𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

972K 111K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

Part_28

7.7K 1K 39
By pickpachacon333

Uni

အခန်းလေးသည် လူနေခန်းလေးဖြစ်လိမ့်မည်ဟု နဲနဲလေးမှမတွေးမိပေ။ လှို့ဝှက်ခန်းဖြစ်တာကြောင့် ရွှေတွေ၊ အရေးကြီးသည့်စာရွက်စာတမ်းတွေ ရှိလိမ့်မည်ဟု တွေးမိလိုက်တာဖြစ်သည်။ သို့သော် မြင်လိုက်ရတာက အဖြူရောင်နံရံသုတ်ဆေးတွေနဲ့ လူနေအခန်းငယ်လေးတစ်ခု။ ရေချိုးခန်းနှင့် အိမ်သာတောင်မှ တွဲလျှက်ပါရှိသေးသည်။ အသုံးအဆောင်တွေအကုန်လုံးက သီယာဝစ်ဆိုသည့်လူ၏အခန်းထက်မသာရင်တောင် မလျော့သော တန်ဖိုးတွေရှိကြသည်။

ပြတင်းပေါက်တစ်ခုမှမရှိသလို ဒီအခန်းပိုင်ရှင်လေးသည် နေရောင်ကိုသော်မှ မြင်ဖူးလိမ့်မည်မဟုတ်။ ပြောရရင် အခန်းပိုင်ရှင်လေးသည် အကျဉ်းစံလေးဖြစ်ပေလိမ့်မည်။ သီယာဝစ်က အစားအသောက်ယူလာသည့်ဗန်းလေးကို ချကာ အိပ်ယာထက်က လူတစ်ယောက်ကို ပြုံးကြည့်ရင်း မြတ်မြတ်နိုးနိုးငေးနေဟန်ရှိသည်။ Kornတွေးမိလိုက်တာက ကုတင်ပေါ်ကလူသည် မိန်းကလေးဖြစ်လောက်ပြီး ကြည့်ရတာ အဲဒီမိန်းကလေးကို ခွန်သီယာဝစ်က အတော်ချစ်ဟန်ရှိသည်။

ဒါပေမဲ့ အနားကိုကပ်သွားလိုက်တော့ သူမြင်လိုက်ရတာက ကုတင်ပေါ်မှာခြေကားယားလက်ကားယားအိပ်နေသည့် ကောင်လေးတစ်ယောက်ပင်ဖြစ်သည်။ သူ့စိတ်ထဲနဲနဲဇဝေဇဝါပင်ဖြစ်သွားသည်။ ဒီကောင်‌လေးကို သူတော်တော်လေးရင်းရင်းနှီးနှီးမြင်ဖူးနေသည်။ မြင်ဖူးတာမှ ခုနလေးကပင် မြင်ဖူးသလိုလို............။ ခေါင်းခြောက်အောင်စဉ်းစားပြီးနောက်တွင်တော့ ကိုယ့်ခေါင်းကိုယ်ပြန်ရိုက်လိုက်သည်။

သေစမ်း။ အဲဒါငါ့ရုပ်ကြီးဟ။
အဲ့ဒီတော့ဘာလဲ။ ဘာလို့ဒီကောင်လေးက သူနဲ့တူနေရတာလဲ။ ဒါဆို ခုနက ငါ့အယောင်ဆောင်ထားတဲ့ သရဲက ဒီကောင်‌လေးများလား?

သူတွေးနေတုန်းမှာပင်‌ ကောင်လေးက လူးကာလွန့်ကာဖြင့်နိုးလာဟန်ရှိသည်။ ကောင်လေးမျက်လုံးပွင့်လာတာနဲ့ ခွန်သီယာဝစ်မျက်နှာက အပြုံးက ဘယ်တုန်းကမှမရှိခဲ့သလို ပျောက်ကွယ်သွားသည်။ သူခေါင်းခါမိလိုက်သည်။ ဒီလူကြီးက အရမ်းဟန်ဆောင်တတ်တာပဲ။ ခုနကအပြုံးအရ ခွန်သီယာဝစ်သည် ဒီကောင်‌လေးကို ကျိန်းသေချစ်မြတ်နိုးနေသည်။ ဒါပေမဲ့ အကြောင်းတစ်ခုကြောင့် မချစ်ဟန်ဆောင်နေရပုံပေါ်သည်။

“နိုးလာရင် ထမင်းမြန်မြန်စားတော့။ ငါ့မှာအလုပ်ရှိသေးတယ်။ မင်းကိုပဲလိုက်ပြီး ကြည့်မနေနိုင်ဘူး။”

“ခင်ဗျားဘာလို့ကျွန်တော့်ကို မသတ်သေးတာလဲ။”

“မင်းအဲလိုပြောပြန်ပြီလား”

“အပြစ်သားရဲ့မျိုးဆက်ပဲလေ။ သေရမဲ့လူကို ဒီလိုချုပ်ထားပြီး ဘယ်လိုအသုံးချဖို့ကြံနေတာလဲ။”

“အသုံးချဖို့? အဟက် ဟုတ်တယ်။ ငါကမင်းကိုအသုံးချပစ်မှာ။ အဲတာကြောင့်မို့လို့မင်းကို ဒီလိုအသက်ရှင်အောင်မွေးထားတာလေ။”

