𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...
By pickpachacon333
974K 111K 5.5K
Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More
Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!
Part_58
7.2K 912 73
By pickpachacon333
Uni
လက်မှတ်ထိုးပေးပြီးတဲ့အခါမှာတော့ တာဝန်ခံလူကြီးက ဖုန်းတစ်ချက်လှမ်းဆက်လိုက်သည်။ စက္ကန့်ဝက်လောက်အချိန်အတွင်းမှာပဲ လူတစ်ယောက်က နာရာကိုပွေ့ချီကာ တံခါးချပ်မှတစ်ဆင့်ထွက်လာသည်ကိုမြင်လိုက်ရသည်။ နာရာ ကမေ့လဲနေတုန်းပဲရှိ‌သေးကာ သူမ ဒီကိုရောက်လာသည်ဆိုတာကိုတောင် မသိလောက်သေးပေ။ သူက နာရာ့ကိုပွေ့ချီမလို့လက်ကမ်းလိုက်ပေမဲ့ ထိုလူက သူ့ကိုငြင်းဆန်လိုက်သည်။ တာဝန်ခံလူကြီးက ရှေ့တိုးလာကာ
“သခင်လေး။ ဒီမိန်းကလေးကို သခင်လေးရဲ့သက်တော်စောင့်တွေလက်ထဲ ကျွန်တော်တို့လူက သေချာထည့်ပေးလိုက်မှာပါ။ မပူပါနဲ့။ သခင်လေးက အပြင်ထွက်ဖို့အဆင်မပြေလို့ပါ။”
အင်းထယ်မျက်နှာမှာ ချေွးအနည်းငယ်စို့လာသည်။ ဒီနေရာမှာ Air-con ရှိနေပေမဲ့ ဖိအားတစ်ချို့ကိုခံစားနေရသည်။ ကြည့်ရတာ သူတို့က သူ့ကိုလုံးဝအပြင်ထွက်ခွင့်မပေးဘူးပဲ။ သူက ခဏလောက်စဉ်းစားပြီးမှခေါင်းကိုညိမ့်ကာ
“ကောင်းပြီလေ။ ဒါဆိုလည်း ကျွန်တော် သူတို့ကိုဖုန်းနဲ့ပဲ ပြောစရာရှိတာပြောလိုက်ပါ့မယ်”
တာဝန်ခံလူကြီးက ခေါင်းညိမ့်ပြလိုက်တော့ နာရာ့ကိုသယ်လာသည့်လူသည် အပြင်ဘက်သို့ဖြေးဖြေးချင်းထွက်သွားသည်။ သူကအိတ်ထဲကဖုန်းကိုထုတ်လိုက်ကာ သက်တော်စောင့်ခေါင်းဆောင်ဆီဆက်သွယ်လိုက်သည်။
“သခင်လေး။ ဘာဖြစ်လို့ထွက်မလာသေးတာလဲ”
ဖုန်းဝင်ဝင်ချင်း ခေါင်းဆောင်၏ အလောတကြီးအသံကိုကြားလိုက်ရသည်။ ကြည့်ရတာ ကလေးမလေးကသူတို့လက်ထဲရောက်နေပေမဲ့ သူထွက်မလာ‌သေးတာကြောင့် စိတ်ပူနေပုံရသည်။
“အာ....ငါကိစ္စတစ်ချို့ရှိလို့။ မင်းတို့အိမ်ပြန်နှင့်လိုက်။ နာရာ့ကို သူမ ဘာဖြစ်ခဲ့လဲ လုံးဝမသိစေနဲ့။ သေချာပြန်ပို့လိုက်။ ပြီးရင် အမေ့ကိုပြောပေးပါ။ ငါဒီညသန်းခေါင်မှအိမ်ပြန်မရောက်ရင် ပိုက်ဆံများများလေးယူပြီး ဒီကိုလိုက်လာခဲ့ပါလို့”
“သခင်လေး ဘာများဖြစ်လို့လဲ”
“မေးမနေနဲ့။ ငါပြောသလိုလုပ်လိုက်။ နားလည်လား”
