Uni
“အန်း ငါ့ကိုတရားခံအဖြစ်လူစားထိုးဖို့လူတစ်ယောက်ရှာပေး။”
“မဟုတ်ဘူးလောရင့်။ ငါတို့အဲ့လိုလုပ်လိုက်ရင် တရားခံအစစ်ကရော?”
လောရင့်က ပြုံးကာ ဆိုင်နိုရဲ့ဆံပင်ပျော့ပျော့လေးတွေကို တစ်ချက်သပ်ပေးသည်။
“ကိုယ်က ကိုယ့်အဖေကို သတ်တဲ့လူကို တရားရုံးကနေ အပြစ်ချသလောက်ပဲ ကျေနပ်မယ်လို့မင်းထင်လား။”
ဆိုင်နိုတိတ်တိတ်လေးပဲနေလိုက်သည်။ သူ့ခင်ပွန်းအကြောင်းသူသိသည်လေ။ လောရင့်က ဒေါသကြီးပြီးဝုန်းဝုန်းဒိုင်းဒိုင်းမဆန်ပေမဲ့ သွေးအေးပြီး ရက်စက်တတ်သည့်လူ။ ဒါပေမဲ့ ဒီလိုလူက သူ့အတွက်တော့ အလွန်နွေးထွေးသည့် ခင်ပွန်းတစ်ယောက်ဖြစ်နေခဲ့သည်။ နောက်တစ်နေ့မှာတော့ တရားရုံးကို အမှုကြားနာဖို့အတွက် သွားရလေသည်။
ဆိုင်နိုကို အချုပ်ခန်းထဲထည့်ရမှာပေမဲ့ လောရင့်က သဘောမတူတာကြောင့် မတတ်သာစွာနဲ့ အိမ်မှာပဲ အကျယ်ချုပ်ထားရတော့သည်။ ဆိုင်နိုက တရားရုံးမှာတော့ လောရင့်အဖေကို သတ်သည့်အမှုနှင့် တရားခံနေရာမှာ ရပ်နေရလေသည်။ လောရင့်က ဒါကိုလုံးဝမကျေနပ်ပေမဲ့ သူအထပ်ထပ်ဖျောင်းဖျတာကြောင့် ဘာမှတော့မပြောပဲ မျက်မှောင်ကြီးကုပ်ကာ ငြိမ်နေသည်။
“တရားသူကြီးမင်း။ ဒီဟာကတော့ သက်သေပစ္စည်းတွေပဲဖြစ်ပါတယ်။”
တစ်ဖက်က ရှေ့နေက စတင် တင်ပြသည်။ ထိုရှေ့နေသည် လောရင့်ငှားတာမဟုတ်ပဲနဲ့ အန့်လူနာက တမင်ကိုငှားပေးလိုက်တာဖြစ်သည်။ တစ်ဖက်က တရားလိုပြုလုပ်တရားစွဲဆိုသည့် ရဲမှုးကိုလည်း အန့်လူနာကပင် အစစအရာရာကူညီပေးထားသည်။
သူပြုံးမိလိုက်သေးသည်။ အန့်လူနာက မသေပေမဲ့ သူ သူမကို ဆေးထိုးအပ်နဲ့ သတ်ဖို့လုပ်သည့်ကိစ္စသည် လုံးဝသတင်းထွက်မလာချေ။ ဒါကဘယ်သူ့လက်ချက်ကြီးဆိုတာ သိသာနေတာပဲ။ မျက်မှောင်ကုပ်ကာ ထိုင်နေသော ခင်ပွန်းကြီးဆီသို့ သွားတွေပေါ်အောင် ရယ်ပြလိုက်သည်။ ထိုသူကတော့ သူ့လက်ကလက်ထိပ်တွေကိုကြည့်ရင်း မျက်မှောင်ကုပ်နေဆဲ။
“အမှုဖြစ်စဉ်ကတော့ မစ္စတာဂျွန်ဆိုင်နိုက သူ့ရဲ့ခင်ပွန်းဖြစ်သူ မစ္စတာလော့ရင့်ရဲ့ ဖခင်မစ္စတာ ဂျိန်းကို စိတ်ဆန္ဒအရသတ်ဖြတ်မှုပဲဖြစ်ပါတယ်။ တရားသူကြီးမင်းခဗျာ ဒီအမှုမှာ ပစ္စည်းသက်သေအနေနဲ့ ဂျွန်ဆိုင်နိုရဲ့ လက်ဗွေပါနေတဲ့ သေနတ်ကိုတွေ့ရပါတယ်။ “
