𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

982K 111K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

Part 16

11.2K 1.2K 47
By pickpachacon333

Uni

သူနိုးလာတော့ အပြာနုရောင်အခန်းတစ်ခုထဲရောက်နေကြောင်းသတိပြုမိလိုက်သည်။ နံရံတွေတင်မဟုတ်ပဲ ခုတင်ကမွေ့ရာနဲ့ လိုက်ကာတွေကပါ အပြာနုရောင်ဖြစ်နေကြသည်။ လိုက်ကာတွေနဲ့ စောင်တွေ၏အနားတွင် ရွှေချည်ဖြင့် ထိုးထားသော line လေးတွေပါတာမို့ ရိုးရိုးရှင်းရှင်းနှင့်လှပနေသည်။ အသုံးအဆောင်တွေကအစ အနုစိတ်နေကာ ‌စီစဥ်သူ၏စိတ်ကူးကောင်းပုံကို ဖော်ပြနေသည်။ ဒါဘယ်သူ့အိမ်လဲဆိုတာ နှစ်ခါစဥ်းစားစရာမလို။ သေချာပေါက် လောရင့်အိမ်ပဲပေါ့။

ကားပေါ်မှာဆို အိပ်ပျော်တတ်တဲ့အကျင့်အရ သူအိပ်ပျော်တာကို အခွင့်ကောင်းယူ၍ လောရင့်က အိမ်ကိုခေါ်လာပုံရသည်။ ဆိုင်နိုက ခုတင်ပေါ်က အမြန်ဆင်းကာ အပေါ်ထပ်ကို‌ ကောက်ဝတ်၍ အိမ်ပြန်ရန်ပြင်လိုက်သည်။ ရုတ်တရက် တံခါးကပွင့်လာကာ တံခါးဘောင်ကိုမှီကာ မတ်တပ်ရပ်နေသော လောရင့်ကို မြင်လိုက်ရသည်။

"ခင်ဗျားလာတာအတော်ပဲ။ ကျွန်တော်ပြန်တော့မလို့။"

လောရင့်က ခေါင်းကိုစိတ်မပါစွာညိမ့်ကာ လမ်းဖယ်ပေးသလိုလုပ်ပြီးမှ အပေါက်ဝမှာ ပိတ်ရပ်လိုက်သည်။

"ထမင်းစားသွားဦးလေ။"

"ဟင့်အင်း။ အိမ်မှာ စီရမ်တစ်ယောက်ထဲရယ်လေ။"

"အိုး......ဟုတ်လား။ စိတ်ပူမနေပါနဲ့။ သူ့ကိုလူးဝစ်စောင့်ရှောက်ပေးမှာပေါ့။"

လောရင့်က အပေါက်ဝက နဲနဲမှမဖယ်တာမို့ ညစာစားမသွားမချင်း သူအိမ်မပြန်ရမှာသေချာနေသည်။ ဒါကြောင့် ညစာကိုအမြန်စားကာ အိမ်ပြန်မည်ဟု စိတ်ကူးလိုက်သည်။

"ကောင်းပြီလေ။ အဲတာဆို ကျွန်တော်ညစာစားသွားလိုက်ပါ့မယ်။"

"မင်းဆုံးဖြတ်ချက်သိပ်ကောင်းတာပဲ။ အိုခေ။ ကိုယ့်နောက်ကလိုက်ခဲ့။"

သူနေခဲ့တဲ့အခန်းသည် အပေါ်ထပ်မှာဖြစ်ကာ ကြောင်လိမ်လှေကားကြီးကို ဖြတ်၍ဆင်းရသေးသည်။ ထမင်းစားခန်းကလဲ ထည်ဝါလှသည်။ အရာရာသည် ရိုးရှင်းစွာလှပခြင်းဟူသည်ကို အစွမ်းကုန်သရုပ်ပြနေသည့်နှယ်ဖြစ်သည်။ သူ့အရင်ဘဝတုန်းက ချမ်းချမ်းသာသာနေခဲ့ပေမဲ့ အိမ်ကိုတော့ ဒီလောက်လှအောင် အလှမဆင်တတ်ခဲ့ပေ။ အခုအိမ်ကတော့ တော်တော်လေးလှတာမို့ စီစဥ်သည့် ကုမ္ပဏီကို‌တောင်သိချင်လာမိသည်။

"ဒီအိမ်က ပြင်ဆင်တာ‌အတော်လေးလှတယ်နော်။ ဘယ်ကုမ္ပဏီကို အပ်ထားတာလဲဟင်။"

"ဒီအိမ်လား။ ကိုယ်တို့ပိုင်တဲ့ ကုမ္ပဏီကနေလုပ်တာလေ။ လှတယ်မလား။ idea က ကိုယ့်idea။"

မျက်စိရှေ့လာကာ ကြွားနေသောလောရင့်ကို ကြည့်မရပေမဲ့ ချီးကျူးဖို့ကောင်းတာကိုတော့ အင်တင်တင်နှင့် လက်ခံလိုက်ရသည်။

