𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

965K 110K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

Part_24 ( bet. Arc_2 & 3)

12.4K 1.1K 19
By pickpachacon333

Uni

သူတို့ဘဝရဲ့ အမှတ်ရစရာအကောင်းဆုံးအဖြူရောင်အခမ်းအနားလေးက ဒီအခန်းလေးထဲမှာတည်ရှိနေခဲ့သည်။ သူတို့ မင်္ဂလာဆောင်တုန်းကအတိုင်း တစ်ပုံစံထဲပြင်ဆင်ထားသည့် အခမ်းအနားငယ်လေးတစ်ခု။ သူတို့မင်္ဂလာဆောင်တဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေက အခန်းပတ်ပတ်လည်မှာရှိနေကြသည်။ ဆိုင်နိုက အခန်းလေးကို လှည့်ပတ်ကြည့်လိုက်သည်။ ဒါဟာတကယ်ကို သူတို့မင်္ဂလာဆောင်သည့်အချိန်သို့ ပြန်ရောက်သွားသလိုခံစားရချေသည်။

လောရင့်က ပန်းခြင်းလေးထဲရောက်နေသည့် သတို့သမီးဆောင်းသည့် ခေါင်းဆောင်းလေးကိုယူကာ ဆိုင်နိုရဲ့ခေါင်းပေါ်ကို ဆောင်းပေးလိုက်သည်။ ဒီအပြုအမူကလည်း သူတို့ရဲ့မင်္ဂလာပွဲတုန်းကနဲ့ တစ်ထပ်တည်းကျနေသည်။

"ကိုယ်က ဒီအံ့ဖွယ်အခန်းလေးကို ကိုယ်တို့အဘိုးကြီးတွေဖြစ်လာကာမှ လာကြည့်ကြမယ်လို့တွေးထားတာ။ အခုတော့ နဲနဲစောသွားတယ်ထင်တယ်။"

လောရင့်က အပြုံးနွမ်းနွမ်းလေးနှင့်ပြောသည်။
"အမှန်က ဒီအိမ်က ကိုယ်တို့ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးလေ။ ကိုယ့်ဖေဖေနဲ့ မေမေတို့ရဲ့အမှတ်တရတွေ ဒီမှာအပြည့်ပဲ။ ဟိုဘက်ဘေးခန်းကိုမြင်လား။"

လောရင့်ညွှန်ပြသည့်ဘက်မှာ အခန်းတစ်ခုကို တွေ့လိုက်ရတာမို့ ဆိုင်နိုခေါင်းညိမ့်လိုက်သည်။

"အင်း။ အဲ့ဒါ ကိုယ့်ဖေဖေနဲ့‌ မေမေတို့လက်ထပ်တဲ့မင်္ဂလာအခန်းလေးပေါ့။ ဒီအခန်းလေးလိုလေ။ သွားကြည့်ချင်လား။"

ဆိုင်နိုအားတက်သရော ခေါင်းညိမ့်လိုက်သည်။ တကယ်ကို သူတို့ဂျိန်းသားအဖက အတော်ချစ်တတ်ကြသည့် လူတွေပင်ဖြစ်သည်။ လောရင့်အမေဆိုရင်လည်း အတော်အချစ်ခံရသည့် အမျိုးသမီးလေးဖြစ်ပေလိမ့်မည်။ ဆိုင်နိုက မျက်မှန်ဝိုင်းလေးကို လက်နှင့်ပင့်ကာ ရှေ့မှ မြင်ကွင်းကို ကြည့်ပြီးပြုံးလိုက်သည်။ ဒီမှာကျတော့ အခမ်းအနားလေးက ပန်းရောင်နဲ့ရွှေရောင်ရောထားသည်။ ပိုပြီးထူးခြားနေတာတစ်ခုက လောရင့်အဖေနဲ့အမေရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေအပြင် မင်္ဂလာပွဲရဲ့အလယ်မှာ ရှိနေသည့် သတို့သမီးနှင့်သတို့သားပုံတူရုပ်ထုလေးပင်ဖြစ်သည်။

"ကိုယ်တို့သေဆုံးသွားရင်လည်း ကိုယ်တို့မင်္ဂလာခန်းလေးထဲမှာ ကိုယ်တို့ရဲ့ပုံတူရုပ်ထုလေးရှိနေလိမ့်မယ်။"

ဆိုင်နိုက သူ့နှလုံးသားကနေအဆမတန် နူးညံ့မှုလေးကို ခံစားလိုက်ရတာမို့ မျက်ရည်တွေဝဲတက်လာခဲ့သည်။ သူက လောရင့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ လူတစ်ယောက်က သူချစ်ရတဲ့လူဆီမှာ အတိုင်းထက်အလွန်တန်ဖိုးထားခံရရင် ခံစားရတဲ့ ကြည်နူးမှုလေးကို သူအခုခံစားလိုက်ရသည်။

