𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

980K 111K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

Part_32

7.4K 1K 19
By pickpachacon333

Uni

“ဖြစ်ပါ့မလား”

Korn က သူ့ဘေးနားမှ စိတ်အပူအပန်ကင်းစွာပါလာသည့် ခွန်သီယာဝစ်ကို မေးလိုက်သည်။

“သေချာတာပေါ့။ အေဂျင်စီရဲ့မန်နေဂျာကို မင်းနာမည်သာပြောလိုက်။ အကုန်အဆင်ပြေစေရမယ်”

“နေပါဦးဗျ။ ခင်ဗျား ဘယ်လိုလုပ်ခဲ့တာလဲ”

Korn က သံသယမျက်လုံးတွေဖြင့် ခွန်သီယာဝစ်ကိုမေးသည်။

“ဒီလိုပါပဲ။ ကိုယ့်မှာ အစွမ်းနဲနဲရှိတယ်လို့ပြောတယ်မလား”

“ခင်ဗျားက ကျွန်တော်နဲ့ထိလို့ရတယ်နော်”

“အင်း။ ကိုယ့်သက်တမ်းကနှစ်ပေါင်းရာချီနေပြီလေ။ ဒီတော့ ကိုယ်လုပ်နိုင်တာတွေကလဲ မနည်းဘူး။”

“ကျွန်တော်ခင်ဗျားကို ဒီလိုမျိုးကြီး မနေစေချင်ဘူး”

“ဘာလဲ ။ လူပြန်ဝင်စားတာကို ပြောတာလား”

“အင်း”

“ကိုယ်က တမင်မလုပ်တာပါ။ အခွင့်အရေးတွေရခဲ့ပေမဲ့ အမ်းကြောင့်ကိုယ်စောင့်နေခဲ့တာ”

Korn ရဲ့မျက်နှာကထိုနာမည်ကို ကြားပြီးခဏချင်း ညှိုးနွမ်းသွားသည်။ သူ့ချစ်သူက ဘာလို့များ သူ့ကိုမချစ်ရတာလဲ။ ဘာလို့များ အဲဒီလူကိုပဲချစ်ရတာလဲ။ သူတွေးလွန်းတယ်ပဲပြော‌ပြော၊ Korn က အမ်းဖြစ်ခဲ့တယ်ပဲဆိုဆို သူ့ချစ်သူက သူဆိုတဲ့ Saint ကိုချစ်တာမဟုတ်ဘူးလေ။ အမှန်အတိုင်းပြောရရင် ဒီကမ်ဘာကိုရောက်ကတည်းက သူ့စိတ်တွေက ပင်ပန်းဆင်းရဲနေရသည်။

သူ့ချစ်သူက တစ်ခြားသူကို ချစ်နေတယ်လို့တွေးလိုက်ရင် ရင်ဘတ်ထဲကနာလွန်းလို့ သေနိုင်သည်။ သူက မျက်ရည်ဝဲနေသည့် မျက်ဝန်းတွေကို ဖုံးလိုက်ကာ သူ့ချစ်သူအနားက ထွက်သွားဖို့လုပ်လိုက်သည်။

“ခွန်။ ကျွန်တော်သွားတော့မယ်။ ဆက်လိုက်မလာနဲ့တော့”

ပြောပြီးပြီးချင်းပြေးထွက်သွားသော ကောင်လေးကိုကြည့်ရင်း သူ့စိတ်တွေလေးသွားသည်။ ရူးလိုက်တဲ့ငါ။ ဘာလို့များ ကောင်လေးကို စိတ်ညစ်အောင်လုပ်မိပါလိမ့်။ ကိုယ့်ပါးစပ်ကိုယ်ပိတ်လိုက်ရင်း စိတ်ထဲကအကြိမ်ကြိမ်ကတိပေးလိုက်သည်။ သူ ဒီကောင်လေးရှေ့မှာရော ကွယ်ရာမှာပါ အမ်းဆိုသည့်စကားလုံးကို လုံးဝမဟတော့။

“ကျွန်တော့်နာမည် Kornပါဗျ”

သူ မဝံ့မရဲနှင့်ပြောလိုက်ပေမဲ့လို့ တစ်ဖက်က စာရေးမလေးက သူ့ကို အထူးပုဂ္ဂိုလ်လို ဆက်ဆံလာတာမို့ သူပြုံးမိသည်။ သူ့ချစ်သူက သရဲဖြစ်နေတာတောင် သူ့အတွက်ဆို ဘာမဆိုလုပ်ပေးနေဆဲပဲ။ ရင်ဘတ်ထဲက ဆစ်ကနဲဖြစ်လာတာမို့ အံကြိတ်လိုက်သည်။ ရပါတယ်။ သူ့ချစ်သူက အမ်းကိုချစ်နေလဲဘာဖြစ်လဲ။ သူ့ချစ်သူရဲ့စိတ်ကို သူဘာလို့မဆွဲဆောင်နိုင်ရမှာလဲ။ သူ့ချစ်သူကို ပြန်ရဖို့ သူဘာလို့မလုပ်နိုင်ရမှာလဲ။ ပြီးတော့ သူ့ချစ်သူသာ သူ့ကိုတကယ်မချစ်ခဲ့ရင် ဘာလို့ သူ့ဝိဉာဉ်နောက်က တကောက်ကောက်လိုက်နေမှာလဲ။

“မစ္စတာရှင့် မစ်စ် လီလီက အခန်းထဲမှာစောင့်နေပါတယ်”

“ဟုတ်ကဲ့ဗျ။ ကျေးဇူးပါ”

