Zawgyi
လူတစ္ေယာက္ကို ျမဴဆြယ္ဖို႔ဆိုတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ဘူး။ ခ်စ္လာေအာင္လုပ္ဖို႔ဆိုတာ ခက္ခဲတယ္မဟုတ္လား။ ဒါေပမဲ့ ရန္ပိုင္ရွင္းသာသူ႕ကိုခ်စ္မလာရင္ လက္ထပ္ဖို႔ဆိုတာ က်ိန္းေသခက္ခဲမွာပဲ။ ဒါကိုသူလက္မခံခ်င္ဘူး။
ဒီေခတ္က အရမ္းကိုခမ္းနားၿပီး စိတ္ညစ္စရာေကာင္းလြန္းတယ္။ အိမ္သာေကာင္းေကာင္းမရွိ၊ internetမရွိနဲ႕။ ဒါေတာင္နန္းတြင္းထဲမွာ ေနရလို႔နဲနဲဇိမ္က်ေနတာေလ။ သူသာ အျပင္လူျဖစ္ၾကည့္ပါလား။ ဘာမွမလုပ္တတ္တာနဲ႕ ငတ္ေသလိမ့္မယ္။
ဟူး.......။ သူသက္ျပင္းအက်ယ္ႀကီးခ်မိေတာ့ ရတ္ခ်္က အနားလာေမးတယ္။
"မင္းအဆင္ေျပရဲ႕လား။ မနက္ျဖန္ပဲ မင္းသမီးက ရန္ပိုင္ရွင္းနဲ႕ လက္ဆက္ေတာ့မွာေနာ္။"
"ေအးေဟ့။ အဆင္ေျပမေနဘူး။ ငါဘယ္ကစၿပီး ျမဴဆြယ္ရမလဲမသိေတာ့ဘူး။ ျမန္ျမန္လက္ထပ္ရေအာင္ဆိုၿပီး ရန္ပိုင္ရွင္းအိပ္ရာေပၚတက္ဖို႔ရာလဲ ငါကေယာက်္ားႀကီးဟ။ စိတ္ေတြလဲ ေလတယ္။"
"မင္းကလဲ အရင္ဘဝက အခ်စ္ဇာတ္လမ္းေတြအမ်ားႀကီးဖတ္ခဲ့ၿပီး ခုမွ မျမဴဆြယ္တတ္ဘူးလို႔ လာမေျပာနဲ႕ေလ။"
"ဟ ငါဖတ္တဲ့ဇာတ္လမ္းေတြက မင္းသားနဲ႕မင္းသမီးက ခ်စ္ဖို႔လြယ္လိုက္တာမွ ငွက္ေပ်ာသီး အခြံခြာသလိုပဲ။ ငါ့က်မွ အုန္းသီးအခြံခြာခိုင္းသလို ခံစားေနရတယ္။"
သူတကယ္ပဲ စိတ္ညစ္ေနတာျဖစ္သည္။ မင္းသမီးက တကယ္ကို သူယွဥ္ၿပိဳင္နိုင္တဲ့ မိန္းကေလးမ်ိဳးမဟုတ္ေပ။ မင္းသမီးရဲ႕သ႐ုပ္မွန္ကို ေဖာ္ၿပီးရန္ပိုင္ရွင္းစိတ္ပ်က္ေအာင္လုပ္ရမွာကလဲ သူ႕အျမင္မွာ မင္းသမီးကလူေကာင္းျဖစ္ေနေတာ့ အဆင္မေျပ။
တကယ္လို႔ ရန္ပိုင္ရွင္း သူ႕ကိုခ်စ္လာေစခ်င္တယ္ဆို တစ္ေယာက္ေယာက္ကိုေတာ့ ခ်နင္းရမွာပဲ ျဖစ္ကာ သူေတာ့ အဲ့ဒီလိုလုံးဝမလုပ္နိုင္ပါ။ သူမ်ားကို ဒုကၡေပးတာက သူ႕အႀကိဳက္မဟုတ္ဘူးေလ။ ဒီေတာ့ တစ္ခုခုအေထာက္အကူျဖစ္လိုျဖစ္ျငား အရင္ဇာတ္ေၾကာင္းကို ျပန္သုံးသပ္ေနမိသည္။
အရင္ဇာတ္ေၾကာင္းမွာေတာ့ ပိုင္ယြင္လုက မင္းသမီးကို ျမင္ျမင္ခ်င္းခ်စ္မိတာျဖစ္ကာ မင္းသမီးနဲ႕ ဘုရင့္ရဲ႕လက္ဆက္ပြဲကို လက္မခံနိုင္ေအာင္ျဖစ္ခဲ့ရသည္။ ဒါေၾကာင့္ လက္ဆက္ပြဲမတိုင္မီ ဘုရင္ကိုလုပ္ႀကံဖို႔ စိုင္းျပင္းခဲ့တာျဖစ္သည္။ ဒါေပမဲ့ ဘုရင္ကမေသဘဲ အပါးေတာ္ၿမဲ ကုန္းကုန္းႀကီးက အသက္ေသခဲ့ရသည္။