ကောင်‌လေး၏အကြည့်တွေက အမုန်းတရားတွေအပြည့်ဖြစ်နေတာကို ကြားလူဖြစ်သည့် သူတောင်ခံစားမိသည်။ဒါပေမဲ့ ဒီအမုန်းတွေထဲမှာ တစ်ခုခုရောပါနေတာလဲ သိသာနေသေးသည်။ ခေါင်းကို စိတ်မကောင်းဖြစ်စွာခါမိပြန်သည်။ ဒီလူနှစ်ယောက်က မချစ်တာလဲမဟုတ်ပဲနဲ့ ဖွင့်ပြောဖို့ကို ဘာလို့အဲ့လောက်တောင်ခဲယဉ်းနေတာလဲ။ ခွန်သီယာဝစ်ဖြစ်သွားသည့်မျက်နှာကိုတော့ သူသေချာမမြင်ရတော့။

ရုတ်တရက် မြင်ကွင်းကပြောင်းသွားပြန်သည်။ အိမ်တစ်ခုလုံးမီးခိုးတွေ မီးတောက်တွေနဲ့ပြည့်လို့။ လူတွေက အပြေးအလွှားအိမ်ပြင်ကို ထွက်နေကြသည်။ ကြောက်လန့်တကြားအော်ဟစ်နေသည့် အသံတွေက ကျယ်ကျယ်လောင်လောင်။ သူကတော့ ဝိဉာဏ်လိုမို့လားမသိ။ မီးအပူကိုလဲ မခံစားရသည့်အပြင်။ မီးခိုးမွှန်နေတာလဲမရှိ။ ဒါပေမဲ့ အန္တရာယ်ဟူသောအသိကြောင့် လူတွေနဲ့ရောယောင်ကာ အိမ်အပြင်ကိုပြေးလာမိသည်။

ခွန်သီယာဝစ်က အပြင်ကပြန်ရောက်လာဟန်တူသည်။ မီးခိုးတွေကိုတွေ့တာနဲ့ အိမ်ထဲကိုအပြေးဝင်သွားတာကို သူတွေ့လိုက်ရသည်။ ပြောရရင် ဒီလူက မိုက်ရူးရဲဆန်လွန်းသည်။ မီးတွေ ဒီလောက်များနေတာကြီးကို ။ သူလဲ ခွန်သီယာဝစ်နောက်ကို လိုက်သွားလိုက်သည်။ ခွန်သီယာဝစ်က မီးတောက်တွေကိုတောင် မှုမနေပဲ သူ့အခန်းကိုသာ အူလျားဖားလျားပြေးနေသည်။ သူသိလိုက်ပါသည်။ ဒါဟာ လှို့ဝှက်ခန်းထဲကကောင်‌လေးကြောင့်ဖြစ်လိမ့်မည်။

ခွန်သီယာဝစ်၏အခန်းကတော့ အရမ်းကြီးမီးမစွဲသေးတာကြောင့် အခန်းထဲရောက်သည်နှင့် လူကမီးအမြိုက်ခံရသည့် ဒုက္ခကလွတ်သွားသည်။ သို့သော် မီးခိုးတွေနဲ့ မည်မျှအသက်ရှူကျပ်မည်ကို သူကိုယ်ချင်းစာမိပါသည်။ ခွန်သီယာဝစ်က ပန်းချီကား၏ နှလုံးနေရာကို ခပ်သွက်သွက်ဖိကာ တံခါးကို ပွင့်စေသည်။ အထဲကကောင်လေးသည် တံခါးကို မှီ၍လဲကျနေသည်။ ခွန်သီယာဝစ်က ကောင်လေးကိုပွေ့ကာ အခန်းပြင်ကိုထွက်ရန်ကြိုးစားလိုက်သည်။

သူတို့ကိုကြည့်ရတာ သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်းတစ်ခုကို ကြည့်နေရသလိုပင်။ ပြောရရင် သူတို့အသက်မှရှင်ပါ့မလားမသိနိုင်။ ဒါသာဇာတ်လမ်းတစ်ခုဆိုရင်တော့ သူတို့အသက်ရှင်ကောင်းရှင်နိုင်ပေမဲ့ ဒါကလက်တွေ့ဘဝမဟုတ်လား။ သက်ပြင်းမောကို ရှိုက်ကာ Korn၏မှတ်ဉာဏ်ထဲရှိ ဒီအိမ်၏ရာဇဝင်ကို တူးဆွကြည့်လိုက်သည်။

Kornကမိဘမဲ့ပေမဲ့ အဘွားတစ်ယောက်တော့ သူ့မှာရှိသည်။ သူ့အဘွားက သူ့ကိုပြောပြနေကျပုံပြင်တွေထဲတွင် ဒီအိမ်ကြီး၏ပုံပြင်လဲပါလေသည်။ သူက အဘွား၏စကားတွေကိုပြန်ကြားယောင်လာသည်။

“အိမ်ကြီးမီးလောင်တော့ လူတွေအကုန်လုံးထွက်ပြေးကုန်ပေမဲ့ မြို့စားမင်းကတော့ အိမ်ထဲကိုပြေးသွားတယ်တဲ့။ တချို့လူတွေပြောတာက အိမ်မှာ လှို့ဝှက်ခန်းရှိပြီး မြို့စားမင်းက သူ့ရဲ့ရတနာတွေကို အဲ့မှာထားတာတဲ့။ မီးလောင်တော့ ရတနာတွေကို ယူဖို့သွားရင်း သေသွားတယ်လို့ပြောတာပဲ။ ထူးဆန်းတာက မြို့စားမင်းရဲ့အလောင်းကိုမတွေ့ရဘူးတဲ့မြေးရဲ့။ အ‌လောင်းကမီးလောင်သွားတယ်လို့ပြောရ‌အောင်လဲ မြို့စားမင်းရဲ့အခန်းက မီးလောင်တဲ့ထဲကို မပါခဲ့ဘူး။