ရှေ့နေကြီးက တရားသူကြီးမင်း၏စားပွဲပေါ်ရှိ အိတ်အကြည်နှင့်ထည့်ထားသော သေနတ်ကို ညွှန်ပြကာ ပြောသည်။
“ထပ်ပြီး လူသက်သေဖြစ်တဲ့ မစ္စစ် ဂယောင်းကို ဖိတ်ခေါ်ပါရစေဗျား”
တရားသူကြီးမင်းက ခေါ်စေတာကြောင့် မစ္စစ်ဂယောင်းဆိုသည့်မိန်းမကြီးက သက်သေနေရာကို ရောက်လာခဲ့သည်။ အမှန်အတိုင်းပြောပါမည်ဟု ကျမ်းကျိန်ပြီးနောက် သူမက သူမ သိသမျှကို စတင်ပြောကြားလေသည်။
“မစ္စစ်ဂယောင်း ခင်ဗျားကအဲဒီနေ့က အခင်းဖြစ်ပွားရာနေရာ အိမ်မှာရှိခဲ့တာမှန်ပါသလား။”
“မှန်ပါတယ်ရှင့်”
“ခင်ဗျားဘာလုပ်နေတာလဲ။”
“မီးဖိုခန်းထဲမှာ အိမ်အကူကလေးမလေးတွေကို ကြီးကြပ်နေရပါတယ်။”
“အခင်းမဖြစ်ခင်က မစ္စတာဂျိန်းက ခင်ဗျားကို မစ္စတာ ဆိုင်နိုကို သွားခေါ်စေခဲ့တယ်ဆို?”
“မှန်ပါတယ်။ သူကျွန်မကို မစ္စတာဆိုင်နိုကို သွားခေါ်စေခဲ့တာပါ။”
“ဒါဆိုမင်းသူ့ကိုနောက်ဆုံးတွေ့လိုက်တာက ဂျွန်ဆိုင်နိုကို သွားခေါ်စေတုန်းကပေါ့။”
“ဟုတ်ပါတယ်ရှင့်”
“မင်းသေနတ်သံများကြားခဲ့သေးလား”
“မကြားခဲ့ပါဘူးရှင့်။ စာဖတ်ခန်းက လှို့ဝှက်တာမို့ ဘယ်လောက်ကျယ်တဲ့အသံဖြစ်စေ မကြားရအောင် အထူးဆောက်ထားတာပါ။”
“ဒါဆိုခင်ဗျား မစ္စတာဂျိန်းသေဆုံးတာကို ဘယ်လိုသိသလဲ”
“ကျွန်မ သခင်လေးဆိုင်နိုကို လိုက်ပို့ပြီးပြီးချင်း သခင်မလေး အန့်လူနာလာခဲ့ပါတယ်။ သူမက သခင်ကြီးကိုတွေ့ချင်တယ်ဆိုတာနဲ့ ကျွန်မ အကြောင်းကြားဖို့အသွားမှာ..........”
မိန်းမကြီးက သူမမျက်လုံးတွေကို အုပ်ကာ မြင်ခဲ့ရသည့်မြင်ကွင်းကို ခက်ခဲစွာဖျောက်ဖျက်နေဟန်ရှိသည်။ သူမက အသက်တဝကြီး ရှူလိုက်ပြီးမှ
“အဲ့ထဲမှာ သ...သခင်လေးကလည်း ခေါင်းမှာသွေးတွေနဲ့။ လက်ထဲမှာလည်းသေနတ်ကြီးကိုင်လို့။ သခင်ကြီးကလည်း သခင်ကြီးကလည်း ခေါင်း....ခေါင်းကြီး.......”
သူမက ဆက်မပြောနိုင်တော့ပဲ ရှိုက်ငိုနေတာမို့ သွားဖို့ခွင့်ပြုလိုက်သည်။ ရှေ့နေကြီးက ဆက်ပြောပြန်သည်။
“တရားသူကြီးမင်းခဗျာ တရားလိုသက်သေမစ္စစ် ဂယောင်းပြောပုံအရ ဂျွန်ဆိုင်နိုနဲ့တွေ့ပြီးမှ မစ္စတာဂျိန်းဟာ သေဆုံးရကြောင်းထင်ရှားပါတယ်။ နောက်ထပ်သက်သေတစ်ယောက်ရှိပါသေးတယ်။”
“မပြီးသေးဘူးလား အဲ့ဒါတွေက...”