ပိုင္ယြင္လုရဲ႕ အေလာတႀကီးလုပ္မႈေတြေၾကာင့္ ဘုရင္ကလုပ္ႀကံမႈကို ရိပ္မိသြားကာ အကုန္လုံးကို ေဖာ္ထုတ္ခဲ့သည္။မၾကာခင္မွာပင္ စစ္ပြဲတစ္ခုျဖစ္လာမွာျဖစ္ၿပီး ထိုစစ္ပြဲက မင္းသမီးနဲ႕ ဘုရင့္ကို ခ်စ္မိသြားဖို႔ လုံေလာက္တဲ့အေၾကာင္းျပခ်က္ျဖစ္လာသည္။
အဘယ္ေၾကာင့္ဆိုေသာ္ ထိုစစ္ပြဲသည္ မင္းသမီးရဲ႕နိုင္ငံကို ကူညီတဲ့စစ္ပြဲျဖစ္ၿပီး မင္းသမီးကလဲ တပ္သားေယာင္ေဆာင္ကာ ပါဝင္ခဲ့သည္။ စစ္ပြဲအလယ္တြင္ ရန္ပိုင္ရွင္းက မင္းသမီးမွန္းရိပ္မိၿပီး အနားကိုေခၚထားရာမွ သေဘာက်သြားခဲ့သည္။
နန္းေတာ္တြင္ က်န္ခဲ့သည့္ ပိုင္ယြင္လုမွာေတာ့ မင္းသမီးေပ်ာက္ေနသည့္ အတြက္စိုးရိမ္ကာ စစ္ပြဲအထိေတာင္လိုက္လာခဲ့ေပမဲ့ မင္းသမီးနဲ႕ရန္ပိုင္ရွင္းရဲ႕ အခ်စ္တိုက္ပြဲကို ၾကားၿပီးအံႀကိတ္ကာျပန္လာခဲ့ရသည္။ ဒါေၾကာင့္သူက ပိုၿပီးမခံမရပ္နိုင္ျဖစ္ကာ ညီလာခံမွာပဲ ရန္ပိုင္ရွင္းကို ေသေအာင္လုပ္ႀကံခဲ့သည္။
ဒါေပမဲ့ ေသခဲ့ရတာက ပိုင္ယြင္လုပဲ ျဖစ္ကာ ပိုင္စစ္သူႀကီးတို႔မိသားစုေတြလဲ က်ဆဳံးခဲ့ရသည္။ ဖားခ႐ု ဇာတ္လမ္း။ တကယ္လို႔ပိုင္ယြင္လုသာ မင္းသမီးကို မခ်စ္ခဲ့ဘူးဆိုရင္ ပိုင္စစ္သူႀကီးက ဘုရင္ေနရာကိုရနိုင္ေလာက္သည္။ သူကပိုင္ယြင္လုေနရာမွာ ဝင္ထားသူမို႔ မခံမရပ္နိုင္ေအာင္ ခံစားေနရသည္။
အခ်စ္က တကယ္ေတာ့လဲ ေၾကာက္စရာႀကီးပါလားေနာ္။
"ယြင္"
"ဖလူး ဖလူး"
ေရကိုငုံရင္း ေတြးေတာေနတာေၾကာင့္ ႐ုတ္တရက္ႀကီးရန္ပိုင္ရွင္းကို ေတြ႕လိုက္ရေသာအခါ ေရေတြအကုန္ျပန္ထြက္ကုန္ေတာ့သည္။
"ေတာင္းပန္ပါတယ္အရွင္။ ေတာင္းပန္ပါတယ္။"
"ငါကိုယ္ေတာ္ျပန္လာတာ မျမင္ရေလာက္ေအာင္ ဘာေတြမ်ားေတြးေနခဲ့တာလဲ။"
ရန္ပိုင္ရွင္းက စားပြဲပုေလးမွာ ေအးေအးလူလူဝင္ထိုင္ရင္းမ်က္ႏွာကို မၾကည့္ဘဲေမးေလသည္။
"ဘာမွမဟုတ္ရပါဘူး အရွင္။ အရွင့္အေစခံက ဘာမွမေတြးရပါဘူး။"
"ရီဟြားမင္းသမီးကို မင္းဘယ္လိုျမင္လဲ။"
ဒီေမးခြန္းကိုေတာ့ မ်က္လုံးကိုတည့္တည့္ၾကည့္ၿပီး ေမးတာမို႔ သူနဲနဲ သတိထားလိုက္ရသည္။
"အေတာ္ေခ်ာၿပီးေတာ့ အရွင္နဲ႕လိုက္ဖက္တယ္လို႔ထင္ပါတယ္"
