Uni
“အစ်ကိုလေးတို့ ချက်ပြီးသွားရင် ဒေါ်ဒေါ့်ကိုပေးနော်။ ဒေါ်ဒေါ်သယ်သွားပေးမယ်။”
အိမ်အကူအဒေါ်ကြီးမှ ပျာပျာသလဲလာပြောသည်။ သူ့အနေနဲ့ အစ်ကိုလေးဟင်းချက်တတ်တယ်ဆိုတာသိနေပေမဲ့လို့ မီးဖိုချောင်ဝင်တာကိုတော့ ဒါပထမဆုံးမြင်ဖူးတာဖြစ်လို့ စိတ်လှုပ်ရှားနေပုံပင်။
“ရပါတယ်ဒေါ်ဒေါ်။ ကျွန်တော်နဲ့ သင်ပဲလုပ်လိုက်ပါ့မယ်။”
“ဪ.......ဟုတ်ကဲ့ရှင့်။ဟုတ်ကဲ့။”
“သင် လာပါဦး ကိုယ့်ကိုကူညီမယ်မဟုတ်လား။”
“ဒါပေါ့လို့။”
ဘုန်းသရေက သင့်ကို ကလေးလေးတစ်ယောက်ကိုကျီစယ်သလိုမျိုး ကျီစယ်လို့နေသည်။
“လာ ကိုယ့်ဇနီးလေးက ဒါကိုထမင်းစားခန်းထဲထိသယ်သွားပေး။ ကျန်တာ မောင်ပဲလုပ်လာခဲ့မယ်”
“ဖြစ်ပါ့မလား။ ကျန်တာက အပူကြီးတွေလေ။”
“အင်းလေ။ အဲတာကြောင့် ကိုယ်ပြောတာပေါ့။”
“ဟင့်အင်းမရပါဘူး။ လင်မယားဆိုတာအေးအတူပူအမျှတဲ့။ တူတူသယ်မယ်လာ။ ကျွန်တော်လုပ်တတ်ပါတယ်။”
“ဟုတ်ပါပြီကွာ။ ဒါပေမဲ့ အကြီးကြီးတွေမသယ်နဲ့။”
“ဟာဗျာ တူတူလုပ်ပါမယ်ဆိုနေ။”
တစ်တောင်လောက်နှုတ်ခမ်းကစူထွက်လာပြီမို့ ဘုန်းသရေလည်း မတတ်နိုင်စွာပဲခွင့်ပြုလိုက်ရသည်။ သူက သူ့ဇနီးလေးကို ဘာမှမလုပ်စေလိုပါ။ ပန်းကန်တွေကို အတူသယ်နေကြရင်း သင်ပြောတဲ့ အေးအတူပူအမျှဆိုတဲ့စကားလေးကြောင့် သူနှစ်နှစ်ကာကာပြုံးလိုက်သည်။ သူ့ဇနီးလေးက တကယ့်ကိုအလိမ္မာတုံးလေး။
“ဟေ့လူ ဘာလုပ်နေတာလဲ။ မြန်မြန်လုပ်ပါဆိုနေ။ ကျွန်တော်ဗိုက်ဆာနေပြီ။”
“ဘာရယ်? ဘယ်လိုခေါ်တယ်?”
“အာ.....မောင်လို့ မောင်ဘာလုပ်နေတာလဲလို့။”
“အဟွန်း ကိုယ်မြန်မြန်လုပ်လိုက်ပါ့မယ်။ ဗိုက်ကလေးကဆာနေပြီတဲ့လား။”
ဘုန်းသရေက သင့်ဗိုက်လေးကိုပွတ်ပေးရင်းမေးတော့ သင်က လက်သီးဆုပ်နဲ့လိုက်ထုသည်။ တည်ငြိမ်ကာသီးသန့်ဆန်တတ်ပါသော အစ်ကိုလေးရဲ့ ပြုံးရယ်နေပုံတွေကို အိမ်ရှိလူအကုန်က ပြူးပြဲကြည့်နေကြသည်။ သူတို့စိတ်ထဲတွင်တော့ တစ်ခုပဲရှိပါသည်။ ‘အချစ်ကြောင့် အစ်ကိုလေးတောင် ပြောင်းလဲလာပြီဟူ၍’
