𝚆𝚒𝚜𝚑 𝚃𝚑𝚒𝚜 𝙻𝚘𝚟𝚎 𝚂...

By pickpachacon333

980K 111K 5.5K

Uni စိတ်သဘောကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ ဖူးစာရေးနတ်မင်းနဲ့ စာချုပ်ချုပ်မိပြီး ဘဝများစွာမှာဝင်စားရင်း ဖူးစာကြိ... More

Part 1
Part-2 (Arc_1)
Part_3
Part 4
Part 5
Part_6
Part 7
Part_8
Part 9
Part_10
Part 11
Sorry
Part 12
Part 13 (Arc_2)
Part 14
Part_15
Part 16
Sorry
Part 17
Part 18
Part_19
Part_20
Part_21
Part_22
sorry
Part_23
Part_24 ( bet. Arc_2 & 3)
Part_25
Announcement
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Only part 34 zawgyi
Part_35
Part_36
Part_37
Part_38 (Arc_4)
Part_39
Part_40
Part_41
Part_42
Part_43
Apologize to you
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52 (Arc_5)
Part_53
Characters
Part_54
Part_55
Part_56
Just Part_56 Zawgyi
Part_57
Part_58
Part_59
Part_60
Part_61
Part-62
Part-63
Part-64
Part-65
Part-66
😢😢
Part-67
Part-68
Part-69
Part-70
Part-71(Arc-6)
Part-72
Part-73
Part 74
Part-75
Part-76
to you
Part 77
Part 77 Only Zawgyi
Part 78
Part 79
The lazy me
Part-80
Part-81
Part-82
New Year Special
Part-83
Part-84
Part-85
Part-86
Part-87
Part-88
I'm really bad
Part-89
Part-90
Part-91(Arc 7)
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
I'm Sorry🥺
Part-103
Part-104
Part-106
Announcement
Part-107
Part-108
Part-109
Part-110
Part-111
Part-112(Final)
WTLS Special Extra-1
WTLS Special Extra 2
WTLS Special Extra-3
WTLS Special Extra-4
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ
New!!!

Part-105

5K 681 21
By pickpachacon333

Uni

“အစ်ကိုလေးက သူပင်ပန်းလို့ နားနေတာမို့ ဘယ်သူ့ကိုမှမလာစေချင်ဘူးလို့ ပြောထားပါတယ်ခင်ဗျ”

ယောင်ဖေး စိတ်ရှုပ်စွာဖြင့် ဆံပင်ကြားထဲသို့ လက်ချောင်းတွေကို ထိုးထည့်လိုက်သည်။ သူ ဒီနေ့ ကုမ္ပဏီမှာ အရှုပ်ထုတ်ကြီးကို ကိုင်တွယ်ဖြေရှင်းလာတာ။ အမှန်အတိုင်းပြောရရင် မတ်တပ်တောင် ရပ်ချင်တဲ့ အားရှိတော့တာမဟုတ်ဘူး။ ဒါပေမဲ့ တွေ့နေကျကောင်လေးကို မတွေ့ရသေးတာမို့ အမောက ဘယ်လိုလုပ်လုပ်ပြေမှာမဟုတ်မှန်းသိသည်။ ဒါကြောင့် ကောင်လေးအိမ်သို့သွားကာ ကောင်လေးပေါင်ပေါ်မှာ အိပ်ချင်ပါတယ်ဆိုမှ ရှင်းချောင်ဆိုသော ထိုသတ္တဝါလေးသည် ဘာတွေဖြစ်နေမှန်းမသိ။ မဟုတ်မှ... သူ့ကိုရုံး ၃လလောက်နားခိုင်းလိုက်လို့ စိတ်ကောက်နေတာများလား။

ဒီကောင်လေးတော့လေ။ သူ့လူက သူဌေးတစ်ယောက်လုံးဖြစ်နေတာပဲဟာ ဘာြဖစ်ချင်တယ်ဆိုပြီး တိုက်ရိုက်ပြောရင်ပြီးရော။ ဒါကို စိတ်အပင်ပန်းခံပြီး စိတ်ကောက်နေရတယ်လို့။ ဒီကလေးလေးကတော့ တကယ်ပဲ။

“သူ့ သူဌေးလို့ သွားပြောပေးပါ။ သူဝင်ခွင့်ပြုမှာပါ”