"ဟင်းတွေရောက်လာပြီ။ ကိုယ်ဒီနေ့ဟင်းကောင်းတွေချက်ထားတယ်။ ဒါတွေက ကိုယ်တိုင်ချက်တာနော်။ အဟင်း"

ဟင်းပွဲတွေက တစ်ခုပြီးတစ်ခုရောက်လာလေသည်။ အားလုံးသည် မချိုလွန်း မစပ်လွန်းတာတွေပဲဖြစ်သည်။ ပုစွန်ထုပ်အကြီးကြီးတွေက အဓိက ဟင်းလျာအနေနဲ့ပါဝင်နေသည်။ လောရင့်က ဘေးကနေပြီး ပုစွန်ထုပ်တွေကို အခွံနွှာပေးထားသည်။ သူကအသင့်စားရုံပင်။ ဆိုင်နိုပြုံးမိသေးသည်။ ဒီလိုဂရုစိုက်ခံရတာ တော်တော်သက်သာသည်ဟု ခံစားရသည်မဟုတ်လား။ အရသာရော၊ အရောင်အဆင်းရောက ပြောစရာမရှိ။

ဆိုင်နိုကတော့ ဒါတွေကိုလောရင့်ချက်တာဟု လုံးဝမယုံပေ။ သူတောင်ဟင်းပွဲနှစ်ခုလောက်ပဲချက်တတ်တာြဖစ်ပြီး အဲတာကလဲ အိုးနင်းခွက်နင်း ချက်တတ်တာမျိုးလေ။ ဒီတော့ လောရင့်လိုလူက အဲဒီလောက်ချက်တတ်တယ်ဆိုတာ မဖြစ်နိုင်ဟုပင်သတ်မှတ်ထားလိုက်သည်။

"ကျွန်တော် ထမင်းစားပြီးပြီ။ သွားရအောင်။"

"ငါ့အထင် မင်းရဲ့လွယ်အိတ်က အပေါ်မှာကျန်နေခဲ့ပြီထင်တယ်။ အရင်သွားယူကြတာပေါ့။"

"အင်းအင်း။ အိုကေ။"

ဆိုင်နိုက အပေါ်ထပ်ကို အမြန်ပြေးတက်သွားကာ လောရင့်ကတော့ အနောက်မှနေ၍ တဖြေးဖြေးသာ လိုက်လာလေသည်။

"ဟေး လောရင့်။ ဖယ်လေ။"

ဆိုင်နိုကလွယ်အိတ်ကိုလွယ်ကာ အိမ်ပြန်မလို့ပေမဲ့ လောရင့်ကအပေါက်ဝမှာ ပိတ်ရပ်နေပြန်တာကြောင့် သူဒေါသထွက်လာသည်။

"ကျွန်တော် ညစာစားပြီးပြီလေ။ ပြန်တော့မယ်။"

"ဒါကို အရင်ဖတ်လိုက်။"

‌လောရင့်က လုံးဝဖယ်မပေးသေးပဲ ဖိုင်တစ်ခုကို ချပေးသည်။ သူဖတ်ကြည့်လိုက်တော့ ဖိုင်ထဲကအရာတွေ အကုန်လုံးသည် လောရင့်၏ကျွမ်းကျင်မှုများနှင့် ကြွယ်ဝမှုများကို‌ဖော်ပြထားတာဖြစ်သည်။ သူက ကြောင်တောင်တောင်နှင့် လောရင့်ကိုပြန်ကြည့်လိုက်သည်။

"ဒါကြီးကဘာလုပ်ဖို့?"

"မင်းကြည့်လေ။ ကိုယ်က ဘယ်လောက်တောင် မက်မောစရာကောင်းလဲဆိုတာ။"

လောရင့်က အပြုံးလေးတစ်ခုနဲ့အတူပြန်ပြောသည်။

"ဒါကြောင့် မင်းငါ့ကို မင်းယောကျ်ားဖြစ်လာဖို့စဥ်းစားပေး။ ကိုယ်မင်းကို တစ်သက်လုံးအလိုလိုက်နိုင်တယ်။ အိုခေ?"

ဆိုင်နိုကအတော်လေးကို စွံ့အသွားလေသည်။ ဒါကဘယ်လို ရည်းစားစကားကြီးလဲ။

"နေပါဦး။ မင်းကငါ့ကိုနောက်နေတာမလား။"

"no ပါ။ အတည်ပြောနေတာ။ မင်းသာလက်ခံလိုက်ရင် ကိုယ့်ပိုင်ဆိုင်မှုတွေနဲ့ ကိုယ့်တစ်ကိုယ်လုံးက မင်းအပိုင်ဖြစ်လာမှာ။"

"ဟွန့် ခင်ဗျားကိုယ်လုံးကြီးကို ဘယ်သူကလိုချင်နေလို့လဲ။"

ဆိုင်နိုက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။ ပိုင်ဆိုင်မှုတွေကတော့ မက်မောစရာအတော်ပင်ကောင်းလှပေမဲ့ လောရင့်ကိုတော့ မယူချင်ပါ။ ရန်ပိုင်ရှင်းကလွဲရင် သူဘယ်သူ့ကိုမှ စိတ်ထဲထားမှာမဟုတ်တာကြောင့်ဖြစ်သည်။

