ကမ္ဘာပျက်ကပ်ကစစ်သည်တော်

By Swae_Nyoe

429K 59.8K 298

ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ) More

Description
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
part 44
part 45
part 46
part 47
part 48
part 49
Part 50
Part 51
part 52
Part 53
Part 54 Unicode
Part 55
Part 56
Part 57
part 58
part 59
part 60
part 61
part 62
part 63
part 64
part 65
part 66
part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part105
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 115
Part 116
Part 117
Part 118
Part 119
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
Part 131
Part 132
Part 133
Part 134
Part 135
Part 136
Part 137
Part 138
Part 139
Part 140
Part 141
Part 142
Part 143
Part 144
Part 145
Part 146
Part 147
Part 148
Part 149
Part 150
Part 151
Part 152
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
Part 165
Part 166
Part 167
Part 168
Part 169
Part 170
Part 171
Part 172
Part 173
Part 174
Part 175
Part 176
Part 177
Part 178
Part 179
Part 180
Part 181
Part 182
Part 183
Part 184
Part 185
Part 186
တယ်လီမှာ အစအဆုံး ပြီးဆုံးပြီ ဖြစ်ပါကြောင်း
Part 187
Part 188
Part 189
Part 190
Part 191
Part 192
Part 193
Part 194
Part 195
Part 196
Telegram ကို လာခဲ့နော်
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်ထားပါကြောင်း

Part 106

1.7K 271 0
By Swae_Nyoe

Unicode
အခန်း (၁ဝ၆)

"ဟား ဟား ဟား”

အပေါ်ထပ်မှ ချူးဟောင်လင်း အလောတကြီး ဆင်းပြေးလာသဖြင့် ယန်းဟွိုင်အန်းနှင့် သူငယ်ချင်းတို့ လူးလှိမ့်ရယ်မော နေကြသည်။ အကြောင်းမှာ ချူးဟောင်လင်းကို အပေါ်ထပ်သို့ တက်ရန် ဉာဏ်ဆင်ခဲ့သော သူတို့၏ အစီအစဉ်က အောင်မြင် သွားလေသည်။ ခေါင်းဆောင်နှင့် ယွင်ချဲ့တို့၏ ကိုယ်ပိုင်အချိန် သူဝင်နှောင့်ယှက်ခဲ့ခြင်း ဖြစ်မည်။

"ခင်ဗျားကြီးတို့ ကျုပ်ကို အကွက် ချခဲ့တယ်ပေါ့လေ .. ခင်ဗျားတို့ကို သတ်မယ်”

ချူးဟောင်လင်း ဉာဏ်မတုံးသော်ငြား အစားကိုသာ အာရုံရောက် နေခဲ့ခြင်းကြောင့် မစဉ်းစားမိလိုက်ပေ။ အကွက်ချခံရကြောင်း သိလိုက်သည်နှင့် သူတို့အပေါ် ချူးဟောင်လင်း ဒေါသတို့ ဖွင့်ချလိုက်သည်။ အိမ်သို့ ရောက်လာသော ကျိုးဇယ်ယွီနှင့် အခြားသူတို့မှာ ဆိုဖာပေါ်တွင်လျက် ထိုလူတစ်စုကို တိတ်ဆိတ်စွာ ကြည့်နေကြလေသည်။ မြေခွေးလေးနှင့်  ဆော့ကစားနေသော ချန်ချန် ပင်လျှင် ရယ်မော ခုန်ပေါက် နေကြသည့် သူတို့ကိုကြည့်လျက် ဆိုဖာပေါ်တွင်ရပ်ကာ လက်ခုပ်တီး နေသည်။

"ချန်ချန် သတိထား ပြုတ်ကျမယ်"

ယဲ့ရှင်းချန်က ချန်ချန်ကို မပြုတ်ကျအောင် ကြည့်ပေးနေပြီး မြေခွေးလေးက ကျန်းရှန် လက်ထဲသို့ ရောက်သွားသည်။

"ဟုတ်ကဲ့ .. လုပ်ထား ဉီးဉီး ချူး .. ဉီးဉီး ယန် .. ဉီးဉီး ရှန်း ..."

တစ်ယောက်စီကို နာမည်ခေါ်ကာ ချန်ချန် အားပေးနေသည်။ သူတို့၏ သတ်ပုတ်ဆူညံနေကြသည်တို့ကို တစ်အိမ်လုံး ကြားနေရပြီး ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ ဆင်းလာသည်အထိ ထိုရန်ပွဲ မပြီးသေးပေ။ ယွင်ချဲ့လည်း ရှင်းဖုန်း လှည့်ကြည့်ကာ ကိုယ့်လူကိုယ်ထိန်းရန် လိုကြောင်း အချက်ပြလိုက်ပြီး မီးဖိုခန်းထဲသို့ ဝင်သွားလေသည်။ ရှင်းဖုန်း သမာဓိစိတ်မဲ့ကာ လုံးထွေးနေသော လူအုပ်ထံ ဉီးတည် သွားလေသည်။

ဘုတ်

ရုန်းကန် သတ်ပုတ်နေရင်း ယွီဝမ်းချင် အပေါ်သို့ ဖက်တက်နေသော ချူးဟောင်လင်း သူ၏နောက်ကျောဘက်မှ အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည်။ လှည့်ကြည့်လိုက်ရာ ခေါင်းဆောင်၏ အလွန် ကြောက်မက်ဖွယ် ကောင်းလှသော မျက်နှာထားကြောင့် ချုးဟောင်လင်း ကြောက်လန့်ကာ ပြုတ်ကျသွားသည်။ နာကျင်နေသည်ကို အာရုံမထားနိုင်ဘဲ ချူးဟောင်လင်း သနားစဖွယ် မျက်နှာဖြင့် ရှင်းဖုန်းကို ကြည့်လိုက်သည်။

"ကျွန်တော် မှားပါတယ် ခေါင်းဆောင် ... နောက်ထပ် မဖြစ်စေရပါဘူး ကတိပေးပါတယ်"

"ဘယ်သူ့အကြံလဲ"

ချူးဟောင်လင်းကို လျစ်လျူရှုကာ ရှင်းဖုန်း ဘေးမှဖြတ်သွားကာ ထိုင်ခုံပေါ် ထိုင်လိုက်ပြီး သူ၏ချစ်စဖွယ် ညီအစ်ကိုများကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်ရာ ကူးမင်ရွှမ်းနှင့် အခြားသူများ ကြက်သီး ထကုန်သည်။ အပြစ်ကင်းသူများ သဖွယ် ဟန်မူပို နေကြသော်လည်း ရှင်းဖုန်းကို မျက်လုံးချင်း မဆုံရဲကြပေ။

ဉာဏ်ထက်ပြီး ထိုးထွင်း သိမြင်နိုင်သော ရှင်းဖုန်းက အကြောင်းရာစုံကို ခဏလေးအတွင်း သဘောပေါက် သွားလေသည်။

"မနက်ဖြန်ကစပြီး အဖွဲ့တိုင်း နေ့စဉ် တာဝန်အနေနဲ့ အဆင့်နိမ့် အမြုတေတစ်ထောင် ရှာလာရမယ်"

"ဘာ"