“အာ... ဟုတ်ကဲ့ ကောင်းပါပြီ”

ခြံစောင့်ဦးလေးကြီးက မသွားချင်သွားချင်ပုံမျိုးနှင့် တွန့်ဆုတ်တွန့်ဆုတ် ထွက်ခွာသွားလေသည်။ သိပ်မကြာလိုက်။ အိမ်ထဲမှ ကောင်လေးတစ်ယောက် ပြေးထွက်လာ၏။ ဆံပင်အပြာဖောက်ကလေးသည် ဖြီးသင်ထားခြင်းမရှိတာ သိသာစွာကိုပဲ ရှုပ်ပွလို့။ ရှပ်အင်္ကျီပြောင်တစ်ထည်နှင့် ဘောင်းဘီ ဒူးလောက်ကိုဝတ်ထားသော ကောင်လေးသည် သူ့အတွက် ကလေးလေးလိုပင်။

“သူဌေး ဒီနေ့ အလုပ်မှာ အကုန်အဆင်ပြေလား။ ကျွန်တော်စိတ်ပူနေတာ”

“အကုန် အဆင်ပြေပါတယ်။ ဒါပေမဲ့ စိတ်ပူတယ်ဆိုတဲ့လူက ဖုန်းတစ်ချက် မဆက်တော့ ကိုယ်က အိမ်ထိလိုက်လာရတာပေါ့။”

“အာ... အဲ့တာက တမင်မဆက်တာမဟုတ်ပါဘူး ဟို... ကျွန်တော် နည်းနည်းပင်ပန်းနေလို့”

“ဘာလို့လဲ ဘာကိစ္စရှိလို့ပင်ပန်းတာလဲ ကိုယ့်ကိုပြောပြမလား”

ယောင်ဖေးက ရှင်းချောင်ပုခုံးကလေးကို ဖွဖွလေးဖက်ကာ အိမ်ဆီသို့လျှောက်လာသည်။ ရှင်းချောင်ကလည်း ယောင်ဖေး၏ အလုပ်အိတ်ကလေးပိုက်ကာ အလိုက်သင့်လေးနေရင်း အိမ်ဆီသို့ ခပ်ဖြည်းဖြည်းသာလျှောက်၏။

“မဟုတ်ပါဘူး ကျွန်တော်... သူဌေးကို စိတ်ပူရတာနဲ့ပဲ စိတ်ပင်ပန်းသွားတာ”

“အဲ့လောက်တောင်မှလား”

ခပ်ဟဟရယ်ရင်း ပါးဖောင်းဖောင်းလေးကိုဖျစ်လိုက်တော့ ပြုံးလိုက်တဲ့ ကောင်လေးရဲ့ အပြုံးက တစ်ခုခုထူးဆန်းနေသလိုလို။ သူ့ အလိုလိုသိစိတ်အရ ပါးဖောင်းဖောင်းလေးကို ဖျစ်လိုက်ရင် မျက်စောင်းလေးတစ်ချက်ပေးတတ်တဲ့ကောင်လေးဟာ ဒီနေ့တော့ ပါးလေးဖျစ်ခံရတာကိုပဲ ကြည်နူးစွာပြုံးလို့။

သူ သွားနေသည့်ခြေလှမ်းတွေကိုရပ်ကာ ကောင်လေးကို မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်သည်။ သေချာကြည့်လိုက်တော့ ဆံပင်တို့က မဖြီးသင်ထားတာထက် လက်နဲ့ထိုးဖွလို့ ပွသည့်ဘက်ကိုပိုသည်။ မျက်နှာကလည်း အရင်နေ့တွေလောက် မကြည်တာအမှန်။ ခပ်နုနုရွှေမျက်နှာတော်ထက် ပူပန်ရိပ်အချို့ စွန်းထင်းနေသလိုလို။ နောက်ပြီး ဒီကောင်‌လေး ဒီနေ့ ထမင်းရောစားရဲ့လားမသိ။ လမ်းသွားတာတောင် ခပ်ယဲ့ယဲ့ကလေး။

“ရှင်း‌ချောင်, ကလေး ဘာဖြစ်လို့လဲ။”

“ကျွန်တော် ကြောက်တယ်”