ထမင်းစားဝိုင်းရောက်တော့လည်း ဘုန်းက ခုနကပြေးလွှားရယ်မောနေတာ သူမဟုတ်သလိုပင် တည်ငြိမ်လွန်းလှသည်။ နှစ်ယောက်သားက မေမေ့ကိုအရင် စားဦးစားဖျားထည့်ပေးပြီးမှစားကြသည်။ ဘုန်းကတော့ မေမေ့ကိုထည့်ပေးပြီးသည်နှင့် သင့်ပန်းကန်ထဲသာ တစ်မျိုးပြီးတစ်မျိုးထည့်ပေးနေတော့သည်။ သင်ကတော့ ဘုန်းထည့်ပေးသမျှဟင်းတွေကို ငြင်းမနေတော့ဘဲ ခေါင်းငုံ့ကာသာ အားရပါးရစားတော့သည်။
ဘာလို့မငြင်းလဲဆိုရင် ဘုန်းက သင်ကြိုက်တာတွေကိုပဲရွေးထည့်ပေးတာလေ။ ဒီတော့ဘာမှတောင်ငြင်းစရာမလို၊ ကိုယ်တိုင်ဟင်းထည့်စရာလဲမလို၊ အေးအေးဆေးဆေးပင်စားနိုင်သည်။ ခုနက ပင်ပန်းထားသည်မို့ ဆာနေသည့်ဗိုက်ကိုအလျင်အမြန်ဖြည့်ဖို့ရာ ပလုပ်ပလောင်းစားနေပုံလေးမှာ တကယ့်ချစ်စရာလေးပင်။ ဘုန်းက ဟင်းထည့်ပေးနေရင်း ပါးလေးဖောင်းနေသော ကောင်ကလေးကို ချစ်ခြင်းတွေပြည့်နေသော မျက်စိဖြင့်ကြည့်နေလေ့ရှိသည်။
မေမေကတော့ စားပွဲထိပ်မှာထိုင်နေရင်း ထိုမြင်ကွင်းကိုကြည့်ကာ ပြုံးစိစိ။
“ဝပြီလား။ ထပ်ထည့်ပါဦးလား။”
ဘုန်းသရေက ထမင်းကုန်သွား၍ ဗိုက်လေးကိုလက်နှင့်ပွတ်နေပါသော ကောင်ကလေးအား နူးနူးညံ့ညံ့မေးလိုက်သည်။ ပါးစပ်ဖျားလေးကို လက်သုတ်ပဝါကြမ်းကြမ်းကြီးနှင့်သုတ်လျှင် ကောင်လေးနာသွားမှာစိုးရိမ်တာကြောင့် လက်နှင့်သာတယုတယသုတ်ပေးသည်။
“ဟင့်အင်း။ ကျွန်တော်........အဲ့ သင်ထပ်မစားတော့ဘူးမောင်။ ဗိုက်တင်းလှပါပြီ။”
“အင်းအင်း။ ဒီလိုဆို ခြံထဲလမ်းလျှောက်ကြည့်မလား။ ဒေါ်ဒေါ်တို့လဲ ထမင်းစားနေတာပဲ။ သင်တစ်ယောက်ထဲသွားရဲတယ်မလား။ ကိုယ့်ခြံထဲပဲ။”
“ရပါတယ် မောင်ရ။ သင်သွားရဲပါတယ်။ နောက်ကလိုက်လာခဲ့နော် ပြီးရင်။”
“ကောင်းပါပြီဗျာ။”
သင်က လေးကန်နေသည့်ခြေလှမ်းတွေကို ခြံထဲသို့ဦးတည်လိုက်သည်။ စိုက်ပျိုးထားသည့် သီးပင်စားပင်အချို့နဲ့ ပန်းပင်အချို့ကို စေ့စေ့စပ်စပ်လျှောက်ကြည့်နေလိုက်သည်။ ဟိုဘက်ခြံက လှမ်းကြည့်နေသည့် ကောင်မလေးတစ်ယောက်ကိုတော့ လုံးဝသတိမထားမိ။
“ဟေး ဒီမှာ ရှင်က ဘယ်သူလဲ။”
သင်ကမော့ကြည့်လိုက်ကာ တစ်ဖက်ခြံမှနေ၍ ဘယ်သူလဲဟုမေးပါသော ကောင်မလေးကို စူးစမ်းလိုက်သည်။ သေးသွယ်ကျစ်လစ်သောကိုယ်လုံးကလေးနှင့် ချစ်စဖွယ်ရှိသောမျက်နှာလေးက ကြည်ကြည်လင်လင်မို့ သူပြုံးပြလိုက်သည်။
“ကျွန်တော်.........အဲ့ ကျွန်မနာမည်က သင်ပါ။ ဒီတိုက်က ဦးဘုန်းသရေရဲ့ဇနီးပါ။”
“ဘာ........”