စိတ္ထဲကမပါေပမဲ့ တမင္ပဲျမႇောက္ေျပာလိုက္သည္။ ဒီေမးခြန္းက မေျဖတတ္လွ်င္ျပႆနာရွိသည္ကိုး။
"တကယ္လို႔ မင္းသာေယာက်္ားေလးဆို သူ႕ကိုလက္ထပ္မွာေပါ့။"
"ဒီအေစခံ အဲဒီလိုမေတြးရပါဘူးအရွင္။"
ရန္ပိုင္ရွင္းရဲ႕မ်က္ႏွာသည္ ခ်က္ခ်င္းအေရာင္လက္လာကာ ေနာက္ေမးခြန္းတစ္ခုေျပာင္းေမးသည္။ ဒါက အလုပ္သြားေနသည့္ မိဘက အိမ္မွာက်န္ခဲ့သည့္ ကေလးကို ေမးခြန္းေတြေမးေနသည္ႏွင့္တူေလသည္။
"မင္းရဲ႕ ဓားေရးေရာ တိုးတက္လာရဲ႕လား။"
"ဒီအေစခံက ဓားကိုင္တာ မသင့္ေတာ္ဘူးထင္ပါတယ္ အရွင္။"
"ဘယ္ဟုတ္မလဲ။ ငါကိုယ္ေတာ္ရဲ႕ အနားမွာခ,စားတာဆိုေတာ့ အကုန္လုံးကိုတတ္ထားတာေကာင္းလိမ့္မယ္။ ေနာက္ေန႕ေတြမွာ ငါညီလာခံသြားတာနဲ႕ ကိုယ္ရံေတာ္ရီလာၿပီး ဓားေရးသင္ေပးလိမ့္မယ္။ ေသခ်ာသင္"
"ေကာင္းပါၿပီအရွင္။"
"အင္း...........ဒဏ္ရာႀကီးႀကီးမားမားမျဖစ္ေစနဲ႕။"
"ဟုတ္ကဲ့ပါ။ ဒီေန႕ အိပ္ေဆာင္ကို ဘယ္နန္းေဆာင္မွာ ဝင္မွာမ်ားလဲအရွင္။"
"ကိုယ္ေတာ္ဒီေန႕ ဒီမွာပဲ အိပ္ေဆာင္ဝင္မယ္။"
"ေကာင္းပါၿပီအရွင္။"
ယြင္လုက မ်က္ရိပ္ျပလိုက္တာနဲ႕ တာဝန္က် ကုန္းကုန္းေလးက ဒီေန႕အလွည့္က်သည့္မိဖုရားဆီ မင္းႀကီးႂကြလာမွာ မဟုတ္ေၾကာင္းသြား၍အသိေပးေလသည္။ ယြင္လုက ကုန္းကုန္းႀကီးေနရာမွာ ရာထူးရတာမို႔ သူမ်ားထက္ထူးၿပီး အာဏာရွိသည္။
"ကိုယ္ေတာ့္ဆံပင္ေတြရႈပ္ေနၿပီထင္ရဲ႕။"
"ဒီအေစခံကၿဖီးေပးပါ့မယ္အရွင္။"
ေငြမင္ေရာင္ဆံပင္ေတြက ရွည္လ်ားကာ လွပေနလ်က္ရွိသည္။ ဒါေတြက ေပ်ာ့ေပ်ာင္းေနတာမို႔ ယြင္လုေတာင္ အေတာ္ေလးသေဘာက်မိသည္။ ဆံပင္ၿဖီးတာၿပီးသြားခ်ိန္တြင္ ရန္ပိုင္ရွင္းက ထိုင္လ်က္သား အိပ္ေပ်ာ္ေနၿပီထင္၏။ ကုန္းကုန္းေလးကလဲ ျပန္မလာေသးတာမို႔ ခန္းေဆာင္အတြင္းမွာ သူတို႔ႏွစ္ေယာက္ထဲရွိသည္။
ယြင္လုက ရန္ပိုင္ရွင္းမ်က္ႏွာကို ေစ့ေစ့စပ္စပ္ၾကည့္ေနသည္။ ဒီလူက တကယ္ခန႔္ညားသည့္ မ်က္ႏွာကိုပိုင္ဆိုင္ထားတာျဖစ္သည္။ တစ္ခ်က္ၾကည့္႐ုံနဲ႕ Seme ေနရာကဆိုတာ ေသခ်ာသည္။ ဒီလူ မေကြးတာႏွေျမာစရာပဲ။ ဒီလူသာေကြးရင္ ငါနဲ႕......။ သူ႕အေတြးမဆုံးခင္ သူ႕ေခါင္းသူ ႏွစ္ခ်က္ေလာက္ရိုက္ပစ္ရသည္။
ငါ့အေတြးေတြမူမမွန္ေတာ့ဘူး။ ေဖာက္ျပန္ေနၿပီ!