"ကိုယ် သူတို့ကိုလွမ်းလိုက်တာ။"
ဆွေးဆွေးမြေ့မြေ့ပြောလာသည့် လောရင့်ကို ရင်ခွင်ထဲထည့်ကာ နှဖူးလေးကိုနမ်း၍နှစ်သိမ့်လိုက်သည်။ လက်ကလည်း လောရင့်ရဲ့ ဆံပင်လေးတွေကို သပ်ပေးနေလျှက်ရှိသည်။

သူတို့စုံတွဲသည် ထိုအိမ်လေးမှာပဲရက်အတော်ကြာအောင်နေခဲ့ကြသည်။ တရားခံကိစ္စကလည်း ရှင်းသွားပြီမို့ ရုံးတော်က ဆိုင်နိုကို အမှုမှ တရားသေလွှတ်ကြောင်း အမိန့်ချခဲ့သည်။ ရုံးတော်ကို မထီမဲ့မြင်ပြုမှုအနေနဲ့ ဒဏ်ငွေအများကြီးပေးလိုက်ရတာလည်း တစ်ပိုင်းသပ်သပ်ဆိုပေမဲ့ပေါ့။ လူးဝစ်ကလည်း အစက ဆိုင်နိုကိုခါးခါးသီးသီးမုန်းနေပေမဲ့ တစ်ဖက်က အမှန်တရားကိုသိလိုက်ရတာမို့ လူကိုယ်တိုင်လာရောက်တောင်းပန်သွားသည်။

တရားခံအတုက တစ်သက်တစ်ကျွန်းထောင်ဒဏ်ကျခံလိုက်ရသည်။ လောရင့်က သူအစားထိုးလိုက်သည့်လူအပေါ်သက်ညှာသည့်အနေဖြင့် အစွမ်းကုန်ကြိုးစားပေးသောကြောင့် သေဒဏ်မကျခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တရားခံအစစ်ကတော့................

"ဗွမ်း..........."
ရေဖြင့်အပက်ခံလိုက်ရတာကြောင့် သူမ နိုးလာခဲ့သည်။ တစ်ကိုယ်လုံးမှာ ကြာပွတ်ရာတွေနဲ့သူမသည် သိပ်လှပါသည်ဆိုသော အန့်လူနာပါဟူ၍ မယုံနိုင်စရာကောင်းလှသည်။

"ငါ့အဖေကို သတ်ရဲတယ်ပေါ့လေ။"
"ရွှမ်း"
ကြာပွတ်ရာတွေက ထပ်ခါထပ်ခါကျရောက်လာသည်။ လောရင့်ကတကယ်ကို မျက်လုံးနီတွေနဲ့ဖြစ်နေကာ ဒေါသထွက်နေသောသားရဲတစ်ကောင်လို ဖြစ်နေသည်။

အန့်လူနာက ထိုမြင်ကွင်းကို အခါခါမြင်နေရပြီးဖြစ်ပေမဲ့ အခုထိကို တုန်နေအောင်ကြောက်နေရဆဲဖြစ်သည်။ သူမ အသက်မရှင်ချင်တော့။ တကယ်ကိုအသက်မရှင်ရဲတော့တာဖြစ်သည်။ မှောင်ပိန်းပြီး ပိုးကောင်တွေပြည့်နေတဲ့ အခန်းငယ်တစ်ခု၊ ထမင်းကြမ်းတွေစားရတဲ့နေ့တွေနဲ့ ကြာပွတ်နဲ့အချခံရတဲ့ ခံစားချက်တွေ။ ဓားထက်ထက်နဲ့ အသားကိုမွှန်းတာကို အရှင်လတ်လတ်ခံစားနေရတာတွေ။ သူမအရာအားလုံးကို ကြောက်နေမိသည်။

ဒီလူဟာ သူမ ချစ်ခဲ့တဲ့လူတဲ့လား။ သူမ ချစ်ခဲ့တဲ့လူက ဒီလိုကြောက်စရာကောင်းခဲ့တာလား။ နောင်တတွေအထပ်ထပ်ရနေသည့် ခံစားချက်က ရင်ဘတ်ကိုစုတ်ပြတ်သွား‌အောင်စွမ်းဆောင်နိုင်သည်။ မဟုတ်သေးပါဘူး။ သူမ ဘာများမှားခဲ့လို့လဲ။ ဘယ်နေရာမှာများမှားနေလို့များလဲ။ သူမ တွေးခဲ့တာက လောရင့်က သူ့အဖေကိုသတ်လို့ဆိုပြီး ဆိုင်နိုကို ရက်စက်စွာသတ်ပစ်လိမ့်မည်လို့ ထင်ခဲ့တာ။

သူမ ဖျောက်ခဲ့တဲ့ သက်သေအစစ်အမှန်ကို ဘယ်သူမှ မတွေ့ဘူးလို့ထင်နေခဲ့တာ။ ဒါပေမဲ့ မထင်မှတ်စွာနဲ့ လောရင့်က ဒါတွေအကုန်ကို ရှာတွေ့သွားလေသည်။ လူးဝစ်နဲ့ စီရမ်ရဲ့အမုန်းတွေကိုလည်း သူမခံစားခဲ့ရသည်။ သူမ မိသားစုကတော့ သူမကို ကားaccident တစ်ခုကြောင့် သေသွားပြီဟုထင်ထားတာဖြစ်သည်။ ဒီလိုထင်အောင်လည်း လောရင့်ကလုပ်ခဲ့တာဖြစ်သည်။

