Uni
မင်္ဂလာအချိန်ကျရောက်ကာ ဓလေ့အတိုင်း မင်္ဂလာဆောင်ပြီးချိန်မှာတော့ စားပွဲသောက်ပွဲက စ,လာတော့သည်။
ယွင်လုကတော့ အစားအစာတွေလာချကတည်းက တဝတပြဲစားထားသည်။
အစီအစဉ်အလယ်ပိုင်းလောက်မှ စားရင်တော့ ငတ်ဖို့ရာပဲရှိသည်ကိုး။
ဇာတ်ကြောင်းထဲက အတိုင်းပင်။ မိဖုရားတစ်ပါးက မူးလဲလေသည်။
ဒီတော့ လူတွေရုတ်ရုတ်သဲသဲဖြစ်သွားကာ ရန်ပိုင်ရှင်းကိုယ်တိုင်သွားကြည့်ရသည့် အဆင့်ဖြစ်သွားသည်။
ရန်ပိုင်ရှင်း ထိုင်ခုံမှထသည်နှင့် သူလဲထကာ ရန်ပိုင်ရှင်းနောက်လိုက်မလို့ ပြင်ပေမဲ့ ထိုလူကပြန်လှည့်လာကာ သူ့ကိုထိုင်ခုံတစ်ခုမှာ ထိုင်ခိုင်းသည်။
"မင်းလိုက်စရာမလိုဘူး။"
"ဒါပေမဲ့ ဒီအစေခံက....."
"စပျစ်သီးကြိုက်တယ်မလား။ များများစား။"
ရန်ပိုင်ရှင်းက သူ့ပါးစပ်ထဲကို စပျစ်သီး ခပ်ကြီးကြီးတစ်လုံးသွပ်သွားတာကြောင့်
သူခမျာစကားပင် ဆုံးအောင်မပြောလိုက်ရပဲ စပျစ်သီးကြီးပါးစပ်ထဲငုံကာ ဝူးဝူးဝါးဝါးဖြစ်နေလေသည်။ ဘေးမှာတော့ ရန်ပိုင်ရှင်းထားခဲ့သည့် ကိုယ်ရံတော် နှစ်ယောက်က မတ်တပ်ရပ်နေကြသည်။
ယွင်လု နားမလည်နိုင်တော့။ ဒါတွေကဘာသဘောလဲဆိုတာ။ ဝူစစ်သူကြီးကလဲ ပွဲကိုအခွင့်ကောင်းယူပြီး ယွင်လုနဲ့စကားပြောချင်ပေမဲ့ ကိုယ်ရံတော်နှစ်ယောက်ကြောင့် အဝေးကပင် မျက်နှာရိပ်၊မျက်နှာကဲ ပြနိုင်လေသည်။ယွင်လုကလဲ နားလည်တာကြောင့် ကိုယ်ရံတော်နှစ်ယောက်ကို လှည့်ထုတ်ရသည်။
"ဟေး အစ်ကိုတို့၊ ကျွန်မ အပေါ့သွားချင်လို့။"
"ခဏပဲကြာမှာပါ။ချက်ချင်းလာခဲ့မယ်လေ။"
ဒုတိယမ္ပိပြောကာမှ ထိုကျောက်ရုပ်ကိုယ်ရံတော်တွေက ခေါင်းညိမ့်ပြလာသည်။ ယွင်လုလဲ ဝူစစ်သူကြီးကို မျက်စပစ်ပြကာ နန်းတော်အနောက်ကိုပြေးသွားလိုက်သည်။
ယွင်လုထွက်သွားသွားချင်း သက်တော်စောင့်နှစ်ယောက်ထဲက တစ်ယောက်က ခေါင်မိုးပေါ်ရှိ အနက်ရောင်မိန်းမပျိုလေးကို ခေါင်းညိမ့်ပြလိုက်သည်။ ထိုမိန်းမပျိုလေးလဲ ခေါင်းတစ်ချက်ပြန်ငြိမ့်ပြကာ ယွင်လုထွက်သွားသည့်နောက်သို့ လျင်မြန်စွာလိုက်သွားလေသည်။
"အဖေ ဘာပြောစရာရှိလို့လဲ။"
