𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

972K 111K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-105
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

WTLS Special Extra-1

5.4K 493 76
By pickpachacon333

Uni

How I start loving at you (ငါမင်းကိုဘယ်လို စချစ်မိလဲဆိုရင်)

“တောက်”

ခန်းမကြီးရဲ့ ရွှေရောင်လွှမ်းနေသော နတ်မင်းပလ္လင်ထက်မှာ ခန့်ညားတဲ့ ယောက်ျားတစ်ယောက်က တည်ငြိမ်စွာထိုင်နေသည်။ သူ့ ဝတ်ရုံတွေက ရွှေနီရောင်ရောစပ်ထားတာဖြစ်ကာ သံချပ်ကာတွေအပြည့်နှင့်မို့ တစ်ချက်ကြည့်လိုက်တာနဲ့ စစ်သူကြီးတစ်ယောက်မှန်းသိသာလှသည်။ အဝါရောင်မှ နီလုလုဆံသားရှည်တို့ကို အနောက်သို့သိမ်းကျုံးဖွဲ့နှောင်ထားကာ နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်တော့ ခိုင်ကျည်သည့်မေးရိုးတွေက ထင်းခနဲဖြစ်သွားသည်။ ဒီယောက်ျားသားသည် တစ်ချက်ကြည့်မိရုံနှင့် အန္တရာယ်ရှိသည့် အငွေ့အသက်ကိုပေးနိုင်စွမ်းသည်။ ခန်းမကြီး၏ ဘေးဘီဝဲယာရှိ တပ်မှူးတွေက ခေါင်းကိုအဆက်မပြတ်ငုံ့ထားကြကာ သူတို့အရှင်ဆီသို့ နည်းနည်းလေးမှ မော့မကြည့်ရဲကြ။ အရှင်ဆိုတာ ဒေါသထွက်နေရင် လေကိုတောင် ဓားနဲ့ခုတ်ချင်ခုတ်တဲ့လူစားမျိုး။

အရှင်သခင်ကိုမော့မကြည့်ရဲကြပေမဲ့ အောက်ငုံ့ထားကြသည့်မျက်လုံးတွေက အချင်းချင်းတော့ တိတ်တခိုးဆုံကြသည်ပင်။ သူလည်း မသိ၊ ငါလည်းမသိ အနေအထားတွင် အရှင်သခင်၏ ဒေါသရင်းမြစ်ကို ဘယ်သူမှ မခန့်မှန်းနိုင်ဖြစ်နေရသည်။ အသေအချာကို ခုနလေးကတင် အရှင်သခင်က စစ်အောင်နိုင်လို့ သူတို့ကို ပျော်ရွှင်စွာဂုဏ်ပြုပေးနေတာမဟုတ်လား။ အဲ့ဒီနောက် ရုတ်တရက်ကြီး တက်ခေါက်လိုက်ကာ ဒီလိုအနေအထားဖြစ်လာတော့တာပါပဲ။ မူလက အေးချမ်းပြီး ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့ခန်းမကြီးမှာ အခုတော့ မီးတောက်တွေလျှံထွက်တော့မလားပဲ။ အရှင်သခင်က နေနတ်ဘုရားနဲ့အမျိုးတော်တယ်ဆိုတော့ သေချာပေါက် သူတို့ကို အပူရှိန်တွေနဲ့ ပြာချတော့မှာလား။

“အကုန်ထွက်သွားကြ”

ခန့်ညားပြီး ထည်ဝါတဲ့အသံက ညင်သာမှုမရှိစွာထွက်ပေါ်လာတယ်။ တပ်မှူးငယ်တွေဟာ သူတို့ရဲ့ သံချပ်ကာကို မ,ရင်း အားရပါးရပြေးကြပါတော့တယ်။ ဒီအသံဗို့အားအရဆိုရင် နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲ။ နောက်ဆုံးကျန်ခဲ့တဲ့လူ ဘာဖြစ်သွားနိုင်မလဲဆိုတာ သူတို့မသိနိုင်ဘူးလေ။ အစက ပျော်ရွှင်မှုတွေနဲ့ ဆူညံနေခဲ့တဲ့နေရာဟာ ရုတ်ချည်းတိတ်ဆိတ်သွားတော့တယ်။ အပျိုတော်တွေနဲ့ အစောင့်စစ်သည်တွေဟာလည်း ခြွင်းချက်မရှိတာကြောင့် သူတို့က ခန်းမအပြင်ဘက်ကပဲ အရှင်သခင်ကို စောင့်ပေးနေရတယ်။ စစ်နတ်ဘုရားလို့ သူတို့ခေါ်ဝေါ်နေကြတဲ့လူကတော့ သူ့ထိုင်ခုံကနေ ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး အလင်းရောင်ထဲသို့ လက်ကိုမြှောက်ကြည့်လိုက်လေတယ်။

သူ့ရဲ့လက်မှာ ကြည်လင်ပြီး အနီရောင်တောက်ပနေတဲ့ ကြိုးလေးတစ်စက ခိုင်ခိုင်မာမာရှိနေလေတယ်။ သူက ဒုတိယအကြိမ်တက်ခေါက်လိုက်ကာ သူ့စွမ်းအားနဲ့ ကြိုးကိုပြတ်အောင်ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ရမှာမဟုတ်ဘူးဆိုတာ သူ ကောင်းကောင်းကြီးကို သိလေတယ်။ ဘာလို့ဆို ဒါက ဖူးစာကြိုးနီပဲ။ ဒီကြိုးအကြောင်း သူအများကြီး သိထားတာတွေရှိတယ်။ အခု သူ့လက်မှာ ဒါက ပေါ်လာပြီ။ ဖူးစာရေးနတ်ဘုရားက အလုပ်ကိုဘယ်လိုလုပ်နေတာလဲ။ သူ့လိုနတ်ဘုရားကို ဖူးစာကြိုးနီလက်ဆောင်ပေးရဲတယ်ပေါ့လေ။ သူ့ရဲ့ ရွှေနီရောင်မျက်လုံးတွေက တဖျတ်ဖျတ်တောက်ပလာကာ ကြိုးနီကို သူ့စွမ်းအားတွေနဲ့ ပြန်ဖျောက်ထားလိုက်လေတယ်။

“Chos လာခဲ့စမ်း”

သူ့အသံက ခန်းမအပြင်ဘက်ထိကိုဟိန်းနေတယ်။ နဂိုတည်းက အပြင်မှာ ရပ်စောင့်နေတဲ့ အထိန်းတော်အမျိုးသမီးဟာ တည်ငြိမ်စွာအထဲကို ဝင်သွားတော့တယ်။ စစ်နတ်ဘုရားဟာ သူ့ရဲ့ထိုင်ခုံပေါ်မှာ ကြည့်ကောင်းလောက်အောင် ဝင်ထိုင်လိုက်ပြီး

“ဖူးစာရေးနတ်ဘုရားကို သေမင်းတမာန်နန်းတော်ကို ဖိတ်လိုက်ပါ။ ကိစ္စတစ်ချို့အတွက် ကိုယ်တော် သူနဲ့စကားပြောရလိမ့်မယ်”

“ကောင်းပါပြီ အရှင်သခင်”

အမျိုးသမီးဟာ ဉီးညွတ်ပြီးတာနဲ့ အခန်းပြင်ကို ထွက်သွားတော့တယ်။ စစ်နတ်ဘုရားရဲ့နန်းတော်ကို သေမင်းတမန်နန်းတော်လို့ အတင်းအဖျင်းပြောကြတဲ့ နတ်သူငယ်လေးတွေက ခေါ်တယ်။ ဘာဖြစ်လို့ဆို စစ်နတ်ဘုရားမှာ သမိုင်းတစ်ချို့ရှိတယ်။ အဉီးအစမှာ စစ်နတ်ဘုရားဆိုပြီး သီးသန့်မွေးဖွားမှုမရှိခဲ့ဘူး။ နတ်ဆိုးတွေ ထွက်ပေါ်လာတော့ နတ်ဘုရားတွေ အကုန်စုပြီးပဲ တိုက်ခိုက်ခဲ့ကြတာ။ ရာစုနှစ်အတော်ကြာတော့ ဒီစစ်နတ်ဘုရားအလောင်းအလျာလေးကို မွေးဖွားလာခဲ့တယ်။ သူ့ရဲ့ ညီတော်က နေနတ်ဘုရားအဖြစ် မွေးဖွားလာခဲ့ပေမဲ့ ဒီအကြီးကလေးကတော့ ဖြစ်တည်မှုသပ်သပ်မရှိခဲ့ဘူး။ ဒါကြောင့် အတော်များများက သူ့ကိုလျစ်လျူရှုထားခဲ့တယ်။