“ဟုတ်ကဲ့။”
တံတွေးကိုမျိုချကာ ဖုန်းချလိုက်သည်။ အခုကစပြီး ဘာတွေကြုံရမလဲဆိုတာ သူလုံးဝမသိနိုင်တော့။ သူ့ပုခုံးပေါ်က ဇီးကွက်ကောင်ကလည်း စာချုပ်လက်မှတ်ထိုးပြီးကတည်းက ရှာမတွေ့တော့တာအခုထိ။ ဒီအကောင်က အရေးအကြောင်းဆို ပျောက်ပျောက်သွားတတ်လွန်းပါသည်။
“ဒီလိုဆို ကျွန်တော်တို့ သခင်လေးကို လမ်းပြပါရစေ”
တာဝန်ခံလူက ဒီအခြေအနေရောက်တာတောင် သူ့ကိုရိုသေနေတုန်းပဲမို့ သူအံ့ဩမိသည်။ ဒီလူတွေသည် အရောင်းခံရမည့်မိန်းကလေးတွေအပေါ်လည်း ဒီလိုရိုသေမယ်လို့ မထင်ပါပေ။ ဘယ်ကိုသွားရမှာလဲလို့မေးမနေတော့ဘဲ လမ်းပြသည့်နောက်ကိုသာ လိုက်လာခဲ့သည်။ သူတွေ့ခဲ့သော တံခါးချပ်နောက်ကွယ်တွင် တံခါးပေါင်းများစွာရှိနေသေးကာ သူများတော့မပြောတတ်ပေမဲ့ သူတော့ခေါင်းတွေမူးနေပြီဖြစ်သည်။ ထွက်ပြေးမယ်ဆိုရင်တောင် တံခါးမှားတာနဲ့ ယောင်လည်လည်ဖြစ်မှာအမှန်ပင်။
အခုလည်း ထွက်ပြေးဖို့ရည်သန်၍ လမ်းမှတ်နေသောသူ့မှာ ခေါင်းမူး၍ အန်ချင်သလိုလိုတောင်ဖြစ်လာသည်။ ဘယ်ကွေ့လိုက် ညာကွေ့လိုက်နဲ့ ဘယ်တွေကို ဘယ်လိုသွားနေမှန်းလဲမသိ။ ဒီအိမ်သည် အိမ်မဟုတ်ဘဲ မီးရထားတွဲကို ယူဆောက်ထားလို့များ ဒီလောက်လမ်းရှည်နေသလားလို့ တွေးမိပါသည်။
“သခင်လေး ဝင်သွားလို့ရပါပြီ။”
တာဝန်ခံလူကြီးပြောလိုက်သည့်စကားကြောင့် အနည်းငယ်တောင်ပြုံးမိသွားသည်။ နောက်ဆုံးတော့လည်း ပန်းတိုင်ကိုရောက်ခဲ့ပြီပဲ။ တော်သေးတာပေါ့။ အခန်းတွေ့လို့။ နို့မို့ရင် သူလျှောက်လမ်းမှာတင် မူးလဲလောက်ပါသည်။ လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ အခန်းတံခါးကိုဖွင့်ပြီး အထဲကိုဝင်လိုက်သည်။ သူထင်တာက သခင်ကြီးဆိုသည့် မကောင်းဆိုးဝါး ဂိုဏ်းခေါင်းဆောင်ကြီးသည် အဘိုးကြီးဖြစ်မည်ဆိုပေမဲ့ မြင်လိုက်ရတာကတော့ အပေါက်ဝဘက်ကို ကျောခိုင်းနေသည့် ကျောပြင်တစ်ခုပင်ဖြစ်သည်။
ခပ်မတ်မတ်ရပ်ထားသော ကျောပြင်က ငယ်ရွယ်မှုနှင့် Smart ကျမှုကိုဖော်ပြနေလေသည်။ ထိုလူမျက်နှာချင်းဆိုင်နေသည့်နေရာတွင် မှန်ပြတင်းပေါက်အကြီးကြီးရှိသည်။ လိုက်ကာတွေကိုဖွင့်ထားတာကြောင့် ခြံထဲရှိ မြက်တွေနှင့် ရှုခင်းတွေကိုမြင်နေရသည်။ မှန်ပြတင်းပေါက်က မြင်ရသည့်နေရာတွင် ယုန်လေးတွေတောင်ပြေးလွှားနေပါသေးသည်။ ကြည့်ရတာ တကယ်ကို မျက်စိပသာဒဖြစ်ဖို့ ရည်ရွယ်ပြီး လုပ်ထားဟန်တူသည်။
