𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

978K 111K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

Part_45

6.6K 916 23
By pickpachacon333

Uni

နောက်တစ်နေ့မနက်စောစောရောက်တော့ မေမေက သူ့ကိုနှိုးကာ မီးဖိုချောင်ထဲခေါ်သွားသည်။

“သမီးလေး ဟင်းမချက်တတ်ဘူးလို့ သားကပြောတယ်။ ဒီတော့ ဒီမှာနေတုန်း မေမေ သမီးကို ဟင်းချက်သင်ပေးမယ်။ သေချာလိုက်ကြည့်နော်သမီး။ မိန်းကလေးဆိုတာ ချက်တတ်ပြုတ်တတ်မှ အိမ်ထောင့်တာဝန်ပီပြင်မှာသမီးရဲ့။ လင်သားကို အချက်အပြုတ် လက်ရာကောင်းကောင်းနဲ့ သိမ်းပိုက်ထားမှ သူတို့ကလည်း ကိုယ်မှကိုယ်ဖြစ်လာမှာပေါ့ကွယ်။ ဟုတ်ပြီလား။”

“ဟုတ်ကဲ့ပါမေမေ သမီးသေချာလိုက်ကြည့်ပါ့မယ်။”

“အေးအေးလိမ္မာတယ်။ သမီးဘာဟင်းအကြိုက်ဆုံးလဲ။”

“အာလူး”

“အဲဒါဆိုရင်တော့ အာလူးနဲ့ပတ်သတ်တာလေး အရင်သင်ပေးမယ်။ ကိုယ်ကြိုက်တဲ့ဟင်းကစပြီးသင်တော့ တတ်လွယ်တာပေါ့ကွဲ့။”

“ဟုတ်ကဲ့။”

ဒီလိုနဲ့ မနက်ခင်းတစ်ပိုင်းလုံးသည် ဟင်းချက်သင်တာနဲ့ပင်ပြီးဆုံးသွားသည်။မနက်ပိုင်းကတည်းက သူ့ချစ်သူကိုမတွေ့ရသေးတာကြောင့် ဟင်းချက်လို့ပင်ပန်းတာထက်ကို ပိုပြီးစိတ်မကြည်ဖြစ်နေရသည်။ ဟင်းချက်သင်တာကတော့ အားလုံးအဆင်ပြေပါသည်။ အခုဆိုသူက ဟင်းပွဲကြီးငါးပွဲနဲ့ အလွယ်စားလို့ရမဲ့ဟာ နှစ်ပွဲတတ်မြောက်သွားလေပြီ။ မေမေက စိတ်ရှည်လက်ရှည်သင်ပေးသလို သူ့ရဲ့တတ်မြောက်နိုင်မှုစွမ်းရည်ကလည်း မြင့်တာကြောင့်ဖြစ်သည်။

“မေမေ မင်္ဂလာပွဲအတွက် ကျွန်တော်အားလုံးပြောဆိုထားခဲ့တယ်။ တချို့ဟာလေးတွေတော့ ကိုယ်တိုင်သွားကြည့်ရမှာပဲ။ သင့်ကိုခေါ်ပြီးတော့လေ။”

ညစာ စားပွဲမှာ ဘုန်းသရေက အစီရင်ခံသည်။

“အေးပါကွယ်။ အဲဒီလိုပဲလုပ်ပေါ့။ ဒီကိုရောက်တုန်းရောက်ခိုက်လေး လည်တာပတ်တာကိုတော့ လပြည့်နေ့မှလုပ်ကြပေါ့။ သမီးလေးကို ဘုရားတွေအစုံ မေမေလိုက်ပို့မယ်။ ဒီရက်လေးတွေတော့ အိမ်ပဲကပ်ကြပါကွယ်။ မေမေအလွမ်းဖြေပါရစေဦး။”

“ဟုတ်ကဲ့ပါမေမေ။ ဒါနဲ့ သင် ဒီနေ့ဟင်းချက်သင်တယ်ဆို။ ဘယ့်နှယ့်နေသလဲ။”

“ငါ့သမီးလေးက ဉာဏ်ကောင်းပါတယ်။ ခဏလေးနဲ့တတ်တယ်။ ဒါနဲ့သမီးလေး,မနက်ဖြန်ကျရင် သမီးခင်ပွန်းကိုလက်စွမ်းပြလိုက်ပါဦး။ ငါ့သမီးလက်ရာတတ်သလောက်ကလေး မေမေလည်း စားကြည့်ချင်လို့လေ။”

“ဟုတ်ကဲ့မေမေ အဲ့လိုပဲလုပ်လိုက်ပါ့မယ်။”

“အာ......ဒါနဲ့လေမေမေ တစ်ယောက်ထဲဆို သင် ပင်ပန်းမှာပေါ့။ ကျွန်တော်ရော ကူပါရစေလေ။”

