Uni
လောရင့်အဖေက လောရင့်ကိုဘာပြောသွားသလဲတော့ သူမသိရသေးပေ။ လောရင့်ကတော့ ဘာမှမဖြစ်သလိုပင် အလုပ်လေးလုပ်လိုက် သူ့ကိုလာချွဲလိုက်ဖြင့် သာယာနေလေသည်။ သူတစ်ခုခုစဉ်းစားနေရသည်။ အရာအားလုံးက သူဆင်းရဲသည်ဆိုသည့် အချက်အပေါ်မှာ မူတည်လာတာမို့ အလုပ်တစ်ခုခုတော့ လုပ်မှရလိမ့်မည်။ သူလည်း ယောကျ်ားပဲမဟုတ်လား။ ဘာပဲပြောပြော ကိုယ်ပိုင်ဝင်ငွေတော့ရှိသင့်သည်ဟုယူဆသည်။
“လောရင့် ကျွန်တော်ပြောစရာရှိတယ်။”
ရေချိုးခန်းထဲက ထွက်လာကာစလောရင့်ကို အဝတ်အစားတွေထုတ်ပေးနေရင်းနဲ့ ပြောလိုက်သည်။
“ပြောလေ ဘေဘီ။ ဘေဘီဘာလိုချင်လဲ။ ဘာဖြစ်ချင်လဲပြောလိုက်”
လောရင့်က သူ့ကိုနဲနဲလေးတောင်အလွတ်မပေးပဲ စနောက်နေသေးသည်။
“ကျွန်တော်အလုပ်လုပ်ချင်တယ် လောရင့်။”
“အလုပ်?”
လောရင့်က မျက်မှောင်ကျုံ့ကာ စဉ်းစားလိုက်သည်။ သူ့ဘေဘီက စာတော်ပြီး ထက်မြက်တာကို သူကောင်းကောင်းသိသည်။ တကယ်လို့ သူ့ဘေဘီသာအလုပ်လုပ်မယ်ဆိုရင် အလုပ်တွေနဲ့မို့လို့ဆိုပြီး သူ့အနားမှာမရှိပေးနိုင်တော့ရင် ဘယ်လိုလုပ်မလဲ။ သေချာတာကတော့ သူ့ဘေဘီမရှိပဲ သူကောင်းကောင်းမနေနိုင်တာပဲ။ ဒါပေမဲ့ ကိုယ့်အတ္တကိုယ် ဘေးပို့ထားလိုက်ကာ ဆိုင်နိုရဲ့ဆန္ဒကို ဦးစားပေးဖို့ဆုံးဖြတ်လိုက်သည်။
“ဘာအလုပ်လဲ ဘေဘီ။ ကိုယ်ထင်တာကတော့ ဘေဘီ.........ကျူတာလုပ်မလို့လား။ ကောလိပ်မှာလေ။”
“မဟုတ်ပါဘူး။ ကျွန်တော်က သရုပ်ဆောင်လုပ်ချင်တာ။”
“သရုပ်ဆောင်?”
လောရင့်က အကြီးကြီး ခံစားလိုက်ရသည်။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ သူ့အပိုင်လေးကို သူများတွေကို ပေးကြည့်ရမတဲ့လား။ လုံးဝမဖြစ်ဘူး။ ဒီလိုအဖြစ်မခံနိုင်ဘူးလေ။ဆိုင်နိုကလည်း လောရင့်ဘာတွေတွေးနေသလဲဆိုတာကို ကွက်တိသိသည်။ သူက ချစ်စရာအပြုံးလေးနဲ့ လောရင့်ပါးကိုနမ်းလိုက်ကာ ထပ်ပြီးပူဆာလိုက်သည်။ လောရင့်က ဒီအတွက်ကြောင့်အနဲငယ်စိတ်ပြေသွားကာ သူ့လက်ထောက် အန်းကိုဖုန်းဆက်သည်။
“အန်း......ငါတို့သရုပ်ဆောင် အေဂျင်စီတစ်ခုထောင်မလို့။ မင်းအချက်အလက်တစ်ချို့ရှာလို့ရမလား။”
ရုပ်တည်ကြီးနဲ့ ဖုန်းပြောနေသည့် လောရင့်၏လက်ကို ဆိုင်နိုကရိုက်ချလိုက်သည်။ ဒီလောက်အဖြစ်သည်းစရာလိုလို့လား။ သူ သရုပ်ဆောင်လုပ်မယ်ဆိုတာနဲ့ အေဂျင်စီတန်းထောင်တော့မတဲ့။