ကောင်မလေး၏လေသံကပို၍ဆိုးရွားလာသည်ဟု သူခံစားမိသည်။ တကယ်လည်း ထိုကောင်မလေးသည် သူ့ကိုစားမတတ်ဝါးမတတ်ကြည့်နေသည်။
“အမလေးရှင်။ ကိုကိုတို့များ မိန်းမယူလိုက်တယ်ကြားလို့ ဘယ်လောက်ချောသလဲလို့ ကြည့်မလို့ ဒီကစောင့်နေတာ။ တွေ့ရတော့လဲ အဟွန်း။ ခန္ဓာကိုယ်က ပြားကပ်နေတာပဲ။ မျက်နှာကလေးသနားကမားနဲ့ရယ်။”
သင်က သူ့ရင်ဘတ်လေးသူငုံ့ကြည့်လိုက်သည်။ အတုတပ်သင့်ပေမဲ့ သူတမင်ကိုမတပ်ပဲနေတာဖြစ်သည်။ တချို့မိန်းကလေးတွေလဲ ပြားကြတာပဲလေ။ မတပ်လဲရပါတယ်။ ဒါကိုဒီကလေးမက ပြားတာကပဲအပြစ်ကြီးတစ်ခုလို လာပြောနေသည်။
“ဪဟော် ပြားကပ်နေလို့လား။ ကိစ္စမရှိပါဘူးညီမရယ် ဟင်းဟင်း။ ဘာမှပူမနေပါနဲ့သိလား။ အစ်မခင်ပွန်းကလေ အစ်မပြားကပ်နေလည်း ချစ်ပြီးသား။ ညီမလေးသာ ဖုဖောင်းနေပြီး ချစ်မဲ့လူ......မရှိတာများလား။”
သင်ကအသံချိုချိုလေးနဲ့ အေးဆေးလေးပြောလိုက်သည်။ ဒီကောင်မလေးကိုကြည့်တာနှင့် သူ့ချစ်သူကိုကြိုက်နေသည့်သူဆိုတာ သူရိပ်မိပါသည်။ ဒါကြောင့် အားနည်းချက်လေးကိုနင်းပြောလိုက်သည်။ ဟုတ်တယ်လေ။ သူပြားလည်း သူ့ချစ်သူက သူ့ကိုတုန်နေအောင်ချစ်တာပဲကို။
“နင် တယ်မိုက်ရိုင်းလှချည်လား။”
တစ်ဖက်ကကောင်မလေးသည် ဒေါသတကြီးနှင့်လက်ကိုမြှောက်ကာ ခြံစည်းရိုးနားကိုလာသည်။ ခြံစည်းရိုးသည် မြင့်တော့မြင့်ပေမဲ့ မျက်နှာကိုရိုက်မည်ဆိုလျှင်တော့ ရလောက်သောအမြင့်ဖြစ်သည်။ သူက နောက်ကိုအေးဆေးလေးဆုတ်လိုက်မည်ဟုတွေးထားပေမဲ့ နူးညံ့တည်ငြိမ်သောခေါ်သံက သူ့နားထဲစီးဝင်လာကာ နောက်ကို ညင်ညင်သာသာလေးအဆွဲခံလိုက်ရသည်။
“သင်.......အစာကြေအောင်လမ်းလျှောက်ပါဆိုကွာ။ သိပ်ဆိုးတာပဲကိုယ့်ဇနီးလေးက။ သွား။ အိမ်ထဲဝင်ပြီး လိမေ္မာ်ရည်သောက်လိုက်ဦး။ မေမေတို့စောင့်နေတယ်။”
ဘုန်းက ရင်ခွင်ထဲရောက်လာသည့် သင့်နှဖူးလေးကို ဖွဖွထုကာ ပြောသည်။ သင်ကလည်း ရလာသည့်အခွင့်အရေးကိုလက်လွှတ်မခံဘဲ ဘုန်းသရေရဲ့လက်မောင်းကိုချိတ်လိုက်သည်။
“မောင်လိုက်ခဲ့မှာလား။ မောင်မလိုက်ခဲ့ရင်မဝင်ဘူး။”
တမင်နှုတ်ခမ်းကြီးဆူကာ ချွဲပြနေသော သင့်ကို ခေါင်းလေးဖွဖွပုတ်ပေးလိုက်သည်။
“ကောင်းပြီလေ။ ကိုယ်ပါလိုက်ခဲ့မယ်လာ။ သွားကြရအောင်။”