အိတ်ကို မြေကြီးပေါ်ဖြည်းဖြည်းကလေးချလို့ ရင်ခွင်ထဲတိုးဝင်လာသော ကောင်လေးသည် မျက်ရည်မထွက်ပေမဲ့ ငိုနေသည်ဟု သူထင်နေသည်။ ဘာဖြစ်လို့လဲ။ သူ့ကောင်လေးမှာ ဘာတွေများထပ်ပြီးရှိနေလို့လဲ။

“ပြောပြမလား မင်း ဘာကိုကြောက်တာလဲဆိုတာ ကိုယ်အဲ့တာကိုအပြတ်ရှင်းပေးမယ်”

“သိတယ် ကျွန်တော်သိသားပဲ သူဌေး ကျွန်တော်လေ”

တွန့်ဆုတ်စွာပြောလာသော ကောင်လေးကို ငုံ့ကြည့်မိသည်။ အရပ်ချင်းသိပ်မကွာပေမဲ့ နီးကပ်နေတဲ့ ခန္ဓာကိုယ်အနေအထားအရ ငုံ့ကြည့်ရတာမျိုး။

“ကျွန်တော် သူဌေးကို လက်ထပ်ချင်တယ်။ ကျွန်တော့်ကို လက်ထပ်မလား”

အရည်လဲ့နေသော မျက်ဝန်းများနှင့် ကြည့်လာသော ထိုကောင်လေးသည် သူ့အား မခံနိုင်အောင် လုပ်နေသလိုလို။ အိမ်ထဲမရောက်နိုင်သေးသည် ဖြစ်တာကြောင့် ကောင်လေးကို စွေ့ခနဲပွေ့သွားလိုက်ကာ အိမ်ထဲအရင်ဝင်ရ၏။ မဟုတ်လျှင် ခြံစောင့်ဦးလေးကြီး၏ မျက်လုံးသည် ကျွတ်ထွက်ရုံမကဘဲ ပေါက်ပါပေါက်ကွဲလာမှာကြောက်ရသည်။

“ဘာတွေပြောနေတာလဲ”

လုပ်ချင်ရာလုပ်နေသည့် ကောင်လေးကို ဆိုဖာပေါ်ချကာ မေးလိုက်တော့ ကောင်လေးက သူ့လက်မှ လက်စွပ်တစ်ကွင်းကို ချွတ်ကာ ယောင်ဖေးလက်သူကြွယ်မှာ စွပ်ပေးလိုက်သည်။ သူ့ပုံစံလေးက ယောင်ဖေးသူ့ကိုလက်ထပ်မယ်ဆိုတာ သေချာသိနေသည့်ပုံမျိုး။

“ခုပြဿနာကြောင့် လူသိရှင်ကြားမဖြစ်လည်းရတယ်။ ဘယ်သူမှမသိဘဲ ကျွန်တော်တို့နှစ်ယောက်ပဲ သိထားလည်းရတယ်။ ရုတ်တရက်တော့ ဆန်မှာပေမဲ့ ကျွန်တော် ခင်ဗျားကို လက်ထပ်ချင်တယ်”

“တကယ်လား”

“တကယ်”

မေးလိုက်သောမေးခွန်းကို တုံ့ဆိုင်းမှုမရှိ ချက်ချင်းဖြေလာသော ထိုကောင်လေးဟာ နည်းနည်းလေးမှ ကြောက်တတ်ပုံမရ။ စိတ်ထဲရှိရာလုပ်လိုက်မိ‌တော့ ကောင်လေး၏ လက်ချောင်းလေးတွေမှစ၍ မျက်နှာပြင်အထိ အနမ်းနွေးတွေနှင့် ပြည့်သွား၏။

“ကိုယ်မင်းကို ချစ်တယ်”

“ကျွန်တော်လည်း ခင်ဗျားကို ချစ်တယ် အရမ်းချစ်တယ်”

မျက်ရည်တွေဝဲကာ ပြောလာသော ကောင်လေးအား ရင်ခွင်ထဲမျက်နှာအပ်စေကာ ခပ်နွေးနွေးရင်ခွင်ကိုဖန်တီးရတာလည်း သူ ချစ်သည်။ ကောင်လေး၏ မျက်ရည်စလေးတွေကိုလည်း သူချစ်သည်။ ဒီအချိန်လေးကိုလည်း သူချစ်သည်။ ဒီအိမ်လေးကိုလည်း သူချစ်သည်။ သူ့ကောင်လေးနဲ့ ပတ်သတ်သမျှ အရာအားလုံးအား သူချစ်ပါ၏။

