𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...
Por pickpachacon333
984K 111K 5.5K
Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... Mais
Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!
Part_22
9.4K 1.1K 39
Por pickpachacon333
Uni
သူ့ရင်ထဲဒိန်းခနဲဖြစ်သွားလေသည်။ ဒါကဘယ်သူ့လက်ချက်ဆိုတာနဲ့ သူလုပ်ကြံခံရတယ်ဆိုတာကို သိနေရင်တောင် လူတွေသူ့ကိုယုံဖို့က အလွန်ခက်ခဲလေသည်။ သူက စိတ်ကိုမနဲထိန်းထားကာ nurse မလေးကို ထပ်မေးကြည့်လိုက်သည်။
“သူတို့သက်သေတွေက ဘယ်လောက်ရှိပြီတဲ့လဲ။”
Nurse မလေးက ပြန်ဖြေမလို့ပေမဲ့ ရဲအရာရှိတစ်ယောက်ရောက်လာတာကြောင့် စကားစပြတ်သွားသည်။ ရဲအရာရှိက သူ့ကိုလေးလေးစားစားဆက်ဆံပါသည်။
“ ခင်ဗျားသက်သာပြီဆိုရင် ကျွန်တော်တို့ခင်ဗျားကို အချုပ်ခန်းမှာချုပ်ထားရလိမ့်မယ်။ တရားရင်ဆိုင်နေတဲ့အတွင်းပေါ့။”
“ခင်ဗျားတို့ သက်သေတွေ ဘယ်လောက်တောင်တွေ့ထားတာလဲ။”
“အိုး........သက်သေတွေလား။ ခင်ဗျားနဲ့ မစ္စတာဂျိမ်းနဲ့ အခန်းထဲမှာ နှစ်ယောက်တည်းရှိပါတယ်ဆိုတာကို ထောက်ခံပေးတဲ့ လူသက်သေတွေနဲ့ သေနတ်ပေါ်က ခင်ဗျားရဲ့လက်ဗွေရာတွေက ခိုင်လုံနေပါပြီ။ “
သူခဏတိတ်ဆိတ်သွားသည်။
“ဒါဆို ကျွန်တော်ဘာလို့ တိုက်ခိုက်ခံရမှာလဲ။ ကျွန်တော်သာ အဖေ့ကိုသတ်တဲ့လူဆိုရင် ကျွန်တော်ကဘာလို့ ခေါင်းကို အရိုက်ခံရမှာလဲ။”
“ဒါက မင်းဟာ မစ္စတာဂျိမ်းကို သတ်မိလို့ ထိန့်လန့်ရင်း စားပွဲစွန်းနဲ့တိုက်မိတာလို့ယူဆတယ်။ ဒါမှမဟုတ် မင်းကိုသံသယမဝင်‌စေဖို့ ကိုယ့်ခေါင်းကိုယ်အထိခိုက်ခံတာလဲ ဖြစ်နိုင်နေတာပဲလေ။”
“ ကောင်းပါပြီ။ ဒီလိုဆိုကျွန်တော်ပဲ အပြစ်ခံရကိန်းများမှာပေါ့။”
ရဲအရာရှိက ခေါင်းကိုငြိမ့်ရင်း ထွက်သွားလေသည်။ သူမျက်စိကိုပြန်မှိတ်ကာ ကုတင်ပေါ်ကိုပြန်လှဲနေလိုက်သည်။ ဒီလိုက‌လေးကလား လုပ်ကြံမှုတွေက သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေထဲမှာပဲ ရှိမယ်ထင်ခဲ့တာ။ အံ့ဩဖို့ကောင်းလောက်အောင်ကိုပဲ အပြင်လောကမှာပါ ရှိနေတာလား။
“ကိုကို...........”
ရုတ်တရက် ချိုမြိန်သည့်အသံလေးကို ကြားလိုက်ရသဖြင့် သူမျက်လုံးတွေကို ပြန်ဖွင့်လိုက်သည်။ သူ့၏ညီမလေး စီရမ်သည် မျက်ရည်တွေနဲ့အတူ ခုတင်နားမှာရပ်နေခဲ့သည်။ သူမက သူ့ကို ယူကျုံးမရသည့်မျက်ဝန်းတွေနှင့် ကြည့်နေသည်။
“ကိုကို ဒီကိစ္စက...........”
