Zawgyi
စစ္ပြဲသည္ ထူးဆန္းစြာပင္ အပ်င္းေျပတိုက္ေနသကဲ့သို႔ရွိသည္။ ရန္ပိုင္ရွင္းကေတာ့ ဒါေတြရဲ႕ လက္သည္ ကို သိထားၿပီးျဖစ္ကာ လက္တုံ႕ျပန္မည့္နည္းလမ္းကို စဥ္းစားေနေလသည္။ လုပ္ႀကံမယ္? စစ္ပြဲအတြင္းမွာ မေတာ္တဆ က်ဆဳံးတဲ့ပုံလုပ္မယ္? အဟက္ ရယ္စရာႀကီး။ ဒီစစ္သူႀကီးပိုင္က သူ႕ကို႐ူးေနတယ္ထင္ပုံရသည္။ ၿပီးေတာ့ ဘာတဲ့? ယြင့္ကို အမိန႔္ေပးၿပီးလုပ္ႀကံခိုင္းတယ္? သူက သူ႕ေဘးနားရွိ ယြင္လုကို ျပန္ၾကည့္လိုက္သည္။
ယြင္လုက စစ္သားေတြစားေနသည့္ အစာၾကမ္းေတြကို သည္းခံ၍ေျဖးေျဖးခ်င္းစားေနေလသည္။ သူက ယြင္လုကိုၾကည့္ၿပီး ႏူးႏူးညံ့ညံ့ၿပဳံးလိုက္မိသည္။ စစ္သူႀကီးက ဒါေတာ့လူေ႐ြးမွန္သားပဲ။ ယြင္သာလိုခ်င္တယ္ဆို သူ႕အသက္ေပးရလဲ ဘာျဖစ္လဲ။ ဒါေပမဲ့ ကံဆိုးတာက ယြင္လုမွာ သူ႕အသက္ကိုလိုခ်င္စိတ္ရွိမေနတာပဲ။
"အရွင္ အရွင္!"
"အင္း ယြင္။ ေျပာေလ"
"အရွင္က ဘာလို႔ ထမင္းမစားေသးတာလဲ။"
ယြင္လုက တစ္စက္မွမေလ်ာ့ေသးတဲ့ ထမင္းေတြကိုၾကည့္ကာ ေျပာလိုက္သည္။ စစ္တိုက္ဖို႔အတြက္ဆို ထမင္းစားမွ အားရွိမွာမဟုတ္လား။
"မင္းက ကိုယ္ေတာ့္ကို ဒီထမင္းေတြကို စားေစခ်င္တာလား"
"ဒါေပါ့အရွင္ရဲ႕။ ဒါမွ အရွင္ ေကာင္းေကာင္းစစ္တိုက္နိုင္မွာေပါ့။"
"ဪ.........."
ဘာေၾကာင့္လဲမသိေပမဲ့ ရန္ပိုင္ရွင္းမ်က္ႏွာေပၚမွာ အၿပဳံးေသးေသးေလးထြက္ေပၚလာသည္။ ယြင္လုက ဒီအၿပဳံးကိုၾကည့္ၿပီး တစ္မ်ိဳးႀကီးခံစားလိုက္ရသည္။ စစ္သားေတြေျပာတာကို သူၾကားခဲ့ရသည္။ ရန္ပိုင္ရွင္းက ခ်ီတက္လာတဲ့ တေလ်ာက္ ထမင္းကို ဟုတ္တိပတ္တိမစားဘူးတဲ့။ သူကေရပဲေသာက္ေနတာမို႔ စစ္မတိုက္နိုင္မွာေတာင္ စိုးရိမ္ေနမိသည္တဲ့ေလ။
"ေကာင္းၿပီေလ။ ကိုယ္စားပါ့မယ္။ မင္းအဆင္ေရာေျပရဲ႕လား။ နန္းေတာ္ကို ျပန္ခ်င္တယ္ဆိုေျပာေနာ္။ ကိုယ္မင္းကို ကိုယ့္လူယုံတစ္ေယာက္နဲ႕ ျပန္ပို႔ေပးနိုင္ပါတယ္။"
"ရပါတယ္အရွင္။ အဆင္ေျပၿပီးသားပါ။"