လောရင့်က စိတ်မရှည်တော့သည့်ဟန်နှင့် မတ်တပ်ထရပ်သည်။ သူလုံးဝသည်းမခံနိုင်တော့။ သူ့ဘေဘီလေးရဲ့လက်မှာ နီတောင်နီရဲနေလောက်ပြီလေ။ အဲဒီလက်ထိတ်က ခတ်စရာကိုမလိုတာ။ ပြီးတော့ အခုလိုသူ့ရှေ့မှာ သူ့ဘေဘီကို အပြစ်သားတစ်ယောက်လို ဆက်ဆံတာမျိုး သူလုံးဝမကြိုက်။ ဒါကြောင့် သူက တရားရုံးသောဘာသော သည်းမခံနိုင်တော့ပေ။
လက်ဖျစ်နှစ်ချက်တီးလိုက်တာနှင့် အနက်ရောင်ဝတ်ထားသည့် လူငါးဆယ်ခန့်က တရားရုံးထဲကို ဝင်ရောက်လာကြသည်။ သူတို့က သေနတ်တွေနဲ့ဖြစ်ကာ လောရင့်နှင့်ဆိုင်နိုမှလွဲ၍ အကုန်လုံးကိုချိန်ထားလေသည်။ လောရင့်က အေးဆေးစွာပဲ လက်ထိတ်သော့ကို ရဲအရာရှိတစ်ယောက်ဆီမှ ယူလိုက်ကာ ဆိုင်နိုရဲ့လက်တွေကို ဖြည်ပေးသည်။ သူက သူ့ဘေဘီရဲ့လက်လေးကို ဖွဖွလေးလေမှုတ်ပေးရင်း တရားရုံးထဲမှ ထွက်ကာ တစ်နေရာကိုဦးတည်မောင်းနှင်လိုက်သည်။
“ဘေဘီ ကိုယ်တို့တော့ အခုဝရမ်းပြေးဖြစ်ကုန်ပြီထင်တယ်။”
ကားကိုကိုယ်တိုင်မောင်းနေရင်းကနေ လောရင့်က အရယ်တပိုင်းမျက်နှာနှင့်ပြောသည်။ ဆိုင်နိုကတော့ မျက်စောင်းထိုးနေလေသည်။
“ခင်ဗျားက အတော်တဇွတ်ထိုး။ ခဏလေးပဲကို။ တရားခံအစားထိုးကလည်း ရောက်တော့မှာကိုပဲ။ စိတ်ကိုမရှည်တတ်ဘူး။”
“ဘေဘီကလဲကွာ ကိုယ့်ဘေဘီလက်တွေနာနေပြီလေ။ ကြည့်ပါလား။ ရဲတောင်ရဲနေပြီ။ တောက်။ ခွေးသားတွေ။”
“ခုဘယ်လိုလုပ်ကြမလဲ ကိုကိုဂန်းစတားကြီးရေ။ ကျွန်တော်တို့အိမ်ပြန်လို့လဲမဖြစ်တော့ဘူးဗျ။”
လောရင့်က ဆိုင်နိုရဲ့မျက်နှာလေးကို ဆွဲဖျစ်ကာ
“အိုးဟိုး အချစ်လေးက ကိုကို့လိုhigh boss ကြီးကို အိမ်တစ်လုံးထဲပိုင်တယ်ထင်လို့လား ပြောစမ်းပါဦး။”
“အဲဒါဆိုဘယ်အိမ်ကို သွားမှာလဲ။”
“မင်းသဘောကျလောက်မဲ့ အိမ်လေးကိုပေါ့။”
တစ်နေ့လုံးလုံးကားနှင့်မောင်းနှင်ပြီးနောက် စိမ်းစိုနေသည့် သစ်တောကျယ်ကြီးရှိရာကိုရောက်လာလေသည်။ ဝင်းတံခါးခြံစောင့်သည် လောရင့်ကိုမြင်သည်နှင့် အပြေးအလွှားခရီးဦးကြိုပြုရှာသည်။လောရင့်က ထိုလူကြီးထံမှ အိမ်သော့တောင်းလိုက်ကာ အိမ်ကြီးဆီကိုလမ်းလျှောက်လာခဲ့ကြသည်။ အိမ်ကြီးသည် ခြံနှင့်အတော်အတန်ဝေးလေသည်။ သစ်ရွက်တွေကြွေနေသော အုတ်ကြွပ်လမ်းလေးပေါ်မှာ တစ်ယောက်လက်ကို တစ်ယောက်တွဲရင်း အချိန်အတန်ကြာလျှောက်ရသေးသည်။