“အဲဒီမိန်းကလေးကို အသည်းအသန်ဝယ်နေရအောင် မင်းနဲ့ဘယ်လိုပတ်သတ်တာလဲ”
လူဆိုးခေါင်းဆောင် ပါးစပ်မှထွက်လာသော မေးခွန်းကြောင့် သူ ကျေနပ်ပြုံးလေးပြုံးလိုက်သည်။ သူ့ဟာသူ လူဆိုးခေါင်းဆောင်မကလို့ ဘာပဲဖြစ်နေနေ နာရာကို သူ့ညီနဲ့ပဲပေးစားမှာဖြစ်သည်။ ‘အခုမင်းအရမ်းသိချင်နေတယ်မလား။ နာရာ့မှာဆိုင်သူရှိမရှိဆိုတာလေ။ အဲတာဆိုလည်း ငါက ပြောပေးရမှာပေါ့။’စိတ်ထဲက အားရပါးရတွေးလိုက်ကာ ချောင်းတစ်ချက်ဟမ့်၍ ဆိုဖာခုံမှာဝင်ထိုင်လိုက်သည်။
“ခင်ဗျား သူမ ကိုစိတ်နဲ့တောင်မပစ်မှားနဲ့။ ပိုင်ရှင်ရှိပြီးသား။”
“အဲ့တော့ မင်းက သူ့ပိုင်ရှင်ပေါ့?”
လူဆိုးခေါင်းဆောင်၏ မေးခွန်းတွင် အန္တရာယ်အငွေ့အသက်တွေကိုမြင်နေရသည်။ သူက မမြင်ရသည့်မျက်နှာကို ချောင်းကြည့်လိုက်သည်။ ‘တကယ်လို့ ဟုတ်တယ်လို့သာဖြေလိုက်ရင် ငါ့ကိုသတ်မှာများလားပဲ။’ သူ့မျက်ခုံးတွေမြင့်တက်သွားသည်။ သူဒီမှာသေလို့တော့မဖြစ်သေးဘူး။ ဘယ်လိုပဲ သူ့ချစ်သူက လာကယ်မယ်ဆိုဆို စူပါမန်းလို ချက်ချင်းတော့ရောက်လာမှာမဟုတ်ဘူးလေ။ တော်ကြာဒီကောင့်လက်ချက်နဲ့သေကာမှ သူ့ချစ်သူနဲ့မတွေ့လိုက်ရဘဲနေမယ်။ သူ ဒီလိုအဖြစ်မခံနိုင်ဘူးလေ။
“အာ.......အဲ့လိုတော့မဟုတ်ပါဘူး။ ငါက သူ့.....ခဲအို..ဟုတ်တယ်။ ခဲအိုပါ”
“အိုး.......ဒီလိုလား”
ဘာလို့လဲတော့မသိပေမဲ့ တစ်ဖက်ကလူ ပြုံးလိုက်တာကို ခံစားမိလိုက်သည်။ ဒီလူဆိုးခေါင်းဆောင်ကြီးက ဘာလို့ပြုံးနေတာလဲ သူနားမလည်။ နောက်ပြီး ဒီအထဲဝင်လိုက်ကတည်းက နှင်းဆီနံ့တွေတအားမွှေးနေတယ်။ သူ နှင်းဆီပန်းတွေကို မမြင်ရပေမဲ့လို့ပေါ့။ တစ်ဖက်ကိုလှည့်နေသည့်သူသည် သူ့ဘက်ကိုဖြေးဖြေးချင်းလှည့်လာသည်။ သူသိလိုက်သည့်အတိုင်းပင် ထိုလူ၏နှုတ်ခမ်းဖျားဝယ် အပြုံးတစ်ခုရှိနေသည်။ ယုန်လေးကိုဖမ်းမိတဲ့ ကျားရဲ့အပြုံးလိုမျိုး။
သူက ကြည့်ပြီးခဏဝယ် မျက်နှာလွှဲလိုက်သည်။ ဒီလူရဲ့အကြည့်တွေက သူ့ကိုကြောက်ရွံ့စေသည်။ သူ ဒီတာဝန်တွေစလုပ်ကတည်းက သူ့ကိုကြောက်ရွံ့စေတာဆိုလို့ သူ့ချစ်သူတစ်ယောက်ပဲရှိတယ်ဆိုပေမဲ့ သူဘာလို့ ဒီလူရဲ့အကြည့်တွေကို ကြောက်နေမိတာလဲ။