ဘာပဲဖြစ်ဖြစ် လှို့ဝှက်ခန်းကိုတော့ ဒီနေ့အထိ ဘယ်သူမှရှာမတွေ့ကြဘူးတဲ့။”

မဟုတ်မှ...... မြို့စားမင်းနဲ့ ကောင်လေးတို့ ထွက်ပြေးသွားကြတာရော မဖြစ်နိုင်ဘူးလား။ သူက မျက်စိရှေ့မှာ ရှိနေသည့်အတွဲကို ပြန်ကြည့်လိုက်သည်။ အခုဆိုရင် ဘယ်သူမှအဖြေမသိတဲ့ ပုစၧာတစ်ပုဒ်ကို သူသိတော့မှာဖြစ်သည်။ ခွန်သီယာဝစ်က အခန်းအပြင်ကို ထွက်လိုက်ပေမဲ့ အခန်းအပြင်နေရာတွေသည် မီးတွေစွဲကုန်ကြပြီဖြစ်သည်။ ခြေချစရာမရှိလောက်အောင်ကို မီးတွေပြည့်နေသည်။

အပူဟပ်တာကတစ်ကြောင်း မီးခိုးမွှန်တာကတစ်ကြောင်းနဲ့ ခွန်သီယာဝစ်လဲမောဟိုက်နေပုံရသည်။ ကောင်လေးက လူးလွန့်လာသည်ကို သတိထားမိတော့ မြို့စားမင်းကကောင်လေးကို ပွေ့ကာ အခန်းထဲကိုပြန်သွားလိုက်သည်။ အခန်းတံခါးကိုလော့ချထားလိုက်ကာ ကောင်လေးကို ဖက်ထားသည်။ ဒီအခန်းသည်လဲမကြာခင်မီးထဲပါတော့မည်ဖြစ်ကာ သူတို့နှစ်ယောက်သည်လဲကျိမ်းသေ သေရတော့မည်ဖြစ်သည်။

“အမ်း”
မြို့စားမင်း၏ခေါ်သံကြောင့် ကောင်လေးက မော့ကြည့်သည်။ ကောင်လေး၏မျက်နှာမှာလဲ မျက်ရည်တွေက ရစ်သိုင်းနေသည်။ အခြေအနေတွေကို သဘောပေါက်နေသလိုမျိုး.....။

“ခင်ဗျား ဘာလို့  ကျွန်တော့်ကိုလာကယ်တာလဲ။ ခင်ဗျားသေချင်လို့လား”

ငိုသံတစ်ဝက်နဲ့ ရန်တွေ့နေသော ကောင်လေးက မြို့စားမင်း၏ရင်ဘတ်ကို တဘုန်းဘုန်းထုသည်။ မြို့စားမင်းက ကောင်‌လေးကို ထပ်ပြီးတင်းကြပ်စွာဖက်ထားလိုက်သည်။

“ချစ်တယ် အမ်း။ ကိုယ် မင်းကိုချစ်တယ်။”

“အွန်း။ ကျွန်တော်သိပါတယ်။”
“ကိုယ်တို့ဒီကမထွက်နိုင်တော့ဘူးထင်တယ် အဟွတ်အဟွတ်။”

“အွန်း။ ကိစ္စမရှိဘူး ခွန်။ ကျွန်တော်တို့ အတူတူသေရမှာပဲလေ။ ကိစ္စမရှိပါဘူး။”

မြို့စားမင်းရဲ့ မျက်လုံးတွေက ကောင်လေးကို ကာကွယ်မပေးနိုင်သည့်အတွက် ဝမ်းနည်းနေဟန်ရှိသည်။ သူက ကောင်လေးကို ကောက်ချီလိုက်ကာ

“ကိုယ်တို့အလောင်းတွေကို သူများတွေကို မတွေ့စေချင်ဘူး။ ကိုယ်တို့ကိုယ်ပိုင်နေရာလေးမှာပဲ အတူတူသေရအောင်”

ကောင်လေးက ခေါင်းညိမ့်လိုက်ဟန်တူသည်။ သူတို့နှစ်ယောက်က မီးခိုးလုံးတွေကြား လှို့ဝှက်ခန်းထဲဝင်သွားကြသည်။ ပြီးနောက် လှို့ဝှက်ခန်းတံခါးကို ပိတ်ကာ သူတို့ကိုယ်သူတို့ပိတ်လှောင်လိုက်ကြတော့သည်။

Korn တကိုယ်လုံးတောင့်တင်းသွားသည်။ သူသည် ထိုနေရာမှာ ရပ်၍ ထိုစုံတွဲအား မမှိတ်မသုံစိုက်ကြည့်နေဆဲပင်ဖြစ်သည်။ ဒီလိုဆို.......ဒီလိုဆို သူတို့က ဒီအခန်းထဲမှာ သေခဲ့ကြတာပေါ့။ မင်သက်ခြင်းမှ ရုန်းထွက်နိုင်သည့်အချိန်တွင် နာရီကြီးသည် ၉နာရီ၁၅ ပြန်ဖြစ်သွားတာကို သူတွေ့လိုက်ရသည်။ မီးညွှန့်တွေ၊ မီးခိုးလုံးတွေက ပျောက်သွားကာ နဂိုအချိန်ကို ပြန်ရောက်လျက်ရှိသည်။