သူက‌ ဖော်ဖော်ရွေရွေပဲပြုံးပြလိုက်သည်။ စာရေးမလေးကတော့ စိုစွတ်ပြီး နမ်းချင်စရာကောင်းလှတဲ့ သူ့နှုတ်ခမ်းလေးကို ခိုးကြည့်ကာ တံတွေးမျိုချသွားလေသည်။

“ဒေါက်ဒေါက်ဒေါက်”

“ဝင်ခဲ့ပါ”

“မင်္ဂလာပါဗျ။ ကျွန်တော်က Korn ပါ။”

“ထိုင်ပါခဗျ။ ခင်ဗျားလဲသိတဲ့အတိုင်းပဲ မစ်လီလီရဲ့မန်နေဂျာက ဒဏ်ရာတချို့ရနေတာကြောင့် ဒီရက်ပိုင်းအတွင်းမှာ မစ်လီလီရဲ့မန်နေဂျာအဖြစ်နဲ့ခင်ဗျားကို ငှားချင်တာပါ။”

“ဟုတ်ကဲ့ဗျ။ ဆရာက ကျွန်တော့်ကိုအကုန်ပြောပြထားပါတယ်။”

“ဒါဆိုရင် ကျွန်တော်တို့ မစ်လီလီကို စိတ်ချပါရစေနော်”

“ကိစ္စမရှိပါဘူးဗျ”

သူက အေဂျင်စီမန်နေဂျာနှင့်သာ တလျောက်လုံးပြောဆိုနေရသည်။ လီလီက အနားမှာထိုင်နေကာ တစ်ခုမှဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ကြည့်ရတာ သူ့ကို အကဲခတ်နေပုံရသည်။

“မမလေးလီလီ ဒီမှာပါဗျ”

အပြင်ကဝယ်လာသည့် ဒိန်ချဉ်ဘူးလေးကို လီလီ့ကိုလှမ်းပေးလိုက်ကာ သူက ကားထဲမှာဝင်ထိုင်လိုက်သည်။ သူမကလဲ ဒိန်ချဉ်ဘူးလေးစုပ်ကာ နောက်ခန်းမှာ အေးအေးဆေးဆေးပင်ဖြစ်နေသည်။ သူက သူမနဲ့ရင်းနှီးဖို့အတွက် စကားစမြည်ပြောနေလိုက်သည်။ သူမက အစကတော့ မာနကြီးသယောင်ထင်ရပေမဲ့ တကယ်တမ်းတော့ကလေးဆန်ကာ စကားလဲတအားများသည်။ သူ့မှာ ကိုယ်နဲ့အကျင့်တူနေသည့်လီလီကြောင့် ပြုံးရပြန်သည်။လီလီက ကားနောက်ခန်းမှာ သေချာထိုင်၍ ရိုက်ကွင်းကိုသွားသည့်လမ်းတလျောက်လုံးတွင် ပီယာ့မကောင်းကြောင်းတွေကို အမြုပ်ထွက်အောင်ပြောပြလာသည်။

“ကောန် ဒါရိုက်တာရောက်ပြီတဲ့လား”

“ရောက်ပြီလေ မမလေး”

“ဒါဆို မိတ်ကပ်ဆရာရော”

“ဟိုးနားလေးမှာထိုင်နေတယ်လေ”

ဒါကိုလဲ သူမက ကျေနပ်သေးပုံမပေါ်။ နောက်တစ်ယောက်ကို ထပ်မေးပြန်သည်။

“ပြီးတော့ ဒီဇိုင်နာရော ဘယ်မှာလဲ”

“မမလေး”

“အင်း။ ပြောလေ”

“ခွန်ပီယာက နောက်ဆယ်မိနစ်ဆိုရောက်ပြီတဲ့”

ဒီစကားကိုကြားတော့ သူမက ရှက်ရမ်းရမ်းကာ ဟိုလှည့်သည်လှည့်ဖြစ်သွားသည်။ မသိရင် ဒီစကားကို သူမ မကြားသလိုလို ဘာလိုလိုမို့ သူရယ်ချင်သွားသည်။ တကယ်က ခွန်ပီယာ‌ ဘယ်မှာလဲဆိုတာကို သိချင်တာနှင့် ဟိုမေးသည်မေးလျှောက်မေးနေသော ကလေးမလေးပင်။

သူက သရုပ်ဆောင်လုပ်ခဲ့ဖူးတာမို့ သရုပ်ဆောင်တစ်ယောက်ရဲ့ မန်နေဂျာသည် ဘယ်လိုဖြစ်နေရမယ်ဆိုတာမျိုးကို သူကောင်းကောင်းသိသည်။ဒါကြောင့် သူက လီလီ့အနားမှာခဏလေးနေရသေးတာတောင် လီလီက သူ့ကိုအတော်လေးချီးကျူးပြီးနေပြီဖြစ်သည်။

“ကောန်”

“ဗျာ”

“နင်က အတွေ့အကြုံတွေဘာတွေရှိမှာပဲနော်။ အချစ်နဲ့ပတ်သတ်ပြီးလေ”

“ဟမ်?”