“ကောင်းတာပေါ့။ အဲဒီလိုဆိုတော့လဲ။”
ထိုလူက ထိုင်ခုံပေါ်က တစ်စုံတစ်ခုကိုလှမ်းယူလိုက်ကာ သူ့အနားကိုလျှောက်လာပြီး ခေါင်းငုံ့နေသည့်သူ့အား မေးဖျားကိုဆွဲမော့စေကာ လက်ထဲကအရာကြီးကို ထောင်ပြလိုက်သည်။ အင်းထယ်ရဲ့မျက်လုံးတွေက ထိုလူ့လက်ထဲကအရာကိုမြင်တော့ ပြူးကျယ်သွားသည်။ ဒါက သူ့မျက်လုံးနီနီတွေကို ဝိုင်းစက်သွားစေပြီး သူမတူအောင်ချစ်ဖို့ကောင်းစေသည်။
“ဘာလဲ။ မင်း နှင်းဆီဖြူတွေမကြိုက်ဘူးလို့တော့မပြောနဲ့နော်။ မင်းကြိုက်တာကိုယ်သိပါတယ်။”
ထိုလူက နှင်းဆီဖြူအစည်းလိုက်ကြီးကို သူ့လက်ထဲသို့ထိုးထည့်ကာ အနောက်ကိုပြန်လျှောက်သွားသည်။ နှင်းဆီဖြူတွေကို အနီရောင်စက္ကူစနဲ့စည်းထားတာဖြစ်ကာ ဖဲကြိုးကအစအနီရောင်တွေပဲဖြစ်သည်။ သေချာကြည့်လျှင် အဖြူရောင်နှင်းဆီပွင့်ဖက်တွေပေါ်က ရွှေမှုန်သေးသေးလေးတွေကိုတောင် မြင်ရပါသေးသည်။
ဒါဆို ဒါက သူ့ချစ်သူလို့ ဆိုလိုတာလား။ ဒါကြောင့် ဒီပြောပုံဆိုပုံတွေနဲ့ ဒီလူ့ကိုရင်းနှီးသလိုခံစားနေရတာလား။
“ဘာတွေတွေးနေတာလဲ။ ကိုယ့်ရဲ့အဖြူရောင်လေး”
သူက အထက်စီးဆန်ဆန်ထိုင်နေသည့် သူ့ရှေ့ကလူကို‌ မော့ကြည့်လိုက်သည်။
“ခင်ဗျားရဲ့နာမည်က ဘာလဲ”
“ကိုယ့်ရဲ့နာမည်က...........ဂန် ဂျွန် ဝူး”
မျက်လုံးတွေကို တည့်တည့်ကြည့်တာ ဖြေလိုက်ပုံက သူ့ကိုမဝံ့မရဲဖြစ်စေသည်။ ဘာလို့လဲမသိ။ ဒီလူ့ဆီမှာAuraတွေအများကြီးရှိနေသလိုခံစားရသည်။ ဘာလို့ သူ့ချစ်သူရဲ့ Aura တွေက သူ့ကိုတိုက်ခိုက်နေရတာလဲ။ ဒီလူက သူ့ချစ်သူမဟုတ်လို့များလား။
“အဲ့တော့ မင်း........သူနဲ့မပတ်သတ်တာသေချာလား။”
“သေချာတယ်။”
အင်းထယ်က စိတ်ရှုပ်နေတာမို့ ခေါင်းငုံ့ကာပြောလိုက်သည်။ သူဘာကိုအမှန်လို့တွေးရမလဲမသိတော့။ ဒီလူက သူ့ချစ်သူ ဟုတ်တာလားမဟုတ်တာလား။ ဒါကပဲ ဂျွန်ဝူးကို မကျေမနပ်ဖြစ်သွားသည်။ အဲဒီခေါင်းငုံ့တာကဘာလဲ။ လိမ်နေလို့များ မျက်နှာကိုကြည့်ပြီးမပြောနိုင်တာလား။
“မင်း သူနဲ့ကိုယ့်ကိုယ်ကိုယ်နဲ့ လဲရဲတယ်ဆိုတော့ သူ့ကိုတကယ်ချစ်ပုံပဲနော်”
လေထုက ပိုပိုပြီးတင်းကြပ်လာသည်။ အင်းထယ်မှာ ချေွးတွေတောင်ရွှဲနေပြီဖြစ်ကာ ဒါကိုမြင်တော့မှ ဂျွန်ဝူးက စိတ်ကိုလျှော့ချလိုက်သည်။
