Unicode
အပိုင်း - ၁၉၂ ပါးပါးကိုလွမ်းလို့
"ငါ-တစ်ရှူး လိုချင်တယ်..."
မုရှောင်းရှောင်က အသက်ကို လလုရှုလိုက်ရင်း ရှက်ရွံ့စွာ ပြောလာသည်။ ဧည့်ခန်းက မီးတွေမလင်းပေမယ့် ယင်းရှောင်ကျဲ သူ့အင်္ကျီက ရေစိမ်ထားသလို စိုနေပြီလို့ ခံစား နေရပြီး သူ့အင်္ကျီလဲရန် ကြံလိုက်သည်။
သို့သော် ယင်းရှောင်ကျဲသည် သူမကို ပွေ့ဖက်ထားရာမှ မလွတ်မြောက်ဘဲ သူ့ခန္ဓာကိုယ်ကို လှည့်ကာ ကော်ဖီစားပွဲပေါ်မှ တစ်ရှူးများယူရန် သူ့လက်ရှည်ရှည်ကို ဆန့်ထုတ်လိုက်သည်။
"ငိုလိုက်တော့ စိတ်သက်သာရာရသွားပြီးလား"
ထုံးစံအတိုင်း ရက်စက်ကြမ်းကြုတ်စွာ
အေးစက်စက်လေသံဖြင့် လှောင်သလို မေးလာသည်။ မုရှောင်းရှောင် က ခေါင်းညိတ်လိုက်ပြီး နှာခေါင်းကို တစ်ရှူးနဲ့ အုပ်ကာ သန်ရှင်းလိုက်သည််။ အချိန်က တအား နောက်ကျနေပြီး အစားအသောက်တွေ အချိန်မရွေး ရောက်လာတော့မှာကို ယင်းရှောင်ကျဲ ခန့်မှန်းမိသဖြင့် သူက မီးဖွင့်လို့ရမလားလို့ မေးလိုက်တယ်။
"ရပြီ"
ယင်းရှောင်ကျဲ မပြုံးနိုင်ဘဲ မနေနိုင်။ ဤလူဆိုးမလေး အမြဲ ဒီလိုပြုမူ နေပါက ဘယ်မျလောက် ကောင်းလိုက်မလဲ ?
သို့သော် သူမနှင့် မငြင်းခုန် ရင်လဲ ပျော်စရာများကို လွတ်သွားလိမ့်မည်ဟု သူ တွေးလိုက်မိပြန်သည်။
ယင်းရှောင်ကျဲ နောက်ဆုံးတော့ သူမကို လွှတ် ပေးလိုက်ကာ သူ့ဘေးနားမှ ခေါင်းအုံးတစ်လုံးကို ဆွဲယူပြီး သူ့ရင်ခွင်အစား ထိုးထည့် ပေးထားလိုက်သည်။ ထို့နောက် ဆိုဖာပေါ်မှ ဆင်းကာ မီးဖွင့်ရန် သွားလိုက်သည်။ ထို့နောက် ရေခဲသေတ္တာထဲသို့ သတ္တုရေဘူးတစ်ဘူးကို သွားယူပြီး
"ရေနည်းနည်းသောက်လိုက် "
ဟု သူမထံ လွှဲပေးလိုက်သည်။ ထိုမှပင် သူမ မျက်လုံးမျာက ယုန်မျက်လုံးထက် ပိုနီရဲနေသည်ကို သူမြင်လိုက်ရသည်။ မျက်ခုံးပင့်ပြီး
“မင်းကိုမင်း ကြည့်။ ငိုလွန်းလို့ မျက်လုံးတွေတောင် ရောင်နေတပြီး ”
ဟုဆိုမိသည်။မုရှောင်းရှောင် ၏လည်ချောင်းသည် ငိုယိုထားတာကြာင့် ခြောက်ကပ်နေကာ ရေအနည်းငယ်သောက်ပြီးနောက် သူမသည် ပို၍သက်တောင့်သက်သာ ရှိသွားသလို ခံစားရသည်။ ယင်းရှောင်ကျဲ စကားကိုကြားတော့ သူမမျက်လုံးတွေ ခြောက်သွေ့ပြီး နာကျင်နေမှန်း သိလိုက်ရသည်။ ထို့နောက် ရေပုလင်းကို ကိုင်လိုက်ပြီး မျက်ခွံပေါ် ဖိလိုက်သည်။
"မင်းရေ ပိုသောက်သင့်တယ်။ မျက်လုံးကို ကပ်ဖို့ ငါယူပေးမယ်"
ယင်းရှောင်ကျဲ စကားပြောနေရင်း ရေခဲသေတ္တာသို့ ပြန်သွားကာ ခကိုလာတစ်ဘူးကို ထုတ်ယူလာပြီး သူမရှေ့က ကော်ဖီစားပွဲပေါ်မှာ တင်လိုက်သည်။