ယြင္လုက လုပ္ခ်င္ရာလုပ္လိုက္ရသည့္အတြက္ ေပ်ာ္႐ြင္ေနသည့္ မ်က္ႏွာေလးႏွင့္ေျပာသည္။ ဘာျဖစ္လဲ။ အခုပင္ပန္းလဲကိစၥမရွိပါဘူး။ နန္းေတာ္ေရာက္မွ အေကာင္းဆုံးစားစရာေတြကိုစားပစ္လို႔ရသည္ပဲေလ။ ၿပီးေတာ့ ရန္ပိုင္ရွင္းကို အသက္ကယ္ေပးကာ လက္ထပ္ေအာင္ အၾကပ္ကိုင္ပစ္မည္။ ေျပာရမည္ဆိုလွ်င္ သူက မိဘုရားေခါင္ႀကီးေတာင္ ျဖစ္နိုင္ေသးသည္။ ဘာလို႔ဆို ရန္ပိုင္ရွင္းက သူ ေယာက်္ားေလးမွန္း ခုထိမွမသိေသးပဲ။
သူ ခိုးရယ္လိုက္သည္။ ဒီေလာက္ထက္ျမက္ၿပီး ဒါေလးေတာင္ မသိဘူးေလ။ ေျပာလိုက္ေသးသည္။ "မင္းက ေယာက်္ားေလး ဝတ္စုံဝတ္ထားေတာ့ တကယ္ေယာက်္ားေလးနဲ႕ တူသားပဲ"တဲ့။ ဒါလဲ တစ္မ်ိဳးေကာင္းသည္။ လက္ထပ္ရဖို႔ ပိုၿပီးလြယ္ကူသြားတာေပါ့။
သူ႕မွာ ဒီကိုေရာက္ကတည္းက ရန္ပိုင္ရွင္းနားက မခြာနိုင္ေပ။ လုပ္ႀကံမည့္သူတစ္ဦးဦးေရာက္လာမွာကို ေၾကာက္ေနရသည္။ အိပ္တာေတာင္ ေကာင္းေကာင္းမအိပ္နိုင္လို႔ မ်က္ကြင္းေတြေတာင္ညိုေနၿပီျဖစ္သည္။ အရင္ေန႕ေတြက စစ္တိုက္လွ်င္ သူ႕ကို ခ်န္ထားခဲ့ေလ့ရွိေပမဲ့ ဒီေန႕ဗ်ဴဟာမွာေတာ့ သူပါဝင္ခ်င္လွသည္။ ဘာေၾကာင့္မွန္းမသိ စိတ္ထဲမွာ ေလးေနသည္မို႔။
"စစ္ပြဲထဲလိုက္မယ္?"
ရန္ပိုင္ရွင္းရဲ႕ အေမးကို သူကေခါင္းညိတ္ ေထာက္ခံရင္း
"ဟုတ္ပါတယ္အရွင္။ ဒီအေစခံကလဲ သိုင္းတတ္တာမို႔ တိုက္ပြဲမွာပါဝင္ခ်င္ေၾကာင္းပါ။"
"တဲမွာပဲေနခဲ့ပါ။"
"ဒီအေစခံက အရွင့္နားမွာပဲေနခ်င္လို႔ပါ။"
ယြင္လုက ပါးေလးေတြရဲကာ ေခါင္းငုံ႕ရင္း မပြင့္တပြင့္ေျပာလိုက္သည္။ ရန္ပိုင္ရွင္း! မင္းေႂကြသြားၿပီမလား ငါ့သ႐ုပ္ေဆာင္စြမ္းရည္ကို။ အေတြးေတြထဲကသာ ၾကည္ႏူးေနေပမဲ့ ႐ုပ္ေလးက ေပတူးေနကာ သလင္းလိုမ်က္လုံးေလးေတြက ေမွ်ာ္လင့္ခ်က္ေတြနဲ႕လက္ေတာက္ေနသည္။ ဒီ႐ုပ္ေလးက ဘယ္သူမွ မျငင္းနိုင္ေလာက္ေအာင္ သနားစရာေကာင္းလြန္းသည္။ အစာေတာင္းေနသည့္ ေၾကာင္ညစ္ပတ္ေလးလို ခ်စ္စရာေကာင္းလြန္းတာျဖစ္သည္။
"ေကာင္းၿပီ။ ေကာင္းၿပီ။ ဒါေပမဲ့ တစ္ခုမွတ္ထား။ စစ္ပြဲေရာက္ရင္ ငါ့အနားမွာပဲေနပါ။ ငါကပဲ မင္းကို ကာကြယ္ေပးနိုင္မွာ။ၾကားရဲ႕လား"
"ေကာင္းပါၿပီအရွင္။ ဒီအေစခံေကာင္းေကာင္းနာခံပါ့မယ္။"
စစ္ပြဲသည္ မနက္အ႐ုဏ္တက္ခ်ိန္ကပင္ စတင္ျဖစ္ပြားသည္။