သူက အော်ရယ်မိမလို အနေအထားကိုမနဲထိန်းနေရသည်။ သူ့ဘဝအစစ်တုန်းက အချစ်နဲ့ပတ်သတ်ပြီး တစ်ခုတောင်မသိသော FA ဘဝကို ပြန်သတိရမိလို့ဖြစ်သည်။

“မမလေးက ဘာလုပ်မလို့လဲ”

“ငါအကြံတောင်းမလို့”

“ဘာအကြံလဲဗျ”

“အာ.......နေဦး အကြံမတောင်းခင် တစ်ခုအရင်စုံစမ်းပေး။ ပီယာက ခုစေ့စပ်ထားတယ်တဲ့။ လူမသိသူမသိပဲ။ အဲတာ ဘယ်သူနဲ့ဆိုတာ နင်သေချာစုံစမ်းပေးဦး။”

“ဗိုလ်ချုပ်ထဝီနဲ့မဟုတ်လားဗျ။ ခွန်ပီယာရဲ့အဖေနဲ့ ဗိုလ်ချုပ်တို့ရဲ့အဖေက တော်တော်လေးရင်းနှီးကြတယ်လေ”

“ဟေး ဗိုလ်ချုပ်ထဝီဆိုရင် ဟိုအေးစက်စက်။ ရေခဲတုံး။ ဘာဆိုဘာမှ စိတ်မဝင်စားတဲ့ သွေးအေးသူကြီးဆိုတာလား”

“ဟုတ်တယ်လေ မမလေး”

“သေပါပြီဟယ်”

“ဘာလို့လဲမမလေး”

“ငါက ပီယာ့လက်က သူ့သတို့သားလောင်းကို လုမလို့လုပ်ထားတာလေဟာ။ ငါပီယာ့ စေ့စပ်ပွဲကို ပျက်အောင်လုပ်ချင်တာ”

“အမှန်က ခွန်ပီယာက လက်ထပ်ချင်နေတာမဟုတ်ဘူးလေ။ မမလေးသာ စေ့စပ်ပွဲကိုဖျက်ပေးလိုက်ရင် သူမက ပိုပြီးတောင်ပျော်နေဦးမယ်မဟုတ်လား။ စေ့စပ်ပွဲကိုမဖျက်သင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ပြီးရင် စေ့စပ်ပွဲတရားဝင်ဖြစ်သွားတဲ့အခါ ဂယက်ထမှာပဲလေ။ အဲဒီအချိန်မှာ မမလေးက သူမကို ကျော်တက်လို့ရနေတာပဲမဟုတ်လား”

သူက လီလီ့စိတ်ကို သိချင်တာကြောင့် နဲနဲလေးစမ်းသပ်လိုက်သည်။ သူသိဖို့လိုသည်မဟုတ်လား။ လီလီနဲ့ ပီယာတို့ရဲ့ဆက်ဆံရေးက တော်တော်ကြီးမုန်းနေတာလား။ မသိမသာမုန်းနေတာလား။ဒါမှမဟုတ် အပျင်းပြေရန်ဖြစ်နေတာလားဆိုတာကိုလေ။

“အာ........ဟင့်အင်း။ ငါက သူ့စေ့စပ်ပွဲကိုဖျက်ချင်ရုံပဲ။ ပြီးတော့ ဂယက်မထရင်တောင် ငါသူ့ကိုအေးဆေးကျော်နိုင်ပါတယ်။ ငါက.....ငါက သူ့ကိုဗိုလ်ချုပ်ထဝီနဲ့ရပြီး ကောင်းစားတာမမြင်ချင်လို့။ ဟုတ်တယ်လေ။ ငါတောင် လက်မထပ်ရသေးဘူး။ သူက ဒီလိုလုပ်လို့ရမလား”

နှုတ်ခမ်းလေးကိုဆူကာ ပြောလိုက်သောလီလီကြောင့် သူပြုံးလိုက်သည်။ ဒီကောင်မလေး တစ်မျိုးပဲ။ သိပ်မရိုးဘူး။ သူ စေ့စပ်ပေးရသည့်စုံတွဲတွေမှာ ဖူးစာကြိုးနီပါလာတာကြောင့် တစ်ယောက်နဲ့တစ်ယောက်ချစ်မိဖို့ သာမန်လူတွေထက် လွယ်ကူသည်မဟုတ်လား။ တကယ်လို့ သူမတို့နှစ်ယောက်က ရန်ဖြစ်နေကြတယ်ဆိုရင်တောင် သူမတို့ရဲ့အတွင်းစိတ်ထဲမှာ ကျိတ်ချစ်မနေကြဘူးလို့ ဘယ်သူကမှ မပြောနိုင်ဘူးလေ။

“လုပ်ပါဦး ကောန်ရယ်။ ငါ သူတို့ကို လက်မထပ်ရအောင်လုပ်ချင်တယ်။ ခက်တာက ဗိုလ်ချုပ်က ငါလှည့်စားလို့ရမဲ့လူမဟုတ်ဘူး။ ငါလဲ သူများကိုလှည့်စားရမှာ အရမ်းပျင်းတယ်။ တကယ်ကိုမလုပ်ချင်ဘူး။”

“အကြံတော့ရှိတယ် မမလေး။ လုပ်မလား”

“ပြောကြည့်လေ”

“မမလေးက ဗိုလ်ချုပ်ကို မမြူဆွယ်ချင်ဘူးဆိုရင်တောင် ခွန်ပီယာကို မြူဆွယ်လို့ရ‌သေးတယ်လေ”

“ဘာ........ငါက? သူ့ကို?”

“အိုး ခဏလေး ခဏလေး မမလေးကို ကျွန်တော်က သဘောပြောတာပါ။ တကယ်မမြူဆွယ်ခိုင်းပါဘူး။”

သူက သူမ နားနားကို ကပ်ကာ အကြံတစ်ချို့ကို တိုးတိုးလေးပြောလိုက်သည်။ သူမကလဲ ကျေနပ်စွာခေါင်းညိမ့်လေသည်။

...............................................................................................................................................................................

