𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

974K 111K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

WTLS Special Extra-3

4.2K 477 63
By pickpachacon333

Uni

How I start loving at you(ငါမင်းကို ဘယ်လိုစချစ်မိလဲဆိုရင်)

“မတော်တဆလား... ကံကြမ္မာရဲ့ကျီစားမှုများလား။ မင်းနဲ့တွေ့ဖို့ဖြစ်လာခဲ့တာလေ။ ငါ့ရဲ့နှလုံးသားကို ကိုယ်တိုင်မသိခင်အထိ ငါတို့နှစ်ယောက်ကို ပေါင်းစည်းစေခဲ့တဲ့ အမှတ်တရလေးတွေရှိနေခဲ့တယ်။ ငါ့ရဲ့ အထီးကျန်နေမှုကို ပျောက်အောင်လုပ်ပေးခဲ့သူ... လောကကြီးကို ပိုတောက်ပသွားအောင် အပြုံးလေးတွေနဲ့ လာရောက်ဖန်တီးသူ... နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိအောင်ဖန်တီးပေးသူ.. မင်းလေးကိုပဲ ကိုယ့်နှလုံးသားက စောင့်မျှော်နေခဲ့တာပါ”

ချိုမြိန်ပြီး နူးညံ့တဲ့သီချင်းသံက သစ်ရွက်စိမ်းတွေကို ဖြတ်သန်းပြီး မိုးကောင်ကင်ထိပျံ့နှံ့သွားသယောင်ခံစားမိစေသည်။ အရွက်တွေဖားဖားလျားလျားနှင့် စိမ်းစိုဝေဆာနေသော အပင်ကြီး၏အောက်၊ မြက်ခင်းပြင်စိုကပ်ကပ်ပေါ်မှာ ကောင်လေးတစ်ယောက်က မတ်တပ်ရပ်လျက်သား သီချင်းဆိုနေ၏။ သူ့မျက်ဝန်းတွေက ပိတ်ထားလျက်ရှိကာ ပန်းနုရောင်နှုတ်ခမ်းသားအစုံကတော့ ချိုမြိန်တဲ့အသံကို ထုတ်လွှတ်ပေးဖို့ စည်းချက်ကျကျလှုပ်ရှားနေရသည်။ မိုက်လို့ သူ စိတ်ကူးယဥ်ထားတဲ့နေရာမှာတော့ ချိုချဥ်စုပ်လုံးလေးတစ်ခုရှိနေသည်။ ထိုချိုချဥ်စုပ်လုံးလေးက အခွံချွတ်ခံထားရကာ မကြာသေးခင်ကမှ အချိုတွေစုပ်ယူခံထားရသယောင် စိုလက်လက်ကလေးဖြစ်နေသည်။

အနိမ့်သံနဲ့အတူ သီချင်းကိုလိုက်ပါစီးမြောနေတုန်းမှာပဲ အသံရှင်လေးက သီချင်းကို ရပ်ပစ်လိုက်သည်။ ဆိုတာ မှားသွားပြီဆိုတဲ့အတွေးက သူ့နှုတ်ခမ်းကို စူလုံးလုံးလေးဖြစ်လာစေကာ ပို၍ချစ်ဖို့ကောင်းပြီး နူးညံ့တဲ့အသွင်ဆီသို့ပြောင်းသွားသည်။ ထို့နောက် သူက မှားသွားတဲ့အပိုဒ်ကိုပဲ ထပ်ခါထပ်ခါဆိုနေသည်။ ရှည်လျားပြီး ဖြူသွယ်တဲ့လက်တံတို့က က,တာလည်းမဟုတ်ဘဲနဲ့ သီချင်းရဲ့သံစဥ်အတိုင်း လေထဲကို ရမ်းခါမိနေသည်။ မျက်လုံးကို ထပ်မှိတ်ထားလိုက်တဲ့အခါ သီချင်းစာသားတွေနဲ့ သံစဥ်တွေဟာ မြင်လွှာထဲမှာ ခုန်ပေါက်နေကြသည်။ သူ ပြုံးလိုက်ကာ ချစ်ခြင်းတစ်ခုကို စိတ်ကူးယဥ်၍ သီချင်းထဲကလူနေရာမှာ နေရာဝင်ယူလိုက်သည်။ အသံကပို၍ ချိုမြလာကာ မျက်နှာအမူအရာကအစ Realityပိုဆန်လာ၏။

“အရာအားလုံး ဘာပဲဖြစ်နေနေ၊ စကြာဝဠာကြီးပျက်စီးသွားပါစေဦး။ နေ့ရက်တွေကို ဂရုမစိုက်ဘဲ မင်းနဲ့အတူ ဒီနေရာမှာ လျှောက်နေဦးမှာပါ”

ပြုံးပြီး ခေါင်းယမ်းမိတဲ့အခါ ထိပ်မှာစုစီးထားမိသည့် ဆံပင်အစုလေးက ခေါင်း၏လှုပ်ရှားမှုအတိုင်း ယမ်းခါသွားသည်။ ပြုံးလိုက်တဲ့အခါ ဖောင်းမို့မို့ပါးလေးတွေဆီမှာ ပန်းသွေးရောင်ပြေးနေတာကို ပို၍သိသာစေသည်။ သီချင်းဆိုနေရင်း မျက်လုံးကိုဖွင့်ကြည့်ပြန်တော့ ကြည်လဲ့လဲ့မျက်လုံးကလေးတွေက စိတ်ကြည်ရွှင်မှုကို ဖြစ်စေသည့်နှယ်။ ပန်းနုရောင်လေထုလေးဟာ ဒီနေရာလေးမှာတင် ကွက်ပြီးဖြစ်တည်နေခဲ့သည်။

“ရပြီ ရပြီ ငါရသွားပြီ”

သီချင်းအဆုံးသတ်ကို လှပစွာသီဆိုပြီးနောက် ကောင်လေးက ဝမ်းသာအားရရယ်လိုက်ကာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ ထို့နောက် လက်ထဲမှာကိုင်ထားသည့် ချိုချဥ်လုံးလေးကို ပါးစပ်ထဲပစ်ထည့်လိုက်ကာ ဟိုကြည့်ဒီကြည့်ကြည့်၏။ ဒီနေ့ သူ့ရိုက်ကွင်းတွေနားတာမို့ မေမေ့ခြံဆီပြန်လာပြီး ဒီမှာတစ်နေကုန်လေ့ကျင့်နေခဲ့တာ။ ခြံကကျိန်းသေပေါက်လုံခြုံတယ်ဆိုပေမဲ့ ဘာဖြစ်လို့သူကတော့ တစ်ယောက်ယောက်ကြည့်နေသလိုမျိုး ခံစားနေရတယ်မသိ။ ဘာပဲဖြစ်ဖြစ် သီချင်းကိုသေချာပိုင်နိုင်စွာရသွားပြီမို့ စိတ်ကျေနပ်စွာ ထပ်ပြုံးမိပြန်သည်။

“သားSaintရေ၊ မိုးသားတွေတက်လာပြီလေ။ တော်လောက်ပြီ။ လာခဲ့တော့”

မေမေက မလှမ်းမကမ်းရှိ တစ်ထပ်တိုက်လေးဆီမှ ထွက်လာကာ သူ့ကိုအော်ခေါ်သည်။

“ဟုတ်ဟုတ် မား။ သား လာပြီ”

ကောင်းကင်ပေါ်ကို ဖျတ်ခနဲမော့ကြည့်လိုက်တော့ အမှန်ပင် တိမ်စိုင်မည်းတွေတက်လာတာကို မြင်လိုက်ရသည်မို့ မေမေ့ပြောစကားကို နားထောင်ကာ ပြန်သွားဖို့ဆုံးဖြတ်လိုက်သည်။ သစ်ပင်ခြေရင်းမှာ သစ်ရွက်လေးခင်းပြီး ပုံချထားသော စုပ်လုံးတွေကို လက်နဲ့အပြည့်သယ်ကာ ပါးစပ်ထဲကစုပ်လုံးလေးကိုလည်း ပြုတ်မကျအောင် ဂရုစိုက်၍ အိမ်ဘက်သို့ သွက်သွက်ကလေးပြေးသွားလိုက်၏။ ရှပ်အင်္ကျီပါးပါးက တိမ်မည်းတွေမဖုံးနိုင်သေးသော နေ၏ရောင်ခြည်ထဲမှာ ဖောက်ထွင်းမြင်နေရသည်မို့ ခါးသေးသေးလေးကို လုံအောင်မဖုံးနိုင်ဘဲရှိသည်။ ဘောင်းဘီအတိုလေးကိုသာ လွတ်လပ်ပေါ့ပါးစွာဝတ်ဆင်ထားသော ထိုကောင်လေးသည် ခြေတံရှည်ရှည်ကိုမှ ဖြူသွယ်နေသော ခြေသလုံးလေးတွေအား သဘောထားကြီးစွာ လှစ်ဟပြသထားသလိုဖြစ်နေသည်။ ဒါက ဘယ်သူမှမမြင်ရင် ကိစ္စမရှိပေမဲ့ အခုတော့... အခုတော့ စစ်နတ်ဘုရားရဲ့ရှေ့မှာဆိုတော့ အင်း...။

ဖူးစာရေးနတ်ဘုရားက ခေါင်းယမ်းလိုက်ပြီး ကောင်လေးဆီကအကြည့်မလွှဲသေးသော စစ်နတ်ဘုရားဆီသို့ လှမ်းကြည့်လိုက်သည်။ ဘာလဲ။ အခု ဒီနတ်ဘုရားကြီးက ဒီကလေးလေးကို ကြိုက်သွားတာတော့ မဟုတ်ဘူးမလား။ တကယ်လား။ တကယ်အဲ့လိုကြီးလား။ ဖူးစာရေးနတ်ဘုရားရဲ့ လည်ပင်းက ရှည်ထွက်လာမတတ်ဖြစ်နေပြီး သူ့ကိုကျောခိုင်းထားသည့် စစ်နတ်ဘုရား၏ မျက်နှာအမူအရာကိုကြည့်ရှုဖို့ အလွန်တရာမှ စိတ်ဝင်တစားဖြစ်နေခဲ့သည်။