တစ်ဖက်ခြံမှကောင်မလေးဆီသို့လှည့်ကြည့်လိုက်သော ဘုန်းသရေ၏မျက်လုံးတွေမှာ မီးတောက်သကဲ့သို့ စူးရှနေသည်။ ထိုကိစ္စကို ရင်ခွင်ထဲဝင်ကာ မှီနေပါသော သင်လေးတော့ မသိနိုင်လောက်ပါ။
“ဆီမီးထွန်းကြမယ်။ လာ။”
ဘုန်းသရေ၏ဖိတ်ခေါ်မှုကြောင့် ဆီမီးထွန်းနေကြသည့်အထဲမှာသူပါ ပါဝင်လာသည်။ သီတင်းကျွတ်လပြည့်နေ့မို့ လကြီးကထိန်နေသည့်အထဲ ဆီမီး အရောင်ဝင်းဝင်းက တစ်မျိုးကြည့်ကောင်းလှသည်။ ဘုန်းသရေ ပြင်ပေးထားသော ဆီမီးခွက်လေးထဲကို သင်ကမီးညှိနေသည်။
“ထွန်းပြီးသွားရင် ဟိုးနတ်ပြည်မှာရှိတဲ့ ဆံတော်စေတီကိုအာရုံပြုပြီး ဆီမီးလှူလိုက်နော်။”
ဘုန်းသရေက ဆီမီးထွန်းနေသည့် ကောင်လေး၏ခေါင်းလေးကို ဖွဖွပုတ်ကာ အသံတိုးတိုးနှင့်ပြောသည်။ ကောင်လေးက ခေါင်းညိမ့်ကာ ဆီမီးလေးကိုင်၍ မျက်လုံးလေးမှိတ်ကာအာရုံပြသည်။ တစ်အိမ်လုံးကိုလိုက်ထွန်းနေကြသည့်အထဲမှာ မေမေနှင့် ဒေါ်ကြွေဆိုသည့်ဒေါ်ဒေါ်ကတစ်ဖွဲ့။ ဘုန်းသရေနှင့် သင်ကတစ်ဖွဲဖြစ်နေသည်။
“တံခါးမှာကျတော့ တံခါးစောင့်နတ်ကြီးကိုလည်း ကိုယ်တို့နဲ့တူတူ ဆီမီးလှူပါဆိုပြီး ဖိတ်ပြီးမှထွန်း။”
“ဟုတ်ကဲ့။”
သင်က ဒီလိုလုပ်ရတာတွေကို သိပြီးသားဖြစ်ပေမဲ့ သူ့ချစ်သူရဲ့အသံလေးကိုကြားနေချင်တာကြောင့် ကလေးတစ်ယောက်လို မသိနားမလည်သည့်ပုံလေးဖြင့်ပဲ ငြိမ်နေလိုက်သည်။ သူ့ချစ်သူအသံသည် ဩဩလေးကိုမှ တည်ငြိမ်တဲ့လေသံမျိုး။ နားထောင်သူကို အေးချမ်းမှုနဲ့ နွေးထွေးမှုပေးနိုင်သည့်လေသံမျိုးဖြစ်သည်။
“ပြီးပြီ။ သင်တို့ဘက်ကအကုန်ထွန်းပြီးသွားပြီ။”
ဘုန်းက သွားတန်းဖြူဖြူလေးတွေပေါ်အောင်ရယ်နေသောကောင်လေးကို အမြတ်တနိုးကြည့်လိုက်သည်။
“ဟုတ်ပြီ။ ဒါဆိုကိုယ်တို့ မေမေ့ကိုအတူကန်တော့ရအောင်။ ခဏနေရင် ကိုယ်တို့အမျိုးတွေလည်းလာကြလိမ့်မယ်။ သင့်ကို ကိုယ့်ဇနီးလေးဆိုတာ အားလုံးကိုမိတ်ဆက်ပေးရမယ်။”
“ဟုတ်ကဲ့။”
.............................................................................................................................................................................................................................