ဒါပေမဲ့ နတ်ဆိုးတွေ ထပ်ပြီးဝင်ရောက်လာချိန်မှာပဲ ဒါဟာ အမှားဆိုတာကို သိလိုက်ရတယ်။ အဲ့ဒီကလေးဟာ ဘယ်သူမှ မမီလောက်အောင်ကို နတ်ဆိုးတွေကို ရက်ရက်စက်စက်သတ်ခဲ့တယ်။ သူ့စွမ်းအားနဲ့ သူ့ရဲ့ရက်စက်မှုတွေဟာ ဖုံးအုပ်ထားတဲ့ရွှေတြွေဖစ်မှန်းသိရှိသွားတဲ့အချိန်မှာ အားလုံးရဲ့အကြီးအကဲက သူ့ကိုစစ်သူကြီးလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒီကလေးရဲ့ ဒေါသနဲ့ စွမ်းအားက နတ်ဆိုးဘက်ကိုသာ ကူးပြောင်းသွားမယ်ဆို ဒါဟာ သူတို့အတွက် အန္တရာယ်ကြီးဖြစ်လာမယ်မှန်း အကြီးအကဲကသိရှိခဲ့တယ်။ နှစ်အနည်းငယ်လောက်ကြာတာနဲ့ကို စစ်နတ်ဘုရားလို့ခေါ်ရလောက်တဲ့အထိ သူ့စွမ်းအားတွေက သိသာထင်ရှားလာခဲ့တယ်။ သူဟာ ဖြစ်တည်မှုမရှိ မွေးဖွားလာခဲ့တဲ့လူမဟုတ်ဘူး။ သူဟာ တိတိကျကျကို စစ်နတ်ဘုရားအဖြစ် မွေးဖွားလာခဲ့တာပဲလေ။

ဒီလိုဒေါသတွေနဲ့ စွမ်းအားကြီးတဲ့လူကို နတ်ဘုရားတော်တော်များများက ရှောင်ကြတယ်။ ဘာလို့ဆို သူတို့တိုက်ရည်ခိုက်ရည်က အရမ်းများတာမဟုတ်ဘူးလေ။ ဘယ်လိုလုပ် စစ်နတ်ဘုရားကို သွားရန်စရဲမှာလဲ။ နောက်ပြီး အကြီးအကဲကလည်း စစ်နတ်ဘုရားကို သိသိသာသာကို မျက်နှာသာပေးထားတာပဲမဟုတ်ဘူးလား။ ဒါကြောင့် အားလုံးက စစ်နတ်ဘုရားဆိုရင်ကို ကြောက်နေကြလေ့ရှိတယ်။ ဒီတော့လည်း သဘာဝကျစွာပဲ စစ်နတ်ဘုရားရဲ့ နန်းတော်ဟာ သေမင်းတမန်နန်းတော်ဖြစ်လာခဲ့တယ်။ အဓိကအချက်ကတော့ စစ်နတ်ဘုရားကိုယ်တိုင်က သူ့နန်းတော်ကို အဲ့လိုခေါ်ရတာ ကြိုက်တယ်။ သူ့အကြိုက်ဆုံးအလုပ်က တစ်နှစ်တစ်ခါ နတ်ဆိုးတွေဆီကိုသွားသွားပြီး‌ ခေါင်းဖြတ်ရတာပဲဖြစ်လိမ့်မယ်။ ဘယ်သူသိနိုင်မလဲ နတ်ဆိုးတွေသာ သူခေါင်းဖြတ်ခံရလို့ အကုန်သေသွားရင် စစ်နတ်ဘုရားက နတ်သူငယ်လေးတွေကိုများ ခေါင်းဖြတ်မှာလား။ အား... ဒါကြက်သီးထစရာကြီးပါပဲ။

နတ်သူငယ်လေးတစ်ပါးဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကြောက်ခြင်းမျိုးစုံကို ထမ်းတင်ရင်း ဖူးစာရေးနတ်ဘုရားနန်းဆောင်ဆီ အပြေးသွားနေတယ်။ သူဟာ စစ်နတ်ဘုရားနန်းတော်ဆီက အမှုထမ်းလေးပဲဖြစ်တယ်။ သူ့လက်ထဲမှာတော့ စစ်နတ်ဘုရား နန်းတော်က တံဆိပ်စာလွှာပါနေတယ်။ သေချာပေါက် ဖူးစာရေးနတ်ဘုရားက ဒီရက်ပိုင်းမှာ ကံဆိုးနေတာ ဖြစ်လိမ့်မယ်။

“အရှင် စစ်နတ်ဘုရားနန်းတော်က စာလွှာပါးလိုက်ပါတယ်”

ကြိုးအနီတွေပေါ်မှာ အိပ်ရင်း ပျင်းရိလေးတွဲ့စွာ ကစားနေတဲ့ ဖူးစာရေးနတ်ဘုရား တွန့်ခနဲဖြစ်သွားသည်။ သူက လက်ဟန်တစ်ချက်ပြုလိုက်ကာ သူဖန်တီးထားတဲ့ ကြိုးနီဒါန်းတွေကို အကုန်ပျောက်အောင် ပြန်ဖျောက်လိုက်သည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် သေသပ်အောင်ပြင်ဆင်ပြီး Cold Image ဖြစ်လောက်ပြီ သေချာကာမှ အသံပြုလိုက်သည်။

“ကောင်းပြီ။ ဝင်လာခဲ့ပါ”

တံခါးရွက်ကို ဖြတ်လာသည့် နတ်သူငယ်လေးသည် လေတိုက်သည့်အလား လျှင်မြန်စွာဖြတ်သန်းလာကာ ဖူးစာရေးနတ်ဘုရား၏ ရှေ့သို့ အမြန်ဒူးထောက်ပြီး စာလွှာကို ဆက်သလိုက်လေသည်။ ဖူးစာရေးနတ်ဘုရားက မျက်လုံးထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်ရင်း စာလွှာကို ယူဖတ်လိုက်သည်။ ပြီးနောက် ရှေ့မှာချထားသည့် လက်ဖက်ရည်ကို တစ်ခွက်ငှဲ့သောက်ကာ

“ကောင်းပြီ။ မင်း ပြန်လို့ရပြီ။ ငါလာခဲ့ပါ့မယ်”

“ဒါဆို ကျွန်တော်မျိုး ပြန်လိုက်ပါဉီးမယ်”

နတ်သူငယ်လေးပြန်ထွက်သွားလို့ တံခါးပိတ်သွားတာနဲ့ သူက စာလွှာကိုပြန်ဖွင့်ပြီး နောက်တစ်ကြိမ်ပြူးပြဲကြည့်လိုက်သည်။ မဟုတ်သေးပါဘူး။ ဒါကြီးက ဘာလို့ငါ့ဆီရောက်လာရတာလဲ။ အလကားနေရင်း ဘာလို့ စစ်နတ်ဘုရားက ငါ့ကို လာစေချင်နေရတာလဲ။ သူက အနည်းငယ်တွေးတောပြီးနောက်မှာ လက်ဟန်အချို့လုပ်လိုက်ပြီး ဖူးစာရေးနတ်ဘုရားရဲ့ ကြိုးနီကိုဆင့်ခေါ်လိုက်သည်။ မရောက်လာတာကို တွေ့လိုက်ရသည့်အခါမှာတော့ သူ့ မျက်လုံးကအဆတစ်ထောင်လောက်ကို ပြူးနေပြီဖြစ်သည်။ သွားပြီ။ သွားပြီ။ သွားပြီ။ သွားပြီ။ ဒီနေ့ဟာ သူနတ်သက်ကြွရေမဲ့နေ့ထင်ပါရဲ့။ ဒီလောက် နတ်သမီးအချောလေးတွေကို တစ်ချက်မှစိတ်မဝင်စားဘဲ ခေါင်းဖြတ်ဖို့ပဲ တွေးနေတဲ့နတ်ဘုရားကိုမှ ဒီလိုကြီးကြိုးချည်ပေးလိုက်မိတယ်တဲ့လား။ သူက စိတ်လှုပ်ရှားမှုကို ထိန်းကာ ကြိုးရဲ့တစ်ဖက်က တည်နေရာကို ရှာလိုက်ပြီးနောက် ရှေ့က စားပွဲကို နှဖူးနဲ့သုံးချက်လောက် ဆောင့်ချင်သွားသည်။

သေစမ်း...