သူ့မှာက ဒုက္ခကြီးနှစ်ခုကို သယ်ထားရတာဖြစ်လို့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကံကြမ္မာဆိုးကြီးကနေ အမြန်လွတ်ချင်လှပြီဖြစ်သည်။ ပထမတစ်ချက်က ဖူးစာကြိုးနီကိုဘယ်လိုမှ ဖြတ်ပစ်လို့မရ။ တစ်ယောက်ကနေ နောက်တစ်ယောက်ဆီသို့ ကူးပြောင်းပစ်တာပဲရှိသည်။ ဒီလိုကူးပြောင်းတာမျိုးက သူ့လိုနတ်ဘုရားတောင် လုပ်ချင်တိုင်းလုပ်လို့ရတာမျိုးမဟုတ်။ ကြိုးနီတွေက ချည်ချင်သလိုချည်လို့လည်းမရသလို ပြောင်းချင်သလိုပြောင်းလို့လည်းမရ။ လူနှစ်ယောက်မှာ ကံကြမ္မာချင်းတွေ ထိုက်တန်နေမှ ဒီကြိုးနီတွေက လုံလုံလောက်လောက် ချည်နှောင်မှုပြုတာဖြစ်သည်။ ဒီတော့ ဘာကိုမှ လက်လွတ်စပယ်လုပ်လို့မရ။ ရှင်းလင်းစွာကိုပဲ ဒီကောင်လေးနဲ့ စစ်နတ်ဘုရားမှာလည်း ထိုက်တန်သည့် ကံကြမ္မာရှိနေသည်။

အံ့ဩစရာကောင်းလောက်အောင်ပင် ဒီကောင်လေးက ကမ္ဘာ့လူဦးရေ ငါးပုံပုံ တစ်ပုံသာရှိသော စိတ်ထားဖြူစင်သူတွေထဲမှာ ပါနေသည်။ လူတွေက မွေးတုန်းကဖြူစင်ကြပေမဲ့ ဘဝတလျှောက်လုံး ဖြူစင်မှုကိုထိန်းဖို့ကျတော့ အလွန်ခက်ခဲလှသည်မို့ ဒီလိုလူအရေအတွက်က ငါးပုံပုံတစ်ပုံသာရှိသည်။ ပြီးတော့ကြည့်ပါဦး။ ဘယ်လောက်တောင် ကောင်းမှုတွေလုပ်ထားတာလဲဆိုတာ။ ဒီကောင်လေးနားမှာရှိတဲ့ အလင်းဖျော့ဖျော့လေးတွေက နတ်သူငယ်လေးတွေမှာ ရှိတတ်ကြတဲ့အရာမျိုးမဟုတ်လား။ အား ဒီလိုကလေးမျိုးကို ဘယ်လိုနတ်မင်းမဆို ချစ်ကြမှာအသေအချာကိုပဲ။ ဒီတော့ ဒီကလေးရဲ့ ကြိုးနီကို စစ်နတ်ဘုရားဆီကနေပြီး ဘယ်လိုလူမျိုးဆီပြောင်းမှ ထိုက်တန်မလဲဆိုတာ သူဘယ်လိုမှမတွေးတတ်ဘူး။ နောက်ပြီး တစ်ခုရှိတာက စစ်နတ်ဘုရားရဲ့ ကြိုးနီကိုရော ဘယ်သူ့ဆီကို လွှဲပြောင်းရမှာလဲ။

စစ်နတ်ဘုရားရဲ့ သဘောထားက ရှင်းလင်းတယ်။ သူက ကြိုးနီကို ဖြတ်ချင်တာ။ လူလဲချင်တာမဟုတ်ဘူး။ အား... ဖြတ်လို့မရဘူးသာ သွားပြောလိုက်လို့ကတော့ သူ့ခေါင်းကြီးပြတ်သွားမှာ အသေအချာပဲ။

ဖူးစာရေးနတ်ဘုရားက စစ်နတ်ဘုရားလက်က ဓားအကြီးကြီးကို ခိုးကြည့်ရင်း နှဖူးမှကျလာသည့် ချွေးစက်တွေကို တိတ်တိတ်ကလေးသုတ်လိုက်သည်။ ရုတ်တရက် အကြံတစ်ခုရလာသည်မို့ သူ ထခုန်မိမတတ်ဖြစ်သွားသည်။ ပြဿနာကဘာလဲဆိုရင် စစ်နတ်ဘုရား မချစ်တတ်တာက ပြဿနာပဲ။ ကြည့်ပါဦး ဒီလောက်သန့်စင်ပြီး ချစ်စရာကောင်းတဲ့ကလေးမျိုးကို သူက မချစ်ဘူးဖြစ်နေတာလေ။ တကယ်လို့ သူသာ ဒီကလေးကိုချစ်သွားမယ်ဆို ကြိုးကို ဖြတ်စရာပြောင်းစရာလည်း မလိုတော့ဘူး၊ ကိစ္စတစ်ခုအေးပြီမလား။ ဟုတ်တယ်။ ဒါအမှန်ပဲ။ Canရဲ့ ပြဿနာကိုတော့ ရှင်းဖို့က လွယ်လွယ်လေးပဲဟာ။ ဒါသာပြီးသွားရင် သူ့ရဲ့အနက်ရောင်ကံကြမ္မာကြီးကနေ လွန်မြောက်သွားပြီပဲ။

ဖူးစာရေးနတ်ဘုရားက သက်သက်သာသာတွေးတောလိုက်ကာ ဝတ်ရုံလက်ထဲမှာ သိမ်းထားသည့် ပုလင်းသေးသေးလေးကို မသိမသာထုတ်ယူလိုက်သည်။ သူက အခုအရမ်းရယ်ချင်နေသည်။ စစ်နတ်ဘုရားသာ သိသွားရင်တော့ သူ့ကိုသတ်မှာအသေအချာပဲ။ ဒါပေမဲ့ ဘာဖြစ်လဲ မရရင်အရင်း၊ ရရင်အမြတ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ကြည့်တာအကောင်းဆုံးပဲလေ။

သူက ဆေးရည်အစက်ကလေးကို လေပေါ်မှာတင်အလုံးကလေးဖြစ်အောင် အစွမ်းနဲ့ထိန်းချုပ်လိုက်သည်။ ခစ်ခစ် လူ့ပြည်မှာတင် ပီယဆေးရှိတယ်လို့ဘယ်သူပြောလဲ။ သူ့ရဲ့ ဘိုးဘေးဘီဘင်နတ်ဘုရားတွေလုပ်ခဲ့တဲ့ ဒီပီယဆေးက ပိုတောင်အစွမ်းထက်ဦးမယ်။ သူ တစ်ခါမှမစမ်းရသေးပေမဲ့ ဒါက အလုပ်ဖြစ်မှာ သေချာပေါက်ပဲ။ ဒီဆေးရည်ထိတဲ့လူက ဆေးရည်ထိပြီး ပထမဆုံးမြင်ရတဲ့လူကို အရိုးထဲကစွဲပြီးချစ်သွားလိမ့်မယ်။ အခု စစ်နတ်ဘုရားက ကောင်လေးကိုကြည့်နေတာ။ ကောင်လေးက အိမ်ထဲကိုမရောက်သွားခင် သူ ဒါကိုလုပ်မှ ဖြစ်လိမ့်မယ်။

ဖူးစာရေးနတ်ဘုရားက သူ့လက်ထဲက ဆေးရည်လုံးလေးကို စစ်နတ်ဘုရားဆီ မှုတ်ချလိုက်သည်။ သို့သော်

“အရှင် စစ်နတ်ဘုရား... အကြီးအကဲက ခေါ်ခိုင်းလိုက်လို့ပါ”

ရုတ်တရက်ကြားလိုက်ရသည့်အသံကြောင့် ခိုးကြောင်ခိုးဝှက်လှုပ်ရှားနေသည့် ဖူးစာရေးနတ်ဘုရားရဲ့လက်က တွန့်ခနဲဖြစ်ကာ ဒါရိုက်ရှင်တွေလွဲ၍ စစ်နတ်ဘုရားနဲ့ မနီးမဝေးမှာရပ်နေသည့် သူ့ကိုယ်ရံတော်ဆီသို့ ပေါက်ခနဲသွားမှန်လေသည်။ ဖူးစာရေးနတ်ဘုရားက ကမန်းကတန်းပြန်ကြည့်လိုက်ပေမဲ့ သူ့လက်ဖဝါးမှာ ဆေးရည်စက်လေးမရှိတော့ဘူးဖြစ်ကာ စစ်နတ်ဘုရားကို မှန်သွားလားလည်း သူမသိပေ။ သို့ပေမဲ့ သူ့ကိုယ်ရံတော်က သူ့ကိုထူးဆန်းစွာစိုက်ကြည့်နေတာကိုတော့ မြင်လိုက်ရသည်။ ဒါပေမဲ့ သူ့အာရုံက ဒီကိစ္စအပေါ် လုံးဝမကျရောက်လိုက်။ သူတွေးနေတာက စစ်နတ်ဘုရားကို ထိ/မထိဘဲဖြစ်ကာ သူ့အစီအစဥ်အောင်မြင်/မမြင်ကိုပဲ သိချင်တာဖြစ်သည်။

“ဘာတွေဖြစ်လို့လဲ”

စစ်နတ်ဘုရားက အိမ်ထဲပြေးဝင်သွားသော ကောင်လေးဆီမှ အကြည့်လွှဲကာ သတင်းပို့လာသော နတ်သူငယ်လေးကို မေးလိုက်သည်။

“အရှင်နေနတ်ဘုရားနဲ့ သူ့ကြင်ယာတော်လောင်းက ပြဿနာတက်နေလို့ပါအရှင်”

Perth မျက်ခုံးတွေက တွန့်ကုပ်သွားကာ ဝတ်ရုံကိုတစ်ချက်ယမ်းလိုက်ရင်း သွားလို့ရပြီဖြစ်ကြောင်း နတ်သူငယ်လေးကို ခွင့်ပြုလိုက်လေသည်။