A/N
ဟေးဟေး တိုတယ်လို့မအော်နဲ့ဝေး။
ဖေဖေက ဆယ်နာရီ၁၅အိပ်ရမယ်ဆိုလို့ လစ်မစ်မှီအောင်ရေးနေရတယ်။ အဟင့်အဟင့် ပြန်မစစ်မိတော့ဘူးနော်။ မှားနေရင်ထောက်ကြပါဦး။
Zawgyi
“အစ္ကိုေလးတို့ ခ်က္ၿပီးသြားရင္ ေဒၚေဒါ့္ကိုေပးေနာ္။ ေဒၚေဒၚသယ္သြားေပးမယ္။”
အိမ္အကူအေဒၚႀကီးမွ ပ်ာပ်ာသလဲလာေျပာသည္။ သူ႔အေနနဲ႔ အစ္ကိုေလးဟင္းခ်က္တတ္တယ္ဆိုတာသိေနေပမဲ့လို့ မီးဖိုေခ်ာင္ဝင္တာကိုေတာ့ ဒါပထမဆုံးျမင္ဖူးတာျဖစ္လို့ စိတ္လွုပ္ရွားေနပုံပင္။
“ရပါတယ္ေဒၚေဒၚ။ ကၽြန္ေတာ္နဲ႔ သင္ပဲလုပ္လိုက္ပါ့မယ္။”
“ဪ.......ဟုတ္ကဲ့ရွင့္။ဟုတ္ကဲ့။”
“သင္ လာပါဦး ကိုယ့္ကိုကူညီမယ္မဟုတ္လား။”
“ဒါေပါ့လို့။”
ဘုန္းသေရက သင့္ကို ကေလးေလးတစ္ေယာက္ကိုက်ီစယ္သလိုမ်ိဳး က်ီစယ္လို့ေနသည္။
“လာ ကိုယ့္ဇနီးေလးက ဒါကိုထမင္းစားခန္းထဲထိသယ္သြားေပး။ က်န္တာ ေမာင္ပဲလုပ္လာခဲ့မယ္”
“ျဖစ္ပါ့မလား။ က်န္တာက အပူႀကီးေတြေလ။”
“အင္းေလ။ အဲတာေၾကာင့္ ကိုယ္ေျပာတာေပါ့။”
“ဟင့္အင္းမရပါဘူး။ လင္မယားဆိုတာေအးအတူပူအမၽွတဲ့။ တူတူသယ္မယ္လာ။ ကၽြန္ေတာ္လုပ္တတ္ပါတယ္။”
“ဟုတ္ပါၿပီကြာ။ ဒါေပမဲ့ အႀကီးႀကီးေတြမသယ္နဲ႔။”
“ဟာဗ်ာ တူတူလုပ္ပါမယ္ဆိုေန။”
တစ္ေတာင္ေလာက္ႏွုတ္ခမ္းကစူထြက္လာၿပီမို့ ဘုန္းသေရလည္း မတတ္နိုင္စြာပဲခြင့္ျပဳလိုက္ရသည္။ သူက သူ႔ဇနီးေလးကို ဘာမွမလုပ္ေစလိုပါ။ ပန္းကန္ေတြကို အတူသယ္ေနၾကရင္း သင္ေျပာတဲ့ ေအးအတူပူအမၽွဆိုတဲ့စကားေလးေၾကာင့္ သူႏွစ္ႏွစ္ကာကာျပဳံးလိုက္သည္။ သူ႔ဇနီးေလးက တကယ့္ကိုအလိမၼာတုံးေလး။
“ေဟ့လူ ဘာလုပ္ေနတာလဲ။ ျမန္ျမန္လုပ္ပါဆိုေန။ ကၽြန္ေတာ္ဗိုက္ဆာေနၿပီ။”
“ဘာရယ္? ဘယ္လိုေခၚတယ္?”
“အာ.....ေမာင္လို့ ေမာင္ဘာလုပ္ေနတာလဲလို့။”
“အဟြန္း ကိုယ္ျမန္ျမန္လုပ္လိုက္ပါ့မယ္။ ဗိုက္ကေလးကဆာေနၿပီတဲ့လား။”
ဘုန္းသေရက သင့္ဗိုက္ေလးကိုပြတ္ေပးရင္းေမးေတာ့ သင္က လက္သီးဆုပ္နဲ႔လိုက္ထုသည္။ တည္ၿငိမ္ကာသီးသန႔္ဆန္တတ္ပါေသာ အစ္ကိုေလးရဲ့ ျပဳံးရယ္ေနပုံေတြကို အိမ္ရွိလူအကုန္က ျပဴးျပဲၾကည့္ေနၾကသည္။ သူတို့စိတ္ထဲတြင္ေတာ့ တစ္ခုပဲရွိပါသည္။ ‘အခ်စ္ေၾကာင့္ အစ္ကိုေလးေတာင္ ေျပာင္းလဲလာၿပီဟူ၍’
