𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

974K 111K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

Part_29

7.8K 1K 95
By pickpachacon333

Uni

သူနိုးလာတော့ ဝါကျင့်ကျင့်အလင်းရောင်က မျက်စိကျိန်းလောက်အောင်တောက်ပနေသည်။ ဒီအချိန်ကညနေရောက်နေပြီဆိုတာကို မစဉ်းစားမိခင်အထိ သူ့စိတ်တွေကအဆင်ပြေနေပါသေးသည်။ အခုထိ အိမ်ကြီးထဲမှာပဲရှိနေသေးသည့် သူ့ကိုယ်သူကြည့်လိုက်ကာ သက်ပြင်းချမိသည်။ ရုပ်ရှင်တွေထဲမှာဆိုရင် မင်းသမီးမူးလဲရင် တစ်ယောက်ယောက်က ဆေးရုံခေါ်ပေးကြတယ်မဟုတ်လား။ဘာလို့ သူ့ကျမှ ဆေးရုံကိုမရောက်ရတာလဲ။

နောက်ကျိနေသည့် ခေါင်းကိုထူမကာ မတ်တပ်ရပ်လိုက်သည်။ သူဒီထဲကထွက်ကိုထွက်နိုင်ရမည်ဟု ကျိန်းသေယုံကြည်သည်။ တကယ်လို့ သူအခုမထွက်နိုင်ဘူးဆိုရင် ဒီညအတွင်းမှာ သူသေချင်လဲသေသွားနိုင်သည်။ သေပြီးသားလူတစ်ယောက်အဖို့ သေရတာကမဆန်းပေမဲ့ သရဲတွေနဲ့ပတ်သတ်ပြီးသေရမှာက နဲနဲရက်စက်ရာကျလွန်းနေသည်။

သူကပတ်ဝန်းကျင်တစ်ခုလုံးကိုဝေ့ဝိုက်ကြည့်လိုက်သည်။ လှို့ဝှက်ခန်းထဲက ဖက်လျက်အနေအထားနဲ့အရိုးစုနှစ်ခုကို တစ်ချက်ကြည့်ပြီးနောက် လှို့ဝှက်ခန်းတံခါးကို ပြန်ပိတ်လိုက်သည်။ အမှောင်နားနီးလာလေ ကြောက်စိတ်ကြီးစိုးလာလေ ဖြစ်တာကြောင့် သူ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားလိုက်သည်။ သူဒီထဲကထွက်ရမယ်။ ဘာပဲတွေ့တွေ့ထွက်ကိုထွက်ရမယ်။ ဟုတ်တယ်။ ငါယုံတယ်။ ငါ့မှာ အကာအကွယ်အနေနဲ့ ဘုရားစာတွေရှိတယ်။ နောက်ပြီး ငါ့ရင်ဘတ်ထဲကဘုရားရှိတယ်။

သူကစိတ်ထဲကနေ အားတင်းလိုက်ရင်း ရင်ဘတ်လေးကို အသာအယာထိလိုက်သည်။ သူ ဘုရားကိုယုံကြည်မှု၊ သဒ္ဒါတရားတွေအကုန် ဒီရင်ဘတ်ထဲမှာရှိသည်။ သူ့မှာဘာအကာအကွယ်အဆောင်မှမလို။ ရင်ဘတ်ထဲကလာသည့် တရားတွေက သူ့ကိုကာကွယ်ပေးမည်ဟုသူယုံသည်။ သူ သရဲတွေကို မြင်ရရင်တောင် သရဲတွေက သူ့ကိုအန္တရာယ်ပြုလို့မရမှာသေချာသည်။

ရင်ထဲနွေးခနဲဖြစ်သွားကာ နွေးထွေးတဲ့သွေးရဲ့စီးဆင်းမှုကို သူခံစားနေရသည်။နှုတ်မှ ဘုရားစာကို မပြတ်ရွတ်နေရင်း တံခါးကို ဖွင့်ကြည့်တော့ တံခါးကအလွယ်တကူပင်ပွင့်သွားသည်။ ကော်ရစ်တာတလျောက် စကားပြောသံတွေ၊ ရယ်သံတွေနဲ့ညံနေသည်။ သူက မျက်စိကို လှေကားဘက်ကိုပဲရှေးရှုထားကာ လမ်းမှာတွေ့သမျှသတ္တဝါတွေကို လျစ်လျူရှုဖို့ပြင်သည်။

သူနဲ့အနီးဆုံးမှာ မိန်းမကြီးတစ်ယောက်ရပ်နေသည်။ သူမ ကြည့်ရတာလူလိုပေမဲ့ ရင်ဘတ်ကြီးမှာ ဓားတန်းလန်းကြီးရှိနေသည်။ ဓားက သစ်သီးလှီးတဲ့ဓားဖြစ်ကာ လူထိုးခံရတာမဟုတ်ပဲ မတော်တဆသေရပုံပင်။ နောက် သရဲတွေကတော့ အော်ဂလီဆန်စရာကောင်းလှသည်။ ခန္တာကိုယ်တစ်ခုလုံး မီးလောင် ထားသည့်အရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်...........။

သူက အရာအားလုံးကို မသိချင်ယောင်ဆောင်ကာ အသံတစ်ချက်မထွက်ပဲ ခပ်တည်တည်ပဲဖြတ်လျောက်လာခဲ့သည်။ လှေကားထိပ်မှာက ကောင်မလေးတစ်ယောက်နှင့် ကောင်လေးနှစ်ယောက်၊ သုံးယောက်စလုံးက အထက်တန်းကျောင်းဝတ်စုံလေးတွေကိုယ်စီနှင့်။ ကောင်မလေးခေါင်းမှာက ဦးဏှောက်တွေထွက်ကျနေကာ ဦးဏှောက်ကကျလာသည့်အရည်တွေက သူမရဲ့ ပုခုံးတွေမှာ စိုစွတ်နေသည်။