ရန္ပိုင္ရွင္းကို မနိုင့္တနိုင္မကာ အိပ္ရာေပၚေ႐ႊ႕ေပးလိုက္သည္။ ညေနပဲရွိေသးေပမဲ့ ပင္ပန္းေနတယ္ထင္တာေၾကာင့္ ႏွိုးမေနေတာ့။ သူေတြးမိတာတစ္ခုက စစ္ပြဲစရင္ သူပါလိုက္သြားၿပီးအနားမွာေနရမည္။ ဒါဆိုသူတို႔လက္မထပ္ရေတာင္ မင္းသမီးနဲ႕ခ်စ္နိုင္ေခ်နည္းသြားလိမ့္မည္။
မင္းသမီးနဲ႕ခ်စ္မိသြားရင္ သူ႕ကိုလက္ထပ္ဖို႔က ဇီးရိုးရာခိုင္ႏႈန္းပဲ ျဖစ္လိမ့္မည္။ ဟင့္အင္း။ ခင္ဗ်ား သူမ ကို မခ်စ္ရဘူးေနာ္။
....................................................................................................................................................................................................
လက္ဆက္ပြဲက နန္းေတာ္ထဲက ဥယ်ာဥ္တစ္ခုမွာ က်င္းပသည္။ အေဆာင္အေယာင္ေတြအားလုံးကို အနီေရာင္ျပင္ထားသည့္အျပင္ နန္းတြင္းသူေတြက အစ အနီေရာင္ဝတ္စုံေတြကိုယ္စီႏွင့္ ရဲပေတာင္းခတ္ေနေတာ့သည္။
သတို႔သမီးက အနီေရာင္ပဝါေလးကိုေခါင္းမွာ႐ုံကာ အခမ္းအနားထဲတြင္ ထိုင္ေနေလသည္။ သူမ ရဲ႕ေဘးမွာ အနီေရာင္နဂါးဝတ္႐ုံနဲ႕ ရန္ပိုင္ရွင္းကထိုင္ေနသည္။ နန္းေတာ္တစ္ခုလုံးက မိဖုရားေတြပါမက်န္ အခမ္းအနားကို လာေရာက္ဂုဏ္ျပဳေပးရသည္။
မႉးႀကီးမတ္ႀကီးေတြရဲ႕ မိသားစုဝင္ေတြပါ အခမ္းအနားကိုတက္ၾကသည္။ ဒီလိုပြဲမ်ိဳးသည္ ေတာ္ဝင္မိသားစုအသီးသီးမွ သမီးမ်ားကို သားမက္ဖမ္းပြဲႏွင့္ ပို၍တူေလသည္။ သမီးရွင္မ်ားသည္ သူတို႔၏သမီးမ်ားကို လွသထက္လွေအာင္ျပင္ေပးကာ သူတို႔ထက္အဆင့္ျမင့္ေသာ အိမ္မွ သားမ်ား သေဘာက်ေအာင္ လုပ္တတ္ၾကသည္။
ဒါေၾကာင့္ မိန္းကေလးေတြအကုန္လုံးက အစြမ္းကုန္လွေနၾကကာ ပါးေလးေတြကလဲ ရွက္ေသြးနဲ႕ရဲေနေလသည္။ ယြင္လုကေတာ့ ပါးေလးရဲေနေပမဲ့ တျခားမိန္းကေလးေတြလို ရွက္ေသြးေၾကာင့္ေတာ့ မဟုတ္ပါေပ။ ေဒါသထြက္၍ျဖစ္သည္။
အလကား။ ႏွာဘူးဘုရင္ ။ မိဘုရားကေတာင္ အေယာက္၇၀ရွိၿပီ။ ဒါေတာင္ကိုယ္လုပ္ေတာ္ေတြကို ထည့္မတြက္ရေသးလို႔။ ခုလဲၾကည့္ပါဦး။ ရီဟြားမင္းသမီးရဲ႕ လက္ကိုကိုင္ထားတယ္ေလ။ ခင္ဗ်ားႀကီး ေတာ္ေတာ္မလြန္လြန္းဘူးလား။
သူ႕စိတ္ထဲ အဲ့ဒီလက္ႀကီးကိုသာ သြားၿပီးျဖဳတ္လိုက္ခ်င္ေတာ့သည္။ ရန္ပိုင္ရွင္းကလဲ အေနာက္ကရေနသည့္ သဝန္တိုမႈ အေငြ႕အသက္မ်ားေၾကာင့္ ၿပဳံးကာ လက္ကိုပိုတင္းေနေအာင္ဆုပ္ကိုင္ထားလိုက္သည္။
'မင္းရဲ႕ ျမဴဆြယ္မဲ့အစီအစဥ္ကို ပိုျမန္ေအာင္လုပ္ၿပီး ကိုယ့္ကို ျမဴဆြယ္လိုက္စမ္းပါ ကိုယ့္ရဲ႕ ယြင္ေလး'
..............................................................................................................................................................................................