"မင်းမြန်မြန်လေးဆုံးဖြတ်နော်။ ကိုယ်လိုချင်တဲ့အဖြေမကြားရမချင်း ဒီအခန်းထဲက မထွက်ရဘူး။"

'ကိုယ်ပြန်မလာမချင်း ဒီနန်းဆောင်ထဲကမထွက်ရဘူး'

သူ့နားထဲမှာ ရန်ပိုင်ရှင်းစကားသံတွေကို ကြားလာရသည်။ သူတို့နှစ်ယောက်ကဘာလို့သိပ်တူနေရတာလဲ။ ကိုယ်သင်းနံ့ကအစ။ ပိတ်လှောင်ရတာကို ကြိုက်တာအဆုံးထိ။

"ရက်ချ်......လောရင့်က ရန်ပိုင်ရှင်းလားဟင်။"

သူဝေခွဲမရတော့တာမို့ ရက်ချ်ကိုစစ်ကူလှမ်းတောင်းလိုက်သည်။

"ပြောရရင် ဘာကိုမှတိတိကျကျတော့မယုံရဘူးဗျ။ ဒါပေမဲ့........"

"ဒါပေမဲ့ ဘာလဲ။ မြန်မြန်ပြောပါဟ။"

"ခင်ဗျားနှလုံးသားကိုတော့ ယုံလို့ရတယ်။ ခင်ဗျားနှလုံးသားက လောရင့်ကရန်ပိုင်ရှင်းပါလို့ခံစားနေရရင် အဲဒီအတိုင်းယုံလိုက်ပါ။"

ဆိုင်နိုက ခဏတိတ်ဆိတ်သွားကာ သူ့ရှေ့ရှိလောရင့်ကို ကြည့်လိုက်သည်။ သူ့နှလုံးသားက လောရင့်ကိုတွေ့ရင် ရန်ပိုင်ရှင်းကိုတွေ့သလိုမျိုး တဒုတ်ဒုတ်ခုန်နေတာကို သူအသိဆုံး။ လောရင့်ဆီက ရနံ့တွေ၊ အပြောအဆိုတွေ၊ အပြုအမူတွေက တစ်ခုတည်းကိုပဲ ညွှန်ပြနေသည်။ လောရင့်က ရန်ပိုင်ရှင်းပဲ။ တခြားsystemတွေမှာလိုပဲ သူ့ချစ်သူက သူ့နောက်ကိုလိုက်လာခဲ့တယ်။

ပြောရရင် ချစ်သူမဟုတ်သေးတဲ့ချစ်သူပေါ့လေ။ ချစ်သလိုလိုပေမဲ့ ဘယ်သူကမှ ဖွင့်မပြောခဲ့ကြပဲကိုး။ ဒါပေမဲ့ အခုတော့ သူ့ချစ်သူက သူ့အတွက်အချစ်တွေကိုဖွင့်ဟနေပြီလေ။ သူက ပွင့်ပွင့်လင်းလင်းကြားချင်တာမို့ ထပ်မေးလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို ချစ်တာလား လောရင့်။"

"အင်း......ကိုယ်မင်းကို ချစ်သွားတာ"

ဆိုင်နိုက လောရင့်စကားဆုံးသည်နှင့် လောရင့်ရင်ခွင်ထဲကို‌ ပြေးသွားလိုက်သည်။ သူလွမ်းခဲ့ရတာကြာပြီဖြစ်တာကြောင့် ပူရှိန်းနံ့လေးကို ထပ်ပြီးခံစားချင်သေးတယ်လေ။ လောရင့်ကတော့ သူ့ခေါင်းက ဆံပင်အညိုလေးတွေကို ဖွဖွလေးသပ်ပေးနေသည်။

'ကျေးဇူးပဲ ရန်ပိုင်ရှင်း။ ခင်ဗျားလိုက်လာပေးလို့'

နောက်နေ့မနက်ရောက်တော့ လောရင့်အိမ်ကပင် ကျောင်းသွားရလေသည်။ သူ့မှာစီရမ့်ကို အတော်မျက်နှာပူနေရသည်။ ညက ပြန်မလာမိတာကိုး။ စီရမ်ကတော့ လူးဝစ်နဲ့သာသာယာယာပင်ရှိလေသည်။

"ကိုကို.......လီနာ ဒါလေးမဖွင့်တတ်လို့။"

သူ လောရင့်နှင့်နှစ်ယောက်ထဲ လမ်းလျောက်နေတုန်းမှာ ကြားလိုက်ရတဲ့အသံကြောင့်နောက်ပြန်လှည့်ကြည့်မိသည်။ မျက်လုံးပြာပြာနှင့် ချစ်စရာကောင်မလေးတစ်ယောက်က အချိုရည်ဘူးလေးကို ကိုင်ကာ ‌လောရင့်ဆီသို့ မျက်နှာမူ၍ မတ်တပ်လေးရပ်နေလေသည်။