“အင်းပါကွယ်။ မင်းတို့တတွေ တယ်လဲချစ်ကြသကိုး။ မေမေတို့ငယ်ငယ်ကအတိုင်းလိုပဲ။ ကဲကဲ စိတ်ကြိုက်သာလုပ်ကြပါကွယ်။”

“ကျေးဇူးပါမေမေ။”

ဘုန်းသရေက ကောင်လေး၏မျက်နှာနွမ်းနွမ်းလေးကိုကြည့်လိုက်၍ သနားလို့မဆုံး။ မေမေတို့က ကောင်းစေချင်၍သင်ပေးတာမှန်သော်လည်း သင်မချက်တတ်ရင်တောင် သူချက်တတ်ပါသေးသည်။ သူကပဲအမြဲချက်ကျေွးရင်လည်း ဖြစ်တာပဲလေ။ အခုတော့ ကောင်လေးမှာ အလကားသက်သက် ပင်ပန်းနေရှာသည်။
ညစာစားပြီးလို့ ဘုရားဝတ်ပြုပြီးချိန်မှာ သင့်အခန်းနားတိုးတိုးကလေးလာလိုက်သည်။ ပေါ်တင်သာလာလျှင်တော့ မေမေက ဆူပါလိမ့်မည်။

“ဒေါက်‌ဒေါက် သင်ရေ.......”

တံခါးခေါက်သံနှင့် ခေါ်သံကအစ ခပ်အုပ်အုပ်။ သင်ကလည်း နားလည်နေတာကြောင့် အခန်းတံခါးကို အသံမထွက်အောင်ထိန်းဖွင့်လိုက်သည်။ ဘုန်းသရေက အခန်းထဲအမြန်ဝင်၍ ကုတင်ပေါ်သွားထိုင်သည်။

“ဘာလုပ်ဖို့တုန်း ခင်ဗျားရဲ့။”

“အယ်...........မင်းကိုယ့်ကိုဘယ်လိုခေါ်ရမယ်?”

“ဘယ်သူမှမှမရှိတာပဲကို။ မခေါ်နိုင်ပါဘူး။ တစ်နေ့လုံး မိန်းမလိုအခေါ်ခံအပြောခံလာရတာ ညပိုင်းတော့လွတ်ပါရစေ အစ်ကိုရယ်။”

မကျေမနပ်ပြောသံလေးကချစ်စရာလေးမို့ ဘုန်းသရေ သတိလက်လွတ်ရယ်မိသည်။ ဒီကောင်လေးပြောပုံက သူ့ကိုရန်တွေ့နေသလိုလို။

“အင်းပါ။ အဲတာဆို အဲတာကို ခဏထားဦး။ လက်တွေပြ။”

“ဟင် လက်တွေ ဘာဖြစ်လို့။”

“ပြစမ်းပါ။”

ဘုန်းသရေက ကိုယ်လုံးနောက်မှာဝှက်ထားသည့် သင့်လက်တွေကို အတင်းဆွဲကြည့်သည်။ လက်နုနုလေးနှစ်ဖက်မှာ ခုထိနီရဲနေလျှက် ရှရာတစ်ချို့ကိုလည်း မြင်နေရသေးသည်။ သူ့စိတ်ထဲတွင် မေမေများ ယောက္ခမရာထူးဖြင့် အနိုင်ကျင့်နေသလားဟု တွေးမိလိုက်သည်။

“လာ.........ကိုယ်ဆေးလိမ်းပေးမယ်။ဒီလိုဆိုတာ ကြိုသိလို့ ဆေးအိတ်ပါယူလာတာ။”

“နဲနဲလေးရှတာလေးကို။ အစ်ကိုကလဲ။”

“ဘာနဲနဲလေးလဲ။ ကိုယ့်လက်လဲကိုယ်ပြန်ကြည့်ပါဦး။”

“ရပါတယ်ဆိုနေ။”

"မရဘူးငြိမ်ငြိမ်နေ"

ဘုန်းသရေက လက်ဖဝါးလေးနှစ်ဖက်ကိုဆွဲယူကာ ဆေးလူးပေး၍ သူ့လက်ဖဝါးကြီးနှစ်ဖက်ဖြင့် အနွေးဓာတ်ပေးထားသည်။ တစ်နည်းအားဖြင့် ဆေးလူးထား၍ စပ်ဖျင်းနေသော လက်ဖဝါးလေးအား ဤနည်းဖြင့် သက်သာစေခြင်းပင်။

“နာနေလား။”

“အွန်း။ နဲနဲပါ။”

“မနက်ကျရင် ကိုယ်ပဲဒိုင်ခံချက်မှာမို့ နဲနဲသည်းခံလိုက်နော် ကလေး။ ဘာမှစိတ်မညစ်နဲ့။”