“ကဲ ကိုယ်တော်တို့ ပြန်ကြရမယ်ထင်တယ်။ ညီတော်ရဲ့ ကြင်ယာတော်လောင်းက နတ်ဘုရားရဲ့ တပည့်လည်းဖြစ်နေတာမို့ အတူတူပြန်လိုက်ခဲ့ပါဦး။ ဒီကကိစ္စကို နောက်တစ်ခေါက်မှ ဆက်လုပ်ကြတာပေါ့။ Chosက ဒီမှာပဲနေရစ်ခဲ့”

စစ်နတ်ဘုရားက ဖူးစာရေးနတ်ဘုရားကို နန်းတော်ပြန်ကြဖို့ တိုက်တွန်းပြီးနောက်မှာပဲ နေရာကနေ လျှင်မြန်စွာပျောက်သွားတော့သည်။ ဖူးစာရေးနတ်ဘုရားလည်း တစ်ပူပေါ်တစ်ပူဆင့်သည့် ပြဿနာကြောင့် မျက်နှာငယ်လေးနဲ့ပဲ အကြီးအကဲဆီ တိုက်ရိုက်ပြေးရတော့သည်။

အကြီးအကဲရဲ့နန်းတော်မှာတော့ Canနဲ့ နေနတ်ဘုရားတို့ စကားရည်လုနေကြလေသည်။ အကြီးအကဲဆိုတာက သူတို့လို နတ်ဘုရားတစ်ပါးပဲဖြစ်ကာ အစွမ်းသာလို့ ဘာညာကြောင့်မဟုတ်ပေမဲ့ အုပ်ချုပ်သူတစ်ယောက်ရှိတာက ပိုတည်ငြိမ်စေတာမို့လို့ နတ်ဘုရားတွေစုပြီး တင်မြှောက်ထားသည့် အုပ်ချုပ်သူသပ်သပ်ပဲဖြစ်သည်။ သို့ပေမဲ့ နတ်ဘုရားတွေအကုန်လုံးက ဒီအကြီးအကဲကို လေးစားမှုပေးကာ လုပ်ပိုင်ခွင့်တွေလည်း အကုန်လုံးပေးထားသည်မို့ ကိစ္စအဝဝမှာ သူ့ဆုံးဖြတ်ပိုင်ခွင့်က ရာခိုင်နှုန်းအတော်လေးများလေသည်။

“အကြီးအကဲပဲ စဥ်းစားကြည့်ပါဦး။ ဥယျာဥ်လေးခိုးဝင်မိတာကို ကျွန်တော်မျိုးက တစ်ဘဝလုံးကိုပေးလိုက်ရတော့မှာလား”

Can က မျက်ရည်တွေနှင့် ဗလုံးဗထွေးတိုင်တန်းနေသည်။ နေနတ်ဘုရားကတော့ သူ့ဘေးနားမှာ ကပ်လျက်ရပ်နေကာ လက်ကိုင်ပဝါလေးတကိုင်ကိုင်နှင့် မျက်ရည်သုတ်ပေးချင်ပေမဲ့ အငြိမ်မနေသော ကောင်လေးကြောင့် ဘယ်လိုမှ မအောင်မြင်ဘဲရှိ၏။ သို့သော် သူကလည်း ငြိမ်နေတာမဟုတ်။ ဒီစကားစစ်ထိုးပွဲက နိုင်မှဖြစ်မှာမို့လို့ လက်ကသာ ကောင်လေးကို ချော့မော့နေပေမဲ့ စကားလုံးတွေနဲ့တော့ အနိုင်လုနေဆဲဖြစ်သည်။

“အကြီးအကဲ ကျွန်တော့်ဥယျာဥ်က ရောင်ခြည်တွေနဲ့ အထူးတလည်ဖန်တီးထားတဲ့ဟာ ဘယ်လောက်အဖိုးတန်မယ်ဆိုတာ အကြီးအကဲသိပါတယ်။ နောက်ပြီး ကျွန်တော်လက်ဆက်ချင်တာကလည်း အပျော်သဘောမဟုတ်ရပါဘူး။ နေနန်းတော်ရဲ့ ဘုရင်မနေရာကို ဖြည့်ဆည်းချင်ရုံလေးပါပဲ”

“ဘာဘုရင်မလဲ။ ကျွန်တော်က ယောကျ်ားဗျ။ ပြီးတော့ အဖြောင့်”

Tinရဲ့လက်မောင်းထဲကို ရောက်နေသည့် Canက ထအော်လိုက်ကာ လွတ်အောင်ရုန်းပြန်သည်။ မျက်နှာမှာလည်း မျက်ရည်တွေနဲ့ ပေပွနေတုန်းဖြစ်ကာ

“လက်မထပ်နိုင်ဘူးနော်။ ကျွန်တော်ကအဖြောင့်။ ကျွန်တော်က မယားပဲယူမှာလို့”

ပြောရင်း ငိုနေပြန်သည်မို့ အကြီးအကဲမှာလည်း သူ့နေရာကထိုင်နေရင်း ရယ်ရခက် ငိုရခက်တွေဖြစ်ကုန်သည်။ သူ့သက်တမ်းဖြစ်တဲ့ နှစ်အရှည်ကြီးမှာ ဒီလောက်ရယ်ဖို့ကောင်းတဲ့အမှုမျိုးကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။ သူ ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ တွေးတောင်မတွေးတတ်တော့ဘူး။

“အကြီးအကဲ စစ်နတ်ဘုရား ရောက်လာပါပြီ”

“ကောင်းတယ်။ သူ့ကိုဝင်လာခိုင်းလိုက်”

အကြံအိုက်နေသည့် အကြီးအကဲမျက်နှာထက်မှာ အားတက်သရောအရိပ်အယောင်တွေကို ပြန်တွေ့လိုက်ရသည်။ စစ်နတ်ဘုရားက ခပ်တည်တည်ဝင်လာကာ အကြီးအကဲကို ဂါရဝပြုလိုက်သည်။ စစ်နတ်ဘုရားနောက်မှာတော့ ဖူးစာရေးနတ်ဘုရားပါ ကပ်ပါလာခဲ့သည်။ အကြီးအကဲက ခေါင်းတစ်ချက်ဆတ်ပြပြီး ဂါရဝကို အသိအမှတ်ပြုလိုက်သည်။ စစ်နတ်ဘုရားက တိတ်ဆိတ်စွာဘဲ သူ့ညီဘက်ကို ကပ်သွားကာ တည်တည်ငြိမ်ငြိမ်ရပ်နေလိုက်သည်။ ရှုံ့မဲ့နေသည့်  Can မျက်နှာက ပိုမဲ့ကျသွားသည်။ ကြည့်စမ်း။ ဒီစစ်နတ်ဘုရားဆိုတဲ့ဟာကြီးက မျက်နှာလိုက်လိုက်ပုံများ။ ဒါက သူဘယ်သူ့ဘက်မှာ ရပ်တည်တယ်ဆိုတာ ရှင်းနေတာပဲလေ။ Canမျက်လုံးက ဂါရဝပြုဆဲဖြစ်သည့် သူ့အရှင်သခင် ဖူးစာရေးနတ်ဘုရားဆီရောက်သွားသည်။ အာ... သူ့အရှင်သခင်ကတော့ သူ့ဘက်မှာ ရပ်မှာပါ။ ဟုတ်တယ်မလား။

သူ့အတွေးမဆုံးခင်မှာတင် ဖူးစာရေးနတ်ဘုရားက စစ်နတ်ဘုရားဘေးမှာ သွားရပ်လိုက်တာကို မြင်လိုက်ရသည်။ Can မူးလဲချင်သွား၏။ ဖူးစာရေးနတ်ဘုရားမှာလည်း သူ့အခက်အခဲနှင့်သူဖြစ်သည်။ သူ့လက်အောက်ငယ်သားကို စစ်နတ်ဘုရားရဲ့ ညီတော်က လိုချင်နေတယ်? ဒါကို ဘယ်သူကငြင်းနိုင်မှာမို့လို့လဲ။ နောက်ပြီး သာမန်အခြေအနေဆို ထားဦးတော့။ အခုအခြေအနေက စစ်နတ်ဘုရားကို မျက်နှာလုပ်နိုင်မှ သူ့အသက်လေးရှိနေခွင့်ရမယ့်အခြေအနေမျိုးလေ။ ဆေးရည်စက်ကလည်း ဘယ်လိုဖြစ်သွားသလဲမသိတော့ သူ့မှာလုပ်နိုင်တာဆိုလို့ စစ်နတ်ဘုရားကို အတင်းအဓမ္မမျက်နှာလုပ်ဖို့ပဲ ရှိတော့တာလေ။ သူ့လက်အောက်ငယ်သားလေးတစ်ယောက်ကို ရင်းလိုက်လို့လည်း ဘာမှဖြစ်သွားမှာ မဟုတ်ဘူးမလား။ အဟမ်း။

“ကိုယ်တော်က နေနတ်ဘုရားဘက်ကိုလိုက်ချင်ပါတယ်။ ဥယျာဥ်ခိုးဝင်တယ်ဆိုတာ ကျိန်းသေအပြစ်ရှိတယ်။ အပြစ်ကိုလည်း ခံရစေမယ်။ ဒါပေမဲ့ လက်ဆက်တာကတော့ တစ်ဖက်လူမလိုလားတဲ့အတွက်ကြောင့် မဖြစ်နိုင်ဘူး။ ကိုယ်တော်က နေနတ်ဘုရားကျေနပ်တဲ့အထိ ဒီကလေးကို အပြစ်ပေးမှာပါ။ နေနတ်ဘုရားက ကြိုက်တဲ့အပြစ်ဒဏ်ကို ပြောလိုက်ပါလား”