ရှင်းဖုန်း၏ အမိန့်ကြောင့် အားလုံး ကြောင်အမ်အမ်း ဖြစ်ကုန်သည်။ အဆင့်နိမ့် အမြုတေမှာ အဆင့် ဝ နှင့် အဆင့် ၁ ဖြစ်ကြပြီး သူတို့အတွက် အဆင့် ဝ ဖုတ်ကောင်နှင့် အဆင့် ၁ ဖုတ်ကောင်များကို သုတ်သင်ရန်မှာ တံမြက်စည်း လှဲသည်ထက် ပို၍လွယ်ကူသည်။ သို့သော် ပြဿနာမှာ ရှင်းဖုန်းက အမြုတေ ယူလာရန် ပြောသည့်အပြင် အချို့အဆင့်နိမ့် ဖုတ်ကောင်များမှာ အမြုတေ မရှိကြသည့်အတွက် တစ်နေ့လျှင် အနည်းဆုံး  ဖုတ်ကောင် ၁၅ဝဝ ကျော်လောက် သုတ်သင် ရှင်းလင်းရမည် ဖြစ်သည်။ အဖွဲ့ဝင် အရေအတွက် ၁၂ ယောက်ရှိသဖြင့် တစ်ယောက်လျှင် ၇၅ ကောင် တာဝန်ယူရမည်ဖြစ်ပြီး ထိုပမာဏတွင် သူတို့နေ့စဉ် လုပ်ဆောင်ရသည့် တာဝန်အရ ရှင်းလင်းရသည့် ဖုတ်ကောင်များ မပါဝင်ပေ။ အပြစ်ဒဏ်က အလွန် များသွားပြီ မဟုတ်လား။ ရှင်းဖုန်းက သူတို့ကို ပင်ပန်းကြီးလေးစွာ လုပ်စေချင်နေသည်လား။

"တစ်ထောင်က မလုံလောက်ဘူးလား ဒါဆိုရင် နှစ်ထောင်...."

"လောက်တယ် လောက်တယ် .. လောက်တာထက်ကို ပိုနေပါပြီ"

ရှင်းဖုန်း အေးစက်စက်ကြည့်ကာ စကား စလိုက်သည်နှင့် သူ၏အဖွဲ့သားတို့ အသည်းအသန် လက်ခါယမ်းကာ လုံလောက်ကြောင်း ပြောလေသည်။ ထပ်တိုးလျှင် ဖုတ်ကောင်များကို ရှင်းလင်းနေစဉ် အမောဆို့ကာ သေရလိမ့်မည်။ ယခုနေ သူတို့ စကားမဖြတ်ထားလျှင် ခေါင်းဆောင်က ၂ ဆတိုးလိမ့်မည်ကို သိထားကြသည်။ သူတို့၏ ခေါင်းဆောင်ကို နောက်တစ်ကြိမ် စနောက်ခြင်း မပြုမိရန် စဉ်းစားဆင်ခြင် ရတော့မည်။

"ဟို .. ခေါင်းဆောင် .. တကယ်လို့ အဆင့် ၂ အမြုတေရခဲ့ရင် အရေအတွက်လျော့ပေးလို့ရလား"

စွမ်းအားရှင်များလည်း အဆင့်တက် လာသကဲ့သို့ ဖုတ်ကောင် များသည်လည်း ပိုမိုလျင်မြန်စွာ အဆင့်တက် လာကြသဖြင့် အဆင့်နိမ့် ဖုတ်ကောင်များစွာ ရှိကြသည့်အပြင် အဆင့် ၂ ဖုတ်ကောင်များလည်း ရှိလာပြီဖြစ်သည်။

"အဆင့် ၂ အမြုတေဆိုရင် အဆင့်နိမ့် အခု ၅ဝ"

ကံကောင်းစွာပင် သူတို့ကို ရှင်းဖုန်း အခက်ကြုံအောင် မလုပ်ပေ။ အပြစ်ဒဏ် ပေးသည်ထက် ယွင်ချဲ့ အတွက် အမြုတေများစွာ စုဆောင်းနိုင်ရန် ကူညီပေးခြင်း ဖြစ်သည်။

"ဟူး တော်သေးတာပေါ့"

အားလုံး စိတ်သက်သာရာ ရသွားကြသည်။ ထိုတာဝန် လုပ်ဆောင်နေစဉ် အမြုတေ တစ်ဝက်ကို စုဆောင်းနိုင်လျှင် အနားယူရန် အချိန်ပို ရလာမည်ဖြစ်သည်။

"နောက်တစ်ခါ ထပ်ဖြစ်ခဲ့ရင် ..."

"မဖြစ်စေရဘူး မဖြစ်စေရပါဘူး .. ကတိပေးတယ်"

ရှင်းဖုန်း စကားဆုံးအောင်ပင် မပြောရသေး တစ်ပြိုင်နက်တည်း ပြောဆိုကတိပေးလိုက်ကြသည်။ သင်ခန်းစာ ရသွားပြီ ဖြစ်သောကြောင့် နောက်ထပ် လုပ်ရဲကြတော့မည်မဟုတ်ပေ။

ရှင်းဖုန်းလည်း သူ၏အဖွဲ့သားများကို သတိပေးဟန်နှင့် ကြည့်လိုက်ပြီး အဝေးကို ပြန်ကြည့်ကာ သူတို့ကို ခဏအနားယူ စေလိုက်သည်။ ချူးဟောင်လင်း နှင့် အခြားသူများမှာ မာရည်ကျောရည် ရှိသော်လည်း ရှင်းဖုန်း ရှိနေသည့်အခါတွင် မခုတ်တတ်သော ကြောင်လေးများ သဖွယ် ငြိမ်ကုပ်နေကြသဖြင့် ရှင်းဖုန်းကို ကျိုးဇယ်ယွီ လေးစားမိသည်။ ခေါင်းဆောင် ရှင်းက အလွန်ပင်လေးစားထိုက်ပေသည်။

"ပြီးပြီလား .. လာကြတော့ ထမင်းစားရအောင်"

ယွင်ချဲ့လည်း လက်ထဲတွင် ဟင်းခွက်များကို ကိုင်ကာ ဧည့်ခန်းကို ဝှေ့ကြည့်လိုက်သည်။ သူ၏မျက်နှာထက်မှ အပြုံးမှာ အနည်းငယ် မရိုးသားယောင် ရှိနေသည်။ စားပွဲက အလွန်သေးသဖြင့် စားသောက်ဖွယ် အချို့ကို အခြား တစ်နေရာတွင် တင်ထားရသည်။ ထို့နောက် စားပွဲငယ်ကို ဖယ်လိုက်ပြီး လူအယောက် ၂ဝ ဆံ့သော စားပွဲကို ယူထုတ်လိုက်သည်။ အဆင်သင့်စွာ မီးဖိုခန်းမှာလည်း ထိုစားပွဲကြီး ဆံ့သည်အထိ အလွန် ကြီးမားနေသည်။

"ကျွန်တော်ကူပေးမယ်"

အနားယူခွင့် ရပြီးနောက် ချူးဟောင်လင်း အမြန်ထကာ ယွင်ချဲ့ကို ကူပေးလိုက်သည်။ အခြားသူများလည်း အဆောတလျင် ထားသွားကြပြီး ချန်ချန်လည်း ရှောင်ပိုင်ကို ခေါ်ကာ ထသွားလေသည်။ ရှောင်ပိုင်ကို ဂရုစိုက်ပေးမည်ဖြစ်ပြီး ရှောင်ပိုင် နှင့်အတူ ရေချိုးစားသောက်မည်ဟု ကတိပေးထားသည်ကို သူ၏စိတ်ထဲတွင် စွဲမြဲစွာ မှတ်သား ထားလိုက်သည်။

