𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

974K 111K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

Part_41

7.2K 1.1K 79
By pickpachacon333

Uni

ဒီရက်ပိုင်းအတွင်း သူအိမ်မှာပဲစားလိုက်သောက်လိုက်နဲ့ငြိမ်နေသည့်အပြင် အလုပ်ကိုလဲခွင့်ယူထားလိုက်သည်။ အလုပ်သွားတော့ရော သူဘာလုပ်တတ်မှာမို့လို့လဲ။ နောက်ပြီးဒီခေတ်မှာက computer တွေ၊ ဖုန်းတွေမှမရှိပဲ ။ ဒီတော့အလုပ်လုပ်ရမှာက လက်နှိပ်စက်တစ်ခုနဲ့တဂျောက်ဂျောက်ရိုက်ရုံပဲပေါ့။ ဒါက သူ့ခံနိုင်ရည်စွမ်းကိုလာစမ်းသပ်နေသလိုပဲ။

ခေတ်သစ်ကလာတဲ့လူတစ်ယောက်က လက်နှိပ်စက်နဲ့ဘယ်လိုလုပ်အဆင်ပြေမတဲ့လဲ။ ဒါကြောင့်သူက စက်လှေအလုပ်ကိုပိုစိတ်ဝင်စားပါသည်ဟူသည့်အကြောင်းပြချက်ကို ပြကာ အလုပ်ထွက်ဖို့စီစဉ်ထားလိုက်သည်။ တကယ်လဲ ဦးကြီးသာ ဆီနေ့တိုင်းသွားကာ စက်လှေတွေအကြောင်းကိုသင်ယူခဲ့သည်။ ငါးဖမ်းစက်လှေ ဆယ်စီးပိုင်သည့်အနက် သုံးစီးကိုသာ သူတို့လက်ဝယ်ထား၍ ကျန်၇စီးကို အခြားလူများဆီသို့ တစ်နှစ်တန်သည် သုံးနှစ်တန်သည် ငှားထားလေ့ရှိသည်။

ဒီတော့ ကိုယ့်လက်ထဲမှာရှိသည့်သုံးစီးကို ဒီတိုင်းထားတောင် စက်လှေငှားခကရသည်။ စက်လှေပြင်တာရော၊ ထိန်းသိမ်းတာ‌ရောပါ ငှားသူကလုပ်သည်ဆိုပေမင့် သူ့အဖေကအငြိမ်ထိုင်နေလေ့မရှိပါ။ ညနေစောင်း ထမင်းစားပြီးချိန်ဆိုလျှင် ကမ်းနားလမ်းသို့ အစာကြေလမ်းလျှောက်ထွက်ရင်း သူ့စက်လှေတွေရဲ့အခြေအနေကို အမြဲစောင့်ကြည့်တတ်သည်။

အခုလဲ အဖေက ငါးဖမ်းစက်လှေတွေနဲ့လိုက်သွားရင်း ဒေသထွက်ပစ္စည်းတွေကိုပါ ရောင်းချနေတာကြောင့် အိမ်မပြန်နိုင်သေးဘဲ ကြာနေတာဖြစ်သည်။ ဦးကြီးသာ လိုက်မသွား၍သာတော်တော့သည်။ မဟုတ်လျှင် သူ ဒါတွေကို ဘယ်သူ့ဆီက သင်ရမယ်မှန်းသိမှာမဟုတ်ပေ။ ဒီတော့ ဦးကြီးသာ သိပ်မမာသည်ကိုပင် သူကကျေးဇူးတင်ချင်တော့သည်။

သင်းပျံ့မွှေးကိစ္စကိုလဲ လုပ်စရာရှိသေးတာကြောင့် ဖေဖေ့ကုန်ကိစ္စကိုအကြောင်းပြကာ ထွန်းကြွယ်ဆိုသည့်လူထံသွားဖို့အကြံရမိသည်။ အလုပ်ကိစ္စနှင့်ပြောကြဆိုကြရင်း ခင်မင်သည့်အခါမှ မော်လမြိုင်ကိုအလည်ခေါ်မည်။ ဒေါ်ဒေါ့်အိမ်မှာတည်းရင်းကတဆင့် သင်းသင်းနှင့် မေတ္တာမျှကြလိမ့်မည်။

စိတ်ကူးကတော့‌ချောနေပေမဲ့ တကယ့်လက်တွေ့တော့ မည်သို့ဖြစ်မည်မပြောတတ်ပေ။ ဘယ်လိုပဲဆိုဆိုသူက ဖေဖေပြန်လာသည့်အချိန်ကိုအရင်စောင့်ပြီးမှ ထွန်းကြွယ်ဆီသွားဖို့လုပ်မည်။ စိတ်ကူးအတိုင်းဖြစ်လာတော့လဲ အမြတ်၊ မဖြစ်လာတော့လဲအရင်းပေါ့။

“အသင်”

မဲ့ပြုံးနှင့်အတူ အခန်းထဲဝင်လာပါသော ဘုန်းသရေ ကြောင့် သူအိပ်နေရာမှ ကမန်းကတန်းထလိုက်သည်။ ဒီလူကြီးပြုံးနေပုံကို သူ မသင်္ကာသလို ခုလဲသူ့အိမ်၊ သူ့အခန်းအထိ ဘာလိုက်လုပ်မှန်းမသိပါ။

“အိုး.......ကြောက်နေတဲ့ပုံပါ့လားကွ ဟမ်။ လုပ်တုန်းကလုပ်ပြီးကြောက်နေပြီပေါ့”

“ခင်...ခင်ဗျား ဘာတွေပြောနေတာလဲ။ ကျွန်တော် ဘာတွေများလုပ်နေလို့လဲ။ ကျွန်တော်ဘာမှမလုပ်မိပါလားနော်”