"မင်းဒီရက်ပိုင်း ရန်ပိုင်ရှင်းလှုပ်ရှားမှုတွေကို သတင်းမပို့ပဲဘာလုပ်နေတာလဲ။ မင်းကကုန်းကုန်းကြီးနေရာကို ရတယ်ပြောတယ်။ သားလေး,အဖေပြောမယ်။ မင်းညီမက မိဘုရားပေမဲ့ အဖေတို့ကအရေးပေးမခံရဘူး။
လှို့ဝှက်အင်အားသာမရှိရင် ငါတို့အကုန်လက်လွှတ်နေရပြီ။ အဖေတို့က ညီလာခံမှာ အာဏာမရတော့ဘူး သား။
ဒီအတိုင်းဆို ရန်ပိုင်ရှင်းက အပြစ်ရှာပြီးအဖေတို့မိသားစုကို ရန်ရှာနိုင်တယ်။
သား,မင်းက အဖေတို့အတွက် အန္တရာယ်ကိုနင်းနေရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဖေလုပ်တာတွေက သားတို့အတွက်ပဲ မဟုတ်လား။
အဟမ်း နံရံတွေမှာ နားတွေရှိတတ်တယ်။ ဒီစာလိပ်ကိုယူပါ။ ဖတ်ပြီးရင်မီးရှို့လိုက်။ ငါသွားတော့မယ်။"
ပိုင် စစ်သူကြီးက ပြောချင်ရာပြောပြီး ထွက်သွားလေသည်။ သူလဲစာလိပ်ကို အမြန်ဖွင့်လိုက်သည်။ စာထဲကအကြောင်းအရတော့ စစ်ထဲမှာ ရန်ပိုင်ရှင်းကို လုပ်ကြံမဲ့အပြင် ရန်သူနိုင်ငံနဲ့ပူးပေါင်းထားမှာ ဖြစ်ကြောင်း၊ ဒါကြောင့် ဒါကြောင့် သူကစစ်ပွဲထိလိုက်သွားပြီး သူကိုယ်တိုင် ်ရန်ပိုင်ရှင်းကို သတ်ရမတဲ့။
စာလိပ်က သူ့လက်ထဲကလွတ်ကျသွားသည်။ ရန်ပိုင်ရှင်းကို သတ်ရမယ်?ဒါဘယ်လို ဟာသမျိုးလဲ။ မူလဇာတ်ကြောင်းနဲ့အများကြီး သွေဖီနေပြီဖြစ်ကာ ယွင်လုမှာခေါင်းစားရတော့သည်။
ပိုင်စစ်သူကြီးက သံသယများတတ်တာမို့ သူ့တစ်ယောက်ထဲကို တာဝန်ပေးမှာမဟုတ်ချေ။ စစ်ပွဲထဲမှာ နောက်ကျောကို ဓားနဲ့ထိုးခံရနိုင်ချေအတော်များသဖြင့် သူ ရန်ပိုင်ရှင်းကို အတော် စိတ်ပူမိရသည်။
ကျွန်တော်နဲ့ လက်မထပ်ရမချင်း ခင်ဗျားသေလို့မဖြစ်ဘူးနော်။ လက်ထပ်ပြီးမှ သေသေ။ မဟုတ်သေးပါဘူး။ မသေပါနဲ့။ လက်ထပ်မပြီးခင်ရော ပြီးမှရော မသေနဲ့။ ဟုတ်တယ်။ ကျွန်တော်က စိတ်ကောင်းရှိလို့ ခင်ဗျားကို မသေစေချင်တာပါ။ အဲ့လိုပါပဲ။
........................................................................................................................................................