သင့်ဆံပင်ဖျားလေးကို တယုတယပွတ်သပ်ပေးပုံက တကယ့်မောင်နှံတွေနှယ်။

“ရပါတယ်အစ်ကိုရ။ ကျွန်တော်လေ မသိသေးတာတွေကိုသင်ရလို့ ပျော်နေတာဗျ။ ဟီးဟီး”

“အင်းပါ။ မင်းပျော်ရင်ပြီးတာပါပဲ။”

ထိုနေ့ညက စကားတွေဖောင်ဖွဲ့ကာ ညနက်မှအိပ်ပျော်ကြသည်။ မနက်ရောက်သော် အစောကြီးထကာ နှစ်ယောက်စလုံး မီးဖိုခန်းဝင်ရလေသည်။

သင်က ထမင်းအိုးမွှေနေရင်းဖြင့် မတ်တပ်ကြီးအိပ်ငိုက်နေလေသည်။ ဘုန်းသရေက ငိုက်နိုင်လွန်းသောကောင်လေးကို ရင်ခွင်ထဲထည့်ကာ ယောက်မကိုလက်လွှဲယူလျှက် ထမင်းအိုးကို ကူမွှေပေး၏။ ရင်ခွင်ထဲကကောင်လေးကတော့ ဘုန်းသရေ၏ရင်ငွေ့နွေးနွေးကြားမှာ နှစ်ခြိုက်စွာအိပ်ပျော်လျက်။

“ကလေး။ သိပ်မကြာခင်မေမေ ဘုရားရှိခိုးလို့ပြီးတော့မယ်။ သူလာကြည့်ရင် အဆူခံရမှာစိုးလို့။ ခဏတော့ထလိုက်။ ပြီးရင် ပြန်အိပ်ကြမယ်‌နော်။”

“အင်.......အွန်း။ ဟုတ်ကဲ့ ဟီးဟီး နဲနဲအိပ်ပျော်သွားတယ်။ ကျွန်တော်ဘာတွေလုပ်ဖို့ကျန်သေးလဲဟင်။ ထမင်းအိုး.....ဟုတ်သား။ ထမင်းအိုးရော။”

“ကိုယ်ချက်ပြီးသွားပြီ။ မင်းကဘာလုပ်ရမလဲဆိုတော့........လက်ဖက်သွားထောင်း။ အာ.......မဖြစ်ဘူး။ ကလေးက လက်နုတယ်။ ကိုယ်ပဲလုပ်လိုက်မယ်။ ဒီကိုလာ ဒီဟာကိုဟိုဘက်ဒီဘက်လှန်ပေးနေသိလား။ အရမ်းအားမပါနဲ့နော်သိလား။ ကလေးကိုဆီပူတွေမှန်မယ်နော်။”

“အင်းပါဗျ။ ဒါတော့လုပ်တတ်ပါတယ်။ စိတ်ချပါဆိုနေ။”

သင်က ငါးအသေးလေးတွေကို ဟိုဘက်ဒီဘက်လှန်ပေးကာ မတူးရအောင်သေချာဂရုစိုက်ကြော်ပေးနေသည်။ ရုတ်တရက် ကြက်သွန်ဖြူထည့်ဖို့သတိရလိုက်မိသည်။ ဒီတိုင်းကြော်လို့ရတာမှန်ပေမဲ့ ကြက်သွန်ဖြူလေး အုပ်လိုက်ရင်ရော? ဘယ်လိုနေမလဲ? သူသိချင်သည်။ တကယ်လို့အရသာပိုကောင်းလာရင်လည်းအမြတ်ပေါ့။

“မောင်ရေ........ဟိုဟာလေ ကြက်သွန်ဖြူနဲနဲလောက်လာပေးပါဦး။”

“မောင့်ဇနီးလေးက ငါးကြော်ထဲထည့်ကြည့်ချင်လို့လား။”

“ဟုတ်ကဲ့။ ပိုကောင်းလာလိမ့်မလားလို့လေ။ လုပ်ကြည့်ချင်လို့။”

“ရပါတယ်ဗျာ။ မောင် ထောင်းလိုက်ဦးမယ်။ ခဏနေ ရမယ်နော်။”

“မြန်မြန်လုပ်နော်။ ဒီမှာကျက်တော့မှာ။”

“အင်းအင်း မြန်စေရမယ်။ ခဏလေးနော်။”

သင်က ငါးကြော်အိုးကိုမွှေရင်း ပြာပြာသလဲလုပ်ပေးရှာသော သူ့ချစ်သူကိုပြုံးကြည့်နေလိုက်သည်။ ချစ်သူနဲ့အတူမီးဖိုချောင်ဝင်တာကလည်း အတော်လေးကြည်နူးစရာကောင်းသားပါလား။

ဘုန်းသရေရဲ့အမေကလည်း မီးဖိုချောင်ထဲကိုလှမ်းကြည့်ရင်းပြုံးနေရှာသည်။ သူမမျက်လုံးထဲမှာတော့ တစ်စုံတစ်ယောက်ကို တမ်းတနေသောအလွမ်းတို့ကိုမြင်နေရသည်။