“ဪ..........ကိုယ့်ဇနီးလေးကမေ့သွားပြီကိုး”

“ဘာ.......ဘာကိုယ့်ဇနီးလေးလဲ။ ကျွန်တော်ကယောကျ်ားလေးဗျ။ ခင်ဗျားနဲ့ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”

“မင်းကကိုယ့်ရဲ့ဇနီးလောင်းကို ထွက်ပြေးအောင်ကူညီလိုက်တယ်ဆိုတာ ကိုယ်မသိဘူးထင်နေသလား။ ဒီတော့ ကိုယ့်ဇနီးလောင်းအစား မင်းကိုယ့်ကိုလက်ထပ်ရမယ်။ ဘယ်သူဘာပဲပြောပြော မင်းက ကိုယ့်ဇနီးပဲပေါ့ ဟားဟားဟား။”

ရယ်ကာမောကာဖြင့် ရှေ့တိုးလာသော ထိုလူကြီးကို သူ အထိတ်တလန့်ကြည့်လိုက်သည်။ အခန်းတံခါးသည်ပိတ်လျက်ရှိကာ အမေတို့ကလဲ ဒီလူကြီးရောက်နေမှန်းသိဟန်မတူ။ ပိုဆိုးတာကိုတွေးရလျှင် အမေတို့အိမ်မှာမရှိတာတောင်ဖြစ်နိုင်သည်။ဘုန်းသရေဆိုသည့်လူကြီးကတော့ သူ့အနားကိုတဖြေး‌ဖြေးတိုးကာ သူ့ကိုယ်လုံးလေးကိုချုပ်ထားလိုက်သည်။

“အမေ အမေ ကယ်ပါဦး။ အမေ အမေ”

“ဟဲ့သားလေး ဟဲ့ ဘာတွေမက်လို့တုန်းငါ့သားရယ်။ ထ,ထ, လူလေးထတော့။”

“အင်......ဟင်...ဟို.......ဟိုလူကြီးရော”

“ဘယ်လူကြီးကိုပြောနေတာလဲသားရယ်။ ငါ့သား အိပ်မက်ဆိုးတွေမက်နေပြီထင်တယ်။ ပြောစမ်းပါဦးဘာတွေမက်လို့တုန်း”

သင်က မျက်နှာသစ်ထားသလို စိုရွှဲနေသော ချေွးတွေကိုလက်နဲ့ဖိသုတ်ပစ်ကာ အခန်းကိုဝေ့ကြည့်သည်။ ခုမှမှတ်ဉာဏ်ထဲဝင်လာသည်က သူထမင်းစားပြီးလို့ တရေးတမောအိပ်ခဲ့သည်မဟုတ်လား။ ခုနကအခြေအနေကိုအိပ်မက်ဟု သတ်မှတ်ပြီးချိန်မှာတော့ စိတ်ညစ်သည့်ခံစားချက်ကြီးကတိုးဝင်လာသည်။ သူ အဲဒီလူကြီးကို ဘယ်လိုတောင်တွေးပြီး အိပ်မက်မက်မိလိုက်သလဲ။

“ဘာမှမဟုတ်ပါဘူးအမေ။ ငရဲသားကြီးနဲ့တွေ့နေလို့ပါ”

“ဟဲ့ ငါ့သားလေးက လူကောင်းလေးပါ။ ဘယ့်နှယ် ငရဲသားကြီးကိုမက်ရသလဲ။ ပရိတ်ရေသောက်ဦးမလားသား။ အမေ ပြေးယူလိုက်မယ်”

“ရပါတယ်မေမေရာ။ ကျွန်တော် နောက်ဆို ဘုရားရှိခိုးပြီးမှ အိပ်ပါ့မယ်”

“အေးအေး။ မင်းကရတယ်ဆိုတော့လဲ ပြီးတာပဲ။ မြန်မြန်ဆန်ဆန်ရေချိုး အဝတ်လဲ။ ပြီးရင် တို့ကမ်းနားသွားပြီး မင့်အဖေကို ကြိုကြတာပေါ့။”

“ဖေဖေပြန်ရောက်ပြီလား မေမေရဲ့။”

“ဒါပေါ့ဟဲ့။ ကဲပါ အမြန်ထစမ်းပါ။ တို့သွားမဲ့အချိန်နောက်ကျနေရော့မယ်”

“ဟုတ်ကဲ့မေမေ။”

သူလဲအမြန်ထကာ ရေမိုးချိုး၍ ပြင်ဆင်လိုက်သည်။ ဂုဏ်သရေရှိရှိဝတ်စမ်းပါဟူသော အမေ့ပြောစကားအရ ပိုးပုဆိုးကို ထည်လဲဝတ်ရပြန်သည်။ မောင်သင့်မှာအပေါဆုံးဆိုသည်က အဝတ်အစားကောင်းဖြစ်လိမ့်ဟန်တူသည်။ သူက အပြာရောင်ပိုးပုဆိုးကိုဝတ်ဆင်လိုက်ကာ တိုက်ပုံနံ့သာရောင်နှင့် တောက်တောက်ပြောင်ပြောင် ခန့်ညားနေတော့သည်။ ဘယ်လိုပဲခန့်ညားတယ်ဆိုဆို မှန်ထဲကပုံရိပ်လေးက တကယ်မခန့်ညားတာကိုတော့ သူမျက်နှာလွှဲထားလိုက်ပါသည်။

နောက်တော့ မေမေတို့ပြင်ဆင်မပြီးသေးတာနှင့် ဆံပင်တိုတိုကို အုန်းဆီရွှဲနေအောင်လိမ်းကာ ဘေးခွဲလိုက်သည်။ ဒီပုံဆိုလျှင်တော့ သူလူကြီးပုံနဲနဲပေါက်လောက်ပါသည်။ သို့ပေမဲ့ ချစ်ဖို့ကောင်းမြဲ ကောင်းဆဲဖြစ်နေ‌သောမျက်နှာက သူ့ကိုလှောင်နေသလိုပင်။ မီးဖိုချောင်က မီးသွေးခဲတစ်ခုကိုကိုင်ကာ စဉ်းစားလိုက်ရ‌သေးသည်။ သူဒါနဲ့နှုတ်ခမ်းမွှေးဆွဲသင့်လား။