သူမက ဆက်မပြောနိုင်ဘဲ ငိုနေပြန်သည်။
“တကယ်သာဆို ကိုကိုသေဒဏ်ကျမှာတဲ့။”
“ညီမလေး ကိုကိုမလုပ်ဘူးဆိုတာ ယုံလား”
သူမက မျက်ရည်တို့ကြားထဲမှ အနည်းငယ်တုံ့ဆိုင်းသွားသည်။
“ကိုကို့ကို ယုံချင်ပေမဲ့..........သက်သေတွေက တအား.........”
စီရမ်ကဆက်မပြောတော့ပေ။ ခဏလောက်ကြာအောင်တိတ်ဆိတ်နေပြီးမှ
“ကိုကိုဘာလို့ဒီလိုလုပ်လဲ မသိပေမဲ့ ညီမလေး ကိုကို့ကို လွတ်အောင်လုပ်ပေးပါ့မယ်။ ညီမလေး ကိုကို့ကိုချစ်တယ်။”
သူမက သူအနားကိုလာကာ ပွေ့ဖက်ထားသည်။ ဆိုင်နိုက သူမကို ပြန်ဖက်ထားတာမျိုးမလုပ်မိ။ သူမက အချိန်အတော်ကြာအောင် ငိုနေပြီးမှ တစ်စုံတရာမပြောပဲ ထွက်သွားလေသည်။ သူအရမ်းပင်ပန်းနေသလို ခံစားလိုက်ရသည်။ အရင်ကဆို ဒီလိုပင်ပန်းချိန်တိုင်းမှာ လောရင့်ရင်ခွင်ထဲနေ၍ ပူရှိန်းနံ့လေးကို ရှူကြည့်လိုက်တာနဲ့ ပင်ပန်းမှုတွေပျောက်သွားစမြဲမဟုတ်လား။
အခုရော? သူအခုရော လောရင့်ရင်ခွင်ထဲကို ဝင်နိုင်ပါဦးမလား။ လောရင့်ကရော သူ့ကိုယုံပေးပါတော့မလား။ သူ့လောကကြီးတစ်ခုလုံးမှောင်မိုက်နေသလို ခံစားလိုက်ရသည်။ ရင်ဘတ်ထဲက ပြင်းထန်စွာနာလာတာကြောင့် မျက်ရည်တွေပါ ဝဲလာမိသည်။ ဒီလိုဆိုရင် လောရင့်ကလည်း သူ့ကိုမုန်းနေမှာသေချာသလောက်ရှိသည်။ စီရမ်တောင် သူလုပ်ခဲ့တယ်လို့ ထင်နေမှတော့ လောရင့်လည်း ဒီလိုမျိုးပဲ ထင်နေမှာ။ဘာဆက်လုပ်ရမလဲ။ သူလုံးဝမသိတော့ ။ နှလုံးသားရော ဦး‌ဏှောက်ရောက ဗလာတွေပင်ဖြစ်သွားသည်။
“အိုး...........သနားစရာ အချစ်တော်လေးပါလား။”
ဒေါက်ဖိနပ်သံနှင့်အတူ ဝမ်းမြောက်နေသည့်မျက်နှာနှင့် အန့်လူနာက နှုတ်ဆက်စကားဆိုလိုက်သည်။ သူမမျက်နှာမှာ ဖုံးမရအောင် အပျော်တွေနဲ့ပြည့်နေသည်။ သူက ဆိုင်နိုနားကိုလာကာ မေးဖျားကိုဆွဲမော့လိုက်ရင်း သူမမျက်နှာကို ကြည့်စေသည်။
“ရှင်ကအခု အရမ်းသနားစရာကောင်းတာပဲနော်။”
“မင်းရဲ့ ရွံစရာလုပ်ရပ်တွေကြောင့်ပဲမဟုတ်လား။”
“အိုး..........ရှင်ကသိတယ်?”