အိမ်ကြီးတစ်ခုလုံးသည် နဂိုလို ပြန်၍စုတ်ပြတ်သွားကာ နဂိုလို ခပ်မှိန်မှိန်အလင်းရောင်သာရှိတော့သည်။ သူက ဘာဆက်လုပ်ရမှန်းမသိသည့်အခြေအနေသို့ ခဏလောက်ပြန်ရောက်သွားသည်။ ထို့နောက် သူကိုယ်တိုင်လော့ချထားသော တံခါးကို ပြန်ဖွင့်ကာ ဘုရားစာကို အာပြဲအောင်ရွတ်၍ ဘာတွေ့တွေ့တိုက်သွားမည့် အစီအစဉ်ကိုချလိုက်လေသည်။ သို့သော် သူလော့ချထားသည့်တံခါးသည် အပြင်မှတစ်ခုခုပိတ်ထားသလို လုံးဝဖွင့်လို့မရတော့။

သူက ပန်းချီကားလိပ်ကြီးရှိရာနေရာသို့သွားလိုက်သည်။

“ဒီမှာ မြို့စားမင်းခွန်သီယာဝစ်။ တောင်းပန်ပါတယ်နော်။ ကျွန်တော့်ကို လွှတ်ပေးပါတော့။ ကျွန်‌တော် ဒီကိုဝင်လာဖို့ တကယ်မရည်ရွယ်ခဲ့တာပါ။ တောင်းပန်ပါတယ်နော်။ ကျွန်တော်ဘာအမှားများလုပ်လို့လဲ။ ကျွန်တော်က သူများကိုကူညီဖို့ ဒီကိုဝင်လာခဲ့တာပါ။ ခင်ဗျားတို့ကို‌ နှောင့်ယှက်ဖို့လဲမတွေးသလို အစီအစဉ်လဲမရှိပါဘူး။ ဒါကြောင့်လွှတ်ပေးပါတော့။ တောင်းပန်ပါတယ်လို့။”

ဒေါသထွက်ထွက်နဲ့ ပန်းချီကားရဲ့ ရင်ဘတ်နေရာကို ထုချမိသည်။ လှို့ဝှက်အခန်းဆိုတာကို ဖွင့်ဖို့မရည်ရွယ်ပေမဲ့ လက်လွန်သွားတာကြောင့် ဝရောဆိုသည့်အသံကြီးနှင့်အတူ အခန်းက ပွင့်သွားပြီဖြစ်သည်။ မဖွင့်တာ နှစ်ကာလကြာပြီမို့ထင်၏။ ဘိလပ်မြေမှုန်တွေက အခန်းထဲကိုမမြင်ရလောက်အောင် ဝေဝါးစေသည်။ အရင်ဆုံး သူ က လုံးဝမွန်းကြပ်နေသော လေထုရနံ့ကို ခံစားလိုက်မိသည်။

ပြီးနောက် ဘိလပ်မြေမှုန်တွေတဖြေးဖြေးရှင်းလာတော့ သူတွေ့လိုက်ရတာက ကြမ်းပြင်မှာ နီးကပ်စွာလဲနေသည့် အရိုးစုနှစ်ခု................။

ဒီတစ်ခါမှာတော့ သူထိတ်လန့်လွန်းစွာပဲ လဲကျကာ လောကကြီးနဲ့ခေတ္တအဆက်ပြတ်သွားလေသည်။ သူ့စိတ်ထဲမှာ‌တော့ ဒီကမ်ဘာကိုပို့လိုက်သည့် ရက်ချ်နှင့်တကွ ဟိုဆံပင်ပန်းရောင်ကောင်ကိုလဲ တစ်ခါမှမဆဲဖူးတဲ့ စကားလုံးနှင့် ဆဲသွားလိုက်သေးသည်။

“ဖာ့ခ်”

........................................................

A/N

ဘေကုန်ဝါးလို့ ချည်းတင်တာနော်😁😁
ညမှတင်ချင်တာ.....
ဒါမဲ့ အချစ်တွေစောင့်နေမှာကြောင့်😁
နောက်အပိုင်းကတော့ tomorrow😁 ညမှတင်မာပါ
ဖီးလ်ရှိရှိဖတ်ရင်းသရဲခြောက်ခံကြပါစို့

Zawgyi

အခန္းေလးသည္ လူေနခန္းေလးျဖစ္လိမ့္မည္ဟု နဲနဲေလးမွမေတြးမိေပ။ လွို့ဝွက္ခန္းျဖစ္တာေၾကာင့္ ေရႊေတြ၊ အေရးႀကီးသည့္စာရြက္စာတမ္းေတြ ရွိလိမ့္မည္ဟု ေတြးမိလိုက္တာျဖစ္သည္။ သို့ေသာ္ ျမင္လိုက္ရတာက အျဖဴေရာင္နံရံသုတ္ေဆးေတြနဲ႔ လူေနအခန္းငယ္ေလးတစ္ခု။ ေရခ်ိဳးခန္းႏွင့္ အိမ္သာေတာင္မွ တြဲလၽွက္ပါရွိေသးသည္။ အသုံးအေဆာင္ေတြအကုန္လုံးက သီယာဝစ္ဆိုသည့္လူ၏အခန္းထက္မသာရင္ေတာင္ မေလ်ာ့ေသာ တန္ဖိုးေတြရွိၾကသည္။