တစ်ဖက်မှာလဲ ဘုန်းသရေက ကြက်သွန်ဖြူထောင်းထားသော လင်ဗန်းကိုစားပွဲပေါ်ချရင်း ဟင်းအိုးကို သင့်ပုခုံးပေါ်မှကျော်ကြည့်သည်။ လက်နှစ်ဖက်ကိုလည်း စားပွဲပေါ်ထောက်ထားသေးရာ သင့်တစ်ကိုယ်လုံးသည် ဘုန်းသရေ၏ ရင်ခွင်ထဲသို့အပြည့်အဝကျရောက်နေလေသည်။

“ဟေ့လူ ဖယ်ပါဦးဗျ။ ပူတယ်။”

သင်ကမနေတတ်မထိုင်တတ်ဖြစ်လာတာမို့ ဘုန်းသရေကိုခပ်တိုးတိုးကပ်ပြောသည်။ ကျယ်ကျယ်ပြောလို့တော့မဖြစ်။ မေမေကြည့်နေတုန်းပဲဆိုတာ သူတို့သိနေတယ်မဟုတ်လား။

“ကိုယ့်ဇနီးလေးကလဲကွာ။ ကိုယ်ကအမောပြေလေးဖက်တာကိုး။”

ဘုန်းသရေက ပေါ်တင်ပင်ပြန်ဖြေကာ သူ၏ခေါင်းကိုသင်၏ပုခုံးပေါ်သို့ မှီချလိုက်သည်။ သင်က ကလေးကြီးလိုချွဲနေသော သူ့ချစ်သူကိုကြည့်ကာ ကြည်ကြည်နူးနူးခံစားလိုက်ရသည်။ တကယ်ကိုသူ့ချစ်သူက အရမ်းချစ်ဖို့ကောင်းလွန်းသည်။ ပါးကြီးတွေကို နမ်းပစ်ချင်ပါသော်လည်း အရှေ့ကဟင်းအိုး၏ တကျွတ်ကျွတ်အသံတွေကြောင့် စိတ်ထိန်းလိုက်ရသည်။

“ဖယ် ကိုယ့်ဇနီးလေး။ ကိုယ်ပဲ ချလိုက်မယ်။ အပူတွေစင်မယ်။ ဘေးဖယ်နော်။”

သူ့ချစ်သူစကားတွေကို မလွန်ဆန်နိုင်တော့လည်း သူ့မှာ ဘေးကပင်မတ်တပ်လေးကြည့်နေရသည်။

“လာပါဦးကိုယ့်ဇနီးလေးရဲ့။ ကိုယ့်နဖူးမှာချေွးတွေရယ်။ သုတ်ပေးပါဦး။ ကိုယ့်လက်မှာ အိုးမဲတွေနဲ့မို့။”

“အမ်.......အင်းအင်း။ လာပြီ။”

သင်ကအပြေးလေးသွားကာ သူ့ချစ်သူနှဖူးက ချေွးစလေးများကို လက်ကလေးနှင့်အသာအယာသုတ်ပေးသည်။ ဘယ်သူထင်မှာလဲ။ ရေခဲတုံးဆိုပြီး သူလန့်နေမိတဲ့ သူ့ချစ်သူက ဒီလိုလဲ ချွဲတတ်‌သေးတယ်ဆိုတာ။

...............................................................................................................................................................................................................
A/N
အချိုလွန်ပြီး ဆီးချိုတက်သွားပါပြီ။ ပစ်ကလေး အားငယ်သွားပီ။ ပိုင့်ပိုင်။ လည်တဲ့အခန်းဘာညာဖို့ လေ့လာတယ်ဆိုပြီး ဘယ်မလဲလို့မတွေးပါနဲ့နော်် ရေးရင်းသာချော်ချော်သွားတာ မီးမီးအပြစ်မဟုတ်ပါဘူးလိုစ်

Zawgyi

ေနာက္တစ္ေန႔မနက္ေစာေစာေရာက္ေတာ့ ေမေမက သူ႔ကိုႏွိုးကာ မီးဖိုေခ်ာင္ထဲေခၚသြားသည္။

“သမီးေလး ဟင္းမခ်က္တတ္ဘူးလို့ သားကေျပာတယ္။ ဒီေတာ့ ဒီမွာေနတုန္း ေမေမ သမီးကို ဟင္းခ်က္သင္ေပးမယ္။ ေသခ်ာလိုက္ၾကည့္ေနာ္သမီး။ မိန္းကေလးဆိုတာ ခ်က္တတ္ျပဳတ္တတ္မွ အိမ္ေထာင့္တာဝန္ပီျပင္မွာသမီးရဲ့။ လင္သားကို အခ်က္အျပဳတ္ လက္ရာေကာင္းေကာင္းနဲ႔ သိမ္းပိုက္ထားမွ သူတို့ကလည္း ကိုယ္မွကိုယ္ျဖစ္လာမွာေပါ့ကြယ္။ ဟုတ္ၿပီလား။”