ဒါပေမဲ့ ပုံပျက်ပန်းပျက်ဖြစ်မှာကြောက်တာကြောင့် မီးသွေးခဲလေးပစ်ချကာ ဒီအတိုင်းပင်ထွက်လာခဲ့ရသည်။

“အမလေး ငါ့သားရယ်။ ပြင်လိုက်ဆင်လိုက်တာမှအကြာကြီးပဲ။ မှန်းစမ်း ငါ့သားကြီးခန့်သွားပလားဟဲ့။”

“ဟုတ်တယ်မေမေ။ ကျွန်တော် ခန့်ညားသွားတယ်မလား”

“ဒါပေါ့ငါ့သားရယ်။ ငါ့သားလောက်ခန့်ညားတာမျိုး အမေတွေ့ကိုမတွေ့ဖူးဘူး။မင်းအဖေကလွဲလို့ပေါ့ ဟင်းဟင်း”

“ဒါလောက်ဟုတ်ပါ့မလားအမေရဲ့”

သူက စိတ်ထဲကနေ သူ့အမေကို လက်မအကြီးကြီးပေးလိုက်သည်။ သူ့အမေကသာ အမြင်အရှိဆုံးပါပေ။

မြစ်ကမ်းဆိပ်တွင်တော့ ခန့်မှန်းခြေ နာရီဝက်လောက်တောင်စောင့်လိုက်ရသည်။ သူ့အဖေဆိုသောလူကြီးသည် အမှန်တကယ်ကို ချောမောပါပေသည်။ နှုတ်ခမ်းမွှေးစစနှင့် လူကြီးလူကောင်းပီသသော အမူအရာကပင် အတော်ကိုကြည့်ကောင်းနေပေပြီ။ မဲနက်ရွှန်းလဲ့သော မျက်ဝန်းအစုံတို့သည် ဤလူကြီးထံမှ အမွေဆက်ခံရကြောင်းကို သူကောင်းကောင်းကြီး သတိပြုမိသည်။

သို့သော် သူ့အဖေကချောမောသလောက် သူကမှ ချစ်စရာကောင်းနေရသည့်ဖြစ်ခြင်းကား ရင်နာဖွယ်အတိပင်။ သူက ပါးဖောင်းဖောင်းတို့ကိုအမွေပေးခဲ့သော အမေ့ကိုတောင် မျက်စောင်းခဲချင်သလိုလိုဖြစ်သည်။ ဘယ့်နှယ်ကြောင့်မို့ သူ့ကျမှ လှလှပပအသားအရေနဲ့ တင်လုံးလုံးလေးကို အမွေပေးခဲ့မှန်းမသိပါ။ သူကြည့်မိသလောက် သူ့ညီမပင် သူ့လောက် တင်မရှိဘူးမဟုတ်လား။

တွေးလေ စိတ်ပျက်လေမို့ ငြိမ်ငြိမ်လေးနေကာသာ မြစ်အလှကိုရှုစားတော့သည်။ အဖေနဲ့အမေကတော့ ကိန္နရီချောင်းခြားသလို လွမ်းလေသမျှကို တတွတ်တွတ်ပြောကာ မော်တော်ကားပေါ်တက်ကြလေသည်။

ဪ......ငါ့နှယ်။ Rs တွေကို မမြင်ချင်မှအဆုံးပါလား။

“‌ဟောဗျာ ဦးဘသင်ထင်ပါရဲ့”

“ဟာ........မောင်ဘုန်းပါလားကွ‌ ဟေ။ ဒီကိုအလုပ်ကိစ္စနဲ့လာသလား”

မော်တော်ကားထွက်တော့မည်အလုပ် ပေရှည်ကာ လာနှုတ်ဆက်သော ဟိုလူကြီးကြောင့် စက်ပြန်သတ်ကာ အောက်ဆင်းရပြန်သည်။ အစကတည်းက ကြောက်သည့်စိတ်နှင့် အိပ်မက်မက်ထားသော အရှိန်တို့ပေါင်းကာ ဘုန်းသရေကိုမော့တောင်မကြည့်ရဲဖြစ်နေသည်။

ဘုန်းသရေကလဲ ဒါကိုသေချာမြင်လိုက်သည်။ သူက လူယုတ်မာအပြုံးတွေကိုအသေအချာပြုံးကာ

“ဦးဘသင်တို့များ သမာဓိနဲ့ပြည့်ပါပေရဲ့ဗျာ။ ဒီခေတ်လူတွေကျတော့ အတော်ဆိုးသဗျ။ သူများမယားကို ဖျက်ရတာနဲ့။ မတော်မတရားလုပ်ရတာနဲ့။ အတော်ခက်သကိုးဗျ။ ဒီတော့ကျွန်တော်လဲ အလုပ်များနေရတာဗျိုး။”

“ဟုတ်ပေသား မောင်ဘုန်းရယ်။ ဒီလိုလူတွေကို အသေအချာအပြစ်ပေးသင့်သားပဲ။ သူများမယားကို ဖျက်ဆီးတာတော့ မဟုတ်သေးပါဘူးကွယ်။ ဒါနဲ့မောင်ဘုန်း လက်ဆက်ပြီးပြီထင်ပါ့။ သိပ်မကြာခင်က မင်္ဂလာပွဲရှိတယ်ဆို”

“အယ်......အစ်ကိုကလဲ မေးချင်းမေး တခြားမေးပါလား။ ဒီအကြောင်းကိုမှမေးရသလား။”