ကောင်လေးတစ်ယောက်ကတော့ ပါးစပ်မှဘာမှန်းမသိတာတွေကို တဖွဖွရွတ်ကာ ထောက်ချွန်တစ်လက်နှင့် သူ့ကိုယ်သူထိုးဆွနေသည်။ နောက်တစ်ယောက်ကတော့ မှန်စအကြီးကြီးလည်ပင်းမှာစိုက်လျက်............။ သူက ဘယ်လိုပဲအားတင်းထားပေမဲ့ အော်ဂလီဆန်ပြီး အန်ချင်စိတ်တွေပြည့်နှက်လာသည်။ ဒီမှာ လူအမျိုးမျိုး၏သေပုံအမျိုးမျိုးကို သူမြင်နေရသည်။ သူ့မျက်လုံးကနေ မျက်ရည်တွေအဆက်မပြတ်ကျဆင်းနေကာ သူ့တစ်ကိုယ်လုံးလဲ ချေွးစေးတွေနဲ့အေးစက်လျက်ရှိသည်။

တစ်နေ့လုံး ရေသော်မှမသောက်ရသေးသည့် ခန္တာကိုယ်က အားပျော့နေပြီဖြစ်ကာ စိတ်တအားဆောင်နေ၍သာ ယခုလို လမ်းလျောက်နေနိုင်ခြင်းဖြစ်သည်။ သူက ထိုအထက်တန်းကျောင်းသားလေးတွေကို ဖြတ်ပြီး လှေကားကဆင်းလိုက်သည်။ သစ်သားလှေကားသည် တက်လာတုန်းက တိုသလောက် အခုမှတော်တော်ရှည်လျားနေဟန်တူသည်။ အိမ်ရှေ့တံခါးမကြီးကိုလာသည့်တလျောက် သွေးတွေအပြည့်နဲ့ အလုပ်သမားတွေကို သူမြင်ခဲ့ရပြီးပြီဖြစ်သည်။ အသံမထွက်ပဲတအီအီငိုနေမိတာကို ကိုယ့်ကိုယ်ကိုယ်သာ သိလေသည်။

စိတ်နှလုံးထဲမှာ ကြောက်ရွံ့ခြင်းတို့အပြည့်။ နှုတ်ခမ်းတွေကလဲ ခြောက်ကပ်နေကာ တဆတ်ဆတ်တုန်နေသည်။ ဖိနပ်ဆိုတာက ဘယ်နားရောက်နေမှန်းမသိ၍ အုတ်အကျိုးတွေနဲ့ ထိခိုက်မိထားသော ခြေဖဝါးနုနုက သွေးတွေရွှဲလျက်။ တစ်ကိုယ်လုံးနွမ်းဖတ်နေသည်ဆိုတာကို သူသိသည်။ ကြောက်လန့်ခြင်း၏အဆုံးစွန်ဘက်ကို သူရောက်နေသည်။ ဒီမြင်ကွင်းတွေ၊ ဒီအသံတွေ၊ ဒီအေးစက်စက်ခံစားချက်တွေ............ သူကောင်းကောင်းမျိုသိပ်ထားပါသည်။ရောက်တော့မှာပဲ။ အပြင်ကိုရောက်တော့မှာပဲ။

တံခါးလက်ကိုင်ကို ရှိသမျှလက်ကျန်အားလေးနဲ့ ခပ်တင်းတင်းဆွဲလိုက်သည်။ တံခါးကပွင့်မလာ။ သေချာပေါက်အပြင်ကသော့ခတ်ထားသည့်ပုံပင်။ မျက်ရည်တွေက ခြေဖျားအထိ တစက်စက်နဲ့ကျနေကြသည်။ သူထပ်ပြီးဆွဲကြည့်ပြန်သည်။ ဝုန်းဟူသောအသံကလွဲလို့ ကျန်တာဘာမှဖြစ်မလာ။ သူ မျက်နှာသေနှင့်ပင် အိမ်နောက်ဖေးဘက်ကို လှည့်လိုက်သည်။ နောက်ကအပေါက်က ပွင့်နေပါစေဟု ဆုတောင်းရင်းနဲ့သာ သူ့ခြေလှမ်းတွေက တရွေ့ရွေ့ဖြစ်နေရသည်။

အေးစက်သည့်လက်တစ်ဖက်က သူ့ပုခုံးပေါ်ရောက်လာသည်။ သူသိနေပေမဲ့လည်း ဘာမှပြန်တုံ့ပြန်ဖို့အားမရှိ။ နောက်ဆုံး သူအော်ရုံလေးမျှသော်မှ အားမရှိတော့။ ခဏလောက်မရွတ်ပဲနေမိသော ဘုရားစာကို စိတ်ကပူဇော်လိုက်သည်။

"အား...........ပူတယ်။ပူတယ်။"

အက်ရှရှအသံနက်ကြီးကြောင့် သူထိုင်ချကာ နားတွေကို ပိတ်ထားလိုက်သည်။ ဟင့်အင်း။ ဒီအသံကြီးကဘယ်လိုကြီးလဲ။ သူ့နားတွေကန်းကုန်ပြီတောင်ထင်ရသည်။ စိတ်ထင်တာလား။ ဂယောင်ခြောက်ခြားတွေပဲမြင်နေရတာလားမသိပေမဲ့ သူ့မျက်လုံးထဲမှာ မကောင်းဆိုးဝါးတွေအပြည့်။ ပြီးတော့ ရယ်သံတွေ...။ ရယ်သံနက်ကြီးတွေ အပြည့်....။