လောရင့်ကတော့ပြောပါသည်။ မင်းနဲ့လမ်းတွဲလျှောက်ချင်လို့ ခြံဝမှာတင်ကားရပ်ခဲ့တာတဲ့။ နောက်ဆုံးတော့ အုတ်ကြွပ်မိုးထားသည့် သစ်သားအိမ်အကြီးကြီးကိုမြင်လိုက်ရသည်။ သစ်သားတွေသည် မည်းနက်နေကာ သစ်စေးတစ်ခုခုသုတ်ထားသလိုရှိသည်။ အိမ်က အိုဟောင်းသလိုရှိပေမဲ့ သူ့မျက်လုံးထဲတွင် ခြစားတာ ပေါက်တာတွေ တစ်ခုမှမတွေ့တာကထူးဆန်းသည်။
အိမ်ထဲဝင်လိုက်တော့ သစ်သားနံ့လေးကလှိုင်နေလေသည်။ သစ်သားကြမ်းခင်းပေါ်မှာ ခြေဖဝါးထိရသည့် အရသာက တကယ်ကို ကောင်းလွန်းလှသည်။ ဧည့်ခန်းမှာလည်း သစ်သားအပြင်အဆင်နဲ့ပင် မွန်းမံထားကာ အကုန်လုံးကို သစ်တောထဲရောက်နေသလို ခံစားချက်မျိုးရအောင် ဖန်တီးထားသည်။ ပြတင်းပေါက်ကိုဖွင့်မိတော့ သစ်တောရဲ့သစ်ရွက်နံ့တွေကြားမှာ လေထုကလတ်ဆက်နေသည်။
လောရင့်က သူ့ကိုခန်းမကြီးတစ်ခုထဲသို့ခေါ်သွားသည်။ ခန်းမကြီးသည် ဘာပစ္စည်းမှမရှိပဲနဲ့ပြောင်သလင်းခါနေပေမဲ့ ခန်းမအဆုံးက ဓာတ်ပုံအကြီးကြီးကြောင့် ကြည့်ကောင်းနေပြန်သည်။ မိန်းကလေးတစ်ယောက်က အဖြူရောင်ပန်းစည်းလေးကိုင်ကာ အမျိုးသားလေးတစ်ယောက်၏ပါးကို အနမ်းပေးနေသည့်ပုံပင်ဖြစ်သည်။ နှစ်ယောက်လုံးက မင်္ဂလာဆောင်သည့်အပြင်အဆင်မျိုးကို ဆင်ယင်ထားကြသည်။
လောရင့်က ထိုဓာတ်ပုံကြီးကို အလွယ်တကူပင်တွန်းဖယ်လိုက်သည်။ အထဲမှာလည်း အခန်းငယ်လေးတစ်ခုရှိသေးတာကို ဝိုးတဝါးသိလိုက်ရသည်။ လောရင့်က အခန်းလေးထဲကို မဝင်ခင် သူ့နက်ကတိုင်နဲ့ ဆိုင်နိုရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကို စည်းလိုက်သည်။ ဆိုင်နိုက လောရင့်ဒီလိုလုပ်တာဟာ ဒီအိမ်ရဲ့လှို့ဝှက်အခန်းကို မသိစေချင်လို့ဟုထင်မိပေမဲ့ သူအကြီးအကျယ်မှားသွားလေသည်။
ဘာလို့ဆို သူမျက်လုံးဖွင့်လိုက်တာနဲ့ မျက်လုံးပြူးလောက်စရာမြင်ကွင်းက သူ့ရှေ့မှာ ဆီးကြိုနေလို့ပင်ဖြစ်သည်။
Zawgyi
“အန္း ငါ့ကိုတရားခံအျဖစ္လူစားထိုးဖို့လူတစ္ေယာက္ရွာေပး။”
“မဟုတ္ဘူးေလာရင့္။ ငါတို့အဲ့လိုလုပ္လိုက္ရင္ တရားခံအစစ္ကေရာ?”