ထမင္းစားဝိုင္းေရာက္ေတာ့လည္း ဘုန္းက ခုနကေျပးလႊားရယ္ေမာေနတာ သူမဟုတ္သလိုပင္ တည္ၿငိမ္လြန္းလွသည္။ ႏွစ္ေယာက္သားက ေမေမ့ကိုအရင္ စားဦးစားဖ်ားထည့္ေပးၿပီးမွစားၾကသည္။ ဘုန္းကေတာ့ ေမေမ့ကိုထည့္ေပးၿပီးသည္ႏွင့္ သင့္ပန္းကန္ထဲသာ တစ္မ်ိဳးၿပီးတစ္မ်ိဳးထည့္ေပးေနေတာ့သည္။ သင္ကေတာ့ ဘုန္းထည့္ေပးသမၽွဟင္းေတြကို ျငင္းမေနေတာ့ဘဲ ေခါင္းငုံ႔ကာသာ အားရပါးရစားေတာ့သည္။
ဘာလို့မျငင္းလဲဆိုရင္ ဘုန္းက သင္ႀကိဳက္တာေတြကိုပဲေရြးထည့္ေပးတာေလ။ ဒီေတာ့ဘာမွေတာင္ျငင္းစရာမလို၊ ကိုယ္တိုင္ဟင္းထည့္စရာလဲမလို၊ ေအးေအးေဆးေဆးပင္စားနိုင္သည္။ ခုနက ပင္ပန္းထားသည္မို့ ဆာေနသည့္ဗိုက္ကိုအလ်င္အျမန္ျဖည့္ဖို့ရာ ပလုပ္ပေလာင္းစားေနပုံေလးမွာ တကယ့္ခ်စ္စရာေလးပင္။ ဘုန္းက ဟင္းထည့္ေပးေနရင္း ပါးေလးေဖာင္းေနေသာ ေကာင္ကေလးကို ခ်စ္ျခင္းေတြျပည့္ေနေသာ မ်က္စိျဖင့္ၾကည့္ေနေလ့ရွိသည္။
ေမေမကေတာ့ စားပြဲထိပ္မွာထိုင္ေနရင္း ထိုျမင္ကြင္းကိုၾကည့္ကာ ျပဳံးစိစိ။
“ဝၿပီလား။ ထပ္ထည့္ပါဦးလား။”
ဘုန္းသေရက ထမင္းကုန္သြား၍ ဗိုက္ေလးကိုလက္ႏွင့္ပြတ္ေနပါေသာ ေကာင္ကေလးအား ႏူးႏူးညံ့ညံ့ေမးလိုက္သည္။ ပါးစပ္ဖ်ားေလးကို လက္သုတ္ပဝါၾကမ္းၾကမ္းႀကီးႏွင့္သုတ္လၽွင္ ေကာင္ေလးနာသြားမွာစိုးရိမ္တာေၾကာင့္ လက္ႏွင့္သာတယုတယသုတ္ေပးသည္။
“ဟင့္အင္း။ ကၽြန္ေတာ္........အဲ့ သင္ထပ္မစားေတာ့ဘူးေမာင္။ ဗိုက္တင္းလွပါၿပီ။”
“အင္းအင္း။ ဒီလိုဆို ၿခံထဲလမ္းေလၽွာက္ၾကည့္မလား။ ေဒၚေဒၚတို့လဲ ထမင္းစားေနတာပဲ။ သင္တစ္ေယာက္ထဲသြားရဲတယ္မလား။ ကိုယ့္ၿခံထဲပဲ။”
“ရပါတယ္ ေမာင္ရ။ သင္သြားရဲပါတယ္။ ေနာက္ကလိုက္လာခဲ့ေနာ္ ၿပီးရင္။”
“ေကာင္းပါၿပီဗ်ာ။”
သင္က ေလးကန္ေနသည့္ေျခလွမ္းေတြကို ၿခံထဲသို့ဦးတည္လိုက္သည္။ စိုက္ပ်ိဳးထားသည့္ သီးပင္စားပင္အခ်ိဳ့နဲ႔ ပန္းပင္အခ်ိဳ့ကို ေစ့ေစ့စပ္စပ္ေလၽွာက္ၾကည့္ေနလိုက္သည္။ ဟိုဘက္ၿခံက လွမ္းၾကည့္ေနသည့္ ေကာင္မေလးတစ္ေယာက္ကိုေတာ့ လုံးဝသတိမထားမိ။
“ေဟး ဒီမွာ ရွင္က ဘယ္သူလဲ။”
သင္ကေမာ့ၾကည့္လိုက္ကာ တစ္ဖက္ၿခံမွေန၍ ဘယ္သူလဲဟုေမးပါေသာ ေကာင္မေလးကို စူးစမ္းလိုက္သည္။ ေသးသြယ္က်စ္လစ္ေသာကိုယ္လုံးကေလးႏွင့္ ခ်စ္စဖြယ္ရွိေသာမ်က္ႏွာေလးက ၾကည္ၾကည္လင္လင္မို့ သူျပဳံးျပလိုက္သည္။
“ကၽြန္ေတာ္.........အဲ့ ကၽြန္မနာမည္က သင္ပါ။ ဒီတိုက္က ဦးဘုန္းသေရရဲ့ဇနီးပါ။”
“ဘာ........”