ရုတ်တရက်လူတစ်ယောက်က သူ့ကိုဖက်ထားလိုက်တာကို သူခံစားလိုက်မိသည်။ အနက်ရောင်အဝတ်အစားတွေနဲ့ထိုလူသည် သူ့ကိုရင်ခွင်ထဲထည့်ထားကာ တခြားကြောက်စရာမြင်ကွင်း ဘာတစ်ခုကိုမှ မမြင်ရအောင်ကာကွယ်ပေးထားသည်။ သူက ထိုလူ့ကို တင်းတင်းကြီးပြန်ဖက်နေမိကာ တစ်ကိုယ်လုံးက တဆတ်ဆတ်တုန်နေသည်။

"မင်းတို့က သူ့ကိုဘယ်လိုဆက်ဆံလိုက်တာလဲ။ သူ့ကိုလန့်အောင် မလုပ်ရဘူးလို့ငါပြောထားတယ်လေ။"

အမိန့်သံပါသော စကားတွေဖြင့် ပြောနေသည့်ထိုလူကြောင့် သူလုံခြုံသလိုခံစားလိုက်ရသည်။ ပြီးတော့ ပြီးတော့ ပူရှိန်းနံ့လေးကို သူခံစားနေရသည်။ ဂယောက်ဂယက်ဖြစ်နေသည့် စိတ်တွေက ခဏချင်းတည်ငြိမ်သွားကာ တည်ငြိမ်မှုလေးတစ်ခုကို သူရလိုက်သည်။ သူ့ကိုဖက်ထားသည့်လူသည် အေးစက်နေသောခန္တာကိုယ်ကို ပိုင်ဆိုင်သော်ငြား သူဘာလို့နွေးထွေးနေရပါလိမ့်။

သေချာပါသည်။ ထိုလူက သူ့ရဲ့ချစ်သူ.......။ သူ့ကိုအရမ်းချစ်တဲ့ သူ့ချစ်သူ ရောက်လာပြီဖြစ်တာကြောင့် ဘာကိုမှဆက်မတွေးတော့ပဲ မျက်လုံးတွေကိုမှိတ်ချလိုက်သည်။ သူယုံပါသည်။ သူ့ချစ်သူက သူ့ကို လုံခြုံစေပါလိမ့်မည်။

သူ့နိုးလာချိန်မှာတော့ သူက ခြံစောင့်တဲလေးထဲကို ပြန်ရောက်နေပြီဖြစ်သည်။ သူ့အနားမှာ အနက်ရောင်အိင်္ကျီနဲ့လူတစ်ယောက်က ခုတင်လေးကို အားပြုကာ အိပ်ပျော်နေသည်။ ထိုလူသည် မြို့စားမင်းခွန်သီယာဝစ်နှင့်အတော်တူသော မျက်နှာရှိသည်။ လူသေတွေလို ဖြူဆွတ်နေသောအသားနဲ့ သွေးမရှိတဲ့နှုတ်ခမ်းတွေကြောင့် သူနဲနဲလန့်သွားရသေးသည်။ သို့ပေမဲ့ ဒါက သူ့ချစ်သူဖြစ်နေတာကြောင့် စိတ်ထဲနွေးသွားပြန်သည်။

"အိုး မင်းနိုးလာပြီလား။ ကိုယ် ထမင်းပြင်ပေးထားတယ်။ မင်းမစားရသေးဘူးမလား။"

"အင်း။ ကျေးဇူးပါပဲ။ ဒါနဲ့ခင်ဗျားနာမည်က ...........?"

"ကိုယ်က ခွန်သီယာဝစ်လေ။ မင်းကိုယ့်ကို မမှတ်မိဘူးလား အမ်း"

"ဘာ ခင်ဗျားက အဲဒီမြို့စားမင်း?"

"အင်း။ ဟုတ်တယ်လေ။"

"ဒါဆို ခင်......ခင်ဗျားက လူ...လူမဟုတ်ဘူး"

"အဲတာလဲ မှန်ပါတယ်။ ဒါပေမဲ့မကြောက်ပါနဲ့ ကိုယ်ကကြောက်စရာမှမကောင်းတာ။"

"ကျွန်တော်...က အမ်းမဟုတ်ဘူး"

သူ‌စိတ်ထဲဝမ်းနည်းလာမိသည်။ သူ့ချစ်သူက ဒီဘဝမှာ သူမဟုတ်တဲ့လူကို ချစ်နေတယ်လေ။ Korn က အမ်း ဖြစ်ခဲ့တယ်ဆိုရင်တောင် သူက Korn အစစ်မဟုတ်ဘူးလေ။ ဒါကြောင့် သူ့ချစ်သူက သူ့ကိုချစ်တာမဟုတ်ဘူး။

"ကိုယ်သိပါတယ်။ ဘာပဲဖြစ်ဖြစ် ထမင်းအရင်စားလိုက်"

"မစားချင်ဘူး"

"အမ်း....... မဟုတ်ဘူး မင်းက Kornမဟုတ်လား။ စားလိုက်‌နော် Korn ။ ကိုယ်မင်းကို နေကောင်းစေချင်တယ်။ ခုန က မင်းတော်တော်လန့်သွားတာ။ အစာမရှိရင် အခြေအနေက ထပ်ပြီးဆိုးသွားလိမ့်မယ်။"

"ခင်ဗျားက လူမှမဟုတ်တာ။ ဒီထမင်းတွေကို ဘယ်လိုသွားလုပ်ထားတာလဲ။"

"ကိုယ့်ကိုယုံပါကွာ။ ကိုယ်ကလူမဟုတ်ပေမဲ့ ထမင်းကတော့ ထမင်းအစစ်တွေပါ။"