ျပတင္းေပါက္တစ္ခုမွမရွိသလို ဒီအခန္းပိုင္ရွင္ေလးသည္ ေနေရာင္ကိုေသာ္မွ ျမင္ဖူးလိမ့္မည္မဟုတ္။ ေျပာရရင္ အခန္းပိုင္ရွင္ေလးသည္ အက်ဥ္းစံေလးျဖစ္ေပလိမ့္မည္။ သီယာဝစ္က အစားအေသာက္ယူလာသည့္ဗန္းေလးကို ခ်ကာ အိပ္ယာထက္က လူတစ္ေယာက္ကို ျပဳံးၾကည့္ရင္း ျမတ္ျမတ္နိုးနိုးေငးေနဟန္ရွိသည္။ Kornေတြးမိလိုက္တာက ကုတင္ေပၚကလူသည္ မိန္းကေလးျဖစ္ေလာက္ၿပီး ၾကည့္ရတာ အဲဒီမိန္းကေလးကို ခြန္သီယာဝစ္က အေတာ္ခ်စ္ဟန္ရွိသည္။

ဒါေပမဲ့ အနားကိုကပ္သြားလိုက္ေတာ့ သူျမင္လိုက္ရတာက ကုတင္ေပၚမွာေျခကားယားလက္ကားယားအိပ္ေနသည့္ ေကာင္ေလးတစ္ေယာက္ပင္ျဖစ္သည္။ သူ႔စိတ္ထဲနဲနဲဇေဝဇဝါပင္ျဖစ္သြားသည္။ ဒီေကာင္‌ေလးကို သူေတာ္ေတာ္ေလးရင္းရင္းႏွီးႏွီးျမင္ဖူးေနသည္။ ျမင္ဖူးတာမွ ခုနေလးကပင္ ျမင္ဖူးသလိုလို............။ ေခါင္းေျခာက္ေအာင္စဥ္းစားၿပီးေနာက္တြင္ေတာ့ ကိုယ့္ေခါင္းကိုယ္ျပန္ရိုက္လိုက္သည္။

ေသစမ္း။ အဲဒါငါ့႐ုပ္ႀကီးဟ။
အဲ့ဒီေတာ့ဘာလဲ။ ဘာလို့ဒီေကာင္ေလးက သူနဲ႔တူေနရတာလဲ။ ဒါဆို ခုနက ငါ့အေယာင္ေဆာင္ထားတဲ့ သရဲက ဒီေကာင္‌ေလးမ်ားလား?

သူေတြးေနတုန္းမွာပင္‌ ေကာင္ေလးက လူးကာလြန႔္ကာျဖင့္နိုးလာဟန္ရွိသည္။ ေကာင္ေလးမ်က္လုံးပြင့္လာတာနဲ႔ ခြန္သီယာဝစ္မ်က္ႏွာက အျပဳံးက ဘယ္တုန္းကမွမရွိခဲ့သလို ေပ်ာက္ကြယ္သြားသည္။ သူေခါင္းခါမိလိုက္သည္။ ဒီလူႀကီးက အရမ္းဟန္ေဆာင္တတ္တာပဲ။ ခုနကအျပဳံးအရ ခြန္သီယာဝစ္သည္ ဒီေကာင္‌ေလးကို က်ိန္းေသခ်စ္ျမတ္နိုးေနသည္။ ဒါေပမဲ့ အေၾကာင္းတစ္ခုေၾကာင့္ မခ်စ္ဟန္ေဆာင္ေနရပုံေပၚသည္။

“နိုးလာရင္ ထမင္းျမန္ျမန္စားေတာ့။ ငါ့မွာအလုပ္ရွိေသးတယ္။ မင္းကိုပဲလိုက္ၿပီး ၾကည့္မေနနိုင္ဘူး။”

“ခင္ဗ်ားဘာလို့ကၽြန္ေတာ့္ကို မသတ္ေသးတာလဲ။”

“မင္းအဲလိုေျပာျပန္ၿပီလား”

“အျပစ္သားရဲ့မ်ိဳးဆက္ပဲေလ။ ေသရမဲ့လူကို ဒီလိုခ်ဳပ္ထားၿပီး ဘယ္လိုအသုံးခ်ဖို့ႀကံေနတာလဲ။”

“အသုံးခ်ဖို့? အဟက္ ဟုတ္တယ္။ ငါကမင္းကိုအသုံးခ်ပစ္မွာ။ အဲတာေၾကာင့္မို့လို့မင္းကို ဒီလိုအသက္ရွင္ေအာင္ေမြးထားတာေလ။”

ေကာင္‌ေလး၏အၾကည့္ေတြက အမုန္းတရားေတြအျပည့္ျဖစ္ေနတာကို ၾကားလူျဖစ္သည့္ သူေတာင္ခံစားမိသည္။ဒါေပမဲ့ ဒီအမုန္းေတြထဲမွာ တစ္ခုခုေရာပါေနတာလဲ သိသာေနေသးသည္။ ေခါင္းကို စိတ္မေကာင္းျဖစ္စြာခါမိျပန္သည္။ ဒီလူႏွစ္ေယာက္က မခ်စ္တာလဲမဟုတ္ပဲနဲ႔ ဖြင့္ေျပာဖို့ကို ဘာလို့အဲ့ေလာက္ေတာင္ခဲယဥ္းေနတာလဲ။ ခြန္သီယာဝစ္ျဖစ္သြားသည့္မ်က္ႏွာကိုေတာ့ သူေသခ်ာမျမင္ရေတာ့။