“ခင်ဗျားကလည်း ကိုယ့်အေဂျင်စီနဲ့ကိုယ် သရုပ်ဆောင်လုပ်မှတော့ ကျွန်တော့်ကို အရည်အချင်းမရှိတဲ့လူလို့ ပြောကြမှာပေါ့လို့။ ကျွန်တော်က ကိုယ့်အားကိုယ်ကိုးပြီး လုပ်ချင်တာ။ ကျွန်တော်ကိုယ့်အရည်အချင်းကိုယ် ယုံပြီးသား။”
“အိုးးး...........အရည်အချင်းရှိတဲ့လူတွေက အောက်ခြေကနေစ,တက်ရတယ်ပေါ့။ ဟုတ်လား။”
လောရင့်က အကြံဆိုးတွေတွေးနေသည့် မျက်နှာကြီးနှင့်မေးသည်။ ဆိုင်နိုက သတိမထားမိသေးပဲ ဟုတ်တာပေါ့လို့ အတိအလင်းပြန်ဖြေလိုက်သည်။ ထို့နောက်တွင်တော့ အတွေးအခေါ်ပညာရှင်လေး ဆိုင်နိုခမျာ အောက်ခြေကနေ စ,အတက်ခံလိုက်ရတော့သည်။
အန့်လူနာကတော့ သူမရဲ့ အိမ်ကနေ အလွန်ကျေနပ်စွာ ပြုံးနေလေသည်။ သူမ သိပါသည်။ ဒီလောက်နဲ့ လောရင့်က ဆိုင်နိုကို ဘယ်မုန်းပါ့မလဲ။ ဒါပေမဲ့ သံသယ.......။ သံသယဆိုတာလေးကို ချပေးလိုက်တာနဲ့ အဲ့တာလေးက ခြစားသလို တတိတိနဲ့ တိုက်စားသွားမှာဖြစ်သည်။ နောက်ဆုံးမှာတော့ သူတို့ရဲ့အချစ်ဆိုတာ တိုက်စားခံရမှာပဲလေ။ အခုဆိုကြည့်လေ။ လောရင့်ရဲ့အဖေကိုက သူ့သားမက်လေးကို မယုံနိုင်တော့ဘူးမလား။ အမလေး ဒီကြားထဲ လူးဝစ်တို့ပါ ဆိုင်နိုကို မယုံတော့ဘူးဆိုရင်?
သူမ ကျေနပ်စွာပြုံးလိုက်သည်။ ယုံကြည်မှုတွေကို ဆုံးရှုံးလိုက်ရတဲ့ လူဆိုတာ သေလူနဲ့မခြားဘူးလေ။ သူ့ညီမလေး၊ သူ့ယောက္ခထီးနဲ့ သူ့ခင်ပွန်း အကုန်လုံးကသာ သူ့ကိုမယုံတော့ရင်? သူကသေချာပေါက်သေလူဖြစ်သွားမှာ။ သူမ သတ်စရာတောင် မလိုပဲနဲ့လေ။
စိတ်ဓာတ်ကိုသတ်ရတာ တကယ်ပျော်စရာကောင်းလွန်းတယ်။ ဒါပြီးရင် နောက်တစ်ဆင့်လာဦးမှာ ဂျွန်ဆိုင်နို ။ ဒီတစ်ဆင့်မှာတော့ နင်တကယ်ကို Game Over ဖြစ်သွားမယ်ဆိုတာ သိထားလိုက်။
အတ္တဆန်သော အချစ်တစ်ခုသည် အဆုံးစွန်အထိ ရက်စက်နေလျှက်..................။
.......................................................................................................................................................................................................................