“မင်းအဆင်ပြေရဲ့လား။ တောင်းပန်ပါတယ်။ ကိုယ် J ဝင်သွားတယ်။”
ဂျွန်ဝူးက အင်းထယ်အနားကိုသွားကာ ကိုယ်လုံးလေးကိုဖက်ထားလိုက်သည်။ သူဒီအချိန်ရောက်ဖို့ဘယ်လောက်တောင်စောင့်ခဲ့ရသလဲ။ အခုသူချစ်ရတဲ့ကောင်လေးက သူ့ရှေ့ရောက်နေပြီလေ။ တကယ်လို့ ဒီကောင်လေးက တခြားလူကိုချစ်နေတယ်ဆိုရင်တောင် ဒီကောင်လေးကို သူပိုင်တာပဲ။ တခြားဘယ်သူမှမပိုင်စေရဘူး။
အင်းထယ်က မသက်မသာခံစားနေရတာဖြစ်ကာ သူတောင့်တနေကျ ပူရှိန်းနံ့လေးနဲ့ သူ့ရင်ကိုခုန်စေသည့် အထိအတွေ့နွေးနွေးလေးကိုရတော့မှ သက်တောင့်သက်သာဖြစ်သွားသည်။ ဒါသူ့ချစ်သူဆိုတာသေချာသားပဲ။ တော်သေးတာပေါ့။ သူအရမ်းစိတ်ညစ်သွားခဲ့တာ။ အခုတော့ သူ့ချစ်သူက သူ့အနားမှာရှိနေတာပဲ။
ဂျွန်ဝူးက သူဖက်တာကို အင်းထယ်မငြင်းကြောင်းတွေ့ရှိပြီးနောက်မှာတော့ အများကြီးစိတ်ပြေသွားသည်။ သူတို့ဒီမှာပဲအချိန်ကုန်လို့မဖြစ်ပေ။ လုပ်စရာတွေအများကြီးရှိသေးတာကြောင့် ကောင်လေးကို ပွေ့ချီကာ ထရပ်လိုက်သည်။
“ဘယ်.....ဘယ်သွားမလို့လဲ။”
“ကိုယ်မင်းကိုပိုင်တယ်ဆိုတာ သေချာမဲ့ဆီသွားမလို့။”
“ခဏ.....ခဏ”
ဂျွန်ဝူးကအခန်းထဲကထွက်မလို့လုပ်ပေမဲ့ အင်းထယ်က ကမန်းကတန်းတားလိုက်တာကြောင့် ခြေလှမ်းတွေရပ်သွားသည်။
“ကျွန်တော့်ပန်းစည်းလေး”
“အိုခေ”
ဂျွန်ဝူးမျက်နှာက ပြုံးသွားသည်။ ဒီကောင်လေးက သူပေးတာကို သတိတရရှိသားပဲ။
အနောက်က တပည့်တစ်ယောက်ကို ပန်းစည်းယူလာဖို့အမိန့်ပေးလိုက်ပြီး ကားဆီအမြန်သွားလိုက်သည်။ ဒီထွက်ပေါက်က အရှေ့ဘက်ကိုကွေ့ပတ်သွားနေစရာမလိုဘဲ တံခါးတစ်ချပ်ဖွင့်လိုက်တာနှင့် အပြင်ပြန်ရောက်သွားစေသည်။ အင်းထယ်က သူတို့ဘယ်သွားနေမှန်းမသိပေမဲ့ ငြိမ်ငြိမ်လေးနေပြီးလိုက်လာလိုက်သည်။ စာသင်ရင်းတန်းလန်းထလာရတာမို့ ပင်ပန်းနေပြီဖြစ်ရာ သူချစ်သည့်ပူရှိန်းနံ့သင်းသင်းလေးနှင့်ရင်ခွင်ကြီးထဲတွင် ခဏချင်းအိပ်ပျော်သွားတော့သည်။
“ထတော့ကလေးလေး။ ကိုယ်တို့ရောက်ပြီ”
လည်ပင်းနားရောက်လာသည့် လေငွေ့နွေးနွေးကြောင့် သူနိုးလာခဲ့သည်။ နိုးနိုးချင်းမြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူခဏလောက်ဆွံ့အသွားသည်။ အနည်းငယ်အမြင်ကတ်မိသွားတာမို့ ဘေးကလူကို ဆွဲလိမ်လိုက်သည်။