သူမြင်ကတည်းက သိလိုက်ပါသည်။ ဒါက ဗီလိန်မလေး အန့် လီနာ။ သူက ‌လောရင့်နှင့် ဝမ်းကွဲမောင်နှမတော်စပ်သူဖြစ်ကာ လောရင့်ကို တိတ်တခိုးချစ်ခဲ့သူဖြစ်သည်။

"ငါမအားဘူး။"

လောရင့်ကတော့ ဆိုင်နိုရဲ့လက်ကိုအကြမ်းပတမ်းဆွဲကာ ထိုနေရာမှ ထွက်သွားလေသည်။ ဆိုင်နို ပြုံးမိလိုက်သေးသည်။ ဒီသဝန်တိုသည့် ကိစ္စက အရင်ကအတိုင်းပင်။

တစ်ဖက်မှာလဲ လူးဝစ်က စီရမ့်ကို ကျောင်းလိုက်ပို့ပေးကာ မပြီးနိုင်သည့် မှာတမ်းရှည်ကြီးကို ခြွေနေလေသည်။

"အရမ်းမဆော့နဲ့နော် စီရမ်။ အဆာလဲမခံနဲ့။ တစ်ခုခုဆို ဖုန်းဆက်လိုက်။ မင်းကို အနိုင်ကျင့်သူရှိရင်လဲပြော။ အစ်ကိုသူ့ကို အမှုန့်ကြိတ်ပေးမယ် ကြားလား။"

"ဟုတ်ပါပြီအစ်ကိုရဲ့။ ကျောင်းသွားမှာသာ သွားပါ။"

"ဟေး လူးဝစ်။ ဒီကိုဘာလာလုပ်တာလဲ။"

လောရင့်အဖေက လူးဝစ်ကိုမြင်လိုက်တာမို့ လှမ်းနှုတ်ဆက်လိုက်သည်။ လောရင့်မှာ အဖေပဲရှိတော့တာဖြစ်ကာ အမေနဲ့ညီမလေးက accident ဖြစ်ကာ ဆုံးသွားတာဖြစ်သည်။

"သူငယ်ချင်းရဲ့ညီမလေးကို ကျောင်းလိုက်ပို့တာ။"

"ဪ...........ကောင်းတာပေါ့။ ကလေးမနာမည်က...?"

"စီရမ်ပါ ဦးလေး"

"အိုခေ။ ဦးလေးကိုလဲ ခင်လို့ရတယ်နော်။ တစ်ခုခုအကူအညီလိုရင်ပြော။"

ဘာလို့လဲမသိ။ လောရင့်အဖေက စီရမ့်ကို ကြည့်သည့်မျက်ဝန်းထဲတွင် တစ်ခုခုရှိနေသည်ဟု လူးဝစ်ထင်နေမိသည်။ ဘာလဲ။ ဒီလူက စီရမ့်ကို သဘောကျသွားတာလား။ ခေါင်းကို ခါမိပြန်သည်။ ဒါကဖြစ်နိုင်စရာမရှိပေ။ လောရင့်ရော၊ သူ့အဖေရောက ရေခဲတုံးလူသားတွေဆိုတာ အားလုံးသိကြတာပဲမဟုတ်လား။ ဒါဆို ဘာလို့တစ်ခုခုလို့ထင်နေရတာလဲ။ ကြည့်ရတာ...သူပဲ အချစ်ကြီးပြီး မဟုတ်တာတွေတွေးနေမိတာ ဖြစ်လိမ့်မည်။

Zawgyi

သူနိုးလာေတာ့ အျပာႏုေရာင္အခန္းတစ္ခုထဲေရာက္ေနေၾကာင္းသတိျပဳမိလိုက္သည္။ နံရံေတြတင္မဟုတ္ပဲ ခုတင္ကေမြ႕ရာနဲ႔ လိုက္ကာေတြကပါ အျပာႏုေရာင္ျဖစ္ေနၾကသည္။ လိုက္ကာေတြနဲ႔ ေစာင္ေတြ၏အနားတြင္ ေရႊခ်ည္ျဖင့္ ထိုးထားေသာ line ေလးေတြပါတာမို့ ရိုးရိုးရွင္းရွင္းႏွင့္လွပေနသည္။ အသုံးအေဆာင္ေတြကအစ အႏုစိတ္ေနကာ ‌စီစဥ္သူ၏စိတ္ကူးေကာင္းပုံကို ေဖာ္ျပေနသည္။ ဒါဘယ္သူ႔အိမ္လဲဆိုတာ ႏွစ္ခါစဥ္းစားစရာမလို။ ေသခ်ာေပါက္ ေလာရင့္အိမ္ပဲေပါ့။