မီးဆိုင်းကြီးတွေလှပစွာတပ်ဆင်ထားသည့် ဆိုင်တစ်ခုတွင်ဖြစ်သည်။ အပြင်အဆင်ကအစ တယောသံငြိမ့်ငြိမ့်လေးအဆုံး ရိုဆန်ကာ ငြိမ့်ငြိမ့်ညောင်းညောင်းလေးဖြစ်နေသည်။ မငြိမ့်ညောင်းနိုင်သူက ပီယာပင်ဖြစ်သည်။ သူမက ခြေကိုချိတ်ထိုင်ထားကာ ရေအေးတစ်ဖန်ခွက်ကို တည်ငြိမ်စွာသောက်နေသည်။ ကုတ်ချိုးထားသော သူမ မျက်ခုံးတွေက စိတ်၏မကြည်လင်မှုကို အပီအပြင် ပြသနေလေသည်။

“ခွန်ပီယာ မင်္ဂလာပါဗျ”

ဗိုလ်ချုပ်ထဝီက လူငယ်လေးပင်ရှိသေးသည်။ ပြတ်သားတတ်သော နှုတ်ခမ်းနှင့် မေးရိုးကားကားတို့က ဆုံးဖြတ်ချက်ခိုင်မာတတ်သည့် ယောကျ်ားသားတို့၏ အသွင်အပြင်ကိုဖော်ကျူးနေလေသည်။ သူက ယဉ်ယဉ်‌ကျေးကျေးနှုတ်ဆက်ကာ ပီယာ၏မျက်နှာချင်းဆိုင်ထိုင်ခုံသို့ဝင်ထိုင်လိုက်သည်။

ဒီအချိန်မှာ ပီယာ့မျက်နှာပေါ်တွင် ခုနက အရိပ်အယောင်တို့နဲနဲမှမရှိတော့။ နှုတ်ခမ်းကို ဖွဖွလေးပြုံးထားပုံက စိတ်အနှောက်အယှက်ဖြစ်နေသူတစ်ဦးဟု မထင်ရလောက်အောင် သူမက ဟန်ဆောင်ကောင်းလှသည်။ သိပ်တော်သည့် သရုပ်ဆောင်တစ်ဦးမဟုတ်လား။

“ကျွန်တော် ကွက်တိရောက်လာတာပါ။ ခွန်ပီယာက စောရောက်နေတယ်ထင်တယ်”

“ဟုတ်ကဲ့ရှင့်။ ကျွန်မ နဲနဲစောသွားတယ်။”

“ဒါဆို ကျွန်တော်တို့ ဟင်းမှာလိုက်ကြတော့မလား ခင်ဗျ”

“ရပါတယ်ရှင်”

“အိုး.............ပီ........”

သွေးအေးအခြေအနေဖြစ်နေသော သူတို့နှစ်ယောက်ကြားကို ချွဲချွဲနွဲ့နွဲ့ခေါ်သံလေးတစ်ခုက ဝင်နှောင့်ယှက်လိုက်သည်။ အသံပိုင်ရှင် လီလီသည် ပန်းရောင်ဂါဝန်တိုလေးနှင့်ဖြစ်ကာ ဆံပင်ရှည်လေးများကို နှစ်ဖက်ခွဲ၍မြှောက်စီးထားသည်။ သူမ ကြည့်ရတာ ခုမှ ကာတွန်းကားထဲက ခုန်ထွက်လာသည့် ဘာဘီရုပ်လေးနှယ်။

သူမက ချက်ချင်းပင် ပီယာ့ထံပြေးဝင်သွားကာ ပီယာ၏ပေါင်ပေါ်သို့ ဆိုင်းမဆင့်ဘုံမဆင့်တက်ထိုင်လိုက်လေသည်။ ပြီးနောက် လက်ချောင်းသွယ်သွယ်ကလေးများဖြင့် ပီယာ၏ မေးရိုးအားပွတ်သပ်ကာ ရုံးပတီသီးစားထားသောအသံနှင့်ပြောလေသည်။

“ပီ...........ငါနင့်ကို ဒီမှာတွေ့ရတာ ကောင်းတာပဲ”

ဗိုလ်ချုပ်ထဝီရော ပီယာရော ပြူးကျယ်နေသော မျက်လုံးကိုယ်စီဖြင့် ငြိမ်သက်နေကြလေသည်။

Zawgyi

“ျဖစ္ပါ့မလား”

Korn က သူ႔ေဘးနားမွ စိတ္အပူအပန္ကင္းစြာပါလာသည့္ ခြန္သီယာဝစ္ကို ေမးလိုက္သည္။

“ေသခ်ာတာေပါ့။ ေအဂ်င္စီရဲ့မန္ေနဂ်ာကို မင္းနာမည္သာေျပာလိုက္။ အကုန္အဆင္ေျပေစရမယ္”

“ေနပါဦးဗ်။ ခင္ဗ်ား ဘယ္လိုလုပ္ခဲ့တာလဲ”

Korn က သံသယမ်က္လုံးေတြျဖင့္ ခြန္သီယာဝစ္ကိုေမးသည္။

“ဒီလိုပါပဲ။ ကိုယ့္မွာ အစြမ္းနဲနဲရွိတယ္လို့ေျပာတယ္မလား”

“ခင္ဗ်ားက ကၽြန္ေတာ္နဲ႔ထိလို့ရတယ္ေနာ္”

“အင္း။ ကိုယ့္သက္တမ္းကႏွစ္ေပါင္းရာခ်ီေနၿပီေလ။ ဒီေတာ့ ကိုယ္လုပ္နိုင္တာေတြကလဲ မနည္းဘူး။”

“ကၽြန္ေတာ္ခင္ဗ်ားကို ဒီလိုမ်ိဳးႀကီး မေနေစခ်င္ဘူး”

“ဘာလဲ ။ လူျပန္ဝင္စားတာကို ေျပာတာလား”

“အင္း”

“ကိုယ္က တမင္မလုပ္တာပါ။ အခြင့္အေရးေတြရခဲ့ေပမဲ့ အမ္းေၾကာင့္ကိုယ္ေစာင့္ေနခဲ့တာ”

