Unicode
အခန်း (၉၃)
ကတုံး(ခေါင်းတုံး) ပုံစံမှာ ရယ်စရာ ကောင်းသည် ဆိုသော်လည်း ထိပ်ဉီးအဖွဲ့၏ အမှန်တကယ် စွမ်းဆောင်ရည်မှာ လှောင်ပြောင်စရာ မဟုတ်ပေ။ သူတို့၏ တာဝန်ကို စတင်ပြီး ၃ ရက်မြောက်နေ့တွင် အဖွဲ့သုံးဖွဲ့ထဲမှ ရွေးချယ်ခံထားရသော လူများပါဝင်သည့် အဖွဲ့ဝင် ၂၀ ခန့်ရှိသော အဖွဲ့သည် စခန်း၏ ဝင်ပေါက်တွင် စီရီနေကြသဖြင့် အခြားအဖွဲ့များနှင့် စစ်သားများက ဖြတ်သွားဖြတ်လာ လုပ်ကာ သူတို့ကို ကြည့်နေကြသည်။ သူတို့အဖွဲ့သည် မည်သူကမှ စိန်ခေါ်ယှဉ်ပြိုင်ခြင်း မရှိခဲ့သော SSS တာဝန်ကို ပြီးမြောက်စေရန် သွားရောက်လုပ်ဆောင်ကြမည် ဖြစ်သည့် အကြောင်း စခန်းအနှံ့ တောမီးသဖွယ် သတင်းပျံ့ သွားလေသည်။
"လူစုံကြပြီလား"
ခေါင်းဆောင်သုံးယောက် တွေ့ဆုံသွားကြပြီး လေတာ့ရှန်အား ယွင်ချဲ့ ပြုံးကာ နှုတ်ဆက် လိုက်သည်။ လေတာ့ရှန်၏ နောက်လိုက် ရှစ်ယောက်မှာ သန်မာပြီး စွမ်းအား မသုံးဘဲနှင့် အဆင့်နိမ့် ဖုတ်ကောင် တစ်ကောင် နှစ်ကောင်ကို လက်ဗလာဖြင့် တိုက်ခိုက် နိုင်လိမ့်မည်ဟု ထင်ရသည်။ လေတာ့ရှန်မှာ သူ၏အဖွဲ့ထဲမှ အသန်မာဆုံးသော စွမ်းအားရှင်များကို ရွေးခေါ်လာခဲ့ပုံပင်။
"ခေါင်းဆောင် ယွင် .. မင်းဆံပင်က ..."
ကတုံး(ခေါင်းတုံး) ပုံစံဖြစ်နေသော ယွင်ချဲ့နှင့် သူ၏အဖွဲ့သားတို့ကို ကြည့်ကာ လေတာ့ရှန် ရယ်လုနီးပါး ဖြစ်သွားသော်လည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ မရယ်မိစေရန် မျက်နှာကို တမင် တင်းမာ ထားလိုက်ပြီး လေတာ့ရှန်၏ အဖွဲ့ဝင်များလည်း အံ့အားသင့် သွားကြသည်။ စွမ်းအားရှင် အဖွဲ့အစည်းတွင် ယွင်ချဲ့ကို တွေ့ခဲ့သည်က ၂ ရက် ၃ ရက်သာ ကြာသေးသော်လည်း ဘာကြောင့်များ ကတုံး(ခေါင်းတုံး)တွေနဲ့ ဖြစ်သွားကြတာလဲ။
"ကျုပ်ခေါင်းကိုပြောတာလား ... လန်းတယ်မလား !"
မဆီမဆိုင် ယွင်ချဲ့ သူ၏ခေါင်းကို ရိုက်ကာ ပြောလိုက်ပြီး မျက်နှာကို ပြန်တည် ထားလိုက်သည်။ ထို့နောက် လူအယောက် ၂၀ ဆံ့သော ဘတ်စ်ကား တစ်စီးကို ယူထုတ်လိုက်ပြီး ....
"လူတွေစုံနေပြီဆိုတော့ အခုပဲထွက်ကြမလား မြန်မြန်ပြီးတော့ စောစောကြတာပေါ့"
ယခုတစ်ကြိမ်တွင် ထိုတာဝန်ကို အချိန်တိုအတွင်း အောင်မြင်စွာ အမြန် ပြီးမြောက်အောင် လုပ်ဆောင်ရန် လိုအပ်သည်။ ယွင်ချဲ့သည် ရှင်းဖုန်း၊ ကူးမင်ရွှမ်းတို့နှင့် တိုင်ပင်ပြီး ယနေ့အတွင်း နေ့ချင်းပြီး သွားကြရန် ဆုံးဖြတ် ထားကြသဖြင့် မနက်ဖြန်ထက် နောက်မကျဘဲ ပြန်ရောက်ရန် လိုအပ်ပေသည်။
"အင်း .."
အရေးကြီး ကိစ္စ ဆွေးနွေးနေချိန် မည်သူမှ မရယ်မော ကြတော့ပေ။ ခေါင်းဆောင်တို့၏ ဦးဆောင်မှုဖြင့် အဖွဲ့သားများမှာ ဘတ်စ်ကားပေါ်သို့ တက်သွားကြပြီး လန်ယဲ့ဟန်က ကားကိုစတင်မောင်းနှင်လေသည်။ ဒုတိယ တံတိုင်းသို့ ရောက်လာသည့်အခါ ယွင်ချဲ့ ပြောဆိုလမ်းညွှန်မှု မပါဘဲ လုဟိုင်ရွှမ်းနှင့် ရှန်းရွေတို့ ကားအမိုးပေါ်သို့ ကျွမ်းကျင်စွာ တက်သွားကြပြီး ယွင်ချဲ့လည်း လေထုအလွှာပါး တစ်ခုဖြင့် ဘတ်စ်ကားကို ဖုံးအုပ်လိုက်သည်။
"ခေါင်းဆောင် ယွင် .. ခေါင်းဆောင် ရှင်း ... ဘာလို့ .."
လှည့်လည် သွားလာနေသော ဖုတ်ကောင် တစ်ကောင်မှပင် သူတို့အား ရန်မမူသည်ကို ကားပြတင်းပေါက်များ မှတစ်ဆင့် လေတာ့ရှန်နှင့် အဖွဲ့သားတို့ တွေ့လိုက်သည်။ ပို၍အံ့ဩစရာ ကောင်းသည်က ဖုတ်ကောင် တစ်ကောင်တောင်မှ သူတို့ကို သတိမထား မိကြသဖြင့် ပါးစပ် အဟောင်းသားနှင့် သူတို့မြင်တွေ့ နေရသည်တို့ကို မယုံနိုင်စွာ အံ့အားသင့် နေကြသည်။
အံ့ဩတကြီး ဖြစ်နေသည်က သူတို့ပင်မဟုတ်၊ အနီးအနားရှိ တံတိုင်း ဆောက်လုပ်နေကြသော စွမ်းအားရှင်များနှင့် ကင်းလှည့် နေကြသည့် ရဲများမှာလည်း ထိုထူးဆန်းသော အဖြစ်ကိုတွေ့ကာ အံ့အားသင့် မှင်သက် နေကြလေသည်။
"အာ ပြောဖို့ မေ့နေတာ ကျုပ်မှာ စွမ်းအား၂ ခုတည်း ရှိတာ မဟုတ်ဘူး သုံးခုရှိတယ် လျှပ်စီးစွမ်းအား .. နယ်မြေ စွမ်းအားနဲ့ လေထုစွမ်းအားပဲ .. ဘတ်စ်ကားကို ကျုပ်ရဲ့ လေထုအလွှာနဲ့ ကာထားတာ ဆိုတော့ မထင်မှတ်ဘဲ ရုတ်တရက် ကိစ္စတွေ မဖြစ်လာရင် ထုံယန်း မြို့ကို ချောချောမွေ့မွေ့ သွားကြရုံပဲ"
ယွင်ချဲ့လည်း အခုမှ သတိရသွားသဖြင့် ရှင်းပြလေရာ လေတာ့ရှန်နှင့် သူ၏နောက်လိုက်များ ပြောစရာစကားပင် ပျောက်ရှကုန်သည်။ ဟာကွာ .. ယွင်ချဲ့ ဒီထက်ပိုပြီး အံ့ဩမဖြစ်လို့ မရဘူးလား။ လျှပ်စီစွမ်းအားနှင့် နယ်မြေစွမ်းအား နှစ်မျိုး တစ်ပြိုင်တည်း ရှိနေသည်မှာ အလွန် အံ့ဩဖွယ်ဖြစ်နေသည့်တိုင် လေထုစွမ်းအားလည်း ရှိနေသည်တဲ့လား။ ထိုစွမ်းအားများနှင့် ဆိုလျှင် ဖုတ်ကောင်များလည်း ကြာကြာ ခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အဖွဲ့ဝင် အယောက် ၂၀ က လိုအပ်သည်ထက်ပင် ပိုနေကြောင်း ယွင်ချဲ့ ပြောခဲ့သည်က အံ့ဩဖွယ် မရှိတော့ပေ။
ပို၍ စိတ်သက်သာရာ ရလာသဖြင့် ယွင်ချဲ့ကို စနောက် ပြောဆို ကြလေသည်။ ထို့အပြင် ပို၍သန်မာ လာသည်ဟု ခံစားမိသွားပြီး အသက်ရှင်လျက် ပြန်သွား နိုင်ကြတော့မည်ဟု ယုံကြည် သွားကြသည်။
"ကျန်းရှန် .. ဇယ်ယွီ .. ကားအမိုးပေါ် သွားပြီး ဟိုင်ရွှမ်း .. ရှန်းတို့နဲ့ နေရာလဲလိုက် .. ကျန်းရှန်က လမ်းတစ်လျှောက် တွေ့သမျှ ဖုတ်ကောင်တွေကိုပစ် ဇယ်ယွီက မင်းရဲ့လေအစွမ်းနဲ့ အမြုတေတွေ သိမ်းလာခဲ"