“အား....သေပါပြီ။ ဘာလို့ကိုယ့်ကိုလိမ်တာလဲ။ အရမ်းနာသွားတာနော်”
သေနတ်မှန်တာတောင်တစ်ချက်မပျက်တဲ့ သူတို့ခေါင်းဆောင်က ဆွဲအလိမ်ခံရတာလေးကို ဒရမ်မာတွေချိုးနေတာကြောင့် ဘေးကတပည့်တွေရဲ့မျက်နှာတွေက တွန့်လိမ်တွန့်လိမ်တွေဖြစ်သွားကြသည်။
“လိမ်မှာပဲ။ ခင်ဗျားနာမည်ကို ကျွန်တော်သိတာ ခုနဲ့ဆို မိနစ်၅၀ပဲရှိသေးတယ်။ ခင်ဗျားက ကျွန်တော့်ကို လက်ထပ်ဖို့လုပ်တယ်?”
အင်းထယ်ပြောလဲပြောချင်စရာပါပေ။ သူ့ရှေ့မှာက လက်ထပ်ပွဲအခမ်းအနားကိုပြင်ဆင်ထားတာဖြစ်ကာ အရာရာအားလုံးက အဆင်သင့်ဖြစ်နေလေပြီ။ ပြောရရင် သူကခုံတစ်ခုံပေါ်ရောက်နေပြီး သူ့ရှေ့ကစားပွဲမှာ မင်္ဂလာစာချုပ်နှင့် ဘောပင်တစ်ချောင်းတင်ထားသည်အထိကို အဆင်သင့်ဖြစ်လွန်းနေတာဖြစ်သည်။ သူ့လက်နည်းနည်းလေးလှုပ်ရုံနဲ့ မင်္ဂလာအခမ်းအနားအထမြောက်သွားမှာဖြစ်တဲ့အထိကို ပြင်ထားသည်။ အရင်ဘဝက ယောကျ်ားလေးအဖြစ်လက်မထပ်ခဲ့ရလို့ အခုအတိုးချပြီး လက်ထပ်ချင်နေသလားမှတ်ရပါသည်။
“ဘာလဲ။ မင်းက ကိုယ့်ကို လက်မထပ်ချင်ဘူးလား”
ချက်ချင်းကြီးပြောင်းလဲသွားသောမိုးလေဝသကြောင့် ရှိသမျှလူတွေအကုန် မျက်လုံးပြူးကုန်သည်။ အင်းထယ်လည်း လန့်နေတဲ့လူထဲတွင် အပါအဝင်ဖြစ်သည်။ သူကခေါင်းခါလိုက်ကာ အသည်းအသန်ခေါင်းကိုပြန်ညိမ့်ရသည်။
“အာ...မဟုတ်..ကျွန်တော်က အခုအရမ်းစောနေသလားလို့လေ။ အဲတာ......ဟို ခင်ဗျားလုပ်ချင်လည်းရပါတယ်”
သေစမ်း။ ဘာလို့ဒီဘဝမှာသူ့ချစ်သူကတအားကြောက်ဖို့ကောင်းနေရတာလဲ။ သူဒီလိုမှမပြောလိုက်ရင် သူ့ချစ်သူရဲ့ ညစာက ရှေ့မှာခင်းကျင်းထားသည့်အစားအသောက်တွေမဟုတ်ဘဲ သူကိုယ်တိုင်ဖြစ်သွားပါလိမ့်မည်။ ပြီးတော့ သူ့ချစ်သူဒေါသထွက်ရင် ဘယ်လိုဆိုတာကောင်းကောင်းသိတာမို့ သူကြောက်နေပါသည်။
ဂျွန်ဝူးက အကြောက်လွန်ကာ ဇက်လေးပုဝင်နေသော အင်းထယ်ခေါင်းကိုဖွဖွသပ်သည်။ ဘယ်သူမှမထိရသေးသည့်ကိတ်မုန့်လေးမှ အင်းထယ်ပုံတူ သတို့သားပိစိလေးကို ဇွန်းနှင့်ခပ်ကာ ဝါးစားပြီးရယ်လိုက်သည်။ ဘေးနားမှ တပည့်တွေရဲ့မျက်နှာတွေမှောင်မဲသွားသည်။ ရယ်သံကိုက လူအရှင်လတ်လတ်ဝါးစားချင်သည့်လေသံမို့ တုတ်တုတ်မှမလှုပ်ရဲပါပေ။
“အဲ့လိုဆို ကိုယ်တို့စကြတာပေါ့နော်။ လက်မှတ်ထိုးလိုက်။”