႐ုတ္တရက္ ျမင္ကြင္းကေျပာင္းသြားျပန္သည္။ အိမ္တစ္ခုလုံးမီးခိုးေတြ မီးေတာက္ေတြနဲ႔ျပည့္လို့။ လူေတြက အေျပးအလႊားအိမ္ျပင္ကို ထြက္ေနၾကသည္။ ေၾကာက္လန႔္တၾကားေအာ္ဟစ္ေနသည့္ အသံေတြက က်ယ္က်ယ္ေလာင္ေလာင္။ သူကေတာ့ ဝိဉာဏ္လိုမို့လားမသိ။ မီးအပူကိုလဲ မခံစားရသည့္အျပင္။ မီးခိုးမႊန္ေနတာလဲမရွိ။ ဒါေပမဲ့ အႏၲရာယ္ဟူေသာအသိေၾကာင့္ လူေတြနဲ႔ေရာေယာင္ကာ အိမ္အျပင္ကိုေျပးလာမိသည္။

ခြန္သီယာဝစ္က အျပင္ကျပန္ေရာက္လာဟန္တူသည္။ မီးခိုးေတြကိုေတြ႕တာနဲ႔ အိမ္ထဲကိုအေျပးဝင္သြားတာကို သူေတြ႕လိုက္ရသည္။ ေျပာရရင္ ဒီလူက မိုက္႐ူးရဲဆန္လြန္းသည္။ မီးေတြ ဒီေလာက္မ်ားေနတာႀကီးကို ။ သူလဲ ခြန္သီယာဝစ္ေနာက္ကို လိုက္သြားလိုက္သည္။ ခြန္သီယာဝစ္က မီးေတာက္ေတြကိုေတာင္ မွုမေနပဲ သူ႔အခန္းကိုသာ အူလ်ားဖားလ်ားေျပးေနသည္။ သူသိလိုက္ပါသည္။ ဒါဟာ လွို့ဝွက္ခန္းထဲကေကာင္‌ေလးေၾကာင့္ျဖစ္လိမ့္မည္။

ခြန္သီယာဝစ္၏အခန္းကေတာ့ အရမ္းႀကီးမီးမစြဲေသးတာေၾကာင့္ အခန္းထဲေရာက္သည္ႏွင့္ လူကမီးအၿမိဳက္ခံရသည့္ ဒုကၡကလြတ္သြားသည္။ သို့ေသာ္ မီးခိုးေတြနဲ႔ မည္မၽွအသက္ရွူက်ပ္မည္ကို သူကိုယ္ခ်င္းစာမိပါသည္။ ခြန္သီယာဝစ္က ပန္းခ်ီကား၏ ႏွလုံးေနရာကို ခပ္သြက္သြက္ဖိကာ တံခါးကို ပြင့္ေစသည္။ အထဲကေကာင္ေလးသည္ တံခါးကို မွီ၍လဲက်ေနသည္။ ခြန္သီယာဝစ္က ေကာင္ေလးကိုေပြ႕ကာ အခန္းျပင္ကိုထြက္ရန္ႀကိဳးစားလိုက္သည္။

သူတို့ကိုၾကည့္ရတာ သည္းထိတ္ရင္ဖို ဇာတ္ဝင္ခန္းတစ္ခုကို ၾကည့္ေနရသလိုပင္။ ေျပာရရင္ သူတို့အသက္မွရွင္ပါ့မလားမသိနိုင္။ ဒါသာဇာတ္လမ္းတစ္ခုဆိုရင္ေတာ့ သူတို့အသက္ရွင္ေကာင္းရွင္နိုင္ေပမဲ့ ဒါကလက္ေတြ႕ဘဝမဟုတ္လား။ သက္ျပင္းေမာကို ရွိုက္ကာ Korn၏မွတ္ဉာဏ္ထဲရွိ ဒီအိမ္၏ရာဇဝင္ကို တူးဆြၾကည့္လိုက္သည္။

Kornကမိဘမဲ့ေပမဲ့ အဘြားတစ္ေယာက္ေတာ့ သူ႔မွာရွိသည္။ သူ႔အဘြားက သူ႔ကိုေျပာျပေနက်ပုံျပင္ေတြထဲတြင္ ဒီအိမ္ႀကီး၏ပုံျပင္လဲပါေလသည္။ သူက အဘြား၏စကားေတြကိုျပန္ၾကားေယာင္လာသည္။

“အိမ္ႀကီးမီးေလာင္ေတာ့ လူေတြအကုန္လုံးထြက္ေျပးကုန္ေပမဲ့ ၿမိဳ့စားမင္းကေတာ့ အိမ္ထဲကိုေျပးသြားတယ္တဲ့။ တခ်ိဳ့လူေတြေျပာတာက အိမ္မွာ လွို့ဝွက္ခန္းရွိၿပီး ၿမိဳ့စားမင္းက သူ႔ရဲ့ရတနာေတြကို အဲ့မွာထားတာတဲ့။ မီးေလာင္ေတာ့ ရတနာေတြကို ယူဖို့သြားရင္း ေသသြားတယ္လို့ေျပာတာပဲ။ ထူးဆန္းတာက ၿမိဳ့စားမင္းရဲ့အေလာင္းကိုမေတြ႕ရဘူးတဲ့ေျမးရဲ့။ အ‌ေလာင္းကမီးေလာင္သြားတယ္လို့ေျပာရ‌ေအာင္လဲ ၿမိဳ့စားမင္းရဲ့အခန္းက မီးေလာင္တဲ့ထဲကို မပါခဲ့ဘူး။

ဘာပဲျဖစ္ျဖစ္ လွို့ဝွက္ခန္းကိုေတာ့ ဒီေန႔အထိ ဘယ္သူမွရွာမေတြ႕ၾကဘူးတဲ့။”