ကျဥ်းထဲကြပ်ထဲရောက်နေသည့်အချိန်မှာပဲ အကြီးအကဲရဲ့ ထည်ဝါလှတဲ့အသံက Canကို ပြုံးလာစေသည်။ ကောင်းပြီ။ သူ ယောကျ်ားတစ်ယောက်ကို လက်မထပ်ရတော့ဘူး။ သူ့ရဲ့ပေါက်စီတွေနဲ့ ဝေးရတော့မှာမဟုတ်ဘူး။ ဒါဆို ဘယ်လိုအပြစ်ဒဏ်ဖြစ်ဖြစ် လက်ခံမယ်။

သူ့မျက်နှာက ချက်ချင်းပဲတက်ကြွလာကာ နေနတ်ဘုရားကတော့ အနည်းငယ်ခေါင်းငုံ့ကျသွားသည်။

“ဒါဆိုလည်း သူ့ကို နေနန်းတော်ကို ပြောင်းလာပြီးအမှုထမ်းစေဖို့ အကြီးအကဲကိုပဲ ဒုက္ခပေးရတော့မယ်”

နေနတ်ဘုရားက အေးစက်ပြီးစိတ်ရှုပ်ထွေးတဲ့အမူအရာမျိုးဖြစ်နေပေမဲ့ နေရောင်ခြည်လိုနွေးထွေးတဲ့အပြုံးမျိုးကို ပြုံးထားဆဲဖြစ်သည်။ ဒါက သူ့ရင်ခွင်ထဲကနေ ကောင်လေးရုန်းမထွက်နိုင်သေး၍ ဖြစ်လိမ့်မယ်။

“ကောင်းပြီ။ ကိုယ်တော် ဒီလိုပဲဆုံးဖြတ်ချက်ချလိုက်မယ်”

“နေပါဦး အကြီးအကဲ။ ဒါကိုတစ်ချက်ကြည့်ပါဦး”

တစ်ချိန်လုံးတိတ်ဆိတ်နေပြီးမှ လှမ်းအော်လိုက်တဲ့ ဖူးစာရေးနတ်ဘုရားဆီသို့ အားလုံးရဲ့အကြည့်က စုပြုံကျရောက်သွားသည်။ ဖူးစာရေးနတ်ဘုရားရဲ့ မျက်နှာက ရှက်ရွံ့ခြင်းကြောင့် နီရဲသွားကာ ‌ချောင်းတစ်ချက်ဟမ့်လိုက်၏။ ရုတ်တရက် သူ့ကျောပေါ်လက်တစ်ဖက်ရောက်လာကာ ပွတ်သပ်ပေးလာသည်။ သူကြည့်လိုက်တော့ အလွန်စိတ်ပူနေတဲ့ မျက်နှာထားနဲ့ သူ့ကိုယ်ရံတော်ကို တွေ့လိုက်ရသည်။ အာ.. ဒီကောင်လေးက အတော်တာဝန်ကျေသားပဲ။

ဖူးစာရေးနတ်ဘုရားက ချောင်းထပ်ဟန့်လိုက်ရင်း ကြိုးနီလေးတစ်ခုကို အကြီးအကဲဆီ ပျံသန်းသွားစေလိုက်သည်။ အကြီးအကဲက ထိုကြိုးနီလေးကို ဖမ်းယူလိုက်တာနှင့်တစ်ပြိုင်နက် အလင်းစာလုံးတွေက လေပေါ်မှာ ဝဲပျံလာသည်။ ဒီစာလုံးတွေက တစ်ခြားတစ်ဖက်က လူတွေတောင်ဖတ်လို့ရလောက်တဲ့ထိ ထင်းလင်းပြတ်သားနေသည်။ နေနတ်ဘုရားအပါအဝင် Canလည်း ထိုစကားလုံးတွေကို ဖတ်ကြည့်လိုက်သည်။

ဟမ်... သူ့ကိုလူသားတစ်ယောက်က လင်ရစေဖို့ ဆုတောင်းတယ်တဲ့လား။ ဘာကြီးလဲ။

သူ့မျက်လုံးက ထိတ်လန့်စွာပြူးကျယ်လာသည်။ လူတွေက နေ့တိုင်း အချိန်တိုင်းမှာ ဆုတောင်းလေ့ရှိသည်။ သို့သော် သူတို့ပြုထားတဲ့ ကောင်းမှုတွေအလိုက် တစ်ချို့ဆုတောင်းတွေက ဖြည့်ဆည်းပေးခံရပြီး တစ်ချို့ဆုတောင်းတွေက လျစ်လျူရှုခံရသည်။ ဒီကိုရောက်လာတဲ့ဆုတောင်းတွေက ကျိန်းသေဖြည့်ဆည်းပေးရမဲ့ ဆုတောင်းတွေချည်းဖြစ်ကာ ဒါက... ဒါကြီးကတော့ မဟုတ်သေးဘူးလေ။

ရုတ်တရက် သူ့ဘေးနားက သာယာတဲ့ရယ်သံကို တစ်ချက်ကြားလိုက်ရတော့ Canမတတ်နိုင်စွာပဲ နှုတ်ခမ်းဆူမိသွားသည်။ ဘယ်က ကျေးဇူးမသိတတ်တဲ့လူသားက သူ့ကိုကျိန်ဆဲလိုက်တာလဲ။ သူ အဲ့ဒီလူကိုတွေ့ရင် ကျိန်းသေအလွတ်မပေးဘူးလို့ ကတိပေးတယ်။

“အင်း... ကိစ္စတွေက ဒီလိုဖြစ်လာမှတော့လည်း... ကိုယ်တော်က လက်ဆက်ဖို့ကိုပဲ တွန်းအားပေးရတော့မှာပေါ့”

“မဟုတ်... မဟုတ်သေးဘူးလေ”

“အာ... ဟုတ်ပါတယ်။ ကလေးကလည်း။ ဘာမှမပြောနဲ့တော့ လာသွားမယ်။ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားပြီပဲဟာ။ အကြီးအကဲကို သွားမရှုပ်ပါနဲ့တော့။ လိမ္မာတယ်”

Canက ပြောမလို့ ပါးစပ်ဟရုံတင်ရှိသေးသည်။ နေနတ်ဘုရားက Canပါးစပ်မဟနိုင်အောင် စကားတွေဖိပြောသွားကာ Canကို ပုခုံးပေါ်တင်၍ ရွှီးခနဲပြေးလေသည်။ ဘယ်ပြောလို့ရမလဲ တော်ကြာနေ ဆုံးဖြတ်ချက်ထပ်ပြောင်းသွားမှ သူဟတ်ကော့ကြီးဖြစ်နေရဦးမယ်မလား။ ခန်းမကြီးမှာ ကျန်နေခဲ့သည့် အကြီးအကဲနှင့်တကွ အခြားနတ်ဘုရားများကတော့ ထိုအဖြစ်အပျက်ကိုကြည့်ရင်း တိတ်တိတ်လေးခိုးရယ်မိကြလေသည်။

........................…………………………………

A/N

အကြာကြီးပစ်ထားတာမဟုတ်ရပါဘူးရှင့်။ ပစ် ဒီအပိုင်းရဖို့ ဖျက်လိုက်ပြင်လိုက်နဲ့ သုံးခါလောက်အစကပြန်ရေးထားရတာပါ။ နောက်တစ်ပိုင်းပြီးရင် အကုန်ပြီးစီးသွားပြီဖြစ်ပါတယ်။ နောက်ဆုံးအပိုင်းကို သန်ဘက်ခါနောက်ဆုံးထားပြီး ရေးပေးပါ့မယ်နော်။ အကြောင်းကြောင်းကြောင့် ပျက်ကွက်ရင်လည်း တစ်ရက်ထက်ပိုမနောက်ကျစေရပါဘူး။ ဒါကြောင့် စိတ်မကောက်ကြပါနဲ့ဦးလိုစ်။ Saintလေးဆိုတဲ့သီချင်းကို ထည့်ပေးထားပါတယ် Be Enjoyy


Song Name Is "Wish This Love". You can search it in Facebook with Myanmar sub.


Zawgyi

How I start loving at you(ငါမင္းကို ဘယ္လိုစခ်စ္မိလဲဆိုရင္)

“မေတာ္တဆလား... ကံၾကမၼာရဲ့က်ီစားမႈမ်ားလား။ မင္းနဲ႔ေတြ့ဖို႔ျဖစ္လာခဲ့တာေလ။ ငါ့ရဲ့ႏွလံုးသားကို ကိုယ္တိုင္မသိခင္အထိ ငါတို႔ႏွစ္ေယာက္ကို ေပါင္းစည္းေစခဲ့တဲ့ အမွတ္တရေလးေတြရိွေနခဲ့တယ္။ ငါ့ရဲ့ အထီးက်န္ေနမႈကို ေပ်ာက္ေအာင္လုပ္ေပးခဲ့သူ... ေလာကႀကီးကို ပိုေတာက္ပသြားေအာင္ အႃပံုးေလးေတြနဲ႔ လာေရာက္ဖန္တီးသူ... ေန့ရက္တိုင္းကို အဓိပၸာယ္ရိွေအာင္ဖန္တီးေပးသူ.. မင္းေလးကိုပဲ ကိုယ့္ႏွလံုးသားက ေစာင့္ေမ်ွာ္ေနခဲ့တာပါ”

ခ်ိဳၿမိန္ၿပီး ႏူးညံ့တဲ့သီခ်င္းသံက သစ္ရြက္စိမ္းေတြကို ျဖတ္သန္းၿပီး မိုးေကာင္ကင္ထိပ်ံ႔ႏွံ႔သြားသေယာင္ခံစားမိေစသည္။ အရြက္ေတြဖားဖားလ်ားလ်ားႏွင့္ စိမ္းစိုေဝဆာေနေသာ အပင္ႀကီး၏ေအာက္၊ ျမက္ခင္းျပင္စိုကပ္ကပ္ေပၚမွာ ေကာင္ေလးတစ္ေယာက္က မတ္တပ္ရပ္လ်က္သား သီခ်င္းဆိုေန၏။ သူ႔မ်က္ဝန္းေတြက ပိတ္ထားလ်က္ရိွကာ ပန္းႏုေရာင္ႏႈတ္ခမ္းသားအစံုကေတာ့ ခ်ိဳၿမိန္တဲ့အသံကို ထုတ္လႊတ္ေပးဖို႔ စည္းခ်က္က်က်လႈပ္ရွားေနရသည္။ မိုက္လို႔ သူ စိတ္ကူးယဥ္ထားတဲ့ေနရာမွာေတာ့ ခ်ိဳခ်ဥ္စုပ္လံုးေလးတစ္ခုရိွေနသည္။ ထိုခ်ိဳခ်ဥ္စုပ္လံုးေလးက အခြံခၽြတ္ခံထားရကာ မၾကာေသးခင္ကမွ အခ်ိဳေတြစုပ္ယူခံထားရသေယာင္ စိုလက္လက္ကေလးျဖစ္ေနသည္။