ေလာရင့္က ျပဳံးကာ ဆိုင္နိုရဲ့ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြကို တစ္ခ်က္သပ္ေပးသည္။
“ကိုယ္က ကိုယ့္အေဖကို သတ္တဲ့လူကို တရား႐ုံးကေန အျပစ္ခ်သေလာက္ပဲ ေက်နပ္မယ္လို့မင္းထင္လား။”
ဆိုင္နိုတိတ္တိတ္ေလးပဲေနလိုက္သည္။ သူ႔ခင္ပြန္းအေၾကာင္းသူသိသည္ေလ။ ေလာရင့္က ေဒါသႀကီးၿပီးဝုန္းဝုန္းဒိုင္းဒိုင္းမဆန္ေပမဲ့ ေသြးေအးၿပီး ရက္စက္တတ္သည့္လူ။ ဒါေပမဲ့ ဒီလိုလူက သူ႔အတြက္ေတာ့ အလြန္ေႏြးေထြးသည့္ ခင္ပြန္းတစ္ေယာက္ျဖစ္ေနခဲ့သည္။ ေနာက္တစ္ေန႔မွာေတာ့ တရား႐ုံးကို အမွုၾကားနာဖို့အတြက္ သြားရေလသည္။
ဆိုင္နိုကို အခ်ဳပ္ခန္းထဲထည့္ရမွာေပမဲ့ ေလာရင့္က သေဘာမတူတာေၾကာင့္ မတတ္သာစြာနဲ႔ အိမ္မွာပဲ အက်ယ္ခ်ဳပ္ထားရေတာ့သည္။ ဆိုင္နိုက တရား႐ုံးမွာေတာ့ ေလာရင့္အေဖကို သတ္သည့္အမွုႏွင့္ တရားခံေနရာမွာ ရပ္ေနရေလသည္။ ေလာရင့္က ဒါကိုလုံးဝမေက်နပ္ေပမဲ့ သူအထပ္ထပ္ေဖ်ာင္းဖ်တာေၾကာင့္ ဘာမွေတာ့မေျပာပဲ မ်က္ေမွာင္ႀကီးကုပ္ကာ ၿငိမ္ေနသည္။
“တရားသူႀကီးမင္း။ ဒီဟာကေတာ့ သက္ေသပစၥည္းေတြပဲျဖစ္ပါတယ္။”
တစ္ဖက္က ေရွ႕ေနက စတင္ တင္ျပသည္။ ထိုေရွ႕ေနသည္ ေလာရင့္ငွားတာမဟုတ္ပဲနဲ႔ အန႔္လူနာက တမင္ကိုငွားေပးလိုက္တာျဖစ္သည္။ တစ္ဖက္က တရားလိုျပဳလုပ္တရားစြဲဆိုသည့္ ရဲမွုးကိုလည္း အန႔္လူနာကပင္ အစစအရာရာကူညီေပးထားသည္။
သူျပဳံးမိလိုက္ေသးသည္။ အန႔္လူနာက မေသေပမဲ့ သူ သူမကို ေဆးထိုးအပ္နဲ႔ သတ္ဖို့လုပ္သည့္ကိစၥသည္ လုံးဝသတင္းထြက္မလာေခ်။ ဒါကဘယ္သူ႔လက္ခ်က္ႀကီးဆိုတာ သိသာေနတာပဲ။ မ်က္ေမွာင္ကုပ္ကာ ထိုင္ေနေသာ ခင္ပြန္းႀကီးဆီသို့ သြားေတြေပၚေအာင္ ရယ္ျပလိုက္သည္။ ထိုသူကေတာ့ သူ႔လက္ကလက္ထိပ္ေတြကိုၾကည့္ရင္း မ်က္ေမွာင္ကုပ္ေနဆဲ။
“အမွုျဖစ္စဥ္ကေတာ့ မစၥတာဂၽြန္ဆိုင္နိုက သူ႔ရဲ့ခင္ပြန္းျဖစ္သူ မစၥတာေလာ့ရင့္ရဲ့ ဖခင္မစၥတာ ဂ်ိန္းကို စိတ္ဆႏၵအရသတ္ျဖတ္မွုပဲျဖစ္ပါတယ္။ တရားသူႀကီးမင္းခဗ်ာ ဒီအမွုမွာ ပစၥည္းသက္ေသအေနနဲ႔ ဂၽြန္ဆိုင္နိုရဲ့ လက္ေဗြပါေနတဲ့ ေသနတ္ကိုေတြ႕ရပါတယ္။ “