ဘတ်စ်ကားမှာ လင်းကျန်းမြို့ပေါ်သို့ မောင်းနှင် လာသည်နှင့် လမ်းပေါ်တွင် ဖုတ်ကောင်များ ပိုမို များပြားလာသဖြင့် ယွင်ချဲ့က လေးနက်သော အသံနှင့် ပြောလိုက်သည်။ အမြုတေ စုဆောင်းခြင်းက ဒုတိယ တာဝန်ဖြစ်ပြီး အဓိကအချက်မှာ ယွင်ချဲ့သည် ကျန်းရှန်၏ လုပ်ဆောင်နိုင်စွမ်းကို မြင်လိုပြီး သူတို့၏ တိုက်ခိုက်ရေး ပုံစံများနှင့် ပို၍ အသားကျ လာစေရန် ဖြစ်သည်။
"အင်း"
ရိုးရှင်းစွာ တုံ့ပြန်လိုက်ပြီး ကျန်းရှန်နှင့် ကျိုးဇယ်ယွီ ပြတင်းပေါက်ကို ဖွင့်လျက် ကားအမိုးပေါ်တက်ကာ လုဟိုင်ရွှမ်း၊ ရှန်းရွေ တို့နှင့် နေရာ လဲလိုက်သည်။
ဝုန်း
ခဏအကြာ ရုတ်တရက် တိုက်ခိုက်သံ ကြားလိုက်ရသဖြင့် ပြတင်းပေါက် မှတစ်ဆင့် အပြင်သို့ ကြည့်လိုက်ရာ ကား၏ ဘေးတစ်ဖက်စီတွင် ရွှေရောင် ဖဲကြိုးနှစ်ခုမှာ ရွှေနဂါး အသေးလေး နှစ်ကောင်သဖွယ် ပျံသန်း နေသည်ကို တွေ့လိုက်ရသည်။ ထိုဖဲကြိုးများမှာ ဖုတ်ကောင်များ၏ ခေါင်းသို့ ရောက်သွားပြီး ဖုတ်ကောင်များ တန်ပြန်ချိန်ပင် မရလိုက်ဘဲ ခေါင်းပြတ်ကာ လွင့်ထွက် သွားကြသည်။ အံ့ဩဖွယ် ကောင်းစွာပင် ကျိုးဇယ်ယွီမှာ သူ၏ လေအစွမ်းကို သုံးလျက် အမြုတေများကို ထုတ်ယူ စုဆောင်း လိုက်သည်။ ကျိုးဇယ်ယွီက စကားများသူ ဖြစ်သော်လည်း ကျန်းရှန်မှာ အလွန် စကားနည်းလှသည်။ ထိုသို့ ဆန့်ကျင်ဘက် နှစ်ယောက် ပထမဆုံးအကြိမ် အတူတိုက်ခိုက်ခြင်း ဖြစ်သော်လည်း ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက် နိုင်ကြသဖြင့် ကားပေါ်ရှိသူများ မျက်လုံးပြူး မျက်ဆံပြူးနှင့် ကြည့်နေကြလေသည်။
"သေရော .. အဆင့် ၃ ... ကျန်းရှန်က အဆင့် ၃ စွမ်းအားပိုင်ရှင်ပဲ"
ကျန်းရှန်၏ စွမ်းအား မည်မျှကြီးမားကြောင်း မျက်မြင် တွေ့လိုက်ရသည့် ယွင်ချဲ့ ကိုယ်တိုင်ပင် ပင့်သက် ရှိုက်ရသည်။ ကျန်းရှန်သည် ယဲ့ရှင်းချန်၏ ဘေးတွင် အမြဲရှိနေတတ်ပြီး တိတ်ဆိတ်စွာ နေတတ်သော အချစ်ရူး တစ်ယောက်သာ ဖြစ်နေသောကြောင့် ထိုကဲ့သို့ ကျွမ်းကျင် ရက်စက်စွာ တိုက်ခိုက် နိုင်လိမ့်မည်ဟု မည်သူ ထင်ခဲ့မိမှာလဲ။ ထို့အပြင် ကျန်းရှန်သည် ယွင်ချဲ့ ပြီးလျှင် ဒုတိယမြောက် အဆင့် ၃ စွမ်းအားရှင် တစ်ယောက်ပင်။
ယဲ့ရှင်းချန် အနားရှိနေစဉ် ရှက်ကြောက်၍ အမိန့်နာခံ တတ်ပြီး ယွင်ယောင်က ကျန်းရှန်အား ရိုးသားကာ ချစ်စဖွယ် ကောင်းသည်ဟု ထင်မြင်နေသည်ကို တွေးလိုက်မိသည့်အခါ ယွင်ချဲ့ ပြောစရာ စကားပင် ပျောက်ဆုံး ကုန်သည်။ တိုက်ခိုက်သည့်အခါ ကျန်းရှန်၏ပုံစံမှာ တစ်မျိုး ပြောင်းလဲသွားလေသည်။ အကယ်၍ ဖဲကြိုးများကို ကျန်းရှန် ကိုင်တွယ် အသုံးပြုခဲ့သည်ကို ယွင်ချဲ့ မတွေ့ခဲ့လျှင် တစ်စုံတစ်ယောက်က သူတို့အား ကူညီပေးခဲ့သည်ဟု တွေးမိလိမ့်မည်။
"မင်းအတွက် ညာလက်ရုံး တစ်ယောက် တွေ့သွားပြီမလား"
ရှင်းဖုန်း လက်ကို ဆန့်ထုတ်ကာ ယွင်ချဲ့ လက်ကို ဆုပ်ကိုင် လိုက်လျက် ကားအပြင်ဘက်ရှိ ရွှေရောင် ဖဲကြိုးများကို ကြည့်နေလိုက်သည်။ တူညီသော ရွှေသတ္တုအစွမ်း ရှိသော်လည်း ရှင်းဖုန်း မပြောလိုပေ။ သို့သော် ကျန်းရှန်က မြန်နှုန်းမြင့် စွမ်းအား အထောက်အပံ့နှင့် ရွှေသတ္တု အစွမ်းကို လိုအပ်သလို အသုံးပြုသွားခြင်း ဖြစ်သည်။
"သေချာတာပေါ့ .. ကိုယ့်ကိုယ်ကို ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးပဲ လို့တောင် တွေးမိသွားတယ် "
ထိပ်ဉီးအဖွဲ့၏ စွမ်းဆောင်ရည်များ ထင်ရှားစွာ ပေါ်ပေါက်လာသည်။ ကျန်းရှန်၏ သန်မာလှသော စွမ်းအားကို လက်ခံနိုင် သွားပြီးနောက် ယွင်ချဲ့သည် အခြားသူများ စနောက်ကြသကဲ့သို့ ကိုယ့်ကိုယ်ကို ဟာသနှောကာ ပြောလိုက်သည်။
"ခေါင်းဆောင် ယွင် ... သူတို့တွေ သေချာ ပူးပေါင်းနိုင်ကြတာပဲ သူတို့ကို မင်းဘယ်လိုလေ့ကျင့်ပေးထားလဲ"
ဘတ်စ်ကား၏ တစ်ဖက်စီတွင် အတန်းလိုက် ထိုင်နေပြီး လေတာ့ရှန် လှည့်ကြည့်ကာ မေးလိုက်သည်။ သူ၏အဖွဲ့သားများမှာ ကပ်ဘေး မတိုင်မီအထိ စွမ်းအားများကို မည်သို့ အသုံးပြုမည်ကို မလေ့ကျင့်ခဲ့ကြသဖြင့် မည်သို့ လုပ်ဆောင်ရမည်ကိုလည်း သေချာ မသိခဲ့ကြပေ။ တိုက်ခိုက်ကြသည့် အခါတွင် ဓါတ်ကြီး ငါးပါးကိုလည်း ပေါင်းစပ် တိုက်ခိုက်နိုင်ကြောင်း မသိခဲ့ကြသဖြင့် အဖွဲ့လိုက် လုပ်ဆောင်ရာတွင် အားနည်းခဲ့ကြသည်။ ကျန်းရှန်နှင့် ကျိုးဇယ်ယွီတို့၏ ပူးပေါင်း တိုက်ခိုက်ပုံကို မြင်သွားပြီးနောက် လေတာ့ရှန် အလွန်ပင် အံ့အားသင့်ခဲ့ရသည်။ ထို့ကြောင့် ယွင်ချဲ့ထံမှ ပညာသင်ယူပြီး သူ၏အဖွဲ့အတွက် လေ့ကျင့်သင်ကြား ပေးရမည်ဟု လေတာ့ရှန် တွေးလိုက်သည်။
ယွင်ချဲ့လည်း ရှင်းဖုန်းကို တစ်ချက်ကြည့်ကာ ရှင်းဖုန်း ပခုံးကို ကျော်၍ လေတာ့ရှန်ကို ကြည့်လိုက်သည်။
"သူတို့တွေ တစ်ခါမှ အတူတူ ပူးပေါင်း မလုပ်ဖူးဘူးလို့ ပြောရင် ကျုပ်ကိုယုံမယ် မထင်ဘူး ... ဒါပေမယ့် ကျုပ်တို့က စွမ်းအားတွေကို ပေါင်းစည်းပြီး တိုက်ခိုက်လေ့ ရှိတယ် ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင် အတူတူ စမ်းကြည့်ကြတာပေါ့"
အဖွဲ့သားများကို အစွမ်းထက် လာစေရန် ကူညီပေးခြင်းက သူတို့ အနိုင်ရရန် နည်းလမ်း တစ်ခုလည်း ဖြစ်သောကြောင့် ယွင်ချဲ့ သူ၏ အတွေ့အကြုံများကို ဘယ်သောအခါမှ ကွယ်ဝှက် မထားတတ်ပေ။
"ကောင်းတာပေါ့… ခေါင်းဆောင် ယွင် .. ငါတို့ကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်"
လေတာ့ရှန် ရိုးသားစွာ ပြန်ဖြေလိုက်သည်။ သူ၏အဖွဲ့သည် ယွင်ချဲ့ ထံမှသင်ယူရန် လိုအပ်သည်မှာ အမှန်ပင်။
"အင်းပါ ဟန်တွေဘာတွေ လုပ်မနေပါနဲ့ ... အစ်ကိုလေ ခင်ဗျားလို လူမျိုးတွေနဲ့ မိတ်ဆွေဖွဲ့ချင်တာ .. ခင်ဗျားသိလား စွမ်းအား ပေါင်းစည်းတယ် ဆိုတာကလည်း ...."
