ချစ်ခြင်းဘီလီယံ 2 ( Billion...
By EstherMay52
214K 16.5K 214
This Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the ow... More
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄
အပိုင်း - ၁၀၅
အပိုင်း - ၁၀၆
အပိုင်း - ၁၀၇
အပိုင်း - ၁၀၈
အပိုင်း - ၁၀၉
အပိုင်း - ၁၁၀
အပိုင်း - ၁၁၁
အပိုင်း - ၁၁၂
အပိုင်း - ၁၁၃
အပိုင်း -၁၁၄
အပိုင်း - ၁၁၅
အပိုင်း - ၁၁၆
အပိုင်း - ၁၁၇
အပိုင်း - ၁၁၈
အပိုင်း - ၁၁၉
အပိုင်း - ၁၂၀
အပိုင်း -၁၂၁
အပိုင်း - ၁၂၂
အပိုင်း - ၁၂၃
အပိုင်း -၁၂၄
အပိုင်း - ၁၂၅
အပိုင်း - ၁၂၆
အပိုင်း - ၁၂၇
အပိုင်း - ၁၂၈
အပိုင်း - ၁၂၉
အပိုင်း - ၁၃၀
အပိုင်း - ၁၃၁
အပိုင်း - ၁၃၂
အပိုင်း -၁၃၃
အပိုင်း - ၁၃၄
အပိုင်း - ၁၃၅
အပိုင်း - ၁၃၆
အပိုင်း -၁၃၇
အပိုင်း - ၁၃၈
အပိုင်း -၁၃၉
အပိုင်း - ၁၄၀
အပိုင်း - ၁၄၁
အပိုင်း - ၁၄၂
အပိုင်း - ၁၄၃
အပိုင်း - ၁၄၄
အပိုင်း - ၁၄၅
အပိုင်း -၁၄၆
အပိုင်း -၁၄၇
အပိုင်း - ၁၄၈
အပိုင်း - ၁၄၉
အပိုင်း - ၁၅၀
အပိုင်း - ၁၅၁
အပိုင်း -၁၅၂
အပိုင်း -၁၅၃
အပိုင်း -၁၅၄
အပိုင်း - ၁၅၅
အပိုင်း - ၁၅၆
အပိုင်း - ၁၅၇
အပိုင်း - ၁၅၈
အပိုင်း - ၁၅၉
အပိုင်း - ၁၆၀
အပိုင်း - ၁၆၁
အပိုင်း - ၁၆၂
အပိုင်း - ၁၆၃
အပိုင်း - ၁၆၄
အပိုင်း - ၁၆၅
အပိုင်း - ၁၆၆
အပိုင်း -၁၆၇
အပိုင်း - ၁၆၈
အပိုင်း - ၁၇၀
အပိုင်း - ၁၇၁
အပိုင်း - ၁၇၂
အပိုင်း - ၁၇၃
အပိုင်း - ၁၇၄
အပိုင်း - ၁၇၅
အပိုင်း -၁၇၆
အပိုင်း - ၁၇၇
အပိုင်း - ၁၇၈
အပိုင်း - ၁၇၉
အပိုင်း - ၁၈၀
အပိုင်း -၁၈၁
အပိုင်း- ၁၈၂
အပိုင်း -၁၈၃
အပိုင်း - ၁၈၄
အပိုင်း - ၁၈၅
အပိုင်း - ၁၈၆
အပိုင်း - ၁၈၇
အပိုင်း - ၁၈၈
အပိုင်း - ၁၈၉
အပိုင်း - ၁၉၀
အပိုင်း - ၁၉၁
အပိုင်း - ၁၉၂
အပိုင်း - ၁၉၃
အပိုင်း - ၁၉၄
အပိုင်း - ၁၉၅
အပိုင်း -၁၉၆
အပိုင်း - ၁၉၇
အပိုင်း - ၁၉၈
အပိုင်း - ၁၉၉
အပိုင်း - ၂၀၀
အပိုင်း - ၂၀၁
အပိုင်း - ၂၀၂
အပိုင်း - ၂၀၃
အပိုင်း - ၂၀၄
အပိုင်း - ၂၀၅
အပိုင်း - ၂၀၆
အပိုင်း - ၂၀၇
အပိုင်း - ၂၀၈
အပိုင်း - ၂၀၉
အပိုင်း - ၂၁၀
အပိုင်း - ၂၁၁
အပိုင်း -၂၁၂
အပိုင်း - ၂၁၃
အပိုင်း -၂၁၄
အပိုင်း - ၂၁၅
အပိုင်း - ၂၁၆
အပိုင်း - ၂၁၇
အပိုင်း - ၂၁၈
အပိုင်း - ၂၁၉
အပိုင်း - ၂၂၀
အပိုင်း -၂၂၁
အပိုင်း - ၂၂၂
အပိုင်း -၂၂၃
အပိုင်း -၂၂၄
အပိုင်း -၂၂၅
အပိုင်း -၂၂၆