ယနေ့ည ညစာသည် စားသောက်ပွဲကြီး ဖြစ်နေသည်မှာ မလွဲဧကန်ပင်။ အသား၊ ငါးများနှင့် ရေခဲသေတ္တာ အအေးခန်းထဲမှ ယွင်ချဲ့ လာခဲ့သော ဂဏန်းများလည်း ပါဝင်သည်။ ယနေ့ညတွင် သူတို့မြိန်ရည်ယှက်ရည် စားသောက်ရပေတော့မည်။ ကပ်ဘေး မဖြစ်စဉ်က ထိုသို့စားပွဲမျိုးကိုလည်း အလွန်ကြီးမားသော စားသောက်ပွဲဟု သတ်မှတ်နိုင်သည်။

"လာစားကြလေ"

စားပွဲတွင် ထိုင်နေကြသူများက ရင်းနှီးထားပြီးသော သူငယ်ချင်းများ ဖြစ်ကြသဖြင့် ယွင်ချဲ့လည်း အမြန်ပင် လောကွတ်ပြုလိုက်ပြီး တူတစ်စုံကို ယူလိုက်လေသည်။

"ပြောရဉီးမယ် ကြက်သားကြော်က စားလို့ အကောင်းဆုံးပဲ .. အစ်ကို ချဲ့ .. ကျွန်တော်ဒီမှာနေ့တိုင်း လာစားလို့ရလား"

ကြက်သားချောင်းကို ပါးစပ်ထဲတွင် ဝါးလျက် လတ်တလောတင် ဖြစ်ခဲ့သည်ကို မေ့သွားပုံရသော ချူးဟောင်လင်းက မျှော်လင့်ချက် အပြည့်တို့နှင့် ယွင်ချဲ့ကို ကြည့်ကာ မေးလိုက်သည်။

"မင်းလား မရဘူး .. ညစာ စားနေချိန်တောင် မင်းတိတ်တိတ်လေး မနေနိုင်ဘူး"

ချူးဟောင်လင်းကို ပြုံးလျက်ကြည့်လိုက်ပြီး ယွင်ချဲ့ စဉ်းစားခြင်းပင် မရှိဘဲ ပြန်ပြောလိုက်သည်။ စကားများ မြည်တွန်တောက်တီးသူ ရှိနေပြီး ဖြစ်သောကြောင့် နောက်ထပ်တစ်ယောက်နှင့် သူမနေနိုင်တော့ပေ။ အခုတစ်ယောက်က အစားအတွက် ဘာပဲလုပ်ရလုပ်ရ လုပ်မည့်ပုံပင်။

အခြားသူများလည်း ခေါင်းတခါခါနှင့် ကြည့်နေကြလေသည်။ အစားကြူး ချူးဟောင်လင်း က လက်မလျော့သေးဘဲ ...

"လုပ်ပါ အစ်ကို ချဲ့ ... ကျွန်တော် များများစားပြီး စကားနည်းနည်းပဲ ပြောမယ်လေနော်"

"မင်းစကား နည်းနည်းပဲ ပြောတဲ့နေ့ ဓါးမိုး ရွာလာလိမ့်မယ် .. အကုန်လုံးကို ငဲ့ညှာပြီး မင်းကိုယ်မင်း မဖြစ်နိုင်တာလုပ်ဖို့ တွန်းအားမပေးနဲ့"

ရှင်းဖုန်း အခွံခွာကာ သူ့အတွက် ဖယ်ထားပေးသော ပုစွန်ထုပ်ကြီးကို ယွင်ချဲ့ ယူစားလျက် ချူးဟောင်လင်းကို စနောက်လိုက်သည်။

"ဟား ဟား ဟား .."

တစ်ခန်းလုံး ရယ်မောသံနှင့် ပြည့်နှက် သွားလေရာ ချူးဟောင်လင်းမှာ အနိုင်ကျင့် ခံရသူကဲ့သို့ ယွင်ချဲ့ကို မကျေနပ်စွာ ကြည့်လိုက်သည်။ သို့သော် သူစကားနည်းသည် ဆိုသည်က မဖြစ်နိုင်သဖြင့် သူ့အတွက် သနားစဖွယ် ဖြစ်နေပြန်သည်။

"ပုစွန်ဆီပြန်က တော်တော် စားကောင်းတာပဲ .. မမယောင် လက်စွမ်းထက် လာတယ်နော်"

တစ်ဖက်တွင်လည်း ကျန်းရှန်၏ အကူအညီဖြင့် ယဲ့ရှင်းချန်မှာ ပုစွန်ထုပ်ကြီးများကို ကျေနပ်စွာ စားသောက် နေလေသည်။ ယဲ့ရှင်းချန် စကားကြောင့် ကျန်းရှန်လည်း ပုစွန်ထုပ် ၃ ပုံ ၂ ပုံကို သူ၏ပန်းကန်ထဲသို့ ထည့်လိုက်ရာ ပုစွန်ထုပ်ယူရန် လက်လှမ်းနေသော ကျိုးဇယ်ယွီ ဆွံ့အ သွားရသည်။ သူ၏တူတစ်စုံက လေထဲတွင် တန့်နေရပြီး သူပုစွန်တစ်ကောင်တောင်ပင် မစားလိုက်ရပေ။

"ချန်ချန် ငါးများများစား .. ဒါက ဉာဏ်ကောင်းစေတယ်"

ကျိုးဇယ်ယွီကို သတိမထားမိဘဲ ယဲ့ရှင်းချန်က ငါးအသားလွှာကို ချန်ချန် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဉီးဉီး ယဲ့"

လိမ္မာစွာ ကျေးဇူးတင်လိုက်ပြီး ငါးအသားလွှာကို ချန်ချန် ယူစားလိုက်သည်။ ကျန်းရှန်လည်း ငါးအသားတို့ကို ယဲ့ရှင်းချန် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"ဒါရော စားဉီး"

"အင်းပါ မင်းလည်း စားဉီးလေ ကျန်းရှန်"

ကျန်းရှန်ကို ပြုံးပြလျက် ယဲ့ရှင်းချန်လည်း ထိုငါးအသားကို ယူစားလိုက်သည်။

"ဟုတ် ဟုတ်"

ကျန်းရှန် ကျေနပ်စွာ ခေါင်းညိတ်ရင်း ယဲ့ရှန်းချန် အတွက် ပုစွန်များကို အခွံခွာပေးရာ ယဲ့ရှင်းချန်လည်း နှစ်ခြိုက်စွာ စားသောက်နေသည်။

"ကြက်သား စွပ်ပြုတ်လည်း သောက်လို့ကောင်း ..."

"အစ်ကိုယဲ့ရာ တော်ပါတော့ .. ဆက်ပြီး ချီးကျူးနေရင် ကျွန်တော်တို့အတွက် ဘာမှမကျန်ဘဲနေမယ်"

ယဲ့ချင်းရှန် စကားမဆုံးမီ ကျိုးဇယ်ယွီ ငိုချင်းချသံနှင့် အော်ပြောလိုက်သည်။

"ကျန်းရှန်ရဲ့ မျက်လုံးတွေက စွပ်ပြုတ်အိုးကို စိုက်ကြည့်နေတာ ပေါက်ထွက်တော့မယ် ... အချင်းချင်း တော်တော် ချစ်ကြတာ သိပါတယ် ဒါပေမယ့် ကျွန်တော်တို့ကိုလည်း ပြန်ကြည့်ပါဉီး အစာငတ်ခံ စေချင်လို့လား .. စင်ဂယ်တွေကို ခွဲခြားခွဲခြားလုပ်တာ အပြစ်ပေးခံရမယ်"

"အာ... ဟီး ဆောရီး"

နောက်ဆုံးတွင် ကျိုးဇယ်ယွီ၏ မကျေနပ်ချက်ကို ယဲ့ရှင်းချန် သိသွားပြီး ပြုံးပြကာ ကျန်းရှန် ကို လှည့်ကြည့်လျက် ...