အခုတော့ သူမဘဝက ကူကယ်ရာမဲ့စွာပဲ အခန်းငယ်လေးထဲမှာ သေမဲ့ရက်ကိုစောင့်နေရသည်။ ကိုယ်ချစ်တဲ့လူက ကိုယ့်ကိုသတ်နေတာထက် နာကျင်တာမျိုးမရှိ။ ဘာလို့များ ဘာလို့များ ဆိုင်နိုက လောရင့်ရဲ့ အချစ်နဲ့ယုံကြည်မှုတွေကို ရထားရတာလဲ။ သူမ အတွေးပေါင်းစုံနဲ့ပျာယာခတ်နေသည်။ နောက်ဆုံးမှာတော့ သူမဟာ မသေဆုံးခင်မှာတင် သွက်သွက်ခါအောင်ရူးသွားလေသည်။

လောရင့်က သူမကို သတ်ချင်ပေမဲ့ ဆိုင်နိုက လွှတ်ပေးစေချင်နေတာမို့ သူမကို လွှတ်ပေးလိုက်သည်။ သူမက ရူးနေတဲ့အတွက်ကြောင့် လမ်းအနှံ့ကို‌ လျှောက်သွားကာ ပါးစပ်မှလည်းတစ်ခုခုကို အချိန်ပြည့်ရွတ်နေလျှက်ရှိသည်။

လောရင့်နဲ့ဆိုင်နိုဟာ ဒီဘဝမှာ အတော်လေးကို ပျော်ရွှင်စွာနေကြရသည်။ သူတို့က တစ်ဦးနှင့်တစ်ဦး အတော်လေးချစ်ကြသော စုံတွဲအဖြစ် မြို့တော်တွင်လူသိများလေသည်။ မိဘတွေက ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းအဖြစ် လောရင့်တို့ရဲ့ ဇာတ်လမ်းကို သူတို့ကလေးတွေဆီပြောပြခဲ့သည်။ စီရမ်နဲ့လူးဝစ်တို့ကလည်း သားကလေးတစ်ယောက်မွေးဖွားခဲ့သည်။

သူတို့ဟာလည်း သေချာပေါက်ပျော်ရွှင်စွာနေသွားခဲ့ရသည်။ သူတို့စုံတွဲက လောရင့်တို့ထက်စောစီးစွာ လောကကြီးထဲကနေထွက်သွားကြသည်။ လောရင့်တို့ကတော့ အဘိုးကြီးဖြစ်လာတဲ့အခါမှာ အရင်ကစီစဉ်ထားတဲ့အတိုင်း သစ်တောက အိမ်လေးမှာ သွားပြီးနေထိုင်ကြသည်။ နှစ်အနည်းငယ်အကြာမှာတော့ သူတို့ရဲ့ မင်္ဂလာခန်းမလေးအတွင်းမှာ သူတို့ရဲ့ပုံတူလေးနှစ်ခုရောက်လာခဲ့သည်။

Saint ကဒီတစ်ခါမှာတော့ တိမ်ကြားထဲကနေရာလေးမှာ အကြာကြီးမနေပဲ နောက်ဘဝကို တန်းသွားဖို့ ရက်ချ်ကို လှုံ့ဆော်လိုက်သည်။ သူက သူ့ချစ်သူနဲ့ အမြန်ကို‌ တွေ့ချင်နေပြီလေ။ ရက်ချ်က ချစ်ကြည်နူးတစ်တီတူးနေခဲ့တဲ့ သူတို့အတွဲကို အမြင်ကတ်ဟန်နှင့် မဲ့ရွဲ့နေကာ အချိန်ဆွဲနေသေးသည်။ နောက်ဆုံး Saint က ရက်ချ်ရဲ့ ဗိုက်ပူလေးကိုဖျစ်ပြီး ခြိမ်းခြောက်ကာမှ နောက်ကမ်ဘာတစ်ခုကို လျောလျူစွာရောက်သွားလေသည်။

တရုတ်နဲ့ ဥရောပကိုသွားအပြီးမှာတော့ ဒီတစ်ခါဇာတ်လမ်းသည် ထိုင်းနိုင်ငံတွင်ဖြစ်သည်။ သူဝင်ထားရသောခန္တာကိုယ်သည် Korn(ကောန်) ဟုအမည်ရကာ တစ်ကောင်ကြွက်လူငယ်လေးဖြစ်သည်။ Saint ကနှာခေါင်းရှုံ့မိပြန်သည်။ ဘာလို့သူရတဲ့လူတွေက မိဘမဲ့တွေဖြစ်နေရတာလဲ။ ပြီးတော့ ဆင်းလဲဆင်းရဲသေးသည်။ သူက ရက်ချ်ကို မသင်္ကာသောအကြည့်ဖြင့်ကြည့်လိုက်သည်။

"ရက်ချ် မင်းတမင်သက်သက်ငါ့ကို ဒီလိုလူထဲကို ရွေးပို့တာလား"