Kornက ဗိုက်အရမ်းဆာနေပြီဖြစ်တာကြောင့် ထပ်ပြီးအထွန့်မတက်တော့ပဲ ထမင်းတွေကို ပလုပ်ပလောင်းစားနေလိုက်သည်။ သူ့ချစ်သူကို လုံးဝအဖက်လုပ်ဖို့ စိတ်ကူးမရှိ။ ဒါက သူ့ချစ်သူကို အပြစ်ပြောလို့မရပေမဲ့ သူလုံးဝမကျေနပ်။ သူ့ချစ်သူက တခြားလူကိုချစ်နေတယ်လို့တွေးမိရုံနဲ့တင် အဲ့လူကြီးကို ချက်ချင်းသတ်ပစ်ချင်စိတ်တွေဖြစ်လာသည်။

သီယာဝစ်က ထမင်းတွေပလုပ်ပလောင်းစားနေသည့် သူ့ရှေ့ကကောင်လေးကို ကြည့်လိုက်သည်။ သူအစက ဒီကောင်‌လေးကို အမ်းနဲ့တူတာကြောင့် သတ်ပစ်ကာ ဝိဉာဏ်ကို ခေါ်ထားမလို့လုပ်ခဲ့ပေမဲ့ သူဘယ်လိုမှမလုပ်ရက်ဖြစ်နေရသည်။ ဘာလို့မှန်းမသိ။ ဒီကောင်‌လေးမျက်ရည်ကျရင်ကို သူ့ရင်မှာ မီးနဲ့မြှိက်ထားသလိုပင်။ ခုနကဆို ထမင်းစားဖို့ စိတ်ရှည်လက်ရှည်ချော့မော့ပြောလိုက်ရသေးသည်။ သူက အမ်းကိုတောင် အဲဒီလိုစိတ်ရှည်ခဲ့ဖူးလို့လား။ သူမမှတ်မိတော့။ နှစ်တွေကရာကျော်ပြီမဟုတ်လား။

ထမင်းစားလို့ဝသွားသည့်ကောင်လေးက ပန်းကန်တောင်မဆေးနိုင်တော့ပဲ ထမင်းစားပွဲမှာမှောက်လျက်သားလေး အိပ်ပျော်နေသေးသည်။ သူက ကောင်လေး၏နှုတ်ခမ်းအိအိလေးကို ဖိနမ်းလိုက်ကာ ထမင်းပန်းကန်ကိုကြည့်ရင်းပြုံးလိုက်သည်။ ဒီထမင်းတွေကသာ ထမင်းတွေမဟုတ်ဘူးဆိုတာကို ဒီကလေးသိရင်ဘယ်လိုများနေမလဲ။ သူ့ကို ကျိန်းသေ ရန်တွေ့လောက်မည်ဖြစ်သည်။ အတွေးတွေကို ခဏရပ်ကာ ကောင်လေးကို ချီမ,၍ အိပ်ယာပေါ်တင်ပေးလိုက်သည်။

တစ်ဆက်တည်း သူကပါ အိပ်ယာသေးသေးလေးထဲဝင်၍ ကောင်လေးကိုဖက်ထားကာ အိပ်ပျော်အောင်အိပ်လိုက်သည်။ ညဘက်ဆိုတာ သူ့အိပ်ချိန်မဟုတ်ပေမဲ့ ဒီကောင်‌လေးနဲ့သာဆိုရင် သူအိပ်ပျော်နိုင်ပါသည်။

.............................................................................................................................................................................................................
A/N

ခင်ဗျားလေးတို့ကြောက်မကြောက်တော့မသိဘူး။ ဒီမှာ အာခေါင်တွေပါယားကျိကျိဖြစ်လာတယ်။ မသိဘူး အိပ်ချင်တယ်။ မနက်ဖြန်ကျရင်ယောင်ယမ်းပြီးစောင့်မနေကြနဲ့ဦးနော်။ မနက်ဖြန်က သောကြာမလား။ ဂွတ်နိုက်

Zaw

သူနိုးလာေတာ့ ဝါက်င့္က်င့္အလင္းေရာင္က မ်က္စိက်ိန္းေလာက္ေအာင္ေတာက္ပေနသည္။ ဒီအခ်ိန္ကညေနေရာက္ေနၿပီဆိုတာကို မစဥ္းစားမိခင္အထိ သူ႔စိတ္ေတြကအဆင္ေျပေနပါေသးသည္။ အခုထိ အိမ္ႀကီးထဲမွာပဲရွိေနေသးသည့္ သူ႔ကိုယ္သူၾကည့္လိုက္ကာ သက္ျပင္းခ်မိသည္။ ႐ုပ္ရွင္ေတြထဲမွာဆိုရင္ မင္းသမီးမူးလဲရင္ တစ္ေယာက္ေယာက္က ေဆး႐ုံေခၚေပးၾကတယ္မဟုတ္လား။ဘာလို့ သူ႔က်မွ ေဆး႐ုံကိုမေရာက္ရတာလဲ။

ေနာက္က်ိေနသည့္ ေခါင္းကိုထူမကာ မတ္တပ္ရပ္လိုက္သည္။ သူဒီထဲကထြက္ကိုထြက္နိုင္ရမည္ဟု က်ိန္းေသယုံၾကည္သည္။ တကယ္လို့ သူအခုမထြက္နိုင္ဘူးဆိုရင္ ဒီညအတြင္းမွာ သူေသခ်င္လဲေသသြားနိုင္သည္။ ေသၿပီးသားလူတစ္ေယာက္အဖို့ ေသရတာကမဆန္းေပမဲ့ သရဲေတြနဲ႔ပတ္သတ္ၿပီးေသရမွာက နဲနဲရက္စက္ရာက်လြန္းေနသည္။