A/N
မေကာင္းမ်ားမေကာင္းဘူးလားဟင္။ ခုတေလာေရးရတာ ကြန္ဖီးဒန႔္မရွိလြန္းလို႔ ရပ္ထားမိတာပါ။ လိုတာမ်ားရွိရင္အားမနာတမ္းေျပာနိုင္ပါတယ္။ ေန႕တိုင္းေရးေပးပါေတာ့မယ္ေနာ္။ ႀကိဳးစားၿပီးေတာ့ေလ။ ၾကာေနမိတဲ့အတြက္ တအားအားနာတယ္။ ထပ္ေျပာခ်င္တာကေတာ့ ေတာင္းပန္ပါတယ္ကြယ္။ ညေရာက္ရင္ေနာက္တစ္ပိုင္းလာပါ့မယ္။ ဟဲဟဲ
Love you, my all readers(including silent readers) and please direct me how to write well. 😍😍
Uni
လူတစ်ယောက်ကိုမြူဆွယ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ချစ်လာအောင်လုပ်ဖို့ဆိုတာ ခက်ခဲတယ်မဟုတ်လား။ ဒါပေမဲ့ ရန်ပိုင်ရှင်းသာသူ့ကိုချစ်မလာရင် လက်ထပ်ဖို့ဆိုတာ ကျိန်းသေခက်ခဲမှာပဲ။ ဒါကိုသူလက်မခံချင်ဘူး။
ဒီခေတ်က အရမ်းကိုခမ်းနားပြီး စိတ်ညစ်စရာကောင်းလွန်းတယ်။ အိမ်သာကောင်းကောင်းမရှိ၊ internetမရှိနဲ့။ ဒါတောင်နန်းတွင်းထဲမှာ နေရလို့နဲနဲဇိမ်ကျနေတာလေ။ သူသာ အပြင်လူဖြစ်ကြည့်ပါလား။ ဘာမှမလုပ်တတ်တာနဲ့ ငတ်သေလိမ့်မယ်။
ဟူး.......။ သူသက်ပြင်းအကျယ်ကြီးချမိတော့ ရတ်ချ်က အနားလာမေးတယ်။
"မင်းအဆင်ပြေရဲ့လား။ မနက်ဖြန်ပဲ မင်းသမီးက ရန်ပိုင်ရှင်းနဲ့ လက်ဆက်တော့မှာနော်။"
"အေးဟေ့။ အဆင်ပြေမနေဘူး။ ငါဘယ်ကစပြီး မြူဆွယ်ရမလဲမသိတော့ဘူး။ မြန်မြန်လက်ထပ်ရအောင်ဆိုပြီး ရန်ပိုင်ရှင်းအိပ်ရာပေါ်တက်ဖို့ရာလဲ ငါကယောကျ်ားကြီးဟ။ စိတ်တွေလဲ လေတယ်။"
"မင်းကလဲ အရင်ဘဝက အချစ်ဇာတ်လမ်းတွေအများကြီးဖတ်ခဲ့ပြီး ခုမှ မမြူဆွယ်တတ်ဘူးလို့ လာမပြောနဲ့လေ။"
"ဟ ငါဖတ်တဲ့ဇာတ်လမ်းတွေက မင်းသားနဲ့မင်းသမီးက ချစ်ဖို့လွယ်လိုက်တာမှ ငှက်ပျောသီး အခွံခွာသလိုပဲ။ ငါ့ကျမှ အုန်းသီးအခွံခွာခိုင်းသလို ခံစားနေရတယ်။"
သူတကယ်ပဲ စိတ်ညစ်နေတာဖြစ်သည်။ မင်းသမီးက တကယ်ကို သူယှဥ်ပြိုင်နိုင်တဲ့ မိန်းကလေးမျိုးမဟုတ်ပေ။ မင်းသမီးရဲ့သရုပ်မှန်ကို ဖော်ပြီးရန်ပိုင်ရှင်းစိတ်ပျက်အောင်လုပ်ရမှာကလဲ သူ့အမြင်မှာ မင်းသမီးကလူကောင်းဖြစ်နေတော့ အဆင်မပြေ။
တကယ်လို့ ရန်ပိုင်ရှင်း သူ့ကိုချစ်လာစေချင်တယ်ဆို တစ်ယောက်ယောက်ကိုတော့ ချနင်းရမှာပဲ ဖြစ်ကာ သူတော့ အဲ့ဒီလိုလုံးဝမလုပ်နိုင်ပါ။ သူများကို ဒုက္ခပေးတာက သူ့အကြိုက်မဟုတ်ဘူးလေ။ ဒီတော့ တစ်ခုခုအထောက်အကူဖြစ်လိုဖြစ်ငြား အရင်ဇာတ်ကြောင်းကို ပြန်သုံးသပ်နေမိသည်။