"တိုက္ၾက!!!"ဆိုသည့္ အမိန႔္ေပးသံေအာက္တြင္ စစ္သည္ႏွစ္ဖက္က ေရာေထြးသြားကာ တစ္ဖက္ႏွင့္တစ္ဖက္တိုက္ခိုက္ေနၾကသည္။ ရန္ပိုင္ရွင္းကလဲ အားအားမေနဘဲ သူ႕စစ္သည္ေတြနဲ႕အတူ အင္တိုက္အားတိုက္တိုက္ခိုက္ေနသည္။ ယြင္လုက တိုက္ခိုက္တာကို အနဲငယ္ေလာက္သာတတ္ေပမဲ့ ရန္ပိုင္ရွင္းရွိေနတာမို႔ သိပ္အားမစိုက္ရပဲ အဆင္ေျပေနသည္။ သူလဲ သူတတ္နိုင္သေလာက္တိုက္ခိုက္ေနေပမဲ့ လူက ဟန္မပ်က္တိုက္ေနသေလာက္ စိတ္ေတြကေတာ့ ကမၻာပ်က္ေနေလၿပီ။
သူက ဟိုဖက္ေခတ္ကလာခဲ့တာျဖစ္ကာ စစ္ဆိုတာကို ဇာတ္ကားမွာပဲေတြ႕ဖူးေလသည္။ ေသြးေတြ၊ အေလာင္းေတြကို ေၾကာက္၍ဆရာဝန္ပင္မလုပ္ခဲ့ေသာ္လည္း ယခုမူ အဲဒါေတြနဲ႕ တည့္တည့္တိုးေနေလၿပီ။ သူသိခဲ့ပါသည္။ စစ္ပြဲကိုလိုက္ရင္ ဒါေတြျမင္ရမယ္ဆိုတာ သိခဲ့ေပမဲ့ ရန္ပိုင္ရွင္းအတြက္ႏွင့္ အကုန္လုံးကို ဝင္တိုးပစ္ေနမိသည္။ အစားအစာဆင္းရဲတာေတြ၊ ေရမခ်ိဳးရတာေတြ၊ သတ္ရျဖတ္ရတာေတြ...........။ အကုန္လုံးကို သူမုန္းေပမဲ့ ရန္ပိုင္ရွင္းအတြက္ဆိုၿပီး သူသည္းခံေနနိုင္ခဲ့သည္။
ခုလဲ သူ႕အနားမွာတိုက္ခိုက္ေနသည့္ ရန္ပိုင္ရွင္းကို တစ္ခ်က္ငဲ့ၾကည့္လိုက္႐ုံျဖင့္ ေၾကာက္စိတ္ေတြေပ်ာက္သြားရသည္။ ဒါက ရန္ပိုင္ရွင္းက သူ႕ကို က်ိမ္းေသ ကာကြယ္ေပးမယ္ဆိုတာ သိေန၍ပင္။
ရန္ပိုင္ရွင္းက စိတ္နဲ႕ကိုယ္နဲ႕ မကပ္ျဖစ္ေနေသာ ယြင္လုကို တစ္ခ်က္ၾကည့္ကာ ေရွ႕ကစစ္သည္ တစ္ေယာက္ကို လက္စသတ္လိုက္သည္။ ဓားမကိုင္နိုင္ေတာ့ေအာင္ တုန္ယင္ေနေသာ ယြင္လုရဲ႕ လက္ေတြကို သူ႕လက္ေတြနဲ႕ အုပ္မိုးထားလိုက္သည္။ လူႏွစ္ေယာက္သည္ တစ္ထပ္တည္းက်သြားကာ ယြင္လု၏လက္ထဲတြင္ ရန္ပိုင္ရွင္း၏ ဓားေရာက္ေနၿပီျဖစ္သည္။
"မ်က္စိကိုမွိတ္ထားၿပီး ကိုယ့္လက္ေတြအတိုင္းေ႐ြ႕လ်ားပါ။ မင္းအႏၱရာယ္ကင္းေစရမယ္။"
ယြင္လုက သူ႕နားထဲမွာ တီးတိုးၾကားရေသာ ရန္ပိုင္ရွင္းအသံကိုလိုက္နာေသာအားျဖင့္ မ်က္စိကိုမွိတ္ကာ သူ႕ခႏၱာကိုယ္ကို ရန္ပိုင္ရွင္း၏ထိန္းခ်ဳပ္မႈေအာက္သို႔ အလြယ္တကူေရာက္ေစလိုက္သည္။ ရန္ပိုင္ရွင္းက ယြင္လု၏လက္ေပၚမွထပ္၍ ဓားကိုကိုင္ကာ လွ်င္ျမန္ျဖတ္လတ္စြာ တိုက္ခိုက္ေနသည္။ ဒါကစစ္တိုက္ေနသလိုမဟုတ္ပဲ ဓားသိုင္းသင္ေပးေနသလိုပင္။