ယွင်ချဲ့လည်း ရှင်းဖုန်းနှင့် နေရာလဲ၍ တစ်ဖက်တွင် ရှိသော လေတာ့ရှန်နှင့် စကားပြောရန် ပြင်လိုက်သည်။ ခေါင်းဆောင် လေ ဟုမခေါ်ဘဲ အစ်ကို လေ ဟု ခေါ်လိုက်သဖြင့် လေတာ့ရှန်နှင့် သူ၏ အဖွဲ့သားများ ပျော်ရွှင် ကျေနပ်သွားကာ ယွင်ချဲ့ ထံမှ အကြံဉာဏ်များကိုလည်း စိတ်ရှည်စွာ တောင်းခံနေကြသည်။ နောက်ဆုံး ရောက်လာသည်က ရှုကျဲ ဖြစ်ပြီး ခုံပေါ်တွင် ထိုင်လျက် ဒေါသတကြီး အံကြိတ်လိုက်သည်။ ယွင်ချဲ့သည် သူ့ကို အလွန် စိတ်ဆိုးစေသည်။ ထို့အပြင် မနက်ပိုင်းလူစုချိန်တွင် ယဲ့ရှင်းချန် နှင့် ကျန်းရှန် တို့ကို ရုတ်တရက်တွေ့ခဲ့ပြီး အနုပညာလောကတွင် ကျင်လည်နေသူ တစ်ယောက် အနေနှင့် သူတို့နှစ်ယောက်ကို ရှုကျဲ သတိထားမိ လိုက်သည်။ ကပ်မဆိုက်မီ ကတည်းက ရှုကျဲ ကဲ့သို့ ရုပ်ရည်အခံနှင့် နာမည်ကြီးသူများသည် ယဲ့ရှင်းချန်ကို ရန်သူတစ်ယောက် အဖြစ် သတ်မှတ်ထားပြီး သူ၏နေရာကို အရယူကာ အတော်ဆုံး နာမည်ကြီး ကြယ်ပွင့်များ ဖြစ်လာကြရန် စိတ်ကူးခဲ့ကြသည်။
ကျန်းရှန်သည် ရှုကျဲ၏ နှလုံးသားထဲမှ ဆူးညှောင့် တစ်ခုပင်။ ကပ်ဘေးကာလ မတိုင်မီ ရှုကျဲ၏ ကိုယ်စားလှယ်သည် ရှုကျဲ အတွက် သီချင်းနှင့် ဇာတ်ညွှန်းများ ရေးပေးရန် ကျန်းရှန် အား အကြိမ်ကြိမ်အခါခါ ဖိတ်ကြား ခဲ့ဖူးသည့်အပြင် ကျန်းရှန် အတွက် ဇာတ်ပို့ သရုပ်ဆောင် တစ်ဦးဖြစ်နိုင်သည် အထိ အခွင့်အရေး ပေးခဲ့သည်။ သို့သော် ကျန်းရှန်က ကြိုတင် ချိတ်ဆက် ထားပြီးသော အချိန်ဇယားများနှင့် သဟဇာတ မဖြစ်နိုင်ကြောင်း ပြောကာ အကြိမ်တိုင်း ငြင်းဆိုခဲ့သဖြင့် ရှုကျဲ အလွန် နာကျည်းခဲ့သည်။ ကပ်ဘေး ကာလတွင် ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့ကို အတူတူ မဆုံတွေ့လိုသော်လည်း စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင်ပင် ယွင်ချဲ့ အဖွဲ့တွင် သူတို့နှစ်ဉီး ပါဝင်လာခဲ့သည်။ ဒီထက် မုန်းစရာကောင်းတာ ဘာရှိတော့မှာလဲ။
ရှုကျဲ စိတ်ဆိုးစိတ်ပျက် နေသော်လည်း ယွင်ချဲ့နှင့် မယှဉ်ရဲပေ။ ပြီးခဲ့သော အချိန်က ယွင်ချဲ့ ထံမှ ပြောဆိုခံထားရသဖြင့် စိတ်ချောက်ချား နေသောကြောင့် စိတ်ထဲမှ ကြောက်ရွံ့နေသဖြင့် ယွင်ချဲ့အား တည့်တည့်ပင် မကြည့်ရဲ။
ကျန်းရှန်၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုများကြောင့် ဘတ်စ်ကားသည် အခက်အခဲမရှိ သွားလာနိုင်ပြီး ၂ နာရီပင် မကြာလိုက်ဘဲ ထုံယန်းမြို့၏ ဆင်ခြေဖုံးသို့ ရောက်ရှိလာကြသည်။ အချိန်မှာ မနက် ၉ နာရီရှိနေပြီး အရှုံးသမား အဖွဲ့ဝင်များ၏ လိုအပ်သည်များကို စဉ်းစားကာ မြို့ထဲသို့ တိုက်ရိုက် မဝင်ဘဲ မြို့ကို ပတ်သွားကာ ပထမဆုံး တွေ့ရသည့် စူပါမားကတ် သို့မဟုတ် ကုန်စုံဆိုင် တစ်ခုထဲသို့ ဝင်သွားကြလေသည်။ ရှင်းဖုန်း သည်လည်း လိင်ပိုင်းဆိုင်ရာ ပစ္စည်း အရောင်းဆိုင်ကို ရှာဖွေရန် မမေ့ပေ။ ဆိုင်တစ်ဆိုင် တွေ့သည်နှင့် ချက်ချင်း ပြေးဝင်ကာ ပစ္စည်း အားလုံးကို သေချာမကြည့်ဘဲ သူ၏နယ်မြေထဲသို့ ထည့်သွင်း သိမ်းဆည်း ထားလိုက်သည်။
"ဖုတ်ကောင်တွေ လာနေပြီ ... အသင့်ပြင်ထားကြ ငါတို့မြို့ထဲကို သွားမယ်"
၁၀ နာရီ ဝန်းကျင်ဖြစ်နေပြီး ဆင်ခြေဖုံးတွင် စူပါမားကတ်များနှင့် စတိုးဆိုင်များ သိပ်မရှိပေ။ တွေ့ရသော ဆိုင်များမှာ ဖောက်ထွင်း စီးနင်းခြင်း ခံထားရသော်လည်း သူတို့အားလုံး လိုအပ်သော ပစ္စည်းများ အများအပြားကို စုဆောင်း ထားမိပြီးဖြစ်သည်။ ယွင်ချဲ့လည်း သူ၏တည်နေရာ ပြဇယားကို ကြည့်လိုက်သည့် အခါ သူတို့အနားသို့ ဖုတ်ကောင်များ စုဝေး ရောက်လာသည်ကို တွေ့လိုက်ရသည်။
"နည်းအဟောင်းပဲ သုံးကြမှာလား"
ရှင်းဖုန်း လှည့်ကာ ယွင်ချဲ့ကို ကြည့်လိုက်သည်။ မြို့ပြင်တွင် ဖုတ်ကောင်များစွာ ရှိနေသဖြင့် မြို့ထဲတွင် ပိုများမည်ဟု ထင်ရသည်။ မြို့ထဲသို့ဝင်၍ တရစပ် တိုက်ခိုက်မည် ဆိုပါကလည်း ထင်သလောက် မလွယ်ကူပေ။ မည်သည့် အကြောင်း ပြောဆို နေကြသည်ကို မသိသဖြင့် လေတာ့ရှန် နားထောင်လျက်သာ ကြည့်နေလေသည်။ နာရီ အနည်းငယ် ကြာပြီးနောက် ချောင်ယန်း အဖွဲ့နှင့် ထိပ်ဉီးအဖွဲ့တို့ မည်မျှ သန်မာကြောင်း သူသိလာသဖြင့် အမိန့်နာခံရန် အသင့်ဖြစ်နေသည်။ လူတစ်ယောက်သည် အသန်မာဆုံး ဖြစ်ရန် မလိုအပ်သော်လည်း သူ၏အားသာချက်ကို နားလည် သဘောပေါက် ထားရမည်။ တစ်ဇွတ်ထိုး လုပ်ပါက ကိုယ့်သေတွင်း ကိုယ်တိုင် တူးခြင်းပင်ဖြစ်တော့မည်"
"အင်း .. ရှန်း .. ဟိုင်ရွှမ်း မင်းတို့က အတွေ့ကြုံ ရှိတယ်ဆိုတော့ အရင်လုပ်လိုက် .. ကျန်းရှန် ယိုသုန်း သူတို့ ဘာလုပ်မလဲဆိုတာ သေချာကြည့်ထား နောက်မိနစ် နှစ်ဆယ်နေရင် သူတို့နေရာကို အစားဝင်လိုက် ... ရှန်း .. ဟိုင်ရွှမ်း အလှည့်ပြောင်းတဲ့ အချိန်ကြရင် အရင်မနားဘဲ သူတို့ ဘာလုပ်ရမလဲဆိုတာ သေချာသိတဲ့အထိ ကူပေးလိုက်"
ယွင်ချဲ့ မေးကိုပွတ်၍ သေချာစဉ်းစားပြီး အမိန့်ပေး လိုက်သည်။ အရှုံးသမားအဖွဲ့မှ ယိုသုန်းသည် ရွှေသတ္တုစွမ်းအားရှင် တစ်ယောက်ဖြစ်သည်။ ထုံယန်းမြို့သို့ သွားသည့် လမ်းတွင် အခုတာဝန်အတွက် ပါဝင်ကြသည့် အဖွဲ့ဝင်များ၏ စွမ်းအားများကို သိရှိခဲ့ရသည်။
"အင်း .."