ဒေါ်မြမော်က အံကြိတ်သံနှင့် တိုးတိုးပြောသည်။ ဦးဘသင်က ခရီးမှပြန်လာစဖြစ်သဖြင့်လက်ထပ်ပွဲပျက်တာကို မသိသေး။

“ရပါတယ်။ ဒေါ်ဒေါ်ရယ်။ လူရင်းတွေပဲဥစ္စာ။ ဒီလိုပါ ဦးဘသင်ရယ်။ ကျွန်တော့်ရဲ့မင်္ဂလာပွဲဟာလဲ ခုနကပြောသလို အကောင်တစ်ကောင်ကြောင့် ပျက်ပါရောလားဗျ”

“အို.........အားနာစရာတွေဖြစ်ကုန်ပြီမောင်ဘုန်းရယ်။ နို့ ဒီကိစ္စကို ဘယ်လိုအရေးယူလိုက်သလဲ။ သူများ မင်္ဂလာကိုဖျက်ဆီးတယ်ဆိုတာ မလုပ်သင့်တာပဲဗျ။ ထောင်နှစ်လလောက်တော့ချသင့်တယ်”

ဦးဘသင်က မဆင်မခြင်မေးမိတာကြောင့် တရားခံအပေါ်ကို ပိုပိုသာသာ‌လေးဖိပြောလိုက်သည်။ ဒါကို ဒေါ်မြမော်ကလဲ ဘေးကနေ အားပါးတရထောက်ခံလေသည်။

“ဟုတ်ပါ့မောင်ရင်ရယ်။ မိရင်တော့ သက်သေနဲ့တကွ ထောင်ချဖို့ကောင်းတယ်။ ဘယ့်နှယ် ဖျက်လိုဖျက်ဆီး။ ဒီလိုလူမျိုး မကြုံဖူးပါဘူးတော်”

တစ်ဖက်မှာတော့ သင်ခမျာမော်တော်ကားတံခါးကိုမှီ၍ ပျော့ခွေနေလေပြီ။ သူ့ဘဝကလဲ တစ်ခါလေးမှားမိပါတယ်။ ဆယ်ခါပြန်အပြောခံနေရသလိုဖြစ်နေပါပြီ။ အမေတို့ရေ အဲဒီလူဟာ ဟောဒီကအမေသားဗျ။ အမေ့သား။ အဲတာကြောင့်ဆက်ပြီး မပြောပါနဲ့တော့ဗျာ။ ရှိကြီးခိုးပါရဲ့။

ငိုချင်စိတ်ကိုမျိုချကာ ပတ်ဝန်းကျင်ကိုပဲစူးစမ်းနေသလိုလို ဟိုကြည့်သည်ကြည့်နှင့် အာရုံလွှဲလိုက်သည်။ သို့သော် ဘုန်းသရေ ပြန်ပြောလိုက်သော စကားက နားထဲကိုကန့်လန့်ကြီးဝင်လာသည်။

“မပူပါနဲ့ဗျာ။ တရားခံကတွေ့နေပါပြီ။ ကျွန်တော် ခုနေသနားလို့လွှတ်ထားပေမဲ့ အပြစ်ကတော့ပေးရမှာပေါ့ဗျာ”

...............................................................................................................................................................................................................

A/N
မေးမယ်မေးမယ်နဲ့မမေးဖြစ်တာ။ ကြာပါပြီ။ရက်ကတော့။ ကျွန်တော် အပ်ဒိတ်မလုပ်တဲ့ရက်တွေမှာပေါ့။
ခင်ဗျားလေးတို့ထဲကတစ်ယောက်လေ။ တောက်လျောက်ဖတ်လာတာဗျာ။ vote လဲပေးနေကျပဲ သူက။ အဲဒါကို အဲဒီနေ့ရောက်တော့ အပိုင်း၂ကိုလားမသိဘူး ပြန်vote တယ်ဗျာ။ မကြာဘူးနောက်တစ်ယောက်လဲ အဲ့လိုလာပြန်ရော။ အဲတော့ ဒီကတွေးမိတာက နှစ်ခါပြန်များဖတ်နေသလား ဟဲဟဲ။ မသိဘူး လိုရာဆွဲတွေး ကျန်းမာရေးပဲ။😁😁😁😁😁

Zawgyi

ဒီရက္ပိုင္းအတြင္း သူအိမ္မွာပဲစားလိုက္ေသာက္လိုက္နဲ႔ၿငိမ္ေနသည့္အျပင္ အလုပ္ကိုလဲခြင့္ယူထားလိုက္သည္။ အလုပ္သြားေတာ့ေရာ သူဘာလုပ္တတ္မွာမို့လို့လဲ။ ေနာက္ၿပီးဒီေခတ္မွာက computer ေတြ၊ ဖုန္းေတြမွမရွိပဲ ။ ဒီေတာ့အလုပ္လုပ္ရမွာက လက္ႏွိပ္စက္တစ္ခုနဲ႔တေဂ်ာက္ေဂ်ာက္ရိုက္႐ုံပဲေပါ့။ ဒါက သူ႔ခံနိုင္ရည္စြမ္းကိုလာစမ္းသပ္ေနသလိုပဲ။

ေခတ္သစ္ကလာတဲ့လူတစ္ေယာက္က လက္ႏွိပ္စက္နဲ႔ဘယ္လိုလုပ္အဆင္ေျပမတဲ့လဲ။ ဒါေၾကာင့္သူက စက္ေလွအလုပ္ကိုပိုစိတ္ဝင္စားပါသည္ဟူသည့္အေၾကာင္းျပခ်က္ကို ျပကာ အလုပ္ထြက္ဖို့စီစဥ္ထားလိုက္သည္။ တကယ္လဲ ဦးႀကီးသာ ဆီေန႔တိုင္းသြားကာ စက္ေလွေတြအေၾကာင္းကိုသင္ယူခဲ့သည္။ ငါးဖမ္းစက္ေလွ ဆယ္စီးပိုင္သည့္အနက္ သုံးစီးကိုသာ သူတို့လက္ဝယ္ထား၍ က်န္၇စီးကို အျခားလူမ်ားဆီသို့ တစ္ႏွစ္တန္သည္ သုံးႏွစ္တန္သည္ ငွားထားေလ့ရွိသည္။