အဲ့တာကလည်း လူသားနဲ့မှလား။ အား ငါနတ်သက်ကြွရေုံတင်မကဘူး။ နတ်ပေါက်စီပါဖြစ်တော့မယ် ထင်ပါရဲ့။ ငါတော့ သေပါပြီ။

“တစ်ယောက်လောက် လာခဲ့စမ်း။ ကြိုးနီထိန်းသိမ်းသူကို ငါ့ဆီခေါ်ခဲ့”

ဒေါသဖြစ်စွာပြောလိုက်ပြီးနောက် သူက မျက်နှာကိုလက်အုပ်ရင်း တိတ်တဆိတ်ငိုကြွေးတော့သည်။ ဘယ်သူလက်ကမြင်းသွားလဲ မသိဘူး။ မိရင်တော့လား အဲ့မအေဘေးသေးသေးလေးကို ငါသေအောင်ရိုက်ပစ်မယ်။

တစ်ဖက်မှာတော့ တရားခံလေးက အလွန်ပျော်ရွှင်စွာထိုင်လို့နေတယ်။ သူဟာ နေနတ်ဘုရားရဲ့ရောင်ခြည်ဥယျာဉ်ထဲကို ရောက်နေတာဖြစ်ပြီး ၇ရောင်ခြယ်သစ်သီးကို အားရပါးရကိုက်နေတယ်။ သူ့ပုခုံးပေါ်မှာ ဇီးကွက်လေးတစ်ကောင်ရှိနေတယ်။ သူတို့နှစ်ယောက်က ဥယျာဉ်ထဲက အပင်တွေရှုပ်ထွေးလှတဲ့နေရာမှာ အကာအကွယ်ယူရင်း ထိုင်နေတာဖြစ်တယ်။ ဒီဥယျာဉ်ကို Canအရမ်းသဘောကျတယ်။ နေနတ်ဘုရားလိုပဲ ဖူးစာရေးနတ်ဘုရားမှာလည်း ကိုယ်ပိုင်ဥယျာဉ်ရှိတာပါပဲ။ ဒါပေမဲ့ အဲ့ဒီချစ်ခြင်းဥယျာဉ်ထက် ဒီရောင်ခြည်ဥယျာဉ်ကို သူ သေချာပေါက် ပိုကြိုက်တယ်။ ဘာလို့ဆို ရောင်ခြည်ဥယျာဉ်က အရမ်းထူးဆန်းတယ်။ မြူတွေကအစ အသီးတွေအဆုံး အရောင်တွေကဖြစ်ချင်တိုင်းဖြစ်နေတယ်။ ပန်းသီးတွေက ပြာချင်လည်း ပြာနေကြတာပဲ။ နောက်ပြီး ဌက်ပျောသီးတွေက နီချင်နီနေကြတာပဲ။ သဘောအကျဆုံးကတော့ ဥယျာဉ်ထဲမှာ အမြဲမျောလွင့်နေတဲ့ ရောင်ခြည်ငွေ့တွေပါပဲ။ အဲ့အငွေ့လုံးတွေက အရမ်းကိုလှပြီး တစ်ခုကိုတစ်ရောင်စီရှိကြတယ်။ သူ အဲ့ဒါတွေကို လိုက်ဖမ်းရတာ သေမတတ်ကြိုက်တယ်။ အပင်တွေဟာ အရွက်တစ်ရွက်ကို တစ်ရောင်နီးပါးရှိကြတယ်။ မကုန်ဆုံးနိုင်တဲ့ တောက်ပတဲ့အရောင်တွေဟာ ဒီဥယျာဉ်ကြီးတစ်ခုလုံးကို တောက်ပပြီး အရောင်စုံလင်မှုရှိစေတယ်။ ဒါက အံ့မခန်းနိုင်အောင်ကို အရမ်းအရမ်းလှတယ်။ ဒီဥယျာဉ်ထဲက သတ္တဝါလေးတွေက ဘယ်တော့မှ အသီးတွေကို မစားကြဘူး။ သူတို့က ရောင်ခြည်ငွေ့လုံးတွေကိုပဲ စားကြတာဖြစ်တယ်။ ဒါကြောင့် ဒီဥယျာဉ်မှာ သစ်သီးတွေပေါတာကို ခဏထား။ အကောင်လေးတွေရဲ့ ရောင်ခြယ်ကိုကြည့်ရတာနဲ့တင် အတော်ကိုစိတ်ပျော်စရာကောင်းနေပြီဖြစ်သည်။

ဒီလောက်လှတဲ့ဥယျာဉ်ကို နေနတ်ဘုရားတစ်ဉီးတည်းအပိုင်စိုးထားတာက အတော်လေးမနာလိုစရာကောင်းသည်ဟု သူထင်သည်။ တကယ်ဆိုရင် ဘုံဥယျာဉ်အဖြစ် သတ်မှတ်ပေးပါတော့လား။ ဒါဆို သူလည်း တာဝန်ကနေ လစ်လစ်ပြီး ဒီကိုခိုးထွက်စရာမလိုတော့ဘူးလေ။ အခုတော့ မနက်မိုးလင်းပြီဆိုရင် လူ့ပြည်ကို ဒိုင်ဗင်ထိုးဆင်း နေ့လည်ခင်းလောက်ဆို နေနတ်ဘုရားရဲ့နန်းတော်အစွန်းဆီ ဒိုင်ဗင်ထိုးတက်။ တော်သေးတာတစ်ခုက အဲ့ဒီခိုးဝင်လို့ရတဲ့နေရာလေးကို သူကလွဲပြီး ဘယ်သူမှမသိတာပဲ။ နေနတ်ဘုရားက အတော်လေးပေါ့လျော့လွန်းတယ်လို့သူ ထင်တယ်။ အဲ့ဒါက သူ့အစ်ကို စစ်နတ်ဘုရားရဲ့ အရှိန်အဝါကြောင့်လည်း ဖြစ်လိမ့်မယ်။ မိန်းမချောလေးတွေဆိုရင် နေနတ်ဘုရားရဲ့ကြင်ယာဖြစ်ချင်ပေမဲ့လည်း သူမတို့က စစ်နတ်ဘုရားနဲ့ အမျိုးတော်မှာ ကြောက်ကြတယ်လေ။ အာ... ဒါနဲ့ပဲ နေနတ်ဘုရားက ခုထိကြင်ယာတော်မရှိတာ ဖြစ်လိမ့်မယ်။

Canက ခုနှစ်ရောင်ခြယ်အသီးတွေကို အားရပါးရကိုက်ရင်း စဉ်းစားတွေးတောနေတယ်။ ဘဝကြီးက ပျင်းစရာကောင်းလွန်းတယ်။ နည်းနည်းလေးဖြစ်ဖြစ် ပျော်ဖို့ကောင်းတာမျိုးလေးရှိနေရင် ကောင်းမှာပဲ။

“ရက်ခ်ျ ငါ့ကို ဒီနားမှာ သောက်စရာတစ်ခုခုရှိမလား သွားရှာပေးပါဉီး။ အား... ငါ ဒီမှာရေငတ်နေပြီ”