"အိုးရ် အထက်ကခိုင်းလို့ပါနော်။ ကျွန်တော်နဲ့မဆိုင်ပါဘူး။"

သူက"မယုံပါဘူး"ဟုနှုတ်က တိုးတိုးလေးရေရွတ်ကာ ဇာတ်ကြောင်းကို ပြန်ဖတ်လေသည်။ ထို့နောက် ရက်ချ်ကို သတ်ပစ်ချင်စိတ်တွေအတောင့်လိုက်ဖြစ်လာတော့သည်။ ဘာလို့ဆိုကြည့်ပါလေ။ ဇာတ်လမ်းကိုက သူရထားတဲ့ခန္တာကိုယ်နဲ့ သူအောင်သွယ်ပေးရမည့်နှစ်ယောက်သည် မည်သို့မျှမဆိုင်ပါချေ။ သူက ဆင်းရဲသားလေးဖြစ်သည့်အပြင် အိမ်တစ်အိမ်၏ခြံစောင့်အလုပ်ကိုလက်ခံခဲ့ရာမှ အသက်ဆုံးရှုံးခဲ့ရသည်။

ခြံစောင့်လုပ်တာကို သေစရာလားဟုထင်စရာရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုအိမ်မှာ နှစ်ချို့သရဲကြီးရှိနေသောကြောင့်ပင်။ ဒါကသူ့ဇာတ်လမ်းပေါ့လေ။ သရဲသတ်လို့သေရတဲ့ဇာတ်လမ်း။ အမလေး ရင်နာစရာ။ ဒါဆိုရင် သူအောင်သွယ်ပေးရမည့်လူနှစ်ယောက်သည် မည်သူနည်း။ ထိုနှစ်ယောက်သည် ဒီနိုင်ငံ၏သရုပ်ဆောင်အကျော်အမော်များဖြစ်ကြသော မင်းသမီးနှစ်ယောက်ပင်ဖြစ်သည်။ ထိုနှစ်ယောက်သည် ဖူးစာကြိုးနီပါလာသည်ကို ကျိန်ပြောရင်တောင်ယုံချင်စရာမကောင်းလှပေ။

အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက်သည် အချိန်ရှိတိုင်းသတ်နေကြသောကြောင့်ဖြစ်သည်။ ဒီတော့ သူ့မှာ ရန်သူနှစ်ယောက်ကိုပေးစားရတော့မလိုဖြစ်နေရသည်။ မူးနေသောခေါင်းကိုပြန်ထိန်းကာ သူရောက်နေသောနေရာကိုသေချာကြည့်လိုက်သည်။ သူသည် အထုတ်အပိုးတို့ကိုဆွဲကာ ခြံကြီးတစ်ခြံရှေ့ မတ်တပ်ရပ်နေသည်။

သူက တံတွေးကိုမျိုချလိုက်ပြီး ရက်ချ်ကိုလှမ်းမေးလိုက်သည်။
"ရက်ချ် ငါအခုဟိုသရဲခြံမှာအလုပ်လာဆင်းတာမဟုတ်ဘူးမလား။ မဟုတ်ဘူးလို့ပြောပေးစမ်းပါကွာ။"

ရက်ချ်ကလည်း Kornစိတ်အေးသွားအောင် ပြောရှာပါသည်။
"အင်းလေ။ သရဲခြံက သည်ခြံပဲ" တဲ့.......။

Zawgyi

သူတို့ဘဝရဲ့ အမွတ္ရစရာအေကာင္းဆုံးအျဖဴေရာင္အခမ္းအနားေလးက ဒီအခန္းေလးထဲမွာတည္ရွိေနခဲ့သည္။ သူတို့ မဂၤလာေဆာင္တုန္းကအတိုင္း တစ္ပုံစံထဲျပင္ဆင္ထားသည့္ အခမ္းအနားငယ္ေလးတစ္ခု။ သူတို့မဂၤလာေဆာင္တဲ့ ဓာတ္ပုံေတြ၊ ဗြီဒီယိုေတြက အခန္းပတ္ပတ္လည္မွာရွိေနၾကသည္။ ဆိုင္နိုက အခန္းေလးကို လွည့္ပတ္ၾကည့္လိုက္သည္။ ဒါဟာတကယ္ကို သူတို့မဂၤလာေဆာင္သည့္အခ်ိန္သို့ ျပန္ေရာက္သြားသလိုခံစားရေခ်သည္။

ေလာရင့္က ပန္းျခင္းေလးထဲေရာက္ေနသည့္ သတို့သမီးေဆာင္းသည့္ ေခါင္းေဆာင္းေလးကိုယူကာ ဆိုင္နိုရဲ့ေခါင္းေပၚကို ေဆာင္းေပးလိုက္သည္။ ဒီအျပဳအမူကလည္း သူတို့ရဲ့မဂၤလာပြဲတုန္းကနဲ႔ တစ္ထပ္တည္းက်ေနသည္။