ေကာင္မေလး၏ေလသံကပို၍ဆိုးရြားလာသည္ဟု သူခံစားမိသည္။ တကယ္လည္း ထိုေကာင္မေလးသည္ သူ႔ကိုစားမတတ္ဝါးမတတ္ၾကည့္ေနသည္။
“အမေလးရွင္။ ကိုကိုတို့မ်ား မိန္းမယူလိုက္တယ္ၾကားလို့ ဘယ္ေလာက္ေခ်ာသလဲလို့ ၾကည့္မလို့ ဒီကေစာင့္ေနတာ။ ေတြ႕ရေတာ့လဲ အဟြန္း။ ခႏၶာကိုယ္က ျပားကပ္ေနတာပဲ။ မ်က္ႏွာကေလးသနားကမားနဲ႔ရယ္။”
သင္က သူ႔ရင္ဘတ္ေလးသူငုံ႔ၾကည့္လိုက္သည္။ အတုတပ္သင့္ေပမဲ့ သူတမင္ကိုမတပ္ပဲေနတာျဖစ္သည္။ တခ်ိဳ့မိန္းကေလးေတြလဲ ျပားၾကတာပဲေလ။ မတပ္လဲရပါတယ္။ ဒါကိုဒီကေလးမက ျပားတာကပဲအျပစ္ႀကီးတစ္ခုလို လာေျပာေနသည္။
“ဪေဟာ္ ျပားကပ္ေနလို့လား။ ကိစၥမရွိပါဘူးညီမရယ္ ဟင္းဟင္း။ ဘာမွပူမေနပါနဲ႔သိလား။ အစ္မခင္ပြန္းကေလ အစ္မျပားကပ္ေနလည္း ခ်စ္ၿပီးသား။ ညီမေလးသာ ဖုေဖာင္းေနၿပီး ခ်စ္မဲ့လူ......မရွိတာမ်ားလား။”
သင္ကအသံခ်ိဳခ်ိဳေလးနဲ႔ ေအးေဆးေလးေျပာလိုက္သည္။ ဒီေကာင္မေလးကိုၾကည့္တာႏွင့္ သူ႔ခ်စ္သူကိုႀကိဳက္ေနသည့္သူဆိုတာ သူရိပ္မိပါသည္။ ဒါေၾကာင့္ အားနည္းခ်က္ေလးကိုနင္းေျပာလိုက္သည္။ ဟုတ္တယ္ေလ။ သူျပားလည္း သူ႔ခ်စ္သူက သူ႔ကိုတုန္ေနေအာင္ခ်စ္တာပဲကို။
“နင္ တယ္မိုက္ရိုင္းလွခ်ည္လား။”
တစ္ဖက္ကေကာင္မေလးသည္ ေဒါသတႀကီးႏွင့္လက္ကိုေျမႇာက္ကာ ၿခံစည္းရိုးနားကိုလာသည္။ ၿခံစည္းရိုးသည္ ျမင့္ေတာ့ျမင့္ေပမဲ့ မ်က္ႏွာကိုရိုက္မည္ဆိုလၽွင္ေတာ့ ရေလာက္ေသာအျမင့္ျဖစ္သည္။ သူက ေနာက္ကိုေအးေဆးေလးဆုတ္လိုက္မည္ဟုေတြးထားေပမဲ့ ႏူးညံ့တည္ၿငိမ္ေသာေခၚသံက သူ႔နားထဲစီးဝင္လာကာ ေနာက္ကို ညင္ညင္သာသာေလးအဆြဲခံလိုက္ရသည္။
“သင္.......အစာေၾကေအာင္လမ္းေလၽွာက္ပါဆိုကြာ။ သိပ္ဆိုးတာပဲကိုယ့္ဇနီးေလးက။ သြား။ အိမ္ထဲဝင္ၿပီး လိေမၼာ္ရည္ေသာက္လိုက္ဦး။ ေမေမတို့ေစာင့္ေနတယ္။”
ဘုန္းက ရင္ခြင္ထဲေရာက္လာသည့္ သင့္ႏွဖူးေလးကို ဖြဖြထုကာ ေျပာသည္။ သင္ကလည္း ရလာသည့္အခြင့္အေရးကိုလက္လႊတ္မခံဘဲ ဘုန္းသေရရဲ့လက္ေမာင္းကိုခ်ိတ္လိုက္သည္။
“ေမာင္လိုက္ခဲ့မွာလား။ ေမာင္မလိုက္ခဲ့ရင္မဝင္ဘူး။”
တမင္ႏွုတ္ခမ္းႀကီးဆူကာ ခၽြဲျပေနေသာ သင့္ကို ေခါင္းေလးဖြဖြပုတ္ေပးလိုက္သည္။
“ေကာင္းၿပီေလ။ ကိုယ္ပါလိုက္ခဲ့မယ္လာ။ သြားၾကရေအာင္။”
