𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

961K 110K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

Part_59

7.1K 881 32
By pickpachacon333

Uni

အင်းထယ်မျက်နှာလေးကြောင်တောင်တောင်ဖြစ်သွားသလောက် ဂိုဏ်းခေါင်းဆောင်ကြီးမျက်နှာကတော့ ပြုံးဖြီးနေသည်။ ဂျွန်ဝူးက အင်းထယ်နားနားကိုကပ်ကာ စကားအချို့ပြောလိုက်သည်။ အင်းထယ်မျက်နှာလေးက ချက်ချင်းနီရဲလာပြီးသည့်နောက် လက်မှတ်အမြန်ထိုးလိုက်လေသည်။

“အိုခေ။ ကိုယ်မင်းကိုပိုင်ပြီ”

ဂျွန်ဝူးက သဘောတကျရယ်မောကာပြောလိုက်သည်။ လက်ခုပ်နှစ်ချက်တီးလိုက်သည်နှင့် အခမ်းအနားပွဲမှဂီတသံများက အသက်ဝင်လာတော့သည်။ ဂျွန်ဝူးက နာမည်‌ကျော်စန္ဒယားပညာရှင်ကိုငှားထားတာကြောင့် စန္ဒယားသံငြိမ့်ငြိမ့်ညောင်းညောင်းလေးက အံ့မခန်းအောင်ကို နားထောင်လို့ကောင်းလှသည်။ ဂျွန်ဝူးနှင့်လက်တွဲလုပ်သည့်လူတွေသည်လည်း ပွဲတက်လာသည်ဖြစ်ရာ မင်္ဂလာပွဲက ကတိုက်ကရိုက်နိုင်ပေမဲ့ လူစည်လှသည်။

မည်သို့ပင်ဆိုစေကာမူ သတို့သားလေးကတော့ စူပုပ်နေဆဲ။ သူက ဂျွန်ဝူးပြောလိုက်သည့်စကားတွေကို ပြန်တွေးလိုက်သည်။

“ပြော။ မင်းအခုလက်မှတ်မထိုးရင် ဒီမှာပဲကိုယ်မင်းကို ငြင်းမရတဲ့တစ်ခုခုလုပ်လိုက်သင့်လား။”တဲ့။

အား.......။သူတွေးကြည့်လေ။ ဒေါသထွက်လေဖြစ်လာသည်။ ဘာဖြစ်လို့ သူ့ကိုဖိအားပေးရတာလဲ။ ချစ်ဖို့မကောင်းဘူး။ ချစ်ဖို့မကောင်းဘူး။ နည်းနည်းမှချစ်ဖို့မကောင်းဘူး။

“ဘေဘီ ဘာတွေတွေးနေတာလဲ”

“ချစ်ဖို့မကောင်းဘူး”

“ဟမ်?”

“ခင်ဗျားက ချစ်ဖို့မကောင်းဘူး။ ခင်ဗျားနားလည်ရဲ့လား။ ကျွန်တော့်ကိုတွေ့တွေ့ချင်း လက်မထပ်သင့်ဘူးလေ။”

“ကိုယ်မလုပ်ပါဘူး။ တကယ်လို့မင်းစိတ်ကောက်နေတုန်းပဲဆိုရင် ကိုယ်မင်းကိုချော့စရာတစ်ခုရှိတယ်။ ဘယ်လိုလဲ”

ဂျွန်ဝူးစကားကြောင့် အင်းထယ် နည်းနည်းတော့စိတ်ဝင်စားလာသည်။ ချော့စရာဆိုတာတကယ်ပဲဘာများလဲ။

“ကြည့်မလား။”

သူက အရမ်းကြည့်ချင်ပေမဲ့ သိပ်စိတ်မဝင်စားဟန်လုပ်ကာ ခေါင်းညိမ့်ရုံသာညိမ့်လိုက်သည်။ ဂျွန်ဝူးက ပြုံးကာ အင်းထယ်လက်ကိုဆွဲ၍ အဝတ်လဲခန်းထဲသို့ခေါ်လာလိုက်သည်။ ရောက်ရောက်ချင်းမှာတင် အိင်္ကျီတွေဆွဲချွတ်နေတာကြောင့် အင်းထယ်လန့်သွားသည်။ ဘာလဲ။ ဒါက သူ့ကိုချော့မှာလား။ ဒါမှမဟုတ် ထပ်ပြီးစိတ်တိုအောင်လုပ်မှာလား။

“ဘာလုပ်နေတာလဲ ခင်ဗျား။ လွှတ်။ ကျွန်တော့်ကို”

အင်းထယ်က ရုန်းနေပေမဲ့လည်း ဂျွန်ဝူးက ဘာမှမပြောဘဲ သူလုပ်နေတာကို ပြီးအောင်လုပ်လိုက်သည်။ အားချင်းမမျှတာမို့ အင်းထယ်ရဲ့ရုန်းကန်မှုက အရာမထင်။ သူက အရမ်းကို စိတ်အချဉ်ပေါက်နေပြီဖြစ်သည်။ နောက်ဘဝကျရင်တော့ အားအရမ်းကြီးတဲ့ခန္တာကိုယ်ထဲဝင်ရအောင် ရက်ချ်ကိုလာဘ်ထိုးထားရမလားလို့တွေးမိသည်။ ဒါမှသူ့ချစ်သူကို စိတ်တိုလာရင် တစ်ချက်လောက်ဖြစ်ဖြစ် ကန်နိုင်အောင်လေ။

ဂျွန်ဝူးက ကောင်လေးရဲ့အပေါ်အိင်္ကျီကိုချွတ်ကာ ညာလက်တစ်ဖက်တည်းနှင့်ဆွဲဖက်လိုက်သည်။ ရင်ခွင်ထဲကကောင်လေးစိတ်ဆိုးနေမယ်ဆိုတာ သူသိသားပဲ။ ဒါပေမဲ့ ဒီမြင်ကွင်းအတွက် သူစိတ်ဆိုးခံရလည်း ကိစ္စမရှိဘူးလေ။

“ကြည့်လိုက်။”

“ဘာ?”

ခွေးပေါက်လေးလိုစွာနေသည့်ကောင်လေးမျက်နှာကို လက်ဖဝါးကြီးနှင့် ခဏလောက်ဖျစ်လိုက်သည်။

“အနောက်ကမှန်ကိုကြည့်လိုက်”

အနောက်ကိုလှည့်ကြည့်လိုက်တော့ ကိုယ်လုံးပေါ်မှန်ကိုမြင်ရသည်။ ဂျွန်ဝူးက ဖက်ထားတာမို့ အင်းထယ်ရဲ့နောက်ကျောကသာ မှန်မှာပေါ်နေလေသည်။ အင်းထယ်ကိုယ်လုံးလေးက ဂျွန်ဝူးရဲ့ရင်ဘတ်တစ်ခြမ်းစာနေရာယူထားကာ နောက်ရင်ဘတ်တစ်ခြမ်းမှာတော့ ကျားပုံတက်တူးတစ်ပိုင်းတစ်စကပေါ်နေသည်။ အင်းထယ်က အမြန်ပဲသဘောပေါက်သွားကာ မြင်ကွင်းတစ်ခုလုံးကို ဝေ့ဝိုက်ကြည့်လိုက်သည်။

ဂျွန်ဝူးရဲ့ရင်ဘတ်နှင့်အင်းထယ်ရဲ့နောက်ကျော နှစ်ခုပေါင်းမှ ပုံတစ်ခုကပြည့်စုံစွာထွက်လာလေသည်။ ကျားနှင့်နဂါး...........။ တစ်ကောင်နဲ့တစ်ကောင် နီးကပ်နေပုံကို ဆွဲထားသည်က အသက်ဝင်လှသည်။ လှလည်းလှသလို သူ့ချစ်သူနှင့်သူ နှစ်ယောက်‌ပေါင်းမှ ပြည့်စုံသည့် ပုံလေးမို့ သူသဘောကျသွားသည်။ နေ့တစ်ဝက်နီးပါး စူပုတ်နေရာမှ ပြန်ပြုံးလိုက်တော့သည်။ သူ့ချစ်သူက သူ့စိတ်ကို ငိုစေရယ်စေ အမျိုးမျိုးတတ်နိုင်သည့် တစ်ဦးတည်းသော သူလည်းဖြစ်သည်။