ရှန်းရွေ၊ လုဟိုင်ရွှမ်း၊ ကျန်းရှန်နှင့် ယိုသုန်းတို့ အားလုံး သဘောတူ ခေါင်းညိတ် လိုက်သည်။ ထို့နောက် ရှင်းဖုန်း မှ...
"ကျောက်ကောင်း .. ရှုကျဲကို ကာကွယ်ထား .. ဖုန်းရွေက ငါ့ကိုကာကွယ်ပေး .. ခေါင်းဆောင် လေ မင်းမှာ နယ်မြေ စွမ်းအားရှင်တွေ ပါရင် သူတို့ကို ကာကွယ်ထားဉီး"
ရှင်းဖုန်းက သူ၏ကိုယ်ပိုင် တိုက်ခိုက်ရေး စွမ်းရည်များကို ဖုံးကွယ် ထားလိုသောကြောင့် သူ၏လက်ထဲတွင် သေနတ်တစ်လက် ကိုင်ထားပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရန် ဟန်ဆောင်လိုက်သည်။
"အင်း ကောင်းပြီ"
ယခုတာဝန်တွင် ချူးဟောင်လင်း မလိုက်ခဲ့ပေ။ ကျောက်ကောင်းနှင့် ဖုန်းရွေ တို့မှာ စကားနည်းသူ ဖြစ်ကြသည်။ မြို့ထဲသို့ ဝင်ရောက် လာသည့်အခါ လေတာ့ရှန်နှင့် သူ၏အဖွဲ့သားများ တကျည်ကျည် မလုပ်ကြတော့ပေ။ မြို့တစ်မြို့သို့ သွားသည့်အခါ အသက်ရှင်လျက် သွားနိုင်ပြန်လာနိုင်ခဲ့သော အဖွဲ့ ရှိကြောင်း မကြားဖူးကြသဖြင့် သတိကြီးစွာ ထားလျက် စောင့်ကြည့်နေကြသည်။ ရှင်းဖုန်းနှင့် သူ၏အဖွဲ့ဝင်များ နယ်စပ်မြို့တော်သို့ သွားခဲ့ကြသည်ကို လူအနည်းငယ်သာ သိသည်။ မဟုတ်လျှင် ထိုအကြောင်းသည် စခန်းထဲတွင် ဆူပူလာနိုင်ပြီး စွမ်းအားရှင် အဖွဲ့အစည်းတွင် အဖွဲ့ဖွဲ့ရန် Yun Che ပြောကြားသည့်အခါ လှောင်ပြောင်ခံရမည် မဟုတ်ပေ။
"စကြရအောင် .. သတိကြီးကြီး ထားကြ"
ထုံယန်းမြို့တွင် မည်သို့ ဖြစ်လာနိုင်သည်ကို မည်သူမှ မသိနိုင်ကြသဖြင့် သူတို့အားလုံး ပူးပေါင်း ဖြေရှင်းကြရန် လိုအပ်သည်။ ယွင်ချဲ့နှင့် ရှင်းဖုန်း တို့သည် ရာနှုန်းပြည့် မသေချာသော်လည်း ယခုခရီးသည် နယ်မြို့သို့ သွားခဲ့သည့်အတိုင်း ချောမွေ့လိမ့်မည်ဟု ယုံကြည်နေသည်။
ကျွိ
ယွင်ချဲ့ ပြောပြီး သွားသည်နှင့် ဘတ်စ်ကားမှာ တဖြည်းဖြည်း နှေးလာကာ ရုတ်တရက် ရပ်သွားသည်။ လုဟိုင်ရွှမ်း ပထမဆုံး ဆင်းလိုက်ပြီး တံခါးတွင် သတ္တုလက်ရန်း တစ်ခု ဖန်တီးလိုက်သည်။ ယိုသုန်းသည် တက်ကြွစွာဖြင့် အနောက်မှ လိုက်သွားပြီး သတ္တုစင်္ကြံလမ်း ပုံစံရလာသည့်အခါ ယွင်ချဲ့က လေတာ့ရှန်နှင့် သူ၏အဖွဲ့သားများကို အရင်သွားစေသည်။ လူတိုင်း သတ္တုစင်္ကြံ လမ်းပေါ်သို့ ရောက်ရှိသည့်အခါ နောက်ဆုံး အဆုံးသတ်ရန် တာဝန်ရှိသော ရှန်းရွေက သတ္တုစင်္ကြံလမ်းကို ချက်ချင်း သိမ်းလိုက်သည်။ ယွင်ချဲ့က သူ၏နယ်ပယ် အတွင်းသို့ သတ္တုများ ပြန်လည် သိမ်းဆည်းသည့် အခါ သတ္တုစင်္ကြံလမ်းကို လေထုဖြင့် ဖုံးအုပ်ကာ သိမ်းဆည်း လိုက်သည်။ ကျန်းရှန်မှာ မတိုက်ခိုက်သည့် အချိန်တွင် ပို၍ချစ်စရာ ကောင်းပြီး ဆိတ်ဆိတ်နေခြင်းက သူ၏အမိန့်နာခံခြင်း ဖြစ်သည်။ ရှန်းရွေ၏ လှုပ်ရှားမှုများကို သူ၏ ချစ်စဖွယ် ကောင်းသည့် တည်ငြိမ်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး သူ၏ စိတ်ထဲတွင် မြင်ခဲ့သည်များကို မှတ်သား ထားလိုက်သည်။
***
Zawgyi
အခန္း (၉၃)
ကတုံး(ေခါင္းတုံး) ပုံစံမွာ ရယ္စရာ ေကာင္းသည္ ဆိုေသာ္လည္း ထိပ္ဉီးအဖြဲ႕၏ အမွန္တကယ္ စြမ္းေဆာင္ရည္မွာ ေလွာင္ေျပာင္စရာ မဟုတ္ေပ။ သူတို႔၏ တာဝန္ကို စတင္ၿပီး ၃ ရက္ေျမာက္ေန႕တြင္ အဖြဲ႕သုံးဖြဲ႕ထဲမွ ေ႐ြးခ်ယ္ခံထားရေသာ လူမ်ားပါဝင္သည့္ အဖြဲ႕ဝင္ ၂၀ ခန့္ရွိေသာ အဖြဲ႕သည္ စခန္း၏ ဝင္ေပါက္တြင္ စီရီေနၾကသျဖင့္ အျခားအဖြဲ႕မ်ားႏွင့္ စစ္သားမ်ားက ျဖတ္သြားျဖတ္လာ လုပ္ကာ သူတို႔ကို ၾကည့္ေနၾကသည္။ သူတို႔အဖြဲ႕သည္ မည္သူကမွ စိန္ေခၚယွဥ္ၿပိဳင္ျခင္း မရွိခဲ့ေသာ SSS တာဝန္ကို ၿပီးေျမာက္ေစရန္ သြားေရာက္လုပ္ေဆာင္ၾကမည္ ျဖစ္သည့္ အေၾကာင္း စခန္းအႏွံ႕ ေတာမီးသဖြယ္ သတင္းပ်ံ့ သြားေလသည္။
"လူစုံၾကၿပီလား"
ေခါင္းေဆာင္သုံးေယာက္ ေတြ႕ဆုံသြားၾကၿပီး ေလတာ့ရွန္အား ယြင္ခ်ဲ့ ၿပဳံးကာ ႏႈတ္ဆက္ လိုက္သည္။ ေလတာ့ရွန္၏ ေနာက္လိုက္ ရွစ္ေယာက္မွာ သန္မာၿပီး စြမ္းအား မသုံးဘဲႏွင့္ အဆင့္နိမ့္ ဖုတ္ေကာင္ တစ္ေကာင္ ႏွစ္ေကာင္ကို လက္ဗလာျဖင့္ တိုက္ခိုက္ နိုင္လိမ့္မည္ဟု ထင္ရသည္။ ေလတာ့ရွန္မွာ သူ၏အဖြဲ႕ထဲမွ အသန္မာဆုံးေသာ စြမ္းအားရွင္မ်ားကို ေ႐ြးေခၚလာခဲ့ပုံပင္။
"ေခါင္းေဆာင္ ယြင္ .. မင္းဆံပင္က ..."