"ကိုယ္က ဒီအံ့ဖြယ္အခန္းေလးကို ကိုယ္တို့အဘိုးႀကီးေတြျဖစ္လာကာမွ လာၾကည့္ၾကမယ္လို့ေတြးထားတာ။ အခုေတာ့ နဲနဲေစာသြားတယ္ထင္တယ္။"

ေလာရင့္က အျပဳံးႏြမ္းႏြမ္းေလးႏွင့္ေျပာသည္။
"အမွန္က ဒီအိမ္က ကိုယ္တို့ငယ္ငယ္ကေနခဲ့တဲ့ အိမ္ေလးေလ။ ကိုယ့္ေဖေဖနဲ႔ ေမေမတို့ရဲ့အမွတ္တရေတြ ဒီမွာအျပည့္ပဲ။ ဟိုဘက္ေဘးခန္းကိုျမင္လား။"

ေလာရင့္ညႊန္ျပသည့္ဘက္မွာ အခန္းတစ္ခုကို ေတြ႕လိုက္ရတာမို့ ဆိုင္နိုေခါင္းညိမ့္လိုက္သည္။

"အင္း။ အဲ့ဒါ ကိုယ့္ေဖေဖနဲ႔‌ ေမေမတို့လက္ထပ္တဲ့မဂၤလာအခန္းေလးေပါ့။ ဒီအခန္းေလးလိုေလ။ သြားၾကည့္ခ်င္လား။"

ဆိုင္နိုအားတက္သေရာ ေခါင္းညိမ့္လိုက္သည္။ တကယ္ကို သူတို့ဂ်ိန္းသားအဖက အေတာ္ခ်စ္တတ္ၾကသည့္ လူေတြပင္ျဖစ္သည္။ ေလာရင့္အေမဆိုရင္လည္း အေတာ္အခ်စ္ခံရသည့္ အမ်ိဳးသမီးေလးျဖစ္ေပလိမ့္မည္။ ဆိုင္နိုက မ်က္မွန္ဝိုင္းေလးကို လက္ႏွင့္ပင့္ကာ ေရွ႕မွ ျမင္ကြင္းကို ၾကည့္ၿပီးျပဳံးလိုက္သည္။ ဒီမွာက်ေတာ့ အခမ္းအနားေလးက ပန္းေရာင္နဲ႔ေရႊေရာင္ေရာထားသည္။ ပိုၿပီးထူးျခားေနတာတစ္ခုက ေလာရင့္အေဖနဲ႔အေမရဲ့ မဂၤလာေဆာင္ဓာတ္ပုံေတြအျပင္ မဂၤလာပြဲရဲ့အလယ္မွာ ရွိေနသည့္ သတို့သမီးႏွင့္သတို့သားပုံတူ႐ုပ္ထုေလးပင္ျဖစ္သည္။

"ကိုယ္တို့ေသဆုံးသြားရင္လည္း ကိုယ္တို့မဂၤလာခန္းေလးထဲမွာ ကိုယ္တို့ရဲ့ပုံတူ႐ုပ္ထုေလးရွိေနလိမ့္မယ္။"

ဆိုင္နိုက သူ႔ႏွလုံးသားကေနအဆမတန္ ႏူးညံ့မွုေလးကို ခံစားလိုက္ရတာမို့ မ်က္ရည္ေတြဝဲတက္လာခဲ့သည္။ သူက ေလာရင့္ကို တင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္သည္။ လူတစ္ေယာက္က သူခ်စ္ရတဲ့လူဆီမွာ အတိုင္းထက္အလြန္တန္ဖိုးထားခံရရင္ ခံစားရတဲ့ ၾကည္ႏူးမွုေလးကို သူအခုခံစားလိုက္ရသည္။

"ကိုယ္ သူတို့ကိုလြမ္းလိုက္တာ။"
ေဆြးေဆြးေျမ့ေျမ့ေျပာလာသည့္ ေလာရင့္ကို ရင္ခြင္ထဲထည့္ကာ ႏွဖူးေလးကိုနမ္း၍ႏွစ္သိမ့္လိုက္သည္။ လက္ကလည္း ေလာရင့္ရဲ့ ဆံပင္ေလးေတြကို သပ္ေပးေနလၽွက္ရွိသည္။

သူတို့စုံတြဲသည္ ထိုအိမ္ေလးမွာပဲရက္အေတာ္ၾကာေအာင္ေနခဲ့ၾကသည္။ တရားခံကိစၥကလည္း ရွင္းသြားၿပီမို့ ႐ုံးေတာ္က ဆိုင္နိုကို အမွုမွ တရားေသလႊတ္ေၾကာင္း အမိန္႔ခ်ခဲ့သည္။ ႐ုံးေတာ္ကို မထီမဲ့ျမင္ျပဳမွုအေနနဲ႔ ဒဏ္ေငြအမ်ားႀကီးေပးလိုက္ရတာလည္း တစ္ပိုင္းသပ္သပ္ဆိုေပမဲ့ေပါ့။ လူးဝစ္ကလည္း အစက ဆိုင္နိုကိုခါးခါးသီးသီးမုန္းေနေပမဲ့ တစ္ဖက္က အမွန္တရားကိုသိလိုက္ရတာမို့ လူကိုယ္တိုင္လာေရာက္ေတာင္းပန္သြားသည္။

တရားခံအတုက တစ္သက္တစ္ကၽြန္းေထာင္ဒဏ္က်ခံလိုက္ရသည္။ ေလာရင့္က သူအစားထိုးလိုက္သည့္လူအေပၚသက္ညႇာသည့္အေနျဖင့္ အစြမ္းကုန္ႀကိဳးစားေပးေသာေၾကာင့္ ေသဒဏ္မက်ျခင္းျဖစ္သည္။ မည္သို့ပင္ျဖစ္ေစ တရားခံအစစ္ကေတာ့................