ဇီးကွက်လေးက နာနာခံခံပဲ သူ့သခင်လည်ပင်းကို တစ်ချက်တိုးဝှေ့ကာ ဟိုဟိုဒီဒီပျံသန်းသွားတော့တယ်။ သူကတော့ ရွှေရောင်သစ်ရွက်တွေနဲ့ အညိုရောင်တောက်တောက်ပင်စည်ရှိတဲ့ အပင်ကြီးတစ်ခုကို မှီထားလိုက်တယ်။ ပျင်းလိုက်တာ အရည်တောင် ပျော်လုနီးနီးဖြစ်နေပြီပဲ။ အချိန်အနည်းငယ်ကြာသွားပေမဲ့ ရက်ခ်ျက ပြန်မရောက်လာသေးဘူး။ သူက သူ့ဇီးကွက်လေးကို အာရုံခံလိုက်တယ်။ ဒါပေမဲ့ ထူးဆန်းစွာပဲ အာရုံခံလို့မရခဲ့ဘူး။ ဒါက နေနတ်ဘုရားရဲ့ဥယျာဉ်ထဲမှာ မို့လို့များလား။ မျက်မှောင်ကိုကျုံ့ရင်း သူ့ဇီးကွက်လေးသူ ဆင့်ခေါ်ပေမဲ့ အချိန်သာထပ်ကြာသွားတယ်။ ဇီးကွက်လေးကတော့ ရောက်မလာလေဘူး။ သူ နည်းနည်းစိတ်ပူလာတယ်။ ညနေစောင်းနေပြီ။ တကယ်လို့ အချိန်မီသာ သူနဲ့ ရက်ခ်ျအပြင်ကိုမထွက်နိုင်ခဲ့ရင် ညကိုရောက်သွားလိမ့်မယ်။ ညအချိန်ဆိုရင် ကြောက်စရာအကောင်းဆုံးနေရာက ဒီဥယျာဉ်အပြင်မရှိဘူးလို့ တီးတိုးစကားတွေ သူကြားဖူးတယ်။ ရောင်ခြည်ဥယျာဉ်ဟာ လင်းနေသမျှကာလပတ်လုံးလှပေမဲ့ အမှောင်ရှိလာပြီဆိုရင်တော့ ဒီကအရောင်အားလုံးဟာ အမည်းရောင်တွေချည်းဖြစ်သွားလိမ့်မယ်။ ဆိုလိုတာက အပင်တွေအကုန်လုံးကလည်း ညှိုးလာပြီးတော့ သတ္တဝါတွေကလည်း အပြင်လူတွေကို ရန်မူကြလိမ့်မယ်။

သူက သူ့လည်ပင်းသူကိုင်ရင်း နုံးချိစွာလမ်းလျှောက်နေတယ်။ အာ... ရေဆာနေပါတယ်ဆို။ သိပ်ကြာကြာ မလှမ်းရသေးခင်မှာပဲ သက်တန့်ရောင်ရှိတဲ့ ရေပန်းကြီးကို သူတွေ့လိုက်ရတယ်။ ဒါကြီးကအရမ်းကိုကြီးမားတယ်။ အလယ်မှာ နေနတ်ဘုရားရဲ့ ရုပ်ထုကို ထုထားပြီး အဲ့ဒီရုပ်ထုက အရမ်းကိုခန့်ညားပြီးချောမောနေတယ်။ ရွှေရောင်တစ်ချို့က ရုပ်ထုအပေါ်ကို လွှမ်းခြုံထားတာကြောင့် နွေးထွေးတဲ့ခံစားချက်လေးဖြစ်စေတယ်။ သူကတော့ ရှင်းရှင်းလင်းလင်းကို ရုပ်ထုကို အသိအမှတ်မပြုနိုင်သေးဘူး။ သူ ခိုးခိုးပြီးလာဖူးတာဟုတ်ပေမဲ့ ကျယ်ပြန့်လွန်းတဲ့ ဥယျာဉ်ကို သူ အကုန်မရောက်ဖူးဘူး။ ဒီနေရာဟာ အရမ်းလှတယ်။ အဓိကက ရေရှိတယ်။ သူအရမ်းရေဆာနေပြီ။ ရေကို အစိမ်းလိုက်မျိုချချင်နေတဲ့ သူ့ရဲ့ဇောတွေကြောင့် ရေပန်းအစပ်နားမှာလဲနေတဲ့ သူ့ဇီးကွက်လေးကို သူ မမြင်နိုင်တော့ဘူး။ သူက လက်ခုပ်အပြည့်ရေတွေကို ခပ်လိုက်ပြီး သက်တန့်ရောင်ရှိတဲ့ အဲ့ဒီရေတွေကိူ ပျော်ရွှင်စွာသောက်လိုက်တယ်။ အဲ့ဒီရေတွေဟာ ချိုမြမြရှိန်းတိန်းပြီး အေးမြနေတယ်။ တကယ်ကို အရသာကောင်းပဲ။ အာ.. ဒါက ဝိုင်နဲ့တူတယ်လို့ ခံစားရတယ်။ သူ့ကိုယ်သူ မူးနေမှန်းမသုံးသပ်မိသေးခင်မှာသူဟာ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်စွာပဲ အဲ့ဒီသက်တန့်ရောင်အရည်တွေကို ဆက်ခါဆက်ခါသောက်လိုက်မိတယ်။ သူက ရေပန်းထဲကိုတောင် ခုန်ဝင်လိုက်ချင်တယ်။ ဒီအရသာက ကောင်းလွန်းလို့ နောက်ဆုံးမှာ သူဟာ မှောက်သွားတဲ့ထိအောင် သောက်ပစ်လိုက်မိတယ်။

ရေပန်းအစပ်မှာ ဖူးစာရေးနတ်ပိစိလေးတစ်ယောက်ရယ် ဇီးကွက်လေးတစ်ကောင်ရယ်ပေါ့။ အသေအချာကိုပဲ သူတို့ဟာ ညရောက်မှာကို မစိုးရိမ်ကြတော့ပါဘူး။ ဘာလို့ဆို မှောက်နေတဲ့ အမူးသမားလေးတွေမှာ အသိစိတ်မရှိကြဘူးလေ။ ဒါက အတော်လေးရှင်းလင်းတဲ့ဖော်ပြချက်ကြီးပါပဲ။

.....................................................................................................................................................................................................................

 A/N

နိုင်ငံရေးအခြေအနေကြောင့် စိတ်ဓာတ်ပါကျပြီး စာရေးမရဘူး။ ပုံမှန်ဆိုဒီလောက်မကြာတတ်ပါဘူးနော်။ ဒုတိယပိုင်းကိုလည်း မကြာစေရပါဘူး။ အမ်... ပစ်အရေးအသားတွေအချိုးမပြေရင် နားလည်ပေးကြဖို့ တောင်းပန်ချင်တာ။ လူက Downနေတာပဲ By the way ပစ်ပဲစိတ်ဓာတ်ကျမယ် ခင်ဗျားလေးတို့ စိတ်ဓာတ်ကျ မခံကြနဲ့နော် ပစ်လည်း ပြန်တက်ဖို့နည်းရှာလိုက်ဦးမယ် ချစ်တယ်



Zawgyi

How I start loving at you (ငါမင္းကိုဘယ္လို စခ်စ္မိလဲဆိုရင္)

“ေတာက္”

ခန္းမႀကီးရဲ့ ေရႊေရာင္လႊမ္းေနေသာ နတ္မင္းပလႅင္ထက္မွာ ခန႔္ညားတဲ့ ေယာက္်ားတစ္ေယာက္က တည္ၿငိမ္စြာထိုင္ေနသည္။ သူ႔ ဝတ္ရံုေတြက ေရႊနီေရာင္ေရာစပ္ထားတာျဖစ္ကာ သံခ်ပ္ကာေတြအျပၫ့္ႏွင့္မို႔ တစ္ခ်က္ၾကၫ့္လိုက္တာနဲ႔ စစ္သူႀကီးတစ္ေယာက္မွန္းသိသာလွသည္။ အဝါေရာင္မွ နီလုလုဆံသားရွည္တို႔ကို အေနာက္သို႔သိမ္းက်ဳံးဖဲြ႔ေနွာင္ထားကာ ႏႈတ္ခမ္းကိုတင္းတင္းေစ့လိုက္ေတာ့ ခိုင္က်ည္သၫ့္ေမးရိုးေတြက ထင္းခနဲျဖစ္သြားသည္။ ဒီေယာက္်ားသားသည္ တစ္ခ်က္ၾကၫ့္မိရံုႏွင့္ အႏၲရာယ္ရိွသၫ့္ အေငြ့အသက္ကိုေပးႏိုင္စြမ္းသည္။ ခန္းမႀကီး၏ ေဘးဘီဝဲယာရိွ တပ္မွဴးေတြက ေခါင္းကိုအဆက္မျပတ္ငံု႔ထားၾကကာ သူတို႔အရွင္ဆီသို႔ နည္းနည္းေလးမွ ေမာ့မၾကၫ့္ရဲၾက။ အရွင္ဆိုတာ ေဒါသထြက္ေနရင္ ေလကိုေတာင္ ဓားနဲ႔ခုတ္ခ်င္ခုတ္တဲ့လူစားမ်ိဳး။