“သခင်လေးဆိုင်နို မစ္စတာ ဂျိမ်းက ခေါ်ခိုင်းလိုက်ပါတယ်။”
ဆိုင်နိုသည် laptop လေးတစ်လုံးနှင့် သရုပ်ဆောင်အေဂျင်စီတွေကို ရှာဖွေနေခိုက်တွင် အိမ်အကူကောင်မလေးတစ်ယောက်
၏လာခေါ်ခြင်းကို ခံလိုက်ရလေသည်။ သူက laptop ကို အမြန်ပိတ်ကာ မစ္စတာဂျိမ်းရှိရာသို့ လာလိုက်သည်။
ခုနကကောင်မလေး၏ပြောပုံအရ မစ္စတာဂျိမ်းသည် စာကြည့်ခန်းအတွင်းတွင်ရှိနေသည့်အတွက်ကြောင့် သူ စာဖတ်ခန်းသို့ ခြေလှမ်းသွက်သွက်ဖြင့်သွားလိုက်သည်။
တံခါးကိုနှစ်ချက်ခေါက်သော်လည်း ဘာမှတုံ့ပြန်လာခြင်းမရှိသောကြောင့် ဒီအတိုင်းဝင်သွားလိုက်သည်။ စာကြည့်ခန်းသည် မှောင်မဲနေကာ ဘယ်သူမှမရှိသလိုပင်။ သူက သေချာသွားအောင် မီးကိုဖွင့်လိုက်တော့ ခေါင်းနောက်က ပြင်းထန်စွာနာကျင်လာခြင်းနှင့်အတူ စာကြည့်စားပွဲပေါ်၌ သွေးတရဲရဲနှင့် သေဆုံးနေသော မစ္စတာဂျိမ်းကို နောက်ဆုံးတွေ့လိုက်ရကာ မေ့မြောသွားလေသည်။
သူပြန်နိုးလာတော့ ဆေးရုံတစ်ခုပေါ်တွင်ဖြစ်နေကာ သူ့လက်တွေကို လက်ထိတ်တွေခတ်ထားတာကို တွေ့လိုက်ရသည်။ သူဘာမှနားမလည်ပေမဲ့ တစ်ခုခုမကောင်းတာဖြစ်နေသည်ဆိုတာတော့ နားလည်လိုက်သည်။ ခဏကြာသည်အထိ သူ့အနားမှာ ဘယ်သူမှရှိမနေကြပေ။ နောက်ဆုံးတော့ သူ့ယောက်ဖကြီးလူးဝစ်ရောက်လာခဲ့သည်။ လူးဝစ်က အလွန်ဒေါသထွက်နေဟန်ရှိကာ သူ့ကိုတော့ဘာမှမပြောပေမဲ့ အံတကြိတ်ကြိတ်ဖြစ်နေပြီး သူမေးတာတွေကိုလည်းပြန်မဖြေပေ။
သူက လောရင့်ကိုဘာလို့မတွေ့ရတာလဲဆိုတာရော။ သူဘာလို့ လက်ထိပ်ခတ်ခံရတာကိုရော နားမလည်ပေ။ လူးဝစ်က သူ့မျက်နှာကိုမမြင်ချင်သည့်အလား တစ်နေရာကို ချက်ချင်းထွက်သွားလေသည်။ သူက အနားကိုရောက်လာသော nurse မလေးကို မေးကြည့်လိုက်သည်။
“ဒီမှာဗျ။ ကျွန်တော့်ကို ဘာလို့လက်ထိပ်ခတ်ထားရတာလဲဟင်။”
“အိုး........ရှင်လုပ်ခဲ့တာ ရှင်မသိတော့ဘူးလား။ ရှင်က မစ္စတာJamesကို သတ်မှုနဲ့ရောက်လာတာလေ။ ကျွန်မနားလည်ပါတယ်ရှင်။ ဘယ်သူမဆိုဒေါသထွက်ရင် အထိန်းအချုပ်မဲ့လာကြာတာမလား။”
Nurse မလေးက အေးအေးလူလူပြောနေသလောက် သူကတော့ တုန်လှုပ်သွားလေသည်။ သူသည် အန့်လူနာရဲ့ အကြီးမားဆုံးသော ထောင်ချောက်ထဲမှာ ပိတ်မိနေခဲ့ပြီဖြစ်သည်။
.....................................................................................................................................................................................