ကတုံး(ေခါင္းတုံး) ပုံစံျဖစ္ေနေသာ ယြင္ခ်ဲ့ႏွင့္ သူ၏အဖြဲ႕သားတို႔ကို ၾကည့္ကာ ေလတာ့ရွန္ ရယ္လုနီးပါး ျဖစ္သြားေသာ္လည္း ရွက္ကိုးရွက္ကန္း ျဖစ္သြားရသည္။ မရယ္မိေစရန္ မ်က္ႏွာကို တမင္ တင္းမာ ထားလိုက္ၿပီး ေလတာ့ရွန္၏ အဖြဲ႕ဝင္မ်ားလည္း အံ့အားသင့္ သြားၾကသည္။ စြမ္းအားရွင္ အဖြဲ႕အစည္းတြင္ ယြင္ခ်ဲ့ကို ေတြ႕ခဲ့သည္က ၂ ရက္ ၃ ရက္သာ ၾကာေသးေသာ္လည္း ဘာေၾကာင့္မ်ား ကတုံး(ေခါင္းတုံး)ေတြနဲ႕ ျဖစ္သြားၾကတာလဲ။
"က်ဳပ္ေခါင္းကိုေျပာတာလား ... လန္းတယ္မလား !"
မဆီမဆိုင္ ယြင္ခ်ဲ့ သူ၏ေခါင္းကို ရိုက္ကာ ေျပာလိုက္ၿပီး မ်က္ႏွာကို ျပန္တည္ ထားလိုက္သည္။ ထို႔ေနာက္ လူအေယာက္ ၂၀ ဆံ့ေသာ ဘတ္စ္ကား တစ္စီးကို ယူထုတ္လိုက္ၿပီး ....
"လူေတြစုံေနၿပီဆိုေတာ့ အခုပဲထြက္ၾကမလား ျမန္ျမန္ၿပီးေတာ့ ေစာေစာၾကတာေပါ့"
ယခုတစ္ႀကိမ္တြင္ ထိုတာဝန္ကို အခ်ိန္တိုအတြင္း ေအာင္ျမင္စြာ အျမန္ ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ရန္ လိုအပ္သည္။ ယြင္ခ်ဲ့သည္ ရွင္းဖုန္း၊ ကူးမင္႐ႊမ္းတို႔ႏွင့္ တိုင္ပင္ၿပီး ယေန႕အတြင္း ေန႕ခ်င္းၿပီး သြားၾကရန္ ဆုံးျဖတ္ ထားၾကသျဖင့္ မနက္ျဖန္ထက္ ေနာက္မက်ဘဲ ျပန္ေရာက္ရန္ လိုအပ္ေပသည္။
"အင္း .."
အေရးႀကီး ကိစၥ ေဆြးေႏြးေနခ်ိန္ မည္သူမွ မရယ္ေမာ ၾကေတာ့ေပ။ ေခါင္းေဆာင္တို႔၏ ဦးေဆာင္မႈျဖင့္ အဖြဲ႕သားမ်ားမွာ ဘတ္စ္ကားေပၚသို႔ တက္သြားၾကၿပီး လန္ယဲ့ဟန္က ကားကိုစတင္ေမာင္းႏွင္ေလသည္။ ဒုတိယ တံတိုင္းသို႔ ေရာက္လာသည့္အခါ ယြင္ခ်ဲ့ ေျပာဆိုလမ္းၫႊန္မႈ မပါဘဲ လုဟိုင္႐ႊမ္းႏွင့္ ရွန္းေ႐ြတို႔ ကားအမိုးေပၚသို႔ ကြၽမ္းက်င္စြာ တက္သြားၾကၿပီး ယြင္ခ်ဲ့လည္း ေလထုအလႊာပါး တစ္ခုျဖင့္ ဘတ္စ္ကားကို ဖုံးအုပ္လိုက္သည္။
"ေခါင္းေဆာင္ ယြင္ .. ေခါင္းေဆာင္ ရွင္း ... ဘာလို႔ .."
လွည့္လည္ သြားလာေနေသာ ဖုတ္ေကာင္ တစ္ေကာင္မွပင္ သူတို႔အား ရန္မမူသည္ကို ကားျပတင္းေပါက္မ်ား မွတစ္ဆင့္ ေလတာ့ရွန္ႏွင့္ အဖြဲ႕သားတို႔ ေတြ႕လိုက္သည္။ ပို၍အံ့ဩစရာ ေကာင္းသည္က ဖုတ္ေကာင္ တစ္ေကာင္ေတာင္မွ သူတို႔ကို သတိမထား မိၾကသျဖင့္ ပါးစပ္ အေဟာင္းသားႏွင့္ သူတို႔ျမင္ေတြ႕ ေနရသည္တို႔ကို မယုံနိုင္စြာ အံ့အားသင့္ ေနၾကသည္။
အံ့ဩတႀကီး ျဖစ္ေနသည္က သူတို႔ပင္မဟုတ္၊ အနီးအနားရွိ တံတိုင္း ေဆာက္လုပ္ေနၾကေသာ စြမ္းအားရွင္မ်ားႏွင့္ ကင္းလွည့္ ေနၾကသည့္ ရဲမ်ားမွာလည္း ထိုထူးဆန္းေသာ အျဖစ္ကိုေတြ႕ကာ အံ့အားသင့္ မွင္သက္ ေနၾကေလသည္။
"အာ ေျပာဖို႔ ေမ့ေနတာ က်ဳပ္မွာ စြမ္းအား၂ ခုတည္း ရွိတာ မဟုတ္ဘူး သုံးခုရွိတယ္ လွ်ပ္စီးစြမ္းအား .. နယ္ေျမ စြမ္းအားနဲ႕ ေလထုစြမ္းအားပဲ .. ဘတ္စ္ကားကို က်ဳပ္ရဲ႕ ေလထုအလႊာနဲ႕ ကာထားတာ ဆိုေတာ့ မထင္မွတ္ဘဲ ႐ုတ္တရက္ ကိစၥေတြ မျဖစ္လာရင္ ထုံယန္း ၿမိဳ႕ကို ေခ်ာေခ်ာေမြ႕ေမြ႕ သြားၾက႐ုံပဲ"
ယြင္ခ်ဲ့လည္း အခုမွ သတိရသြားသျဖင့္ ရွင္းျပေလရာ ေလတာ့ရွန္ႏွင့္ သူ၏ေနာက္လိုက္မ်ား ေျပာစရာစကားပင္ ေပ်ာက္ရွကုန္သည္။ ဟာကြာ .. ယြင္ခ်ဲ့ ဒီထက္ပိုၿပီး အံ့ဩမျဖစ္လို႔ မရဘူးလား။ လွ်ပ္စီစြမ္းအားႏွင့္ နယ္ေျမစြမ္းအား ႏွစ္မ်ိဳး တစ္ၿပိဳင္တည္း ရွိေနသည္မွာ အလြန္ အံ့ဩဖြယ္ျဖစ္ေနသည့္တိုင္ ေလထုစြမ္းအားလည္း ရွိေနသည္တဲ့လား။ ထိုစြမ္းအားမ်ားႏွင့္ ဆိုလွ်င္ ဖုတ္ေကာင္မ်ားလည္း ၾကာၾကာ ခံနိုင္မည္ မဟုတ္ေပ။ ထို႔ေၾကာင့္ အဖြဲ႕ဝင္ အေယာက္ ၂၀ က လိုအပ္သည္ထက္ပင္ ပိုေနေၾကာင္း ယြင္ခ်ဲ့ ေျပာခဲ့သည္က အံ့ဩဖြယ္ မရွိေတာ့ေပ။
ပို၍ စိတ္သက္သာရာ ရလာသျဖင့္ ယြင္ခ်ဲ့ကို စေနာက္ ေျပာဆို ၾကေလသည္။ ထို႔အျပင္ ပို၍သန္မာ လာသည္ဟု ခံစားမိသြားၿပီး အသက္ရွင္လ်က္ ျပန္သြား နိုင္ၾကေတာ့မည္ဟု ယုံၾကည္ သြားၾကသည္။
"က်န္းရွန္ .. ဇယ္ယြီ .. ကားအမိုးေပၚ သြားၿပီး ဟိုင္႐ႊမ္း .. ရွန္းတို႔နဲ႕ ေနရာလဲလိုက္ .. က်န္းရွန္က လမ္းတစ္ေလွ်ာက္ ေတြ႕သမွ် ဖုတ္ေကာင္ေတြကိုပစ္ ဇယ္ယြီက မင္းရဲ႕ေလအစြမ္းနဲ႕ အျမဳေတေတြ သိမ္းလာခဲ"
ဘတ္စ္ကားမွာ လင္းက်န္းၿမိဳ႕ေပၚသို႔ ေမာင္းႏွင္ လာသည္ႏွင့္ လမ္းေပၚတြင္ ဖုတ္ေကာင္မ်ား ပိုမို မ်ားျပားလာသျဖင့္ ယြင္ခ်ဲ့က ေလးနက္ေသာ အသံႏွင့္ ေျပာလိုက္သည္။ အျမဳေတ စုေဆာင္းျခင္းက ဒုတိယ တာဝန္ျဖစ္ၿပီး အဓိကအခ်က္မွာ ယြင္ခ်ဲ့သည္ က်န္းရွန္၏ လုပ္ေဆာင္နိုင္စြမ္းကို ျမင္လိုၿပီး သူတို႔၏ တိုက္ခိုက္ေရး ပုံစံမ်ားႏွင့္ ပို၍ အသားက် လာေစရန္ ျဖစ္သည္။
"အင္း"
ရိုးရွင္းစြာ တုံ႕ျပန္လိုက္ၿပီး က်န္းရွန္ႏွင့္ က်ိဳးဇယ္ယြီ ျပတင္းေပါက္ကို ဖြင့္လ်က္ ကားအမိုးေပၚတက္ကာ လုဟိုင္႐ႊမ္း၊ ရွန္းေ႐ြ တို႔ႏွင့္ ေနရာ လဲလိုက္သည္။
ဝုန္း