အရွင္သခင္ကိုေမာ့မၾကၫ့္ရဲၾကေပမဲ့ ေအာက္ငံု႔ထားၾကသၫ့္မ်က္လံုးေတြက အခ်င္းခ်င္းေတာ့ တိတ္တခိုးဆံုၾကသည္ပင္။ သူလည္း မသိ၊ ငါလည္းမသိ အေနအထားတြင္ အရွင္သခင္၏ ေဒါသရင္းျမစ္ကို ဘယ္သူမွ မခန႔္မွန္းႏိုင္ျဖစ္ေနရသည္။ အေသအခ်ာကို ခုနေလးကတင္ အရွင္သခင္က စစ္ေအာင္ႏိုင္လို႔ သူတို႔ကို ေပ်ာ္ရႊင္စြာဂုဏ္ျပဳေပးေနတာမဟုတ္လား။ အဲ့ဒီေနာက္ ရုတ္တရက္ႀကီး တက္ေခါက္လိုက္ကာ ဒီလိုအေနအထားျဖစ္လာေတာ့တာပါပဲ။ မူလက ေအးခ်မ္းၿပီး ေပ်ာ္ရႊင္မႈေတြနဲ႔ ျပၫ့္ေနတဲ့ခန္းမႀကီးမွာ အခုေတာ့ မီးေတာက္ေတြလ်ွံထြက္ေတာ့မလားပဲ။ အရွင္သခင္က ေနနတ္ဘုရားနဲ႔အမ်ိဳးေတာ္တယ္ဆိုေတာ့ ေသခ်ာေပါက္ သူတို႔ကို အပူရိွန္ေတြနဲ႔ ျပာခ်ေတာ့မွာလား။

“အကုန္ထြက္သြားၾက”

ခန႔္ညားၿပီး ထည္ဝါတဲ့အသံက ညင္သာမႈမရိွစြာထြက္ေပၚလာတယ္။ တပ္မွဴးငယ္ေတြဟာ သူတို႔ရဲ့ သံခ်ပ္ကာကို မ,ရင္း အားရပါးရေျပးၾကပါေတာ့တယ္။ ဒီအသံဗို႔အားအရဆိုရင္ ေနာက္က်တဲ့ေျခေထာက္သစၥာေဖာက္ပဲ။ ေနာက္ဆံုးက်န္ခဲ့တဲ့လူ ဘာျဖစ္သြားႏိုင္မလဲဆိုတာ သူတို႔မသိႏိုင္ဘူးေလ။ အစက ေပ်ာ္ရႊင္မႈေတြနဲ႔ ဆူညံေနခဲ့တဲ့ေနရာဟာ ရုတ္ခ်ည္းတိတ္ဆိတ္သြားေတာ့တယ္။ အပ်ိဳေတာ္ေတြနဲ႔ အေစာင့္စစ္သည္ေတြဟာလည္း ႁခြင္းခ်က္မရိွတာေၾကာင့္ သူတို႔က ခန္းမအျပင္ဘက္ကပဲ အရွင္သခင္ကို ေစာင့္ေပးေနရတယ္။ စစ္နတ္ဘုရားလို႔ သူတို႔ေခၚေဝၚေနၾကတဲ့လူကေတာ့ သူ႔ထိုင္ခံုကေန ျဖည္းျဖည္းခ်င္းထရပ္လိုက္ၿပီး အလင္းေရာင္ထဲသို႔ လက္ကိုၿမွောက္ၾကၫ့္လိုက္ေလတယ္။

သူ႔ရဲ့လက္မွာ ၾကည္လင္ၿပီး အနီေရာင္ေတာက္ပေနတဲ့ ႀကိဳးေလးတစ္စက ခိုင္ခိုင္မာမာရိွေနေလတယ္။ သူက ဒုတိယအႀကိမ္တက္ေခါက္လိုက္ကာ သူ႔စြမ္းအားနဲ႔ ႀကိဳးကိုျပတ္ေအာင္ႀကိဳးစားလိုက္တယ္။ ဒါေပမဲ့ ရမွာမဟုတ္ဘူးဆိုတာ သူ ေကာင္းေကာင္းႀကီးကို သိေလတယ္။ ဘာလို႔ဆို ဒါက ဖူးစာႀကိဳးနီပဲ။ ဒီႀကိဳးအေၾကာင္း သူအမ်ားႀကီး သိထားတာေတြရိွတယ္။ အခု သူ႔လက္မွာ ဒါက ေပၚလာၿပီ။ ဖူးစာေရးနတ္ဘုရားက အလုပ္ကိုဘယ္လိုလုပ္ေနတာလဲ။ သူ႔လိုနတ္ဘုရားကို ဖူးစာႀကိဳးနီလက္ေဆာင္ေပးရဲတယ္ေပါ့ေလ။ သူ႔ရဲ့ ေရႊနီေရာင္မ်က္လံုးေတြက တဖ်တ္ဖ်တ္ေတာက္ပလာကာ ႀကိဳးနီကို သူ႔စြမ္းအားေတြနဲ႔ ျပန္ေဖ်ာက္ထားလိုက္ေလတယ္။

“Chos လာခဲ့စမ္း”

သူ႔အသံက ခန္းမအျပင္ဘက္ထိကိုဟိန္းေနတယ္။ နဂိုတည္းက အျပင္မွာ ရပ္ေစာင့္ေနတဲ့ အထိန္းေတာ္အမ်ိဳးသမီးဟာ တည္ၿငိမ္စြာအထဲကို ဝင္သြားေတာ့တယ္။ စစ္နတ္ဘုရားဟာ သူ႔ရဲ့ထိုင္ခံုေပၚမွာ ၾကၫ့္ေကာင္းေလာက္ေအာင္ ဝင္ထိုင္လိုက္ၿပီး

“ဖူးစာေရးနတ္ဘုရားကို ေသမင္းတမာန္နန္းေတာ္ကို ဖိတ္လိုက္ပါ။ ကိစၥတစ္ခ်ိဳ႕အတြက္ ကိုယ္ေတာ္ သူနဲ႔စကားေျပာရလိမ့္မယ္”

“ေကာင္းပါၿပီ အရွင္သခင္”

အမ်ိဳးသမီးဟာ ဉီးၫြတ္ၿပီးတာနဲ႔ အခန္းျပင္ကို ထြက္သြားေတာ့တယ္။ စစ္နတ္ဘုရားရဲ့နန္းေတာ္ကို ေသမင္းတမန္နန္းေတာ္လို႔ အတင္းအဖ်င္းေျပာၾကတဲ့ နတ္သူငယ္ေလးေတြက ေခၚတယ္။ ဘာျဖစ္လို႔ဆို စစ္နတ္ဘုရားမွာ သမိုင္းတစ္ခ်ိဳ႕ရိွတယ္။ အဉီးအစမွာ စစ္နတ္ဘုရားဆိုၿပီး သီးသန႔္ေမြးဖြားမႈမရိွခဲ့ဘူး။ နတ္ဆိုးေတြ ထြက္ေပၚလာေတာ့ နတ္ဘုရားေတြ အကုန္စုၿပီးပဲ တိုက္ခိုက္ခဲ့ၾကတာ။ ရာစုႏွစ္အေတာ္ၾကာေတာ့ ဒီစစ္နတ္ဘုရားအေလာင္းအလ်ာေလးကို ေမြးဖြားလာခဲ့တယ္။ သူ႔ရဲ့ ညီေတာ္က ေနနတ္ဘုရားအျဖစ္ ေမြးဖြားလာခဲ့ေပမဲ့ ဒီအႀကီးကေလးကေတာ့ ျဖစ္တည္မႈသပ္သပ္မရိွခဲ့ဘူး။ ဒါေၾကာင့္ အေတာ္မ်ားမ်ားက သူ႔ကိုလ်စ္လ်ူရႈထားခဲ့တယ္။