“ကိုယ့်ဂိုဏ်းနာမည်က Tiggon ဆိုလိုတာက Tigerနဲ့ Dragon ကိုပေါင်းစပ်ထားတာ။ ခေါင်းဆောင်က ကျားဆိုရင် သူ့မိတ်ဖက်က နဂါးပဲ။ ကိုယ့်အဖေနဲ့အမေမှာလည်း ဒါမျိုး တက်တူးရှိတယ်။ ပြီးတော့ ကိုယ်နဲ့မင်းနဲ့လည်း Couple တက်တူးပေါ့။ ဘယ်လိုလဲ။ စိတ်ဆိုးပြေပြီလား။ ကိုယ်မင်းကို ချက်ချင်းလက်ထပ်တယ်ဆိုတာ ကိုယ်မစောင့်နိုင်တော့လို့ပါကွာ။ ကိုယ်ကြောက်တယ်။ မင်းတစ်ယောက်ယောက်ကို ချစ်သွားမှာကို။ အခု မင်းနှလုံးသားထဲမှာဘယ်သူမှမရှိသေးခင် ကိုယ်အရင်နေရာဦးထားချင်တာ။ အချစ်မှာအဲ့လိုတွေမရှိဘူးဆိုရင်တောင်မှ ကိုယ်လုပ်ပါရစေ။ ကိုယ် အရမ်းကြောက်လို့။”

ဂျွန်ဝူးက ကောင်‌လေးရဲ့ပန်းရောင်သမ်းနေတဲ့ ရင်ဘတ်မှာ မျက်နှာအပ်ကာ ပြောလိုက်သည်။ အင်းထယ်ကလည်း ဂျွန်ဝူးခေါင်းလေးကို အလိုလိုသပ်ပေးမိနေကာ ပြုံးနေသည်။ သူ့ချစ်သူချွဲတဲ့အချိန်တွေဆို သူသိပ်သဘောကျပါသည်။ ဒါက သူ့ချစ်သူကို သူမွေးထားသည့်ကြောင်ရိုင်းလေးလို တွေးမိစေသည်။

“ ခေါင်းဆောင်။ ခေါင်းဆောင်”

အပြင်မှ တံခါးခေါက်သံကိုကြားလိုက်ရတာမို့ ဂျွန်ဝူးက ကောင်လေးကို ကမန်းကတန်း အိင်္ကျီပြန်ဝတ်ပေးလိုက်သည်။ ဒီအသားအရည်လေးကို သူထပ်ပြီးတွေ့ချင်သေးပေမဲ့ ဘယ်သူမှမြင်ဖို့ခွင့်မပြုနိုင်ဘူးလေ။ ကိစ္စတော့မရှိပါဘူး။ညရောက်တော့မှာပဲဟာ။ ညရောက်ရင်တော့ သူဒါကိုထပ်မြင်ဖို့အခွင့်အရေးရှိမှာပါ။

“ဝင်ခဲ့”

တံခါးကချက်ချင်းပွင့်လာပြီးတော့ မျက်မှန်တပ်ထားသည့် အတွင်းရေးမှူးပုံစံ လူငယ်တစ်ယောက်ဝင်လာသည်။

“မစ္စချူ ရောက်နေပါပြီ”

“အိုခေ။ ငါတို့အခုပဲလာခဲ့မယ်။”

ထိုလူ့စကားကြောင့် ဂျွန်ဝူးက ဘာမှဖြစ်မသွားသော်လည်း အင်းထယ်ကတော့ မျက်လုံးပြူးနေပြီဖြစ်သည်။ အမေက ဒီကိုဘယ်ကနေဘယ်လိုရောက်လာတာလဲ။ အမေနဲ့ သူ့ချစ်သူနဲ့ကသိလို့လား။ ဒါမှမဟုတ် သူ့ချစ်သူက တမင်ပဲခေါ်လိုက်တာလား။ မေးခွန်းပေါင်းများစွာနှင့်အတူ ဂျွန်ဝူးကို မော့ကြည့်မိသည်။ ဂျွန်ဝူးက အင်းထယ်ရဲ့ဆံပင်တွေကို ဖွဖွသပ်ကာ ပြောလိုက်သည်။

“စိတ်ပူမနေနဲ့။ ယောက္ခမကြီးဆူရင် ကိုယ်ဝင်ပြောပေးမှာပေါ့”

တစ်ဖက်မှာလည်း မစ္စချူက အရမ်းကို စိတ်လှုပ်ရှားနေပြီဖြစ်သည်။ Tiggon ဆိုသည့်အဖွဲ့က မြေအောက်လုပ်ငန်းတွေအများကြီးပိုင်ထားသည့်အပြင် လုပ်ငန်းခွဲမျိုးစုံလည်းရှိသည်။ သူတို့နှင့်ကင်းသည့် လုပ်ငန်းဆိုတာလည်း ခပ်ရှားရှားပင်။ သူတို့လုပ်ငန်းတွေတောင်မှ ဒီလို မြေအောက်အဖွဲ့တွေနဲ့ပူးပေါင်းရတာတွေရှိတာပဲ။ မဟုတ်ရင် ဒီလောက်အကြာကြီး ဘယ်လိုလုပ်ပြီးတည်တံ့နေနိုင်မှာလဲ။ ချမ်းသာတဲ့လူတွေမှာ ရန်သူတွေမှအများကြီးရယ်။ ဒီလိုမှမပူးပေါင်းထားရင် ညဘက် စိတ်အေးအေးထားပြီးအိပ်ဖို့တောင်လွယ်မှာမဟုတ်။

ဒါကြောင့် သူမက ဒီအဖွဲ့နဲ့ပူးပေါင်းခဲ့တာကြာခဲ့ပြီဖြစ်သည်။ သူမသုံးသည့် လုံခြုံရေးကအစ သားရဲ့လုံခြုံရေးတွေအထိ ဒီဂိုဏ်းကိုပဲ အားကိုးခဲ့တာဖြစ်သည်။ ဒါပေမဲ့ သားရဲ့သက်တော်စောင့်ပြောလာတာက သားကဂိုဏ်းခွဲတစ်ခုထဲမှာ နေခဲ့တယ်တဲ့။ ဒါဘာကြောင့်ဖြစ်နိုင်လိမ့်မလဲ။ သူမက ချက်ချင်းအဲ့ဒီနေရာကိုပြေးသွားချင်ပေမဲ့ ခေါင်းဆောင်ရဲ့မင်္ဂလာပွဲကိုအရင်လာလိုက်သည်။ ဒါက ပိုထိရောက်နိုင်ချေရှိကာ သားသာ သူမရဲ့သားလေးဆိုတာကို ပြောပြလိုက်ရင် သားလေးအန္တရာယ်မဖြစ်ဘဲ အလွယ်တကူထွက်လာနိုင်လောက်ပါသည်။

“စိတ်ကိုအေးအေးထားပါ ညီမလေးရာ။ ခေါင်းဆောင်နဲ့နည်းနည်းဆွေးနွေးလိုက်ရင် အဆင်ပြေသွားမှာပဲကို”

အစ်ကိုကလည်း ဘေးမှနားချနေသည်မို့ စိတ်အေးစေရန်အလို့ငှာ ရေအေးတစ်ခွက်ကိုသောက်ကာ အနားယူနေရသည်။

“မင်္ဂလာပါ မစ္စချူ။ ကျွန်တော်က ခေါင်းဆောင် ဂန် ဂျွန် ဝူးပါ။”

ခေါင်းဆောင်ဘက်ကနေစလို့ လာနှုတ်ဆက်တာကြောင့် သူမ အံ့ဩသွားသည်။ အလုပ်လုပ်သည့်တလျှောက်လုံး လက်အောက်ငယ်သားတွေနှင့်သာ ဆက်ဆံခဲ့ရကာ ခေါင်းဆောင်ဆိုတာကို အခုမှစကားပြောဖူးတာဖြစ်သည်။

“အာ......မင်္ဂလာပါ။ ကျွန်မက......”