အန့်လူနာက အံ့ဩသည့်ပုံစံလုပ်ပြနေသည်။
“ရှင်ကဘယ်ဆိုးလို့လဲ။ ဉာဏ်ကောင်းသားပဲ။ အဟွန်း။ ဘာပဲဖြစ်ဖြစ် ရှင်ဒီထောင်ချောက်ထဲက ထွက်နိုင်မှာမဟုတ်ပါဘူး။ ဟားဟား။ အခုအချိန်မှာ ရှင်ကတစ်ယောက်တည်းနော်။ အင်းလေ။”
သူမက စိတ်မကောင်းသည့်ပုံစံ ဟန်ဆောင်ပြနေကာ
“ရှင့်ရဲ့ညီမ၊ ယောက်ဖအပါအဝင် ရှင့်ခင်ပွန်းကတောင် ‌ရှင့်ကိုမယုံတော့ဘူးမဟုတ်လား။”
ခင်ပွန်းဆိုသည့်နေရာမှာ လေသံကိုတမင်ဖိပြောလိုက်တာကြောင့် သူမေးရိုးတွေတင်းနေအောင် အံကြိတ်လိုက်မိသည်။
“အိုး..........ကိုကိုလောရင့်က သိပ်ဒေါသထွက်နေတာနော်။ ရှင့်ကိုတွေ့ရင် သတ်မယ်လုပ်နေလို့ ကျွန်မကသေချာနှစ်သိမ့်ထားရတာ။ သူကလေ ရှင့်ကိုသိပ်မုန်းနေတာ။”
မဟုတ်ဘူးလို့သူအော်ပြောမိပေမဲ့ နှုတ်ဖျားကထွက်မလာတော့။ လောရင့်သူ့ကို ဒီလောက်ထိတောင် မုန်းသွားပြီလား။ အင်းလေ။ သူ့အဖေကို သတ်တဲ့လူဆိုပြီး မုန်းနေမှာပေါ့။ သူရိုက်တဲ့ဇာတ်လမ်းတွေမှာလဲ ဒီလိုပဲလေ။ အထင်လွဲကြတယ်မဟုတ်လား။ အဟက် ဘဝဆိုတာ တကယ်ကို ဇာတ်လမ်းဆန်ပါ့လား။ သူက ဘေးမှာရပ်ပြီး နှုတ်ကအန့်လူနာကို ဓားကျိမ်းကျိမ်းနေသော ရက်ချ်ကို ကြည့်လိုက်သည်။
သူတွေးလိုက်တာက တကယ်လို့ သူတခြားကမ်ဘာကိုသွားချင်ရင် သူ့ကိုယ်သူတစ်ခုခုနဲ့ သေအောင်လုပ်ရုံပဲ မဟုတ်လား။ သူတကယ်ကို တခြားကမ်ဘာကို သွားချင်နေလေပြီ။ ထွက်ပြေးတယ်ပဲဆိုဆို သတ္တိမရှိဘူးပဲပြောပြော သူ့ချစ်သူရဲ့ အမုန်းကို ခံစားရမှာထက် သေတာကမှ သူ့အတွက် ပိုသက်သာပါလိမ့်မည်။ ဒါပေမဲ့ သေချာတာပေါ့။ သူတစ်ယောက်တည်းတော့ သေနိုင်ပါ့မလား။ အန့်လူနာဆိုတဲ့မိန်းမက သူ့ချစ်သူကို အဆိပ်ခတ်တဲ့အပြင် အပြစ်တွေကိုလည်း သူ့အပေါ်လွှဲချလိုက်သေးသည်။
ဆိုင်နိုက ခုနက nurse မလေး ချသွားသည့် ဆေးထိုးအပ်ကိုကြည့်ကာပြုံးလိုက်သည်။ အရင်ဘဝက သိုင်းနှစ်ကွက်လောက်သင်ဖူးတာကြောင့် သူက သေကွင်းသေကွက် နေရာတွေကို ကောင်းကောင်းသိနေသည်။  ဆေးထိုးအပ်‌လေးကို လက်ထိတ်ခတ်မခံထားရသည့် လက်တစ်ဖက်နဲ့ မသိမသာဆွဲယူလိုက်သည်။ အန့်လူနာဆိုသည့် မိန်းမကတော့ သူမနဲ့လောရင့်နဲ့ဘယ်လောက်တောင် ချစ်နေသလဲဆိုတာကို ပေါက်ပေါက်ဖောက်လို့ကောင်းတုန်းဖြစ်သည်။