ႏွစ္ေယာက္လုံး၏ခႏၱာကိုယ္ေတြက ထပ္တူက်ေနကာ ယြင္လုမွာ ရန္ပိုင္ရွင္း၏ရင္ခြင္ထဲသို႔ လုံးဝက်ေရာက္ေနေတာ့သည္။ ေသြးညွီနံ႕ေတြၾကားမွာ ရန္ပိုင္ရွင္း၏ ပူရွိန္းလိုအနံ႕ေလးက သူ႕အတြက္အားေဆး။ ဒီရင္ခြင္ႀကီးက သူ႕အတြက္ စိတ္သက္သာေစသည့္ တစ္ခုတည္းေသာ အရာပင္ျဖစ္သည္။
တစ္ဖက္စစ္သည္ေတြသည္ ရန္ပိုင္ရွင္း၏ၿပိဳင္ဖက္ဟု မဆိုထိုက္ေသာေၾကာင့္ ဒီလိုမ်ိဳး တိုက္ခိုက္ေနတာေတာင္ ရန္ပိုင္ရွင္းကိုေရာ ယြင္လုကိုေရာ ဒဏ္ရာရေအာင္မလုပ္နိုင္ၾကေပ။ ဒါေပမဲ့ ရန္သူ႕ဘက္က စစ္သည္တစ္ေယာက္ခ်ည္းကပ္လာတာကို သတိထားမိခ်ိန္မွာေတာ့ ရန္ပိုင္ရွင္းက ယြင္လုကို ကိုယ္ရံေတာ္ရီနဲ႕ ထည့္ေပးလိုက္ကာ တစ္ေယာက္ထဲရင္ဆိုင္ရန္ျပင္ဆင္ေတာ့သည္။
ဘာလို႔ဆို ထိုစစ္သည္ေတာ္က သာမာန္မဟုတ္ဘူးဆိုတာ သူသိေန၍ပင္။ ရန္သူ႕နိုင္ငံသည္ ဘုရင္ကအသုံးမက်သေလာက္ အဘယ္ေၾကာင့္ ခ်မ္းသာႂကြယ္ဝ၍ ဩဇာႀကီးရပါသလဲဆိုရင္ ဒီစစ္သည္ေတာ္ေၾကာင့္ပင္ျဖစ္သည္။ အိုး....သူကစစ္သည္ေတာ္ဝတ္စုံနဲ႕ေပမဲ့ စစ္သည္ေတာ္မွမဟုတ္ပဲ။ သူကတစ္ဖက္နိုင္ငံရဲ႕ စစ္သူႀကီး ပင္ျဖစ္သည္။ ထိုသူက ရက္စက္သလို သူ႕ဗ်ဴဟာမ်ားကလဲ ေၾကာက္စရာေကာင္းလွသည္။
ဒါေပမဲ့ ဒီစစ္ပြဲကို သူဦးေဆာင္မွာမဟုတ္ဘူးလို႔ သတင္းရခဲ့တာမို႔ အမ်ားႀကီးအာ႐ုံစိုက္စရာမလိုဘူးဟု ယူဆခဲ့သည္။ ဘယ္သူသိမွာလဲ ။ သူက ဒီလိုသာမာန္စစ္သည္ေတာ္ဝတ္စုံဝတ္ၿပီး ေပၚလာမည္ဟု။
ရန္ပိုင္ရွင္းက ခဏခ်င္းပင္သေဘာေပါက္သြားသည္။ စစ္သူႀကီးပိုင္က သူ႕ကို ဒီလူ႕လက္ထဲမွာ အသက္ေသေစခ်င္ပုံရသည္။ မဟုတ္လွ်င္ ဒီလိုခိုးေၾကာင္ခိုးဝွက္အမႈမ်ိဳးကို လုပ္စရာမလိုဘူးမဟုတ္လား။ ဒါေပမဲ့ ရန္ပိုင္ရွင္းကေရာ ဘယ္သူမို႔လို႔လဲ။ နဂါးဘုရင္ရဲ႕သားေတာ္ဆိုတဲ့ အမည္နဲ႕လိုက္ေအာင္ အရမ္းကိုထက္ျမက္ၿပီးေတာ္တဲ့လူမဟုတ္လား။ရန္ပိုင္ရွင္းက နတ္ဆိုးအၿပဳံးကိုၿပဳံးကာ ဓားကိုက်စ္က်စ္ပါေအာင္ကိုင္ထားလိုက္သည္။ အခုကစၿပီး သတိတစ္ခ်က္မွ လြတ္လို႔မျဖစ္။
....................................................................................................................................................................................................