"တော်တော့ ကျန်းရှန် ငါမစားနိုင်တော့ဘူး"

ကျန်းရှန်မှာ ချစ်စရာ ကောင်းသည်ထက် ပို၍ချစ်စရာ ကောင်းလာသည်။ သူ့ကို ပစ်မထား နိုင်တော့ကြောင့် ယဲ့ရှင်းချန် သဘောပေါက် လာရသည်။

"ဒါဆိုလည်း ကျွန်တော် စားမယ်"

ကျန်းရှန်မှာ ဘာဖြစ်နေသည်ကို မသိဘဲ စင်ဂယ် ကောင်လေးတို့ကို ထပ်မံ ဖိနှိပ်လိုက်ပြန်သဖြင့် သူတို့ကို အပြစ်ပေးရန်ပင် စဉ်းစားမိလိုက်ကြသည်။

"မင်းတို့ မနာလို ဖြစ်နေကြရင် ချစ်သူတစ်ယောက်လောက် ရှာလိုက်ကြပေါ့ .. ကျန်းရှန် ကိုကြည့် .. ဆွဲဆောင်မှုရှိတဲ့ တစ်ယောက်ယောက်ကို ရှာလိုက်"

စိတ်ဆိုးနေကြသော အုပ်စုကို သတိထား မိလိုက်သဖြင့် ယွင်ချဲ့ စနောက် ပြောဆိုလိုက်သည်။

"ဟုတ်တယ် .. ကျွန်တော့်လို ချောချောလေးမှ ကောင်းတယ်"

မထင်မှတ်စွာ ကျန်းရှန် စကားပြော လာသော်လည်း အဖွဲ့ထဲတွင် ဒေါသလှိုင်းများ ထသွားပြီး စိတ်ထဲမှ ပြောဆိုနေကြလေသည်။

'မင်းပါးစပ်ပိတ် ထားလို့ မရဘူးလား .. ဘယ်သူမှ မရှိပေမယ့် ယဲ့ရှန်းချန်က မင်းအနားရှိနေပေးလို့ ကံကောင်းတယ်မှတ်'

သူတို့၏ ချိုမြိန်သော အချစ်က စိတ်ဆိုးနေသော သူများအတွက် အလွန်ချဉ်လှသည်။

"ဟုတ်တယ် ကျန်းရှန် က တော်တော်ချောတာ .. သူ့ကို သဘောကျတယ်"

ကျန်းရှန် အပေါ် ကျရောက်နေသော ဒေါသ အကြည့်များကို သတိမထားမိဘဲ ယဲ့ရှင်းချန်က ထပ်လောင်း ဖြည့်ပြောလိုက်သည်။ ကျန်းရှန်၏ မျက်နှာမှာ ဝင်းလက်လာပြီး အမြီးသာ ရှိနေလျှင် ပြုတ်ထွက်မတတ် လှုပ်ယမ်း နေမည်မှာ အမှန်ပင်။

"ဒီနှစ်ယောက်ကို မီးလောင်တိုက်သွင်းလိုက်ရ”

ကျိုးဇယ်ယွီလည်း အတွေးများကို ထုတ်ပြောလိုက်ပြီး ကျန်သော သူတို့မှာလည်း ပန်းကန်ထဲရှိ အစားအသောက်များကို ထိုးဆွကာ ဒေါသဖြေနေကြသည်။

ညစာစားကြပြီးနောက် စကားပြောဆို နေကြပြီး အိပ်ချိန်ရောက်သည့် အခါမှသာ ကိုယ့်နေရာအသီးသီးသို့ သွားကြလေသည်။

"မင်းဒီည ငါနဲ့အိပ်ချင်လား .. ငါစောင့်နေမယ်လေ"

အိမ်ရှေ့တံခါး နားတွင် ယွင်ချဲ့ကို နံရံမှီစေလျက် ရှင်းဖုန်း မေးလိုက်သည်။ ရက်များစွာ ကြာအောင် အလုပ်ပင်ပန်းခဲ့ ရပြီးနောက် အခွင့်အရေးကို လက်မလွှတ်ချင်တော့ပေ။

"ဒီညမရဘူး"

သူတို့နှစ်ဉီး ဆန္ဒမှာ အလွန် ကြီးမားပြီး ယွင်ချဲ့မှာ ရှင်းဖုန်း နှင့်အတူတူ ရှိနေချင်သော်လည်း ယွင်ချန်မှာ စမ်းရေထဲတွင် ရှိနေသေးသဖြင့် ယနေ့ညတွင် နယ်မြေထဲသို့ သူသွားရဉီးမည် ဖြစ်သည်။

"မနက်ဖြန်ညရော"

ရှင်းဖုန်း မေးကာ ခေါင်းငုံ့လိုက်ပြီး ယွင်ချဲ့ နှုတ်ခမ်းကို အသာကိုက် လိုက်သည်။

"အင်း .. ရှောင်ချန်က မနက်ဖြန် နယ်မြေထဲက ထွက်လာမှာ ဟေးယွီရောပဲ .. ကျွန်တော်ခိုးထွက်လို့ ရမယ်ထင်လား"

ရှင်းဖုန်း လည်ပင်းကို လှမ်းဖက်ပြီး ယွင်ချဲ့ သဘောကျစွာ ရယ်လိုက်သည်။ သူ၏လူက သည်းမခံနိုင်တော့ပုံပင်။

"အင်း ..."

ရှင်းဖုန်း မည်သို့ပြန်ဖြေရမည်ကို မသိတော့သဖြင့် ယွင်ချဲ့ နှုတ်ခမ်းကိုသာ ပြင်းထန်စွာ စုပ်ယူ နမ်းရှိုက်လိုက်သည်။ သူ၏ကောင်လေး နှင့်အတူ ချစ်စခန်းဝင်ရန် သူ မစောင့်တော့ပေ။ ငါ့ရဲ့ချဲ့ လေးနဲ့ အိပ်ဖို့ရာ ဘာကြောင့် ဒီလောက် ခဲယဉ်းရတာလဲ။
***

Zawgyi
အခန္း (၁ဝ၆)

"ဟား ဟား ဟား”

အေပၚထပ္မွ ခ်ဴးေဟာင္လင္း အေလာတႀကီး ဆင္းေျပးလာသျဖင့္ ယန္းဟြိုင္အန္းႏွင့္ သူငယ္ခ်င္းတို႔ လူးလွိမ့္ရယ္ေမာ ေနၾကသည္။ အေၾကာင္းမွာ ခ်ဴးေဟာင္လင္းကို အေပၚထပ္သို႔ တက္ရန္ ဉာဏ္ဆင္ခဲ့ေသာ သူတို႔၏ အစီအစဥ္က ေအာင္ျမင္ သြားေလသည္။ ေခါင္းေဆာင္ႏွင့္ ယြင္ခ်ဲ့တို႔၏ ကိုယ္ပိုင္အခ်ိန္ သူဝင္ေႏွာင့္ယွက္ခဲ့ျခင္း ျဖစ္မည္။

"ခင္ဗ်ားႀကီးတို႔ က်ဳပ္ကို အကြက္ ခ်ခဲ့တယ္ေပါ့ေလ .. ခင္ဗ်ားတို႔ကို သတ္မယ္”