“ဒါဆို ကိုယ်တို့ ဒီအပတ်ပိတ်ရက်ပဲ အမေ့ကိုသွားတွေ့ရအောင်”

“အွန်း”

“ကိုယ်တို့ လက်မထပ်ခင် အများကြီးလည်း Dateချင်သေးတယ်”

“အွန်း”

“လက်ထပ်ရင် ဘယ်မှာလုပ်ရင် ကောင်းမလဲ။ ကိုယ့်မှာအကြံတော့ရှိတယ်။ အဲ့အကြံအတိုင်းလုပ်ချင်လုပ်။ မဟုတ်ရင်လည်း မင်းသဘောအတိုင်း စိတ်ကြိုက်လုပ်။ ဘယ်လိုလုပ်ချင်လဲ”

“အွန်း သူဌေးပဲ စိတ်ကြိုက်လုပ်”

ရင်ခွင်ထဲက ကောင်လေးသည် ရှက်လို့ထင်ပါ၏။ သူ့ရင်ဘတ်အား နှုတ်ခမ်းလေးနှင့် ထိုးပြီး ခေါင်းကပြန်မော့မလာတော့။ ငှက်သိုက်ဆံပင်အား အသည်းတယားယားနှင့် ငုံ့နမ်းတော့ အနမ်းခံရတာကို ကြိုက်ပုံရတဲ့ထိုကောင်လေးဟာ သူ့ခေါင်းလေးကို ထိုးပေးလာလေရဲ့။ ဒီတော့ ယောင်ဖေးလည်း အားရပါးရကိုနမ်းလိုက်ပါသေးတယ်။ ပျော်တယ်... အင်း ပျော်တယ်ဆိုပေမဲ့ တစ်ခုခုကို မတင်မကျနဲ့။ တစ်မျိုးကြီး ခံစားရနေသည်။ ဘယ်လိုပြောရမလဲ။ ပျော်တာတောင် ဝမ်းနည်းစရာပျော်ခြင်းမျိုးလို... ရင်ထိတ်စရာတစ်ခုခုက သူ့ကိုစောင့်ကြိုနေတုန်းလို... ဒါမှမဟုတ် သူ ပွေ့ဖက်ထားတဲ့ ဒီကောင်လေးကို သူဆုံးရှုံးလိုက်ရမှာလိုလို။

အဲ့လိုတွေးမိပြန်တော့ ဖက်ထားသည့် လက်များကို အားထည့်လိုက်မိပြန်၏။ ခပ်တင်းတင်းပွေ့ဖက်ခံထားရတာကြောင့် ရင်ခွင်ထဲကကောင်လေး အသက်ရှူကြပ်လောက်ပြီဖြစ်ပေမဲ့ မရုန်းလာဘဲ သူ့ဆီကိုသာ ပိုမိုတိုးကပ်လာသော ကောင်လေးကြောင့် သူအံ့ဩမိသည်။ ဒီကောင်လေး ဘာဖြစ်နေလဲတော့ သူမသိပေမဲ့ ဒီအရာတွေအားလုံးဆီက ကောင်လေးကို ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်မိပါရဲ့။

“ကိုယ်ပြန်တော့မယ် ဦးလေးကိုလည်း ကြိုပြောထားဦးနော်။ အိပ်ပုတ်လေး, တစ်ယောက်တည်း ပေတေမနေနဲ့ အစားလည်း စားဦး။ ပါးဖောင်းဖောင်းလေးနဲ့ ဗိုက်ခေါက်သေးသေးလေး ကျသွားရင် အပြစ်ပေးမှာဗျ။”

သုံးနာရီလောက်နေပြီးနောက် ပြန်ရန်ပြင်ဆင်နေသော သူဌေးအားကြည့်ကာ ရှင်းချောင် မကျေမနပ်ကြည့်မိသည်။

“လူကို ဝက်ဖြစ်အောင် စားခိုင်းနေတယ်”

“မင်းက ဝရင်ပိုချစ်ဖို့ ကောင်းလို့။ အဟား တွေးကြည့်လေ မီးပုံးပျံလေးနဲ့ တူမှာ အပြာရောင် ဆံပင်နဲ့မီးပုံးပျံလေး”