“မေမေ”

ပြန်နှုတ်ဆက်ဖို့စကားစလိုက်ပေမဲ့ ခေါင်းဆောင်နောက်ကနေ ထွက်လာတဲ့သားရဲ့အသံလေးကြောင့် သူမ တုံ့ဆိုင်းသွားသည်။ သေချာကြည့်လိုက်တော့မှ သားက ခေါင်းဆောင်ရဲ့လက်ကိုချိတ်ထားကာ မဝံ့မရဲကြည့်နေသည်။ အနောက်တိုင်းဝတ်စုံအဖြူရောင်ဝတ်ထားတာမို့ သူမ တွေဝေသွားသည်။ ခေါင်းဆောင်ဝတ်တာက အနောက်တိုင်းဝတ်စုံအမည်းရောင်ဖြစ်ကာ ရင်ဘတ်မှာ ရွှေအစစ်နှင့်ပြုလုပ်ထားသော ကျားရင်ထိုးလေးကို ထိုးထားကာ သူမ သားလေးကတော့ ရွှေနဂါးပုံစံရင်ထိုးလေးနှင့်။

ခေါင်းက သွေးတွေတိုးလာသလို တရိပ်ရိပ်နှင့်မူးလာသည်။ ဂိုဏ်းနာမည်က ဆန်းလို့မေးကြည့်မိတိုင်း ခေါင်းဆောင်နဲ့မိတ်ဖက်က ကျားနဲ့နဂါးလိုမျိုး ဆိုသည့်စကားကို ခဏခဏကြားရဖူးပါသည်။ အခု ဒီရင်ထိုးတွေနဲ့ ဒီဝတ်စုံတွေက? သူတို့ဘာဖြစ်ချင်နေကြတာလဲ?

.......................................................................................................................................................................................................................

“ဒေါက်ဒေါက်..........သူဌေးလေး”

“နာရာပြန်လာပြီလား”

အခန်းအပြင်က သက်တော်‌စောင့်ကောင်လေးက ခေါင်းကုတ်သည်။ ထွက်သွားတာဖြင့် တစ်နာရီပဲရှိသေးတာကို ပြန်လာပြီလားဆိုတော့ အခုသူဘယ်လိုဖြေရင်ပိုကောင်းမလဲ။

“သူဌေးလေး။ အခုမှဆရာမလေးသွားတာ တစ်နာရီပဲရှိသေးတာပါ။ အခုပြန်လာစေချင်ရင် ဖုန်းဆက်တာဖြစ်ဖြစ် လုပ်ပေးရမလားဗျ။”

“အာ....အဲ့လိုမဟုတ်ဘူး။ မင်းဘာကိစ္စရှိလို့လဲ။”

“သူဌေးလေး ပျင်းနေမှာကြောက်လို့ စာအုပ်ဖတ်ပြမလားလို့ပါ။”

ထယ်နမ်က သူ့ကုတင်ဘေးက စားပွဲရှိစာအုပ်တွေဆီလက်ကိုဆန့်တန်းလိုက်သည်။စက္ကန့်ဝက်လောက် လက်ကဟိုရမ်းဒီရမ်းဖြစ်နေပေမဲ့လည်း‌ နောက်ဆုံးတော့ စာအုပ်တွေဆီလက်ရောက်သွားသည်။ သူက စာအုပ်တွေကို ထိတွေ့ကာ ခဏလောက်စဉ်းစားလိုက်ပြီး စာအုပ်တစ်အုပ်ကိုဆွဲယူကာ နှာခေါင်းနားကိုကပ်လိုက်သည်။ ရင်းနှီးနေသော လတ်ဆတ်သည့်ရနံ့လေးက စာအုပ်မှာစွဲနေသည်ကိုတွေ့လိုက်ရသည်။ ခါတိုင်းအချိန်ဆို ဒီ စီးပွားရေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာစာအုပ်တွေကို နာရာဖတ်ပြပေးနေကျပင်ဖြစ်သည်။ ဘာလို့လဲတော့မသိပေမဲ့ နာရာနဲ့ပတ်သတ်ပြီးရင်ထဲမှာ လေးလေးကြီးဖြစ်နေတာမို့ သက်ပြင်းချလိုက်သည်။

အပြင်က သက်တော်စောင့်လေးက Reply ကြာနေသော သူ့သူဌေးလေးကို နားစွင့်ကာ ဒုတိယမ္ပိခေါင်းကုတ်သည်။

“ဟို............သူဌေးလေး။ ကျွန်တော် လုပ်ရမလား။ မလုပ်ရဘူးလားဟင်”

“မလုပ်နဲ့။ ငါ့ဟာငါ နေပါရစေ”

အခန်းထဲက ထွက်လာသည့်အသံကြီးကအေးစက်နေတာကြောင့် ကိုယ်ကိုတစ်ချက်တွန့်လိုက်ကာ အောက်ထပ်ကိုပြေးဆင်းလာလိုက်သည်။ သူဌေးလေးက မျက်စိမမြင်တော့တာလည်း ဒေါသအိုးဖြစ်နေတုန်းပဲဆိုတာ သူဘယ်လိုလုပ်သိမှာလဲ။

အခန်းထဲရှိကောင်လေးကတော့ စာအုပ်ကိုပွတ်သပ်နေတုန်းဖြစ်ကာ အသက်မရှိသည့်မျက်ဝန်းတွေက တစ်ခုခုကိုတွေးနေသယောင်.......။ သူက စာအုပ်ကိုဖွင့်လိုက်ကာ အထဲရှိစာမျက်နှာတွေကို လက်နှင့်ထိကြည့်နေမိသည်။ သူအခုဒီစာတွေကို မမြင်ရသလို သူ့ရဲ့သူနာပြုမလေးကိုလည်း မမြင်ရသေးပေ။ သူမ ဘယ်လိုပုံစံရှိလိမ့်မလဲ။ သူတွေးနေတာကို ရပ်လို့မရသေး။ သူမ သူ့အနားမှာရှိတိုင်း အဲဒီအတွေးကပေါ်လာလေ့ရှိသည်။ အခုလည်း အဲဒီအတွေးက ပေါ်လာနေတုန်းပဲဖြစ်သည်။

“သားလေး။ သားလေး”

တံခါးမခေါက်ဘဲ အလောတကြီးဝင်လာကတည်းက သူ့အမေဖြစ်မည်ဆိုတာကို သူခန့်မှန်းမိသည်။

“ယာမြေကိစ္စ အမေ့ကိုဘာလို့မပြောတာလဲ။ အမေ့မောင်..........သူ မိုက်ရိုင်းလွန်းတယ်”

“အမေကိုကျွန်တော်ပြောခဲ့ပေမဲ့ အမေနားမထောင်ခဲ့ဘူး။ ဒါပေမဲ့ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကိုအပြစ်ပေးမှာဆိုတော့လည်း အမေဝင်မပြောပေးဖို့မျှော်လင့်ပါတယ်။”

ထယ်နမ်က စာအုပ်ကိုစားပွဲပေါ်လှမ်းတင်လိုက်ရင်း အေးစက်စက်ပြောလိုက်သည်။ စာအုပ်က စားပွဲပေါ်မရောက်ဘဲပြုတ်ကျသွားတာကြောင့် မစ္စဂျာက ထိုင်ချလိုက်ကာ စာအုပ်ကိုကောက်လိုက်သည်။

“အမေနားလည်ပါတယ်သား။ ဒါပေမဲ့ ပြဿနာက အဲတာမဟုတ်ဘူး။ အလုပ်သမားလစာပိုက်ဆံက ဘယ်ကရမှာမို့လို့လဲ။ အားလုံးက ဆိုင်ကိစ္စတွေနဲ့လည်ပတ်နေပြီးသား။ ဘယ်ကမှပိုက်ဆံရမှာမဟုတ်ဘူး။”

ထယ်နမ်က ခေါင်းညိမ့်လိုက်သည်။ ဒီပြဿနာကို သူစဉ်းစားထားပြီးသားဖြစ်သည်။ သူတို့ဆိုင်ခွဲတွေက မနည်းမနောဖြစ်ကာ စားဖိုမှူးငှားသည့်ကိစ္စတွေနှင့် အသားတွေဝယ်ရတာနဲ့တင် ပိုက်ဆံတွေကလည်ပတ်နေတာဖြစ်သည်။ လကုန်ရက်ပိုင်းဆိုပိုက်ဆံပိုထွက်လာပေမဲ့ ဒီလောက်နဲ့တော့မရပေ။ တော်သေးတာက ဆိုင်ခွဲအကုန်လုံးက သူတို့မိသားစုပိုက်ဆံနဲ့တင်လည်ပတ်တာဖြစ်ကာ ရှယ်ယာဝင်ခွင့်မပေးထားခဲ့တာဖြစ်သည်။ မဟုတ်ရင် သူလည်းမျက်စိမမြင်သည့်ဒီလိုအခြေအနေမျိုးမှာ ရှယ်ယာတွေအကုန်ထွက်သွားသည့် ပြဿနာနှင့်ထပ်ကြုံရလျှင် သူအကြီးအကျယ်ခေါင်းကိုက်ပေလိမ့်မည်။