ခ်ဴးေဟာင္လင္း ဉာဏ္မတုံးေသာ္ျငား အစားကိုသာ အာ႐ုံေရာက္ ေနခဲ့ျခင္းေၾကာင့္ မစဥ္းစားမိလိုက္ေပ။ အကြက္ခ်ခံရေၾကာင္း သိလိုက္သည္ႏွင့္ သူတို႔အေပၚ ခ်ဴးေဟာင္လင္း ေဒါသတို႔ ဖြင့္ခ်လိဳက္သည္။ အိမ္သို႔ ေရာက္လာေသာ က်ိဳးဇယ္ယြီႏွင့္ အျခားသူတို႔မွာ ဆိုဖာေပၚတြင္လ်က္ ထိုလူတစ္စုကို တိတ္ဆိတ္စြာ ၾကည့္ေနၾကေလသည္။ ေျမေခြးေလးႏွင့္  ေဆာ့ကစားေနေသာ ခ်န္ခ်န္ ပင္လွ်င္ ရယ္ေမာ ခုန္ေပါက္ ေနၾကသည့္ သူတို႔ကိုၾကည့္လ်က္ ဆိုဖာေပၚတြင္ရပ္ကာ လက္ခုပ္တီး ေနသည္။

"ခ်န္ခ်န္ သတိထား ျပဳတ္က်မယ္"

ယဲ့ရွင္းခ်န္က ခ်န္ခ်န္ကို မျပဳတ္က်ေအာင္ ၾကည့္ေပးေနၿပီး ေျမေခြးေလးက က်န္းရွန္ လက္ထဲသို႔ ေရာက္သြားသည္။

"ဟုတ္ကဲ့ .. လုပ္ထား ဉီးဉီး ခ်ဴး .. ဉီးဉီး ယန္ .. ဉီးဉီး ရွန္း ..."

တစ္ေယာက္စီကို နာမည္ေခၚကာ ခ်န္ခ်န္ အားေပးေနသည္။ သူတို႔၏ သတ္ပုတ္ဆူညံေနၾကသည္တို႔ကို တစ္အိမ္လုံး ၾကားေနရၿပီး ရွင္းဖုန္းႏွင့္ ယြင္ခ်ဲ့တို႔ ဆင္းလာသည္အထိ ထိုရန္ပြဲ မၿပီးေသးေပ။ ယြင္ခ်ဲ့လည္း ရွင္းဖုန္း လွည့္ၾကည့္ကာ ကိုယ့္လူကိုယ္ထိန္းရန္ လိုေၾကာင္း အခ်က္ျပလိုက္ၿပီး မီးဖိုခန္းထဲသို႔ ဝင္သြားေလသည္။ ရွင္းဖုန္း သမာဓိစိတ္မဲ့ကာ လုံးေထြးေနေသာ လူအုပ္ထံ ဉီးတည္ သြားေလသည္။

ဘုတ္

႐ုန္းကန္ သတ္ပုတ္ေနရင္း ယြီဝမ္းခ်င္ အေပၚသို႔ ဖက္တက္ေနေသာ ခ်ဴးေဟာင္လင္း သူ၏ေနာက္ေက်ာဘက္မွ အႏၲရာယ္ အေငြ႕အသက္ကို ခံစားမိလိုက္သည္။ လွည့္ၾကည့္လိုက္ရာ ေခါင္းေဆာင္၏ အလြန္ ေၾကာက္မက္ဖြယ္ ေကာင္းလွေသာ မ်က္ႏွာထားေၾကာင့္ ခ်ဳးေဟာင္လင္း ေၾကာက္လန့္ကာ ျပဳတ္က်သြားသည္။ နာက်င္ေနသည္ကို အာ႐ုံမထားနိုင္ဘဲ ခ်ဴးေဟာင္လင္း သနားစဖြယ္ မ်က္ႏွာျဖင့္ ရွင္းဖုန္းကို ၾကည့္လိုက္သည္။

"ကြၽန္ေတာ္ မွားပါတယ္ ေခါင္းေဆာင္ ... ေနာက္ထပ္ မျဖစ္ေစရပါဘူး ကတိေပးပါတယ္"

"ဘယ္သူ႕အႀကံလဲ"

ခ်ဴးေဟာင္လင္းကို လ်စ္လ်ဴရႈကာ ရွင္းဖုန္း ေဘးမွျဖတ္သြားကာ ထိုင္ခုံေပၚ ထိုင္လိုက္ၿပီး သူ၏ခ်စ္စဖြယ္ ညီအစ္ကိုမ်ားကို စူးရွေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္ရာ ကူးမင္႐ႊမ္းႏွင့္ အျခားသူမ်ား ၾကက္သီး ထကုန္သည္။ အျပစ္ကင္းသူမ်ား သဖြယ္ ဟန္မူပို ေနၾကေသာ္လည္း ရွင္းဖုန္းကို မ်က္လုံးခ်င္း မဆုံရဲၾကေပ။

ဉာဏ္ထက္ၿပီး ထိုးထြင္း သိျမင္နိုင္ေသာ ရွင္းဖုန္းက အေၾကာင္းရာစုံကို ခဏေလးအတြင္း သေဘာေပါက္ သြားေလသည္။

"မနက္ျဖန္ကစၿပီး အဖြဲ႕တိုင္း ေန႕စဥ္ တာဝန္အေနနဲ႕ အဆင့္နိမ့္ အျမဳေတတစ္ေထာင္ ရွာလာရမယ္"

"ဘာ"

ရွင္းဖုန္း၏ အမိန့္ေၾကာင့္ အားလုံး ေၾကာင္အမ္အမ္း ျဖစ္ကုန္သည္။ အဆင့္နိမ့္ အျမဳေတမွာ အဆင့္ ဝ ႏွင့္ အဆင့္ ၁ ျဖစ္ၾကၿပီး သူတို႔အတြက္ အဆင့္ ဝ ဖုတ္ေကာင္ႏွင့္ အဆင့္ ၁ ဖုတ္ေကာင္မ်ားကို သုတ္သင္ရန္မွာ တံျမက္စည္း လွဲသည္ထက္ ပို၍လြယ္ကူသည္။ သို႔ေသာ္ ျပႆနာမွာ ရွင္းဖုန္းက အျမဳေတ ယူလာရန္ ေျပာသည့္အျပင္ အခ်ိဳ႕အဆင့္နိမ့္ ဖုတ္ေကာင္မ်ားမွာ အျမဳေတ မရွိၾကသည့္အတြက္ တစ္ေန႕လွ်င္ အနည္းဆုံး  ဖုတ္ေကာင္ ၁၅ဝဝ ေက်ာ္ေလာက္ သုတ္သင္ ရွင္းလင္းရမည္ ျဖစ္သည္။ အဖြဲ႕ဝင္ အေရအတြက္ ၁၂ ေယာက္ရွိသျဖင့္ တစ္ေယာက္လွ်င္ ၇၅ ေကာင္ တာဝန္ယူရမည္ျဖစ္ၿပီး ထိုပမာဏတြင္ သူတို႔ေန႕စဥ္ လုပ္ေဆာင္ရသည့္ တာဝန္အရ ရွင္းလင္းရသည့္ ဖုတ္ေကာင္မ်ား မပါဝင္ေပ။ အျပစ္ဒဏ္က အလြန္ မ်ားသြားၿပီ မဟုတ္လား။ ရွင္းဖုန္းက သူတို႔ကို ပင္ပန္းႀကီးေလးစြာ လုပ္ေစခ်င္ေနသည္လား။

"တစ္ေထာင္က မလုံေလာက္ဘူးလား ဒါဆိုရင္ ႏွစ္ေထာင္...."