A/N
ကိုယ္ေျပာခ်င္တာကို နားေရာလည္ၾကလားဟင္။ ဒီအပိုင္းက အမူအရာေတြကိုေဖာ္ျပရတာမို႔ မ်က္လုံးထဲမေပၚမွာစိုးမိသား။ ဒီတစ္ပိုင္းကိုနဲနဲအားစိုက္လိုက္ရတယ္။ စစ္က ကိုယ့္နဲ႕မရင္းႏွီးဘူးေလ။ ဟဲဟဲ။ လိုအပ္တာရွိရင္ေျပာၾကပါ ဒါဒါ proေလးတို႔ရဲ႕။ ခင္ဗ်ားေလးတို႔ ေဝဖန္မွ ကိုယ္ေတြတိုးတက္မဲ့ဘဝပါ။ ဒီေန႕ေပ်ာ္တယ္။ အိုင္ေဒါႀကီးက ကိုယ့္ကို followလာလုပ္ေပးလို႔ ဟဲဟဲ။ လပ္ယူ
Uni
စစ်ပွဲသည် ထူးဆန်းစွာပင် အပျင်းပြေတိုက်နေသကဲ့သို့ရှိသည်။ ရန်ပိုင်ရှင်းကတော့ ဒါတွေရဲ့ လက်သည် ကို သိထားပြီးဖြစ်ကာ လက်တုံ့ပြန်မည့်နည်းလမ်းကို စဥ်းစားနေလေသည်။ လုပ်ကြံမယ်? စစ်ပွဲအတွင်းမှာ မတော်တဆ ကျဆုံးတဲ့ပုံလုပ်မယ်? အဟက် ရယ်စရာကြီး။ ဒီစစ်သူကြီးပိုင်က သူ့ကိုရူးနေတယ်ထင်ပုံရသည်။ ပြီးတော့ ဘာတဲ့? ယွင့်ကို အမိန့်ပေးပြီးလုပ်ကြံခိုင်းတယ်? သူက သူ့ဘေးနားရှိ ယွင်လုကို ပြန်ကြည့်လိုက်သည်။
ယွင်လုက စစ်သားတွေစားနေသည့် အစာကြမ်းတွေကို သည်းခံ၍ဖြေးဖြေးချင်းစားနေလေသည်။ သူက ယွင်လုကိုကြည့်ပြီး နူးနူးညံ့ညံ့ပြုံးလိုက်မိသည်။ စစ်သူကြီးက ဒါတော့လူရွေးမှန်သားပဲ။ ယွင်သာလိုချင်တယ်ဆို သူ့အသက်ပေးရလဲ ဘာဖြစ်လဲ။ ဒါပေမဲ့ ကံဆိုးတာက ယွင်လုမှာ သူ့အသက်ကိုလိုချင်စိတ်ရှိမနေတာပဲ။
"အရှင် အရှင်!"
"အင်း ယွင်။ ပြောလေ"
"အရှင်က ဘာလို့ ထမင်းမစားသေးတာလဲ။"
ယွင်လုက တစ်စက်မှမလျော့သေးတဲ့ ထမင်းတွေကိုကြည့်ကာ ပြောလိုက်သည်။ စစ်တိုက်ဖို့အတွက်ဆို ထမင်းစားမှ အားရှိမှာမဟုတ်လား။
"မင်းက ကိုယ်တော့်ကို ဒီထမင်းတွေကို စားစေချင်တာလား"
"ဒါပေါ့အရှင်ရဲ့။ ဒါမှ အရှင် ကောင်းကောင်းစစ်တိုက်နိုင်မှာပေါ့။"
"ဪ.........."