“ဘဏ်က ချေးငွေယူရမှာပဲအမေ။ မျက်လုံးကိစ္စကိုအချိန်ဆွဲမနေတော့ဘဲ မျက်ကြည်လွှာအမြန်ရှာရအောင်။ ကျွန်တော်ပြန်ကောင်းလာရင် ငွေတွေပြန်ပြီးဆပ်နိုင်မယ်လို့သေချာတယ်။”

“သား။ ဒီလောက်များတဲ့ငွေတွေက အပေါင်တစ်ခုခုထားရမှာ။ မဖြစ်ဘူး။ အဲဒီလိုမဖြစ်ဘူး။”

“အမေ ကျွန်တော့်ကို မယုံဘူးလား”

မစ္စစ်ဂျာက သူမသားကိုကြင်နာစွာကြည့်လိုက်ကာ စာအုပ်ကိုစားပွဲခုံပေါ်ပြန်တင်လိုက်သည်။

“မယုံတာမဟုတ်ဘူး။ ဒါပေမဲ့ မဖြစ်ဘူးလေ။”

“အမေ့မှာ ဘာအကြံရှိလို့လဲ”

မစ္စဂျာက ခဏတော့တိတ်သွားသည်။

“အမေ့အထင် ရှင်းဆူယောင်းနဲ့..........”

“အမေ”

မစ္စဂျာစကားမဆုံးခင် ထယ်နမ်က မကြားချင်သလို အော်လိုက်တာကြောင့် သူမ အနည်းငယ်လန့်သွားသည်။

“ဘာလို့လဲ။ မင်း ဆူယောင်းနဲ့အဆင်ပြေနေတာပဲမဟုတ်လား။”

ထယ်နမ်က ခေါင်းခါရုံသာလုပ်ပြနိုင်သည်။ ရှင်းဆူယောင်းဆိုသည်က သူနဲ့မဟုတ်ဘဲ ချူအင်းထယ်နဲ့မိဘချင်းစေ့စပ်ပေးထားသော မိန်းကလေးဖြစ်သည်။ ဒါပေမဲ့ ချူအင်းထယ်ကဒီအိမ်ကဆင်းသွားတဲ့အခါ အမေက ချူအင်းထယ်နေရာမှာ သူ့ကိုတွန်းပို့ခဲ့တာဖြစ်သည်။ အမေက ကောင်းစေချင်လို့လုပ်တာပေမဲ့ တစ်ဖက်မိန်းကလေးက မာယာသိပ်များသည့်အပြင် သူ့ကိုအန္တရာယ်ဖြစ်စေခဲ့သည်။

“မယားငယ်သားကို လက်ထပ်စရာလား။”

“စားသောက်ဆိုင်လေးနည်းနည်းပိုင်ရုံနဲ့ ဘာတဲ့? သူဌေး? ဟားဟား။ ဟာသပဲ”

နားထဲမှာ မတော်တဆလိုလိုကြားခဲ့ရသည့်သူမ၏စကားတွေက စပ်ဆုပ်ဖွယ်ရာ။ သို့သော် သူ့ရဲ့ရှေ့မှာတော့ ကိုကို ကိုကိုနဲ့ ချွဲတတ်သည့် မျက်နှာနှစ်ဖက်နှင့်မိန်းမဖြစ်သည်။ မိဘချင်းကတိစကားက မဖျက်ကြသည့်အခါမှာတော့ စေစပ်ပွဲမပျက်ပျက်အောင် သူ့မျက်စိတွေကို တစ်ဖက်လှည့်နဲ့ထိခိုက်စေသော ထိုမိန်းမသည် သူ့ကိုယူမတဲ့လား။ အခု စေ့စပ်ပွဲမပျက်တဲ့အပြင် လက်ထပ်သည်အထိကို အမေကစီစဉ်လိုက်မည်ဆိုလျှင် သူ့ကိုသေသည်အထိတောင် လုပ်လာနိုင်သည်။ သူ မကြောက်တတ်ပေမဲ့ ဘဝကိုရွံစရာမိန်းမတစ်ယောက်အတွက်နဲ့တော့ အဆုံးသတ်မခံနိုင်ပါ။

“သားလေး။ သူနဲ့လက်ထပ်လိုက်ရင် ဒီပြဿနာက အလွယ်လေးဖြေရှင်းနိုင်သွားမှာ။ မင်းက မျက်လုံးမမြင်ရသေးလို့ အားငယ်နေတာ အမေသိပါတယ်။ ဒါပေမဲ့ ဆူအာက မင်းကိုချစ်နေတာဆိုတော့ ဒါလောက်ကို သူလုံးဝငြင်းမှာမဟုတ်သလို မင်းလည်းသိမ်ငယ်စရာမလိုဘူးလေ။ မင်းလည်းမျက်ကြည်လွှာရတာနဲ့ ချက်ချင်းပြန်မြင်နိုင်တာပဲကို။”

“အမေ........ကျွန်တော် ပင်ပန်းနေပြီ”

အေးစက်စက်လေသံပြန်ဖြစ်သွားတာမို့ သူ့သားစိတ်ရှုပ်နေမှန်းသူမရိပ်မိလိုက်သည်။ ခဏတော့စဉ်းစားချိန်ပေးသည့်အနေနှင့် အပြင်ထွက်မလို့ပေမဲ့ nurse မလေးကို မမြင်တာကြောင့် မေးလိုက်မိသေးသည်။

“သား ကင်နာရာရော ဘယ်မှာလဲ”

“အပြင်ခဏသွားတာပါ။ မကြာသေးပါဘူး။ စအလုပ်ဝင်ကတည်းက အပြင်မသွားရသေးဘူးမဟုတ်လား။”

သူမ သိပ်တော့ဘဝင်မကျပေမဲ့ သားရဲ့လေသံက ခုနကထက်နူးညံ့သွားတာကို သတိထားမိလိုက်သည်။ စကားတွေကလည်း ကာကွယ်ပေးသလိုလို၊ ဘာလိုလို။ မဟုတ်မှ.......သူမပဲစိတ်ထင်နေတာများလား။

........................................................................................................................................................................................................................

A/N

Voteတွေမရသေးဘူးပြောတယ်။ ပြန်ကောင်းမှလာလုပ်လည်းရပါတယ်ဗျ😁
မေ့တော့မသွားနဲ့ပေါ့နော်
ဂိုဏ်းနာမည်ကြီးကန့်လန့်ဖြစ်သွားရင်တောင်းပန်ပါတယ်ဗျ😁

ထရီဂွန်ကို ယူမသုံးရက်လို့ပါ။ Taggonပေါ့😁😁😁

Tattoo👇

Zawgyi

အင္းထယ္မ်က္ႏွာေလးေၾကာင္ေတာင္ေတာင္ျဖစ္သြားသေလာက္ ဂိုဏ္းေခါင္းေဆာင္ႀကီးမ်က္ႏွာကေတာ့ ၿပဳံးၿဖီးေနသည္။ ဂြၽန္ဝူးက အင္းထယ္နားနားကိုကပ္ကာ စကားအခ်ိဳ႕ေျပာလိုက္သည္။ အင္းထယ္မ်က္ႏွာေလးက ခ်က္ခ်င္းနီရဲလာၿပီးသည့္ေနာက္ လက္မွတ္အျမန္ထိုးလိုက္ေလသည္။

“အိုေခ။ ကိုယ္မင္းကိုပိုင္ၿပီ”

ဂြၽန္ဝူးက သေဘာတက်ရယ္ေမာကာေျပာလိုက္သည္။ လက္ခုပ္ႏွစ္ခ်က္တီးလိုက္သည္ႏွင့္ အခမ္းအနားပြဲမွဂီတသံမ်ားက အသက္ဝင္လာေတာ့သည္။ ဂြၽန္ဝူးက နာမည္‌ေက်ာ္စႏၵယားပညာရွင္ကိုငွားထားတာေၾကာင့္ စႏၵယားသံၿငိမ့္ၿငိမ့္ေညာင္းေညာင္းေလးက အံ့မခန္းေအာင္ကို နားေထာင္လို႔ေကာင္းလွသည္။ ဂြၽန္ဝူးႏွင့္လက္တြဲလုပ္သည့္လူေတြသည္လည္း ပြဲတက္လာသည္ျဖစ္ရာ မဂၤလာပြဲက ကတိုက္ကရိုက္နိုင္ေပမဲ့ လူစည္လွသည္။

မည္သို႔ပင္ဆိုေစကာမူ သတို႔သားေလးကေတာ့ စူပုပ္ေနဆဲ။ သူက ဂြၽန္ဝူးေျပာလိုက္သည့္စကားေတြကို ျပန္ေတြးလိုက္သည္။

“ေျပာ။ မင္းအခုလက္မွတ္မထိုးရင္ ဒီမွာပဲကိုယ္မင္းကို ျငင္းမရတဲ့တစ္ခုခုလုပ္လိုက္သင့္လား။”တဲ့။

အား.......။သူေတြးၾကည့္ေလ။ ေဒါသထြက္ေလျဖစ္လာသည္။ ဘာျဖစ္လို႔ သူ႕ကိုဖိအားေပးရတာလဲ။ ခ်စ္ဖို႔မေကာင္းဘူး။ ခ်စ္ဖို႔မေကာင္းဘူး။ နည္းနည္းမွခ်စ္ဖို႔မေကာင္းဘူး။

“ေဘဘီ ဘာေတြေတြးေနတာလဲ”

“ခ်စ္ဖို႔မေကာင္းဘူး”

“ဟမ္?”