“ဟုတ္ကဲ့ပါေမေမ သမီးေသခ်ာလိုက္ၾကည့္ပါ့မယ္။”

“ေအးေအးလိမၼာတယ္။ သမီးဘာဟင္းအႀကိဳက္ဆုံးလဲ။”

“အာလူး”

“အဲဒါဆိုရင္ေတာ့ အာလူးနဲ႔ပတ္သတ္တာေလး အရင္သင္ေပးမယ္။ ကိုယ္ႀကိဳက္တဲ့ဟင္းကစၿပီးသင္ေတာ့ တတ္လြယ္တာေပါ့ကြဲ႕။”

“ဟုတ္ကဲ့။”

ဒီလိုနဲ႔ မနက္ခင္းတစ္ပိုင္းလုံးသည္ ဟင္းခ်က္သင္တာနဲ႔ပင္ၿပီးဆုံးသြားသည္။မနက္ပိုင္းကတည္းက သူ႔ခ်စ္သူကိုမေတြ႕ရေသးတာေၾကာင့္ ဟင္းခ်က္လို့ပင္ပန္းတာထက္ကို ပိုၿပီးစိတ္မၾကည္ျဖစ္ေနရသည္။ ဟင္းခ်က္သင္တာကေတာ့ အားလုံးအဆင္ေျပပါသည္။ အခုဆိုသူက ဟင္းပြဲႀကီးငါးပြဲနဲ႔ အလြယ္စားလို့ရမဲ့ဟာ ႏွစ္ပြဲတတ္ေျမာက္သြားေလၿပီ။ ေမေမက စိတ္ရွည္လက္ရွည္သင္ေပးသလို သူ႔ရဲ့တတ္ေျမာက္နိုင္မွုစြမ္းရည္ကလည္း ျမင့္တာေၾကာင့္ျဖစ္သည္။

“ေမေမ မဂၤလာပြဲအတြက္ ကၽြန္ေတာ္အားလုံးေျပာဆိုထားခဲ့တယ္။ တခ်ိဳ့ဟာေလးေတြေတာ့ ကိုယ္တိုင္သြားၾကည့္ရမွာပဲ။ သင့္ကိုေခၚၿပီးေတာ့ေလ။”

ညစာ စားပြဲမွာ ဘုန္းသေရက အစီရင္ခံသည္။

“ေအးပါကြယ္။ အဲဒီလိုပဲလုပ္ေပါ့။ ဒီကိုေရာက္တုန္းေရာက္ခိုက္ေလး လည္တာပတ္တာကိုေတာ့ လျပည့္ေန႔မွလုပ္ၾကေပါ့။ သမီးေလးကို ဘုရားေတြအစုံ ေမေမလိုက္ပို့မယ္။ ဒီရက္ေလးေတြေတာ့ အိမ္ပဲကပ္ၾကပါကြယ္။ ေမေမအလြမ္းေျဖပါရေစဦး။”

“ဟုတ္ကဲ့ပါေမေမ။ ဒါနဲ႔ သင္ ဒီေန႔ဟင္းခ်က္သင္တယ္ဆို။ ဘယ့္ႏွယ့္ေနသလဲ။”

“ငါ့သမီးေလးက ဥာဏ္ေကာင္းပါတယ္။ ခဏေလးနဲ႔တတ္တယ္။ ဒါနဲ႔သမီးေလး,မနက္ျဖန္က်ရင္ သမီးခင္ပြန္းကိုလက္စြမ္းျပလိုက္ပါဦး။ ငါ့သမီးလက္ရာတတ္သေလာက္ကေလး ေမေမလည္း စားၾကည့္ခ်င္လို့ေလ။”

“ဟုတ္ကဲ့ေမေမ အဲ့လိုပဲလုပ္လိုက္ပါ့မယ္။”

“အာ......ဒါနဲ႔ေလေမေမ တစ္ေယာက္ထဲဆို သင္ ပင္ပန္းမွာေပါ့။ ကၽြန္ေတာ္ေရာ ကူပါရေစေလ။”

“အင္းပါကြယ္။ မင္းတို့တေတြ တယ္လဲခ်စ္ၾကသကိုး။ ေမေမတို့ငယ္ငယ္ကအတိုင္းလိုပဲ။ ကဲကဲ စိတ္ႀကိဳက္သာလုပ္ၾကပါကြယ္။”

“ေက်းဇူးပါေမေမ။”