သူမက ကုတင်ဘေးနားမှာ လာရပ်နေတာကြောင့် လက်ထိပ်ခတ်ခံထားရသော လက်တစ်ဖက်နှင့် သူမ၏စကပ်ကနီးနေသည်။ သူဒီတိုင်းထထိုးလိုက်လျှင်ခုခံလာမည်ဖြစ်တာကြောင့် တစ်ခုခုလုပ်ကာ အာရုံလွှဲရမည်ဖြစ်သည်။ ဒါမှ သူမက မခုခံနိုင်မှာမဟုတ်လား။ သူက သူမရဲ့စကပ်ကို မျက်စိမှိတ်ပြီး အသားကုန်ဆွဲပစ်လိုက်သည်။ သူမက တစ်ချက်လန့်သွားကာ စကပ်ကို ကုန်းဆွဲသည့်အချိန်မှာပင် သူမရဲ့လည်ပင်း အသက်ရှူပြွန်သို့ ဆေးထိုးအပ်က ဝင်သွားပြီဖြစ်သည်။
ဒါကသူမ သေသလားဆိုတာကို မသိနိုင်ပေမဲ့ သူကတော့ လူသတ်လိုက်ပြီဟူသော အသိဖြင့် တုန်လှုပ်နေလေသည်။ သူက ငြိမ်သက်သွားသော သူမကိုကြည့်ကာ ထပ်မသတ်တော့ဖို့ဆုံးဖြတ်လိုက်သည်။ သေရင်လဲသူမ ကံတရားဆိုသလို မသေခဲ့ရင်လည်း သူမ ကံကောင်းတာဟုပင်တွေးလိုက်တော့မည်။ အပြင်က ဘယ်သူကမှ ဒီအခြေအနေကို ရိပ်မိပုံမပေါ်သေးပေ။
သူကဒီခန္တာကိုယ်ကို အဆုံးသတ်ရန် နည်းလမ်းရှာလိုက်သည်။ သူ့လက်တစ်ဖက်ကို ကုတင်လက်ရန်းနှင့် တွဲကာ လက်ထိပ်ခတ်ထားတာကြောင့် သူတိုက်ပေါ်က ခုန်ချရင်တောင် ကုတင်တန်းလန်းကြီးနဲ့ သေရမည်ဖြစ်သည်။ နေပါစေတော့။ ဘယ်လိုသေသေ သေဖို့ပဲအဓိကမဟုတ်လား။ ကုတင်ပေါ်က ဆင်းကာ ပြတင်းပေါက်ဆီသွားလိုက်တော့ ကုတင်ကြီးကပါ တန်းလန်းတန်းလန်းပါလာလေသည်။
ကုတင်ကြီးကို ပြတင်းပေါက်ဘောင်ပေါ်မှာ တစ်ခြမ်းတင်ကာ ပြုတ်ကျလွယ်အောင်ထားလိုက်သည်။ ဒါမှ သူခုန်ချရင် ကုတင်ပါ လွယ်လွယ်ကူကူ ပါလာမှာမဟုတ်လား။ ဘောင်ပေါ်တက်ပြီးနောက် မျက်စိမှိတ်ကာ သူတို့လက်ထပ်ခဲ့သည့်အချိန်ကို ပြန်စဉ်းစားလိုက်သည်။
ကိုယ်ကိုအရှေ့ဘက်သို့လှန်ချကာ ကြုံလာရမည့် နာကျင်မှုတွေနှင့် လေဒဏ်ကို ခံနိုင်ဖို့ပြင်လိုက်သည်။ သို့ပေမဲ့ သူ့ခန္တာကိုယ်သည် သူမျှော်လင့်သလို အောက်ကိုကျမသွားပဲ နွေးထွေးသည့်လက်တစ်စုံနှင့် သူမျှော်လင့်ထားခဲ့သော ပူရှိန်းနံ့လေးကို ရလိုက်သည်။ သူမျက်လုံးဖွင့်ကြည့်တော့ လောရင့်က သူ့ကိုပြုတ်မကျအောင် ပွေ့ထားကာ အခန်းထဲကို ဂရုတစိုက်သယ်လာခဲ့သည်။ လက်ထိပ်ကိုလည်း သေနတ်တစ်ချက်နဲ့ ဖြတ်ပစ်လိုက်တာမို့ ကုတင်ကြီးနဲ့ အမြွှာတွေလို ပူးတွဲနေစရာမရှိတော့ပေ။
“အဆိုးအဆာလေး။ မင်းဟာလေ။ ထင်ရာတွေသိပ်လုပ်တာပဲ။ ဘယ်နားထိခိုက်မိတာရှိလဲ။ ကိုယ်ဘယ်လောက်စိတ်ပူသွားလဲ မင်းသိရဲ့လား။”
သူကလောရင့်လှုပ်ရှားသမျှကို မျက်ရည်ဝေ့နေသော မျက်လုံးလေးနှင့်သာ ကြည့်နိုင်သည်။ အန့်လူနာသည် ခုနကအတိုင်းပင် ကြမ်းပြင်ပေါ်မှာ လဲနေတုန်းရှိသေးသည်။
“ခင်ဗျားကျွန်တော့်ကို ယုံလား။”
ဆိုင်နိုက လောရင့်လက်က သေနတ်ကို ဖွဖွလေးကိုင်ရင်းမေးလိုက်သည်။ လောရင့်ကသူ့ကိုမယုံဘူးဆိုတာနဲ့ သေနတ်ကိုဆွဲကာ ကိုယ့်ကိုယ်ကိုပစ်လိုက်ဖို့ လုံးဝဝန်မလေးပေ။