ဒါေပမဲ့ နတ္ဆိုးေတြ ထပ္ၿပီးဝင္ေရာက္လာခ်ိန္မွာပဲ ဒါဟာ အမွားဆိုတာကို သိလိုက္ရတယ္။ အဲ့ဒီကေလးဟာ ဘယ္သူမွ မမီေလာက္ေအာင္ကို နတ္ဆိုးေတြကို ရက္ရက္စက္စက္သတ္ခဲ့တယ္။ သူ႔စြမ္းအားနဲ႔ သူ႔ရဲ့ရက္စက္မႈေတြဟာ ဖံုးအုပ္ထားတဲ့ေရႊႂတြေဖစ္မွန္းသိရိွသြားတဲ့အခ်ိန္မွာ အားလံုးရဲ့အႀကီးအကဲက သူ႔ကိုစစ္သူႀကီးလုပ္ေပးဖို႔ ေတာင္းဆိုခဲ့တယ္။ ဒီကေလးရဲ့ ေဒါသနဲ႔ စြမ္းအားက နတ္ဆိုးဘက္ကိုသာ ကူးေျပာင္းသြားမယ္ဆို ဒါဟာ သူတို႔အတြက္ အႏၲရာယ္ႀကီးျဖစ္လာမယ္မွန္း အႀကီးအကဲကသိရိွခဲ့တယ္။ ႏွစ္အနည္းငယ္ေလာက္ၾကာတာနဲ႔ကို စစ္နတ္ဘုရားလို႔ေခၚရေလာက္တဲ့အထိ သူ႔စြမ္းအားေတြက သိသာထင္ရွားလာခဲ့တယ္။ သူဟာ ျဖစ္တည္မႈမရိွ ေမြးဖြားလာခဲ့တဲ့လူမဟုတ္ဘူး။ သူဟာ တိတိက်က်ကို စစ္နတ္ဘုရားအျဖစ္ ေမြးဖြားလာခဲ့တာပဲေလ။

ဒီလိုေဒါသေတြနဲ႔ စြမ္းအားႀကီးတဲ့လူကို နတ္ဘုရားေတာ္ေတာ္မ်ားမ်ားက ေရွာင္ၾကတယ္။ ဘာလို႔ဆို သူတို႔တိုက္ရည္ခိုက္ရည္က အရမ္းမ်ားတာမဟုတ္ဘူးေလ။ ဘယ္လိုလုပ္ စစ္နတ္ဘုရားကို သြားရန္စရဲမွာလဲ။ ေနာက္ၿပီး အႀကီးအကဲကလည္း စစ္နတ္ဘုရားကို သိသိသာသာကို မ်က္ႏွာသာေပးထားတာပဲမဟုတ္ဘူးလား။ ဒါေၾကာင့္ အားလံုးက စစ္နတ္ဘုရားဆိုရင္ကို ေၾကာက္ေနၾကေလ့ရိွတယ္။ ဒီေတာ့လည္း သဘာဝက်စြာပဲ စစ္နတ္ဘုရားရဲ့ နန္းေတာ္ဟာ ေသမင္းတမန္နန္းေတာ္ျဖစ္လာခဲ့တယ္။ အဓိကအခ်က္ကေတာ့ စစ္နတ္ဘုရားကိုယ္တိုင္က သူ႔နန္းေတာ္ကို အဲ့လိုေခၚရတာ ႀကိဳက္တယ္။ သူ႔အႀကိဳက္ဆံုးအလုပ္က တစ္ႏွစ္တစ္ခါ နတ္ဆိုးေတြဆီကိုသြားသြားၿပီး‌ ေခါင္းျဖတ္ရတာပဲျဖစ္လိမ့္မယ္။ ဘယ္သူသိႏိုင္မလဲ နတ္ဆိုးေတြသာ သူေခါင္းျဖတ္ခံရလို႔ အကုန္ေသသြားရင္ စစ္နတ္ဘုရားက နတ္သူငယ္ေလးေတြကိုမ်ား ေခါင္းျဖတ္မွာလား။ အား... ဒါၾကက္သီးထစရာႀကီးပါပဲ။

နတ္သူငယ္ေလးတစ္ပါးဟာ ကမ႓ာေပၚမွာရိွတဲ့ ေၾကာက္ျခင္းမ်ိဳးစံုကို ထမ္းတင္ရင္း ဖူးစာေရးနတ္ဘုရားနန္းေဆာင္ဆီ အေျပးသြားေနတယ္။ သူဟာ စစ္နတ္ဘုရားနန္းေတာ္ဆီက အမႈထမ္းေလးပဲျဖစ္တယ္။ သူ႔လက္ထဲမွာေတာ့ စစ္နတ္ဘုရား နန္းေတာ္က တံဆိပ္စာလႊာပါေနတယ္။ ေသခ်ာေပါက္ ဖူးစာေရးနတ္ဘုရားက ဒီရက္ပိုင္းမွာ ကံဆိုးေနတာ ျဖစ္လိမ့္မယ္။

“အရွင္ စစ္နတ္ဘုရားနန္းေတာ္က စာလႊာပါးလိုက္ပါတယ္”

ႀကိဳးအနီေတြေပၚမွာ အိပ္ရင္း ပ်င္းရိေလးတဲြ႔စြာ ကစားေနတဲ့ ဖူးစာေရးနတ္ဘုရား တြန႔္ခနဲျဖစ္သြားသည္။ သူက လက္ဟန္တစ္ခ်က္ျပဳလိုက္ကာ သူဖန္တီးထားတဲ့ ႀကိဳးနီဒါန္းေတြကို အကုန္ေပ်ာက္ေအာင္ ျပန္ေဖ်ာက္လိုက္သည္။ ထို႔ေနာက္ ကိုယ့္ကိုယ္ကိုယ္ ေသသပ္ေအာင္ျပင္ဆင္ၿပီး Cold Image ျဖစ္ေလာက္ၿပီ ေသခ်ာကာမွ အသံျပဳလိုက္သည္။

“ေကာင္းၿပီ။ ဝင္လာခဲ့ပါ”

တံခါးရြက္ကို ျဖတ္လာသၫ့္ နတ္သူငယ္ေလးသည္ ေလတိုက္သၫ့္အလား လ်ွင္ျမန္စြာျဖတ္သန္းလာကာ ဖူးစာေရးနတ္ဘုရား၏ ေရ႔ွသို႔ အျမန္ဒူးေထာက္ၿပီး စာလႊာကို ဆက္သလိုက္ေလသည္။ ဖူးစာေရးနတ္ဘုရားက မ်က္လံုးထဲမွ ထိတ္လန႔္မႈကို ဖံုးကြယ္ရင္း စာလႊာကို ယူဖတ္လိုက္သည္။ ၿပီးေနာက္ ေရ႔ွမွာခ်ထားသၫ့္ လက္ဖက္ရည္ကို တစ္ခြက္ငွဲ႔ေသာက္ကာ

“ေကာင္းၿပီ။ မင္း ျပန္လို႔ရၿပီ။ ငါလာခဲ့ပါ့မယ္”

“ဒါဆို ကၽြန္ေတာ္မ်ိဳး ျပန္လိုက္ပါဉီးမယ္”

နတ္သူငယ္ေလးျပန္ထြက္သြားလို႔ တံခါးပိတ္သြားတာနဲ႔ သူက စာလႊာကိုျပန္ဖြင့္ၿပီး ေနာက္တစ္ႀကိမ္ျပဴးၿပဲၾကၫ့္လိုက္သည္။ မဟုတ္ေသးပါဘူး။ ဒါႀကီးက ဘာလို႔ငါ့ဆီေရာက္လာရတာလဲ။ အလကားေနရင္း ဘာလို႔ စစ္နတ္ဘုရားက ငါ့ကို လာေစခ်င္ေနရတာလဲ။ သူက အနည္းငယ္ေတြးေတာၿပီးေနာက္မွာ လက္ဟန္အခ်ိဳ႕လုပ္လိုက္ၿပီး ဖူးစာေရးနတ္ဘုရားရဲ့ ႀကိဳးနီကိုဆင့္ေခၚလိုက္သည္။ မေရာက္လာတာကို ေတြ့လိုက္ရသၫ့္အခါမွာေတာ့ သူ႔ မ်က္လံုးကအဆတစ္ေထာင္ေလာက္ကို ျပဴးေနၿပီျဖစ္သည္။ သြားၿပီ။ သြားၿပီ။ သြားၿပီ။ သြားၿပီ။ ဒီေန့ဟာ သူနတ္သက္ႂကြေရမဲ့ေန့ထင္ပါရဲ့။ ဒီေလာက္ နတ္သမီးအေခ်ာေလးေတြကို တစ္ခ်က္မွစိတ္မဝင္စားဘဲ ေခါင္းျဖတ္ဖို႔ပဲ ေတြးေနတဲ့နတ္ဘုရားကိုမွ ဒီလိုႀကီးႀကိဳးခ်ည္ေပးလိုက္မိတယ္တဲ့လား။ သူက စိတ္လႈပ္ရွားမႈကို ထိန္းကာ ႀကိဳးရဲ့တစ္ဖက္က တည္ေနရာကို ရွာလိုက္ၿပီးေနာက္ ေရ႔ွက စားပဲြကို ႏွဖူးနဲ႔သံုးခ်က္ေလာက္ ေဆာင့္ခ်င္သြားသည္။

ေသစမ္း...