မကျေနပ်သလို အကြည့်တစ်ချက်ထပ်ပေးလိုက်တော့ ရယ်မောကာ သူ့အားဖက်ထားပါသော သူဌေးကြောင့် ခပ်နင့်နင့်ပြုံးလိုက်မိပါ၏။ သူ့ချစ်သူဟာလေ အသားယူဖို့ဆို သိတတ်သလားမမေးနဲ့။ ရယ်တာများ မဖက်လည်း ရယ်လို့ ရတာပဲကို။ ဒါပေမဲ့ သူကြိုက်ပါတယ် ဒီလိုအသားယူခံရတာလေးကိုပဲ။

“မြန်မြန်ပြန်တော့ သူများကိုလာရယ်နေတယ်”

“အိုခေ ညကျဂရုစိုက်နော် အေးလာပြီမဟုတ်လား”

“သိတယ် မြန်မြန်သွားတော့ သွား”

“ကိုယ်သွားပြီ‌နော်”

ကားထဲကနေ သူ့ကိုလှမ်းအော်သွားသော ချစ်ရသူအား ကြည့်ပြီး လက်ပြလိုက်သည်။ ပုခုံးပေါ်မှာ နားနေတဲ့ ရက်ချ်လည်း မျက်နှာမကောင်း။

“ရှင်းချောင် မင်းတကယ် ဒီလိုပဲလုပ်မှာလား။ ဒါတွေက မင်းအမှားတွေ မဟုတ်ဘူးဆိုတာ မင်းသိသားနဲ့”

“ငါ့အမှားတွေ မဟုတ်ခဲ့ဘူးဆိုရင်တောင် ငါကရှင်းချောင်နေရာကိုယူထားတာလေ။ သူ့အစားပေးဆပ်ရမှာလည်း ငါ့တာဝန်ပဲမလား။ မင်းလည်းသိမှာပါ။ တစ်ဘဝလုံး လုပ်ကြံမှုတွေကြားမှာပဲ နေရရင် ငါရူးသွားလိမ့်မယ်။ သူ့ကိုအပြတ်ရှင်းလို့ ရတယ်ဆိုတာလည်း ငါသိတယ်။ ဒါပေမဲ့ သူကမှားတာမှမဟုတ်ဘဲ မှားနေတာက ငါလေ။ ငါ သူ့ကိုဘယ်လို အားနဲ့ရှင်းပစ်နိုင်မှာမို့လဲ”

အကြိမ်ကြိမ်ထိုးဖွပြီးသားဆံပင်တို့ကို ထပ်မံထိုးဖွကာ ဆိုဖာကြီးကိုမှီ၍ ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။

“ငါ ဒီလိုလုပ်ကိုလုပ်မှဖြစ်မယ်။ ဒါပြီးရင်... ဒါပြီးရင် အားလုံးပြီးပါပြီ။ ငါလည်း တာဝန်ပြီးပြီ။ မင်းရောပဲ ရက်ချ်။ နောက်ပြီး ငါ့မှတ်ဉာဏ်တွေလည်း အကုန်ပြီးပြီ။ နောက်ဘဝသွားရင် ဒီမှတ်ဉာဏ်တွေက ဖျက်ပစ်ခံရမှာပဲမဟုတ်လား။ ငါ့မှတ်ဉာဏ်တွေရောငါ့မှတ်ဉာဏ်တွေထဲက သူရော အကုန်ဖျက်ပစ်ခံရတော့မှာ”

“သိပ်မတွေးပါနဲ့ သူခင်ဗျားကို လာရှာနိုင်မှာပါဆို”

“သူလာရှာရင်တောင် ငါသူ့ကိုမမှတ်မိမှာ စိုးရိမ်တယ် ရက်ချ်။ ငါကိုယ်တိုင်တောင် မသိဘဲ သူ့ကိုတွန်းထုတ်လိုက်မိရင် ဘယ်လိုလုပ်မလဲ။ ‌နောက် ဆိုတဲ့ကာလတစ်ခုအတွက် အာမခံချက်မရှိဘူးလေ။ ငါ သူ့ကိုပိုင်ဆိုင်ရတာ ဒါနောက်ဆုံးဖြစ်နိုင်မလား မသိလို့ ငါဒီကာလအတောအတွင်းလေးမှာ သူနဲ့အရာအားလုံးကို လုပ်ချင်သေးတာ”