အပိုင်း -၂၂၇
အပိုင်း - ၂၂၈
အပိုင်း - ၂၂၉
အပိုင်း - ၂၃၀
အပိုင်း - ၂၃၁
အပိုင်း -၂၃၂
အပိုင်း - ၂၃၃
အပိုင်း -၂၃၄
အပိုင်း -၂၃၅
အပိုင်း -၂၃၆
အပိုင်း -၂၃၇
အပိုင်း - ၂၃၈
အပိုင်း -၂၃၉
အပိုင်း - ၂၄၀
အပိုင်း - ၂၄၁
အပိုင်း -၂၄၂
အပိုင်း -၂၄၃
အပိုင်း - ၂၄၄
အပိုင်း - ၂၄၅
အပိုင်း -၂၄၆
အပိုင်း -၂၄၇
အပိုင်း -၂၄၈
အပိုင်း -၂၄၉
အပိုင်း -၂၅၀
အပိုင်း -၂၅၁
အပိုင်း -၂၅၂
အပိုင်း -၂၅၃
အပိုင်း -၂၅၄
အပိုင်း -၂၅၅
အပိုင်း -၂၅၆
အပိုင်း - ၂၅၇
အပိုင်း -၂၅၈
အပိုင်း -၂၅၉
အပိုင်း -၂၆၀
အပိုင်း - ၂၆၁
အပိုင်း -၂၆၂
အပိုင်း -၂၆၃
အပိုင်း ၂၆၄
အပိုင်း -၂၆၅
အပိုင်း ၂၆၆
အပိုင်း -၂၆၇
အပိုင်း ၂၆၈
အပိုင်း - ၂၆၉
အပိုင်း ၂၇၀
အပိုင်း ၂၇၁
အပိုင်း ၂၇၂
အပိုင်း ၂၇၃
အပိုင်း ၂၇၄
အပိုင်း -၂၇၅
အပိုင်း -၂၇၆
အပိုင်း ၂၇၇
အပိုင်း -၂၇၈
အပိုင်း -၂၇၉
အပိုင်း -၂၈၀
အပိုင်း- ၂၈၁
အပိုင်း -၂၈၂
အပိုင်း -၂၈၃
အပိုင်း -၂၈၄
အပိုင်း -၂၈၅
အပိုင်း -၂၈၆
အပိုင်း -၂၈၇
အပိုင်း -၂၈၈
အပိုင်း -၂၈၉
အပိုင်း -၂၉၀
အပိုင်း -၂၉၁
အပိုင်း -၂၉၂
အပိုင်း -၂၉၃
အပိုင်း -၂၉၄
အပိုင်း -၂၉၅
အပိုင်း -၂၉၆
အပိုင်း -၂၉၇
အပိုင်း -၂၉၈
အပိုင်း -၂၉၉ + အပိုင်း၃၀၀
အပိုင်း - ၁၆၉
1K 77 0
By EstherMay52
Unicode
အပိုင်း - ၁၆၉ ယင်းရှောင်ကျဲကို ရှာဖွေ
သူဘာလို့ဒီလိုပြောတာလဲ။
ယင်း‌ရှောင်ကျဲသည် ရှန်တ အထက်တန်း ကျောင်းတွင် အာရုံစိုက်မှု အခံရဆုံးသော ကျော်ကြားသူဖြစ်သောကြောင့်ပင်။
သူ့ရဲ့ လုပ်ဆောင်ချက်တိုင်းကို လူတိုင်းက စောင့်ကြည့်နေခဲ့ကြပြီး သူတစ်ခုခုလုပ်တာနဲ့  သတင်းက တောမီးလို ကျောင်းအနှံ့ ပျံ့နှံ့သွားလိမ့်မယ်။ ထို့အပြင်၊ သူနှင့်တွဲဖူးသော မိန်းကလေးများသည် သူဆီက မျက်နှာသာရ‌ရေးအတွက် ကြိုးပမ်းရခြင်းကို အထူးနှစ်သက်ကြသည်။ သူတို့ထဲက တစ်ယောက်ယောက်က ယင်းရှောင်ကျဲဆီကနေ လက်ဆောင်တစ်ခုခုရခဲ့ရင်တောင် အဲဒါကို တစ်ကမ္ဘာလုံးကို ကြောငြာပစ်လိမ့်မည်။ ကောင်မလေးတစ်‌ ယောက်ကသာ က သူနဲ့ အိပ်ခဲ့ရမယ် ဆိုရင်၊ သူမဟာ တစ်ကမ္ဘာလုံးကို မသိသိအောင်  ကြေညာမှာ  သေချာသည်။သို့သော် ထိုကဲ့သို့‌သော သတင်းသည် လုံး၀  ပျံ့နှံ့ခြင်းမရှိခဲ့ပါ။ယင်းရှောင်ကျံ ၏ ပင်ကိုယ်စရိုက်အ‌ကြောင်းကို လူတိုင်းကသိကြပြီး သူ့အကြောင်း သတင်းအတုများကို ဖြန့်ရန် သတ္တိမရှိပေ။ မုရှောင်းရှောင်က ယုကျန် ကိုကြည့်ပြီး
"တကယ်လား?"