အင်းထယ်က လက်မှတ်ထိုးမလို့ လက်လှမ်းလိုက်သော်လည်း အဆုံးမှာတော့ ဘောပင်လေးကိုမထိဘဲ လက်ကိုပြန်ရုတ်လိုက်သည်။ ဂျွန်ဝူးက ချက်ချင်းပင်မျက်မှောင်ကျုံ့သွားသည်။
“ဘာလို့လဲ။ ထိုးလိုက်လေ ဘေဘီ။”
“ကျွန်တော်ခင်ဗျားကို ကြောက်နေသေးတယ်။ နောက်ပြီး စိတ်နဲနဲကောက်နေတာမို့ အရင်ချော့ပြီးမှ လက်မှတ်ထိုးလို့မရဘူးလား။”
အင်းထယ်က စူပုပ်ပုပ်မျက်နှာထားနှင့်မဝံ့မရဲပြောလိုက်သည်။ စိတ်ကောက်သည်ဆိုသော စကားလုံးကြီးကိုပြောလိုက်ရချိန်တွင် သူ့သိက္ခာလေး အကုန်ပါသွားသလိုခံစားလိုက်ရသည်။ သူက ယောကျာ်းလေးဖြစ်ပြီး အခုစိတ်ကောက်တယ်လို့ပြောလိုက်ရတာလား။ ဒါပေမဲ့ သူဒီလိုအတင်းအကြပ်ပုံစံကြီးနဲ့တော့ လက်မထပ်နိုင်ပါ။ တစ်ဖက်က သူ့ချစ်သူမကလို့ ဘာပဲဖြစ်နေနေ လက်ထပ်ချင်စိတ်လေးဖြစ်အောင်တော့လုပ်မှပေါ့။ စတွေ့ကတည်းကJဝင်နေတဲ့ရုပ်ကြီးနဲ့။ ထစ်ကနဲရှိ စိတ်တိုနေမှတော့ ဒီဘဝမှာအတူတူနေကြရင်း တစ်ခုခုဆို ထသတ်ရင်ဘယ်လိုလုပ်မှာလဲ။ ဒါကတကယ်ကိုကြောက်စရာကြီးမဟုတ်လား။
နောက်ပြီး သူဖတ်ဖူးတဲ့ဝတၳုထဲကလို သိပ်ချစ်လွန်းလို့ဆိုပြီး လူကိုသတ် နံရံထဲမှာအလောင်းကိုမြုပ် နှလုံးကို ဝိုင်နဲ့စိမ်သောက်ရင်ဘယ်လိုလုပ်မလဲ။ အား.......ဒါကြီးက တအားကြောက်စရာကောင်းမနေဘူးလား။ သူကတွေးချင်ရာလျှောက်တွေးနေကာ သူ့ဘေးကနေကြည့်ပြီးရယ်နေသည့် ဂျွန်ဝူးကိုသတိမထားမိပေ။
ဂျွန်ဝူးက ဒီမြင်ကွင်းကိုကြည့်ပြီးအရမ်းရယ်ချင်မိသည်။ ဘယ်လိုလုပ်ဒီကောင်လေးကအရမ်းချစ်ဖို့ကောင်းရတာလဲ။ သူကိုယ်တိုင်စုံစမ်းရသလောက်တော့ ဒီကောင်လေးကအရမ်းအေးစက်စက်နိုင်ပြီး Smart ကျတယ်လို့သိထားတာ။ အခုတော့ မျက်လုံးနီနီတွေကို ဟိုလှည့်ဒီလှည့်လုပ်ကာ နှုတ်ခမ်းလေးကို ထော်၍ အတွေးလွန်နေပုံက တကယ်ကိုဆွဲမွချင်စရာကောင်းလှပါသည်။ ဒီကောင်လေး သူ့ကိုယ်သူအရမ်းချစ်ဖို့ကောင်းနေတယ်ဆိုတာကိုရော သိရဲ့လား။
စိတ်ကိုထိန်းမထားဘဲ တမင်လွှတ်ပေးလိုက်ကာ ကောင်လေးရဲ့နားရွက်လေးနှစ်ဖက်ကိုဆွဲ၍ နှုတ်ခမ်းလေးကိုဆွဲငုံလိုက်သည်။ ချယ်ရီဖျော့ရောင်နှုတ်ခမ်းလေးက သူ့အတွက်အရမ်းအရသာရှိနေသည်။ တစ်ကိုယ်လုံးကိုသာ ငုံထားရရင် ဘယ်လောက်များအရသာရှိလိုက်မလဲ။ အကယ်၍သူသာ တန်ခိုးရှိခဲ့မည်ဆိုလျှင် ဒီကောင်လေးကို ပိစိလေးဖြစ်အောင်လုပ်ပြီး ပါးစပ်ထဲငုံထားချင်မိပါသည်။ အသည်းသိပ်ယားလာသည့်အခါ ဝါးမစားပါဘူးလို့တော့ အာမမခံနိုင်ပေမဲ့ပေါ့။