အရင်ဇာတ်ကြောင်းမှာတော့ ပိုင်ယွင်လုက မင်းသမီးကို မြင်မြင်ချင်းချစ်မိတာဖြစ်ကာ မင်းသမီးနဲ့ ဘုရင့်ရဲ့လက်ဆက်ပွဲကို လက်မခံနိုင်အောင်ဖြစ်ခဲ့ရသည်။ ဒါကြောင့် လက်ဆက်ပွဲမတိုင်မီ ဘုရင်ကိုလုပ်ကြံဖို့ စိုင်းပြင်းခဲ့တာဖြစ်သည်။ ဒါပေမဲ့ ဘုရင်ကမသေဘဲ အပါးတော်မြဲ ကုန်းကုန်းကြီးက အသက်သေခဲ့ရသည်။
ပိုင်ယွင်လုရဲ့ အလောတကြီးလုပ်မှုတွေကြောင့် ဘုရင်ကလုပ်ကြံမှုကို ရိပ်မိသွားကာ အကုန်လုံးကို ဖော်ထုတ်ခဲ့သည်။မကြာခင်မှာပင် စစ်ပွဲတစ်ခုဖြစ်လာမှာဖြစ်ပြီး ထိုစစ်ပွဲက မင်းသမီးနဲ့ ဘုရင့်ကို ချစ်မိသွားဖို့ လုံလောက်တဲ့အကြောင်းပြချက်ဖြစ်လာသည်။
အဘယ်ကြောင့်ဆိုသော် ထိုစစ်ပွဲသည် မင်းသမီးရဲ့နိုင်ငံကို ကူညီတဲ့စစ်ပွဲဖြစ်ပြီး မင်းသမီးကလဲ တပ်သားယောင်ဆောင်ကာ ပါဝင်ခဲ့သည်။ စစ်ပွဲအလယ်တွင် ရန်ပိုင်ရှင်းက မင်းသမီးမှန်းရိပ်မိပြီး အနားကိုခေါ်ထားရာမှ သဘောကျသွားခဲ့သည်။
နန်းတော်တွင် ကျန်ခဲ့သည့် ပိုင်ယွင်လုမှာတော့ မင်းသမီးပျောက်နေသည့် အတွက်စိုးရိမ်ကာ စစ်ပွဲအထိတောင်လိုက်လာခဲ့ပေမဲ့ မင်းသမီးနဲ့ရန်ပိုင်ရှင်းရဲ့ အချစ်တိုက်ပွဲကို ကြားပြီးအံကြိတ်ကာပြန်လာခဲ့ရသည်။ ဒါကြောင့်သူက ပိုပြီးမခံမရပ်နိုင်ဖြစ်ကာ ညီလာခံမှာပဲ ရန်ပိုင်ရှင်းကို သေအောင်လုပ်ကြံခဲ့သည်။
ဒါပေမဲ့ သေခဲ့ရတာက ပိုင်ယွင်လုပဲ ဖြစ်ကာ ပိုင်စစ်သူကြီးတို့မိသားစုတွေလဲ ကျဆုံးခဲ့ရသည်။ ဖားခရု ဇာတ်လမ်း။ တကယ်လို့ပိုင်ယွင်လုသာ မင်းသမီးကို မချစ်ခဲ့ဘူးဆိုရင် ပိုင်စစ်သူကြီးက ဘုရင်နေရာကိုရနိုင်လောက်သည်။ သူကပိုင်ယွင်လုနေရာမှာ ဝင်ထားသူမို့ မခံမရပ်နိုင်အောင် ခံစားနေရသည်။
အချစ်က တကယ်တော့လဲ ကြောက်စရာကြီးပါလားနော်။
"ယွင်"
"ဖလူး ဖလူး"
ရေကိုငုံရင်း တွေးတောနေတာကြောင့် ရုတ်တရက်ကြီးရန်ပိုင်ရှင်းကို တွေ့လိုက်ရသောအခါ ရေတွေအကုန်ပြန်ထွက်ကုန်တော့သည်။
"တောင်းပန်ပါတယ်အရှင်။ တောင်းပန်ပါတယ်။"
"ငါကိုယ်တော်ပြန်လာတာ မမြင်ရလောက်အောင် ဘာတွေများတွေးနေခဲ့တာလဲ။"
ရန်ပိုင်ရှင်းက စားပွဲပုလေးမှာ အေးအေးလူလူဝင်ထိုင်ရင်းမျက်နှာကို မကြည့်ဘဲမေးလေသည်။
"ဘာမှမဟုတ်ရပါဘူး အရှင်။ အရှင့်အစေခံက ဘာမှမတွေးရပါဘူး။"
"ရီဟွားမင်းသမီးကို မင်းဘယ်လိုမြင်လဲ။"