“ခင္ဗ်ားက ခ်စ္ဖို႔မေကာင္းဘူး။ ခင္ဗ်ားနားလည္ရဲ႕လား။ ကြၽန္ေတာ့္ကိုေတြ႕ေတြ႕ခ်င္း လက္မထပ္သင့္ဘူးေလ။”

“ကိုယ္မလုပ္ပါဘူး။ တကယ္လို႔မင္းစိတ္ေကာက္ေနတုန္းပဲဆိုရင္ ကိုယ္မင္းကိုေခ်ာ့စရာတစ္ခုရွိတယ္။ ဘယ္လိုလဲ”

ဂြၽန္ဝူးစကားေၾကာင့္ အင္းထယ္ နည္းနည္းေတာ့စိတ္ဝင္စားလာသည္။ ေခ်ာ့စရာဆိုတာတကယ္ပဲဘာမ်ားလဲ။

“ၾကည့္မလား။”

သူက အရမ္းၾကည့္ခ်င္ေပမဲ့ သိပ္စိတ္မဝင္စားဟန္လုပ္ကာ ေခါင္းညိမ့္႐ုံသာညိမ့္လိုက္သည္။ ဂြၽန္ဝူးက ၿပဳံးကာ အင္းထယ္လက္ကိုဆြဲ၍ အဝတ္လဲခန္းထဲသို႔ေခၚလာလိုက္သည္။ ေရာက္ေရာက္ခ်င္းမွာတင္ အိကၤ်ီေတြဆြဲခြၽတ္ေနတာေၾကာင့္ အင္းထယ္လန႔္သြားသည္။ ဘာလဲ။ ဒါက သူ႕ကိုေခ်ာ့မွာလား။ ဒါမွမဟုတ္ ထပ္ၿပီးစိတ္တိုေအာင္လုပ္မွာလား။

“ဘာလုပ္ေနတာလဲ ခင္ဗ်ား။ လႊတ္။ ကြၽန္ေတာ့္ကို”

အင္းထယ္က ႐ုန္းေနေပမဲ့လည္း ဂြၽန္ဝူးက ဘာမွမေျပာဘဲ သူလုပ္ေနတာကို ၿပီးေအာင္လုပ္လိုက္သည္။ အားခ်င္းမမွ်တာမို႔ အင္းထယ္ရဲ႕႐ုန္းကန္မႈက အရာမထင္။ သူက အရမ္းကို စိတ္အခ်ဥ္ေပါက္ေနၿပီျဖစ္သည္။ ေနာက္ဘဝက်ရင္ေတာ့ အားအရမ္းႀကီးတဲ့ခႏၱာကိုယ္ထဲဝင္ရေအာင္ ရက္ခ်္ကိုလာဘ္ထိုးထားရမလားလို႔ေတြးမိသည္။ ဒါမွသူ႕ခ်စ္သူကို စိတ္တိုလာရင္ တစ္ခ်က္ေလာက္ျဖစ္ျဖစ္ ကန္နိုင္ေအာင္ေလ။

ဂြၽန္ဝူးက ေကာင္ေလးရဲ႕အေပၚအိကၤ်ီကိုခြၽတ္ကာ ညာလက္တစ္ဖက္တည္းႏွင့္ဆြဲဖက္လိုက္သည္။ ရင္ခြင္ထဲကေကာင္ေလးစိတ္ဆိုးေနမယ္ဆိုတာ သူသိသားပဲ။ ဒါေပမဲ့ ဒီျမင္ကြင္းအတြက္ သူစိတ္ဆိုးခံရလည္း ကိစၥမရွိဘူးေလ။

“ၾကည့္လိုက္။”

“ဘာ?”

ေခြးေပါက္ေလးလိုစြာေနသည့္ေကာင္ေလးမ်က္ႏွာကို လက္ဖဝါးႀကီးႏွင့္ ခဏေလာက္ဖ်စ္လိုက္သည္။

“အေနာက္ကမွန္ကိုၾကည့္လိုက္”

အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ကိုယ္လုံးေပၚမွန္ကိုျမင္ရသည္။ ဂြၽန္ဝူးက ဖက္ထားတာမို႔ အင္းထယ္ရဲ႕ေနာက္ေက်ာကသာ မွန္မွာေပၚေနေလသည္။ အင္းထယ္ကိုယ္လုံးေလးက ဂြၽန္ဝူးရဲ႕ရင္ဘတ္တစ္ျခမ္းစာေနရာယူထားကာ ေနာက္ရင္ဘတ္တစ္ျခမ္းမွာေတာ့ က်ားပုံတက္တူးတစ္ပိုင္းတစ္စကေပၚေနသည္။ အင္းထယ္က အျမန္ပဲသေဘာေပါက္သြားကာ ျမင္ကြင္းတစ္ခုလုံးကို ေဝ့ဝိုက္ၾကည့္လိုက္သည္။

ဂြၽန္ဝူးရဲ႕ရင္ဘတ္ႏွင့္အင္းထယ္ရဲ႕ေနာက္ေက်ာ ႏွစ္ခုေပါင္းမွ ပုံတစ္ခုကျပည့္စုံစြာထြက္လာေလသည္။ က်ားႏွင့္နဂါး...........။ တစ္ေကာင္နဲ႕တစ္ေကာင္ နီးကပ္ေနပုံကို ဆြဲထားသည္က အသက္ဝင္လွသည္။ လွလည္းလွသလို သူ႕ခ်စ္သူႏွင့္သူ ႏွစ္ေယာက္‌ေပါင္းမွ ျပည့္စုံသည့္ ပုံေလးမို႔ သူသေဘာက်သြားသည္။ ေန႕တစ္ဝက္နီးပါး စူပုတ္ေနရာမွ ျပန္ၿပဳံးလိုက္ေတာ့သည္။ သူ႕ခ်စ္သူက သူ႕စိတ္ကို ငိုေစရယ္ေစ အမ်ိဳးမ်ိဳးတတ္နိုင္သည့္ တစ္ဦးတည္းေသာ သူလည္းျဖစ္သည္။

“ကိုယ့္ဂိုဏ္းနာမည္က Tiggon ဆိုလိုတာက Tigerနဲ႕ Dragon ကိုေပါင္းစပ္ထားတာ။ ေခါင္းေဆာင္က က်ားဆိုရင္ သူ႕မိတ္ဖက္က နဂါးပဲ။ ကိုယ့္အေဖနဲ႕အေမမွာလည္း ဒါမ်ိဳး တက္တူးရွိတယ္။ ၿပီးေတာ့ ကိုယ္နဲ႕မင္းနဲ႕လည္း Couple တက္တူးေပါ့။ ဘယ္လိုလဲ။ စိတ္ဆိုးေျပၿပီလား။ ကိုယ္မင္းကို ခ်က္ခ်င္းလက္ထပ္တယ္ဆိုတာ ကိုယ္မေစာင့္နိုင္ေတာ့လို႔ပါကြာ။ ကိုယ္ေၾကာက္တယ္။ မင္းတစ္ေယာက္ေယာက္ကို ခ်စ္သြားမွာကို။ အခု မင္းႏွလုံးသားထဲမွာဘယ္သူမွမရွိေသးခင္ ကိုယ္အရင္ေနရာဦးထားခ်င္တာ။ အခ်စ္မွာအဲ့လိုေတြမရွိဘူးဆိုရင္ေတာင္မွ ကိုယ္လုပ္ပါရေစ။ ကိုယ္ အရမ္းေၾကာက္လို႔။”