သူကပတ္ဝန္းက်င္တစ္ခုလုံးကိုေဝ့ဝိုက္ၾကည့္လိုက္သည္။ လွို့ဝွက္ခန္းထဲက ဖက္လ်က္အေနအထားနဲ႔အရိုးစုႏွစ္ခုကို တစ္ခ်က္ၾကည့္ၿပီးေနာက္ လွို့ဝွက္ခန္းတံခါးကို ျပန္ပိတ္လိုက္သည္။ အေမွာင္နားနီးလာေလ ေၾကာက္စိတ္ႀကီးစိုးလာေလ ျဖစ္တာေၾကာင့္ သူ ကိုယ့္စိတ္ကိုယ္ ျပင္ဆင္ထားလိုက္သည္။ သူဒီထဲကထြက္ရမယ္။ ဘာပဲေတြ႕ေတြ႕ထြက္ကိုထြက္ရမယ္။ ဟုတ္တယ္။ ငါယုံတယ္။ ငါ့မွာ အကာအကြယ္အေနနဲ႔ ဘုရားစာေတြရွိတယ္။ ေနာက္ၿပီး ငါ့ရင္ဘတ္ထဲကဘုရားရွိတယ္။

သူကစိတ္ထဲကေန အားတင္းလိုက္ရင္း ရင္ဘတ္ေလးကို အသာအယာထိလိုက္သည္။ သူ ဘုရားကိုယုံၾကည္မွု၊ သဒၵါတရားေတြအကုန္ ဒီရင္ဘတ္ထဲမွာရွိသည္။ သူ႔မွာဘာအကာအကြယ္အေဆာင္မွမလို။ ရင္ဘတ္ထဲကလာသည့္ တရားေတြက သူ႔ကိုကာကြယ္ေပးမည္ဟုသူယုံသည္။ သူ သရဲေတြကို ျမင္ရရင္ေတာင္ သရဲေတြက သူ႔ကိုအႏၲရာယ္ျပဳလို့မရမွာေသခ်ာသည္။

ရင္ထဲေႏြးခနဲျဖစ္သြားကာ ေႏြးေထြးတဲ့ေသြးရဲ့စီးဆင္းမွုကို သူခံစားေနရသည္။ႏွုတ္မွ ဘုရားစာကို မျပတ္ရြတ္ေနရင္း တံခါးကို ဖြင့္ၾကည့္ေတာ့ တံခါးကအလြယ္တကူပင္ပြင့္သြားသည္။ ေကာ္ရစ္တာတေလ်ာက္ စကားေျပာသံေတြ၊ ရယ္သံေတြနဲ႔ညံေနသည္။ သူက မ်က္စိကို ေလွကားဘက္ကိုပဲေရွးရွုထားကာ လမ္းမွာေတြ႕သမၽွသတၱဝါေတြကို လ်စ္လ်ဴရွုဖို့ျပင္သည္။

သူနဲ႔အနီးဆုံးမွာ မိန္းမႀကီးတစ္ေယာက္ရပ္ေနသည္။ သူမ ၾကည့္ရတာလူလိုေပမဲ့ ရင္ဘတ္ႀကီးမွာ ဓားတန္းလန္းႀကီးရွိေနသည္။ ဓားက သစ္သီးလွီးတဲ့ဓားျဖစ္ကာ လူထိုးခံရတာမဟုတ္ပဲ မေတာ္တဆေသရပုံပင္။ ေနာက္ သရဲေတြကေတာ့ ေအာ္ဂလီဆန္စရာေကာင္းလွသည္။ ခႏၲာကိုယ္တစ္ခုလုံး မီးေလာင္ ထားသည့္အရာေတြနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္...........။

သူက အရာအားလုံးကို မသိခ်င္ေယာင္ေဆာင္ကာ အသံတစ္ခ်က္မထြက္ပဲ ခပ္တည္တည္ပဲျဖတ္ေလ်ာက္လာခဲ့သည္။ ေလွကားထိပ္မွာက ေကာင္မေလးတစ္ေယာက္ႏွင့္ ေကာင္ေလးႏွစ္ေယာက္၊ သုံးေယာက္စလုံးက အထက္တန္းေက်ာင္းဝတ္စုံေလးေတြကိုယ္စီႏွင့္။ ေကာင္မေလးေခါင္းမွာက ဦးေဏွာက္ေတြထြက္က်ေနကာ ဦးေဏွာက္ကက်လာသည့္အရည္ေတြက သူမရဲ့ ပုခုံးေတြမွာ စိုစြတ္ေနသည္။

ေကာင္ေလးတစ္ေယာက္ကေတာ့ ပါးစပ္မွဘာမွန္းမသိတာေတြကို တဖြဖြရြတ္ကာ ေထာက္ခၽြန္တစ္လက္ႏွင့္ သူ႔ကိုယ္သူထိုးဆြေနသည္။ ေနာက္တစ္ေယာက္ကေတာ့ မွန္စအႀကီးႀကီးလည္ပင္းမွာစိုက္လ်က္............။ သူက ဘယ္လိုပဲအားတင္းထားေပမဲ့ ေအာ္ဂလီဆန္ၿပီး အန္ခ်င္စိတ္ေတြျပည့္ႏွက္လာသည္။ ဒီမွာ လူအမ်ိဳးမ်ိဳး၏ေသပုံအမ်ိဳးမ်ိဳးကို သူျမင္ေနရသည္။ သူ႔မ်က္လုံးကေန မ်က္ရည္ေတြအဆက္မျပတ္က်ဆင္းေနကာ သူ႔တစ္ကိုယ္လုံးလဲ ေခၽြးေစးေတြနဲ႔ေအးစက္လ်က္ရွိသည္။