ေရွ႕ေနႀကီးက တရားသူႀကီးမင္း၏စားပြဲေပၚရွိ အိတ္အၾကည္ႏွင့္ထည့္ထားေသာ ေသနတ္ကို ညႊန္ျပကာ ေျပာသည္။
“ထပ္ၿပီး လူသက္ေသျဖစ္တဲ့ မစၥစ္ ဂေယာင္းကို ဖိတ္ေခၚပါရေစဗ်ား”
တရားသူႀကီးမင္းက ေခၚေစတာေၾကာင့္ မစၥစ္ဂေယာင္းဆိုသည့္မိန္းမႀကီးက သက္ေသေနရာကို ေရာက္လာခဲ့သည္။ အမွန္အတိုင္းေျပာပါမည္ဟု က်မ္းက်ိန္ၿပီးေနာက္ သူမက သူမ သိသမၽွကို စတင္ေျပာၾကားေလသည္။
“မစၥစ္ဂေယာင္း ခင္ဗ်ားကအဲဒီေန႔က အခင္းျဖစ္ပြားရာေနရာ အိမ္မွာရွိခဲ့တာမွန္ပါသလား။”
“မွန္ပါတယ္ရွင့္”
“ခင္ဗ်ားဘာလုပ္ေနတာလဲ။”
“မီးဖိုခန္းထဲမွာ အိမ္အကူကေလးမေလးေတြကို ႀကီးၾကပ္ေနရပါတယ္။”
“အခင္းမျဖစ္ခင္က မစၥတာဂ်ိန္းက ခင္ဗ်ားကို မစၥတာ ဆိုင္နိုကို သြားေခၚေစခဲ့တယ္ဆို?”
“မွန္ပါတယ္။ သူကၽြန္မကို မစၥတာဆိုင္နိုကို သြားေခၚေစခဲ့တာပါ။”
“ဒါဆိုမင္းသူ႔ကိုေနာက္ဆုံးေတြ႕လိုက္တာက ဂၽြန္ဆိုင္နိုကို သြားေခၚေစတုန္းကေပါ့။”
“ဟုတ္ပါတယ္ရွင့္”
“မင္းေသနတ္သံမ်ားၾကားခဲ့ေသးလား”
“မၾကားခဲ့ပါဘူးရွင့္။ စာဖတ္ခန္းက လွို့ဝွက္တာမို့ ဘယ္ေလာက္က်ယ္တဲ့အသံျဖစ္ေစ မၾကားရေအာင္ အထူးေဆာက္ထားတာပါ။”
“ဒါဆိုခင္ဗ်ား မစၥတာဂ်ိန္းေသဆုံးတာကို ဘယ္လိုသိသလဲ”
“ကၽြန္မ သခင္ေလးဆိုင္နိုကို လိုက္ပို့ၿပီးၿပီးခ်င္း သခင္မေလး အန႔္လူနာလာခဲ့ပါတယ္။ သူမက သခင္ႀကီးကိုေတြ႕ခ်င္တယ္ဆိုတာနဲ႔ ကၽြန္မ အေၾကာင္းၾကားဖို့အသြားမွာ..........”
မိန္းမႀကီးက သူမမ်က္လုံးေတြကို အုပ္ကာ ျမင္ခဲ့ရသည့္ျမင္ကြင္းကို ခက္ခဲစြာေဖ်ာက္ဖ်က္ေနဟန္ရွိသည္။ သူမက အသက္တဝႀကီး ရွူလိုက္ၿပီးမွ
“အဲ့ထဲမွာ သ...သခင္ေလးကလည္း ေခါင္းမွာေသြးေတြနဲ႔။ လက္ထဲမွာလည္းေသနတ္ႀကီးကိုင္လို့။ သခင္ႀကီးကလည္း သခင္ႀကီးကလည္း ေခါင္း....ေခါင္းႀကီး.......”
သူမက ဆက္မေျပာနိုင္ေတာ့ပဲ ရွိုက္ငိုေနတာမို့ သြားဖို့ခြင့္ျပဳလိုက္သည္။ ေရွ႕ေနႀကီးက ဆက္ေျပာျပန္သည္။
“တရားသူႀကီးမင္းခဗ်ာ တရားလိုသက္ေသမစၥစ္ ဂေယာင္းေျပာပုံအရ ဂၽြန္ဆိုင္နိုနဲ႔ေတြ႕ၿပီးမွ မစၥတာဂ်ိန္းဟာ ေသဆုံးရေၾကာင္းထင္ရွားပါတယ္။ ေနာက္ထပ္သက္ေသတစ္ေယာက္ရွိပါေသးတယ္။”
“မၿပီးေသးဘူးလား အဲ့ဒါေတြက...”