"ဗြမ္း..........."
ေရျဖင့္အပက္ခံလိုက္ရတာေၾကာင့္ သူမ နိုးလာခဲ့သည္။ တစ္ကိုယ္လုံးမွာ ၾကာပြတ္ရာေတြနဲ႔သူမသည္ သိပ္လွပါသည္ဆိုေသာ အန႔္လူနာပါဟူ၍ မယုံနိုင္စရာေကာင္းလွသည္။

"ငါ့အေဖကို သတ္ရဲတယ္ေပါ့ေလ။"
"ရႊမ္း"
ၾကာပြတ္ရာေတြက ထပ္ခါထပ္ခါက်ေရာက္လာသည္။ ေလာရင့္ကတကယ္ကို မ်က္လုံးနီေတြနဲ႔ျဖစ္ေနကာ ေဒါသထြက္ေနေသာသားရဲတစ္ေကာင္လို ျဖစ္ေနသည္။

အန႔္လူနာက ထိုျမင္ကြင္းကို အခါခါျမင္ေနရၿပီးျဖစ္ေပမဲ့ အခုထိကို တုန္ေနေအာင္ေၾကာက္ေနရဆဲျဖစ္သည္။ သူမ အသက္မရွင္ခ်င္ေတာ့။ တကယ္ကိုအသက္မရွင္ရဲေတာ့တာျဖစ္သည္။ ေမွာင္ပိန္းၿပီး ပိုးေကာင္ေတြျပည့္ေနတဲ့ အခန္းငယ္တစ္ခု၊ ထမင္းၾကမ္းေတြစားရတဲ့ေန႔ေတြနဲ႔ ၾကာပြတ္နဲ႔အခ်ခံရတဲ့ ခံစားခ်က္ေတြ။ ဓားထက္ထက္နဲ႔ အသားကိုမႊန္းတာကို အရွင္လတ္လတ္ခံစားေနရတာေတြ။ သူမအရာအားလုံးကို ေၾကာက္ေနမိသည္။

ဒီလူဟာ သူမ ခ်စ္ခဲ့တဲ့လူတဲ့လား။ သူမ ခ်စ္ခဲ့တဲ့လူက ဒီလိုေၾကာက္စရာေကာင္းခဲ့တာလား။ ေနာင္တေတြအထပ္ထပ္ရေနသည့္ ခံစားခ်က္က ရင္ဘတ္ကိုစုတ္ျပတ္သြား‌ေအာင္စြမ္းေဆာင္နိုင္သည္။ မဟုတ္ေသးပါဘူး။ သူမ ဘာမ်ားမွားခဲ့လို့လဲ။ ဘယ္ေနရာမွာမ်ားမွားေနလို့မ်ားလဲ။ သူမ ေတြးခဲ့တာက ေလာရင့္က သူ႔အေဖကိုသတ္လို့ဆိုၿပီး ဆိုင္နိုကို ရက္စက္စြာသတ္ပစ္လိမ့္မည္လို့ ထင္ခဲ့တာ။

သူမ ေဖ်ာက္ခဲ့တဲ့ သက္ေသအစစ္အမွန္ကို ဘယ္သူမွ မေတြ႕ဘူးလို့ထင္ေနခဲ့တာ။ ဒါေပမဲ့ မထင္မွတ္စြာနဲ႔ ေလာရင့္က ဒါေတြအကုန္ကို ရွာေတြ႕သြားေလသည္။ လူးဝစ္နဲ႔ စီရမ္ရဲ့အမုန္းေတြကိုလည္း သူမခံစားခဲ့ရသည္။ သူမ မိသားစုကေတာ့ သူမကို ကားaccident တစ္ခုေၾကာင့္ ေသသြားၿပီဟုထင္ထားတာျဖစ္သည္။ ဒီလိုထင္ေအာင္လည္း ေလာရင့္ကလုပ္ခဲ့တာျဖစ္သည္။

အခုေတာ့ သူမဘဝက ကူကယ္ရာမဲ့စြာပဲ အခန္းငယ္ေလးထဲမွာ ေသမဲ့ရက္ကိုေစာင့္ေနရသည္။ ကိုယ္ခ်စ္တဲ့လူက ကိုယ့္ကိုသတ္ေနတာထက္ နာက်င္တာမ်ိဳးမရွိ။ ဘာလို့မ်ား ဘာလို့မ်ား ဆိုင္နိုက ေလာရင့္ရဲ့ အခ်စ္နဲ႔ယုံၾကည္မွုေတြကို ရထားရတာလဲ။ သူမ အေတြးေပါင္းစုံနဲ႔ပ်ာယာခတ္ေနသည္။ ေနာက္ဆုံးမွာေတာ့ သူမဟာ မေသဆုံးခင္မွာတင္ သြက္သြက္ခါေအာင္႐ူးသြားေလသည္။