ဒီေတာ့ ကိုယ့္လက္ထဲမွာရွိသည့္သုံးစီးကို ဒီတိုင္းထားေတာင္ စက္ေလွငွားခကရသည္။ စက္ေလွျပင္တာေရာ၊ ထိန္းသိမ္းတာ‌ေရာပါ ငွားသူကလုပ္သည္ဆိုေပမင့္ သူ႔အေဖကအၿငိမ္ထိုင္ေနေလ့မရွိပါ။ ညေနေစာင္း ထမင္းစားၿပီးခ်ိန္ဆိုလၽွင္ ကမ္းနားလမ္းသို့ အစာေၾကလမ္းေလၽွာက္ထြက္ရင္း သူ႔စက္ေလွေတြရဲ့အေျခအေနကို အျမဲေစာင့္ၾကည့္တတ္သည္။

အခုလဲ အေဖက ငါးဖမ္းစက္ေလွေတြနဲ႔လိုက္သြားရင္း ေဒသထြက္ပစၥည္းေတြကိုပါ ေရာင္းခ်ေနတာေၾကာင့္ အိမ္မျပန္နိုင္ေသးဘဲ ၾကာေနတာျဖစ္သည္။ ဦးႀကီးသာ လိုက္မသြား၍သာေတာ္ေတာ့သည္။ မဟုတ္လၽွင္ သူ ဒါေတြကို ဘယ္သူ႔ဆီက သင္ရမယ္မွန္းသိမွာမဟုတ္ေပ။ ဒီေတာ့ ဦးႀကီးသာ သိပ္မမာသည္ကိုပင္ သူကေက်းဇူးတင္ခ်င္ေတာ့သည္။

သင္းပ်ံ႕ေမႊးကိစၥကိုလဲ လုပ္စရာရွိေသးတာေၾကာင့္ ေဖေဖ့ကုန္ကိစၥကိုအေၾကာင္းျပကာ ထြန္းႂကြယ္ဆိုသည့္လူထံသြားဖို့အႀကံရမိသည္။ အလုပ္ကိစၥႏွင့္ေျပာၾကဆိုၾကရင္း ခင္မင္သည့္အခါမွ ေမာ္လၿမိဳင္ကိုအလည္ေခၚမည္။ ေဒၚေဒါ့္အိမ္မွာတည္းရင္းကတဆင့္ သင္းသင္းႏွင့္ ေမတၱာမၽွၾကလိမ့္မည္။

စိတ္ကူးကေတာ့‌ေခ်ာေနေပမဲ့ တကယ့္လက္ေတြ႕ေတာ့ မည္သို့ျဖစ္မည္မေျပာတတ္ေပ။ ဘယ္လိုပဲဆိုဆိုသူက ေဖေဖျပန္လာသည့္အခ်ိန္ကိုအရင္ေစာင့္ၿပီးမွ ထြန္းႂကြယ္ဆီသြားဖို့လုပ္မည္။ စိတ္ကူးအတိုင္းျဖစ္လာေတာ့လဲ အျမတ္၊ မျဖစ္လာေတာ့လဲအရင္းေပါ့။

“အသင္”

မဲ့ျပဳံးႏွင့္အတူ အခန္းထဲဝင္လာပါေသာ ဘုန္းသေရ ေၾကာင့္ သူအိပ္ေနရာမွ ကမန္းကတန္းထလိုက္သည္။ ဒီလူႀကီးျပဳံးေနပုံကို သူ မသကၤာသလို ခုလဲသူ႔အိမ္၊ သူ႔အခန္းအထိ ဘာလိုက္လုပ္မွန္းမသိပါ။

“အိုး.......ေၾကာက္ေနတဲ့ပုံပါ့လားကြ ဟမ္။ လုပ္တုန္းကလုပ္ၿပီးေၾကာက္ေနၿပီေပါ့”

“ခင္...ခင္ဗ်ား ဘာေတြေျပာေနတာလဲ။ ကၽြန္ေတာ္ ဘာေတြမ်ားလုပ္ေနလို့လဲ။ ကၽြန္ေတာ္ဘာမွမလုပ္မိပါလားေနာ္”

“ဪ..........ကိုယ့္ဇနီးေလးကေမ့သြားၿပီကိုး”

“ဘာ.......ဘာကိုယ့္ဇနီးေလးလဲ။ ကၽြန္ေတာ္ကေယာက်္ားေလးဗ်။ ခင္ဗ်ားနဲ႔ကၽြန္ေတာ္နဲ႔ ဘာဆိုင္လို့လဲ”

“မင္းကကိုယ့္ရဲ့ဇနီးေလာင္းကို ထြက္ေျပးေအာင္ကူညီလိုက္တယ္ဆိုတာ ကိုယ္မသိဘူးထင္ေနသလား။ ဒီေတာ့ ကိုယ့္ဇနီးေလာင္းအစား မင္းကိုယ့္ကိုလက္ထပ္ရမယ္။ ဘယ္သူဘာပဲေျပာေျပာ မင္းက ကိုယ့္ဇနီးပဲေပါ့ ဟားဟားဟား။”