Korn ရဲ့မ်က္ႏွာကထိုနာမည္ကို ၾကားၿပီးခဏခ်င္း ညႇိုးႏြမ္းသြားသည္။ သူ႔ခ်စ္သူက ဘာလို့မ်ား သူ႔ကိုမခ်စ္ရတာလဲ။ ဘာလို့မ်ား အဲဒီလူကိုပဲခ်စ္ရတာလဲ။ သူေတြးလြန္းတယ္ပဲေျပာ‌ေျပာ၊ Korn က အမ္းျဖစ္ခဲ့တယ္ပဲဆိုဆို သူ႔ခ်စ္သူက သူဆိုတဲ့ Saint ကိုခ်စ္တာမဟုတ္ဘူးေလ။ အမွန္အတိုင္းေျပာရရင္ ဒီကမၻာကိုေရာက္ကတည္းက သူ႔စိတ္ေတြက ပင္ပန္းဆင္းရဲေနရသည္။

သူ႔ခ်စ္သူက တစ္ျခားသူကို ခ်စ္ေနတယ္လို့ေတြးလိုက္ရင္ ရင္ဘတ္ထဲကနာလြန္းလို့ ေသနိုင္သည္။ သူက မ်က္ရည္ဝဲေနသည့္ မ်က္ဝန္းေတြကို ဖုံးလိုက္ကာ သူ႔ခ်စ္သူအနားက ထြက္သြားဖို့လုပ္လိုက္သည္။

“ခြန္။ ကၽြန္ေတာ္သြားေတာ့မယ္။ ဆက္လိုက္မလာနဲ႔ေတာ့”

ေျပာၿပီးၿပီးခ်င္းေျပးထြက္သြားေသာ ေကာင္ေလးကိုၾကည့္ရင္း သူ႔စိတ္ေတြေလးသြားသည္။ ႐ူးလိုက္တဲ့ငါ။ ဘာလို့မ်ား ေကာင္ေလးကို စိတ္ညစ္ေအာင္လုပ္မိပါလိမ့္။ ကိုယ့္ပါးစပ္ကိုယ္ပိတ္လိုက္ရင္း စိတ္ထဲကအႀကိမ္ႀကိမ္ကတိေပးလိုက္သည္။ သူ ဒီေကာင္ေလးေရွ႕မွာေရာ ကြယ္ရာမွာပါ အမ္းဆိုသည့္စကားလုံးကို လုံးဝမဟေတာ့။

“ကၽြန္ေတာ့္နာမည္ Kornပါဗ်”

သူ မဝံ့မရဲႏွင့္ေျပာလိုက္ေပမဲ့လို့ တစ္ဖက္က စာေရးမေလးက သူ႔ကို အထူးပုဂၢိဳလ္လို ဆက္ဆံလာတာမို့ သူျပဳံးမိသည္။ သူ႔ခ်စ္သူက သရဲျဖစ္ေနတာေတာင္ သူ႔အတြက္ဆို ဘာမဆိုလုပ္ေပးေနဆဲပဲ။ ရင္ဘတ္ထဲက ဆစ္ကနဲျဖစ္လာတာမို့ အံႀကိတ္လိုက္သည္။ ရပါတယ္။ သူ႔ခ်စ္သူက အမ္းကိုခ်စ္ေနလဲဘာျဖစ္လဲ။ သူ႔ခ်စ္သူရဲ့စိတ္ကို သူဘာလို့မဆြဲေဆာင္နိုင္ရမွာလဲ။ သူ႔ခ်စ္သူကို ျပန္ရဖို့ သူဘာလို့မလုပ္နိုင္ရမွာလဲ။ ၿပီးေတာ့ သူ႔ခ်စ္သူသာ သူ႔ကိုတကယ္မခ်စ္ခဲ့ရင္ ဘာလို့ သူ႔ဝိဥာဥ္ေနာက္က တေကာက္ေကာက္လိုက္ေနမွာလဲ။

“မစၥတာရွင့္ မစ္စ္ လီလီက အခန္းထဲမွာေစာင့္ေနပါတယ္”

“ဟုတ္ကဲ့ဗ်။ ေက်းဇူးပါ”

သူက‌ ေဖာ္ေဖာ္ေရြေရြပဲျပဳံးျပလိုက္သည္။ စာေရးမေလးကေတာ့ စိုစြတ္ၿပီး နမ္းခ်င္စရာေကာင္းလွတဲ့ သူ႔ႏွုတ္ခမ္းေလးကို ခိုးၾကည့္ကာ တံေတြးမ်ိဳခ်သြားေလသည္။

“ေဒါက္ေဒါက္ေဒါက္”

“ဝင္ခဲ့ပါ”

“မဂၤလာပါဗ်။ ကၽြန္ေတာ္က Korn ပါ။”

“ထိုင္ပါခဗ်။ ခင္ဗ်ားလဲသိတဲ့အတိုင္းပဲ မစ္လီလီရဲ့မန္ေနဂ်ာက ဒဏ္ရာတခ်ိဳ့ရေနတာေၾကာင့္ ဒီရက္ပိုင္းအတြင္းမွာ မစ္လီလီရဲ့မန္ေနဂ်ာအျဖစ္နဲ႔ခင္ဗ်ားကို ငွားခ်င္တာပါ။”

“ဟုတ္ကဲ့ဗ်။ ဆရာက ကၽြန္ေတာ့္ကိုအကုန္ေျပာျပထားပါတယ္။”

“ဒါဆိုရင္ ကၽြန္ေတာ္တို့ မစ္လီလီကို စိတ္ခ်ပါရေစေနာ္”