ခဏအၾကာ ႐ုတ္တရက္ တိုက္ခိုက္သံ ၾကားလိုက္ရသျဖင့္ ျပတင္းေပါက္ မွတစ္ဆင့္ အျပင္သို႔ ၾကည့္လိုက္ရာ ကား၏ ေဘးတစ္ဖက္စီတြင္ ေ႐ႊေရာင္ ဖဲႀကိဳးႏွစ္ခုမွာ ေ႐ႊနဂါး အေသးေလး ႏွစ္ေကာင္သဖြယ္ ပ်ံသန္း ေနသည္ကို ေတြ႕လိုက္ရသည္။ ထိုဖဲႀကိဳးမ်ားမွာ ဖုတ္ေကာင္မ်ား၏ ေခါင္းသို႔ ေရာက္သြားၿပီး ဖုတ္ေကာင္မ်ား တန္ျပန္ခ်ိန္ပင္ မရလိုက္ဘဲ ေခါင္းျပတ္ကာ လြင့္ထြက္ သြားၾကသည္။ အံ့ဩဖြယ္ ေကာင္းစြာပင္ က်ိဳးဇယ္ယြီမွာ သူ၏ ေလအစြမ္းကို သုံးလ်က္ အျမဳေတမ်ားကို ထုတ္ယူ စုေဆာင္း လိုက္သည္။ က်ိဳးဇယ္ယြီက စကားမ်ားသူ ျဖစ္ေသာ္လည္း က်န္းရွန္မွာ အလြန္ စကားနည္းလွသည္။ ထိုသို႔ ဆန့္က်င္ဘက္ ႏွစ္ေယာက္ ပထမဆုံးအႀကိမ္ အတူတိုက္ခိုက္ျခင္း ျဖစ္ေသာ္လည္း ေကာင္းမြန္စြာ ပူးေပါင္း ေဆာင္႐ြက္ နိုင္ၾကသျဖင့္ ကားေပၚရွိသူမ်ား မ်က္လုံးျပဴး မ်က္ဆံျပဴးႏွင့္ ၾကည့္ေနၾကေလသည္။
"ေသေရာ .. အဆင့္ ၃ ... က်န္းရွန္က အဆင့္ ၃ စြမ္းအားပိုင္ရွင္ပဲ"
က်န္းရွန္၏ စြမ္းအား မည္မွ်ႀကီးမားေၾကာင္း မ်က္ျမင္ ေတြ႕လိုက္ရသည့္ ယြင္ခ်ဲ့ ကိုယ္တိုင္ပင္ ပင့္သက္ ရွိုက္ရသည္။ က်န္းရွန္သည္ ယဲ့ရွင္းခ်န္၏ ေဘးတြင္ အၿမဲရွိေနတတ္ၿပီး တိတ္ဆိတ္စြာ ေနတတ္ေသာ အခ်စ္႐ူး တစ္ေယာက္သာ ျဖစ္ေနေသာေၾကာင့္ ထိုကဲ့သို႔ ကြၽမ္းက်င္ ရက္စက္စြာ တိုက္ခိုက္ နိုင္လိမ့္မည္ဟု မည္သူ ထင္ခဲ့မိမွာလဲ။ ထို႔အျပင္ က်န္းရွန္သည္ ယြင္ခ်ဲ့ ၿပီးလွ်င္ ဒုတိယေျမာက္ အဆင့္ ၃ စြမ္းအားရွင္ တစ္ေယာက္ပင္။
ယဲ့ရွင္းခ်န္ အနားရွိေနစဥ္ ရွက္ေၾကာက္၍ အမိန႔္နာခံ တတ္ၿပီး ယြင္ေယာင္က က်န္းရွန္အား ရိုးသားကာ ခ်စ္စဖြယ္ ေကာင္းသည္ဟု ထင္ျမင္ေနသည္ကို ေတြးလိုက္မိသည့္အခါ ယြင္ခ်ဲ့ ေျပာစရာ စကားပင္ ေပ်ာက္ဆုံး ကုန္သည္။ တိုက္ခိုက္သည့္အခါ က်န္းရွန္၏ပုံစံမွာ တစ္မ်ိဳး ေျပာင္းလဲသြားေလသည္။ အကယ္၍ ဖဲႀကိဳးမ်ားကို က်န္းရွန္ ကိုင္တြယ္ အသုံးျပဳခဲ့သည္ကို ယြင္ခ်ဲ့ မေတြ႕ခဲ့လွ်င္ တစ္စုံတစ္ေယာက္က သူတို႔အား ကူညီေပးခဲ့သည္ဟု ေတြးမိလိမ့္မည္။
"မင္းအတြက္ ညာလက္႐ုံး တစ္ေယာက္ ေတြ႕သြားၿပီမလား"
ရွင္းဖုန္း လက္ကို ဆန့္ထုတ္ကာ ယြင္ခ်ဲ့ လက္ကို ဆုပ္ကိုင္ လိုက္လ်က္ ကားအျပင္ဘက္ရွိ ေ႐ႊေရာင္ ဖဲႀကိဳးမ်ားကို ၾကည့္ေနလိုက္သည္။ တူညီေသာ ေ႐ႊသတၱဳအစြမ္း ရွိေသာ္လည္း ရွင္းဖုန္း မေျပာလိုေပ။ သို႔ေသာ္ က်န္းရွန္က ျမန္ႏႈန္းျမင့္ စြမ္းအား အေထာက္အပံ့ႏွင့္ ေ႐ႊသတၱဳ အစြမ္းကို လိုအပ္သလို အသုံးျပဳသြားျခင္း ျဖစ္သည္။
"ေသခ်ာတာေပါ့ .. ကိုယ့္ကိုယ္ကို ကမာၻေပၚမွာ ကံအေကာင္းဆုံးပဲ လို႔ေတာင္ ေတြးမိသြားတယ္ "
ထိပ္ဉီးအဖြဲ႕၏ စြမ္းေဆာင္ရည္မ်ား ထင္ရွားစြာ ေပၚေပါက္လာသည္။ က်န္းရွန္၏ သန္မာလွေသာ စြမ္းအားကို လက္ခံနိုင္ သြားၿပီးေနာက္ ယြင္ခ်ဲ့သည္ အျခားသူမ်ား စေနာက္ၾကသကဲ့သို႔ ကိုယ့္ကိုယ္ကို ဟာသေႏွာကာ ေျပာလိုက္သည္။
"ေခါင္းေဆာင္ ယြင္ ... သူတို႔ေတြ ေသခ်ာ ပူးေပါင္းနိုင္ၾကတာပဲ သူတို႔ကို မင္းဘယ္လိုေလ့က်င့္ေပးထားလဲ"
ဘတ္စ္ကား၏ တစ္ဖက္စီတြင္ အတန္းလိုက္ ထိုင္ေနၿပီး ေလတာ့ရွန္ လွည့္ၾကည့္ကာ ေမးလိုက္သည္။ သူ၏အဖြဲ႕သားမ်ားမွာ ကပ္ေဘး မတိုင္မီအထိ စြမ္းအားမ်ားကို မည္သို႔ အသုံးျပဳမည္ကို မေလ့က်င့္ခဲ့ၾကသျဖင့္ မည္သို႔ လုပ္ေဆာင္ရမည္ကိုလည္း ေသခ်ာ မသိခဲ့ၾကေပ။ တိုက္ခိုက္ၾကသည့္ အခါတြင္ ဓါတ္ႀကီး ငါးပါးကိုလည္း ေပါင္းစပ္ တိုက္ခိုက္နိုင္ေၾကာင္း မသိခဲ့ၾကသျဖင့္ အဖြဲ႕လိုက္ လုပ္ေဆာင္ရာတြင္ အားနည္းခဲ့ၾကသည္။ က်န္းရွန္ႏွင့္ က်ိဳးဇယ္ယြီတို႔၏ ပူးေပါင္း တိုက္ခိုက္ပုံကို ျမင္သြားၿပီးေနာက္ ေလတာ့ရွန္ အလြန္ပင္ အံ့အားသင့္ခဲ့ရသည္။ ထို႔ေၾကာင့္ ယြင္ခ်ဲ့ထံမွ ပညာသင္ယူၿပီး သူ၏အဖြဲ႕အတြက္ ေလ့က်င့္သင္ၾကား ေပးရမည္ဟု ေလတာ့ရွန္ ေတြးလိုက္သည္။
ယြင္ခ်ဲ့လည္း ရွင္းဖုန္းကို တစ္ခ်က္ၾကည့္ကာ ရွင္းဖုန္း ပခုံးကို ေက်ာ္၍ ေလတာ့ရွန္ကို ၾကည့္လိုက္သည္။
"သူတို႔ေတြ တစ္ခါမွ အတူတူ ပူးေပါင္း မလုပ္ဖူးဘူးလို႔ ေျပာရင္ က်ဳပ္ကိုယုံမယ္ မထင္ဘူး ... ဒါေပမယ့္ က်ဳပ္တို႔က စြမ္းအားေတြကို ေပါင္းစည္းၿပီး တိုက္ခိုက္ေလ့ ရွိတယ္ ခင္ဗ်ား စိတ္ဝင္စားတယ္ဆိုရင္ အတူတူ စမ္းၾကည့္ၾကတာေပါ့"
အဖြဲ႕သားမ်ားကို အစြမ္းထက္ လာေစရန္ ကူညီေပးျခင္းက သူတို႔ အနိုင္ရရန္ နည္းလမ္း တစ္ခုလည္း ျဖစ္ေသာေၾကာင့္ ယြင္ခ်ဲ့ သူ၏ အေတြ႕အႀကဳံမ်ားကို ဘယ္ေသာအခါမွ ကြယ္ဝွက္ မထားတတ္ေပ။
"ေကာင္းတာေပါ့… ေခါင္းေဆာင္ ယြင္ .. ငါတို႔ကို ကူညီေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္"
ေလတာ့ရွန္ ရိုးသားစြာ ျပန္ေျဖလိုက္သည္။ သူ၏အဖြဲ႕သည္ ယြင္ခ်ဲ့ ထံမွသင္ယူရန္ လိုအပ္သည္မွာ အမွန္ပင္။
"အင္းပါ ဟန္ေတြဘာေတြ လုပ္မေနပါနဲ႕ ... အစ္ကိုေလ ခင္ဗ်ားလို လူမ်ိဳးေတြနဲ႕ မိတ္ေဆြဖြဲ႕ခ်င္တာ .. ခင္ဗ်ားသိလား စြမ္းအား ေပါင္းစည္းတယ္ ဆိုတာကလည္း ...."