အဲ့တာကလည္း လူသားနဲ႔မွလား။ အား ငါနတ္သက္ႂကြေရံုတင္မကဘူး။ နတ္ေပါက္စီပါျဖစ္ေတာ့မယ္ ထင္ပါရဲ့။ ငါေတာ့ ေသပါၿပီ။

“တစ္ေယာက္ေလာက္ လာခဲ့စမ္း။ ႀကိဳးနီထိန္းသိမ္းသူကို ငါ့ဆီေခၚခဲ့”

ေဒါသျဖစ္စြာေျပာလိုက္ၿပီးေနာက္ သူက မ်က္ႏွာကိုလက္အုပ္ရင္း တိတ္တဆိတ္ငိုႂကြေးေတာ့သည္။ ဘယ္သူလက္ကျမင္းသြားလဲ မသိဘူး။ မိရင္ေတာ့လား အဲ့မေအေဘးေသးေသးေလးကို ငါေသေအာင္ရိုက္ပစ္မယ္။

တစ္ဖက္မွာေတာ့ တရားခံေလးက အလြန္ေပ်ာ္ရႊင္စြာထိုင္လို႔ေနတယ္။ သူဟာ ေနနတ္ဘုရားရဲ့ေရာင္ျခည္ဥယ်ာဉ္ထဲကို ေရာက္ေနတာျဖစ္ၿပီး ၇ေရာင္ျခယ္သစ္သီးကို အားရပါးရကိုက္ေနတယ္။ သူ႔ပုခံုးေပၚမွာ ဇီးကြက္ေလးတစ္ေကာင္ရိွေနတယ္။ သူတို႔ႏွစ္ေယာက္က ဥယ်ာဉ္ထဲက အပင္ေတြရႈပ္ေထြးလွတဲ့ေနရာမွာ အကာအကြယ္ယူရင္း ထိုင္ေနတာျဖစ္တယ္။ ဒီဥယ်ာဉ္ကို Canအရမ္းသေဘာက်တယ္။ ေနနတ္ဘုရားလိုပဲ ဖူးစာေရးနတ္ဘုရားမွာလည္း ကိုယ္ပိုင္ဥယ်ာဉ္ရိွတာပါပဲ။ ဒါေပမဲ့ အဲ့ဒီခ်စ္ျခင္းဥယ်ာဉ္ထက္ ဒီေရာင္ျခည္ဥယ်ာဉ္ကို သူ ေသခ်ာေပါက္ ပိုႀကိဳက္တယ္။ ဘာလို႔ဆို ေရာင္ျခည္ဥယ်ာဉ္က အရမ္းထူးဆန္းတယ္။ ျမဴေတြကအစ အသီးေတြအဆံုး အေရာင္ေတြကျဖစ္ခ်င္တိုင္းျဖစ္ေနတယ္။ ပန္းသီးေတြက ျပာခ်င္လည္း ျပာေနၾကတာပဲ။ ေနာက္ၿပီး ဌက္ေပ်ာသီးေတြက နီခ်င္နီေနၾကတာပဲ။ သေဘာအက်ဆံုးကေတာ့ ဥယ်ာဉ္ထဲမွာ အၿမဲေမ်ာလြင့္ေနတဲ့ ေရာင္ျခည္ေငြ့ေတြပါပဲ။ အဲ့အေငြ့လံုးေတြက အရမ္းကိုလွၿပီး တစ္ခုကိုတစ္ေရာင္စီရိွၾကတယ္။ သူ အဲ့ဒါေတြကို လိုက္ဖမ္းရတာ ေသမတတ္ႀကိဳက္တယ္။ အပင္ေတြဟာ အရြက္တစ္ရြက္ကို တစ္ေရာင္နီးပါးရိွၾကတယ္။ မကုန္ဆံုးႏိုင္တဲ့ ေတာက္ပတဲ့အေရာင္ေတြဟာ ဒီဥယ်ာဉ္ႀကီးတစ္ခုလံုးကို ေတာက္ပၿပီး အေရာင္စံုလင္မႈရိွေစတယ္။ ဒါက အံ့မခန္းႏိုင္ေအာင္ကို အရမ္းအရမ္းလွတယ္။ ဒီဥယ်ာဉ္ထဲက သတၲဝါေလးေတြက ဘယ္ေတာ့မွ အသီးေတြကို မစားၾကဘူး။ သူတို႔က ေရာင္ျခည္ေငြ့လံုးေတြကိုပဲ စားၾကတာျဖစ္တယ္။ ဒါေၾကာင့္ ဒီဥယ်ာဉ္မွာ သစ္သီးေတြေပါတာကို ခဏထား။ အေကာင္ေလးေတြရဲ့ ေရာင္ျခယ္ကိုၾကၫ့္ရတာနဲ႔တင္ အေတာ္ကိုစိတ္ေပ်ာ္စရာေကာင္းေနၿပီျဖစ္သည္။

ဒီေလာက္လွတဲ့ဥယ်ာဉ္ကို ေနနတ္ဘုရားတစ္ဉီးတည္းအပိုင္စိုးထားတာက အေတာ္ေလးမနာလိုစရာေကာင္းသည္ဟု သူထင္သည္။ တကယ္ဆိုရင္ ဘံုဥယ်ာဉ္အျဖစ္ သတ္မွတ္ေပးပါေတာ့လား။ ဒါဆို သူလည္း တာဝန္ကေန လစ္လစ္ၿပီး ဒီကိုခိုးထြက္စရာမလိုေတာ့ဘူးေလ။ အခုေတာ့ မနက္မိုးလင္းၿပီဆိုရင္ လူ႔ျပည္ကို ဒိုင္ဗင္ထိုးဆင္း ေန့လည္ခင္းေလာက္ဆို ေနနတ္ဘုရားရဲ့နန္းေတာ္အစြန္းဆီ ဒိုင္ဗင္ထိုးတက္။ ေတာ္ေသးတာတစ္ခုက အဲ့ဒီခိုးဝင္လို႔ရတဲ့ေနရာေလးကို သူကလဲြၿပီး ဘယ္သူမွမသိတာပဲ။ ေနနတ္ဘုရားက အေတာ္ေလးေပါ့ေလ်ာ့လြန္းတယ္လို႔သူ ထင္တယ္။ အဲ့ဒါက သူ႔အစ္ကို စစ္နတ္ဘုရားရဲ့ အရိွန္အဝါေၾကာင့္လည္း ျဖစ္လိမ့္မယ္။ မိန္းမေခ်ာေလးေတြဆိုရင္ ေနနတ္ဘုရားရဲ့ၾကင္ယာျဖစ္ခ်င္ေပမဲ့လည္း သူမတို႔က စစ္နတ္ဘုရားနဲ႔ အမ်ိဳးေတာ္မွာ ေၾကာက္ၾကတယ္ေလ။ အာ... ဒါနဲ႔ပဲ ေနနတ္ဘုရားက ခုထိၾကင္ယာေတာ္မရိွတာ ျဖစ္လိမ့္မယ္။

Canက ခုႏွစ္ေရာင္ျခယ္အသီးေတြကို အားရပါးရကိုက္ရင္း စဉ္းစားေတြးေတာေနတယ္။ ဘဝႀကီးက ပ်င္းစရာေကာင္းလြန္းတယ္။ နည္းနည္းေလးျဖစ္ျဖစ္ ေပ်ာ္ဖို႔ေကာင္းတာမ်ိဳးေလးရိွေနရင္ ေကာင္းမွာပဲ။

“ရက္ခ္် ငါ့ကို ဒီနားမွာ ေသာက္စရာတစ္ခုခုရိွမလား သြားရွာေပးပါဉီး။ အား... ငါ ဒီမွာေရငတ္ေနၿပီ”