အနိမ့္သံနဲ႔အတူ သီခ်င္းကိုလိုက္ပါစီးေျမာေနတုန္းမွာပဲ အသံရွင္ေလးက သီခ်င္းကို ရပ္ပစ္လိုက္သည္။ ဆိုတာ မွားသြားၿပီဆိုတဲ့အေတြးက သူ႔ႏႈတ္ခမ္းကို စူလံုးလံုးေလးျဖစ္လာေစကာ ပို၍ခ်စ္ဖို႔ေကာင္းၿပီး ႏူးညံ့တဲ့အသြင္ဆီသို႔ေျပာင္းသြားသည္။ ထို႔ေနာက္ သူက မွားသြားတဲ့အပိုဒ္ကိုပဲ ထပ္ခါထပ္ခါဆိုေနသည္။ ရွည္လ်ားၿပီး ျဖဴသြယ္တဲ့လက္တံတို႔က က,တာလည္းမဟုတ္ဘဲနဲ႔ သီခ်င္းရဲ့သံစဥ္အတိုင္း ေလထဲကို ရမ္းခါမိေနသည္။ မ်က္လံုးကို ထပ္မိွတ္ထားလိုက္တဲ့အခါ သီခ်င္းစာသားေတြနဲ႔ သံစဥ္ေတြဟာ ျမင္လႊာထဲမွာ ခုန္ေပါက္ေနၾကသည္။ သူ ႃပံုးလိုက္ကာ ခ်စ္ျခင္းတစ္ခုကို စိတ္ကူးယဥ္၍ သီခ်င္းထဲကလူေနရာမွာ ေနရာဝင္ယူလိုက္သည္။ အသံကပို၍ ခ်ိဳျမလာကာ မ်က္ႏွာအမူအရာကအစ Realityပိုဆန္လာ၏။

“အရာအားလံုး ဘာပဲျဖစ္ေနေန၊ စၾကာဝဠာႀကီးပ်က္စီးသြားပါေစၪီး။ ေန့ရက္ေတြကို ဂရုမစိုက္ဘဲ မင္းနဲ႔အတူ ဒီေနရာမွာ ေလ်ွာက္ေနၪီးမွာပါ”

ႃပံုးၿပီး ေခါင္းယမ္းမိတဲ့အခါ ထိပ္မွာစုစီးထားမိသၫ့္ ဆံပင္အစုေလးက ေခါင္း၏လႈပ္ရွားမႈအတိုင္း ယမ္းခါသြားသည္။ ႃပံုးလိုက္တဲ့အခါ ေဖာင္းမို႔မို႔ပါးေလးေတြဆီမွာ ပန္းေသြးေရာင္ေျပးေနတာကို ပို၍သိသာေစသည္။ သီခ်င္းဆိုေနရင္း မ်က္လံုးကိုဖြင့္ၾကၫ့္ျပန္ေတာ့ ၾကည္လဲ့လဲ့မ်က္လံုးကေလးေတြက စိတ္ၾကည္ရႊင္မႈကို ျဖစ္ေစသၫ့္ႏွယ္။ ပန္းႏုေရာင္ေလထုေလးဟာ ဒီေနရာေလးမွာတင္ ကြက္ၿပီးျဖစ္တည္ေနခဲ့သည္။

“ရၿပီ ရၿပီ ငါရသြားၿပီ”

သီခ်င္းအဆံုးသတ္ကို လွပစြာသီဆိုၿပီးေနာက္ ေကာင္ေလးက ဝမ္းသာအားရရယ္လိုက္ကာ ေျခပစ္လက္ပစ္ထိုင္ခ်လိုက္သည္။ ထို႔ေနာက္ လက္ထဲမွာကိုင္ထားသၫ့္ ခ်ိဳခ်ဥ္လံုးေလးကို ပါးစပ္ထဲပစ္ထၫ့္လိုက္ကာ ဟိုၾကၫ့္ဒီၾကၫ့္ၾကၫ့္၏။ ဒီေန့ သူ႔ရိုက္ကြင္းေတြနားတာမို႔ ေမေမ့ၿခံဆီျပန္လာၿပီး ဒီမွာတစ္ေနကုန္ေလ့က်င့္ေနခဲ့တာ။ ၿခံကက်ိန္းေသေပါက္လံုႃခံုတယ္ဆိုေပမဲ့ ဘာျဖစ္လို႔သူကေတာ့ တစ္ေယာက္ေယာက္ၾကၫ့္ေနသလိုမ်ိဳး ခံစားေနရတယ္မသိ။ ဘာပဲျဖစ္ျဖစ္ သီခ်င္းကိုေသခ်ာပိုင္ႏိုင္စြာရသြားၿပီမို႔ စိတ္ေက်နပ္စြာ ထပ္ႃပံုးမိျပန္သည္။

“သားSaintေရ၊ မိုးသားေတြတက္လာၿပီေလ။ ေတာ္ေလာက္ၿပီ။ လာခဲ့ေတာ့”

ေမေမက မလွမ္းမကမ္းရိွ တစ္ထပ္တိုက္ေလးဆီမွ ထြက္လာကာ သူ႔ကိုေအာ္ေခၚသည္။

“ဟုတ္ဟုတ္ မား။ သား လာၿပီ”

ေကာင္းကင္ေပၚကို ဖ်တ္ခနဲေမာ့ၾကၫ့္လိုက္ေတာ့ အမွန္ပင္ တိမ္စိုင္မည္းေတြတက္လာတာကို ျမင္လိုက္ရသည္မို႔ ေမေမ့ေျပာစကားကို နားေထာင္ကာ ျပန္သြားဖို႔ဆံုးျဖတ္လိုက္သည္။ သစ္ပင္ေျခရင္းမွာ သစ္ရြက္ေလးခင္းၿပီး ပံုခ်ထားေသာ စုပ္လံုးေတြကို လက္နဲ႔အျပၫ့္သယ္ကာ ပါးစပ္ထဲကစုပ္လံုးေလးကိုလည္း ျပဳတ္မက်ေအာင္ ဂရုစိုက္၍ အိမ္ဘက္သို႔ သြက္သြက္ကေလးေျပးသြားလိုက္၏။ ရွပ္အက်ႌပါးပါးက တိမ္မည္းေတြမဖံုးႏိုင္ေသးေသာ ေန၏ေရာင္ျခည္ထဲမွာ ေဖာက္ထြင္းျမင္ေနရသည္မို႔ ခါးေသးေသးေလးကို လံုေအာင္မဖံုးႏိုင္ဘဲရိွသည္။ ေဘာင္းဘီအတိုေလးကိုသာ လြတ္လပ္ေပါ့ပါးစြာဝတ္ဆင္ထားေသာ ထိုေကာင္ေလးသည္ ေျခတံရွည္ရွည္ကိုမွ ျဖဴသြယ္ေနေသာ ေျခသလံုးေလးေတြအား သေဘာထားႀကီးစြာ လွစ္ဟျပသထားသလိုျဖစ္ေနသည္။ ဒါက ဘယ္သူမွမျမင္ရင္ ကိစၥမရိွေပမဲ့ အခုေတာ့... အခုေတာ့ စစ္နတ္ဘုရားရဲ့ေရ႔ွမွာဆိုေတာ့ အင္း...။

ဖူးစာေရးနတ္ဘုရားက ေခါင္းယမ္းလိုက္ၿပီး ေကာင္ေလးဆီကအၾကၫ့္မလႊဲေသးေသာ စစ္နတ္ဘုရားဆီသို႔ လွမ္းၾကၫ့္လိုက္သည္။ ဘာလဲ။ အခု ဒီနတ္ဘုရားႀကီးက ဒီကေလးေလးကို ႀကိဳက္သြားတာေတာ့ မဟုတ္ဘူးမလား။ တကယ္လား။ တကယ္အဲ့လိုႀကီးလား။ ဖူးစာေရးနတ္ဘုရားရဲ့ လည္ပင္းက ရွည္ထြက္လာမတတ္ျဖစ္ေနၿပီး သူ႔ကိုေက်ာခိုင္းထားသၫ့္ စစ္နတ္ဘုရား၏ မ်က္ႏွာအမူအရာကိုၾကၫ့္ရႈဖို႔ အလြန္တရာမွ စိတ္ဝင္တစားျဖစ္ေနခဲ့သည္။

သူ႔မွာက ဒုႂကၡကီးႏွစ္ခုကို သယ္ထားရတာျဖစ္လို႔ ဘယ္လိုပဲျဖစ္ျဖစ္ ဒီကံၾကမၼာဆိုးႀကီးကေန အျမန္လြတ္ခ်င္လွၿပီျဖစ္သည္။ ပထမတစ္ခ်က္က ဖူးစာႀကိဳးနီကိုဘယ္လိုမွ ျဖတ္ပစ္လို႔မရ။ တစ္ေယာက္ကေန ေနာက္တစ္ေယာက္ဆီသို႔ ကူးေျပာင္းပစ္တာပဲရိွသည္။ ဒီလိုကူးေျပာင္းတာမ်ိဳးက သူ႔လိုနတ္ဘုရားေတာင္ လုပ္ခ်င္တိုင္းလုပ္လို႔ရတာမ်ိဳးမဟုတ္။ ႀကိဳးနီေတြက ခ်ည္ခ်င္သလိုခ်ည္လို႔လည္းမရသလို ေျပာင္းခ်င္သလိုေျပာင္းလို႔လည္းမရ။ လူႏွစ္ေယာက္မွာ ကံၾကမၼာခ်င္းေတြ ထိုက္တန္ေနမွ ဒီႀကိဳးနီေတြက လံုလံုေလာက္ေလာက္ ခ်ည္ေနွာင္မႈျပဳတာျဖစ္သည္။ ဒီေတာ့ ဘာကိုမွ လက္လြတ္စပယ္လုပ္လို႔မရ။ ရွင္းလင္းစြာကိုပဲ ဒီေကာင္ေလးနဲ႔ စစ္နတ္ဘုရားမွာလည္း ထိုက္တန္သၫ့္ ကံၾကမၼာရိွေနသည္။