ရယ္ကာေမာကာျဖင့္ ေရွ႕တိုးလာေသာ ထိုလူႀကီးကို သူ အထိတ္တလန႔္ၾကည့္လိုက္သည္။ အခန္းတံခါးသည္ပိတ္လ်က္ရွိကာ အေမတို့ကလဲ ဒီလူႀကီးေရာက္ေနမွန္းသိဟန္မတူ။ ပိုဆိုးတာကိုေတြးရလၽွင္ အေမတို့အိမ္မွာမရွိတာေတာင္ျဖစ္နိုင္သည္။ဘုန္းသေရဆိုသည့္လူႀကီးကေတာ့ သူ႔အနားကိုတေျဖး‌ေျဖးတိုးကာ သူ႔ကိုယ္လုံးေလးကိုခ်ဳပ္ထားလိုက္သည္။

“အေမ အေမ ကယ္ပါဦး။ အေမ အေမ”

“ဟဲ့သားေလး ဟဲ့ ဘာေတြမက္လို့တုန္းငါ့သားရယ္။ ထ,ထ, လူေလးထေတာ့။”

“အင္......ဟင္...ဟို.......ဟိုလူႀကီးေရာ”

“ဘယ္လူႀကီးကိုေျပာေနတာလဲသားရယ္။ ငါ့သား အိပ္မက္ဆိုးေတြမက္ေနၿပီထင္တယ္။ ေျပာစမ္းပါဦးဘာေတြမက္လို့တုန္း”

သင္က မ်က္ႏွာသစ္ထားသလို စိုရႊဲေနေသာ ေခၽြးေတြကိုလက္နဲ႔ဖိသုတ္ပစ္ကာ အခန္းကိုေဝ့ၾကည့္သည္။ ခုမွမွတ္ဉာဏ္ထဲဝင္လာသည္က သူထမင္းစားၿပီးလို့ တေရးတေမာအိပ္ခဲ့သည္မဟုတ္လား။ ခုနကအေျခအေနကိုအိပ္မက္ဟု သတ္မွတ္ၿပီးခ်ိန္မွာေတာ့ စိတ္ညစ္သည့္ခံစားခ်က္ႀကီးကတိုးဝင္လာသည္။ သူ အဲဒီလူႀကီးကို ဘယ္လိုေတာင္ေတြးၿပီး အိပ္မက္မက္မိလိုက္သလဲ။

“ဘာမွမဟုတ္ပါဘူးအေမ။ ငရဲသားႀကီးနဲ႔ေတြ႕ေနလို့ပါ”

“ဟဲ့ ငါ့သားေလးက လူေကာင္းေလးပါ။ ဘယ့္ႏွယ္ ငရဲသားႀကီးကိုမက္ရသလဲ။ ပရိတ္ေရေသာက္ဦးမလားသား။ အေမ ေျပးယူလိုက္မယ္”

“ရပါတယ္ေမေမရာ။ ကၽြန္ေတာ္ ေနာက္ဆို ဘုရားရွိခိုးၿပီးမွ အိပ္ပါ့မယ္”

“ေအးေအး။ မင္းကရတယ္ဆိုေတာ့လဲ ၿပီးတာပဲ။ ျမန္ျမန္ဆန္ဆန္ေရခ်ိဳး အဝတ္လဲ။ ၿပီးရင္ တို့ကမ္းနားသြားၿပီး မင့္အေဖကို ႀကိဳၾကတာေပါ့။”

“ေဖေဖျပန္ေရာက္ၿပီလား ေမေမရဲ့။”

“ဒါေပါ့ဟဲ့။ ကဲပါ အျမန္ထစမ္းပါ။ တို့သြားမဲ့အခ်ိန္ေနာက္က်ေနေရာ့မယ္”

“ဟုတ္ကဲ့ေမေမ။”

သူလဲအျမန္ထကာ ေရမိုးခ်ိဳး၍ ျပင္ဆင္လိုက္သည္။ ဂုဏ္သေရရွိရွိဝတ္စမ္းပါဟူေသာ အေမ့ေျပာစကားအရ ပိုးပုဆိုးကို ထည္လဲဝတ္ရျပန္သည္။ ေမာင္သင့္မွာအေပါဆုံးဆိုသည္က အဝတ္အစားေကာင္းျဖစ္လိမ့္ဟန္တူသည္။ သူက အျပာေရာင္ပိုးပုဆိုးကိုဝတ္ဆင္လိုက္ကာ တိုက္ပုံနံ့သာေရာင္ႏွင့္ ေတာက္ေတာက္ေျပာင္ေျပာင္ ခန႔္ညားေနေတာ့သည္။ ဘယ္လိုပဲခန႔္ညားတယ္ဆိုဆို မွန္ထဲကပုံရိပ္ေလးက တကယ္မခန႔္ညားတာကိုေတာ့ သူမ်က္ႏွာလႊဲထားလိုက္ပါသည္။

ေနာက္ေတာ့ ေမေမတို့ျပင္ဆင္မၿပီးေသးတာႏွင့္ ဆံပင္တိုတိုကို အုန္းဆီရႊဲေနေအာင္လိမ္းကာ ေဘးခြဲလိုက္သည္။ ဒီပုံဆိုလၽွင္ေတာ့ သူလူႀကီးပုံနဲနဲေပါက္ေလာက္ပါသည္။ သို့ေပမဲ့ ခ်စ္ဖို့ေကာင္းျမဲ ေကာင္းဆဲျဖစ္ေန‌ေသာမ်က္ႏွာက သူ႔ကိုေလွာင္ေနသလိုပင္။ မီးဖိုေခ်ာင္က မီးေသြးခဲတစ္ခုကိုကိုင္ကာ စဥ္းစားလိုက္ရ‌ေသးသည္။ သူဒါနဲ႔ႏွုတ္ခမ္းေမႊးဆြဲသင့္လား။

ဒါေပမဲ့ ပုံပ်က္ပန္းပ်က္ျဖစ္မွာေၾကာက္တာေၾကာင့္ မီးေသြးခဲေလးပစ္ခ်ကာ ဒီအတိုင္းပင္ထြက္လာခဲ့ရသည္။