မုရှောင်းရှောင်ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ရေပုလင်းတစ်ဝက်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမသည် ကိုလာဗူးကိုကိုင်ကာ စက္ကန့်အနည်းငယ်ကြာ မျက်လုံးများကို သက်သာသွားအောင် လုပ်နေလိုက်သည်။
ယင်းရှောင်ကျဲ သူမဘေးတွင်ထိုင်ကာ သူမကိုကြည့်ပြီး
"ဗိုက်ဆာနေလား"
ဟုမေးသည်။
မုရှောင်းရှောင် ခေါင်းညိတ်ပြပြီး စိုစွတ်နေသော အနက်ရောင် မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ကာ
“ငါ ပါးပါး ကို ဖုန်းခေါ်ချင်တယ်”
“ကောင်းပြီ၊ သူ့ကို ခေါ်လိုက် ”
ဟု ပြန်ပြောကာ သူ့အိတ်ထဲမှ ဖုန်းကို ထုတ်ကာ သူမထံ ပေးလိုက်သည်။
မုရှောင်းရှောင် လှုပ်ဖို့တောင် မလို။
မုရှောင်းရှောင် ယင်းရှောင်ကျဲ ဖုန်းကိုယူကာ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
မြည်သံအနည်းငယ်ဖြင့် ဖုန်းခေါ်ဆိုမှုကို ၀င်သွားကာ တစ်ဖက်က လက်ခံလိုက်သည်။
သူမပါးပါး အသံမထွက်လာခင် မုရှောင်းရှောင်က ရင်တွေတအားနာနေပြီး
"ပါးပါး"
ဟု တိုးတိုးလေး အော်လိုက်သည်။
မုပါးပါး ၏ အသံကို ဖုန်းထဲတွင် ကြားလိုက်ရပြီး ထူးထူးခြားခြား ဖြစ်နေတဲ့ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။ ကလေး၊ ဘာဖြစ်နေတာလဲလို့ မေးတယ်။
သူမသည် သူမ၏ခံစားချက်များကို ဖိနှိပ်ရန်ကြိုးစားခဲ့သော်လည်း သူမအပေါ် အရမ်း ဂရုစိုက်တတ်တာ ဖြစ်သည်။ မုရှောင်းရှောင် သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
"ဘာမှမဟုတ်ပါဘူး ပါးပါးကို လွမ်းလို့ ..."
"ပါးပါး လည်းလွမ်းတယ်။ တရုတ်ပြည်မှာ ပြန်နေရတာ ကောင်းတယ်မလား။ ရှောင်ကျဲ နဲ့ ရော ဘယ်လိုနေလဲ"
"အင်း...သမီးတို့...အဆင်ပြေပါတယ်။စိတ်မပူပါနဲ့ ဒီမှာနေရတာ ကောင်းပါတယ် ၊ ပါးပါး အနားမှာမရှိတာ တစ်ခုပဲ "
မုပါးပါးက အသာရယ်သည်။ ?
"အင်း ပါးပါး နားလည်ပြီ။ပါးပါးလဲ ကိုယ့်ကိုကိုယ် ဂရုစိုက်မယ်။ သမီးရောပဲ ။ ရှောင်ကျဲ ကို အနိုင်ကျင့်မနေနဲ့၊ သမီးတို့ နှစ်ယောက် အတူတူ ခံစားချက်တွေကို ပြုစုပျိုးထောင်ဖို့ ကြိုးစားရမယ်။"
"သမီး မလုပ်ပါ ဘူး! သူကသာ သမီးကိုအမြဲအနိုင်ကျင့်တဲ့သူပါ။ ဟွန့် ..." မုရှောင်းရှောင် က ယင်းရှောင်ကျဲကို စိုက်ကြည့်ရင်း ငြင်းလိုက်သည်။
Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်
Zawgyi
အပိုင္း - ၁၉၂ ပါးပါးကိုလြမ္းလို႔
"ငါ-တစ္ရႉး လိုခ်င္တယ္..."