ဘုန္းသေရက ေကာင္ေလး၏မ်က္ႏွာႏြမ္းႏြမ္းေလးကိုၾကည့္လိုက္၍ သနားလို့မဆုံး။ ေမေမတို့က ေကာင္းေစခ်င္၍သင္ေပးတာမွန္ေသာ္လည္း သင္မခ်က္တတ္ရင္ေတာင္ သူခ်က္တတ္ပါေသးသည္။ သူကပဲအျမဲခ်က္ေကၽြးရင္လည္း ျဖစ္တာပဲေလ။ အခုေတာ့ ေကာင္ေလးမွာ အလကားသက္သက္ ပင္ပန္းေနရွာသည္။
ညစာစားၿပီးလို့ ဘုရားဝတ္ျပဳၿပီးခ်ိန္မွာ သင့္အခန္းနားတိုးတိုးကေလးလာလိုက္သည္။ ေပၚတင္သာလာလၽွင္ေတာ့ ေမေမက ဆူပါလိမ့္မည္။

“ေဒါက္‌ေဒါက္ သင္ေရ.......”

တံခါးေခါက္သံႏွင့္ ေခၚသံကအစ ခပ္အုပ္အုပ္။ သင္ကလည္း နားလည္ေနတာေၾကာင့္ အခန္းတံခါးကို အသံမထြက္ေအာင္ထိန္းဖြင့္လိုက္သည္။ ဘုန္းသေရက အခန္းထဲအျမန္ဝင္၍ ကုတင္ေပၚသြားထိုင္သည္။

“ဘာလုပ္ဖို့တုန္း ခင္ဗ်ားရဲ့။”

“အယ္...........မင္းကိုယ့္ကိုဘယ္လိုေခၚရမယ္?”

“ဘယ္သူမွမွမရွိတာပဲကို။ မေခၚနိုင္ပါဘူး။ တစ္ေန႔လုံး မိန္းမလိုအေခၚခံအေျပာခံလာရတာ ညပိုင္းေတာ့လြတ္ပါရေစ အစ္ကိုရယ္။”

မေက်မနပ္ေျပာသံေလးကခ်စ္စရာေလးမို့ ဘုန္းသေရ သတိလက္လြတ္ရယ္မိသည္။ ဒီေကာင္ေလးေျပာပုံက သူ႔ကိုရန္ေတြ႕ေနသလိုလို။

“အင္းပါ။ အဲတာဆို အဲတာကို ခဏထားဦး။ လက္ေတြျပ။”

“ဟင္ လက္ေတြ ဘာျဖစ္လို့။”

“ျပစမ္းပါ။”

ဘုန္းသေရက ကိုယ္လုံးေနာက္မွာဝွက္ထားသည့္ သင့္လက္ေတြကို အတင္းဆြဲၾကည့္သည္။ လက္ႏုႏုေလးႏွစ္ဖက္မွာ ခုထိနီရဲေနလၽွက္ ရွရာတစ္ခ်ိဳ့ကိုလည္း ျမင္ေနရေသးသည္။ သူ႔စိတ္ထဲတြင္ ေမေမမ်ား ေယာကၡမရာထူးျဖင့္ အနိုင္က်င့္ေနသလားဟု ေတြးမိလိုက္သည္။

“လာ.........ကိုယ္ေဆးလိမ္းေပးမယ္။ဒီလိုဆိုတာ ႀကိဳသိလို့ ေဆးအိတ္ပါယူလာတာ။”

“နဲနဲေလးရွတာေလးကို။ အစ္ကိုကလဲ။”

“ဘာနဲနဲေလးလဲ။ ကိုယ့္လက္လဲကိုယ္ျပန္ၾကည့္ပါဦး။”

“ရပါတယ္ဆိုေန။”

"မရဘူးၿငိမ္ၿငိမ္ေန"

ဘုန္းသေရက လက္ဖဝါးေလးႏွစ္ဖက္ကိုဆြဲယူကာ ေဆးလူးေပး၍ သူ႔လက္ဖဝါးႀကီးႏွစ္ဖက္ျဖင့္ အေႏြးဓာတ္ေပးထားသည္။ တစ္နည္းအားျဖင့္ ေဆးလူးထား၍ စပ္ဖ်င္းေနေသာ လက္ဖဝါးေလးအား ဤနည္းျဖင့္ သက္သာေစျခင္းပင္။

“နာေနလား။”

“အြန္း။ နဲနဲပါ။”

“မနက္က်ရင္ ကိုယ္ပဲဒိုင္ခံခ်က္မွာမို့ နဲနဲသည္းခံလိုက္ေနာ္ ကေလး။ ဘာမွစိတ္မညစ္နဲ႔။”

သင့္ဆံပင္ဖ်ားေလးကို တယုတယပြတ္သပ္ေပးပုံက တကယ့္ေမာင္ႏွံေတြႏွယ္။

“ရပါတယ္အစ္ကိုရ။ ကၽြန္ေတာ္ေလ မသိေသးတာေတြကိုသင္ရလို့ ေပ်ာ္ေနတာဗ်။ ဟီးဟီး”