ေလာရင့္က စိတ္မရွည္ေတာ့သည့္ဟန္ႏွင့္ မတ္တပ္ထရပ္သည္။ သူလုံးဝသည္းမခံနိုင္ေတာ့။ သူ႔ေဘဘီေလးရဲ့လက္မွာ နီေတာင္နီရဲေနေလာက္ၿပီေလ။ အဲဒီလက္ထိတ္က ခတ္စရာကိုမလိုတာ။ ၿပီးေတာ့ အခုလိုသူ႔ေရွ႕မွာ သူ႔ေဘဘီကို အျပစ္သားတစ္ေယာက္လို ဆက္ဆံတာမ်ိဳး သူလုံးဝမႀကိဳက္။ ဒါေၾကာင့္ သူက တရား႐ုံးေသာဘာေသာ သည္းမခံနိုင္ေတာ့ေပ။
လက္ဖ်စ္ႏွစ္ခ်က္တီးလိုက္တာႏွင့္ အနက္ေရာင္ဝတ္ထားသည့္ လူငါးဆယ္ခန္႔က တရား႐ုံးထဲကို ဝင္ေရာက္လာၾကသည္။ သူတို့က ေသနတ္ေတြနဲ႔ျဖစ္ကာ ေလာရင့္ႏွင့္ဆိုင္နိုမွလြဲ၍ အကုန္လုံးကိုခ်ိန္ထားေလသည္။ ေလာရင့္က ေအးေဆးစြာပဲ လက္ထိတ္ေသာ့ကို ရဲအရာရွိတစ္ေယာက္ဆီမွ ယူလိုက္ကာ ဆိုင္နိုရဲ့လက္ေတြကို ျဖည္ေပးသည္။ သူက သူ႔ေဘဘီရဲ့လက္ေလးကို ဖြဖြေလးေလမွုတ္ေပးရင္း တရား႐ုံးထဲမွ ထြက္ကာ တစ္ေနရာကိုဦးတည္ေမာင္းႏွင္လိုက္သည္။
“ေဘဘီ ကိုယ္တို့ေတာ့ အခုဝရမ္းေျပးျဖစ္ကုန္ၿပီထင္တယ္။”
ကားကိုကိုယ္တိုင္ေမာင္းေနရင္းကေန ေလာရင့္က အရယ္တပိုင္းမ်က္ႏွာႏွင့္ေျပာသည္။ ဆိုင္နိုကေတာ့ မ်က္ေစာင္းထိုးေနေလသည္။
“ခင္ဗ်ားက အေတာ္တဇြတ္ထိုး။ ခဏေလးပဲကို။ တရားခံအစားထိုးကလည္း ေရာက္ေတာ့မွာကိုပဲ။ စိတ္ကိုမရွည္တတ္ဘူး။”
“ေဘဘီကလဲကြာ ကိုယ့္ေဘဘီလက္ေတြနာေနၿပီေလ။ ၾကည့္ပါလား။ ရဲေတာင္ရဲေနၿပီ။ ေတာက္။ ေခြးသားေတြ။”
“ခုဘယ္လိုလုပ္ၾကမလဲ ကိုကိုဂန္းစတားႀကီးေရ။ ကၽြန္ေတာ္တို့အိမ္ျပန္လို့လဲမျဖစ္ေတာ့ဘူးဗ်။”
ေလာရင့္က ဆိုင္နိုရဲ့မ်က္ႏွာေလးကို ဆြဲဖ်စ္ကာ
“အိုးဟိုး အခ်စ္ေလးက ကိုကို့လိုhigh boss ႀကီးကို အိမ္တစ္လုံးထဲပိုင္တယ္ထင္လို့လား ေျပာစမ္းပါဦး။”
“အဲဒါဆိုဘယ္အိမ္ကို သြားမွာလဲ။”
“မင္းသေဘာက်ေလာက္မဲ့ အိမ္ေလးကိုေပါ့။”
တစ္ေန႔လုံးလုံးကားႏွင့္ေမာင္းႏွင္ၿပီးေနာက္ စိမ္းစိုေနသည့္ သစ္ေတာက်ယ္ႀကီးရွိရာကိုေရာက္လာေလသည္။ ဝင္းတံခါးၿခံေစာင့္သည္ ေလာရင့္ကိုျမင္သည္ႏွင့္ အေျပးအလႊားခရီးဦးႀကိဳျပဳရွာသည္။ေလာရင့္က ထိုလူႀကီးထံမွ အိမ္ေသာ့ေတာင္းလိုက္ကာ အိမ္ႀကီးဆီကိုလမ္းေလၽွာက္လာခဲ့ၾကသည္။ အိမ္ႀကီးသည္ ၿခံႏွင့္အေတာ္အတန္ေဝးေလသည္။ သစ္ရြက္ေတြေႂကြေနေသာ အုတ္ႂကြပ္လမ္းေလးေပၚမွာ တစ္ေယာက္လက္ကို တစ္ေယာက္တြဲရင္း အခ်ိန္အတန္ၾကာေလၽွာက္ရေသးသည္။
