမ်က္ေစာင္းထိုးမိသည္။
‘ဒီလိုအမူအရာေတြနဲ႔ သူေဌးေလးက ဘာျဖစ္ခ်င္ေနတာလဲ။’
...............................................................................................................................................................................................................
A/N
လိုက္လည္းလိုက္ၾကတယ္။ သတိရရခ်င္းခြင္ဖန္တဲ့လူနဲ႔ လက္နဲ႔လည္းစမ္းလို႔ရတာကို ေခါင္းေလးသြားကပ္တဲ့လူနဲ႔။ အတြင္းေရးမွဴးလုပ္ခိုင္းၿပီး အလုပ္ခန္းထဲမွာ စားဖို႔စဥ္းစားေနတဲ့လူနဲ႔ ေယာက်္ားအင္အားကိုဗန္းျပၿပီး မိေထြးကိုၿဖဲတဲ့လူနဲ႔။ ဟုတ္ေနတာပဲ။