“အင္းပါ။ မင္းေပ်ာ္ရင္ၿပီးတာပါပဲ။”

ထိုေန႔ညက စကားေတြေဖာင္ဖြဲ႕ကာ ညနက္မွအိပ္ေပ်ာ္ၾကသည္။ မနက္ေရာက္ေသာ္ အေစာႀကီးထကာ ႏွစ္ေယာက္စလုံး မီးဖိုခန္းဝင္ရေလသည္။

သင္က ထမင္းအိုးေမႊေနရင္းျဖင့္ မတ္တပ္ႀကီးအိပ္ငိုက္ေနေလသည္။ ဘုန္းသေရက ငိုက္နိုင္လြန္းေသာေကာင္ေလးကို ရင္ခြင္ထဲထည့္ကာ ေယာက္မကိုလက္လႊဲယူလၽွက္ ထမင္းအိုးကို ကူေမႊေပး၏။ ရင္ခြင္ထဲကေကာင္ေလးကေတာ့ ဘုန္းသေရ၏ရင္ေငြ႕ေႏြးေႏြးၾကားမွာ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္လ်က္။

“ကေလး။ သိပ္မၾကာခင္ေမေမ ဘုရားရွိခိုးလို့ၿပီးေတာ့မယ္။ သူလာၾကည့္ရင္ အဆူခံရမွာစိုးလို့။ ခဏေတာ့ထလိုက္။ ၿပီးရင္ ျပန္အိပ္ၾကမယ္‌ေနာ္။”

“အင္.......အြန္း။ ဟုတ္ကဲ့ ဟီးဟီး နဲနဲအိပ္ေပ်ာ္သြားတယ္။ ကၽြန္ေတာ္ဘာေတြလုပ္ဖို့က်န္ေသးလဲဟင္။ ထမင္းအိုး.....ဟုတ္သား။ ထမင္းအိုးေရာ။”

“ကိုယ္ခ်က္ၿပီးသြားၿပီ။ မင္းကဘာလုပ္ရမလဲဆိုေတာ့........လက္ဖက္သြားေထာင္း။ အာ.......မျဖစ္ဘူး။ ကေလးက လက္ႏုတယ္။ ကိုယ္ပဲလုပ္လိုက္မယ္။ ဒီကိုလာ ဒီဟာကိုဟိုဘက္ဒီဘက္လွန္ေပးေနသိလား။ အရမ္းအားမပါနဲ႔ေနာ္သိလား။ ကေလးကိုဆီပူေတြမွန္မယ္ေနာ္။”

“အင္းပါဗ်။ ဒါေတာ့လုပ္တတ္ပါတယ္။ စိတ္ခ်ပါဆိုေန။”

သင္က ငါးအေသးေလးေတြကို ဟိုဘက္ဒီဘက္လွန္ေပးကာ မတူးရေအာင္ေသခ်ာဂ႐ုစိုက္ေၾကာ္ေပးေနသည္။ ႐ုတ္တရက္ ၾကက္သြန္ျဖဴထည့္ဖို့သတိရလိုက္မိသည္။ ဒီတိုင္းေၾကာ္လို့ရတာမွန္ေပမဲ့ ၾကက္သြန္ျဖဴေလး အုပ္လိုက္ရင္ေရာ? ဘယ္လိုေနမလဲ? သူသိခ်င္သည္။ တကယ္လို့အရသာပိုေကာင္းလာရင္လည္းအျမတ္ေပါ့။

“ေမာင္ေရ........ဟိုဟာေလ ၾကက္သြန္ျဖဴနဲနဲေလာက္လာေပးပါဦး။”

“ေမာင့္ဇနီးေလးက ငါးေၾကာ္ထဲထည့္ၾကည့္ခ်င္လို့လား။”

“ဟုတ္ကဲ့။ ပိုေကာင္းလာလိမ့္မလားလို့ေလ။ လုပ္ၾကည့္ခ်င္လို့။”

“ရပါတယ္ဗ်ာ။ ေမာင္ ေထာင္းလိုက္ဦးမယ္။ ခဏေန ရမယ္ေနာ္။”

“ျမန္ျမန္လုပ္ေနာ္။ ဒီမွာက်က္ေတာ့မွာ။”

“အင္းအင္း ျမန္ေစရမယ္။ ခဏေလးေနာ္။”

သင္က ငါးေၾကာ္အိုးကိုေမႊရင္း ျပာျပာသလဲလုပ္ေပးရွာေသာ သူ႔ခ်စ္သူကိုျပဳံးၾကည့္ေနလိုက္သည္။ ခ်စ္သူနဲ႔အတူမီးဖိုေခ်ာင္ဝင္တာကလည္း အေတာ္ေလးၾကည္ႏူးစရာေကာင္းသားပါလား။