ရန်ပိုင်ရှင်းနားမှာတော့ အနက်ရောင်မိန်းမပျိုလေးတစ်ဦးက တစ်ခုခုကိုခပ်တိုးတိုးပြောနေလေသည်။ ထိုမိန်းကလေးစကားဆုံးသည်နှင့် ရန်ပိုင်ရှင်းရဲ့မျက်နှာက အနီရောင်သမ်းလာကာ ဒေါသထွက်နေကြောင်းကို သိသာစေသည်။
တစ်ဖက်မှာလဲ ယွင်လုက ဘုရင့်တော်ဝင်နန်းဆောင်ထဲမှာ လှဲနေရင်း သက်တော်စောင့်နှစ်ယောက်ကို ကျိန်ဆဲနေလေသည်။ သူ ဟိုကိုပြန်ရောက်သည်နှင့် ဘုရင့်အမိန့်ဟုဆိုကာ နန်းဆောင်ထဲအပိတ်ခံလိုက်ရသည်။
အစုတ်ပလုတ်ဘုရင်။ အားအားရှိ သူ့နန်းဆောင်ထဲ ပိတ်ဖို့ပဲတတ်တယ်။ ယွင်လုက နှုတ်ခမ်းလေးမဆိုသလောက် ဆူနေပြီဖြစ်ကာ ရန်ပိုင်ရှင်းကိုလဲ မျှော်ရသေးသည်။ ရန်ပိုင်ရှင်းပြန်လာမှ သူလဲကိုယ့်အဆောင်ကိုယ်ပြန်ရမှာလေ။
ဝှါး......။ဒီကိုရောက်ကတည်းက အစောကြီးထရတာ အိပ်တောင်အိပ်ချင်လာပြီ။ တကယ်ကြီးအိပ်တော့မှာ။ ငါ့မျက်လုံးတွေ အတော်လေးလေးနေပြီ။ မရတော့ဝူး.....။ အိုခေ။နားကိုအသားကုန်စွင့်ထားမယ်။ ရန်ပိုင်ရှင်းပြန်လာတဲ့အသံကြားတာနဲ့ ဒီကုတင်ပေါ်က ခုန်ချမှဖြစ်မယ်။ ok? နားစွင့်......နားစွင့်....။
မကြာခင်မှာပဲ ဟောက်သံသေးသေးလေးက ဘုရင့်နန်းဆောင်ကနေ ထွက်လာလေသည်။ ရန်ပိုင်ရှင်းက ဘုရင့်အိပ်ရာပေါ်တွင် အိပ်ပျော်နေသည့် ဝက်ပေါက်လေးကိုကြည့်ကာ ပြုံးနေမိသည်။
အသာလေး ကုတင်ပေါ်တက်ကာ ယွင်လုကိုယ်လုံးလေးကို ဖက်ထားလိုက်သည်။ ယွင်လုကိုယ်လေးက တကယ်ကို ဖြူဖြူဖောင်းဖောင်းလေး။
ဘေးတိုက်မြင်နေရသည့်ပါးကြီးတွေက ဆွဲကိုက်ချင်စရာ။ ရန်ပိုင်ရှင်းက ကလေးလိုပါးလေးတွေမှာ နှာခေါင်းကိုနှစ်လိုက်သည်။ ယွင်လုရဲ့ပင်ကိုယ်ရနံ့လေးဖြစ်သည့် ကလေးပေါင်ဒါလို အန့ံလေးက သင်းပျ့ံနေလေသည်။
မနေနိုင်မထိုင်နိုင် နားရွက်ကိုတတိတိကိုက်မိပြန်တော့ ဝက်ပေါက်လေးက တအင်းအင်းလုပ်ကာ ဟိုလှည့်သည်လှည့်နှင့် နိုးပုံလဲမရတာကြောင့် သူပြုံးလိုက်သည်။
'အရမ်းကို ချစ်စရာကောင်းတာပဲ မင်း'
................................................................................................................................................