ဘာကြောင့်လဲမသိပေမဲ့ ရန်ပိုင်ရှင်းမျက်နှာပေါ်မှာ အပြုံးသေးသေးလေးထွက်ပေါ်လာသည်။ ယွင်လုက ဒီအပြုံးကိုကြည့်ပြီး တစ်မျိုးကြီးခံစားလိုက်ရသည်။ စစ်သားတွေပြောတာကို သူကြားခဲ့ရသည်။ ရန်ပိုင်ရှင်းက ချီတက်လာတဲ့ တလျောက် ထမင်းကို ဟုတ်တိပတ်တိမစားဘူးတဲ့။ သူကရေပဲသောက်နေတာမို့ စစ်မတိုက်နိုင်မှာတောင် စိုးရိမ်နေမိသည်တဲ့လေ။
"ကောင်းပြီလေ။ ကိုယ်စားပါ့မယ်။ မင်းအဆင်ရောပြေရဲ့လား။ နန်းတော်ကို ပြန်ချင်တယ်ဆိုပြောနော်။ ကိုယ်မင်းကို ကိုယ့်လူယုံတစ်ယောက်နဲ့ ပြန်ပို့ပေးနိုင်ပါတယ်။"
"ရပါတယ်အရှင်။ အဆင်ပြေပြီးသားပါ။"
ယွင်လုက လုပ်ချင်ရာလုပ်လိုက်ရသည့်အတွက် ပျော်ရွင်နေသည့် မျက်နှာလေးနှင့်ပြောသည်။ ဘာဖြစ်လဲ။ အခုပင်ပန်းလဲကိစ္စမရှိပါဘူး။ နန်းတော်ရောက်မှ အကောင်းဆုံးစားစရာတွေကိုစားပစ်လို့ရသည်ပဲလေ။ ပြီးတော့ ရန်ပိုင်ရှင်းကို အသက်ကယ်ပေးကာ လက်ထပ်အောင် အကြပ်ကိုင်ပစ်မည်။ ပြောရမည်ဆိုလျှင် သူက မိဘုရားခေါင်ကြီးတောင် ဖြစ်နိုင်သေးသည်။ ဘာလို့ဆို ရန်ပိုင်ရှင်းက သူ ယောကျ်ားလေးမှန်း ခုထိမှမသိသေးပဲ။
သူ ခိုးရယ်လိုက်သည်။ ဒီလောက်ထက်မြက်ပြီး ဒါလေးတောင် မသိဘူးလေ။ ပြောလိုက်သေးသည်။ "မင်းက ယောကျ်ားလေး ဝတ်စုံဝတ်ထားတော့ တကယ်ယောကျ်ားလေးနဲ့ တူသားပဲ"တဲ့။ ဒါလဲ တစ်မျိုးကောင်းသည်။ လက်ထပ်ရဖို့ ပိုပြီးလွယ်ကူသွားတာပေါ့။
သူ့မှာ ဒီကိုရောက်ကတည်းက ရန်ပိုင်ရှင်းနားက မခွာနိုင်ပေ။ လုပ်ကြံမည့်သူတစ်ဦးဦးရောက်လာမှာကို ကြောက်နေရသည်။ အိပ်တာတောင် ကောင်းကောင်းမအိပ်နိုင်လို့ မျက်ကွင်းတွေတောင်ညိုနေပြီဖြစ်သည်။ အရင်နေ့တွေက စစ်တိုက်လျှင် သူ့ကို ချန်ထားခဲ့လေ့ရှိပေမဲ့ ဒီနေ့ဗျူဟာမှာတော့ သူပါဝင်ချင်လှသည်။ ဘာကြောင့်မှန်းမသိ စိတ်ထဲမှာ လေးနေသည်မို့။
"စစ်ပွဲထဲလိုက်မယ်?"
ရန်ပိုင်ရှင်းရဲ့ အမေးကို သူကခေါင်းညိတ် ထောက်ခံရင်း
"ဟုတ်ပါတယ်အရှင်။ ဒီအစေခံကလဲ သိုင်းတတ်တာမို့ တိုက်ပွဲမှာပါဝင်ချင်ကြောင်းပါ။"
"တဲမှာပဲနေခဲ့ပါ။"
"ဒီအစေခံက အရှင့်နားမှာပဲနေချင်လို့ပါ။"
ယွင်လုက ပါးလေးတွေရဲကာ ခေါင်းငုံ့ရင်း မပွင့်တပွင့်ပြောလိုက်သည်။ ရန်ပိုင်ရှင်း! မင်းကြွေသွားပြီမလား ငါ့သရုပ်ဆောင်စွမ်းရည်ကို။ အတွေးတွေထဲကသာ ကြည်နူးနေပေမဲ့ ရုပ်လေးက ပေတူးနေကာ သလင်းလိုမျက်လုံးလေးတွေက မျှော်လင့်ချက်တွေနဲ့လက်တောက်နေသည်။ ဒီရုပ်လေးက ဘယ်သူမှ မငြင်းနိုင်လောက်အောင် သနားစရာကောင်းလွန်းသည်။ အစာတောင်းနေသည့် ကြောင်ညစ်ပတ်လေးလို ချစ်စရာကောင်းလွန်းတာဖြစ်သည်။