ကားေပၚမွာဆို အိပ္ေပ်ာ္တတ္တဲ့အက်င့္အရ သူအိပ္ေပ်ာ္တာကို အခြင့္ေကာင္းယူ၍ ေလာရင့္က အိမ္ကိုေခၚလာပုံရသည္။ ဆိုင္နိုက ခုတင္ေပၚက အျမန္ဆင္းကာ အေပၚထပ္ကို‌ ေကာက္ဝတ္၍ အိမ္ျပန္ရန္ျပင္လိုက္သည္။ ႐ုတ္တရက္ တံခါးကပြင့္လာကာ တံခါးေဘာင္ကိုမွီကာ မတ္တပ္ရပ္ေနေသာ ေလာရင့္ကို ျမင္လိုက္ရသည္။

"ခင္ဗ်ားလာတာအေတာ္ပဲ။ ကၽြန္ေတာ္ျပန္ေတာ့မလို့။"

ေလာရင့္က ေခါင္းကိုစိတ္မပါစြာညိမ့္ကာ လမ္းဖယ္ေပးသလိုလုပ္ၿပီးမွ အေပါက္ဝမွာ ပိတ္ရပ္လိုက္သည္။

"ထမင္းစားသြားဦးေလ။"

"ဟင့္အင္း။ အိမ္မွာ စီရမ္တစ္ေယာက္ထဲရယ္ေလ။"

"အိုး......ဟုတ္လား။ စိတ္ပူမေနပါနဲ႔။ သူ႔ကိုလူးဝစ္ေစာင့္ေရွာက္ေပးမွာေပါ့။"

ေလာရင့္က အေပါက္ဝက နဲနဲမွမဖယ္တာမို့ ညစာစားမသြားမခ်င္း သူအိမ္မျပန္ရမွာေသခ်ာေနသည္။ ဒါေၾကာင့္ ညစာကိုအျမန္စားကာ အိမ္ျပန္မည္ဟု စိတ္ကူးလိုက္သည္။

"ေကာင္းၿပီေလ။ အဲတာဆို ကၽြန္ေတာ္ညစာစားသြားလိုက္ပါ့မယ္။"

"မင္းဆုံးျဖတ္ခ်က္သိပ္ေကာင္းတာပဲ။ အိုေခ။ ကိုယ့္ေနာက္ကလိုက္ခဲ့။"

သူေနခဲ့တဲ့အခန္းသည္ အေပၚထပ္မွာျဖစ္ကာ ေၾကာင္လိမ္ေလွကားႀကီးကို ျဖတ္၍ဆင္းရေသးသည္။ ထမင္းစားခန္းကလဲ ထည္ဝါလွသည္။ အရာရာသည္ ရိုးရွင္းစြာလွပျခင္းဟူသည္ကို အစြမ္းကုန္သ႐ုပ္ျပေနသည့္ႏွယ္ျဖစ္သည္။ သူ႔အရင္ဘဝတုန္းက ခ်မ္းခ်မ္းသာသာေနခဲ့ေပမဲ့ အိမ္ကိုေတာ့ ဒီေလာက္လွေအာင္ အလွမဆင္တတ္ခဲ့ေပ။ အခုအိမ္ကေတာ့ ေတာ္ေတာ္ေလးလွတာမို့ စီစဥ္သည့္ ကုမၸဏီကို‌ေတာင္သိခ်င္လာမိသည္။

"ဒီအိမ္က ျပင္ဆင္တာ‌အေတာ္ေလးလွတယ္ေနာ္။ ဘယ္ကုမၸဏီကို အပ္ထားတာလဲဟင္။"

"ဒီအိမ္လား။ ကိုယ္တို့ပိုင္တဲ့ ကုမၸဏီကေနလုပ္တာေလ။ လွတယ္မလား။ idea က ကိုယ့္idea။"

မ်က္စိေရွ႕လာကာ ႂကြားေနေသာေလာရင့္ကို ၾကည့္မရေပမဲ့ ခ်ီးက်ဴးဖို့ေကာင္းတာကိုေတာ့ အင္တင္တင္ႏွင့္ လက္ခံလိုက္ရသည္။

"ဟင္းေတြေရာက္လာၿပီ။ ကိုယ္ဒီေန႔ဟင္းေကာင္းေတြခ်က္ထားတယ္။ ဒါေတြက ကိုယ္တိုင္ခ်က္တာေနာ္။ အဟင္း"

ဟင္းပြဲေတြက တစ္ခုၿပီးတစ္ခုေရာက္လာေလသည္။ အားလုံးသည္ မခ်ိဳလြန္း မစပ္လြန္းတာေတြပဲျဖစ္သည္။ ပုစြန္ထုပ္အႀကီးႀကီးေတြက အဓိက ဟင္းလ်ာအေနနဲ႔ပါဝင္ေနသည္။ ေလာရင့္က ေဘးကေနၿပီး ပုစြန္ထုပ္ေတြကို အခြံႏႊာေပးထားသည္။ သူကအသင့္စား႐ုံပင္။ ဆိုင္နိုျပဳံးမိေသးသည္။ ဒီလိုဂ႐ုစိုက္ခံရတာ ေတာ္ေတာ္သက္သာသည္ဟု ခံစားရသည္မဟုတ္လား။ အရသာေရာ၊ အေရာင္အဆင္းေရာက ေျပာစရာမရွိ။