ဒီမေးခွန်းကိုတော့ မျက်လုံးကိုတည့်တည့်ကြည့်ပြီး မေးတာမို့ သူနဲနဲ သတိထားလိုက်ရသည်။
"အတော်ချောပြီးတော့ အရှင်နဲ့လိုက်ဖက်တယ်လို့ထင်ပါတယ်"
စိတ်ထဲကမပါပေမဲ့ တမင်ပဲမြှောက်ပြောလိုက်သည်။ ဒီမေးခွန်းက မဖြေတတ်လျှင်ပြဿနာရှိသည်ကိုး။
"တကယ်လို့ မင်းသာယောကျ်ားလေးဆို သူ့ကိုလက်ထပ်မှာပေါ့။"
"ဒီအစေခံ အဲဒီလိုမတွေးရပါဘူးအရှင်။"
ရန်ပိုင်ရှင်းရဲ့မျက်နှာသည် ချက်ချင်းအရောင်လက်လာကာ နောက်မေးခွန်းတစ်ခုပြောင်းမေးသည်။ ဒါက အလုပ်သွားနေသည့် မိဘက အိမ်မှာကျန်ခဲ့သည့် ကလေးကို မေးခွန်းတွေမေးနေသည်နှင့်တူလေသည်။
"မင်းရဲ့ ဓားရေးရော တိုးတက်လာရဲ့လား။"
"ဒီအစေခံက ဓားကိုင်တာ မသင့်တော်ဘူးထင်ပါတယ် အရှင်။"
"ဘယ်ဟုတ်မလဲ။ ငါကိုယ်တော်ရဲ့ အနားမှာခ,စားတာဆိုတော့ အကုန်လုံးကိုတတ်ထားတာကောင်းလိမ့်မယ်။ နောက်နေ့တွေမှာ ငါညီလာခံသွားတာနဲ့ ကိုယ်ရံတော်ရီလာပြီး ဓားရေးသင်ပေးလိမ့်မယ်။ သေချာသင်"
"ကောင်းပါပြီအရှင်။"
"အင်း...........ဒဏ်ရာကြီးကြီးမားမားမဖြစ်စေနဲ့။"
"ဟုတ်ကဲ့ပါ။ ဒီနေ့ အိပ်ဆောင်ကို ဘယ်နန်းဆောင်မှာ ဝင်မှာများလဲအရှင်။"
"ကိုယ်တော်ဒီနေ့ ဒီမှာပဲ အိပ်ဆောင်ဝင်မယ်။"
"ကောင်းပါပြီအရှင်။"
ယွင်လုက မျက်ရိပ်ပြလိုက်တာနဲ့ တာဝန်ကျ ကုန်းကုန်းလေးက ဒီနေ့အလှည့်ကျသည့်မိဖုရားဆီ မင်းကြီးကြွလာမှာ မဟုတ်ကြောင်းသွား၍အသိပေးလေသည်။ ယွင်လုက ကုန်းကုန်းကြီးနေရာမှာ ရာထူးရတာမို့ သူများထက်ထူးပြီး အာဏာရှိသည်။
"ကိုယ်တော့်ဆံပင်တွေရှုပ်နေပြီထင်ရဲ့။"
"ဒီအစေခံကဖြီးပေးပါ့မယ်အရှင်။"
ငွေမင်ရောင်ဆံပင်တွေက ရှည်လျားကာ လှပနေလျက်ရှိသည်။ ဒါတွေက ပျော့ပျောင်းနေတာမို့ ယွင်လုတောင် အတော်လေးသဘောကျမိသည်။ ဆံပင်ဖြီးတာပြီးသွားချိန်တွင် ရန်ပိုင်ရှင်းက ထိုင်လျက်သား အိပ်ပျော်နေပြီထင်၏။ ကုန်းကုန်းလေးကလဲ ပြန်မလာသေးတာမို့ ခန်းဆောင်အတွင်းမှာ သူတို့နှစ်ယောက်ထဲရှိသည်။
ယွင်လုက ရန်ပိုင်ရှင်းမျက်နှာကို စေ့စေ့စပ်စပ်ကြည့်နေသည်။ ဒီလူက တကယ်ခန့်ညားသည့် မျက်နှာကိုပိုင်ဆိုင်ထားတာဖြစ်သည်။ တစ်ချက်ကြည့်ရုံနဲ့ Seme နေရာကဆိုတာ သေချာသည်။ ဒီလူ မကွေးတာနှမြောစရာပဲ။ ဒီလူသာကွေးရင် ငါနဲ့......။ သူ့အတွေးမဆုံးခင် သူ့ခေါင်းသူ နှစ်ချက်လောက်ရိုက်ပစ်ရသည်။
ငါ့အတွေးတွေမူမမှန်တော့ဘူး။ ဖောက်ပြန်နေပြီ!