ယြင္ခ်ဲ့လည္း ရွင္းဖုန္းႏွင့္ ေနရာလဲ၍ တစ္ဖက္တြင္ ရွိေသာ ေလတာ့ရွန္ႏွင့္ စကားေျပာရန္ ျပင္လိုက္သည္။ ေခါင္းေဆာင္ ေလ ဟုမေခၚဘဲ အစ္ကို ေလ ဟု ေခၚလိုက္သျဖင့္ ေလတာ့ရွန္ႏွင့္ သူ၏ အဖြဲ႕သားမ်ား ေပ်ာ္႐ႊင္ ေက်နပ္သြားကာ ယြင္ခ်ဲ့ ထံမွ အႀကံဉာဏ္မ်ားကိုလည္း စိတ္ရွည္စြာ ေတာင္းခံေနၾကသည္။ ေနာက္ဆုံး ေရာက္လာသည္က ရႈက်ဲ ျဖစ္ၿပီး ခုံေပၚတြင္ ထိုင္လ်က္ ေဒါသတႀကီး အံႀကိတ္လိုက္သည္။ ယြင္ခ်ဲ့သည္ သူ႕ကို အလြန္ စိတ္ဆိုးေစသည္။ ထို႔အျပင္ မနက္ပိုင္းလူစုခ်ိန္တြင္ ယဲ့ရွင္းခ်န္ ႏွင့္ က်န္းရွန္ တို႔ကို ႐ုတ္တရက္ေတြ႕ခဲ့ၿပီး အႏုပညာေလာကတြင္ က်င္လည္ေနသူ တစ္ေယာက္ အေနႏွင့္ သူတို႔ႏွစ္ေယာက္ကို ရႈက်ဲ သတိထားမိ လိုက္သည္။ ကပ္မဆိုက္မီ ကတည္းက ရႈက်ဲ ကဲ့သို႔ ႐ုပ္ရည္အခံႏွင့္ နာမည္ႀကီးသူမ်ားသည္ ယဲ့ရွင္းခ်န္ကို ရန္သူတစ္ေယာက္ အျဖစ္ သတ္မွတ္ထားၿပီး သူ၏ေနရာကို အရယူကာ အေတာ္ဆုံး နာမည္ႀကီး ၾကယ္ပြင့္မ်ား ျဖစ္လာၾကရန္ စိတ္ကူးခဲ့ၾကသည္။
က်န္းရွန္သည္ ရႈက်ဲ၏ ႏွလုံးသားထဲမွ ဆူးေညွာင့္ တစ္ခုပင္။ ကပ္ေဘးကာလ မတိုင္မီ ရႈက်ဲ၏ ကိုယ္စားလွယ္သည္ ရႈက်ဲ အတြက္ သီခ်င္းႏွင့္ ဇာတ္ၫႊန္းမ်ား ေရးေပးရန္ က်န္းရွန္ အား အႀကိမ္ႀကိမ္အခါခါ ဖိတ္ၾကား ခဲ့ဖူးသည့္အျပင္ က်န္းရွန္ အတြက္ ဇာတ္ပို႔ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္နိုင္သည္ အထိ အခြင့္အေရး ေပးခဲ့သည္။ သို႔ေသာ္ က်န္းရွန္က ႀကိဳတင္ ခ်ိတ္ဆက္ ထားၿပီးေသာ အခ်ိန္ဇယားမ်ားႏွင့္ သဟဇာတ မျဖစ္နိုင္ေၾကာင္း ေျပာကာ အႀကိမ္တိုင္း ျငင္းဆိုခဲ့သျဖင့္ ရႈက်ဲ အလြန္ နာက်ည္းခဲ့သည္။ ကပ္ေဘး ကာလတြင္ ယဲ့ရွင္းခ်န္ႏွင့္ က်န္းရွန္ တို႔ကို အတူတူ မဆုံေတြ႕လိုေသာ္လည္း စိတ္အေႏွာင့္အယွက္ ျဖစ္ရေလာက္ေအာင္ပင္ ယြင္ခ်ဲ့ အဖြဲ႕တြင္ သူတို႔ႏွစ္ဉီး ပါဝင္လာခဲ့သည္။ ဒီထက္ မုန္းစရာေကာင္းတာ ဘာရွိေတာ့မွာလဲ။
ရႈက်ဲ စိတ္ဆိုးစိတ္ပ်က္ ေနေသာ္လည္း ယြင္ခ်ဲ့ႏွင့္ မယွဥ္ရဲေပ။ ၿပီးခဲ့ေသာ အခ်ိန္က ယြင္ခ်ဲ့ ထံမွ ေျပာဆိုခံထားရသျဖင့္ စိတ္ေခ်ာက္ခ်ား ေနေသာေၾကာင့္ စိတ္ထဲမွ ေၾကာက္႐ြံ႕ေနသျဖင့္ ယြင္ခ်ဲ့အား တည့္တည့္ပင္ မၾကည့္ရဲ။
က်န္းရွန္၏ ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ခိုက္မႈမ်ားေၾကာင့္ ဘတ္စ္ကားသည္ အခက္အခဲမရွိ သြားလာနိုင္ၿပီး ၂ နာရီပင္ မၾကာလိုက္ဘဲ ထုံယန္းၿမိဳ႕၏ ဆင္ေျခဖုံးသို႔ ေရာက္ရွိလာၾကသည္။ အခ်ိန္မွာ မနက္ ၉ နာရီရွိေနၿပီး အရႈံးသမား အဖြဲ႕ဝင္မ်ား၏ လိုအပ္သည္မ်ားကို စဥ္းစားကာ ၿမိဳ႕ထဲသို႔ တိုက္ရိုက္ မဝင္ဘဲ ၿမိဳ႕ကို ပတ္သြားကာ ပထမဆုံး ေတြ႕ရသည့္ စူပါမားကတ္ သို႔မဟုတ္ ကုန္စုံဆိုင္ တစ္ခုထဲသို႔ ဝင္သြားၾကေလသည္။ ရွင္းဖုန္း သည္လည္း လိင္ပိုင္းဆိုင္ရာ ပစၥည္း အေရာင္းဆိုင္ကို ရွာေဖြရန္ မေမ့ေပ။ ဆိုင္တစ္ဆိုင္ ေတြ႕သည္ႏွင့္ ခ်က္ခ်င္း ေျပးဝင္ကာ ပစၥည္း အားလုံးကို ေသခ်ာမၾကည့္ဘဲ သူ၏နယ္ေျမထဲသို႔ ထည့္သြင္း သိမ္းဆည္း ထားလိုက္သည္။
"ဖုတ္ေကာင္ေတြ လာေနၿပီ ... အသင့္ျပင္ထားၾက ငါတို႔ၿမိဳ႕ထဲကို သြားမယ္"
၁၀ နာရီ ဝန္းက်င္ျဖစ္ေနၿပီး ဆင္ေျခဖုံးတြင္ စူပါမားကတ္မ်ားႏွင့္ စတိုးဆိုင္မ်ား သိပ္မရွိေပ။ ေတြ႕ရေသာ ဆိုင္မ်ားမွာ ေဖာက္ထြင္း စီးနင္းျခင္း ခံထားရေသာ္လည္း သူတို႔အားလုံး လိုအပ္ေသာ ပစၥည္းမ်ား အမ်ားအျပားကို စုေဆာင္း ထားမိၿပီးျဖစ္သည္။ ယြင္ခ်ဲ့လည္း သူ၏တည္ေနရာ ျပဇယားကို ၾကည့္လိုက္သည့္ အခါ သူတို႔အနားသို႔ ဖုတ္ေကာင္မ်ား စုေဝး ေရာက္လာသည္ကို ေတြ႕လိုက္ရသည္။
"နည္းအေဟာင္းပဲ သုံးၾကမွာလား"