"ကောင်းပြီ။ ကောင်းပြီ။ ဒါပေမဲ့ တစ်ခုမှတ်ထား။ စစ်ပွဲရောက်ရင် ငါ့အနားမှာပဲနေပါ။ ငါကပဲ မင်းကို ကာကွယ်ပေးနိုင်မှာ။ကြားရဲ့လား"
"ကောင်းပါပြီအရှင်။ ဒီအစေခံကောင်းကောင်းနာခံပါ့မယ်။"
စစ်ပွဲသည် မနက်အရုဏ်တက်ချိန်ကပင် စတင်ဖြစ်ပွားသည်။
"တိုက်ကြ!!!"ဆိုသည့် အမိန့်ပေးသံအောက်တွင် စစ်သည်နှစ်ဖက်က ရောထွေးသွားကာ တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်နေကြသည်။ ရန်ပိုင်ရှင်းကလဲ အားအားမနေဘဲ သူ့စစ်သည်တွေနဲ့အတူ အင်တိုက်အားတိုက်တိုက်ခိုက်နေသည်။ ယွင်လုက တိုက်ခိုက်တာကို အနဲငယ်လောက်သာတတ်ပေမဲ့ ရန်ပိုင်ရှင်းရှိနေတာမို့ သိပ်အားမစိုက်ရပဲ အဆင်ပြေနေသည်။ သူလဲ သူတတ်နိုင်သလောက်တိုက်ခိုက်နေပေမဲ့ လူက ဟန်မပျက်တိုက်နေသလောက် စိတ်တွေကတော့ ကမ္ဘာပျက်နေလေပြီ။
သူက ဟိုဖက်ခေတ်ကလာခဲ့တာဖြစ်ကာ စစ်ဆိုတာကို ဇာတ်ကားမှာပဲတွေ့ဖူးလေသည်။ သွေးတွေ၊ အလောင်းတွေကို ကြောက်၍ဆရာဝန်ပင်မလုပ်ခဲ့သော်လည်း ယခုမူ အဲဒါတွေနဲ့ တည့်တည့်တိုးနေလေပြီ။ သူသိခဲ့ပါသည်။ စစ်ပွဲကိုလိုက်ရင် ဒါတွေမြင်ရမယ်ဆိုတာ သိခဲ့ပေမဲ့ ရန်ပိုင်ရှင်းအတွက်နှင့် အကုန်လုံးကို ဝင်တိုးပစ်နေမိသည်။ အစားအစာဆင်းရဲတာတွေ၊ ရေမချိုးရတာတွေ၊ သတ်ရဖြတ်ရတာတွေ...........။ အကုန်လုံးကို သူမုန်းပေမဲ့ ရန်ပိုင်ရှင်းအတွက်ဆိုပြီး သူသည်းခံနေနိုင်ခဲ့သည်။
ခုလဲ သူ့အနားမှာတိုက်ခိုက်နေသည့် ရန်ပိုင်ရှင်းကို တစ်ချက်ငဲ့ကြည့်လိုက်ရုံဖြင့် ကြောက်စိတ်တွေပျောက်သွားရသည်။ ဒါက ရန်ပိုင်ရှင်းက သူ့ကို ကျိမ်းသေ ကာကွယ်ပေးမယ်ဆိုတာ သိနေ၍ပင်။
ရန်ပိုင်ရှင်းက စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်နေသော ယွင်လုကို တစ်ချက်ကြည့်ကာ ရှေ့ကစစ်သည် တစ်ယောက်ကို လက်စသတ်လိုက်သည်။ ဓားမကိုင်နိုင်တော့အောင် တုန်ယင်နေသော ယွင်လုရဲ့ လက်တွေကို သူ့လက်တွေနဲ့ အုပ်မိုးထားလိုက်သည်။ လူနှစ်ယောက်သည် တစ်ထပ်တည်းကျသွားကာ ယွင်လု၏လက်ထဲတွင် ရန်ပိုင်ရှင်း၏ ဓားရောက်နေပြီဖြစ်သည်။
"မျက်စိကိုမှိတ်ထားပြီး ကိုယ့်လက်တွေအတိုင်းရွေ့လျားပါ။ မင်းအန္တရာယ်ကင်းစေရမယ်။"
ယွင်လုက သူ့နားထဲမှာ တီးတိုးကြားရသော ရန်ပိုင်ရှင်းအသံကိုလိုက်နာသောအားဖြင့် မျက်စိကိုမှိတ်ကာ သူ့ခန္တာကိုယ်ကို ရန်ပိုင်ရှင်း၏ထိန်းချုပ်မှုအောက်သို့ အလွယ်တကူရောက်စေလိုက်သည်။ ရန်ပိုင်ရှင်းက ယွင်လု၏လက်ပေါ်မှထပ်၍ ဓားကိုကိုင်ကာ လျှင်မြန်ဖြတ်လတ်စွာ တိုက်ခိုက်နေသည်။ ဒါကစစ်တိုက်နေသလိုမဟုတ်ပဲ ဓားသိုင်းသင်ပေးနေသလိုပင်။