“ကိစၥမရွိပါဘူးဗ်”

သူက ေအဂ်င္စီမန္ေနဂ်ာႏွင့္သာ တေလ်ာက္လုံးေျပာဆိုေနရသည္။ လီလီက အနားမွာထိုင္ေနကာ တစ္ခုမွဝင္ေရာက္စြက္ဖက္ျခင္းမရွိေပ။ ၾကည့္ရတာ သူ႔ကို အကဲခတ္ေနပုံရသည္။

“မမေလးလီလီ ဒီမွာပါဗ်”

အျပင္ကဝယ္လာသည့္ ဒိန္ခ်ဥ္ဘူးေလးကို လီလီ့ကိုလွမ္းေပးလိုက္ကာ သူက ကားထဲမွာဝင္ထိုင္လိုက္သည္။ သူမကလဲ ဒိန္ခ်ဥ္ဘူးေလးစုပ္ကာ ေနာက္ခန္းမွာ ေအးေအးေဆးေဆးပင္ျဖစ္ေနသည္။ သူက သူမနဲ႔ရင္းႏွီးဖို့အတြက္ စကားစျမည္ေျပာေနလိုက္သည္။ သူမက အစကေတာ့ မာနႀကီးသေယာင္ထင္ရေပမဲ့ တကယ္တမ္းေတာ့ကေလးဆန္ကာ စကားလဲတအားမ်ားသည္။ သူ႔မွာ ကိုယ္နဲ႔အက်င့္တူေနသည့္လီလီေၾကာင့္ ျပဳံးရျပန္သည္။လီလီက ကားေနာက္ခန္းမွာ ေသခ်ာထိုင္၍ ရိုက္ကြင္းကိုသြားသည့္လမ္းတေလ်ာက္လုံးတြင္ ပီယာ့မေကာင္းေၾကာင္းေတြကို အျမဳပ္ထြက္ေအာင္ေျပာျပလာသည္။

“ေကာန္ ဒါရိုက္တာေရာက္ၿပီတဲ့လား”

“ေရာက္ၿပီေလ မမေလး”

“ဒါဆို မိတ္ကပ္ဆရာေရာ”

“ဟိုးနားေလးမွာထိုင္ေနတယ္ေလ”

ဒါကိုလဲ သူမက ေက်နပ္ေသးပုံမေပၚ။ ေနာက္တစ္ေယာက္ကို ထပ္ေမးျပန္သည္။

“ၿပီးေတာ့ ဒီဇိုင္နာေရာ ဘယ္မွာလဲ”

“မမေလး”

“အင္း။ ေျပာေလ”

“ခြန္ပီယာက ေနာက္ဆယ္မိနစ္ဆိုေရာက္ၿပီတဲ့”

ဒီစကားကိုၾကားေတာ့ သူမက ရွက္ရမ္းရမ္းကာ ဟိုလွည့္သည္လွည့္ျဖစ္သြားသည္။ မသိရင္ ဒီစကားကို သူမ မၾကားသလိုလို ဘာလိုလိုမို့ သူရယ္ခ်င္သြားသည္။ တကယ္က ခြန္ပီယာ‌ ဘယ္မွာလဲဆိုတာကို သိခ်င္တာႏွင့္ ဟိုေမးသည္ေမးေလၽွာက္ေမးေနေသာ ကေလးမေလးပင္။

သူက သ႐ုပ္ေဆာင္လုပ္ခဲ့ဖူးတာမို့ သ႐ုပ္ေဆာင္တစ္ေယာက္ရဲ့ မန္ေနဂ်ာသည္ ဘယ္လိုျဖစ္ေနရမယ္ဆိုတာမ်ိဳးကို သူေကာင္းေကာင္းသိသည္။ဒါေၾကာင့္ သူက လီလီ့အနားမွာခဏေလးေနရေသးတာေတာင္ လီလီက သူ႔ကိုအေတာ္ေလးခ်ီးက်ဴးၿပီးေနၿပီျဖစ္သည္။

“ေကာန္”

“ဗ်ာ”

“နင္က အေတြ႕အၾကဳံေတြဘာေတြရွိမွာပဲေနာ္။ အခ်စ္နဲ႔ပတ္သတ္ၿပီးေလ”

“ဟမ္?”

သူက ေအာ္ရယ္မိမလို အေနအထားကိုမနဲထိန္းေနရသည္။ သူ႔ဘဝအစစ္တုန္းက အခ်စ္နဲ႔ပတ္သတ္ၿပီး တစ္ခုေတာင္မသိေသာ FA ဘဝကို ျပန္သတိရမိလို့ျဖစ္သည္။

“မမေလးက ဘာလုပ္မလို့လဲ”

“ငါအႀကံေတာင္းမလို့”

“ဘာအႀကံလဲဗ်”

“အာ.......ေနဦး အႀကံမေတာင္းခင္ တစ္ခုအရင္စုံစမ္းေပး။ ပီယာက ခုေစ့စပ္ထားတယ္တဲ့။ လူမသိသူမသိပဲ။ အဲတာ ဘယ္သူနဲ႔ဆိုတာ နင္ေသခ်ာစုံစမ္းေပးဦး။”

“ဗိုလ္ခ်ဳပ္ထဝီနဲ႔မဟုတ္လားဗ်။ ခြန္ပီယာရဲ့အေဖနဲ႔ ဗိုလ္ခ်ဳပ္တို့ရဲ့အေဖက ေတာ္ေတာ္ေလးရင္းႏွီးၾကတယ္ေလ”

“ေဟး ဗိုလ္ခ်ဳပ္ထဝီဆိုရင္ ဟိုေအးစက္စက္။ ေရခဲတုံး။ ဘာဆိုဘာမွ စိတ္မဝင္စားတဲ့ ေသြးေအးသူႀကီးဆိုတာလား”