"ေလာက္တယ္ ေလာက္တယ္ .. ေလာက္တာထက္ကို ပိုေနပါၿပီ"

ရွင္းဖုန္း ေအးစက္စက္ၾကည့္ကာ စကား စလိုက္သည္ႏွင့္ သူ၏အဖြဲ႕သားတို႔ အသည္းအသန္ လက္ခါယမ္းကာ လုံေလာက္ေၾကာင္း ေျပာေလသည္။ ထပ္တိုးလွ်င္ ဖုတ္ေကာင္မ်ားကို ရွင္းလင္းေနစဥ္ အေမာဆို႔ကာ ေသရလိမ့္မည္။ ယခုေန သူတို႔ စကားမျဖတ္ထားလွ်င္ ေခါင္းေဆာင္က ၂ ဆတိုးလိမ့္မည္ကို သိထားၾကသည္။ သူတို႔၏ ေခါင္းေဆာင္ကို ေနာက္တစ္ႀကိမ္ စေနာက္ျခင္း မျပဳမိရန္ စဥ္းစားဆင္ျခင္ ရေတာ့မည္။

"ဟို .. ေခါင္းေဆာင္ .. တကယ္လို႔ အဆင့္ ၂ အျမဳေတရခဲ့ရင္ အေရအတြက္ေလ်ာ့ေပးလို႔ရလား"

စြမ္းအားရွင္မ်ားလည္း အဆင့္တက္ လာသကဲ့သို႔ ဖုတ္ေကာင္ မ်ားသည္လည္း ပိုမိုလ်င္ျမန္စြာ အဆင့္တက္ လာၾကသျဖင့္ အဆင့္နိမ့္ ဖုတ္ေကာင္မ်ားစြာ ရွိၾကသည့္အျပင္ အဆင့္ ၂ ဖုတ္ေကာင္မ်ားလည္း ရွိလာၿပီျဖစ္သည္။

"အဆင့္ ၂ အျမဳေတဆိုရင္ အဆင့္နိမ့္ အခု ၅ဝ"

ကံေကာင္းစြာပင္ သူတို႔ကို ရွင္းဖုန္း အခက္ႀကဳံေအာင္ မလုပ္ေပ။ အျပစ္ဒဏ္ ေပးသည္ထက္ ယြင္ခ်ဲ့ အတြက္ အျမဳေတမ်ားစြာ စုေဆာင္းနိုင္ရန္ ကူညီေပးျခင္း ျဖစ္သည္။

"ဟူး ေတာ္ေသးတာေပါ့"

အားလုံး စိတ္သက္သာရာ ရသြားၾကသည္။ ထိုတာဝန္ လုပ္ေဆာင္ေနစဥ္ အျမဳေတ တစ္ဝက္ကို စုေဆာင္းနိုင္လွ်င္ အနားယူရန္ အခ်ိန္ပို ရလာမည္ျဖစ္သည္။

"ေနာက္တစ္ခါ ထပ္ျဖစ္ခဲ့ရင္ ..."

"မျဖစ္ေစရဘူး မျဖစ္ေစရပါဘူး .. ကတိေပးတယ္"

ရွင္းဖုန္း စကားဆုံးေအာင္ပင္ မေျပာရေသး တစ္ၿပိဳင္နက္တည္း ေျပာဆိုကတိေပးလိုက္ၾကသည္။ သင္ခန္းစာ ရသြားၿပီ ျဖစ္ေသာေၾကာင့္ ေနာက္ထပ္ လုပ္ရဲၾကေတာ့မည္မဟုတ္ေပ။

ရွင္းဖုန္းလည္း သူ၏အဖြဲ႕သားမ်ားကို သတိေပးဟန္ႏွင့္ ၾကည့္လိုက္ၿပီး အေဝးကို ျပန္ၾကည့္ကာ သူတို႔ကို ခဏအနားယူ ေစလိုက္သည္။ ခ်ဴးေဟာင္လင္း ႏွင့္ အျခားသူမ်ားမွာ မာရည္ေက်ာရည္ ရွိေသာ္လည္း ရွင္းဖုန္း ရွိေနသည့္အခါတြင္ မခုတ္တတ္ေသာ ေၾကာင္ေလးမ်ား သဖြယ္ ၿငိမ္ကုပ္ေနၾကသျဖင့္ ရွင္းဖုန္းကို က်ိဳးဇယ္ယြီ ေလးစားမိသည္။ ေခါင္းေဆာင္ ရွင္းက အလြန္ပင္ေလးစားထိုက္ေပသည္။

"ၿပီးၿပီလား .. လာၾကေတာ့ ထမင္းစားရေအာင္"

ယြင္ခ်ဲ့လည္း လက္ထဲတြင္ ဟင္းခြက္မ်ားကို ကိုင္ကာ ဧည့္ခန္းကို ေဝွ႕ၾကည့္လိုက္သည္။ သူ၏မ်က္ႏွာထက္မွ အၿပဳံးမွာ အနည္းငယ္ မရိုးသားေယာင္ ရွိေနသည္။ စားပြဲက အလြန္ေသးသျဖင့္ စားေသာက္ဖြယ္ အခ်ိဳ႕ကို အျခား တစ္ေနရာတြင္ တင္ထားရသည္။ ထို႔ေနာက္ စားပြဲငယ္ကို ဖယ္လိုက္ၿပီး လူအေယာက္ ၂ဝ ဆံ့ေသာ စားပြဲကို ယူထုတ္လိုက္သည္။ အဆင္သင့္စြာ မီးဖိုခန္းမွာလည္း ထိုစားပြဲႀကီး ဆံ့သည္အထိ အလြန္ ႀကီးမားေနသည္။

"ကြၽန္ေတာ္ကူေပးမယ္"

အနားယူခြင့္ ရၿပီးေနာက္ ခ်ဴးေဟာင္လင္း အျမန္ထကာ ယြင္ခ်ဲ့ကို ကူေပးလိုက္သည္။ အျခားသူမ်ားလည္း အေဆာတလ်င္ ထားသြားၾကၿပီး ခ်န္ခ်န္လည္း ေရွာင္ပိုင္ကို ေခၚကာ ထသြားေလသည္။ ေရွာင္ပိုင္ကို ဂ႐ုစိုက္ေပးမည္ျဖစ္ၿပီး ေရွာင္ပိုင္ ႏွင့္အတူ ေရခ်ိဳးစားေသာက္မည္ဟု ကတိေပးထားသည္ကို သူ၏စိတ္ထဲတြင္ စြဲၿမဲစြာ မွတ္သား ထားလိုက္သည္။

ယေန႕ည ညစာသည္ စားေသာက္ပြဲႀကီး ျဖစ္ေနသည္မွာ မလြဲဧကန္ပင္။ အသား၊ ငါးမ်ားႏွင့္ ေရခဲေသတၱာ အေအးခန္းထဲမွ ယြင္ခ်ဲ့ လာခဲ့ေသာ ဂဏန္းမ်ားလည္း ပါဝင္သည္။ ယေန႕ညတြင္ သူတို႔ၿမိန္ရည္ယွက္ရည္ စားေသာက္ရေပေတာ့မည္။ ကပ္ေဘး မျဖစ္စဥ္က ထိုသို႔စားပြဲမ်ိဳးကိုလည္း အလြန္ႀကီးမားေသာ စားေသာက္ပြဲဟု သတ္မွတ္နိုင္သည္။

"လာစားၾကေလ"

စားပြဲတြင္ ထိုင္ေနၾကသူမ်ားက ရင္းႏွီးထားၿပီးေသာ သူငယ္ခ်င္းမ်ား ျဖစ္ၾကသျဖင့္ ယြင္ခ်ဲ့လည္း အျမန္ပင္ ေလာကြတ္ျပဳလိုက္ၿပီး တူတစ္စုံကို ယူလိုက္ေလသည္။