တစ္ေန႔လုံး ေရေသာ္မွမေသာက္ရေသးသည့္ ခႏၲာကိုယ္က အားေပ်ာ့ေနၿပီျဖစ္ကာ စိတ္တအားေဆာင္ေန၍သာ ယခုလို လမ္းေလ်ာက္ေနနိုင္ျခင္းျဖစ္သည္။ သူက ထိုအထက္တန္းေက်ာင္းသားေလးေတြကို ျဖတ္ၿပီး ေလွကားကဆင္းလိုက္သည္။ သစ္သားေလွကားသည္ တက္လာတုန္းက တိုသေလာက္ အခုမွေတာ္ေတာ္ရွည္လ်ားေနဟန္တူသည္။ အိမ္ေရွ႕တံခါးမႀကီးကိုလာသည့္တေလ်ာက္ ေသြးေတြအျပည့္နဲ႔ အလုပ္သမားေတြကို သူျမင္ခဲ့ရၿပီးၿပီျဖစ္သည္။ အသံမထြက္ပဲတအီအီငိုေနမိတာကို ကိုယ့္ကိုယ္ကိုယ္သာ သိေလသည္။

စိတ္ႏွလုံးထဲမွာ ေၾကာက္ရြံ့ျခင္းတို့အျပည့္။ ႏွုတ္ခမ္းေတြကလဲ ေျခာက္ကပ္ေနကာ တဆတ္ဆတ္တုန္ေနသည္။ ဖိနပ္ဆိုတာက ဘယ္နားေရာက္ေနမွန္းမသိ၍ အုတ္အက်ိဳးေတြနဲ႔ ထိခိုက္မိထားေသာ ေျခဖဝါးႏုႏုက ေသြးေတြရႊဲလ်က္။ တစ္ကိုယ္လုံးႏြမ္းဖတ္ေနသည္ဆိုတာကို သူသိသည္။ ေၾကာက္လန႔္ျခင္း၏အဆုံးစြန္ဘက္ကို သူေရာက္ေနသည္။ ဒီျမင္ကြင္းေတြ၊ ဒီအသံေတြ၊ ဒီေအးစက္စက္ခံစားခ်က္ေတြ............ သူေကာင္းေကာင္းမ်ိဳသိပ္ထားပါသည္။ေရာက္ေတာ့မွာပဲ။ အျပင္ကိုေရာက္ေတာ့မွာပဲ။

တံခါးလက္ကိုင္ကို ရွိသမၽွလက္က်န္အားေလးနဲ႔ ခပ္တင္းတင္းဆြဲလိုက္သည္။ တံခါးကပြင့္မလာ။ ေသခ်ာေပါက္အျပင္ကေသာ့ခတ္ထားသည့္ပုံပင္။ မ်က္ရည္ေတြက ေျခဖ်ားအထိ တစက္စက္နဲ႔က်ေနၾကသည္။ သူထပ္ၿပီးဆြဲၾကည့္ျပန္သည္။ ဝုန္းဟူေသာအသံကလြဲလို့ က်န္တာဘာမွျဖစ္မလာ။ သူ မ်က္ႏွာေသႏွင့္ပင္ အိမ္ေနာက္ေဖးဘက္ကို လွည့္လိုက္သည္။ ေနာက္ကအေပါက္က ပြင့္ေနပါေစဟု ဆုေတာင္းရင္းနဲ႔သာ သူ႔ေျခလွမ္းေတြက တေရြ႕ေရြ႕ျဖစ္ေနရသည္။

ေအးစက္သည့္လက္တစ္ဖက္က သူ႔ပုခုံးေပၚေရာက္လာသည္။ သူသိေနေပမဲ့လည္း ဘာမွျပန္တုံ႔ျပန္ဖို့အားမရွိ။ ေနာက္ဆုံး သူေအာ္႐ုံေလးမၽွေသာ္မွ အားမရွိေတာ့။ ခဏေလာက္မရြတ္ပဲေနမိေသာ ဘုရားစာကို စိတ္ကပူေဇာ္လိုက္သည္။

"အား...........ပူတယ္။ပူတယ္။"

အက္ရွရွအသံနက္ႀကီးေၾကာင့္ သူထိုင္ခ်ကာ နားေတြကို ပိတ္ထားလိုက္သည္။ ဟင့္အင္း။ ဒီအသံႀကီးကဘယ္လိုႀကီးလဲ။ သူ႔နားေတြကန္းကုန္ၿပီေတာင္ထင္ရသည္။ စိတ္ထင္တာလား။ ဂေယာင္ေျခာက္ျခားေတြပဲျမင္ေနရတာလားမသိေပမဲ့ သူ႔မ်က္လုံးထဲမွာ မေကာင္းဆိုးဝါးေတြအျပည့္။ ၿပီးေတာ့ ရယ္သံေတြ...။ ရယ္သံနက္ႀကီးေတြ အျပည့္....။

႐ုတ္တရက္လူတစ္ေယာက္က သူ႔ကိုဖက္ထားလိုက္တာကို သူခံစားလိုက္မိသည္။ အနက္ေရာင္အဝတ္အစားေတြနဲ႔ထိုလူသည္ သူ႔ကိုရင္ခြင္ထဲထည့္ထားကာ တျခားေၾကာက္စရာျမင္ကြင္း ဘာတစ္ခုကိုမွ မျမင္ရေအာင္ကာကြယ္ေပးထားသည္။ သူက ထိုလူ႔ကို တင္းတင္းႀကီးျပန္ဖက္ေနမိကာ တစ္ကိုယ္လုံးက တဆတ္ဆတ္တုန္ေနသည္။