ရွင္းဖုန္း လွည့္ကာ ယြင္ခ်ဲ့ကို ၾကည့္လိုက္သည္။ ၿမိဳ႕ျပင္တြင္ ဖုတ္ေကာင္မ်ားစြာ ရွိေနသျဖင့္ ၿမိဳ႕ထဲတြင္ ပိုမ်ားမည္ဟု ထင္ရသည္။ ၿမိဳ႕ထဲသို႔ဝင္၍ တရစပ္ တိုက္ခိုက္မည္ ဆိုပါကလည္း ထင္သေလာက္ မလြယ္ကူေပ။ မည္သည့္ အေၾကာင္း ေျပာဆို ေနၾကသည္ကို မသိသျဖင့္ ေလတာ့ရွန္ နားေထာင္လ်က္သာ ၾကည့္ေနေလသည္။ နာရီ အနည္းငယ္ ၾကာၿပီးေနာက္ ေခ်ာင္ယန္း အဖြဲ႕ႏွင့္ ထိပ္ဉီးအဖြဲ႕တို႔ မည္မွ် သန္မာေၾကာင္း သူသိလာသျဖင့္ အမိန့္နာခံရန္ အသင့္ျဖစ္ေနသည္။ လူတစ္ေယာက္သည္ အသန္မာဆုံး ျဖစ္ရန္ မလိုအပ္ေသာ္လည္း သူ၏အားသာခ်က္ကို နားလည္ သေဘာေပါက္ ထားရမည္။ တစ္ဇြတ္ထိုး လုပ္ပါက ကိုယ့္ေသတြင္း ကိုယ္တိုင္ တူးျခင္းပင္ျဖစ္ေတာ့မည္"
"အင္း .. ရွန္း .. ဟိုင္႐ႊမ္း မင္းတို႔က အေတြ႕ႀကဳံ ရွိတယ္ဆိုေတာ့ အရင္လုပ္လိုက္ .. က်န္းရွန္ ယိုသုန္း သူတို႔ ဘာလုပ္မလဲဆိုတာ ေသခ်ာၾကည့္ထား ေနာက္မိနစ္ ႏွစ္ဆယ္ေနရင္ သူတို႔ေနရာကို အစားဝင္လိုက္ ... ရွန္း .. ဟိုင္႐ႊမ္း အလွည့္ေျပာင္းတဲ့ အခ်ိန္ၾကရင္ အရင္မနားဘဲ သူတို႔ ဘာလုပ္ရမလဲဆိုတာ ေသခ်ာသိတဲ့အထိ ကူေပးလိုက္"
ယြင္ခ်ဲ့ ေမးကိုပြတ္၍ ေသခ်ာစဥ္းစားၿပီး အမိန႔္ေပး လိုက္သည္။ အရႈံးသမားအဖြဲ႕မွ ယိုသုန္းသည္ ေ႐ႊသတၱဳစြမ္းအားရွင္ တစ္ေယာက္ျဖစ္သည္။ ထုံယန္းၿမိဳ႕သို႔ သြားသည့္ လမ္းတြင္ အခုတာဝန္အတြက္ ပါဝင္ၾကသည့္ အဖြဲ႕ဝင္မ်ား၏ စြမ္းအားမ်ားကို သိရွိခဲ့ရသည္။
"အင္း .."
ရွန္းေ႐ြ၊ လုဟိုင္႐ႊမ္း၊ က်န္းရွန္ႏွင့္ ယိုသုန္းတို႔ အားလုံး သေဘာတူ ေခါင္းညိတ္ လိုက္သည္။ ထို႔ေနာက္ ရွင္းဖုန္း မွ...
"ေက်ာက္ေကာင္း .. ရႈက်ဲကို ကာကြယ္ထား .. ဖုန္းေ႐ြက ငါ့ကိုကာကြယ္ေပး .. ေခါင္းေဆာင္ ေလ မင္းမွာ နယ္ေျမ စြမ္းအားရွင္ေတြ ပါရင္ သူတို႔ကို ကာကြယ္ထားဉီး"
ရွင္းဖုန္းက သူ၏ကိုယ္ပိုင္ တိုက္ခိုက္ေရး စြမ္းရည္မ်ားကို ဖုံးကြယ္ ထားလိုေသာေၾကာင့္ သူ၏လက္ထဲတြင္ ေသနတ္တစ္လက္ ကိုင္ထားၿပီး ကိုယ့္ကိုယ္ကို ကာကြယ္ရန္ ဟန္ေဆာင္လိုက္သည္။
"အင္း ေကာင္းၿပီ"
ယခုတာဝန္တြင္ ခ်ဴးေဟာင္လင္း မလိုက္ခဲ့ေပ။ ေက်ာက္ေကာင္းႏွင့္ ဖုန္းေ႐ြ တို႔မွာ စကားနည္းသူ ျဖစ္ၾကသည္။ ၿမိဳ႕ထဲသို႔ ဝင္ေရာက္ လာသည့္အခါ ေလတာ့ရွန္ႏွင့္ သူ၏အဖြဲ႕သားမ်ား တက်ည္က်ည္ မလုပ္ၾကေတာ့ေပ။ ၿမိဳ႕တစ္ၿမိဳ႕သို႔ သြားသည့္အခါ အသက္ရွင္လ်က္ သြားနိုင္ျပန္လာနိုင္ခဲ့ေသာ အဖြဲ႕ ရွိေၾကာင္း မၾကားဖူးၾကသျဖင့္ သတိႀကီးစြာ ထားလ်က္ ေစာင့္ၾကည့္ေနၾကသည္။ ရွင္းဖုန္းႏွင့္ သူ၏အဖြဲ႕ဝင္မ်ား နယ္စပ္ၿမိဳ႕ေတာ္သို႔ သြားခဲ့ၾကသည္ကို လူအနည္းငယ္သာ သိသည္။ မဟုတ္လွ်င္ ထိုအေၾကာင္းသည္ စခန္းထဲတြင္ ဆူပူလာနိုင္ၿပီး စြမ္းအားရွင္ အဖြဲ႕အစည္းတြင္ အဖြဲ႕ဖြဲ႕ရန္ Yun Che ေျပာၾကားသည့္အခါ ေလွာင္ေျပာင္ခံရမည္ မဟုတ္ေပ။
"စၾကရေအာင္ .. သတိႀကီးႀကီး ထားၾက"
ထုံယန္းၿမိဳ႕တြင္ မည္သို႔ ျဖစ္လာနိုင္သည္ကို မည္သူမွ မသိနိုင္ၾကသျဖင့္ သူတို႔အားလုံး ပူးေပါင္း ေျဖရွင္းၾကရန္ လိုအပ္သည္။ ယြင္ခ်ဲ့ႏွင့္ ရွင္းဖုန္း တို႔သည္ ရာႏႈန္းျပည့္ မေသခ်ာေသာ္လည္း ယခုခရီးသည္ နယ္ၿမိဳ႕သို႔ သြားခဲ့သည့္အတိုင္း ေခ်ာေမြ႕လိမ့္မည္ဟု ယုံၾကည္ေနသည္။
ကြၽိ
ယြင္ခ်ဲ့ ေျပာၿပီး သြားသည္ႏွင့္ ဘတ္စ္ကားမွာ တျဖည္းျဖည္း ေႏွးလာကာ ႐ုတ္တရက္ ရပ္သြားသည္။ လုဟိုင္႐ႊမ္း ပထမဆုံး ဆင္းလိုက္ၿပီး တံခါးတြင္ သတၱဳလက္ရန္း တစ္ခု ဖန္တီးလိုက္သည္။ ယိုသုန္းသည္ တက္ႂကြစြာျဖင့္ အေနာက္မွ လိုက္သြားၿပီး သတၱဳစၾကၤံလမ္း ပုံစံရလာသည့္အခါ ယြင္ခ်ဲ့က ေလတာ့ရွန္ႏွင့္ သူ၏အဖြဲ႕သားမ်ားကို အရင္သြားေစသည္။ လူတိုင္း သတၱဳစၾကၤံ လမ္းေပၚသို႔ ေရာက္ရွိသည့္အခါ ေနာက္ဆုံး အဆုံးသတ္ရန္ တာဝန္ရွိေသာ ရွန္းေ႐ြက သတၱဳစၾကၤံလမ္းကို ခ်က္ခ်င္း သိမ္းလိုက္သည္။ ယြင္ခ်ဲ့က သူ၏နယ္ပယ္ အတြင္းသို႔ သတၱဳမ်ား ျပန္လည္ သိမ္းဆည္းသည့္ အခါ သတၱဳစၾကၤံလမ္းကို ေလထုျဖင့္ ဖုံးအုပ္ကာ သိမ္းဆည္း လိုက္သည္။ က်န္းရွန္မွာ မတိုက္ခိုက္သည့္ အခ်ိန္တြင္ ပို၍ခ်စ္စရာ ေကာင္းၿပီး ဆိတ္ဆိတ္ေနျခင္းက သူ၏အမိန႔္နာခံျခင္း ျဖစ္သည္။ ရွန္းေ႐ြ၏ လႈပ္ရွားမႈမ်ားကို သူ၏ ခ်စ္စဖြယ္ ေကာင္းသည့္ တည္ၿငိမ္ေသာ မ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္ေနၿပီး သူ၏ စိတ္ထဲတြင္ ျမင္ခဲ့သည္မ်ားကို မွတ္သား ထားလိုက္သည္။
***