ဆိုင္နိုကေတာ့ ဒါေတြကိုေလာရင့္ခ်က္တာဟု လုံးဝမယုံေပ။ သူေတာင္ဟင္းပြဲႏွစ္ခုေလာက္ပဲခ်က္တတ္တာျဖစ္ၿပီး အဲတာကလဲ အိုးနင္းခြက္နင္း ခ်က္တတ္တာမ်ိဳးေလ။ ဒီေတာ့ ေလာရင့္လိုလူက အဲဒီေလာက္ခ်က္တတ္တယ္ဆိုတာ မျဖစ္နိုင္ဟုပင္သတ္မွတ္ထားလိုက္သည္။

"ကၽြန္ေတာ္ ထမင္းစားၿပီးၿပီ။ သြားရေအာင္။"

"ငါ့အထင္ မင္းရဲ့လြယ္အိတ္က အေပၚမွာက်န္ေနခဲ့ၿပီထင္တယ္။ အရင္သြားယူၾကတာေပါ့။"

"အင္းအင္း။ အိုေက။"

ဆိုင္နိုက အေပၚထပ္ကို အျမန္ေျပးတက္သြားကာ ေလာရင့္ကေတာ့ အေနာက္မွေန၍ တေျဖးေျဖးသာ လိုက္လာေလသည္။

"ေဟး ေလာရင့္။ ဖယ္ေလ။"

ဆိုင္နိုကလြယ္အိတ္ကိုလြယ္ကာ အိမ္ျပန္မလို့ေပမဲ့ ေလာရင့္ကအေပါက္ဝမွာ ပိတ္ရပ္ေနျပန္တာေၾကာင့္ သူေဒါသထြက္လာသည္။

"ကၽြန္ေတာ္ ညစာစားၿပီးၿပီေလ။ ျပန္ေတာ့မယ္။"

"ဒါကို အရင္ဖတ္လိုက္။"

‌ေလာရင့္က လုံးဝဖယ္မေပးေသးပဲ ဖိုင္တစ္ခုကို ခ်ေပးသည္။ သူဖတ္ၾကည့္လိုက္ေတာ့ ဖိုင္ထဲကအရာေတြ အကုန္လုံးသည္ ေလာရင့္၏ကၽြမ္းက်င္မွုမ်ားႏွင့္ ႂကြယ္ဝမွုမ်ားကို‌ေဖာ္ျပထားတာျဖစ္သည္။ သူက ေၾကာင္ေတာင္ေတာင္ႏွင့္ ေလာရင့္ကိုျပန္ၾကည့္လိုက္သည္။

"ဒါႀကီးကဘာလုပ္ဖို့?"

"မင္းၾကည့္ေလ။ ကိုယ္က ဘယ္ေလာက္ေတာင္ မက္ေမာစရာေကာင္းလဲဆိုတာ။"

ေလာရင့္က အျပဳံးေလးတစ္ခုနဲ႔အတူျပန္ေျပာသည္။

"ဒါေၾကာင့္ မင္းငါ့ကို မင္းေယာက်္ားျဖစ္လာဖို့စဥ္းစားေပး။ ကိုယ္မင္းကို တစ္သက္လုံးအလိုလိုက္နိုင္တယ္။ အိုေခ?"

ဆိုင္နိုကအေတာ္ေလးကို စြံ့အသြားေလသည္။ ဒါကဘယ္လို ရည္းစားစကားႀကီးလဲ။

"ေနပါဦး။ မင္းကငါ့ကိုေနာက္ေနတာမလား။"

"no ပါ။ အတည္ေျပာေနတာ။ မင္းသာလက္ခံလိုက္ရင္ ကိုယ့္ပိုင္ဆိုင္မွုေတြနဲ႔ ကိုယ့္တစ္ကိုယ္လုံးက မင္းအပိုင္ျဖစ္လာမွာ။"

"ဟြန႔္ ခင္ဗ်ားကိုယ္လုံးႀကီးကို ဘယ္သူကလိုခ်င္ေနလို့လဲ။"

ဆိုင္နိုက ႏွုတ္ခမ္းကိုမဲ့ကာ ေျပာလိုက္သည္။ ပိုင္ဆိုင္မွုေတြကေတာ့ မက္ေမာစရာအေတာ္ပင္ေကာင္းလွေပမဲ့ ေလာရင့္ကိုေတာ့ မယူခ်င္ပါ။ ရန္ပိုင္ရွင္းကလြဲရင္ သူဘယ္သူ႔ကိုမွ စိတ္ထဲထားမွာမဟုတ္တာေၾကာင့္ျဖစ္သည္။

"မင္းျမန္ျမန္ေလးဆုံးျဖတ္ေနာ္။ ကိုယ္လိုခ်င္တဲ့အေျဖမၾကားရမခ်င္း ဒီအခန္းထဲက မထြက္ရဘူး။"

'ကိုယ္ျပန္မလာမခ်င္း ဒီနန္းေဆာင္ထဲကမထြက္ရဘူး'