“ယုံတယ်။ ကိုယ်မင်းကိုယုံတယ်။”
လောရင့်ကလည်း ဆိုင်နိုရဲ့မျက်ဝန်းတွေထဲကို အလေးအနက်ပြန်ကြည့်ရင်းဖြေသည်။ ဆိုင်နိုအံ့ဩသွားသည်။ သူသေချာပေါက် လောရင့်က သူ့ကိုမယုံလောက်ဘူးထင်ခဲ့တာ။
“ခင်ဗျား ကျွန်တော့်ကို ဘာလို့ယုံတာလဲ။ ယုံချင်စရာမရှိဘူးမဟုတ်လား။ ဘာလို့လဲ”
လောရင့်က ဆိုင်နိုရဲ့မျက်ဝန်းတွေထဲကို နူးနူးညံ့ညံ့ စိုက်ကြည့်လိုက်ရင်း
“ကိုယ် မင်းကိုချစ်ကတည်းက ယုံကြည်မှုနဲ့ နားလည်မှုတွေကို ကိုယ်ပေးပြီးသား။ မင်းကိုဘာလို့ယုံလဲဆိုရင် အဲတာက မင်းမို့လိုပဲ။ မင်းမို့လို့ ကိုယ်ယုံပါတယ်။”
ဆိုင်နိုက ငိုချင်လာတာကြောင့် လောရင့်ရင်ခွင်ထဲဝင်ပြီး တရှုံ့ရှုံ့ငိုနေမိသည်။ တော်သေးတာပေါ့။ သူ့ချစ်သူက သူ့ကိုယုံ‌‌ပေးလို့တော်သေးတာပေါ့။ သူကအားနွဲ့တဲ့လူမျိုးမဟုတ်ပဲ သန်မာတဲ့လူဖြစ်ပေမဲ့ လောရင့်ရင်ခွင်ထဲရောက်သွားရင် သူ့ကိုကလေးတစ်ယောက်လိုခံစားရစေသည်။ က‌လေးတစ်ယောက်လို ငိုလို့လဲရသလို ကလေးတစ်ယောက်လို ချွဲလို့လဲရသော ရင်ခွင်ကြီး။
သူက လောရင့်နှုတ်ခမ်းကို တစ်ချက်နမ်းကာ တိုးတိုးလေးပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ဒါလင်။”
Zawgyi
သူခဏတိတ်ဆိတ်သွားသည်။
“ကိုကို...........”
“ကိုကို ဒီကိစ္စက...........”
“အိုး..........ရှင်ကသိတယ်?”
“ယုံတယ်။ ကိုယ်မင်းကိုယုံတယ်။”
Continuar a ler
Também vai Gostar
432K 42.1K 31
ထက်မြက်သောဘုရင်တစ်ပါးနှင့် သူ၏အူကြောင်ကြောင် အမှုထမ်းတစ်ဦး ။ ဘုရင့်၏ အရှုပ်တော်ပုံတို့ကို ကူညီဖြေရှင်းပေးနေခြင်းလား။ ဘုရင့်၏ အရှုပ်တော်လုပ်နေခြင်းလား။ ...
608K 69.3K 122
Uni ဟိန်းက သူ့အဘွားကို ကယ်ဖို့အတွက် Systemမှာ အစမ်းသပ်ခံဖို့ ဆုံးဖြတ်ရင်း တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ Zawgyi ဟိန်းက သူ့အဘွားကို ကယ်ဖို့အတွက် Sys...
18.1K 2.5K 32
302(စန်းလင်အာ့)ဆိုတဲ့အရှုပ်ထုပ်လေး စီစဥ်တဲ့ ​ကျွင့်ကျွင့်နဲ့ ဟန့်ဟန့်လေးတို့ရဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေး 💙~ ❌ SYSTEM နှင့် မသက်ဆိုင်ပါ ❌ 302(...
14K 1.6K 45
ငါ့ကိုဘယ္သူမွမခ်စ္ခဲ့ဘူးထင္တာ။တကယ္ေတာ့ငါက မျမင္ခဲ့တာပဲ။ ငါ့ကိုဘယ်သူမှမချစ်ခဲ့ဘူးထင်တာ။တကယ်တော့ငါက မမြင်ခဲ့တာပဲ။ Weekly update at Sunday. Start Date...