မုေရွာင္းေရွာင္က အသက္ကို လလုရႈလိုက္ရင္း ရွက္႐ြံ႕စြာ ေျပာလာသည္။ ဧည့္ခန္းက မီးေတြမလင္းေပမယ့္ ယင္းေရွာင္က်ဲ သူ႔အက်ႌက ေရစိမ္ထားသလို စိုေနၿပီလို႔ ခံစား ေနရၿပီး သူ႔အက်ႌလဲရန္ ႀကံလိုက္သည္။
သို႔ေသာ္ ယင္းေရွာင္က်ဲသည္ သူမကို ေပြ႕ဖက္ထားရာမွ မလြတ္ေျမာက္ဘဲ သူ႔ခႏၶာကိုယ္ကို လွည့္ကာ ေကာ္ဖီစားပြဲေပၚမွ တစ္ရႉးမ်ားယူရန္ သူ႔လက္ရွည္ရွည္ကို ဆန႔္ထုတ္လိုက္သည္။
"ငိုလိုက္ေတာ့ စိတ္သက္သာရာရသြားၿပီးလား"
ထုံးစံအတိုင္း ရက္စက္ၾကမ္းၾကဳတ္စြာ
ေအးစက္စက္ေလသံျဖင့္ ေလွာင္သလို ေမးလာသည္။ မုေရွာင္းေရွာင္ က ေခါင္းညိတ္လိုက္ၿပီး ႏွာေခါင္းကို တစ္ရႉးနဲ႔ အုပ္ကာ သန္ရွင္းလိုက္သည္္။ အခ်ိန္က တအား ေနာက္က်ေနၿပီး အစားအေသာက္ေတြ အခ်ိန္မေ႐ြး ေရာက္လာေတာ့မွာကို ယင္းေရွာင္က်ဲ ခန႔္မွန္းမိသျဖင့္ သူက မီးဖြင့္လို႔ရမလားလို႔ ေမးလိုက္တယ္။
"ရၿပီ"
ယင္းေရွာင္က်ဲ မၿပဳံးႏိုင္ဘဲ မေနႏိုင္။ ဤလူဆိုးမေလး အၿမဲ ဒီလိုျပဳမူ ေနပါက ဘယ္မ်ေလာက္ ေကာင္းလိုက္မလဲ ?
သို႔ေသာ္ သူမႏွင့္ မျငင္းခုန္ ရင္လဲ ေပ်ာ္စရာမ်ားကို လြတ္သြားလိမ့္မည္ဟု သူ ေတြးလိုက္မိျပန္သည္။
ယင္းေရွာင္က်ဲ ေနာက္ဆုံးေတာ့ သူမကို လႊတ္ ေပးလိုက္ကာ သူ႔ေဘးနားမွ ေခါင္းအုံးတစ္လုံးကို ဆြဲယူၿပီး သူ႔ရင္ခြင္အစား ထိုးထည့္ ေပးထားလိုက္သည္။ ထို႔ေနာက္ ဆိုဖာေပၚမွ ဆင္းကာ မီးဖြင့္ရန္ သြားလိုက္သည္။ ထို႔ေနာက္ ေရခဲေသတၱာထဲသို႔ သတၱဳေရဘူးတစ္ဘူးကို သြားယူၿပီး
"ေရနည္းနည္းေသာက္လိုက္ "
ဟု သူမထံ လႊဲေပးလိုက္သည္။ ထိုမွပင္ သူမ မ်က္လုံးမ်ာက ယုန္မ်က္လုံးထက္ ပိုနီရဲေနသည္ကို သူျမင္လိုက္ရသည္။ မ်က္ခုံးပင့္ၿပီး
“မင္းကိုမင္း ၾကည့္။ ငိုလြန္းလို႔ မ်က္လုံးေတြေတာင္ ေရာင္ေနတၿပီး ”
ဟုဆိုမိသည္။မုေရွာင္းေရွာင္ ၏လည္ေခ်ာင္းသည္ ငိုယိုထားတာၾကာင့္ ေျခာက္ကပ္ေနကာ ေရအနည္းငယ္ေသာက္ၿပီးေနာက္ သူမသည္ ပို၍သက္ေတာင့္သက္သာ ရွိသြားသလို ခံစားရသည္။ ယင္းေရွာင္က်ဲ စကားကိုၾကားေတာ့ သူမမ်က္လုံးေတြ ေျခာက္ေသြ႕ၿပီး နာက်င္ေနမွန္း သိလိုက္ရသည္။ ထို႔ေနာက္ ေရပုလင္းကို ကိုင္လိုက္ၿပီး မ်က္ခြံေပၚ ဖိလိုက္သည္။
"မင္းေရ ပိုေသာက္သင့္တယ္။ မ်က္လုံးကို ကပ္ဖို႔ ငါယူေပးမယ္"
ယင္းေရွာင္က်ဲ စကားေျပာေနရင္း ေရခဲေသတၱာသို႔ ျပန္သြားကာ ခကိုလာတစ္ဘူးကို ထုတ္ယူလာၿပီး သူမေရွ႕က ေကာ္ဖီစားပြဲေပၚမွာ တင္လိုက္သည္။