သူ႔နားထဲမွာ ရန္ပိုင္ရွင္းစကားသံေတြကို ၾကားလာရသည္။ သူတို့ႏွစ္ေယာက္ကဘာလို့သိပ္တူေနရတာလဲ။ ကိုယ္သင္းနံ့ကအစ။ ပိတ္ေလွာင္ရတာကို ႀကိဳက္တာအဆုံးထိ။

"ရက္ခ်္......ေလာရင့္က ရန္ပိုင္ရွင္းလားဟင္။"

သူေဝခြဲမရေတာ့တာမို့ ရက္ခ်္ကိုစစ္ကူလွမ္းေတာင္းလိုက္သည္။

"ေျပာရရင္ ဘာကိုမွတိတိက်က်ေတာ့မယုံရဘူးဗ်။ ဒါေပမဲ့........"

"ဒါေပမဲ့ ဘာလဲ။ ျမန္ျမန္ေျပာပါဟ။"

"ခင္ဗ်ားႏွလုံးသားကိုေတာ့ ယုံလို့ရတယ္။ ခင္ဗ်ားႏွလုံးသားက ေလာရင့္ကရန္ပိုင္ရွင္းပါလို့ခံစားေနရရင္ အဲဒီအတိုင္းယုံလိုက္ပါ။"

ဆိုင္နိုက ခဏတိတ္ဆိတ္သြားကာ သူ႔ေရွ႕ရွိေလာရင့္ကို ၾကည့္လိုက္သည္။ သူ႔ႏွလုံးသားက ေလာရင့္ကိုေတြ႕ရင္ ရန္ပိုင္ရွင္းကိုေတြ႕သလိုမ်ိဳး တဒုတ္ဒုတ္ခုန္ေနတာကို သူအသိဆုံး။ ေလာရင့္ဆီက ရနံ့ေတြ၊ အေျပာအဆိုေတြ၊ အျပဳအမူေတြက တစ္ခုတည္းကိုပဲ ညႊန္ျပေနသည္။ ေလာရင့္က ရန္ပိုင္ရွင္းပဲ။ တျခားsystemေတြမွာလိုပဲ သူ႔ခ်စ္သူက သူ႔ေနာက္ကိုလိုက္လာခဲ့တယ္။

ေျပာရရင္ ခ်စ္သူမဟုတ္ေသးတဲ့ခ်စ္သူေပါ့ေလ။ ခ်စ္သလိုလိုေပမဲ့ ဘယ္သူကမွ ဖြင့္မေျပာခဲ့ၾကပဲကိုး။ ဒါေပမဲ့ အခုေတာ့ သူ႔ခ်စ္သူက သူ႔အတြက္အခ်စ္ေတြကိုဖြင့္ဟေနၿပီေလ။ သူက ပြင့္ပြင့္လင္းလင္းၾကားခ်င္တာမို့ ထပ္ေမးလိုက္သည္။

"ခင္ဗ်ား ကၽြန္ေတာ့္ကို ခ်စ္တာလား ေလာရင့္။"

"အင္း......ကိုယ္မင္းကို ခ်စ္သြားတာ"

ဆိုင္နိုက ေလာရင့္စကားဆုံးသည္ႏွင့္ ေလာရင့္ရင္ခြင္ထဲကို‌ ေျပးသြားလိုက္သည္။ သူလြမ္းခဲ့ရတာၾကာၿပီျဖစ္တာေၾကာင့္ ပူရွိန္းနံ့ေလးကို ထပ္ၿပီးခံစားခ်င္ေသးတယ္ေလ။ ေလာရင့္ကေတာ့ သူ႔ေခါင္းက ဆံပင္အညိဳေလးေတြကို ဖြဖြေလးသပ္ေပးေနသည္။

'ေက်းဇူးပဲ ရန္ပိုင္ရွင္း။ ခင္ဗ်ားလိုက္လာေပးလို့'

ေနာက္ေန႔မနက္ေရာက္ေတာ့ ေလာရင့္အိမ္ကပင္ ေက်ာင္းသြားရေလသည္။ သူ႔မွာစီရမ့္ကို အေတာ္မ်က္ႏွာပူေနရသည္။ ညက ျပန္မလာမိတာကိုး။ စီရမ္ကေတာ့ လူးဝစ္နဲ႔သာသာယာယာပင္ရွိေလသည္။

"ကိုကို.......လီနာ ဒါေလးမဖြင့္တတ္လို့။"

သူ ေလာရင့္ႏွင့္ႏွစ္ေယာက္ထဲ လမ္းေလ်ာက္ေနတုန္းမွာ ၾကားလိုက္ရတဲ့အသံေၾကာင့္ေနာက္ျပန္လွည့္ၾကည့္မိသည္။ မ်က္လုံးျပာျပာႏွင့္ ခ်စ္စရာေကာင္မေလးတစ္ေယာက္က အခ်ိဳရည္ဘူးေလးကို ကိုင္ကာ ‌ေလာရင့္ဆီသို့ မ်က္ႏွာမူ၍ မတ္တပ္ေလးရပ္ေနေလသည္။