“ဟုတ္တယ္ေလ မမေလး”

“ေသပါၿပီဟယ္”

“ဘာလို့လဲမမေလး”

“ငါက ပီယာ့လက္က သူ႔သတို့သားေလာင္းကို လုမလို့လုပ္ထားတာေလဟာ။ ငါပီယာ့ ေစ့စပ္ပြဲကို ပ်က္ေအာင္လုပ္ခ်င္တာ”

“အမွန္က ခြန္ပီယာက လက္ထပ္ခ်င္ေနတာမဟုတ္ဘူးေလ။ မမေလးသာ ေစ့စပ္ပြဲကိုဖ်က္ေပးလိုက္ရင္ သူမက ပိုၿပီးေတာင္ေပ်ာ္ေနဦးမယ္မဟုတ္လား။ ေစ့စပ္ပြဲကိုမဖ်က္သင့္ဘူးလို့ ကၽြန္ေတာ္ထင္တယ္။ ၿပီးရင္ ေစ့စပ္ပြဲတရားဝင္ျဖစ္သြားတဲ့အခါ ဂယက္ထမွာပဲေလ။ အဲဒီအခ်ိန္မွာ မမေလးက သူမကို ေက်ာ္တက္လို့ရေနတာပဲမဟုတ္လား”

သူက လီလီ့စိတ္ကို သိခ်င္တာေၾကာင့္ နဲနဲေလးစမ္းသပ္လိုက္သည္။ သူသိဖို့လိုသည္မဟုတ္လား။ လီလီနဲ႔ ပီယာတို့ရဲ့ဆက္ဆံေရးက ေတာ္ေတာ္ႀကီးမုန္းေနတာလား။ မသိမသာမုန္းေနတာလား။ဒါမွမဟုတ္ အပ်င္းေျပရန္ျဖစ္ေနတာလားဆိုတာကိုေလ။

“အာ........ဟင့္အင္း။ ငါက သူ႔ေစ့စပ္ပြဲကိုဖ်က္ခ်င္႐ုံပဲ။ ၿပီးေတာ့ ဂယက္မထရင္ေတာင္ ငါသူ႔ကိုေအးေဆးေက်ာ္နိုင္ပါတယ္။ ငါက.....ငါက သူ႔ကိုဗိုလ္ခ်ဳပ္ထဝီနဲ႔ရၿပီး ေကာင္းစားတာမျမင္ခ်င္လို့။ ဟုတ္တယ္ေလ။ ငါေတာင္ လက္မထပ္ရေသးဘူး။ သူက ဒီလိုလုပ္လို့ရမလား”

ႏွုတ္ခမ္းေလးကိုဆူကာ ေျပာလိုက္ေသာလီလီေၾကာင့္ သူျပဳံးလိုက္သည္။ ဒီေကာင္မေလး တစ္မ်ိဳးပဲ။ သိပ္မရိုးဘူး။ သူ ေစ့စပ္ေပးရသည့္စုံတြဲေတြမွာ ဖူးစာႀကိဳးနီပါလာတာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္မိဖို့ သာမန္လူေတြထက္ လြယ္ကူသည္မဟုတ္လား။ တကယ္လို့ သူမတို့ႏွစ္ေယာက္က ရန္ျဖစ္ေနၾကတယ္ဆိုရင္ေတာင္ သူမတို့ရဲ့အတြင္းစိတ္ထဲမွာ က်ိတ္ခ်စ္မေနၾကဘူးလို့ ဘယ္သူကမွ မေျပာနိုင္ဘူးေလ။

“လုပ္ပါဦး ေကာန္ရယ္။ ငါ သူတို့ကို လက္မထပ္ရေအာင္လုပ္ခ်င္တယ္။ ခက္တာက ဗိုလ္ခ်ဳပ္က ငါလွည့္စားလို့ရမဲ့လူမဟုတ္ဘူး။ ငါလဲ သူမ်ားကိုလွည့္စားရမွာ အရမ္းပ်င္းတယ္။ တကယ္ကိုမလုပ္ခ်င္ဘူး။”

“အႀကံေတာ့ရွိတယ္ မမေလး။ လုပ္မလား”

“ေျပာၾကည့္ေလ”

“မမေလးက ဗိုလ္ခ်ဳပ္ကို မျမဴဆြယ္ခ်င္ဘူးဆိုရင္ေတာင္ ခြန္ပီယာကို ျမဴဆြယ္လို့ရ‌ေသးတယ္ေလ”

“ဘာ........ငါက? သူ႔ကို?”

“အိုး ခဏေလး ခဏေလး မမေလးကို ကၽြန္ေတာ္က သေဘာေျပာတာပါ။ တကယ္မျမဴဆြယ္ခိုင္းပါဘူး။”

သူက သူမ နားနားကို ကပ္ကာ အႀကံတစ္ခ်ိဳ့ကို တိုးတိုးေလးေျပာလိုက္သည္။ သူမကလဲ ေက်နပ္စြာေခါင္းညိမ့္ေလသည္။

...............................................................................................................................................................................