ယုကျန်ကလဲ ခေါင်းညိတ်လိုက်သည်။
"တကယ်။  ငါ့ကိုယုံ"
မုရှောင်းရှောင် အသာ ခေါင်းညိတ်လိုက်ပြီး စကားဆက်မပြောတော့။
တကယ်တော့   စေ့စပ်ထားသူဖြစ်တဲ့ မုရှောင်းရှောင် အနေနဲ့  ဒီလိုစကားကို ခံနိုင်ရည်ရှိဖို့က တကယ်ကို ခက်ခဲပါတယ်။ ယင်းရှောင်ကျဲက ပိုင်မိန်ကျောင်းနဲ့ အဲလိုမလုပ်ခဲ့ဘူးဆိုရင်တောင်  သူမကို ကွန်ဒိုမီနီယံသို့ တကယ်ခေါ်ခဲ့တာလားလို့ သူမ တွေးနေမိပြန်သည်။
ပိုင်မိန်ကျောင်း က ဧည့်ခန်းထဲမှာပဲ ရပ်နေခဲ့တယ်ဆိုရင်တောင်   မုရှောင်းရှောင် လုံး၀ လက်မခံနိုင်။  ဧည့်ခန်းတစ်ခုလုံးကို ဖြိုချပစ်ရမည် ။
မှန်တယ်!
တကယ်သာ ခေါ်သွားခဲ့ရင် ငါမီးရှို့ပြီး ကွန်ဒိုတစ်ခုလုံး မီးရှို့ပစ်မယ်ဟု  မုရှောင်းရှောင် ဒေါသတကြီး တွေးလိုက်မိသည်။
နောက်ဆုံးတော့ အတန်းပြီးသွားတဲ့အခါ မုရှောင်းရှောင် ဆက် သည်းမခံနိုင်တော့ဘဲ မတ်တပ်ထရပ်ပြီး အပြင်ကို ထထွက်သွားသည်။  ဒီတစ်ကြိမ်မှာတော့ ယုကျန် က သူမကို မတားဘဲ စိုးရိမ်တကြီးနဲ့ နောက်ကနေ လိုက်လာခဲ့သည်။
ထို့အတူ ပိုင်မိန်ကျောင်းက လည်း အမှတ်တမဲ့နဲ့  မုရှောင်းရှောင်‌ နောက်အတူတူ လိုက်ပါလာသည်။ပိုင်မိန်ကျောင်းက  မုရှောင်းရှောင် ယင်းရှောင်ကျဲကို လိုက်ရှာနေမှန်းသိသည်။    သူမသည်  မုရှောင်းရှောင်အား ဂုဏ်ယူစွာ ကြည့်ပြီး သူမ နှစ်ယောက်ထဲမှာ ပိုင်မိန်ကျောင်းဆိုတဲ့ သူမကသာ  အောင်နိုင်သူ ဖြစ်‌ ကြောင်းပြသလိုသည် ။ ပထမထပ်အဆင်းတွင် သူတို့သည် ဟန်ချီချင်နှင့် ထိပ်တိုက် တိုး‌ကာ ၀င်တိုက်တော့သည်။
" ရှောင်းရှောင် ဘယ်သွားမလို့လဲ" 
ဟန်ချီချင် မုရှောင်းရှောင်ကို  နားမလည်နိုင်စွာ မေးခွန်းထုတ်လိုက်ပြီး သူမ၏ လက်မောင်းကို ချိတ်ကာ ရှေ့တိုးလိုက်သည်။
ပိုင်မိန်ကျောင်းသည် ဟန်ချီချင်၏ နောက်ခံကို သတိပြုမိပါသည်။  မုရှောင်းရှောင် နဲ့ ဘယ်လောက်ရင်းနှီးတယ်ဆိုတာ မြင်လိုက်ရတဲ့အခါ သူမရဲ့ အမူအရာတွေ ပြောင်းလဲသွားရသည်။
ဟန်ချီချင် က  မုရှောင်းရှောင် နဲ့ ဘာကြောင့် ဒီလောက်ရင်းနှီးရတာလဲ။
"ငါ ယင်းရှောင်ကျဲ ကို ရှာနေတာ" လို့  မုရှောင်းရှောင်က  လည်ချောင်းတွင် တစ်စုံတစ်ရာ ပိတ်ဆို့နေသကဲ့သို့ စိတ်တိုင်းမကျတဲ့ အသံဖြင့်ပြန်ဖြေသည်။  
" ရှောင်းရှောင် ဘာဖြစ်တာလဲ၊ ဒီမိန်းမက ဘာလို့ နင့်‌ နောက်လိုက်လာရတာလဲ"
အခုမှ ဟန်ချီချင် သည် ပိုင်မိန်ကျောင်း ဘက်သို့ လှမ်းကြည့်မိလိုက်ပြီး ထူးဆန်းသော လေထုကို သတိပြုမိသွားသည်။