“အမေလး ငါ့သားရယ္။ ျပင္လိုက္ဆင္လိုက္တာမွအၾကာႀကီးပဲ။ မွန္းစမ္း ငါ့သားႀကီးခန႔္သြားပလားဟဲ့။”

“ဟုတ္တယ္ေမေမ။ ကၽြန္ေတာ္ ခန႔္ညားသြားတယ္မလား”

“ဒါေပါ့ငါ့သားရယ္။ ငါ့သားေလာက္ခန႔္ညားတာမ်ိဳး အေမေတြ႕ကိုမေတြ႕ဖူးဘူး။မင္းအေဖကလြဲလို့ေပါ့ ဟင္းဟင္း”

“ဒါေလာက္ဟုတ္ပါ့မလားအေမရဲ့”

သူက စိတ္ထဲကေန သူ႔အေမကို လက္မအႀကီးႀကီးေပးလိုက္သည္။ သူ႔အေမကသာ အျမင္အရွိဆုံးပါေပ။

ျမစ္ကမ္းဆိပ္တြင္ေတာ့ ခန႔္မွန္းေျခ နာရီဝက္ေလာက္ေတာင္ေစာင့္လိုက္ရသည္။ သူ႔အေဖဆိုေသာလူႀကီးသည္ အမွန္တကယ္ကို ေခ်ာေမာပါေပသည္။ ႏွုတ္ခမ္းေမႊးစစႏွင့္ လူႀကီးလူေကာင္းပီသေသာ အမူအရာကပင္ အေတာ္ကိုၾကည့္ေကာင္းေနေပၿပီ။ မဲနက္ရႊန္းလဲ့ေသာ မ်က္ဝန္းအစုံတို့သည္ ဤလူႀကီးထံမွ အေမြဆက္ခံရေၾကာင္းကို သူေကာင္းေကာင္းႀကီး သတိျပဳမိသည္။

သို့ေသာ္ သူ႔အေဖကေခ်ာေမာသေလာက္ သူကမွ ခ်စ္စရာေကာင္းေနရသည့္ျဖစ္ျခင္းကား ရင္နာဖြယ္အတိပင္။ သူက ပါးေဖာင္းေဖာင္းတို့ကိုအေမြေပးခဲ့ေသာ အေမ့ကိုေတာင္ မ်က္ေစာင္းခဲခ်င္သလိုလိုျဖစ္သည္။ ဘယ့္ႏွယ္ေၾကာင့္မို့ သူ႔က်မွ လွလွပပအသားအေရနဲ႔ တင္လုံးလုံးေလးကို အေမြေပးခဲ့မွန္းမသိပါ။ သူၾကည့္မိသေလာက္ သူ႔ညီမပင္ သူ႔ေလာက္ တင္မရွိဘူးမဟုတ္လား။

ေတြးေလ စိတ္ပ်က္ေလမို့ ၿငိမ္ၿငိမ္ေလးေနကာသာ ျမစ္အလွကိုရွုစားေတာ့သည္။ အေဖနဲ႔အေမကေတာ့ ကိႏၷရီေခ်ာင္းျခားသလို လြမ္းေလသမၽွကို တတြတ္တြတ္ေျပာကာ ေမာ္ေတာ္ကားေပၚတက္ၾကေလသည္။

ဪ......ငါ့ႏွယ္။ Rs ေတြကို မျမင္ခ်င္မွအဆုံးပါလား။

“‌ေဟာဗ်ာ ဦးဘသင္ထင္ပါရဲ့”

“ဟာ........ေမာင္ဘုန္းပါလားကြ‌ ေဟ။ ဒီကိုအလုပ္ကိစၥနဲ႔လာသလား”

ေမာ္ေတာ္ကားထြက္ေတာ့မည္အလုပ္ ေပရွည္ကာ လာႏွုတ္ဆက္ေသာ ဟိုလူႀကီးေၾကာင့္ စက္ျပန္သတ္ကာ ေအာက္ဆင္းရျပန္သည္။ အစကတည္းက ေၾကာက္သည့္စိတ္ႏွင့္ အိပ္မက္မက္ထားေသာ အရွိန္တို့ေပါင္းကာ ဘုန္းသေရကိုေမာ့ေတာင္မၾကည့္ရဲျဖစ္ေနသည္။

ဘုန္းသေရကလဲ ဒါကိုေသခ်ာျမင္လိုက္သည္။ သူက လူယုတ္မာအျပဳံးေတြကိုအေသအခ်ာျပဳံးကာ

“ဦးဘသင္တို့မ်ား သမာဓိနဲ႔ျပည့္ပါေပရဲ့ဗ်ာ။ ဒီေခတ္လူေတြက်ေတာ့ အေတာ္ဆိုးသဗ်။ သူမ်ားမယားကို ဖ်က္ရတာနဲ႔။ မေတာ္မတရားလုပ္ရတာနဲ႔။ အေတာ္ခက္သကိုးဗ်။ ဒီေတာ့ကၽြန္ေတာ္လဲ အလုပ္မ်ားေနရတာဗ်ိဳး။”

“ဟုတ္ေပသား ေမာင္ဘုန္းရယ္။ ဒီလိုလူေတြကို အေသအခ်ာအျပစ္ေပးသင့္သားပဲ။ သူမ်ားမယားကို ဖ်က္ဆီးတာေတာ့ မဟုတ္ေသးပါဘူးကြယ္။ ဒါနဲ႔ေမာင္ဘုန္း လက္ဆက္ၿပီးၿပီထင္ပါ့။ သိပ္မၾကာခင္က မဂၤလာပြဲရွိတယ္ဆို”

“အယ္......အစ္ကိုကလဲ ေမးခ်င္းေမး တျခားေမးပါလား။ ဒီအေၾကာင္းကိုမွေမးရသလား။”