A/N
သတိ၊ တိုတယ်လို့မပြောရ😁😁
အိပ်ချင်နေတာ တအားမို့
အိပ်ပြီနော် ဂွတ်နိုက်
Zawgyi
မဂၤလာအခ်ိန္က်ေရာက္ကာ ဓေလ့အတိုင္း မဂၤလာေဆာင္ၿပီးခ်ိန္မွာေတာ့ စားပြဲေသာက္ပြဲက စ,လာေတာ့သည္။
ယြင္လုကေတာ့ အစားအစာေတြလာခ်ကတည္းက တဝတျပဲစားထားသည္။
အစီအစဥ္အလယ္ပိုင္းေလာက္မွ စားရင္ေတာ့ ငတ္ဖို႔ရာပဲ႐ွိသည္ကိုး။
ဇာတ္ေၾကာင္းထဲက အတိုင္းပင္။ မိဖုရားတစ္ပါးက မူးလဲေလသည္။
ဒီေတာ့ လူေတြ႐ုတ္႐ုတ္သဲသဲျဖစ္သြားကာ ရန္ပိုင္႐ွင္းကိုယ္တိုင္သြားၾကည့္ရသည့္ အဆင့္ျဖစ္သြားသည္။
ရန္ပိုင္႐ွင္း ထိုင္ခံုမွထသည္ႏွင့္ သူလဲထကာ ရန္ပိုင္႐ွင္းေနာက္လိုက္မလို႔ ျပင္ေပမဲ့ ထိုလူကျပန္လွည့္လာကာ သူ႔ကိုထိုင္ခံုတစ္ခုမွာ ထိုင္ခိုင္းသည္။
"မင္းလိုက္စရာမလိုဘူး။"
"ဒါေပမဲ့ ဒီအေစခံက....."
"စပ်စ္သီးႀကိဳက္တယ္မလား။ မ်ားမ်ားစား။"
ရန္ပိုင္ရွင္းက သူ႔ပါးစပ္ထဲကို စပ်စ္သီး ခပ္ႀကီးႀကီးတစ္လံုးသြပ္သြားတာေျကာင့္
သူခမ်ာစကားပင္ ဆံုးေအာင္မေျပာလိုက္ရပဲ စပ်စ္သီးႀကီးပါးစပ္ထဲငံုကာ ဝူးဝူးဝါးဝါးျဖစ္ေနေလသည္။ ေဘးမွာေတာ့ ရန္ပိုင္႐ွင္းထားခဲ့သည့္ ကိုယ္ရံေတာ္ ႏွစ္ေယာက္က မတ္တပ္ရပ္ေနၾကသည္။
ယြင္လု နားမလည္ႏိုင္ေတာ့။ ဒါေတြကဘာသေဘာလဲဆိုတာ။ ဝူစစ္သူႀကီးကလဲ ပြဲကိုအခြင့္ေကာင္းယူၿပီး ယြင္လုနဲ႔စကားေျပာခ်င္ေပမဲ့ ကိုယ္ရံေတာ္ႏွစ္ေယာက္ေၾကာင့္ အေဝးကပင္ မ်က္ႏွာရိပ္၊မ်က္ႏွာကဲ ျပႏိုင္ေလသည္။ယြင္လုကလဲ နားလည္တာေၾကာင့္ ကိုယ္ရံေတာ္ႏွစ္ေယာက္ကို လွည့္ထုတ္ရသည္။
"ေဟး အစ္ကိုတို႔၊ ကြၽန္မ အေပါ့သြားခ်င္လို႔။"
"ခဏပဲၾကာမွာပါ။ခ်က္ခ်င္းလာခဲ့မယ္ေလ။"
ဒုတိယမၸိေျပာကာမွ ထိုေက်ာက္႐ုပ္ကိုယ္ရံေတာ္ေတြက ေခါင္းညိမ့္ျပလာသည္။ ယြင္လုလဲ ဝူစစ္သူႀကီးကို မ်က္စပစ္ျပကာ နန္းေတာ္အေနာက္ကိုေျပးသြားလိုက္သည္။
ယြင္လုထြက္သြားသြားခ်င္း သက္ေတာ္ေစာင့္ႏွစ္ေယာက္ထဲက တစ္ေယာက္က ေခါင္မိုးေပၚ႐ွိ အနက္ေရာင္မိန္းမပ်ိဳေလးကို ေခါင္းညိမ့္ျပလိုက္သည္။ ထိုမိန္းမပ်ိဳေလးလဲ ေခါင္းတစ္ခ်က္ျပန္ၿငိမ့္ျပကာ ယြင္လုထြက္သြားသည့္ေနာက္သို႔ လ်င္ျမန္စြာလိုက္သြားေလသည္။