မီးဆိုင္းႀကီးေတြလွပစြာတပ္ဆင္ထားသည့္ ဆိုင္တစ္ခုတြင္ျဖစ္သည္။ အျပင္အဆင္ကအစ တေယာသံၿငိမ့္ၿငိမ့္ေလးအဆုံး ရိုဆန္ကာ ၿငိမ့္ၿငိမ့္ေညာင္းေညာင္းေလးျဖစ္ေနသည္။ မၿငိမ့္ေညာင္းနိုင္သူက ပီယာပင္ျဖစ္သည္။ သူမက ေျခကိုခ်ိတ္ထိုင္ထားကာ ေရေအးတစ္ဖန္ခြက္ကို တည္ၿငိမ္စြာေသာက္ေနသည္။ ကုတ္ခ်ိဳးထားေသာ သူမ မ်က္ခုံးေတြက စိတ္၏မၾကည္လင္မွုကို အပီအျပင္ ျပသေနေလသည္။

“ခြန္ပီယာ မဂၤလာပါဗ်”

ဗိုလ္ခ်ဳပ္ထဝီက လူငယ္ေလးပင္ရွိေသးသည္။ ျပတ္သားတတ္ေသာ ႏွုတ္ခမ္းႏွင့္ ေမးရိုးကားကားတို့က ဆုံးျဖတ္ခ်က္ခိုင္မာတတ္သည့္ ေယာက်္ားသားတို့၏ အသြင္အျပင္ကိုေဖာ္က်ဴးေနေလသည္။ သူက ယဥ္ယဥ္‌ေက်းေက်းႏွုတ္ဆက္ကာ ပီယာ၏မ်က္ႏွာခ်င္းဆိုင္ထိုင္ခုံသို့ဝင္ထိုင္လိုက္သည္။

ဒီအခ်ိန္မွာ ပီယာ့မ်က္ႏွာေပၚတြင္ ခုနက အရိပ္အေယာင္တို့နဲနဲမွမရွိေတာ့။ ႏွုတ္ခမ္းကို ဖြဖြေလးျပဳံးထားပုံက စိတ္အေႏွာက္အယွက္ျဖစ္ေနသူတစ္ဦးဟု မထင္ရေလာက္ေအာင္ သူမက ဟန္ေဆာင္ေကာင္းလွသည္။ သိပ္ေတာ္သည့္ သ႐ုပ္ေဆာင္တစ္ဦးမဟုတ္လား။

“ကၽြန္ေတာ္ ကြက္တိေရာက္လာတာပါ။ ခြန္ပီယာက ေစာေရာက္ေနတယ္ထင္တယ္”

“ဟုတ္ကဲ့ရွင့္။ ကၽြန္မ နဲနဲေစာသြားတယ္။”

“ဒါဆို ကၽြန္ေတာ္တို့ ဟင္းမွာလိုက္ၾကေတာ့မလား ခင္ဗ်”

“ရပါတယ္ရွင္”

“အိုး.............ပီ........”

ေသြးေအးအေျခအေနျဖစ္ေနေသာ သူတို့ႏွစ္ေယာက္ၾကားကို ခၽြဲခၽြဲႏြဲ႕ႏြဲ႕ေခၚသံေလးတစ္ခုက ဝင္ေႏွာင့္ယွက္လိုက္သည္။ အသံပိုင္ရွင္ လီလီသည္ ပန္းေရာင္ဂါဝန္တိုေလးႏွင့္ျဖစ္ကာ ဆံပင္ရွည္ေလးမ်ားကို ႏွစ္ဖက္ခြဲ၍ေျမႇာက္စီးထားသည္။ သူမ ၾကည့္ရတာ ခုမွ ကာတြန္းကားထဲက ခုန္ထြက္လာသည့္ ဘာဘီ႐ုပ္ေလးႏွယ္။

သူမက ခ်က္ခ်င္းပင္ ပီယာ့ထံေျပးဝင္သြားကာ ပီယာ၏ေပါင္ေပၚသို့ ဆိုင္းမဆင့္ဘုံမဆင့္တက္ထိုင္လိုက္ေလသည္။ ၿပီးေနာက္ လက္ေခ်ာင္းသြယ္သြယ္ကေလးမ်ားျဖင့္ ပီယာ၏ ေမးရိုးအားပြတ္သပ္ကာ ႐ုံးပတီသီးစားထားေသာအသံႏွင့္ေျပာေလသည္။

“ပီ...........ငါနင့္ကို ဒီမွာေတြ႕ရတာ ေကာင္းတာပဲ”

ဗိုလ္ခ်ဳပ္ထဝီေရာ ပီယာေရာ ျပဴးက်ယ္ေနေသာ မ်က္လုံးကိုယ္စီျဖင့္ ၿငိမ္သက္ေနၾကေလသည္။

Continue Reading

You'll Also Like

7.4K 569 11
ငါတို႔၂​ေယာက္​ရဲ႕ ၅ႏွစ္​တာတြဲခဲ့ၾကတဲ့သံ​ေယာဇဥ္​က အဲ့​ေလာက္​​ေတာင္​ ​ေလ်ာ့ရဲ​ေနသလား ​​ေျပာရက္​​တယ္​ ၅စကၠန္​႔​ေလာက္​ပဲၾကာတဲ့လမ္​းခြဲမယ္​ ဆိုတဲ့ စကား​ကင...
603K 69K 122
Uni ဟိန်းက သူ့အဘွားကို ကယ်ဖို့အတွက် Systemမှာ အစမ်းသပ်ခံဖို့ ဆုံးဖြတ်ရင်း တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ Zawgyi ဟိန္းက သူ႔အဘြားကို ကယ္ဖို႔အတြက္ Sys...
82.3K 8.6K 16
Host(လီရုန္)ရဲ႕ သူ႔မူလကမၻာကိုျပန္ေရာက္သြားၿပီး သူ႔ညီနဲ႔ သူ႔ေမြးစားအေဖရဲ႕သားကိုကလဲ့စားျပန္ေခ်မွာပါ ၊ေနာက္ၿပီး သူ႔ခ်စ္သူနဲ႔မထင္မွတ္ပဲျပန္ဆံုေတြ႕ရကာ သူ႔...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...