A/N
ဒီနေ့တိုသွားတာသိပါတယ်ခင်ဗျာ။ ဘာလို့ဆိုဒီနေရာမှာဖြတ်မှ အဆင်ပြေမှာမို့လို့ပါ ။တိုသွားတဲ့အတွက် အနူးအညွတ်တောင်းပန်ပါရစေ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ပျော်နေပါတယ်။ အပ်ပုဒိတ်လာတောင်းတဲ့ သာသာရေ။ ကျေးဇူးပါ။ ကျွန်တော့်ရဲ့ မကောင်းမကန်းလေးကိုဖတ်ပေးလို့ အားလုံးကို တကယ်ကျေးဇူးတင်ပါတယ်ဗျ။ အပ်ပုဒိတ်လာတောင်းတော့ တအားပျော်သွားတာ။ အရင်က အတောင်းမခံရဖူးဘူးလေ။ ကျွန်တော်သွားဖြဲနေလွန်းလို့ အမေကတောင်ဆူနေတာ။ ဟဲဟဲ။ အကုန်လုံးကိုချစ်ရပါတယ်။ အားလုံး ဂရုစိုက်နေပါနော်။ စိတ်ပူရပါတယ်။ ဘုရားတရားကိုလုပ်ပေး။ ဖြစ်နိုင်ရင် အပြင်သိပ်မထွက်နဲ့။ ခင်ဗျားလေးတို့မပျင်းရအောင် ရေးပေးဖို့က ကျွန်တော့်တာဝန်ထား။ ဟီးဟီး။ ချစ်တယ်နော်။ Long love short hate က ဒီနေ့ extra လာမှာနော်။ အဲ့တာဖတ်နေတဲ့ ဒါဒါလေးတွေ မအိပ်ပဲ စောင့်နေဦး သက်လား ဟဲဟဲ လပ်ယူ
Uni
ေလာရင့္အေဖက ေလာရင့္ကိုဘာေျပာသြားသလဲေတာ့ သူမသိရေသးေပ။ ေလာရင့္ကေတာ့ ဘာမွမျဖစ္သလိုပင္ အလုပ္ေလးလုပ္လိုက္ သူ႔ကိုလာခၽြဲလိုက္ျဖင့္ သာယာေနေလသည္။ သူတစ္ခုခုစဥ္းစားေနရသည္။ အရာအားလုံးက သူဆင္းရဲသည္ဆိုသည့္ အခ်က္အေပၚမွာ မူတည္လာတာမို့ အလုပ္တစ္ခုခုေတာ့ လုပ္မွရလိမ့္မည္။ သူလည္း ေယာက်္ားပဲမဟုတ္လား။ ဘာပဲေျပာေျပာ ကိုယ္ပိုင္ဝင္ေငြေတာ့ရွိသင့္သည္ဟုယူဆသည္။
“ေလာရင့္ ကၽြန္ေတာ္ေျပာစရာရွိတယ္။”
ေရခ်ိဳးခန္းထဲက ထြက္လာကာစေလာရင့္ကို အဝတ္အစားေတြထုတ္ေပးေနရင္းနဲ႔ ေျပာလိုက္သည္။
“ေျပာေလ ေဘဘီ။ ေဘဘီဘာလိုခ်င္လဲ။ ဘာျဖစ္ခ်င္လဲေျပာလိုက္”
ေလာရင့္က သူ႔ကိုနဲနဲေလးေတာင္အလြတ္မေပးပဲ စေနာက္ေနေသးသည္။
“ကၽြန္ေတာ္အလုပ္လုပ္ခ်င္တယ္ ေလာရင့္။”
“အလုပ္?”
ေလာရင့္က မ်က္ေမွာင္က်ဳံ႕ကာ စဥ္းစားလိုက္သည္။ သူ႔ေဘဘီက စာေတာ္ၿပီး ထက္ျမက္တာကို သူေကာင္းေကာင္းသိသည္။ တကယ္လို့ သူ႔ေဘဘီသာအလုပ္လုပ္မယ္ဆိုရင္ အလုပ္ေတြနဲ႔မို့လို့ဆိုၿပီး သူ႔အနားမွာမရွိေပးနိုင္ေတာ့ရင္ ဘယ္လိုလုပ္မလဲ။ ေသခ်ာတာကေတာ့ သူ႔ေဘဘီမရွိပဲ သူေကာင္းေကာင္းမေနနိုင္တာပဲ။ ဒါေပမဲ့ ကိုယ့္အတၱကိုယ္ ေဘးပို့ထားလိုက္ကာ ဆိုင္နိုရဲ့ဆႏၵကို ဦးစားေပးဖို့ဆုံးျဖတ္လိုက္သည္။
“ဘာအလုပ္လဲ ေဘဘီ။ ကိုယ္ထင္တာကေတာ့ ေဘဘီ.........က်ဴတာလုပ္မလို့လား။ ေကာလိပ္မွာေလ။”
“မဟုတ္ပါဘူး။ ကၽြန္ေတာ္က သ႐ုပ္ေဆာင္လုပ္ခ်င္တာ။”
“သ႐ုပ္ေဆာင္?”