မုရှောင်းရှောင် သည် အတန်းထဲတွင် ဖြစ်ပျက်ခဲ့သမျှကို ဟန်ချီချင်အား အကျဉ်းချုပ် ပြောပြပြီး သူမအတွက် စကားပြောဆိုပေးသူမှာ ယုကျန်တစ်ယောက်သာရှိကြောင်းပြောလာသည်။
"ဘာဖြစ်တာ"
ပိုင်မိန်ကျောင်း အနည်းငယ် အထိတ်တလန့် ဖြစ်ကာ  နေရာမှ ရုန်းထွက်ရန် ကြိုးစားသည်။
မမျှော်လင့်ဘဲ ဟန်ချီချင် က သူမကို
"ဟေ့၊ ခဏနေဦး!"
ပိုင်မိန်ကျောင်း အေးခဲသွားပြီး နောက်တစ်လှမ်းမလှမ်းဝံ့။ နောက်ကို  ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့လှည့်ကြည့်လိုက်ကာ။
"အစ်မချီချင်  အစ်မက ညီမကို ဘာအတွက် ခေါ်တာလဲ"
လို့  မသိချင်ယောင်ဆောင်ကာ အသာလေးမေးလိုက်သည်။
ဟန်ချီချင် သူမရှေ့ကို လျှောက်လာရင်း  မုရှောင်းရှောင် ၏လက်ကို ကိုင်လိုက်ပြီး
"ယင်းရှောင်ကျဲ  က တစ်ညလုံး နင်နဲ့ အတူတူနေခဲ့တာလို့ နင်ပြောခဲ့တယ်ဆို  နင်တို့နှစ်ယောက်က ဘာတွေလဲ"
“အိုး… ဒါ …ဒါက ... ။ ” ပိုင်မိန်ကျောင်းဆီက  ထစ်ထစ်ချ ပြောစကားသာ ထွက်ကျလာသည် ။
"နင်လိမ်​​နေတာ!"
ဟန်ချီချင် က ခပ်ပြတ်ပြတ် စကားလုံးသုံးလုံးသာ ပြောပြီး သူမမျက်နှာကို တည့်တည့်ကြည့်ကာ  လှောင်ပြောင်လိုက်သည်။
"သူ နင့်ကို တစ်ကြိမ်တောင် မနမ်းဖူးဘူးလို့ ငါ ပြောရဲတယ်.....ပိုင်မိန်ကျောင်း!!!! "
"ခွင့်လွှတ်ပါ ညီမ သွားရ တော့မယ်!" သူမ အမြန်မပြေးခင် ကမန်းကတန်းပြောလိုက်သည်။
ဟန်ချီချင်က သူမကို လျစ်လျူရှုလိုက်ကာ   မုရှောင်းရှောင် ကိုဆွဲတင်ကာ အပြင်သို့ထွက်ခဲ့လိုက်သည်။
ယုကျန် က  လူပိုတစ်ယောက်လို ခံစားရပြီး စာသင်ခန်းထဲမပြန်တော့ သူတို့နှစ်ယောက်ကိုမတ်တပ်ရပ်ပြီး ထိုနေရာမှာဘဲ  စောင့်ကြည့်နေလိုက်တယ်။
သူမတို့ သစ်ပင်ရိပ်အောက်သို့ ရောက်သောအခါ  မုရှောင်းရှောင်က မထိန်းထား နိုင်ဘဲ
“သူမ လိမ်နေတာလို့ နင်ဘယ်လိုသိတာလဲ? ”
Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်
Zawgyi
"တကယ်လား?"
"တကယ်။  ငါ့ကိုယုံ"
မှန်တယ်!
"ဘာဖြစ်တာ"
"ဟေ့၊ ခဏနေဦး!"
"နင်လိမ်​​နေတာ!"
Continue Reading
You'll Also Like
164K 22.7K 119
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
1.6M 68K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.4M 48.3K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
390K 38K 116
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်