ဂြၽန္ဝူးက ေကာင္‌ေလးရဲ႕ပန္းေရာင္သမ္းေနတဲ့ ရင္ဘတ္မွာ မ်က္ႏွာအပ္ကာ ေျပာလိုက္သည္။ အင္းထယ္ကလည္း ဂြၽန္ဝူးေခါင္းေလးကို အလိုလိုသပ္ေပးမိေနကာ ၿပဳံးေနသည္။ သူ႕ခ်စ္သူခြၽဲတဲ့အခ်ိန္ေတြဆို သူသိပ္သေဘာက်ပါသည္။ ဒါက သူ႕ခ်စ္သူကို သူေမြးထားသည့္ေၾကာင္ရိုင္းေလးလို ေတြးမိေစသည္။

“ ေခါင္းေဆာင္။ ေခါင္းေဆာင္”

အျပင္မွ တံခါးေခါက္သံကိုၾကားလိုက္ရတာမို႔ ဂြၽန္ဝူးက ေကာင္ေလးကို ကမန္းကတန္း အိကၤ်ီျပန္ဝတ္ေပးလိုက္သည္။ ဒီအသားအရည္ေလးကို သူထပ္ၿပီးေတြ႕ခ်င္ေသးေပမဲ့ ဘယ္သူမွျမင္ဖို႔ခြင့္မျပဳနိုင္ဘူးေလ။ ကိစၥေတာ့မရွိပါဘူး။ညေရာက္ေတာ့မွာပဲဟာ။ ညေရာက္ရင္ေတာ့ သူဒါကိုထပ္ျမင္ဖို႔အခြင့္အေရးရွိမွာပါ။

“ဝင္ခဲ့”

တံခါးကခ်က္ခ်င္းပြင့္လာၿပီးေတာ့ မ်က္မွန္တပ္ထားသည့္ အတြင္းေရးမႉးပုံစံ လူငယ္တစ္ေယာက္ဝင္လာသည္။

“မစၥခ်ဴ ေရာက္ေနပါၿပီ”

“အိုေခ။ ငါတို႔အခုပဲလာခဲ့မယ္။”

ထိုလူ႕စကားေၾကာင့္ ဂြၽန္ဝူးက ဘာမွျဖစ္မသြားေသာ္လည္း အင္းထယ္ကေတာ့ မ်က္လုံးျပဴးေနၿပီျဖစ္သည္။ အေမက ဒီကိုဘယ္ကေနဘယ္လိုေရာက္လာတာလဲ။ အေမနဲ႕ သူ႕ခ်စ္သူနဲ႕ကသိလို႔လား။ ဒါမွမဟုတ္ သူ႕ခ်စ္သူက တမင္ပဲေခၚလိုက္တာလား။ ေမးခြန္းေပါင္းမ်ားစြာႏွင့္အတူ ဂြၽန္ဝူးကို ေမာ့ၾကည့္မိသည္။ ဂြၽန္ဝူးက အင္းထယ္ရဲ႕ဆံပင္ေတြကို ဖြဖြသပ္ကာ ေျပာလိုက္သည္။

“စိတ္ပူမေနနဲ႕။ ေယာကၡမႀကီးဆူရင္ ကိုယ္ဝင္ေျပာေပးမွာေပါ့”

တစ္ဖက္မွာလည္း မစၥခ်ဴက အရမ္းကို စိတ္လႈပ္ရွားေနၿပီျဖစ္သည္။ Tiggon ဆိုသည့္အဖြဲ႕က ေျမေအာက္လုပ္ငန္းေတြအမ်ားႀကီးပိုင္ထားသည့္အျပင္ လုပ္ငန္းခြဲမ်ိဳးစုံလည္းရွိသည္။ သူတို႔ႏွင့္ကင္းသည့္ လုပ္ငန္းဆိုတာလည္း ခပ္ရွားရွားပင္။ သူတို႔လုပ္ငန္းေတြေတာင္မွ ဒီလို ေျမေအာက္အဖြဲ႕ေတြနဲ႕ပူးေပါင္းရတာေတြရွိတာပဲ။ မဟုတ္ရင္ ဒီေလာက္အၾကာႀကီး ဘယ္လိုလုပ္ၿပီးတည္တံ့ေနနိုင္မွာလဲ။ ခ်မ္းသာတဲ့လူေတြမွာ ရန္သူေတြမွအမ်ားႀကီးရယ္။ ဒီလိုမွမပူးေပါင္းထားရင္ ညဘက္ စိတ္ေအးေအးထားၿပီးအိပ္ဖို႔ေတာင္လြယ္မွာမဟုတ္။

ဒါေၾကာင့္ သူမက ဒီအဖြဲ႕နဲ႕ပူးေပါင္းခဲ့တာၾကာခဲ့ၿပီျဖစ္သည္။ သူမသုံးသည့္ လုံၿခဳံေရးကအစ သားရဲ႕လုံၿခဳံေရးေတြအထိ ဒီဂိုဏ္းကိုပဲ အားကိုးခဲ့တာျဖစ္သည္။ ဒါေပမဲ့ သားရဲ႕သက္ေတာ္ေစာင့္ေျပာလာတာက သားကဂိုဏ္းခြဲတစ္ခုထဲမွာ ေနခဲ့တယ္တဲ့။ ဒါဘာေၾကာင့္ျဖစ္နိုင္လိမ့္မလဲ။ သူမက ခ်က္ခ်င္းအဲ့ဒီေနရာကိုေျပးသြားခ်င္ေပမဲ့ ေခါင္းေဆာင္ရဲ႕မဂၤလာပြဲကိုအရင္လာလိုက္သည္။ ဒါက ပိုထိေရာက္နိုင္ေခ်ရွိကာ သားသာ သူမရဲ႕သားေလးဆိုတာကို ေျပာျပလိုက္ရင္ သားေလးအႏၱရာယ္မျဖစ္ဘဲ အလြယ္တကူထြက္လာနိုင္ေလာက္ပါသည္။

“စိတ္ကိုေအးေအးထားပါ ညီမေလးရာ။ ေခါင္းေဆာင္နဲ႕နည္းနည္းေဆြးႏြေးလိုက္ရင္ အဆင္ေျပသြားမွာပဲကို”

အစ္ကိုကလည္း ေဘးမွနားခ်ေနသည္မို႔ စိတ္ေအးေစရန္အလို႔ငွာ ေရေအးတစ္ခြက္ကိုေသာက္ကာ အနားယူေနရသည္။

“မဂၤလာပါ မစၥခ်ဴ။ ကြၽန္ေတာ္က ေခါင္းေဆာင္ ဂန္ ဂြၽန္ ဝူးပါ။”

ေခါင္းေဆာင္ဘက္ကေနစလို႔ လာႏႈတ္ဆက္တာေၾကာင့္ သူမ အံ့ဩသြားသည္။ အလုပ္လုပ္သည့္တေလွ်ာက္လုံး လက္ေအာက္ငယ္သားေတြႏွင့္သာ ဆက္ဆံခဲ့ရကာ ေခါင္းေဆာင္ဆိုတာကို အခုမွစကားေျပာဖူးတာျဖစ္သည္။

“အာ......မဂၤလာပါ။ ကြၽန္မက......”

“ေမေမ”

ျပန္ႏႈတ္ဆက္ဖို႔စကားစလိုက္ေပမဲ့ ေခါင္းေဆာင္ေနာက္ကေန ထြက္လာတဲ့သားရဲ႕အသံေလးေၾကာင့္ သူမ တုံ႕ဆိုင္းသြားသည္။ ေသခ်ာၾကည့္လိုက္ေတာ့မွ သားက ေခါင္းေဆာင္ရဲ႕လက္ကိုခ်ိတ္ထားကာ မဝံ့မရဲၾကည့္ေနသည္။ အေနာက္တိုင္းဝတ္စုံအျဖဴေရာင္ဝတ္ထားတာမို႔ သူမ ေတြေဝသြားသည္။ ေခါင္းေဆာင္ဝတ္တာက အေနာက္တိုင္းဝတ္စုံအမည္းေရာင္ျဖစ္ကာ ရင္ဘတ္မွာ ေ႐ႊအစစ္ႏွင့္ျပဳလုပ္ထားေသာ က်ားရင္ထိုးေလးကို ထိုးထားကာ သူမ သားေလးကေတာ့ ေ႐ႊနဂါးပုံစံရင္ထိုးေလးႏွင့္။

ေခါင္းက ေသြးေတြတိုးလာသလို တရိပ္ရိပ္ႏွင့္မူးလာသည္။ ဂိုဏ္းနာမည္က ဆန္းလို႔ေမးၾကည့္မိတိုင္း ေခါင္းေဆာင္နဲ႕မိတ္ဖက္က က်ားနဲ႕နဂါးလိုမ်ိဳး ဆိုသည့္စကားကို ခဏခဏၾကားရဖူးပါသည္။ အခု ဒီရင္ထိုးေတြနဲ႕ ဒီဝတ္စုံေတြက? သူတို႔ဘာျဖစ္ခ်င္ေနၾကတာလဲ?