မုေရွာင္းေရွာင္ဆိုဖာေပၚတြင္ တင္ပ်ဥ္ေခြထိုင္ကာ ေရပုလင္းတစ္ဝက္ကို ငုံ႔ၾကည့္လိုက္သည္။ ထို႔ေနာက္ သူမသည္ ကိုလာဗူးကိုကိုင္ကာ စကၠန႔္အနည္းငယ္ၾကာ မ်က္လုံးမ်ားကို သက္သာသြားေအာင္ လုပ္ေနလိုက္သည္။
ယင္းေရွာင္က်ဲ သူမေဘးတြင္ထိုင္ကာ သူမကိုၾကည့္ၿပီး
"ဗိုက္ဆာေနလား"
ဟုေမးသည္။
မုေရွာင္းေရွာင္ ေခါင္းညိတ္ျပၿပီး စိုစြတ္ေနေသာ အနက္ေရာင္ မ်က္လုံးမ်ားျဖင့္ သူ႔ကို စိုက္ၾကည့္ကာ
“ငါ ပါးပါး ကို ဖုန္းေခၚခ်င္တယ္”
“ေကာင္းၿပီ၊ သူ႔ကို ေခၚလိုက္ ”
ဟု ျပန္ေျပာကာ သူ႔အိတ္ထဲမွ ဖုန္းကို ထုတ္ကာ သူမထံ ေပးလိုက္သည္။
မုေရွာင္းေရွာင္ လႈပ္ဖို႔ေတာင္ မလို။
မုေရွာင္းေရွာင္ ယင္းေရွာင္က်ဲ ဖုန္းကိုယူကာ ဖုန္းနံပါတ္ကို ႏွိပ္လိုက္သည္။
ျမည္သံအနည္းငယ္ျဖင့္ ဖုန္းေခၚဆိုမႈကို ၀င္သြားကာ တစ္ဖက္က လက္ခံလိုက္သည္။
သူမပါးပါး အသံမထြက္လာခင္ မုေရွာင္းေရွာင္က ရင္ေတြတအားနာေနၿပီး
"ပါးပါး"
ဟု တိုးတိုးေလး ေအာ္လိုက္သည္။
မုပါးပါး ၏ အသံကို ဖုန္းထဲတြင္ ၾကားလိုက္ရၿပီး ထူးထူးျခားျခား ျဖစ္ေနတဲ့ တစ္စုံတစ္ခုကို သတိျပဳမိသြားပုံရသည္။ ကေလး၊ ဘာျဖစ္ေနတာလဲလို႔ ေမးတယ္။
သူမသည္ သူမ၏ခံစားခ်က္မ်ားကို ဖိႏွိပ္ရန္ႀကိဳးစားခဲ့ေသာ္လည္း သူမအေပၚ အရမ္း ဂ႐ုစိုက္တတ္တာ ျဖစ္သည္။ မုေရွာင္းေရွာင္ သူမ၏ ႏွလုံးသားထဲတြင္ ေႏြးေထြးမႈကို ခံစားလိုက္ရသည္။
"ဘာမွမဟုတ္ပါဘူး ပါးပါးကို လြမ္းလို႔ ..."
"ပါးပါး လည္းလြမ္းတယ္။ တ႐ုတ္ျပည္မွာ ျပန္ေနရတာ ေကာင္းတယ္မလား။ ေရွာင္က်ဲ နဲ႔ ေရာ ဘယ္လိုေနလဲ"
"အင္း...သမီးတို႔...အဆင္ေျပပါတယ္။စိတ္မပူပါနဲ႔ ဒီမွာေနရတာ ေကာင္းပါတယ္ ၊ ပါးပါး အနားမွာမရွိတာ တစ္ခုပဲ "
မုပါးပါးက အသာရယ္သည္။ ?
"အင္း ပါးပါး နားလည္ၿပီ။ပါးပါးလဲ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္မယ္။ သမီးေရာပဲ ။ ေရွာင္က်ဲ ကို အႏိုင္က်င့္မေနနဲ႔၊ သမီးတို႔ ႏွစ္ေယာက္ အတူတူ ခံစားခ်က္ေတြကို ျပဳစုပ်ိဳးေထာင္ဖို႔ ႀကိဳးစားရမယ္။"
"သမီး မလုပ္ပါ ဘူး! သူကသာ သမီးကိုအၿမဲအႏိုင္က်င့္တဲ့သူပါ။ ဟြန႔္ ..." မုေရွာင္းေရွာင္ က ယင္းေရွာင္က်ဲကို စိုက္ၾကည့္ရင္း ျငင္းလိုက္သည္။
Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္