အံ့ဩစရာေကာင္းေလာက္ေအာင္ပင္ ဒီေကာင္ေလးက ကမ႓ာ့လူၪီးေရ ငါးပံုပံု တစ္ပံုသာရိွေသာ စိတ္ထားျဖဴစင္သူေတြထဲမွာ ပါေနသည္။ လူေတြက ေမြးတုန္းကျဖဴစင္ၾကေပမဲ့ ဘဝတေလ်ွာက္လံုး ျဖဴစင္မႈကိုထိန္းဖို႔က်ေတာ့ အလြန္ခက္ခဲလွသည္မို႔ ဒီလိုလူအေရအတြက္က ငါးပံုပံုတစ္ပံုသာရိွသည္။ ၿပီးေတာ့ၾကၫ့္ပါၪီး။ ဘယ္ေလာက္ေတာင္ ေကာင္းမႈေတြလုပ္ထားတာလဲဆိုတာ။ ဒီေကာင္ေလးနားမွာရိွတဲ့ အလင္းေဖ်ာ့ေဖ်ာ့ေလးေတြက နတ္သူငယ္ေလးေတြမွာ ရိွတတ္ၾကတဲ့အရာမ်ိဳးမဟုတ္လား။ အား ဒီလိုကေလးမ်ိဳးကို ဘယ္လိုနတ္မင္းမဆို ခ်စ္ၾကမွာအေသအခ်ာကိုပဲ။ ဒီေတာ့ ဒီကေလးရဲ့ ႀကိဳးနီကို စစ္နတ္ဘုရားဆီကေနၿပီး ဘယ္လိုလူမ်ိဳးဆီေျပာင္းမွ ထိုက္တန္မလဲဆိုတာ သူဘယ္လိုမွမေတြးတတ္ဘူး။ ေနာက္ၿပီး တစ္ခုရိွတာက စစ္နတ္ဘုရားရဲ့ ႀကိဳးနီကိုေရာ ဘယ္သူ႔ဆီကို လႊဲေျပာင္းရမွာလဲ။

စစ္နတ္ဘုရားရဲ့ သေဘာထားက ရွင္းလင္းတယ္။ သူက ႀကိဳးနီကို ျဖတ္ခ်င္တာ။ လူလဲခ်င္တာမဟုတ္ဘူး။ အား... ျဖတ္လို႔မရဘူးသာ သြားေျပာလိုက္လို႔ကေတာ့ သူ႔ေခါင္းႀကီးျပတ္သြားမွာ အေသအခ်ာပဲ။

ဖူးစာေရးနတ္ဘုရားက စစ္နတ္ဘုရားလက္က ဓားအႀကီးႀကီးကို ခိုးၾကၫ့္ရင္း ႏွဖူးမွက်လာသၫ့္ ခၽြေးစက္ေတြကို တိတ္တိတ္ကေလးသုတ္လိုက္သည္။ ရုတ္တရက္ အႀကံတစ္ခုရလာသည္မို႔ သူ ထခုန္မိမတတ္ျဖစ္သြားသည္။ ျပႆနာကဘာလဲဆိုရင္ စစ္နတ္ဘုရား မခ်စ္တတ္တာက ျပႆနာပဲ။ ၾကၫ့္ပါၪီး ဒီေလာက္သန႔္စင္ၿပီး ခ်စ္စရာေကာင္းတဲ့ကေလးမ်ိဳးကို သူက မခ်စ္ဘူးျဖစ္ေနတာေလ။ တကယ္လို႔ သူသာ ဒီကေလးကိုခ်စ္သြားမယ္ဆို ႀကိဳးကို ျဖတ္စရာေျပာင္းစရာလည္း မလိုေတာ့ဘူး၊ ကိစၥတစ္ခုေအးၿပီမလား။ ဟုတ္တယ္။ ဒါအမွန္ပဲ။ Canရဲ့ ျပႆနာကိုေတာ့ ရွင္းဖို႔က လြယ္လြယ္ေလးပဲဟာ။ ဒါသာၿပီးသြားရင္ သူ႔ရဲ့အနက္ေရာင္ကံၾကမၼာႀကီးကေန လြန္ေျမာက္သြားၿပီပဲ။

ဖူးစာေရးနတ္ဘုရားက သက္သက္သာသာေတြးေတာလိုက္ကာ ဝတ္ရံုလက္ထဲမွာ သိမ္းထားသၫ့္ ပုလင္းေသးေသးေလးကို မသိမသာထုတ္ယူလိုက္သည္။ သူက အခုအရမ္းရယ္ခ်င္ေနသည္။ စစ္နတ္ဘုရားသာ သိသြားရင္ေတာ့ သူ႔ကိုသတ္မွာအေသအခ်ာပဲ။ ဒါေပမဲ့ ဘာျဖစ္လဲ မရရင္အရင္း၊ ရရင္အျမတ္ေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ လုပ္ၾကၫ့္တာအေကာင္းဆံုးပဲေလ။

သူက ေဆးရည္အစက္ကေလးကို ေလေပၚမွာတင္အလံုးကေလးျဖစ္ေအာင္ အစြမ္းနဲ႔ထိန္းခ်ဳပ္လိုက္သည္။ ခစ္ခစ္ လူ႔ျပည္မွာတင္ ပီယေဆးရိွတယ္လို႔ဘယ္သူေျပာလဲ။ သူ႔ရဲ့ ဘိုးေဘးဘီဘင္နတ္ဘုရားေတြလုပ္ခဲ့တဲ့ ဒီပီယေဆးက ပိုေတာင္အစြမ္းထက္ၪီးမယ္။ သူ တစ္ခါမွမစမ္းရေသးေပမဲ့ ဒါက အလုပ္ျဖစ္မွာ ေသခ်ာေပါက္ပဲ။ ဒီေဆးရည္ထိတဲ့လူက ေဆးရည္ထိၿပီး ပထမဆံုးျမင္ရတဲ့လူကို အရိုးထဲကစဲြၿပီးခ်စ္သြားလိမ့္မယ္။ အခု စစ္နတ္ဘုရားက ေကာင္ေလးကိုၾကၫ့္ေနတာ။ ေကာင္ေလးက အိမ္ထဲကိုမေရာက္သြားခင္ သူ ဒါကိုလုပ္မွ ျဖစ္လိမ့္မယ္။

ဖူးစာေရးနတ္ဘုရားက သူ႔လက္ထဲက ေဆးရည္လံုးေလးကို စစ္နတ္ဘုရားဆီ မႈတ္ခ်လိုက္သည္။ သို႔ေသာ္

“အရွင္ စစ္နတ္ဘုရား... အႀကီးအကဲက ေခၚခိုင္းလိုက္လို႔ပါ”

ရုတ္တရက္ၾကားလိုက္ရသၫ့္အသံေၾကာင့္ ခိုးေၾကာင္ခိုးဝွက္လႈပ္ရွားေနသၫ့္ ဖူးစာေရးနတ္ဘုရားရဲ့လက္က တြန႔္ခနဲျဖစ္ကာ ဒါရိုက္ရွင္ေတြလဲြ၍ စစ္နတ္ဘုရားနဲ႔ မနီးမေဝးမွာရပ္ေနသၫ့္ သူ႔ကိုယ္ရံေတာ္ဆီသို႔ ေပါက္ခနဲသြားမွန္ေလသည္။ ဖူးစာေရးနတ္ဘုရားက ကမန္းကတန္းျပန္ၾကၫ့္လိုက္ေပမဲ့ သူ႔လက္ဖဝါးမွာ ေဆးရည္စက္ေလးမရိွေတာ့ဘူးျဖစ္ကာ စစ္နတ္ဘုရားကို မွန္သြားလားလည္း သူမသိေပ။ သို႔ေပမဲ့ သူ႔ကိုယ္ရံေတာ္က သူ႔ကိုထူးဆန္းစြာစိုက္ၾကၫ့္ေနတာကိုေတာ့ ျမင္လိုက္ရသည္။ ဒါေပမဲ့ သူ႔အာရံုက ဒီကိစၥအေပၚ လံုးဝမက်ေရာက္လိုက္။ သူေတြးေနတာက စစ္နတ္ဘုရားကို ထိ/မထိဘဲျဖစ္ကာ သူ႔အစီအစဥ္ေအာင္ျမင္/မျမင္ကိုပဲ သိခ်င္တာျဖစ္သည္။

“ဘာေတျြဖစ္လို႔လဲ”

စစ္နတ္ဘုရားက အိမ္ထဲေျပးဝင္သြားေသာ ေကာင္ေလးဆီမွ အၾကၫ့္လႊဲကာ သတင္းပို႔လာေသာ နတ္သူငယ္ေလးကို ေမးလိုက္သည္။

“အရွင္ေနနတ္ဘုရားနဲ႔ သူ႔ၾကင္ယာေတာ္ေလာင္းက ျပႆနာတက္ေနလို႔ပါအရွင္”

Perth မ်က္ခံုးေတြက တြန႔္ကုပ္သြားကာ ဝတ္ရံုကိုတစ္ခ်က္ယမ္းလိုက္ရင္း သြားလို႔ရၿပီျဖစ္ေၾကာင္း နတ္သူငယ္ေလးကို ခြင့္ျပဳလိုက္ေလသည္။