ကြောင်အ,နေသည့်အခြေအနေကိုအခွင့်ကောင်းယူကာ ပါးအိအိလေးတွေကိုပါ ကိုက်ပစ်လိုက်သည်။ နှာဖျားဝမှတိုးဝင်လာသည့် နို့နံ့သင်းသင်းလေးသည် သူ့ရှေ့က စားစရာပေါင်းသောင်းခြောက်ထောင်ထက် ဆွဲဆောင်မှုအားကောင်းလွန်းလှသည်။
....................................................................................................................................................................................................
Me_ မရတော့ဘူး။ ငါအင်းထယ်ကို ဝါးစားမိတော့မယ် အူးဝါး
ဇီးကွက်ဗိုက်ပူ_ (Pick ကိုအတင်းဆွဲလျှက်) ဟိုမှာ သူ့လင်ကြီးရှိတယ်။ စိတ်ကိုထိန်း။ စိတ်ကိုထိန်း။
ဂျွန်ဝူး_ ငါ့ဘေဘီကို ဝါးစားမယ်လို့ဘယ်ကကောင်ပြောလိုက်တာလဲကွ ထွက်လာစမ်း(သေနတ်ကြီးထမ်းပြီး ကြောက်ဖို့ကောင်းသည့်မျက်နှာဖြင့်)
အင်းထယ်_ (လက်မလေးကိုစုပ်ပြီး ဂျွန်ဝူးရင်ခွင်ထဲအိပ်ပျော်နေ)
Me_ ငါလေး သွားပုန်းလိုက်ဦးမယ်။ ပိုင့်...........။(FAပီသစွာ ငိုသံကြီးနှင့်စောင်ပုံထဲသို့ပြေးသွား)
Zawgyi
“မေးမနေနဲ့။ ငါပြောသလိုလုပ်လိုက်။ နားလည်လား”
“ဟုတ်ကဲ့။”
“အိုး.......ဒီလိုလား”
“ကောင်းတာပေါ့။ အဲဒီလိုဆိုတော့လဲ။”
“သေချာတယ်။”
“မင်းအဆင်ပြေရဲ့လား။ တောင်းပန်ပါတယ်။ ကိုယ် J ဝင်သွားတယ်။”
“ဘယ်.....ဘယ်သွားမလို့လဲ။”
“ခဏ.....ခဏ”
“အိုခေ”
“ထတော့ကလေးလေး။ ကိုယ်တို့ရောက်ပြီ”
“ဘာလို့လဲ။ ထိုးလိုက်လေ ဘေဘီ။”
....................................................................................................................................................................................................
Continue Reading
You'll Also Like
231K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
3.7K 211 32
13.7K 1.6K 45
635K 67.7K 172
*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Pr...