"မင္းတို့က သူ႔ကိုဘယ္လိုဆက္ဆံလိုက္တာလဲ။ သူ႔ကိုလန႔္ေအာင္ မလုပ္ရဘူးလို့ငါေျပာထားတယ္ေလ။"

အမိန႔္သံပါေသာ စကားေတြျဖင့္ ေျပာေနသည့္ထိုလူေၾကာင့္ သူလုံျခဳံသလိုခံစားလိုက္ရသည္။ ၿပီးေတာ့ ၿပီးေတာ့ ပူရွိန္းနံ့ေလးကို သူခံစားေနရသည္။ ဂေယာက္ဂယက္ျဖစ္ေနသည့္ စိတ္ေတြက ခဏခ်င္းတည္ၿငိမ္သြားကာ တည္ၿငိမ္မွုေလးတစ္ခုကို သူရလိုက္သည္။ သူ႔ကိုဖက္ထားသည့္လူသည္ ေအးစက္ေနေသာခႏၲာကိုယ္ကို ပိုင္ဆိုင္ေသာ္ျငား သူဘာလို့ေႏြးေထြးေနရပါလိမ့္။

ေသခ်ာပါသည္။ ထိုလူက သူ႔ရဲ့ခ်စ္သူ.......။ သူ႔ကိုအရမ္းခ်စ္တဲ့ သူ႔ခ်စ္သူ ေရာက္လာၿပီျဖစ္တာေၾကာင့္ ဘာကိုမွဆက္မေတြးေတာ့ပဲ မ်က္လုံးေတြကိုမွိတ္ခ်လိုက္သည္။ သူယုံပါသည္။ သူ႔ခ်စ္သူက သူ႔ကို လုံျခဳံေစပါလိမ့္မည္။

သူ႔နိုးလာခ်ိန္မွာေတာ့ သူက ၿခံေစာင့္တဲေလးထဲကို ျပန္ေရာက္ေနၿပီျဖစ္သည္။ သူ႔အနားမွာ အနက္ေရာင္အိကၤ်ီနဲ႔လူတစ္ေယာက္က ခုတင္ေလးကို အားျပဳကာ အိပ္ေပ်ာ္ေနသည္။ ထိုလူသည္ ၿမိဳ့စားမင္းခြန္သီယာဝစ္ႏွင့္အေတာ္တူေသာ မ်က္ႏွာရွိသည္။ လူေသေတြလို ျဖဴဆြတ္ေနေသာအသားနဲ႔ ေသြးမရွိတဲ့ႏွုတ္ခမ္းေတြေၾကာင့္ သူနဲနဲလန႔္သြားရေသးသည္။ သို့ေပမဲ့ ဒါက သူ႔ခ်စ္သူျဖစ္ေနတာေၾကာင့္ စိတ္ထဲေႏြးသြားျပန္သည္။

"အိုး မင္းနိုးလာၿပီလား။ ကိုယ္ ထမင္းျပင္ေပးထားတယ္။ မင္းမစားရေသးဘူးမလား။"

"အင္း။ ေက်းဇူးပါပဲ။ ဒါနဲ႔ခင္ဗ်ားနာမည္က ...........?"

"ကိုယ္က ခြန္သီယာဝစ္ေလ။ မင္းကိုယ့္ကို မမွတ္မိဘူးလား အမ္း"

"ဘာ ခင္ဗ်ားက အဲဒီၿမိဳ့စားမင္း?"

"အင္း။ ဟုတ္တယ္ေလ။"

"ဒါဆို ခင္......ခင္ဗ်ားက လူ...လူမဟုတ္ဘူး"

"အဲတာလဲ မွန္ပါတယ္။ ဒါေပမဲ့မေၾကာက္ပါနဲ႔ ကိုယ္ကေၾကာက္စရာမွမေကာင္းတာ။"

"ကၽြန္ေတာ္...က အမ္းမဟုတ္ဘူး"

သူ‌စိတ္ထဲဝမ္းနည္းလာမိသည္။ သူ႔ခ်စ္သူက ဒီဘဝမွာ သူမဟုတ္တဲ့လူကို ခ်စ္ေနတယ္ေလ။ Korn က အမ္း ျဖစ္ခဲ့တယ္ဆိုရင္ေတာင္ သူက Korn အစစ္မဟုတ္ဘူးေလ။ ဒါေၾကာင့္ သူ႔ခ်စ္သူက သူ႔ကိုခ်စ္တာမဟုတ္ဘူး။

"ကိုယ္သိပါတယ္။ ဘာပဲျဖစ္ျဖစ္ ထမင္းအရင္စားလိုက္"

"မစားခ်င္ဘူး"

"အမ္း....... မဟုတ္ဘူး မင္းက Kornမဟုတ္လား။ စားလိုက္‌ေနာ္ Korn ။ ကိုယ္မင္းကို ေနေကာင္းေစခ်င္တယ္။ ခုန က မင္းေတာ္ေတာ္လန႔္သြားတာ။ အစာမရွိရင္ အေျခအေနက ထပ္ၿပီးဆိုးသြားလိမ့္မယ္။"

"ခင္ဗ်ားက လူမွမဟုတ္တာ။ ဒီထမင္းေတြကို ဘယ္လိုသြားလုပ္ထားတာလဲ။"

"ကိုယ့္ကိုယုံပါကြာ။ ကိုယ္ကလူမဟုတ္ေပမဲ့ ထမင္းကေတာ့ ထမင္းအစစ္ေတြပါ။"