"ေျပာရဉီးမယ္ ၾကက္သားေၾကာ္က စားလို႔ အေကာင္းဆုံးပဲ .. အစ္ကို ခ်ဲ့ .. ကြၽန္ေတာ္ဒီမွာေန႕တိုင္း လာစားလို႔ရလား"

ၾကက္သားေခ်ာင္းကို ပါးစပ္ထဲတြင္ ဝါးလ်က္ လတ္တေလာတင္ ျဖစ္ခဲ့သည္ကို ေမ့သြားပုံရေသာ ခ်ဴးေဟာင္လင္းက ေမွ်ာ္လင့္ခ်က္ အျပည့္တို႔ႏွင့္ ယြင္ခ်ဲ့ကို ၾကည့္ကာ ေမးလိုက္သည္။

"မင္းလား မရဘူး .. ညစာ စားေနခ်ိန္ေတာင္ မင္းတိတ္တိတ္ေလး မေနနိုင္ဘူး"

ခ်ဴးေဟာင္လင္းကို ၿပဳံးလ်က္ၾကည့္လိုက္ၿပီး ယြင္ခ်ဲ့ စဥ္းစားျခင္းပင္ မရွိဘဲ ျပန္ေျပာလိုက္သည္။ စကားမ်ား ျမည္တြန္ေတာက္တီးသူ ရွိေနၿပီး ျဖစ္ေသာေၾကာင့္ ေနာက္ထပ္တစ္ေယာက္ႏွင့္ သူမေနနိုင္ေတာ့ေပ။ အခုတစ္ေယာက္က အစားအတြက္ ဘာပဲလုပ္ရလုပ္ရ လုပ္မည့္ပုံပင္။

အျခားသူမ်ားလည္း ေခါင္းတခါခါႏွင့္ ၾကည့္ေနၾကေလသည္။ အစားၾကဴး ခ်ဴးေဟာင္လင္း က လက္မေလ်ာ့ေသးဘဲ ...

"လုပ္ပါ အစ္ကို ခ်ဲ့ ... ကြၽန္ေတာ္ မ်ားမ်ားစားၿပီး စကားနည္းနည္းပဲ ေျပာမယ္ေလေနာ္"

"မင္းစကား နည္းနည္းပဲ ေျပာတဲ့ေန႕ ဓါးမိုး ႐ြာလာလိမ့္မယ္ .. အကုန္လုံးကို ငဲ့ညွာၿပီး မင္းကိုယ္မင္း မျဖစ္နိုင္တာလုပ္ဖို႔ တြန္းအားမေပးနဲ႕"

ရွင္းဖုန္း အခြံခြာကာ သူ႕အတြက္ ဖယ္ထားေပးေသာ ပုစြန္ထုပ္ႀကီးကို ယြင္ခ်ဲ့ ယူစားလ်က္ ခ်ဴးေဟာင္လင္းကို စေနာက္လိုက္သည္။

"ဟား ဟား ဟား .."

တစ္ခန္းလုံး ရယ္ေမာသံႏွင့္ ျပည့္ႏွက္ သြားေလရာ ခ်ဴးေဟာင္လင္းမွာ အနိုင္က်င့္ ခံရသူကဲ့သို႔ ယြင္ခ်ဲ့ကို မေက်နပ္စြာ ၾကည့္လိုက္သည္။ သို႔ေသာ္ သူစကားနည္းသည္ ဆိုသည္က မျဖစ္နိုင္သျဖင့္ သူ႕အတြက္ သနားစဖြယ္ ျဖစ္ေနျပန္သည္။

"ပုစြန္ဆီျပန္က ေတာ္ေတာ္ စားေကာင္းတာပဲ .. မမေယာင္ လက္စြမ္းထက္ လာတယ္ေနာ္"

တစ္ဖက္တြင္လည္း က်န္းရွန္၏ အကူအညီျဖင့္ ယဲ့ရွင္းခ်န္မွာ ပုစြန္ထုပ္ႀကီးမ်ားကို ေက်နပ္စြာ စားေသာက္ ေနေလသည္။ ယဲ့ရွင္းခ်န္ စကားေၾကာင့္ က်န္းရွန္လည္း ပုစြန္ထုပ္ ၃ ပုံ ၂ ပုံကို သူ၏ပန္းကန္ထဲသို႔ ထည့္လိုက္ရာ ပုစြန္ထုပ္ယူရန္ လက္လွမ္းေနေသာ က်ိဳးဇယ္ယြီ ဆြံ႕အ သြားရသည္။ သူ၏တူတစ္စုံက ေလထဲတြင္ တန့္ေနရၿပီး သူပုစြန္တစ္ေကာင္ေတာင္ပင္ မစားလိုက္ရေပ။

"ခ်န္ခ်န္ ငါးမ်ားမ်ားစား .. ဒါက ဉာဏ္ေကာင္းေစတယ္"

က်ိဳးဇယ္ယြီကို သတိမထားမိဘဲ ယဲ့ရွင္းခ်န္က ငါးအသားလႊာကို ခ်န္ခ်န္ ပန္းကန္ထဲသို႔ ထည့္ေပးလိုက္သည္။

"ေက်းဇူးတင္ပါတယ္ ဉီးဉီး ယဲ့"

လိမၼာစြာ ေက်းဇူးတင္လိုက္ၿပီး ငါးအသားလႊာကို ခ်န္ခ်န္ ယူစားလိုက္သည္။ က်န္းရွန္လည္း ငါးအသားတို႔ကို ယဲ့ရွင္းခ်န္ ပန္းကန္ထဲသို႔ ထည့္ေပးလိုက္သည္။

"ဒါေရာ စားဉီး"

"အင္းပါ မင္းလည္း စားဉီးေလ က်န္းရွန္"

က်န္းရွန္ကို ၿပဳံးျပလ်က္ ယဲ့ရွင္းခ်န္လည္း ထိုငါးအသားကို ယူစားလိုက္သည္။

"ဟုတ္ ဟုတ္"

က်န္းရွန္ ေက်နပ္စြာ ေခါင္းညိတ္ရင္း ယဲ့ရွန္းခ်န္ အတြက္ ပုစြန္မ်ားကို အခြံခြာေပးရာ ယဲ့ရွင္းခ်န္လည္း ႏွစ္ၿခိဳက္စြာ စားေသာက္ေနသည္။

"ၾကက္သား စြပ္ျပဳတ္လည္း ေသာက္လို႔ေကာင္း ..."

"အစ္ကိုယဲ့ရာ ေတာ္ပါေတာ့ .. ဆက္ၿပီး ခ်ီးက်ဴးေနရင္ ကြၽန္ေတာ္တို႔အတြက္ ဘာမွမက်န္ဘဲေနမယ္"

ယဲ့ခ်င္းရွန္ စကားမဆုံးမီ က်ိဳးဇယ္ယြီ ငိုခ်င္းခ်သံႏွင့္ ေအာ္ေျပာလိုက္သည္။

"က်န္းရွန္ရဲ႕ မ်က္လုံးေတြက စြပ္ျပဳတ္အိုးကို စိုက္ၾကည့္ေနတာ ေပါက္ထြက္ေတာ့မယ္ ... အခ်င္းခ်င္း ေတာ္ေတာ္ ခ်စ္ၾကတာ သိပါတယ္ ဒါေပမယ့္ ကြၽန္ေတာ္တို႔ကိုလည္း ျပန္ၾကည့္ပါဉီး အစာငတ္ခံ ေစခ်င္လို႔လား .. စင္ဂယ္ေတြကို ခြဲျခားခြဲျခားလုပ္တာ အျပစ္ေပးခံရမယ္"

"အာ... ဟီး ေဆာရီး"

ေနာက္ဆုံးတြင္ က်ိဳးဇယ္ယြီ၏ မေက်နပ္ခ်က္ကို ယဲ့ရွင္းခ်န္ သိသြားၿပီး ၿပဳံးျပကာ က်န္းရွန္ ကို လွည့္ၾကည့္လ်က္ ...