တစ္ဖက္ၿခံမွေကာင္မေလးဆီသို့လွည့္ၾကည့္လိုက္ေသာ ဘုန္းသေရ၏မ်က္လုံးေတြမွာ မီးေတာက္သကဲ့သို့ စူးရွေနသည္။ ထိုကိစၥကို ရင္ခြင္ထဲဝင္ကာ မွီေနပါေသာ သင္ေလးေတာ့ မသိနိုင္ေလာက္ပါ။
“ဆီမီးထြန္းၾကမယ္။ လာ။”
ဘုန္းသေရ၏ဖိတ္ေခၚမွုေၾကာင့္ ဆီမီးထြန္းေနၾကသည့္အထဲမွာသူပါ ပါဝင္လာသည္။ သီတင္းကၽြတ္လျပည့္ေန႔မို့ လႀကီးကထိန္ေနသည့္အထဲ ဆီမီး အေရာင္ဝင္းဝင္းက တစ္မ်ိဳးၾကည့္ေကာင္းလွသည္။ ဘုန္းသေရ ျပင္ေပးထားေသာ ဆီမီးခြက္ေလးထဲကို သင္ကမီးညႇိေနသည္။
“ထြန္းၿပီးသြားရင္ ဟိုးနတ္ျပည္မွာရွိတဲ့ ဆံေတာ္ေစတီကိုအာ႐ုံျပဳၿပီး ဆီမီးလွူလိုက္ေနာ္။”
ဘုန္းသေရက ဆီမီးထြန္းေနသည့္ ေကာင္ေလး၏ေခါင္းေလးကို ဖြဖြပုတ္ကာ အသံတိုးတိုးႏွင့္ေျပာသည္။ ေကာင္ေလးက ေခါင္းညိမ့္ကာ ဆီမီးေလးကိုင္၍ မ်က္လုံးေလးမွိတ္ကာအာ႐ုံျပသည္။ တစ္အိမ္လုံးကိုလိုက္ထြန္းေနၾကသည့္အထဲမွာ ေမေမႏွင့္ ေဒၚေႂကြဆိုသည့္ေဒၚေဒၚကတစ္ဖြဲ႕။ ဘုန္းသေရႏွင့္ သင္ကတစ္ဖြဲျဖစ္ေနသည္။
“တံခါးမွာက်ေတာ့ တံခါးေစာင့္နတ္ႀကီးကိုလည္း ကိုယ္တို့နဲ႔တူတူ ဆီမီးလွူပါဆိုၿပီး ဖိတ္ၿပီးမွထြန္း။”
“ဟုတ္ကဲ့။”
သင္က ဒီလိုလုပ္ရတာေတြကို သိၿပီးသားျဖစ္ေပမဲ့ သူ႔ခ်စ္သူရဲ့အသံေလးကိုၾကားေနခ်င္တာေၾကာင့္ ကေလးတစ္ေယာက္လို မသိနားမလည္သည့္ပုံေလးျဖင့္ပဲ ၿငိမ္ေနလိုက္သည္။ သူ႔ခ်စ္သူအသံသည္ ဩဩေလးကိုမွ တည္ၿငိမ္တဲ့ေလသံမ်ိဳး။ နားေထာင္သူကို ေအးခ်မ္းမွုနဲ႔ ေႏြးေထြးမွုေပးနိုင္သည့္ေလသံမ်ိဳးျဖစ္သည္။
“ၿပီးၿပီ။ သင္တို့ဘက္ကအကုန္ထြန္းၿပီးသြားၿပီ။”
ဘုန္းက သြားတန္းျဖဴျဖဴေလးေတြေပၚေအာင္ရယ္ေနေသာေကာင္ေလးကို အျမတ္တနိုးၾကည့္လိုက္သည္။
“ဟုတ္ၿပီ။ ဒါဆိုကိုယ္တို့ ေမေမ့ကိုအတူကန္ေတာ့ရေအာင္။ ခဏေနရင္ ကိုယ္တို့အမ်ိဳးေတြလည္းလာၾကလိမ့္မယ္။ သင့္ကို ကိုယ့္ဇနီးေလးဆိုတာ အားလုံးကိုမိတ္ဆက္ေပးရမယ္။”
“ဟုတ္ကဲ့။”
.............................................................................................................................................................................................................................
A/N
ေဟးေဟး တိုတယ္လို့မေအာ္နဲ႔ေဝး။
ေဖေဖက ဆယ္နာရီ၁၅အိပ္ရမယ္ဆိုလို့ လစ္မစ္မွီေအာင္ေရးေနရတယ္။ အဟင့္အဟင့္ ျပန္မစစ္မိေတာ့ဘူးေနာ္။ မွားေနရင္ေထာက္ၾကပါဦး။