ေလာရင့္က သူမကို သတ္ခ်င္ေပမဲ့ ဆိုင္နိုက လႊတ္ေပးေစခ်င္ေနတာမို့ သူမကို လႊတ္ေပးလိုက္သည္။ သူမက ႐ူးေနတဲ့အတြက္ေၾကာင့္ လမ္းအႏွံ့ကို‌ ေလၽွာက္သြားကာ ပါးစပ္မွလည္းတစ္ခုခုကို အခ်ိန္ျပည့္ရြတ္ေနလၽွက္ရွိသည္။

ေလာရင့္နဲ႔ဆိုင္နိုဟာ ဒီဘဝမွာ အေတာ္ေလးကို ေပ်ာ္ရႊင္စြာေနၾကရသည္။ သူတို့က တစ္ဦးႏွင့္တစ္ဦး အေတာ္ေလးခ်စ္ၾကေသာ စုံတြဲအျဖစ္ ၿမိဳ့ေတာ္တြင္လူသိမ်ားေလသည္။ မိဘေတြက ဆြတ္ပ်ံ႕ဖြယ္အခ်စ္ဇာတ္လမ္းအျဖစ္ ေလာရင့္တို့ရဲ့ ဇာတ္လမ္းကို သူတို့ကေလးေတြဆီေျပာျပခဲ့သည္။ စီရမ္နဲ႔လူးဝစ္တို့ကလည္း သားကေလးတစ္ေယာက္ေမြးဖြားခဲ့သည္။

သူတို့ဟာလည္း ေသခ်ာေပါက္ေပ်ာ္ရႊင္စြာေနသြားခဲ့ရသည္။ သူတို့စုံတြဲက ေလာရင့္တို့ထက္ေစာစီးစြာ ေလာကႀကီးထဲကေနထြက္သြားၾကသည္။ ေလာရင့္တို့ကေတာ့ အဘိုးႀကီးျဖစ္လာတဲ့အခါမွာ အရင္ကစီစဥ္ထားတဲ့အတိုင္း သစ္ေတာက အိမ္ေလးမွာ သြားၿပီးေနထိုင္ၾကသည္။ ႏွစ္အနည္းငယ္အၾကာမွာေတာ့ သူတို့ရဲ့ မဂၤလာခန္းမေလးအတြင္းမွာ သူတို့ရဲ့ပုံတူေလးႏွစ္ခုေရာက္လာခဲ့သည္။

Saint ကဒီတစ္ခါမွာေတာ့ တိမ္ၾကားထဲကေနရာေလးမွာ အၾကာႀကီးမေနပဲ ေနာက္ဘဝကို တန္းသြားဖို့ ရက္ခ်္ကို လွုံ႔ေဆာ္လိုက္သည္။ သူက သူ႔ခ်စ္သူနဲ႔ အျမန္ကို‌ ေတြ႕ခ်င္ေနၿပီေလ။ ရက္ခ်္က ခ်စ္ၾကည္ႏူးတစ္တီတူးေနခဲ့တဲ့ သူတို့အတြဲကို အျမင္ကတ္ဟန္ႏွင့္ မဲ့ရြဲ႕ေနကာ အခ်ိန္ဆြဲေနေသးသည္။ ေနာက္ဆုံး Saint က ရက္ခ်္ရဲ့ ဗိုက္ပူေလးကိုဖ်စ္ၿပီး ၿခိမ္းေျခာက္ကာမွ ေနာက္ကမၻာတစ္ခုကို ေလ်ာလ်ဴစြာေရာက္သြားေလသည္။

တ႐ုတ္နဲ႔ ဥေရာပကိုသြားအၿပီးမွာေတာ့ ဒီတစ္ခါဇာတ္လမ္းသည္ ထိုင္းနိုင္ငံတြင္ျဖစ္သည္။ သူဝင္ထားရေသာခႏၲာကိုယ္သည္ Korn(ေကာန္) ဟုအမည္ရကာ တစ္ေကာင္ႂကြက္လူငယ္ေလးျဖစ္သည္။ Saint ကႏွာေခါင္းရွုံ႔မိျပန္သည္။ ဘာလို့သူရတဲ့လူေတြက မိဘမဲ့ေတြျဖစ္ေနရတာလဲ။ ၿပီးေတာ့ ဆင္းလဲဆင္းရဲေသးသည္။ သူက ရက္ခ်္ကို မသကၤာေသာအၾကည့္ျဖင့္ၾကည့္လိုက္သည္။

"ရက္ခ်္ မင္းတမင္သက္သက္ငါ့ကို ဒီလိုလူထဲကို ေရြးပို့တာလား"