“ကဲ ကိုယ္ေတာ္တို႔ ျပန္ၾကရမယ္ထင္တယ္။ ညီေတာ္ရဲ့ ၾကင္ယာေတာ္ေလာင္းက နတ္ဘုရားရဲ့ တပၫ့္လည္းျဖစ္ေနတာမို႔ အတူတူျပန္လိုက္ခဲ့ပါၪီး။ ဒီကကိစၥကို ေနာက္တစ္ေခါက္မွ ဆက္လုပ္ၾကတာေပါ့။ Chosက ဒီမွာပဲေနရစ္ခဲ့”

စစ္နတ္ဘုရားက ဖူးစာေရးနတ္ဘုရားကို နန္းေတာ္ျပန္ၾကဖို႔ တိုက္တြန္းၿပီးေနာက္မွာပဲ ေနရာကေန လ်ွင္ျမန္စြာေပ်ာက္သြားေတာ့သည္။ ဖူးစာေရးနတ္ဘုရားလည္း တစ္ပူေပၚတစ္ပူဆင့္သၫ့္ ျပႆနာေၾကာင့္ မ်က္ႏွာငယ္ေလးနဲ႔ပဲ အႀကီးအကဲဆီ တိုက္ရိုက္ေျပးရေတာ့သည္။

အႀကီးအကဲရဲ့နန္းေတာ္မွာေတာ့ Canနဲ႔ ေနနတ္ဘုရားတို႔ စကားရည္လုေနၾကေလသည္။ အႀကီးအကဲဆိုတာက သူတို႔လို နတ္ဘုရားတစ္ပါးပဲျဖစ္ကာ အစြမ္းသာလို႔ ဘာညာေၾကာင့္မဟုတ္ေပမဲ့ အုပ္ခ်ဳပ္သူတစ္ေယာက္ရိွတာက ပိုတည္ၿငိမ္ေစတာမို႔လို႔ နတ္ဘုရားေတြစုၿပီး တင္ၿမွောက္ထားသၫ့္ အုပ္ခ်ဳပ္သူသပ္သပ္ပဲျဖစ္သည္။ သို႔ေပမဲ့ နတ္ဘုရားေတြအကုန္လံုးက ဒီအႀကီးအကဲကို ေလးစားမႈေပးကာ လုပ္ပိုင္ခြင့္ေတြလည္း အကုန္လံုးေပးထားသည္မို႔ ကိစၥအဝဝမွာ သူ႔ဆံုးျဖတ္ပိုင္ခြင့္က ရာခိုင္ႏႈန္းအေတာ္ေလးမ်ားေလသည္။

“အႀကီးအကဲပဲ စဥ္းစားၾကၫ့္ပါၪီး။ ဥယ်ာဥ္ေလးခိုးဝင္မိတာကို ကၽြန္ေတာ္မ်ိဳးက တစ္ဘဝလံုးကိုေပးလိုက္ရေတာ့မွာလား”

Can က မ်က္ရည္ေတြႏွင့္ ဗလံုးဗေထြးတိုင္တန္းေနသည္။ ေနနတ္ဘုရားကေတာ့ သူ႔ေဘးနားမွာ ကပ္လ်က္ရပ္ေနကာ လက္ကိုင္ပဝါေလးတကိုင္ကိုင္ႏွင့္ မ်က္ရည္သုတ္ေပးခ်င္ေပမဲ့ အၿငိမ္မေနေသာ ေကာင္ေလးေၾကာင့္ ဘယ္လိုမွ မေအာင္ျမင္ဘဲရိွ၏။ သို႔ေသာ္ သူကလည္း ၿငိမ္ေနတာမဟုတ္။ ဒီစကားစစ္ထိုးပဲြက ႏိုင္မျွဖစ္မွာမို႔လို႔ လက္ကသာ ေကာင္ေလးကို ေခ်ာ့ေမာ့ေနေပမဲ့ စကားလံုးေတြနဲ႔ေတာ့ အႏိုင္လုေနဆဲျဖစ္သည္။

“အႀကီးအကဲ ကၽြန္ေတာ့္ဥယ်ာဥ္က ေရာင္ျခည္ေတြနဲ႔ အထူးတလည္ဖန္တီးထားတဲ့ဟာ ဘယ္ေလာက္အဖိုးတန္မယ္ဆိုတာ အႀကီးအကဲသိပါတယ္။ ေနာက္ၿပီး ကၽြန္ေတာ္လက္ဆက္ခ်င္တာကလည္း အေပ်ာ္သေဘာမဟုတ္ရပါဘူး။ ေနနန္းေတာ္ရဲ့ ဘုရင္မေနရာကို ျဖၫ့္ဆည္းခ်င္ရံုေလးပါပဲ”

“ဘာဘုရင္မလဲ။ ကၽြန္ေတာ္က ေယာက်္ားဗ်။ ၿပီးေတာ့ အေျဖာင့္”

Tinရဲ့လက္ေမာင္းထဲကို ေရာက္ေနသၫ့္ Canက ထေအာ္လိုက္ကာ လြတ္ေအာင္ရုန္းျပန္သည္။ မ်က္ႏွာမွာလည္း မ်က္ရည္ေတြနဲ႔ ေပပြေနတုန္းျဖစ္ကာ

“လက္မထပ္ႏိုင္ဘူးေနာ္။ ကၽြန္ေတာ္ကအေျဖာင့္။ ကၽြန္ေတာ္က မယားပဲယူမွာလို႔”

ေျပာရင္း ငိုေနျပန္သည္မို႔ အႀကီးအကဲမွာလည္း သူ႔ေနရာကထိုင္ေနရင္း ရယ္ရခက္ ငိုရခက္ေတျြဖစ္ကုန္သည္။ သူ႔သက္တမ္းျဖစ္တဲ့ ႏွစ္အရွည္ႀကီးမွာ ဒီေလာက္ရယ္ဖို႔ေကာင္းတဲ့အမႈမ်ိဳးကို ဘယ္တုန္းကမွ မေတြ့ခဲ့ဖူးဘူး။ သူ ဘယ္လိုဆံုးျဖတ္ရမလဲဆိုတာ ေတြးေတာင္မေတြးတတ္ေတာ့ဘူး။

“အႀကီးအကဲ စစ္နတ္ဘုရား ေရာက္လာပါၿပီ”

“ေကာင္းတယ္။ သူ႔ကိုဝင္လာခိုင္းလိုက္”

အႀကံအိုက္ေနသၫ့္ အႀကီးအကဲမ်က္ႏွာထက္မွာ အားတက္သေရာအရိပ္အေယာင္ေတြကို ျပန္ေတြ့လိုက္ရသည္။ စစ္နတ္ဘုရားက ခပ္တည္တည္ဝင္လာကာ အႀကီးအကဲကို ဂါရဝျပဳလိုက္သည္။ စစ္နတ္ဘုရားေနာက္မွာေတာ့ ဖူးစာေရးနတ္ဘုရားပါ ကပ္ပါလာခဲ့သည္။ အႀကီးအကဲက ေခါင္းတစ္ခ်က္ဆတ္ျပၿပီး ဂါရဝကို အသိအမွတ္ျပဳလိုက္သည္။ စစ္နတ္ဘုရားက တိတ္ဆိတ္စြာဘဲ သူ႔ညီဘက္ကို ကပ္သြားကာ တည္တည္ၿငိမ္ၿငိမ္ရပ္ေနလိုက္သည္။ ရႈံ႔မဲ့ေနသၫ့္  Can မ်က္ႏွာက ပိုမဲ့က်သြားသည္။ ၾကၫ့္စမ္း။ ဒီစစ္နတ္ဘုရားဆိုတဲ့ဟာႀကီးက မ်က္ႏွာလိုက္လိုက္ပံုမ်ား။ ဒါက သူဘယ္သူ႔ဘက္မွာ ရပ္တည္တယ္ဆိုတာ ရွင္းေနတာပဲေလ။ Canမ်က္လံုးက ဂါရဝျပဳဆဲျဖစ္သၫ့္ သူ႔အရွင္သခင္ ဖူးစာေရးနတ္ဘုရားဆီေရာက္သြားသည္။ အာ... သူ႔အရွင္သခင္ကေတာ့ သူ႔ဘက္မွာ ရပ္မွာပါ။ ဟုတ္တယ္မလား။

သူ႔အေတြးမဆံုးခင္မွာတင္ ဖူးစာေရးနတ္ဘုရားက စစ္နတ္ဘုရားေဘးမွာ သြားရပ္လိုက္တာကို ျမင္လိုက္ရသည္။ Can မူးလဲခ်င္သြား၏။ ဖူးစာေရးနတ္ဘုရားမွာလည္း သူ႔အခက္အခဲႏွင့္သူျဖစ္သည္။ သူ႔လက္ေအာက္ငယ္သားကို စစ္နတ္ဘုရားရဲ့ ညီေတာ္က လိုခ်င္ေနတယ္? ဒါကို ဘယ္သူကျငင္းႏိုင္မွာမို႔လို႔လဲ။ ေနာက္ၿပီး သာမန္အေျခအေနဆို ထားၪီးေတာ့။ အခုအေျခအေနက စစ္နတ္ဘုရားကို မ်က္ႏွာလုပ္ႏိုင္မွ သူ႔အသက္ေလးရိွေနခြင့္ရမယ့္အေျခအေနမ်ိဳးေလ။ ေဆးရည္စက္ကလည္း ဘယ္လိုျဖစ္သြားသလဲမသိေတာ့ သူ႔မွာလုပ္ႏိုင္တာဆိုလို႔ စစ္နတ္ဘုရားကို အတင္းအဓမၼမ်က္ႏွာလုပ္ဖို႔ပဲ ရိွေတာ့တာေလ။ သူ႔လက္ေအာက္ငယ္သားေလးတစ္ေယာက္ကို ရင္းလိုက္လို႔လည္း ဘာမျွဖစ္သြားမွာ မဟုတ္ဘူးမလား။ အဟမ္း။