ရန်ပိုင်ရှင်းကို မနိုင့်တနိုင်မကာ အိပ်ရာပေါ်ရွှေ့ပေးလိုက်သည်။ ညနေပဲရှိသေးပေမဲ့ ပင်ပန်းနေတယ်ထင်တာကြောင့် နှိုးမနေတော့။ သူတွေးမိတာတစ်ခုက စစ်ပွဲစရင် သူပါလိုက်သွားပြီးအနားမှာနေရမည်။ ဒါဆိုသူတို့လက်မထပ်ရတောင် မင်းသမီးနဲ့ချစ်နိုင်ချေနည်းသွားလိမ့်မည်။
မင်းသမီးနဲ့ချစ်မိသွားရင် သူ့ကိုလက်ထပ်ဖို့က ဇီးရိုးရာခိုင်နှုန်းပဲ ဖြစ်လိမ့်မည်။ ဟင့်အင်း။ ခင်ဗျား သူမ ကို မချစ်ရဘူးနော်။
....................................................................................................................................................................................................
လက်ဆက်ပွဲက နန်းတော်ထဲက ဥယျာဥ်တစ်ခုမှာ ကျင်းပသည်။ အဆောင်အယောင်တွေအားလုံးကို အနီရောင်ပြင်ထားသည့်အပြင် နန်းတွင်းသူတွေက အစ အနီရောင်ဝတ်စုံတွေကိုယ်စီနှင့် ရဲပတောင်းခတ်နေတော့သည်။
သတို့သမီးက အနီရောင်ပဝါလေးကိုခေါင်းမှာရုံကာ အခမ်းအနားထဲတွင် ထိုင်နေလေသည်။ သူမ ရဲ့ဘေးမှာ အနီရောင်နဂါးဝတ်ရုံနဲ့ ရန်ပိုင်ရှင်းကထိုင်နေသည်။ နန်းတော်တစ်ခုလုံးက မိဖုရားတွေပါမကျန် အခမ်းအနားကို လာရောက်ဂုဏ်ပြုပေးရသည်။
မှူးကြီးမတ်ကြီးတွေရဲ့ မိသားစုဝင်တွေပါ အခမ်းအနားကိုတက်ကြသည်။ ဒီလိုပွဲမျိုးသည် တော်ဝင်မိသားစုအသီးသီးမှ သမီးများကို သားမက်ဖမ်းပွဲနှင့် ပို၍တူလေသည်။ သမီးရှင်များသည် သူတို့၏သမီးများကို လှသထက်လှအောင်ပြင်ပေးကာ သူတို့ထက်အဆင့်မြင့်သော အိမ်မှ သားများ သဘောကျအောင် လုပ်တတ်ကြသည်။
ဒါကြောင့် မိန်းကလေးတွေအကုန်လုံးက အစွမ်းကုန်လှနေကြကာ ပါးလေးတွေကလဲ ရှက်သွေးနဲ့ရဲနေလေသည်။ ယွင်လုကတော့ ပါးလေးရဲနေပေမဲ့ တခြားမိန်းကလေးတွေလို ရှက်သွေးကြောင့်တော့ မဟုတ်ပါပေ။ ဒေါသထွက်၍ဖြစ်သည်။
အလကား။ နှာဘူးဘုရင် ။ မိဘုရားကတောင် အယောက်၇၀ရှိပြီ။ ဒါတောင်ကိုယ်လုပ်တော်တွေကို ထည့်မတွက်ရသေးလို့။ ခုလဲကြည့်ပါဦး။ ရီဟွားမင်းသမီးရဲ့ လက်ကိုကိုင်ထားတယ်လေ။ ခင်ဗျားကြီး တော်တော်မလွန်လွန်းဘူးလား။
သူ့စိတ်ထဲ အဲ့ဒီလက်ကြီးကိုသာ သွားပြီးဖြုတ်လိုက်ချင်တော့သည်။ ရန်ပိုင်ရှင်းကလဲ အနောက်ကရနေသည့် သဝန်တိုမှု အငွေ့အသက်များကြောင့် ပြုံးကာ လက်ကိုပိုတင်းနေအောင်ဆုပ်ကိုင်ထားလိုက်သည်။
'မင်းရဲ့ မြူဆွယ်မဲ့အစီအစဥ်ကို ပိုမြန်အောင်လုပ်ပြီး ကိုယ့်ကို မြူဆွယ်လိုက်စမ်းပါ ကိုယ့်ရဲ့ ယွင်လေး'
..............................................................................................................................................................................................
A/N
မကောင်းများမကောင်းဘူးလားဟင်။ ခုတလောရေးရတာ ကွန်ဖီးဒန့်မရှိလွန်းလို့ ရပ်ထားမိတာပါ။ လိုတာများရှိရင်အားမနာတမ်းပြောနိုင်ပါတယ်။ နေ့တိုင်းရေးပေးပါတော့မယ်နော်။ ကြိုးစားပြီးတော့လေ။ ကြာနေမိတဲ့အတွက် တအားအားနာတယ်။ ထပ်ပြောချင်တာကတော့ တောင်းပန်ပါတယ်ကွယ်။ ညရောက်ရင်နောက်တစ်ပိုင်းလာပါ့မယ်။ ဟဲဟဲ
Love you, my all readers(including silent readers) and please direct me how to write well. 😍😍