ဘုန္းသေရရဲ့အေမကလည္း မီးဖိုေခ်ာင္ထဲကိုလွမ္းၾကည့္ရင္းျပဳံးေနရွာသည္။ သူမမ်က္လုံးထဲမွာေတာ့ တစ္စုံတစ္ေယာက္ကို တမ္းတေနေသာအလြမ္းတို့ကိုျမင္ေနရသည္။

တစ္ဖက္မွာလဲ ဘုန္းသေရက ၾကက္သြန္ျဖဴေထာင္းထားေသာ လင္ဗန္းကိုစားပြဲေပၚခ်ရင္း ဟင္းအိုးကို သင့္ပုခုံးေပၚမွေက်ာ္ၾကည့္သည္။ လက္ႏွစ္ဖက္ကိုလည္း စားပြဲေပၚေထာက္ထားေသးရာ သင့္တစ္ကိုယ္လုံးသည္ ဘုန္းသေရ၏ ရင္ခြင္ထဲသို့အျပည့္အဝက်ေရာက္ေနေလသည္။

“ေဟ့လူ ဖယ္ပါဦးဗ်။ ပူတယ္။”

သင္ကမေနတတ္မထိုင္တတ္ျဖစ္လာတာမို့ ဘုန္းသေရကိုခပ္တိုးတိုးကပ္ေျပာသည္။ က်ယ္က်ယ္ေျပာလို့ေတာ့မျဖစ္။ ေမေမၾကည့္ေနတုန္းပဲဆိုတာ သူတို့သိေနတယ္မဟုတ္လား။

“ကိုယ့္ဇနီးေလးကလဲကြာ။ ကိုယ္ကအေမာေျပေလးဖက္တာကိုး။”

ဘုန္းသေရက ေပၚတင္ပင္ျပန္ေျဖကာ သူ၏ေခါင္းကိုသင္၏ပုခုံးေပၚသို့ မွီခ်လိုက္သည္။ သင္က ကေလးႀကီးလိုခၽြဲေနေသာ သူ႔ခ်စ္သူကိုၾကည့္ကာ ၾကည္ၾကည္ႏူးႏူးခံစားလိုက္ရသည္။ တကယ္ကိုသူ႔ခ်စ္သူက အရမ္းခ်စ္ဖို့ေကာင္းလြန္းသည္။ ပါးႀကီးေတြကို နမ္းပစ္ခ်င္ပါေသာ္လည္း အေရွ႕ကဟင္းအိုး၏ တကၽြတ္ကၽြတ္အသံေတြေၾကာင့္ စိတ္ထိန္းလိုက္ရသည္။

“ဖယ္ ကိုယ့္ဇနီးေလး။ ကိုယ္ပဲ ခ်လိုက္မယ္။ အပူေတြစင္မယ္။ ေဘးဖယ္ေနာ္။”

သူ႔ခ်စ္သူစကားေတြကို မလြန္ဆန္နိုင္ေတာ့လည္း သူ႔မွာ ေဘးကပင္မတ္တပ္ေလးၾကည့္ေနရသည္။

“လာပါဦးကိုယ့္ဇနီးေလးရဲ့။ ကိုယ့္နဖူးမွာေခၽြးေတြရယ္။ သုတ္ေပးပါဦး။ ကိုယ့္လက္မွာ အိုးမဲေတြနဲ႔မို့။”

“အမ္.......အင္းအင္း။ လာၿပီ။”

သင္ကအေျပးေလးသြားကာ သူ႔ခ်စ္သူႏွဖူးက ေခၽြးစေလးမ်ားကို လက္ကေလးႏွင့္အသာအယာသုတ္ေပးသည္။ ဘယ္သူထင္မွာလဲ။ ေရခဲတုံးဆိုၿပီး သူလန႔္ေနမိတဲ့ သူ႔ခ်စ္သူက ဒီလိုလဲ ခၽြဲတတ္‌ေသးတယ္ဆိုတာ။

...............................................................................................................................................................................................................
A/N
အခ်ိဳလြန္ၿပီး ဆီးခ်ိဳတက္သြားပါၿပီ။ ပစ္ကေလး အားငယ္သြားပီ။ ပိုင့္ပိုင္။ လည္တဲ့အခန္းဘာညာဖို့ ေလ့လာတယ္ဆိုၿပီး ဘယ္မလဲလို့မေတြးပါနဲ႔ေနာ္္ ေရးရင္းသာေခ်ာ္ေခ်ာ္သြားတာ မီးမီးအျပစ္မဟုတ္ပါဘူးလိုစ္

Continue Reading

You'll Also Like

1.2M 92.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
246K 23.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.3M 46.8K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
55.7K 6.5K 9
A school life story. A fanfiction of Yibo and Xiao Zhan. I love their chemistry and my friend Peach want to read a fanfiction I write and I want to w...