“ကိုယ္ေတာ္က ေနနတ္ဘုရားဘက္ကိုလိုက္ခ်င္ပါတယ္။ ဥယ်ာဥ္ခိုးဝင္တယ္ဆိုတာ က်ိန္းေသအျပစ္ရိွတယ္။ အျပစ္ကိုလည္း ခံရေစမယ္။ ဒါေပမဲ့ လက္ဆက္တာကေတာ့ တစ္ဖက္လူမလိုလားတဲ့အတြက္ေၾကာင့္ မျဖစ္ႏိုင္ဘူး။ ကိုယ္ေတာ္က ေနနတ္ဘုရားေက်နပ္တဲ့အထိ ဒီကေလးကို အျပစ္ေပးမွာပါ။ ေနနတ္ဘုရားက ႀကိဳက္တဲ့အျပစ္ဒဏ္ကို ေျပာလိုက္ပါလား”

က်ဥ္းထဲၾကပ္ထဲေရာက္ေနသၫ့္အခ်ိန္မွာပဲ အႀကီးအကဲရဲ့ ထည္ဝါလွတဲ့အသံက Canကို ႃပံုးလာေစသည္။ ေကာင္းၿပီ။ သူ ေယာက်္ားတစ္ေယာက္ကို လက္မထပ္ရေတာ့ဘူး။ သူ႔ရဲ့ေပါက္စီေတြနဲ႔ ေဝးရေတာ့မွာမဟုတ္ဘူး။ ဒါဆို ဘယ္လိုအျပစ္ဒဏ္ျဖစ္ျဖစ္ လက္ခံမယ္။

သူ႔မ်က္ႏွာက ခ်က္ခ်င္းပဲတက္ႂကြလာကာ ေနနတ္ဘုရားကေတာ့ အနည္းငယ္ေခါင္းငံု႔က်သြားသည္။

“ဒါဆိုလည္း သူ႔ကို ေနနန္းေတာ္ကို ေျပာင္းလာၿပီးအမႈထမ္းေစဖို႔ အႀကီးအကဲကိုပဲ ဒုကၡေပးရေတာ့မယ္”

ေနနတ္ဘုရားက ေအးစက္ၿပီးစိတ္ရႈပ္ေထြးတဲ့အမူအရာမ်ိဳးျဖစ္ေနေပမဲ့ ေနေရာင္ျခည္လိုေနြးေထြးတဲ့အႃပံုးမ်ိဳးကို ႃပံုးထားဆဲျဖစ္သည္။ ဒါက သူ႔ရင္ခြင္ထဲကေန ေကာင္ေလးရုန္းမထြက္ႏိုင္ေသး၍ ျဖစ္လိမ့္မယ္။

“ေကာင္းၿပီ။ ကိုယ္ေတာ္ ဒီလိုပဲဆံုးျဖတ္ခ်က္ခ်လိုက္မယ္”

“ေနပါၪီး အႀကီးအကဲ။ ဒါကိုတစ္ခ်က္ၾကၫ့္ပါၪီး”

တစ္ခ်ိန္လံုးတိတ္ဆိတ္ေနၿပီးမွ လွမ္းေအာ္လိုက္တဲ့ ဖူးစာေရးနတ္ဘုရားဆီသို႔ အားလံုးရဲ့အၾကၫ့္က စုႃပံုက်ေရာက္သြားသည္။ ဖူးစာေရးနတ္ဘုရားရဲ့ မ်က္ႏွာက ရွက္ရြံ႔ျခင္းေၾကာင့္ နီရဲသြားကာ ‌ေခ်ာင္းတစ္ခ်က္ဟမ့္လိုက္၏။ ရုတ္တရက္ သူ႔ေက်ာေပၚလက္တစ္ဖက္ေရာက္လာကာ ပြတ္သပ္ေပးလာသည္။ သူၾကၫ့္လိုက္ေတာ့ အလြန္စိတ္ပူေနတဲ့ မ်က္ႏွာထားနဲ႔ သူ႔ကိုယ္ရံေတာ္ကို ေတြ့လိုက္ရသည္။ အာ.. ဒီေကာင္ေလးက အေတာ္တာဝန္ေက်သားပဲ။

ဖူးစာေရးနတ္ဘုရားက ေခ်ာင္းထပ္ဟန႔္လိုက္ရင္း ႀကိဳးနီေလးတစ္ခုကို အႀကီးအကဲဆီ ပ်ံသန္းသြားေစလိုက္သည္။ အႀကီးအကဲက ထိုႀကိဳးနီေလးကို ဖမ္းယူလိုက္တာႏွင့္တစ္ၿပိဳင္နက္ အလင္းစာလံုးေတြက ေလေပၚမွာ ဝဲပ်ံလာသည္။ ဒီစာလံုးေတြက တစ္ျခားတစ္ဖက္က လူေတြေတာင္ဖတ္လို႔ရေလာက္တဲ့ထိ ထင္းလင္းျပတ္သားေနသည္။ ေနနတ္ဘုရားအပါအဝင္ Canလည္း ထိုစကားလံုးေတြကို ဖတ္ၾကၫ့္လိုက္သည္။

ဟမ္... သူ႔ကိုလူသားတစ္ေယာက္က လင္ရေစဖို႔ ဆုေတာင္းတယ္တဲ့လား။ ဘာႀကီးလဲ။

သူ႔မ်က္လံုးက ထိတ္လန႔္စြာျပဴးက်ယ္လာသည္။ လူေတြက ေန့တိုင္း အခ်ိန္တိုင္းမွာ ဆုေတာင္းေလ့ရိွသည္။ သို႔ေသာ္ သူတို႔ျပဳထားတဲ့ ေကာင္းမႈေတြအလိုက္ တစ္ခ်ိဳ႕ဆုေတာင္းေတြက ျဖၫ့္ဆည္းေပးခံရၿပီး တစ္ခ်ိဳ႕ဆုေတာင္းေတြက လ်စ္လ်ူရႈခံရသည္။ ဒီကိုေရာက္လာတဲ့ဆုေတာင္းေတြက က်ိန္းေသျဖၫ့္ဆည္းေပးရမဲ့ ဆုေတာင္းေတြခ်ည္းျဖစ္ကာ ဒါက... ဒါႀကီးကေတာ့ မဟုတ္ေသးဘူးေလ။

ရုတ္တရက္ သူ႔ေဘးနားက သာယာတဲ့ရယ္သံကို တစ္ခ်က္ၾကားလိုက္ရေတာ့ Canမတတ္ႏိုင္စြာပဲ ႏႈတ္ခမ္းဆူမိသြားသည္။ ဘယ္က ေက်းဇူးမသိတတ္တဲ့လူသားက သူ႔ကိုက်ိန္ဆဲလိုက္တာလဲ။ သူ အဲ့ဒီလူကိုေတြ့ရင္ က်ိန္းေသအလြတ္မေပးဘူးလို႔ ကတိေပးတယ္။

“အင္း... ကိစၥေတြက ဒီလိုျဖစ္လာမွေတာ့လည္း... ကိုယ္ေတာ္က လက္ဆက္ဖို႔ကိုပဲ တြန္းအားေပးရေတာ့မွာေပါ့”

“မဟုတ္... မဟုတ္ေသးဘူးေလ”

“အာ... ဟုတ္ပါတယ္။ ကေလးကလည္း။ ဘာမွမေျပာနဲ႔ေတာ့ လာသြားမယ္။ ဆံုးျဖတ္ခ်က္က အတည္ျဖစ္သြားၿပီပဲဟာ။ အႀကီးအကဲကို သြားမရႈပ္ပါနဲ႔ေတာ့။ လိမၼာတယ္”

Canက ေျပာမလို႔ ပါးစပ္ဟရံုတင္ရိွေသးသည္။ ေနနတ္ဘုရားက Canပါးစပ္မဟႏိုင္ေအာင္ စကားေတြဖိေျပာသြားကာ Canကို ပုခံုးေပၚတင္၍ ရႊီးခနဲေျပးေလသည္။ ဘယ္ေျပာလို႔ရမလဲ ေတာ္ၾကာေန ဆံုးျဖတ္ခ်က္ထပ္ေျပာင္းသြားမွ သူဟတ္ေကာ့ႀကီးျဖစ္ေနရၪီးမယ္မလား။ ခန္းမႀကီးမွာ က်န္ေနခဲ့သၫ့္ အႀကီးအကဲႏွင့္တကြ အျခားနတ္ဘုရားမ်ားကေတာ့ ထိုအျဖစ္အပ်က္ကိုၾကၫ့္ရင္း တိတ္တိတ္ေလးခိုးရယ္မိၾကေလသည္။

........................…………………………………

A/N

အၾကာႀကီးပစ္ထားတာမဟုတ္ရပါဘူးရွင့္။ ပစ္ ဒီအပိုင္းရဖို႔ ဖ်က္လိုက္ျပင္လိုက္နဲ႔ သံုးခါေလာက္အစကျပန္ေရးထားရတာပါ။ ေနာက္တစ္ပိုင္းၿပီးရင္ အကုန္ၿပီးစီးသြားၿပီျဖစ္ပါတယ္။ ေနာက္ဆံုးအပိုင္းကို သန္ဘက္ခါေနာက္ဆံုးထားၿပီး ေရးေပးပါ့မယ္ေနာ္။ အေၾကာင္းေၾကာင္းေၾကာင့္ ပ်က္ကြက္ရင္လည္း တစ္ရက္ထက္ပိုမေနာက္က်ေစရပါဘူး။ ဒါေၾကာင့္ စိတ္မေကာက္ၾကပါနဲ႔ဦးလိုစ္။ Saintေလးဆိုတဲ့သီခ်င္းကို ထၫ့္ေပးထားပါတယ္ Be Enjoyy


Continue Reading

You'll Also Like

1.3M 44.1K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
73.5K 6.2K 30
Kray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခ...
3.9K 332 8
Start Date(1.12.20) End date (......)
59K 5.4K 15
Uni Betaယောင်ဆောင်ထားတဲ့ Omegaကောင်လေးဟာ ကျောင်းရဲ့ နံပါတ်၂ Alphaကိုမှ ချစ်မိသွားသတဲ့။ Zawgyi Betaေယာင္ေဆာင္ထားတဲ့ Omegaေကာင္ေလးဟာ ေက်ာင္းရဲ့ နံပါတ္...