ေလာရင့္ကေတာ့ေျပာပါသည္။ မင္းနဲ႔လမ္းတြဲေလၽွာက္ခ်င္လို့ ၿခံဝမွာတင္ကားရပ္ခဲ့တာတဲ့။ ေနာက္ဆုံးေတာ့ အုတ္ႂကြပ္မိုးထားသည့္ သစ္သားအိမ္အႀကီးႀကီးကိုျမင္လိုက္ရသည္။ သစ္သားေတြသည္ မည္းနက္ေနကာ သစ္ေစးတစ္ခုခုသုတ္ထားသလိုရွိသည္။ အိမ္က အိုေဟာင္းသလိုရွိေပမဲ့ သူ႔မ်က္လုံးထဲတြင္ ျခစားတာ ေပါက္တာေတြ တစ္ခုမွမေတြ႕တာကထူးဆန္းသည္။
အိမ္ထဲဝင္လိုက္ေတာ့ သစ္သားနံ့ေလးကလွိုင္ေနေလသည္။ သစ္သားၾကမ္းခင္းေပၚမွာ ေျခဖဝါးထိရသည့္ အရသာက တကယ္ကို ေကာင္းလြန္းလွသည္။ ဧည့္ခန္းမွာလည္း သစ္သားအျပင္အဆင္နဲ႔ပင္ မြန္းမံထားကာ အကုန္လုံးကို သစ္ေတာထဲေရာက္ေနသလို ခံစားခ်က္မ်ိဳးရေအာင္ ဖန္တီးထားသည္။ ျပတင္းေပါက္ကိုဖြင့္မိေတာ့ သစ္ေတာရဲ့သစ္ရြက္နံ့ေတြၾကားမွာ ေလထုကလတ္ဆက္ေနသည္။
ေလာရင့္က သူ႔ကိုခန္းမႀကီးတစ္ခုထဲသို့ေခၚသြားသည္။ ခန္းမႀကီးသည္ ဘာပစၥည္းမွမရွိပဲနဲ႔ေျပာင္သလင္းခါေနေပမဲ့ ခန္းမအဆုံးက ဓာတ္ပုံအႀကီးႀကီးေၾကာင့္ ၾကည့္ေကာင္းေနျပန္သည္။ မိန္းကေလးတစ္ေယာက္က အျဖဴေရာင္ပန္းစည္းေလးကိုင္ကာ အမ်ိဳးသားေလးတစ္ေယာက္၏ပါးကို အနမ္းေပးေနသည့္ပုံပင္ျဖစ္သည္။ ႏွစ္ေယာက္လုံးက မဂၤလာေဆာင္သည့္အျပင္အဆင္မ်ိဳးကို ဆင္ယင္ထားၾကသည္။
ေလာရင့္က ထိုဓာတ္ပုံႀကီးကို အလြယ္တကူပင္တြန္းဖယ္လိုက္သည္။ အထဲမွာလည္း အခန္းငယ္ေလးတစ္ခုရွိေသးတာကို ဝိုးတဝါးသိလိုက္ရသည္။ ေလာရင့္က အခန္းေလးထဲကို မဝင္ခင္ သူ႔နက္ကတိုင္နဲ႔ ဆိုင္နိုရဲ့မ်က္လုံးဝိုင္းဝိုင္းေလးေတြကို စည္းလိုက္သည္။ ဆိုင္နိုက ေလာရင့္ဒီလိုလုပ္တာဟာ ဒီအိမ္ရဲ့လွို့ဝွက္အခန္းကို မသိေစခ်င္လို့ဟုထင္မိေပမဲ့ သူအႀကီးအက်ယ္မွားသြားေလသည္။
ဘာလို့ဆို သူမ်က္လုံးဖြင့္လိုက္တာနဲ႔ မ်က္လုံးျပဴးေလာက္စရာျမင္ကြင္းက သူ႔ေရွ႕မွာ ဆီးႀကိဳေနလို့ပင္ျဖစ္သည္။