မဟုတ္မွ...... ၿမိဳ့စားမင္းနဲ႔ ေကာင္ေလးတို့ ထြက္ေျပးသြားၾကတာေရာ မျဖစ္နိုင္ဘူးလား။ သူက မ်က္စိေရွ႕မွာ ရွိေနသည့္အတြဲကို ျပန္ၾကည့္လိုက္သည္။ အခုဆိုရင္ ဘယ္သူမွအေျဖမသိတဲ့ ပုစၧာတစ္ပုဒ္ကို သူသိေတာ့မွာျဖစ္သည္။ ခြန္သီယာဝစ္က အခန္းအျပင္ကို ထြက္လိုက္ေပမဲ့ အခန္းအျပင္ေနရာေတြသည္ မီးေတြစြဲကုန္ၾကၿပီျဖစ္သည္။ ေျခခ်စရာမရွိေလာက္ေအာင္ကို မီးေတြျပည့္ေနသည္။

အပူဟပ္တာကတစ္ေၾကာင္း မီးခိုးမႊန္တာကတစ္ေၾကာင္းနဲ႔ ခြန္သီယာဝစ္လဲေမာဟိုက္ေနပုံရသည္။ ေကာင္ေလးက လူးလြန႔္လာသည္ကို သတိထားမိေတာ့ ၿမိဳ့စားမင္းကေကာင္ေလးကို ေပြ႕ကာ အခန္းထဲကိုျပန္သြားလိုက္သည္။ အခန္းတံခါးကိုေလာ့ခ်ထားလိုက္ကာ ေကာင္ေလးကို ဖက္ထားသည္။ ဒီအခန္းသည္လဲမၾကာခင္မီးထဲပါေတာ့မည္ျဖစ္ကာ သူတို့ႏွစ္ေယာက္သည္လဲက်ိမ္းေသ ေသရေတာ့မည္ျဖစ္သည္။

“အမ္း”
ၿမိဳ့စားမင္း၏ေခၚသံေၾကာင့္ ေကာင္ေလးက ေမာ့ၾကည့္သည္။ ေကာင္ေလး၏မ်က္ႏွာမွာလဲ မ်က္ရည္ေတြက ရစ္သိုင္းေနသည္။ အေျခအေနေတြကို သေဘာေပါက္ေနသလိုမ်ိဳး.....။

“ခင္ဗ်ား ဘာလို့  ကၽြန္ေတာ့္ကိုလာကယ္တာလဲ။ ခင္ဗ်ားေသခ်င္လို့လား”

ငိုသံတစ္ဝက္နဲ႔ ရန္ေတြ႕ေနေသာ ေကာင္ေလးက ၿမိဳ့စားမင္း၏ရင္ဘတ္ကို တဘုန္းဘုန္းထုသည္။ ၿမိဳ့စားမင္းက ေကာင္‌ေလးကို ထပ္ၿပီးတင္းၾကပ္စြာဖက္ထားလိုက္သည္။

“ခ်စ္တယ္ အမ္း။ ကိုယ္ မင္းကိုခ်စ္တယ္။”

“အြန္း။ ကၽြန္ေတာ္သိပါတယ္။”
“ကိုယ္တို့ဒီကမထြက္နိုင္ေတာ့ဘူးထင္တယ္ အဟြတ္အဟြတ္။”

“အြန္း။ ကိစၥမရွိဘူး ခြန္။ ကၽြန္ေတာ္တို့ အတူတူေသရမွာပဲေလ။ ကိစၥမရွိပါဘူး။”

ၿမိဳ့စားမင္းရဲ့ မ်က္လုံးေတြက ေကာင္ေလးကို ကာကြယ္မေပးနိုင္သည့္အတြက္ ဝမ္းနည္းေနဟန္ရွိသည္။ သူက ေကာင္ေလးကို ေကာက္ခ်ီလိုက္ကာ

“ကိုယ္တို့အေလာင္းေတြကို သူမ်ားေတြကို မေတြ႕ေစခ်င္ဘူး။ ကိုယ္တို့ကိုယ္ပိုင္ေနရာေလးမွာပဲ အတူတူေသရေအာင္”

ေကာင္ေလးက ေခါင္းညိမ့္လိုက္ဟန္တူသည္။ သူတို့ႏွစ္ေယာက္က မီးခိုးလုံးေတြၾကား လွို့ဝွက္ခန္းထဲဝင္သြားၾကသည္။ ၿပီးေနာက္ လွို့ဝွက္ခန္းတံခါးကို ပိတ္ကာ သူတို့ကိုယ္သူတို့ပိတ္ေလွာင္လိုက္ၾကေတာ့သည္။

Korn တကိုယ္လုံးေတာင့္တင္းသြားသည္။ သူသည္ ထိုေနရာမွာ ရပ္၍ ထိုစုံတြဲအား မမွိတ္မသုံစိုက္ၾကည့္ေနဆဲပင္ျဖစ္သည္။ ဒီလိုဆို.......ဒီလိုဆို သူတို့က ဒီအခန္းထဲမွာ ေသခဲ့ၾကတာေပါ့။ မင္သက္ျခင္းမွ ႐ုန္းထြက္နိုင္သည့္အခ်ိန္တြင္ နာရီႀကီးသည္ ၉နာရီ၁၅ ျပန္ျဖစ္သြားတာကို သူေတြ႕လိုက္ရသည္။ မီးညႊန႔္ေတြ၊ မီးခိုးလုံးေတြက ေပ်ာက္သြားကာ နဂိုအခ်ိန္ကို ျပန္ေရာက္လ်က္ရွိသည္။