Kornက ဗိုက္အရမ္းဆာေနၿပီျဖစ္တာေၾကာင့္ ထပ္ၿပီးအထြန႔္မတက္ေတာ့ပဲ ထမင္းေတြကို ပလုပ္ပေလာင္းစားေနလိုက္သည္။ သူ႔ခ်စ္သူကို လုံးဝအဖက္လုပ္ဖို့ စိတ္ကူးမရွိ။ ဒါက သူ႔ခ်စ္သူကို အျပစ္ေျပာလို့မရေပမဲ့ သူလုံးဝမေက်နပ္။ သူ႔ခ်စ္သူက တျခားလူကိုခ်စ္ေနတယ္လို့ေတြးမိ႐ုံနဲ႔တင္ အဲ့လူႀကီးကို ခ်က္ခ်င္းသတ္ပစ္ခ်င္စိတ္ေတြျဖစ္လာသည္။

သီယာဝစ္က ထမင္းေတြပလုပ္ပေလာင္းစားေနသည့္ သူ႔ေရွ႕ကေကာင္ေလးကို ၾကည့္လိုက္သည္။ သူအစက ဒီေကာင္‌ေလးကို အမ္းနဲ႔တူတာေၾကာင့္ သတ္ပစ္ကာ ဝိဥာဏ္ကို ေခၚထားမလို့လုပ္ခဲ့ေပမဲ့ သူဘယ္လိုမွမလုပ္ရက္ျဖစ္ေနရသည္။ ဘာလို့မွန္းမသိ။ ဒီေကာင္‌ေလးမ်က္ရည္က်ရင္ကို သူ႔ရင္မွာ မီးနဲ႔ျမႇိက္ထားသလိုပင္။ ခုနကဆို ထမင္းစားဖို့ စိတ္ရွည္လက္ရွည္ေခ်ာ့ေမာ့ေျပာလိုက္ရေသးသည္။ သူက အမ္းကိုေတာင္ အဲဒီလိုစိတ္ရွည္ခဲ့ဖူးလို့လား။ သူမမွတ္မိေတာ့။ ႏွစ္ေတြကရာေက်ာ္ၿပီမဟုတ္လား။

ထမင္းစားလို့ဝသြားသည့္ေကာင္ေလးက ပန္းကန္ေတာင္မေဆးနိုင္ေတာ့ပဲ ထမင္းစားပြဲမွာေမွာက္လ်က္သားေလး အိပ္ေပ်ာ္ေနေသးသည္။ သူက ေကာင္ေလး၏ႏွုတ္ခမ္းအိအိေလးကို ဖိနမ္းလိုက္ကာ ထမင္းပန္းကန္ကိုၾကည့္ရင္းျပဳံးလိုက္သည္။ ဒီထမင္းေတြကသာ ထမင္းေတြမဟုတ္ဘူးဆိုတာကို ဒီကေလးသိရင္ဘယ္လိုမ်ားေနမလဲ။ သူ႔ကို က်ိန္းေသ ရန္ေတြ႕ေလာက္မည္ျဖစ္သည္။ အေတြးေတြကို ခဏရပ္ကာ ေကာင္ေလးကို ခ်ီမ,၍ အိပ္ယာေပၚတင္ေပးလိုက္သည္။

တစ္ဆက္တည္း သူကပါ အိပ္ယာေသးေသးေလးထဲဝင္၍ ေကာင္ေလးကိုဖက္ထားကာ အိပ္ေပ်ာ္ေအာင္အိပ္လိုက္သည္။ ညဘက္ဆိုတာ သူ႔အိပ္ခ်ိန္မဟုတ္ေပမဲ့ ဒီေကာင္‌ေလးနဲ႔သာဆိုရင္ သူအိပ္ေပ်ာ္နိုင္ပါသည္။

.............................................................................................................................................................................................................
A/N

ခင္ဗ်ားေလးတို့ေၾကာက္မေၾကာက္ေတာ့မသိဘူး။ ဒီမွာ အာေခါင္ေတြပါယားက်ိက်ိျဖစ္လာတယ္။ မသိဘူး အိပ္ခ်င္တယ္။ မနက္ျဖန္က်ရင္ေယာင္ယမ္းၿပီးေစာင့္မေနၾကနဲ႔ဦးေနာ္။ မနက္ျဖန္က ေသာၾကာမလား။ ဂြတ္နိုက္

Continue Reading

You'll Also Like

3.7K 211 32
ဒါဟာ...အမှောင်ထုထဲမှာပိတ်မိနေရှာတဲ့ နတ်ဆိုးရဲ့လိပ်ပြာငယ်လေးတစ်ကောင်အကြောင်း...၊ ပုံပြင်လေးတစ်ပုဒ်ပေါ့။ ဒါဟာ...အေမွာင္ထုထဲမွာပိတ္မိေန႐ွာတဲ့ နတ္ဆိုးရဲ႕...
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
104K 12.6K 73
ကဲ..ဇာတ်လမ်း​​လေးအ​ကြောင်းကို ​ပြောပြမယ်​နော်🤗 လီရှူးဆိုတာ အချစ်ဆိုတဲ့အနက်အဓိပါယ် ဘာဆိုတာကိုမသိတဲ့​ကောင်​လေးတစ်​ယောက်! တစ်​နေ့မှာ​တော့ ရှန်ယီရိုဆို...
59.1K 5.5K 15
Uni Betaယောင်ဆောင်ထားတဲ့ Omegaကောင်လေးဟာ ကျောင်းရဲ့ နံပါတ်၂ Alphaကိုမှ ချစ်မိသွားသတဲ့။ Zawgyi Betaေယာင္ေဆာင္ထားတဲ့ Omegaေကာင္ေလးဟာ ေက်ာင္းရဲ့ နံပါတ္...