ေလာရင့္က အႀကီးႀကီး ခံစားလိုက္ရသည္။ ဒီေလာက္ခ်စ္ဖို့ေကာင္းတဲ့ သူ႔အပိုင္ေလးကို သူမ်ားေတြကို ေပးၾကည့္ရမတဲ့လား။ လုံးဝမျဖစ္ဘူး။ ဒီလိုအျဖစ္မခံနိုင္ဘူးေလ။ဆိုင္နိုကလည္း ေလာရင့္ဘာေတြေတြးေနသလဲဆိုတာကို ကြက္တိသိသည္။ သူက ခ်စ္စရာအျပဳံးေလးနဲ႔ ေလာရင့္ပါးကိုနမ္းလိုက္ကာ ထပ္ၿပီးပူဆာလိုက္သည္။ ေလာရင့္က ဒီအတြက္ေၾကာင့္အနဲငယ္စိတ္ေျပသြားကာ သူ႔လက္ေထာက္ အန္းကိုဖုန္းဆက္သည္။
“အန္း......ငါတို့သ႐ုပ္ေဆာင္ ေအဂ်င္စီတစ္ခုေထာင္မလို့။ မင္းအခ်က္အလက္တစ္ခ်ိဳ့ရွာလို့ရမလား။”
႐ုပ္တည္ႀကီးနဲ႔ ဖုန္းေျပာေနသည့္ ေလာရင့္၏လက္ကို ဆိုင္နိုကရိုက္ခ်လိုက္သည္။ ဒီေလာက္အျဖစ္သည္းစရာလိုလို့လား။ သူ သ႐ုပ္ေဆာင္လုပ္မယ္ဆိုတာနဲ႔ ေအဂ်င္စီတန္းေထာင္ေတာ့မတဲ့။
“ခင္ဗ်ားကလည္း ကိုယ့္ေအဂ်င္စီနဲ႔ကိုယ္ သ႐ုပ္ေဆာင္လုပ္မွေတာ့ ကၽြန္ေတာ့္ကို အရည္အခ်င္းမရွိတဲ့လူလို့ ေျပာၾကမွာေပါ့လို့။ ကၽြန္ေတာ္က ကိုယ့္အားကိုယ္ကိုးၿပီး လုပ္ခ်င္တာ။ ကၽြန္ေတာ္ကိုယ့္အရည္အခ်င္းကိုယ္ ယုံၿပီးသား။”
“အိုးးး...........အရည္အခ်င္းရွိတဲ့လူေတြက ေအာက္ေျခကေနစ,တက္ရတယ္ေပါ့။ ဟုတ္လား။”
ေလာရင့္က အႀကံဆိုးေတြေတြးေနသည့္ မ်က္ႏွာႀကီးႏွင့္ေမးသည္။ ဆိုင္နိုက သတိမထားမိေသးပဲ ဟုတ္တာေပါ့လို့ အတိအလင္းျပန္ေျဖလိုက္သည္။ ထို့ေနာက္တြင္ေတာ့ အေတြးအေခၚပညာရွင္ေလး ဆိုင္နိုခမ်ာ ေအာက္ေျခကေန စ,အတက္ခံလိုက္ရေတာ့သည္။
အန႔္လူနာကေတာ့ သူမရဲ့ အိမ္ကေန အလြန္ေက်နပ္စြာ ျပဳံးေနေလသည္။ သူမ သိပါသည္။ ဒီေလာက္နဲ႔ ေလာရင့္က ဆိုင္နိုကို ဘယ္မုန္းပါ့မလဲ။ ဒါေပမဲ့ သံသယ.......။ သံသယဆိုတာေလးကို ခ်ေပးလိုက္တာနဲ႔ အဲ့တာေလးက ျခစားသလို တတိတိနဲ႔ တိုက္စားသြားမွာျဖစ္သည္။ ေနာက္ဆုံးမွာေတာ့ သူတို့ရဲ့အခ်စ္ဆိုတာ တိုက္စားခံရမွာပဲေလ။ အခုဆိုၾကည့္ေလ။ ေလာရင့္ရဲ့အေဖကိုက သူ႔သားမက္ေလးကို မယုံနိုင္ေတာ့ဘူးမလား။ အမေလး ဒီၾကားထဲ လူးဝစ္တို့ပါ ဆိုင္နိုကို မယုံေတာ့ဘူးဆိုရင္?