"အိုးရ္ အထက္ကခိုင္းလို့ပါေနာ္။ ကၽြန္ေတာ္နဲ႔မဆိုင္ပါဘူး။"

သူက"မယုံပါဘူး"ဟုႏွုတ္က တိုးတိုးေလးေရရြတ္ကာ ဇာတ္ေၾကာင္းကို ျပန္ဖတ္ေလသည္။ ထို့ေနာက္ ရက္ခ်္ကို သတ္ပစ္ခ်င္စိတ္ေတြအေတာင့္လိုက္ျဖစ္လာေတာ့သည္။ ဘာလို့ဆိုၾကည့္ပါေလ။ ဇာတ္လမ္းကိုက သူရထားတဲ့ခႏၲာကိုယ္နဲ႔ သူေအာင္သြယ္ေပးရမည့္ႏွစ္ေယာက္သည္ မည္သို့မၽွမဆိုင္ပါေခ်။ သူက ဆင္းရဲသားေလးျဖစ္သည့္အျပင္ အိမ္တစ္အိမ္၏ၿခံေစာင့္အလုပ္ကိုလက္ခံခဲ့ရာမွ အသက္ဆုံးရွုံးခဲ့ရသည္။

ၿခံေစာင့္လုပ္တာကို ေသစရာလားဟုထင္စရာရွိသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုအိမ္မွာ ႏွစ္ခ်ိဳ့သရဲႀကီးရွိေနေသာေၾကာင့္ပင္။ ဒါကသူ႔ဇာတ္လမ္းေပါ့ေလ။ သရဲသတ္လို့ေသရတဲ့ဇာတ္လမ္း။ အမေလး ရင္နာစရာ။ ဒါဆိုရင္ သူေအာင္သြယ္ေပးရမည့္လူႏွစ္ေယာက္သည္ မည္သူနည္း။ ထိုႏွစ္ေယာက္သည္ ဒီနိုင္ငံ၏သ႐ုပ္ေဆာင္အေက်ာ္အေမာ္မ်ားျဖစ္ၾကေသာ မင္းသမီးႏွစ္ေယာက္ပင္ျဖစ္သည္။ ထိုႏွစ္ေယာက္သည္ ဖူးစာႀကိဳးနီပါလာသည္ကို က်ိန္ေျပာရင္ေတာင္ယုံခ်င္စရာမေကာင္းလွေပ။

အဘယ္ေၾကာင့္ဆိုေသာ္ ထိုႏွစ္ေယာက္သည္ အခ်ိန္ရွိတိုင္းသတ္ေနၾကေသာေၾကာင့္ျဖစ္သည္။ ဒီေတာ့ သူ႔မွာ ရန္သူႏွစ္ေယာက္ကိုေပးစားရေတာ့မလိုျဖစ္ေနရသည္။ မူးေနေသာေခါင္းကိုျပန္ထိန္းကာ သူေရာက္ေနေသာေနရာကိုေသခ်ာၾကည့္လိုက္သည္။ သူသည္ အထုတ္အပိုးတို့ကိုဆြဲကာ ၿခံႀကီးတစ္ၿခံေရွ႕ မတ္တပ္ရပ္ေနသည္။

သူက တံေတြးကိုမ်ိဳခ်လိုက္ၿပီး ရက္ခ်္ကိုလွမ္းေမးလိုက္သည္။
"ရက္ခ်္ ငါအခုဟိုသရဲၿခံမွာအလုပ္လာဆင္းတာမဟုတ္ဘူးမလား။ မဟုတ္ဘူးလို့ေျပာေပးစမ္းပါကြာ။"

ရက္ခ်္ကလည္း Kornစိတ္ေအးသြားေအာင္ ေျပာရွာပါသည္။
"အင္းေလ။ သရဲၿခံက သည္ၿခံပဲ" တဲ့.......။

Continue Reading

You'll Also Like

17.6K 2.5K 32
302(စန်းလင်အာ့)ဆိုတဲ့အရှုပ်ထုပ်လေး စီစဥ်တဲ့ ​ကျွင့်ကျွင့်နဲ့ ဟန့်ဟန့်လေးတို့ရဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေး 💙~ ❌ SYSTEM နှင့် မသက်ဆိုင်ပါ ❌ 302(...
958K 50.2K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
83K 8.3K 51
Rebirth ေတြဖတ္ပါမ်ားၿပီး (SK) ကို Rebirth လုပ္ပစ္လိုက္တယ္... (ေအးေရာ...😁😁😁) ဖတ္လို႔ ေကာင္း၏မေကာင္း၏ကေတာ့ ဖတ္မိမွပဲ သိၾကပါလိမ့္မည္...😁😁 ကိုယ္ေလးက...
44.8K 3K 6
Summary: Unicode: ရဲတစ်ယောက်က ကုမ္ပဏီတစ်ခုရဲ့ လက်အောက်မှာ လျှို့ဝှက်စုံထောက်အနေနဲ့အလုပ်လုပ်ခဲ့တယ်။ မာဖီးယားဂိုဏ်းခေါင်းဆောင်နဲ့ ရင်းနှီးအောင်လုပ်ပြီး...