"အေဖ ဘာေျပာစရာ႐ွိလို႔လဲ။"
"မင္းဒီရက္ပိုင္း ရန္ပိုင္႐ွင္းလႈပ္႐ွားမႈေတြကို သတင္းမပို႔ပဲဘာလုပ္ေနတာလဲ။ မင္းကကုန္းကုန္းႀကီးေနရာကို ရတယ္ေျပာတယ္။ သားေလး,အေဖေျပာမယ္။ မင္းညီမက မိဘုရားေပမဲ့ အေဖတို႔ကအေရးေပးမခံရဘူး။
လိႈ့ဝွက္အင္အားသာမ႐ွိရင္ ငါတို႔အကုန္လက္လႊတ္ေနရၿပီ။ အေဖတို႔က ညီလာခံမွာ အာဏာမရေတာ့ဘူး သား။
ဒီအတိုင္းဆို ရန္ပိုင္႐ွင္းက အျပစ္႐ွာၿပီးအေဖတို႔မိသားစုကို ရန္႐ွာႏိုင္တယ္။
သား,မင္းက အေဖတို႔အတြက္ အနၱရာယ္ကိုနင္းေနရတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ အေဖလုပ္တာေတြက သားတို႔အတြက္ပဲ မဟုတ္လား။
အဟမ္း နံရံေတြမွာ နားေတြ႐ွိတတ္တယ္။ ဒီစာလိပ္ကိုယူပါ။ ဖတ္ၿပီးရင္မီး႐ႈိ့လိုက္။ ငါသြားေတာ့မယ္။"
ပိုင္ စစ္သူႀကီးက ေျပာခ်င္ရာေျပာၿပီး ထြက္သြားေလသည္။ သူလဲစာလိပ္ကို အျမန္ဖြင့္လိုက္သည္။ စာထဲကအေၾကာင္းအရေတာ့ စစ္ထဲမွာ ရန္ပိုင္႐ွင္းကို လုပ္ၾကံမဲ့အျပင္ ရန္သူႏိုင္ငံနဲ႔ပူးေပါင္းထားမွာ ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ဒါေၾကာင့္ သူကစစ္ပြဲထိလိုက္သြားၿပီး သူကိုယ္တိုင္ ္ရန္ပိုင္႐ွင္းကို သတ္ရမတဲ့။
စာလိပ္က သူ႔လက္ထဲကလြတ္က်သြားသည္။ ရန္ပိုင္႐ွင္းကို သတ္ရမယ္?ဒါဘယ္လို ဟာသမ်ိဳးလဲ။ မူလဇာတ္ေၾကာင္းနဲ႔အမ်ားႀကီး ေသြဖီေနၿပီျဖစ္ကာ ယြင္လုမွာေခါင္းစားရေတာ့သည္။
ပိုင္စစ္သူႀကီးက သံသယမ်ားတတ္တာမို႔ သူ႔တစ္ေယာက္ထဲကို တာဝန္ေပးမွာမဟုတ္ေခ်။ စစ္ပြဲထဲမွာ ေနာက္ေက်ာကို ဓားနဲ႔ထိုးခံရႏိုင္ေခ်အေတာ္မ်ားသျဖင့္ သူ ရန္ပိုင္႐ွင္းကို အေတာ္ စိတ္ပူမိရသည္။
ကြၽန္ေတာ္နဲ႔ လက္မထပ္ရမခ်င္း ခင္ဗ်ားေသလို႔မျဖစ္ဘူးေနာ္။ လက္ထပ္ၿပီးမွ ေသေသ။ မဟုတ္ေသးပါဘူး။ မေသပါနဲ႔။ လက္ထပ္မၿပီးခင္ေရာ ၿပီးမွေရာ မေသနဲ႔။ ဟုတ္တယ္။ ကြၽန္ေတာ္က စိတ္ေကာင္း႐ွိလို႔ ခင္ဗ်ားကို မေသေစခ်င္တာပါ။ အဲ့လိုပါပဲ။
........................................................................................................................................................