သူမ ေက်နပ္စြာျပဳံးလိုက္သည္။ ယုံၾကည္မွုေတြကို ဆုံးရွုံးလိုက္ရတဲ့ လူဆိုတာ ေသလူနဲ႔မျခားဘူးေလ။ သူ႔ညီမေလး၊ သူ႔ေယာကၡထီးနဲ႔ သူ႔ခင္ပြန္း အကုန္လုံးကသာ သူ႔ကိုမယုံေတာ့ရင္? သူကေသခ်ာေပါက္ေသလူျဖစ္သြားမွာ။ သူမ သတ္စရာေတာင္ မလိုပဲနဲ႔ေလ။
စိတ္ဓာတ္ကိုသတ္ရတာ တကယ္ေပ်ာ္စရာေကာင္းလြန္းတယ္။ ဒါၿပီးရင္ ေနာက္တစ္ဆင့္လာဦးမွာ ဂၽြန္ဆိုင္နို ။ ဒီတစ္ဆင့္မွာေတာ့ နင္တကယ္ကို Game Over ျဖစ္သြားမယ္ဆိုတာ သိထားလိုက္။
အတၱဆန္ေသာ အခ်စ္တစ္ခုသည္ အဆုံးစြန္အထိ ရက္စက္ေနလၽွက္..................။
.......................................................................................................................................................................................................................
“သခင္ေလးဆိုင္နို မစၥတာ ဂ်ိမ္းက ေခၚခိုင္းလိုက္ပါတယ္။”
ဆိုင္နိုသည္ laptop ေလးတစ္လုံးႏွင့္ သ႐ုပ္ေဆာင္ေအဂ်င္စီေတြကို ရွာေဖြေနခိုက္တြင္ အိမ္အကူေကာင္မေလးတစ္ေယာက္
၏လာေခၚျခင္းကို ခံလိုက္ရေလသည္။ သူက laptop ကို အျမန္ပိတ္ကာ မစၥတာဂ်ိမ္းရွိရာသို့ လာလိုက္သည္။
ခုနကေကာင္မေလး၏ေျပာပုံအရ မစၥတာဂ်ိမ္းသည္ စာၾကည့္ခန္းအတြင္းတြင္ရွိေနသည့္အတြက္ေၾကာင့္ သူ စာဖတ္ခန္းသို့ ေျခလွမ္းသြက္သြက္ျဖင့္သြားလိုက္သည္။
တံခါးကိုႏွစ္ခ်က္ေခါက္ေသာ္လည္း ဘာမွတုံ႔ျပန္လာျခင္းမရွိေသာေၾကာင့္ ဒီအတိုင္းဝင္သြားလိုက္သည္။ စာၾကည့္ခန္းသည္ ေမွာင္မဲေနကာ ဘယ္သူမွမရွိသလိုပင္။ သူက ေသခ်ာသြားေအာင္ မီးကိုဖြင့္လိုက္ေတာ့ ေခါင္းေနာက္က ျပင္းထန္စြာနာက်င္လာျခင္းႏွင့္အတူ စာၾကည့္စားပြဲေပၚ၌ ေသြးတရဲရဲႏွင့္ ေသဆုံးေနေသာ မစၥတာဂ်ိမ္းကို ေနာက္ဆုံးေတြ႕လိုက္ရကာ ေမ့ေျမာသြားေလသည္။
သူျပန္နိုးလာေတာ့ ေဆး႐ုံတစ္ခုေပၚတြင္ျဖစ္ေနကာ သူ႔လက္ေတြကို လက္ထိတ္ေတြခတ္ထားတာကို ေတြ႕လိုက္ရသည္။ သူဘာမွနားမလည္ေပမဲ့ တစ္ခုခုမေကာင္းတာျဖစ္ေနသည္ဆိုတာေတာ့ နားလည္လိုက္သည္။ ခဏၾကာသည္အထိ သူ႔အနားမွာ ဘယ္သူမွရွိမေနၾကေပ။ ေနာက္ဆုံးေတာ့ သူ႔ေယာက္ဖႀကီးလူးဝစ္ေရာက္လာခဲ့သည္။ လူးဝစ္က အလြန္ေဒါသထြက္ေနဟန္ရွိကာ သူ႔ကိုေတာ့ဘာမွမေျပာေပမဲ့ အံတႀကိတ္ႀကိတ္ျဖစ္ေနၿပီး သူေမးတာေတြကိုလည္းျပန္မေျဖေပ။