ဇီးကြက္ေလးက နာနာခံခံပဲ သူ႔သခင္လည္ပင္းကို တစ္ခ်က္တိုးေဝ႔ွကာ ဟိုဟိုဒီဒီပ်ံသန္းသြားေတာ့တယ္။ သူကေတာ့ ေရႊေရာင္သစ္ရြက္ေတြနဲ႔ အညိုေရာင္ေတာက္ေတာက္ပင္စည္ရိွတဲ့ အပင္ႀကီးတစ္ခုကို မွီထားလိုက္တယ္။ ပ်င္းလိုက္တာ အရည္ေတာင္ ေပ်ာ္လုနီးနီးျဖစ္ေနၿပီပဲ။ အခ်ိန္အနည္းငယ္ၾကာသြားေပမဲ့ ရက္ခ္်က ျပန္မေရာက္လာေသးဘူး။ သူက သူ႔ဇီးကြက္ေလးကို အာရံုခံလိုက္တယ္။ ဒါေပမဲ့ ထူးဆန္းစြာပဲ အာရံုခံလို႔မရခဲ့ဘူး။ ဒါက ေနနတ္ဘုရားရဲ့ဥယ်ာဉ္ထဲမွာ မို႔လို႔မ်ားလား။ မ်က္ေမွာင္ကိုက်ဳံ႔ရင္း သူ႔ဇီးကြက္ေလးသူ ဆင့္ေခၚေပမဲ့ အခ်ိန္သာထပ္ၾကာသြားတယ္။ ဇီးကြက္ေလးကေတာ့ ေရာက္မလာေလဘူး။ သူ နည္းနည္းစိတ္ပူလာတယ္။ ညေနေစာင္းေနၿပီ။ တကယ္လို႔ အခ်ိန္မီသာ သူနဲ႔ ရက္ခ္်အျပင္ကိုမထြက္ႏိုင္ခဲ့ရင္ ညကိုေရာက္သြားလိမ့္မယ္။ ညအခ်ိန္ဆိုရင္ ေၾကာက္စရာအေကာင္းဆံုးေနရာက ဒီဥယ်ာဉ္အျပင္မရိွဘူးလို႔ တီးတိုးစကားေတြ သူၾကားဖူးတယ္။ ေရာင္ျခည္ဥယ်ာဉ္ဟာ လင္းေနသမ်ွကာလပတ္လံုးလွေပမဲ့ အေမွာင္ရိွလာၿပီဆိုရင္ေတာ့ ဒီကအေရာင္အားလံုးဟာ အမည္းေရာင္ေတြခ်ည္းျဖစ္သြားလိမ့္မယ္။ ဆိုလိုတာက အပင္ေတြအကုန္လံုးကလည္း ၫွိုးလာၿပီးေတာ့ သတၲဝါေတြကလည္း အျပင္လူေတြကို ရန္မူၾကလိမ့္မယ္။

သူက သူ႔လည္ပင္းသူကိုင္ရင္း ႏံုးခ်ိစြာလမ္းေလ်ွာက္ေနတယ္။ အာ... ေရဆာေနပါတယ္ဆို။ သိပ္ၾကာၾကာ မလွမ္းရေသးခင္မွာပဲ သက္တန႔္ေရာင္ရိွတဲ့ ေရပန္းႀကီးကို သူေတြ့လိုက္ရတယ္။ ဒါႀကီးကအရမ္းကိုႀကီးမားတယ္။ အလယ္မွာ ေနနတ္ဘုရားရဲ့ ရုပ္ထုကို ထုထားၿပီး အဲ့ဒီရုပ္ထုက အရမ္းကိုခန႔္ညားၿပီးေခ်ာေမာေနတယ္။ ေရႊေရာင္တစ္ခ်ိဳ႕က ရုပ္ထုအေပၚကို လႊမ္းႃခံုထားတာေၾကာင့္ ေနြးေထြးတဲ့ခံစားခ်က္ေလးျဖစ္ေစတယ္။ သူကေတာ့ ရွင္းရွင္းလင္းလင္းကို ရုပ္ထုကို အသိအမွတ္မျပဳႏိုင္ေသးဘူး။ သူ ခိုးခိုးၿပီးလာဖူးတာဟုတ္ေပမဲ့ က်ယ္ျပန႔္လြန္းတဲ့ ဥယ်ာဉ္ကို သူ အကုန္မေရာက္ဖူးဘူး။ ဒီေနရာဟာ အရမ္းလွတယ္။ အဓိကက ေရရိွတယ္။ သူအရမ္းေရဆာေနၿပီ။ ေရကို အစိမ္းလိုက္မ်ိဳခ်ခ်င္ေနတဲ့ သူ႔ရဲ့ေဇာေတြေၾကာင့္ ေရပန္းအစပ္နားမွာလဲေနတဲ့ သူ႔ဇီးကြက္ေလးကို သူ မျမင္ႏိုင္ေတာ့ဘူး။ သူက လက္ခုပ္အျပၫ့္ေရေတြကို ခပ္လိုက္ၿပီး သက္တန႔္ေရာင္ရိွတဲ့ အဲ့ဒီေရေတြကိူ ေပ်ာ္ရႊင္စြာေသာက္လိုက္တယ္။ အဲ့ဒီေရေတြဟာ ခ်ိဳျမျမရိွန္းတိန္းၿပီး ေအးျမေနတယ္။ တကယ္ကို အရသာေကာင္းပဲ။ အာ.. ဒါက ဝိုင္နဲ႔တူတယ္လို႔ ခံစားရတယ္။ သူ႔ကိုယ္သူ မူးေနမွန္းမသံုးသပ္မိေသးခင္မွာသူဟာ ကိုယ့္ကိုယ္ကိုယ္မထိန္းခ်ဳပ္ႏိုင္စြာပဲ အဲ့ဒီသက္တန႔္ေရာင္အရည္ေတြကို ဆက္ခါဆက္ခါေသာက္လိုက္မိတယ္။ သူက ေရပန္းထဲကိုေတာင္ ခုန္ဝင္လိုက္ခ်င္တယ္။ ဒီအရသာက ေကာင္းလြန္းလို႔ ေနာက္ဆံုးမွာ သူဟာ ေမွာက္သြားတဲ့ထိေအာင္ ေသာက္ပစ္လိုက္မိတယ္။

ေရပန္းအစပ္မွာ ဖူးစာေရးနတ္ပိစိေလးတစ္ေယာက္ရယ္ ဇီးကြက္ေလးတစ္ေကာင္ရယ္ေပါ့။ အေသအခ်ာကိုပဲ သူတို႔ဟာ ညေရာက္မွာကို မစိုးရိမ္ၾကေတာ့ပါဘူး။ ဘာလို႔ဆို ေမွာက္ေနတဲ့ အမူးသမားေလးေတြမွာ အသိစိတ္မရိွၾကဘူးေလ။ ဒါက အေတာ္ေလးရွင္းလင္းတဲ့ေဖာ္ျပခ်က္ႀကီးပါပဲ။

.....................................................................................................................................................................................................................

 A/N

ႏိုင္ငံေရးအေျခအေနေၾကာင့္ စိတ္ဓာတ္ပါက်ၿပီး စာေရးမရဘူး။ ပံုမွန္ဆိုဒီေလာက္မၾကာတတ္ပါဘူးေနာ္။ ဒုတိယပိုင္းကိုလည္း မၾကာေစရပါဘူး။ အမ္... ပစ္အေရးအသားေတြအခ်ိဳးမေျပရင္ နားလည္ေပးၾကဖို႔ ေတာင္းပန္ခ်င္တာ။ လူက Downေနတာပဲ By the way ပစ္ပဲစိတ္ဓာတ္က်မယ္ ခင္ဗ်ားေလးတို႔ စိတ္ဓာတ္က် မခံၾကနဲ႔ေနာ္ ပစ္လည္း ျပန္တက္ဖို႔နည္းရွာလိုက္ဦးမယ္ ခ်စ္တယ္

Continue Reading

You'll Also Like

104K 12.6K 73
ကဲ..ဇာတ်လမ်း​​လေးအ​ကြောင်းကို ​ပြောပြမယ်​နော်🤗 လီရှူးဆိုတာ အချစ်ဆိုတဲ့အနက်အဓိပါယ် ဘာဆိုတာကိုမသိတဲ့​ကောင်​လေးတစ်​ယောက်! တစ်​နေ့မှာ​တော့ ရှန်ယီရိုဆို...
590K 57.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.2M 42.8K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
81.4K 8.6K 16
Host(လီရုန္)ရဲ႕ သူ႔မူလကမၻာကိုျပန္ေရာက္သြားၿပီး သူ႔ညီနဲ႔ သူ႔ေမြးစားအေဖရဲ႕သားကိုကလဲ့စားျပန္ေခ်မွာပါ ၊ေနာက္ၿပီး သူ႔ခ်စ္သူနဲ႔မထင္မွတ္ပဲျပန္ဆံုေတြ႕ရကာ သူ႔...