ရန္ပိုင္႐ွင္းနားမွာေတာ့ အနက္ေရာင္မိန္းမပ်ိဳေလးတစ္ဦးက တစ္ခုခုကိုခပ္တိုးတိုးေျပာေနေလသည္။ ထိုမိန္းကေလးစကားဆံုးသည္ႏွင့္ ရန္ပိုင္႐ွင္းရဲ႕မ်က္ႏွာက အနီေရာင္သမ္းလာကာ ေဒါသထြက္ေနေၾကာင္းကို သိသာေစသည္။
တစ္ဖက္မွာလဲ ယြင္လုက ဘုရင့္ေတာ္ဝင္နန္းေဆာင္ထဲမွာ လွဲေနရင္း သက္ေတာ္ေစာင့္ႏွစ္ေယာက္ကို က်ိန္ဆဲေနေလသည္။ သူ ဟိုကိုျပန္ေရာက္သည္ႏွင့္ ဘုရင့္အမိန္႔ဟုဆိုကာ နန္းေဆာင္ထဲအပိတ္ခံလိုက္ရသည္။
အစုတ္ပလုတ္ဘုရင္။ အားအား႐ွိ သူ႔နန္းေဆာင္ထဲ ပိတ္ဖို႔ပဲတတ္တယ္။ ယြင္လုက ႏႈတ္ခမ္းေလးမဆိုသေလာက္ ဆူေနၿပီျဖစ္ကာ ရန္ပိုင္႐ွင္းကိုလဲ ေမ်ွာ္ရေသးသည္။ ရန္ပိုင္႐ွင္းျပန္လာမွ သူလဲကိုယ့္အေဆာင္ကိုယ္ျပန္ရမွာေလ။
ဝွါး......။ဒီကိုေရာက္ကတည္းက အေစာႀကီးထရတာ အိပ္ေတာင္အိပ္ခ်င္လာၿပီ။ တကယ္ႀကီးအိပ္ေတာ့မွာ။ ငါ့မ်က္လံုးေတြ အေတာ္ေလးေလးေနၿပီ။ မရေတာ့ဝူး.....။ အိုေခ။နားကိုအသားကုန္စြင့္ထားမယ္။ ရန္ပိုင္႐ွင္းျပန္လာတဲ့အသံၾကားတာနဲ႔ ဒီကုတင္ေပၚက ခုန္ခ်မွျဖစ္မယ္။ ok? နားစြင့္......နားစြင့္....။
မၾကာခင္မွာပဲ ေဟာက္သံေသးေသးေလးက ဘုရင့္နန္းေဆာင္ကေန ထြက္လာေလသည္။ ရန္ပိုင္႐ွင္းက ဘုရင့္အိပ္ရာေပၚတြင္ အိပ္ေပ်ာ္ေနသည့္ ဝက္ေပါက္ေလးကိုၾကည့္ကာ ျပံဳးေနမိသည္။
အသာေလး ကုတင္ေပၚတက္ကာ ယြင္လုကိုယ္လံုးေလးကို ဖက္ထားလိုက္သည္။ ယြင္လုကိုယ္ေလးက တကယ္ကို ျဖဴျဖဴေဖာင္းေဖာင္းေလး။
ေဘးတိုက္ျမင္ေနရသည့္ပါးႀကီးေတြက ဆြဲကိုက္ခ်င္စရာ။ ရန္ပိုင္႐ွင္းက ကေလးလိုပါးေလးေတြမွာ ႏွာေခါင္းကိုႏွစ္လိုက္သည္။ ယြင္လုရဲ႕ပင္ကိုယ္ရနံ႔ေလးျဖစ္သည့္ ကေလးေပါင္ဒါလို အန႔ံေလးက သင္းပ့်ံေနေလသည္။
မေနႏိုင္မထိုင္ႏိုင္ နားရြက္ကိုတတိတိကိုက္မိျပန္ေတာ့ ဝက္ေပါက္ေလးက တအင္းအင္းလုပ္ကာ ဟိုလွည့္သည္လွည့္ႏွင့္ ႏိုးပံုလဲမရတာေၾကာင့္ သူျပံဳးလိုက္သည္။
'အရမ္းကို ခ်စ္စရာေကာင္းတာပဲ မင္း'
................................................................................................................................................
A/N
သတိ၊ တိုတယ္လို႔မေျပာရ😁😁
အိပ္ခ်င္ေနတာ တအားမို႔
အိပ္ၿပီေနာ္ ဂြတ္ႏိုက္