သူက ေလာရင့္ကိုဘာလို့မေတြ႕ရတာလဲဆိုတာေရာ။ သူဘာလို့ လက္ထိပ္ခတ္ခံရတာကိုေရာ နားမလည္ေပ။ လူးဝစ္က သူ႔မ်က္ႏွာကိုမျမင္ခ်င္သည့္အလား တစ္ေနရာကို ခ်က္ခ်င္းထြက္သြားေလသည္။ သူက အနားကိုေရာက္လာေသာ nurse မေလးကို ေမးၾကည့္လိုက္သည္။
“ဒီမွာဗ်။ ကၽြန္ေတာ့္ကို ဘာလို့လက္ထိပ္ခတ္ထားရတာလဲဟင္။”
“အိုး........ရွင္လုပ္ခဲ့တာ ရွင္မသိေတာ့ဘူးလား။ ရွင္က မစၥတာJames ကို သတ္မွုနဲ႔ေရာက္လာတာေလ။ ကၽြန္မနားလည္ပါတယ္ရွင္။ ဘယ္သူမဆိုေဒါသထြက္ရင္ အထိန္းအခ်ဳပ္မဲ့လာၾကာတာမလား။”
Nurse မေလးက ေအးေအးလူလူေျပာေနသေလာက္ သူကေတာ့ တုန္လွုပ္သြားေလသည္။ သူသည္ အန႔္လူနာရဲ့ အႀကီးမားဆုံးေသာ ေထာင္ေခ်ာက္ထဲမွာ ပိတ္မိေနခဲ့ၿပီျဖစ္သည္။
.....................................................................................................................................................................................
A/N
ဒီေန႔တိုသြားတာသိပါတယ္ခင္ဗ်ာ။ ဘာလို့ဆိုဒီေနရာမွာျဖတ္မွ အဆင္ေျပမွာမို့လို့ပါ ။တိုသြားတဲ့အတြက္ အႏူးအညြတ္ေတာင္းပန္ပါရေစ။ ဘာပဲျဖစ္ျဖစ္ ဒီေန႔ေပ်ာ္ေနပါတယ္။ အပ္ပုဒိတ္လာေတာင္းတဲ့ သာသာေရ။ ေက်းဇူးပါ။ ကၽြန္ေတာ့္ရဲ့ မေကာင္းမကန္းေလးကိုဖတ္ေပးလို့ အားလုံးကို တကယ္ေက်းဇူးတင္ပါတယ္ဗ်။ အပ္ပုဒိတ္လာေတာင္းေတာ့ တအားေပ်ာ္သြားတာ။ အရင္က အေတာင္းမခံရဖူးဘူးေလ။ ကၽြန္ေတာ္သြားျဖဲေနလြန္းလို့ အေမကေတာင္ဆူေနတာ။ ဟဲဟဲ။ အကုန္လုံးကိုခ်စ္ရပါတယ္။ အားလုံး ဂ႐ုစိုက္ေနပါေနာ္။ စိတ္ပူရပါတယ္။ ဘုရားတရားကိုလုပ္ေပး။ ျဖစ္နိုင္ရင္ အျပင္သိပ္မထြက္နဲ႔။ ခင္ဗ်ားေလးတို့မပ်င္းရေအာင္ ေရးေပးဖို့က ကၽြန္ေတာ့္တာဝန္ထား။ ဟီးဟီး။ ခ်စ္တယ္ေနာ္။ Long love short hate က ဒီေန႔ extra လာမွာေနာ္။ အဲ့တာဖတ္ေနတဲ့ ဒါဒါေလးေတြ မအိပ္ပဲ ေစာင့္ေနဦး သက္လား ဟဲဟဲ လပ္ယူ