.......................................................................................................................................................................................................................

“ေဒါက္ေဒါက္..........သူေဌးေလး”

“နာရာျပန္လာၿပီလား”

အခန္းအျပင္က သက္ေတာ္‌ေစာင့္ေကာင္ေလးက ေခါင္းကုတ္သည္။ ထြက္သြားတာျဖင့္ တစ္နာရီပဲရွိေသးတာကို ျပန္လာၿပီလားဆိုေတာ့ အခုသူဘယ္လိုေျဖရင္ပိုေကာင္းမလဲ။

“သူေဌးေလး။ အခုမွဆရာမေလးသြားတာ တစ္နာရီပဲရွိေသးတာပါ။ အခုျပန္လာေစခ်င္ရင္ ဖုန္းဆက္တာျဖစ္ျဖစ္ လုပ္ေပးရမလားဗ်။”

“အာ....အဲ့လိုမဟုတ္ဘူး။ မင္းဘာကိစၥရွိလို႔လဲ။”

“သူေဌးေလး ပ်င္းေနမွာေၾကာက္လို႔ စာအုပ္ဖတ္ျပမလားလို႔ပါ။”

ထယ္နမ္က သူ႕ကုတင္ေဘးက စားပြဲရွိစာအုပ္ေတြဆီလက္ကိုဆန႔္တန္းလိုက္သည္။စကၠန႔္ဝက္ေလာက္ လက္ကဟိုရမ္းဒီရမ္းျဖစ္ေနေပမဲ့လည္း‌ ေနာက္ဆုံးေတာ့ စာအုပ္ေတြဆီလက္ေရာက္သြားသည္။ သူက စာအုပ္ေတြကို ထိေတြ႕ကာ ခဏေလာက္စဥ္းစားလိုက္ၿပီး စာအုပ္တစ္အုပ္ကိုဆြဲယူကာ ႏွာေခါင္းနားကိုကပ္လိုက္သည္။ ရင္းႏွီးေနေသာ လတ္ဆတ္သည့္ရနံ႕ေလးက စာအုပ္မွာစြဲေနသည္ကိုေတြ႕လိုက္ရသည္။ ခါတိုင္းအခ်ိန္ဆို ဒီ စီးပြားေရးနဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာစာအုပ္ေတြကို နာရာဖတ္ျပေပးေနက်ပင္ျဖစ္သည္။ ဘာလို႔လဲေတာ့မသိေပမဲ့ နာရာနဲ႕ပတ္သတ္ၿပီးရင္ထဲမွာ ေလးေလးႀကီးျဖစ္ေနတာမို႔ သက္ျပင္းခ်လိဳက္သည္။

အျပင္က သက္ေတာ္ေစာင့္ေလးက Reply ၾကာေနေသာ သူ႕သူေဌးေလးကို နားစြင့္ကာ ဒုတိယမၸိေခါင္းကုတ္သည္။

“ဟို............သူေဌးေလး။ ကြၽန္ေတာ္ လုပ္ရမလား။ မလုပ္ရဘူးလားဟင္”

“မလုပ္နဲ႕။ ငါ့ဟာငါ ေနပါရေစ”

အခန္းထဲက ထြက္လာသည့္အသံႀကီးကေအးစက္ေနတာေၾကာင့္ ကိုယ္ကိုတစ္ခ်က္တြန႔္လိုက္ကာ ေအာက္ထပ္ကိုေျပးဆင္းလာလိုက္သည္။ သူေဌးေလးက မ်က္စိမျမင္ေတာ့တာလည္း ေဒါသအိုးျဖစ္ေနတုန္းပဲဆိုတာ သူဘယ္လိုလုပ္သိမွာလဲ။

အခန္းထဲရွိေကာင္ေလးကေတာ့ စာအုပ္ကိုပြတ္သပ္ေနတုန္းျဖစ္ကာ အသက္မရွိသည့္မ်က္ဝန္းေတြက တစ္ခုခုကိုေတြးေနသေယာင္.......။ သူက စာအုပ္ကိုဖြင့္လိုက္ကာ အထဲရွိစာမ်က္ႏွာေတြကို လက္ႏွင့္ထိၾကည့္ေနမိသည္။ သူအခုဒီစာေတြကို မျမင္ရသလို သူ႕ရဲ႕သူနာျပဳမေလးကိုလည္း မျမင္ရေသးေပ။ သူမ ဘယ္လိုပုံစံရွိလိမ့္မလဲ။ သူေတြးေနတာကို ရပ္လို႔မရေသး။ သူမ သူ႕အနားမွာရွိတိုင္း အဲဒီအေတြးကေပၚလာေလ့ရွိသည္။ အခုလည္း အဲဒီအေတြးက ေပၚလာေနတုန္းပဲျဖစ္သည္။

“သားေလး။ သားေလး”

တံခါးမေခါက္ဘဲ အေလာတႀကီးဝင္လာကတည္းက သူ႕အေမျဖစ္မည္ဆိုတာကို သူခန႔္မွန္းမိသည္။

“ယာေျမကိစၥ အေမ့ကိုဘာလို႔မေျပာတာလဲ။ အေမ့ေမာင္..........သူ မိုက္ရိုင္းလြန္းတယ္”

“အေမကိုကြၽန္ေတာ္ေျပာခဲ့ေပမဲ့ အေမနားမေထာင္ခဲ့ဘူး။ ဒါေပမဲ့ကိစၥမရွိပါဘူး။ ဘာပဲျဖစ္ျဖစ္ သူ႕ကိုအျပစ္ေပးမွာဆိုေတာ့လည္း အေမဝင္မေျပာေပးဖို႔ေမွ်ာ္လင့္ပါတယ္။”

ထယ္နမ္က စာအုပ္ကိုစားပြဲေပၚလွမ္းတင္လိုက္ရင္း ေအးစက္စက္ေျပာလိုက္သည္။ စာအုပ္က စားပြဲေပၚမေရာက္ဘဲျပဳတ္က်သြားတာေၾကာင့္ မစၥဂ်ာက ထိုင္ခ်လိဳက္ကာ စာအုပ္ကိုေကာက္လိုက္သည္။

“အေမနားလည္ပါတယ္သား။ ဒါေပမဲ့ ျပႆနာက အဲတာမဟုတ္ဘူး။ အလုပ္သမားလစာပိုက္ဆံက ဘယ္ကရမွာမို႔လို႔လဲ။ အားလုံးက ဆိုင္ကိစၥေတြနဲ႕လည္ပတ္ေနၿပီးသား။ ဘယ္ကမွပိုက္ဆံရမွာမဟုတ္ဘူး။”

ထယ္နမ္က ေခါင္းညိမ့္လိုက္သည္။ ဒီျပႆနာကို သူစဥ္းစားထားၿပီးသားျဖစ္သည္။ သူတို႔ဆိုင္ခြဲေတြက မနည္းမေနာျဖစ္ကာ စားဖိုမႉးငွားသည့္ကိစၥေတြႏွင့္ အသားေတြဝယ္ရတာနဲ႕တင္ ပိုက္ဆံေတြကလည္ပတ္ေနတာျဖစ္သည္။ လကုန္ရက္ပိုင္းဆိုပိုက္ဆံပိုထြက္လာေပမဲ့ ဒီေလာက္နဲ႕ေတာ့မရေပ။ ေတာ္ေသးတာက ဆိုင္ခြဲအကုန္လုံးက သူတို႔မိသားစုပိုက္ဆံနဲ႕တင္လည္ပတ္တာျဖစ္ကာ ရွယ္ယာဝင္ခြင့္မေပးထားခဲ့တာျဖစ္သည္။ မဟုတ္ရင္ သူလည္းမ်က္စိမျမင္သည့္ဒီလိုအေျခအေနမ်ိဳးမွာ ရွယ္ယာေတြအကုန္ထြက္သြားသည့္ ျပႆနာႏွင့္ထပ္ႀကဳံရလွ်င္ သူအႀကီးအက်ယ္ေခါင္းကိုက္ေပလိမ့္မည္။