ေဒၚျမေမာ္က အံႀကိတ္သံႏွင့္ တိုးတိုးေျပာသည္။ ဦးဘသင္က ခရီးမွျပန္လာစျဖစ္သျဖင့္လက္ထပ္ပြဲပ်က္တာကို မသိေသး။

“ရပါတယ္။ ေဒၚေဒၚရယ္။ လူရင္းေတြပဲဥစၥာ။ ဒီလိုပါ ဦးဘသင္ရယ္။ ကၽြန္ေတာ့္ရဲ့မဂၤလာပြဲဟာလဲ ခုနကေျပာသလို အေကာင္တစ္ေကာင္ေၾကာင့္ ပ်က္ပါေရာလားဗ်”

“အို.........အားနာစရာေတြျဖစ္ကုန္ၿပီေမာင္ဘုန္းရယ္။ နို့ ဒီကိစၥကို ဘယ္လိုအေရးယူလိုက္သလဲ။ သူမ်ား မဂၤလာကိုဖ်က္ဆီးတယ္ဆိုတာ မလုပ္သင့္တာပဲဗ်။ ေထာင္ႏွစ္လေလာက္ေတာ့ခ်သင့္တယ္”

ဦးဘသင္က မဆင္မျခင္ေမးမိတာေၾကာင့္ တရားခံအေပၚကို ပိုပိုသာသာ‌ေလးဖိေျပာလိုက္သည္။ ဒါကို ေဒၚျမေမာ္ကလဲ ေဘးကေန အားပါးတရေထာက္ခံေလသည္။

“ဟုတ္ပါ့ေမာင္ရင္ရယ္။ မိရင္ေတာ့ သက္ေသနဲ႔တကြ ေထာင္ခ်ဖို့ေကာင္းတယ္။ ဘယ့္ႏွယ္ ဖ်က္လိုဖ်က္ဆီး။ ဒီလိုလူမ်ိဳး မၾကဳံဖူးပါဘူးေတာ္”

တစ္ဖက္မွာေတာ့ သင္ခမ်ာေမာ္ေတာ္ကားတံခါးကိုမွီ၍ ေပ်ာ့ေခြေနေလၿပီ။ သူ႔ဘဝကလဲ တစ္ခါေလးမွားမိပါတယ္။ ဆယ္ခါျပန္အေျပာခံေနရသလိုျဖစ္ေနပါၿပီ။ အေမတို့ေရ အဲဒီလူဟာ ေဟာဒီကအေမသားဗ်။ အေမ့သား။ အဲတာေၾကာင့္ဆက္ၿပီး မေျပာပါနဲ႔ေတာ့ဗ်ာ။ ရွိႀကီးခိုးပါရဲ့။

ငိုခ်င္စိတ္ကိုမ်ိဳခ်ကာ ပတ္ဝန္းက်င္ကိုပဲစူးစမ္းေနသလိုလို ဟိုၾကည့္သည္ၾကည့္ႏွင့္ အာ႐ုံလႊဲလိုက္သည္။ သို့ေသာ္ ဘုန္းသေရ ျပန္ေျပာလိုက္ေသာ စကားက နားထဲကိုကန႔္လန႔္ႀကီးဝင္လာသည္။

“မပူပါနဲ႔ဗ်ာ။ တရားခံကေတြ႕ေနပါၿပီ။ ကၽြန္ေတာ္ ခုေနသနားလို့လႊတ္ထားေပမဲ့ အျပစ္ကေတာ့ေပးရမွာေပါ့ဗ်ာ”

...............................................................................................................................................................................................................

A/N
ေမးမယ္ေမးမယ္နဲ႔မေမးျဖစ္တာ။ ၾကာပါၿပီ။ရက္ကေတာ့။ ကၽြန္ေတာ္ အပ္ဒိတ္မလုပ္တဲ့ရက္ေတြမွာေပါ့။
ခင္ဗ်ားေလးတို့ထဲကတစ္ေယာက္ေလ။ ေတာက္ေလ်ာက္ဖတ္လာတာဗ်ာ။ vote လဲေပးေနက်ပဲ သူက။ အဲဒါကို အဲဒီေန႔ေရာက္ေတာ့ အပိုင္း၂ကိုလားမသိဘူး ျပန္vote တယ္ဗ်ာ။ မၾကာဘူးေနာက္တစ္ေယာက္လဲ အဲ့လိုလာျပန္ေရာ။ အဲေတာ့ ဒီကေတြးမိတာက ႏွစ္ခါျပန္မ်ားဖတ္ေနသလား ဟဲဟဲ။ မသိဘူး လိုရာဆြဲေတြး က်န္းမာေရးပဲ။😁😁😁😁😁

Continue Reading

You'll Also Like

3.9K 332 8
Start Date(1.12.20) End date (......)
230K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
81.7K 8.6K 16
Host(လီရုန္)ရဲ႕ သူ႔မူလကမၻာကိုျပန္ေရာက္သြားၿပီး သူ႔ညီနဲ႔ သူ႔ေမြးစားအေဖရဲ႕သားကိုကလဲ့စားျပန္ေခ်မွာပါ ၊ေနာက္ၿပီး သူ႔ခ်စ္သူနဲ႔မထင္မွတ္ပဲျပန္ဆံုေတြ႕ရကာ သူ႔...
137K 12.6K 23
ေခ်ာင္ရွင္းယန္တစ္ေယာက္ဝတၳဳတစ္ပုဒ္ကိုေဝဖန္ရင္း systemတစ္ခုႏွင့္မေတာ္တဆခ်ိတ္ဆက္မိသြားေသာအခါ Uni ချောင်ရှင်းယန်တစ်ယောက်ဝတၳုတစ်ပုဒ်ကိုဝေဖန်ရင်း systemတစ်...