နှစ်ယောက်လုံး၏ခန္တာကိုယ်တွေက ထပ်တူကျနေကာ ယွင်လုမှာ ရန်ပိုင်ရှင်း၏ရင်ခွင်ထဲသို့ လုံးဝကျရောက်နေတော့သည်။ သွေးညှီနံ့တွေကြားမှာ ရန်ပိုင်ရှင်း၏ ပူရှိန်းလိုအနံ့လေးက သူ့အတွက်အားဆေး။ ဒီရင်ခွင်ကြီးက သူ့အတွက် စိတ်သက်သာစေသည့် တစ်ခုတည်းသော အရာပင်ဖြစ်သည်။
တစ်ဖက်စစ်သည်တွေသည် ရန်ပိုင်ရှင်း၏ပြိုင်ဖက်ဟု မဆိုထိုက်သောကြောင့် ဒီလိုမျိုး တိုက်ခိုက်နေတာတောင် ရန်ပိုင်ရှင်းကိုရော ယွင်လုကိုရော ဒဏ်ရာရအောင်မလုပ်နိုင်ကြပေ။ ဒါပေမဲ့ ရန်သူ့ဘက်က စစ်သည်တစ်ယောက်ချည်းကပ်လာတာကို သတိထားမိချိန်မှာတော့ ရန်ပိုင်ရှင်းက ယွင်လုကို ကိုယ်ရံတော်ရီနဲ့ ထည့်ပေးလိုက်ကာ တစ်ယောက်ထဲရင်ဆိုင်ရန်ပြင်ဆင်တော့သည်။
ဘာလို့ဆို ထိုစစ်သည်တော်က သာမာန်မဟုတ်ဘူးဆိုတာ သူသိနေ၍ပင်။ ရန်သူ့နိုင်ငံသည် ဘုရင်ကအသုံးမကျသလောက် အဘယ်ကြောင့် ချမ်းသာကြွယ်ဝ၍ ဩဇာကြီးရပါသလဲဆိုရင် ဒီစစ်သည်တော်ကြောင့်ပင်ဖြစ်သည်။ အိုး....သူကစစ်သည်တော်ဝတ်စုံနဲ့ပေမဲ့ စစ်သည်တော်မှမဟုတ်ပဲ။ သူကတစ်ဖက်နိုင်ငံရဲ့ စစ်သူကြီး ပင်ဖြစ်သည်။ ထိုသူက ရက်စက်သလို သူ့ဗျူဟာများကလဲ ကြောက်စရာကောင်းလှသည်။
ဒါပေမဲ့ ဒီစစ်ပွဲကို သူဦးဆောင်မှာမဟုတ်ဘူးလို့ သတင်းရခဲ့တာမို့ အများကြီးအာရုံစိုက်စရာမလိုဘူးဟု ယူဆခဲ့သည်။ ဘယ်သူသိမှာလဲ ။ သူက ဒီလိုသာမာန်စစ်သည်တော်ဝတ်စုံဝတ်ပြီး ပေါ်လာမည်ဟု။
ရန်ပိုင်ရှင်းက ခဏချင်းပင်သဘောပေါက်သွားသည်။ စစ်သူကြီးပိုင်က သူ့ကို ဒီလူ့လက်ထဲမှာ အသက်သေစေချင်ပုံရသည်။ မဟုတ်လျှင် ဒီလိုခိုးကြောင်ခိုးဝှက်အမှုမျိုးကို လုပ်စရာမလိုဘူးမဟုတ်လား။ ဒါပေမဲ့ ရန်ပိုင်ရှင်းကရော ဘယ်သူမို့လို့လဲ။ နဂါးဘုရင်ရဲ့သားတော်ဆိုတဲ့ အမည်နဲ့လိုက်အောင် အရမ်းကိုထက်မြက်ပြီးတော်တဲ့လူမဟုတ်လား။ရန်ပိုင်ရှင်းက နတ်ဆိုးအပြုံးကိုပြုံးကာ ဓားကိုကျစ်ကျစ်ပါအောင်ကိုင်ထားလိုက်သည်။ အခုကစပြီး သတိတစ်ချက်မှ လွတ်လို့မဖြစ်။
....................................................................................................................................................................................................
A/N
ကိုယ်ပြောချင်တာကို နားရောလည်ကြလားဟင်။ ဒီအပိုင်းက အမူအရာတွေကိုဖော်ပြရတာမို့ မျက်လုံးထဲမပေါ်မှာစိုးမိသား။ ဒီတစ်ပိုင်းကိုနဲနဲအားစိုက်လိုက်ရတယ်။ စစ်က ကိုယ့်နဲ့မရင်းနှီးဘူးလေ။ ဟဲဟဲ။ လိုအပ်တာရှိရင်ပြောကြပါ ဒါဒါ proလေးတို့ရဲ့။ ခင်ဗျားလေးတို့ ဝေဖန်မှ ကိုယ်တွေတိုးတက်မဲ့ဘဝပါ။ ဒီနေ့ပျော်တယ်။ အိုင်ဒေါကြီးက ကိုယ့်ကို followလာလုပ်ပေးလို့ ဟဲဟဲ။ လပ်ယူ