“ဘဏ္က ေခ်းေငြယူရမွာပဲအေမ။ မ်က္လုံးကိစၥကိုအခ်ိန္ဆြဲမေနေတာ့ဘဲ မ်က္ၾကည္လႊာအျမန္ရွာရေအာင္။ ကြၽန္ေတာ္ျပန္ေကာင္းလာရင္ ေငြေတြျပန္ၿပီးဆပ္နိုင္မယ္လို႔ေသခ်ာတယ္။”

“သား။ ဒီေလာက္မ်ားတဲ့ေငြေတြက အေပါင္တစ္ခုခုထားရမွာ။ မျဖစ္ဘူး။ အဲဒီလိုမျဖစ္ဘူး။”

“အေမ ကြၽန္ေတာ့္ကို မယုံဘူးလား”

မစၥစ္ဂ်ာက သူမသားကိုၾကင္နာစြာၾကည့္လိုက္ကာ စာအုပ္ကိုစားပြဲခုံေပၚျပန္တင္လိုက္သည္။

“မယုံတာမဟုတ္ဘူး။ ဒါေပမဲ့ မျဖစ္ဘူးေလ။”

“အေမ့မွာ ဘာအႀကံရွိလို႔လဲ”

မစၥဂ်ာက ခဏေတာ့တိတ္သြားသည္။

“အေမ့အထင္ ရွင္းဆူေယာင္းနဲ႕..........”

“အေမ”

မစၥဂ်ာစကားမဆုံးခင္ ထယ္နမ္က မၾကားခ်င္သလို ေအာ္လိုက္တာေၾကာင့္ သူမ အနည္းငယ္လန႔္သြားသည္။

“ဘာလို႔လဲ။ မင္း ဆူေယာင္းနဲ႕အဆင္ေျပေနတာပဲမဟုတ္လား။”

ထယ္နမ္က ေခါင္းခါ႐ုံသာလုပ္ျပနိုင္သည္။ ရွင္းဆူေယာင္းဆိုသည္က သူနဲ႕မဟုတ္ဘဲ ခ်ဴအင္းထယ္နဲ႕မိဘခ်င္းေစ့စပ္ေပးထားေသာ မိန္းကေလးျဖစ္သည္။ ဒါေပမဲ့ ခ်ဴအင္းထယ္ကဒီအိမ္ကဆင္းသြားတဲ့အခါ အေမက ခ်ဴအင္းထယ္ေနရာမွာ သူ႕ကိုတြန္းပို႔ခဲ့တာျဖစ္သည္။ အေမက ေကာင္းေစခ်င္လို႔လုပ္တာေပမဲ့ တစ္ဖက္မိန္းကေလးက မာယာသိပ္မ်ားသည့္အျပင္ သူ႕ကိုအႏၱရာယ္ျဖစ္ေစခဲ့သည္။

“မယားငယ္သားကို လက္ထပ္စရာလား။”

“စားေသာက္ဆိုင္ေလးနည္းနည္းပိုင္႐ုံနဲ႕ ဘာတဲ့? သူေဌး? ဟားဟား။ ဟာသပဲ”

နားထဲမွာ မေတာ္တဆလိုလိုၾကားခဲ့ရသည့္သူမ၏စကားေတြက စပ္ဆုပ္ဖြယ္ရာ။ သို႔ေသာ္ သူ႕ရဲ႕ေရွ႕မွာေတာ့ ကိုကို ကိုကိုနဲ႕ ခြၽဲတတ္သည့္ မ်က္ႏွာႏွစ္ဖက္ႏွင့္မိန္းမျဖစ္သည္။ မိဘခ်င္းကတိစကားက မဖ်က္ၾကသည့္အခါမွာေတာ့ ေစစပ္ပြဲမပ်က္ပ်က္ေအာင္ သူ႕မ်က္စိေတြကို တစ္ဖက္လွည့္နဲ႕ထိခိုက္ေစေသာ ထိုမိန္းမသည္ သူ႕ကိုယူမတဲ့လား။ အခု ေစ့စပ္ပြဲမပ်က္တဲ့အျပင္ လက္ထပ္သည္အထိကို အေမကစီစဥ္လိုက္မည္ဆိုလွ်င္ သူ႕ကိုေသသည္အထိေတာင္ လုပ္လာနိုင္သည္။ သူ မေၾကာက္တတ္ေပမဲ့ ဘဝကို႐ြံစရာမိန္းမတစ္ေယာက္အတြက္နဲ႕ေတာ့ အဆုံးသတ္မခံနိုင္ပါ။

“သားေလး။ သူနဲ႕လက္ထပ္လိုက္ရင္ ဒီျပႆနာက အလြယ္ေလးေျဖရွင္းနိုင္သြားမွာ။ မင္းက မ်က္လုံးမျမင္ရေသးလို႔ အားငယ္ေနတာ အေမသိပါတယ္။ ဒါေပမဲ့ ဆူအာက မင္းကိုခ်စ္ေနတာဆိုေတာ့ ဒါေလာက္ကို သူလုံးဝျငင္းမွာမဟုတ္သလို မင္းလည္းသိမ္ငယ္စရာမလိုဘူးေလ။ မင္းလည္းမ်က္ၾကည္လႊာရတာနဲ႕ ခ်က္ခ်င္းျပန္ျမင္နိုင္တာပဲကို။”

“အေမ........ကြၽန္ေတာ္ ပင္ပန္းေနၿပီ”

ေအးစက္စက္ေလသံျပန္ျဖစ္သြားတာမို႔ သူ႕သားစိတ္ရႈပ္ေနမွန္းသူမရိပ္မိလိုက္သည္။ ခဏေတာ့စဥ္းစားခ်ိန္ေပးသည့္အေနႏွင့္ အျပင္ထြက္မလို႔ေပမဲ့ nurse မေလးကို မျမင္တာေၾကာင့္ ေမးလိုက္မိေသးသည္။

“သား ကင္နာရာေရာ ဘယ္မွာလဲ”

“အျပင္ခဏသြားတာပါ။ မၾကာေသးပါဘူး။ စအလုပ္ဝင္ကတည္းက အျပင္မသြားရေသးဘူးမဟုတ္လား။”

သူမ သိပ္ေတာ့ဘဝင္မက်ေပမဲ့ သားရဲ႕ေလသံက ခုနကထက္ႏူးညံ့သြားတာကို သတိထားမိလိုက္သည္။ စကားေတြကလည္း ကာကြယ္ေပးသလိုလို၊ ဘာလိုလို။ မဟုတ္မွ.......သူမပဲစိတ္ထင္ေနတာမ်ားလား။

........................................................................................................................................................................................................................

A/N

Voteေတြမရေသးဘူးေျပာတယ္။ ျပန္ေကာင္းမွလာလုပ္လည္းရပါတယ္ဗ်😁
ေမ့ေတာ့မသြားနဲ႔ေပါ့ေနာ္
ဂိုဏ္းနာမည္ႀကီးကန္႔လန္႔ျဖစ္သြားရင္ေတာင္းပန္ပါတယ္ဗ်😁

ထရီဂြန္ကို ယူမသံုးရက္လို႔ပါ။ Tiggonေပါ့😁😁😁

Tattoo👇

Continue Reading

You'll Also Like

80.2K 8.5K 16
Host(လီရုန္)ရဲ႕ သူ႔မူလကမၻာကိုျပန္ေရာက္သြားၿပီး သူ႔ညီနဲ႔ သူ႔ေမြးစားအေဖရဲ႕သားကိုကလဲ့စားျပန္ေခ်မွာပါ ၊ေနာက္ၿပီး သူ႔ခ်စ္သူနဲ႔မထင္မွတ္ပဲျပန္ဆံုေတြ႕ရကာ သူ႔...
916K 48.5K 43
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
81.2K 8.1K 11
ပြန်လည်မွေးဖွားလာပြီးနောက် (၅) နှစ်အရွယ် မုန့်ဖေး - '' ချယ်ချယ်.....ဖေးဖေးနဲ့ပဲ အိပ်ပါ...ဖက်ထား ဖက်ထား နော်...နော်'' (၁၅) နှစ်အရွယ် မုန့်ဖေး - '' ချယ...