"ေတာ္ေတာ့ က်န္းရွန္ ငါမစားနိုင္ေတာ့ဘူး"

က်န္းရွန္မွာ ခ်စ္စရာ ေကာင္းသည္ထက္ ပို၍ခ်စ္စရာ ေကာင္းလာသည္။ သူ႕ကို ပစ္မထား နိုင္ေတာ့ေၾကာင့္ ယဲ့ရွင္းခ်န္ သေဘာေပါက္ လာရသည္။

"ဒါဆိုလည္း ကြၽန္ေတာ္ စားမယ္"

က်န္းရွန္မွာ ဘာျဖစ္ေနသည္ကို မသိဘဲ စင္ဂယ္ ေကာင္ေလးတို႔ကို ထပ္မံ ဖိႏွိပ္လိုက္ျပန္သျဖင့္ သူတို႔ကို အျပစ္ေပးရန္ပင္ စဥ္းစားမိလိုက္ၾကသည္။

"မင္းတို႔ မနာလို ျဖစ္ေနၾကရင္ ခ်စ္သူတစ္ေယာက္ေလာက္ ရွာလိုက္ၾကေပါ့ .. က်န္းရွန္ ကိုၾကည့္ .. ဆြဲေဆာင္မႈရွိတဲ့ တစ္ေယာက္ေယာက္ကို ရွာလိုက္"

စိတ္ဆိုးေနၾကေသာ အုပ္စုကို သတိထား မိလိုက္သျဖင့္ ယြင္ခ်ဲ့ စေနာက္ ေျပာဆိုလိုက္သည္။

"ဟုတ္တယ္ .. ကြၽန္ေတာ့္လို ေခ်ာေခ်ာေလးမွ ေကာင္းတယ္"

မထင္မွတ္စြာ က်န္းရွန္ စကားေျပာ လာေသာ္လည္း အဖြဲ႕ထဲတြင္ ေဒါသလွိုင္းမ်ား ထသြားၿပီး စိတ္ထဲမွ ေျပာဆိုေနၾကေလသည္။

'မင္းပါးစပ္ပိတ္ ထားလို႔ မရဘူးလား .. ဘယ္သူမွ မရွိေပမယ့္ ယဲ့ရွန္းခ်န္က မင္းအနားရွိေနေပးလို႔ ကံေကာင္းတယ္မွတ္'

သူတို႔၏ ခ်ိဳၿမိန္ေသာ အခ်စ္က စိတ္ဆိုးေနေသာ သူမ်ားအတြက္ အလြန္ခ်ဥ္လွသည္။

"ဟုတ္တယ္ က်န္းရွန္ က ေတာ္ေတာ္ေခ်ာတာ .. သူ႕ကို သေဘာက်တယ္"

က်န္းရွန္ အေပၚ က်ေရာက္ေနေသာ ေဒါသ အၾကည့္မ်ားကို သတိမထားမိဘဲ ယဲ့ရွင္းခ်န္က ထပ္ေလာင္း ျဖည့္ေျပာလိုက္သည္။ က်န္းရွန္၏ မ်က္ႏွာမွာ ဝင္းလက္လာၿပီး အၿမီးသာ ရွိေနလွ်င္ ျပဳတ္ထြက္မတတ္ လႈပ္ယမ္း ေနမည္မွာ အမွန္ပင္။

"ဒီႏွစ္ေယာက္ကို မီးေလာင္တိုက္သြင္းလိုက္ရ”

က်ိဳးဇယ္ယြီလည္း အေတြးမ်ားကို ထုတ္ေျပာလိုက္ၿပီး က်န္ေသာ သူတို႔မွာလည္း ပန္းကန္ထဲရွိ အစားအေသာက္မ်ားကို ထိုးဆြကာ ေဒါသေျဖေနၾကသည္။

ညစာစားၾကၿပီးေနာက္ စကားေျပာဆို ေနၾကၿပီး အိပ္ခ်ိန္ေရာက္သည့္ အခါမွသာ ကိုယ့္ေနရာအသီးသီးသို႔ သြားၾကေလသည္။

"မင္းဒီည ငါနဲ႕အိပ္ခ်င္လား .. ငါေစာင့္ေနမယ္ေလ"

အိမ္ေရွ႕တံခါး နားတြင္ ယြင္ခ်ဲ့ကို နံရံမွီေစလ်က္ ရွင္းဖုန္း ေမးလိုက္သည္။ ရက္မ်ားစြာ ၾကာေအာင္ အလုပ္ပင္ပန္းခဲ့ ရၿပီးေနာက္ အခြင့္အေရးကို လက္မလႊတ္ခ်င္ေတာ့ေပ။

"ဒီညမရဘူး"

သူတို႔ႏွစ္ဉီး ဆႏၵမွာ အလြန္ ႀကီးမားၿပီး ယြင္ခ်ဲ့မွာ ရွင္းဖုန္း ႏွင့္အတူတူ ရွိေနခ်င္ေသာ္လည္း ယြင္ခ်န္မွာ စမ္းေရထဲတြင္ ရွိေနေသးသျဖင့္ ယေန႕ညတြင္ နယ္ေျမထဲသို႔ သူသြားရဉီးမည္ ျဖစ္သည္။

"မနက္ျဖန္ညေရာ"

ရွင္းဖုန္း ေမးကာ ေခါင္းငုံ႕လိုက္ၿပီး ယြင္ခ်ဲ့ ႏႈတ္ခမ္းကို အသာကိုက္ လိုက္သည္။

"အင္း .. ေရွာင္ခ်န္က မနက္ျဖန္ နယ္ေျမထဲက ထြက္လာမွာ ေဟးယြီေရာပဲ .. ကြၽန္ေတာ္ခိုးထြက္လို႔ ရမယ္ထင္လား"

ရွင္းဖုန္း လည္ပင္းကို လွမ္းဖက္ၿပီး ယြင္ခ်ဲ့ သေဘာက်စြာ ရယ္လိုက္သည္။ သူ၏လူက သည္းမခံနိုင္ေတာ့ပုံပင္။

"အင္း ..."

ရွင္းဖုန္း မည္သို႔ျပန္ေျဖရမည္ကို မသိေတာ့သျဖင့္ ယြင္ခ်ဲ့ ႏႈတ္ခမ္းကိုသာ ျပင္းထန္စြာ စုပ္ယူ နမ္းရွိုက္လိုက္သည္။ သူ၏ေကာင္ေလး ႏွင့္အတူ ခ်စ္စခန္းဝင္ရန္ သူ မေစာင့္ေတာ့ေပ။ ငါ့ရဲ႕ခ်ဲ့ ေလးနဲ႕ အိပ္ဖို႔ရာ ဘာေၾကာင့္ ဒီေလာက္ ခဲယဥ္းရတာလဲ။
***

Continue Reading

You'll Also Like

68.3K 11.6K 57
Title - Heavenly Wife Chinese title - 仙妻男当 Author - Kun Cheng Xiong Mao Status - 58 chapters + 3 extras (Completed) ဝိညာဥ်အမြစ်တွေကို ဖခင်အရင်းမှ ဖြတ...
157K 22.5K 46
His mother was my crush in the past, but her son gave his heart to me,how luckily I am!!
59.5K 9.3K 42
Associated Names 田园日常[重生] Author(s) Li Song Ru 李松儒 Status in COO 170 Chapters + 5 extras
474K 40.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