သူျမင္ကတည္းက သိလိုက္ပါသည္။ ဒါက ဗီလိန္မေလး အန႔္ လီနာ။ သူက ‌ေလာရင့္ႏွင့္ ဝမ္းကြဲေမာင္ႏွမေတာ္စပ္သူျဖစ္ကာ ေလာရင့္ကို တိတ္တခိုးခ်စ္ခဲ့သူျဖစ္သည္။

"ငါမအားဘူး။"

ေလာရင့္ကေတာ့ ဆိုင္နိုရဲ့လက္ကိုအၾကမ္းပတမ္းဆြဲကာ ထိုေနရာမွ ထြက္သြားေလသည္။ ဆိုင္နို ျပဳံးမိလိုက္ေသးသည္။ ဒီသဝန္တိုသည့္ ကိစၥက အရင္ကအတိုင္းပင္။

တစ္ဖက္မွာလဲ လူးဝစ္က စီရမ့္ကို ေက်ာင္းလိုက္ပို့ေပးကာ မၿပီးနိုင္သည့္ မွာတမ္းရွည္ႀကီးကို ေႁခြေနေလသည္။

"အရမ္းမေဆာ့နဲ႔ေနာ္ စီရမ္။ အဆာလဲမခံနဲ႔။ တစ္ခုခုဆို ဖုန္းဆက္လိုက္။ မင္းကို အနိုင္က်င့္သူရွိရင္လဲေျပာ။ အစ္ကိုသူ႔ကို အမွုန႔္ႀကိတ္ေပးမယ္ ၾကားလား။"

"ဟုတ္ပါၿပီအစ္ကိုရဲ့။ ေက်ာင္းသြားမွာသာ သြားပါ။"

"ေဟး လူးဝစ္။ ဒီကိုဘာလာလုပ္တာလဲ။"

ေလာရင့္အေဖက လူးဝစ္ကိုျမင္လိုက္တာမို့ လွမ္းႏွုတ္ဆက္လိုက္သည္။ ေလာရင့္မွာ အေဖပဲရွိေတာ့တာျဖစ္ကာ အေမနဲ႔ညီမေလးက accident ျဖစ္ကာ ဆုံးသြားတာျဖစ္သည္။

"သူငယ္ခ်င္းရဲ့ညီမေလးကို ေက်ာင္းလိုက္ပို့တာ။"

"ဪ...........ေကာင္းတာေပါ့။ ကေလးမနာမည္က...?"

"စီရမ္ပါ ဦးေလး"

"အိုေခ။ ဦးေလးကိုလဲ ခင္လို့ရတယ္ေနာ္။ တစ္ခုခုအကူအညီလိုရင္ေျပာ။"

ဘာလို့လဲမသိ။ ေလာရင့္အေဖက စီရမ့္ကို ၾကည့္သည့္မ်က္ဝန္းထဲတြင္ တစ္ခုခုရွိေနသည္ဟု လူးဝစ္ထင္ေနမိသည္။ ဘာလဲ။ ဒီလူက စီရမ့္ကို သေဘာက်သြားတာလား။ ေခါင္းကို ခါမိျပန္သည္။ ဒါကျဖစ္နိုင္စရာမရွိေပ။ ေလာရင့္ေရာ၊ သူ႔အေဖေရာက ေရခဲတုံးလူသားေတြဆိုတာ အားလုံးသိၾကတာပဲမဟုတ္လား။ ဒါဆို ဘာလို့တစ္ခုခုလို့ထင္ေနရတာလဲ။ ၾကည့္ရတာ...သူပဲ အခ်စ္ႀကီးၿပီး မဟုတ္တာေတြေတြးေနမိတာ ျဖစ္လိမ့္မည္။

Continue Reading

You'll Also Like

1.1M 57.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
7.4K 569 11
ငါတို႔၂​ေယာက္​ရဲ႕ ၅ႏွစ္​တာတြဲခဲ့ၾကတဲ့သံ​ေယာဇဥ္​က အဲ့​ေလာက္​​ေတာင္​ ​ေလ်ာ့ရဲ​ေနသလား ​​ေျပာရက္​​တယ္​ ၅စကၠန္​႔​ေလာက္​ပဲၾကာတဲ့လမ္​းခြဲမယ္​ ဆိုတဲ့ စကား​ကင...
296K 27.9K 119
ဒါေလးကို zgနဲ႕ပဲေရးေပးပါမယ္... ကိုယ့္ရဲ႕အေကာင့္ထဲက system ပါပဲ အသစ္မဟုတ္ပါဘူး..လယ္ေနၾကမွာဆိုးလို႔ပါ
432K 42.1K 31
ထက္ျမက္ေသာဘုရင္တစ္ပါးနွင့္ သူ၏အူေႀကာင္ေႀကာင္ အမႈထမ္းတစ္ဦး ။ ဘုရင့္၏ အရႈပ္ေတာ္ပံုတို႔ကို ကူညီေျဖရွင္းေပးေနျခင္းလား။ ဘုရင့္၏ အရႈပ္ေတာ္လုပ္ေနျခင္းလား။ ...