အိမ္ႀကီးတစ္ခုလုံးသည္ နဂိုလို ျပန္၍စုတ္ျပတ္သြားကာ နဂိုလို ခပ္မွိန္မွိန္အလင္းေရာင္သာရွိေတာ့သည္။ သူက ဘာဆက္လုပ္ရမွန္းမသိသည့္အေျခအေနသို့ ခဏေလာက္ျပန္ေရာက္သြားသည္။ ထို့ေနာက္ သူကိုယ္တိုင္ေလာ့ခ်ထားေသာ တံခါးကို ျပန္ဖြင့္ကာ ဘုရားစာကို အာျပဲေအာင္ရြတ္၍ ဘာေတြ႕ေတြ႕တိုက္သြားမည့္ အစီအစဥ္ကိုခ်လိုက္ေလသည္။ သို့ေသာ္ သူေလာ့ခ်ထားသည့္တံခါးသည္ အျပင္မွတစ္ခုခုပိတ္ထားသလို လုံးဝဖြင့္လို့မရေတာ့။

သူက ပန္းခ်ီကားလိပ္ႀကီးရွိရာေနရာသို့သြားလိုက္သည္။

“ဒီမွာ ၿမိဳ့စားမင္းခြန္သီယာဝစ္။ ေတာင္းပန္ပါတယ္ေနာ္။ ကၽြန္ေတာ့္ကို လႊတ္ေပးပါေတာ့။ ကၽြန္‌ေတာ္ ဒီကိုဝင္လာဖို့ တကယ္မရည္ရြယ္ခဲ့တာပါ။ ေတာင္းပန္ပါတယ္ေနာ္။ ကၽြန္ေတာ္ဘာအမွားမ်ားလုပ္လို့လဲ။ ကၽြန္ေတာ္က သူမ်ားကိုကူညီဖို့ ဒီကိုဝင္လာခဲ့တာပါ။ ခင္ဗ်ားတို့ကို‌ ေႏွာင့္ယွက္ဖို့လဲမေတြးသလို အစီအစဥ္လဲမရွိပါဘူး။ ဒါေၾကာင့္လႊတ္ေပးပါေတာ့။ ေတာင္းပန္ပါတယ္လို့။”

ေဒါသထြက္ထြက္နဲ႔ ပန္းခ်ီကားရဲ့ ရင္ဘတ္ေနရာကို ထုခ်မိသည္။ လွို့ဝွက္အခန္းဆိုတာကို ဖြင့္ဖို့မရည္ရြယ္ေပမဲ့ လက္လြန္သြားတာေၾကာင့္ ဝေရာဆိုသည့္အသံႀကီးႏွင့္အတူ အခန္းက ပြင့္သြားၿပီျဖစ္သည္။ မဖြင့္တာ ႏွစ္ကာလၾကာၿပီမို့ထင္၏။ ဘိလပ္ေျမမွုန္ေတြက အခန္းထဲကိုမျမင္ရေလာက္ေအာင္ ေဝဝါးေစသည္။ အရင္ဆုံး သူ က လုံးဝမြန္းၾကပ္ေနေသာ ေလထုရနံ့ကို ခံစားလိုက္မိသည္။

ၿပီးေနာက္ ဘိလပ္ေျမမွုန္ေတြတေျဖးေျဖးရွင္းလာေတာ့ သူေတြ႕လိုက္ရတာက ၾကမ္းျပင္မွာ နီးကပ္စြာလဲေနသည့္ အရိုးစုႏွစ္ခု................။

ဒီတစ္ခါမွာေတာ့ သူထိတ္လန႔္လြန္းစြာပဲ လဲက်ကာ ေလာကႀကီးနဲ႔ေခတၱအဆက္ျပတ္သြားေလသည္။ သူ႔စိတ္ထဲမွာ‌ေတာ့ ဒီကမၻာကိုပို့လိုက္သည့္ ရက္ခ်္ႏွင့္တကြ ဟိုဆံပင္ပန္းေရာင္ေကာင္ကိုလဲ တစ္ခါမွမဆဲဖူးတဲ့ စကားလုံးႏွင့္ ဆဲသြားလိုက္ေသးသည္။

“ဖာ့ခ္”

........................................................

A/N

ေဘကုန္ဝါးလို႔ ခ်ည္းတင္တာေနာ္😁😁
ညမွတင္ခ်င္တာ.....
ဒါမဲ့ အခ်စ္ေတြေစာင့္ေနမွာေၾကာင့္😁
ေနာက္အပိုင္းကေတာ့ tomorrow 😁ညမွတင္မာပါ
ဖီးလ္႐ွိ႐ွိဖတ္ရင္းသရဲေျခာက္ခံၾကပါစို႔

Continue Reading

You'll Also Like

634K 67.7K 172
*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Pr...
60.6K 5.7K 23
Unicode + Zawgyi ရှောင်ရှင်းယံ - အချစ်ဆိုတာ.... System - ယီးပါပဲတဲ့ !!! ရှောင်ရှင်းယံ - ငါလူးမ -_- # ပေါတောတော ရှင်းယံနဲ့ ယဉ်ကျေးလိမ်မာသင်တန်းဆင်း...
3.7K 211 32
ဒါဟာ...အမှောင်ထုထဲမှာပိတ်မိနေရှာတဲ့ နတ်ဆိုးရဲ့လိပ်ပြာငယ်လေးတစ်ကောင်အကြောင်း...၊ ပုံပြင်လေးတစ်ပုဒ်ပေါ့။ ဒါဟာ...အေမွာင္ထုထဲမွာပိတ္မိေန႐ွာတဲ့ နတ္ဆိုးရဲ႕...
55.7K 6.5K 9
A school life story. A fanfiction of Yibo and Xiao Zhan. I love their chemistry and my friend Peach want to read a fanfiction I write and I want to w...