“မင်းကလည်းကွာ... တကယ်ပါပဲ”

“ဒါရိုက်တာကြီးနဲ့ ဝူရီတို့ စောစောလက်မထပ်ဖို့ဘဲ မျှော်လင့်ရမှာပဲ။ တာဝန်ပြီးသွားတာနဲ့ ငါသွားဖို့ဆုံးဖြတ်ပြီးသားဆိုတော့... အင်း... အရာအားလုံး ငါဖြစ်စေချင်သလိုသာ ဖြစ်လာရင် ကောင်းမယ်နော်”

ညည်းညည်းညူညူပြောရင်း ဆိုဖာကိုမှီထိုင်နေသော ကောင်လေးကို ရက်ချ်က မျက်စောင်းထိုးသည်။ သူကြောက်နေသည့် အရာတစ်ချို့က ဖြစ်မလာပါဘူးလို့ ပြောပြချင်သော်လည်း... ရှိစေတော့။ သူ့ဟာသူသာ သိပါစေတော့ပေါ့။ ဆုံးဖြတ်ချက်တစ်ချို့နဲ့ ဖြစ်လာတဲ့ ကံအကြောင်းတရားအချို့အတွက်ကတော့ သူ့အကြောင်းနဲ့သူပဲပေမို့ ရက်ချ်ကိုယ်တိုင်လည်း ပါဝင်ပြင်ဆင်ပေးလို့ရမှမရဘဲလေ။

“မင်း ဘာလို့ ခေါင်းမာနေရတာလဲ”

အဘိုးကြီးသုံးယောက်က ဝူရီ့ကိုအလယ်မှာထားကာ တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည့်အနက် အဘိုးကြီးတစ်ယောက်က ထအော်လိုက်ခြင်း။

“ကြိုက်ရင် ယူလိုက်ပေါ့ ဘာဖြစ်နေတာလဲ။ ငါတို့လည်း ကူညီပေးမဲ့ဟာပဲကို မင်းသူ့ကိုမေ့လဲအောင်လုပ်လိုက်ရင် ယူဖို့က လွယ်လွယ်လေးရယ်။ ဘာတွေ တွေဝေနေတာလဲ။ အရင်ကလို တဇွတ်ထိုး စိတ်တွေဘယ်ပျောက်ကုန်ပြီလဲ”

“အဘိုးတို့ပြောသလောက်လွယ်ရင် ကျွန်တော်လုပ်လိုက်ပြီ။ ဒါပေမဲ့ သူ့ဆန္ဒမပါဘဲ ကျွန်တော် မလုပ်ချင်ဘူး။ ဒီကိစ္စက လူ့အသက်ကိုပါ အများကြီးထိခိုက်စေမှာ။ သူလက်မခံရင် ကျွန်တော် မလုပ်နိုင်ဘူး”

“ဒါဆိုဘာလဲ မင်းကသူ့ကိုသွားမေးမှာလား ငါနဲ့လက်ထပ်မလားဆိုပြီး။ ဒီမှာ ဝူရီ ငါတို့မင်းကိုပြောမယ် ဘယ်သူကမှ သေပြီးသားလူနဲ့ လက်ထပ်ချင်မှာမဟုတ်ဘူး။ မင်းမေးလည်း သူမင်းဆီက ထွက်ပြေးရုံပဲ အဖက်တင်မှာ။ သူက ခုသာမသိသေးပေမဲ့ အနှေးနဲ့အမြန်သိလာမှာပဲ။ အဲ့အခါကျရင် မင်းဘယ်လိုလုပ်မလဲ သူမင်းဆီက ထွက်ပြေးတဲ့အခါကျရင် ဘယ်လိုလုပ်မှာလဲ ပြော မင်းဒီတိုင်းပဲ ထိုင်ငိုင်နေမှာလား”

“ကျွန်တော် မသိဘူး ကျွန်တော် သိတာတစ်ခုက သူကျွန်တော့်ကို လိုလိုလားလားမရှိသ၍ ကျွန်တော် ဘာကိုမှလုပ်မှာမဟုတ်ဘူး။”

“အေး မင်း အဲ့လိုတွေ လုပ်နေလိုက်။ ဘာဖြစ်လဲ သူ့ကြောင့် သေသွားရတဲ့လူကို တာဝန်ယူခိုင်းတာ...”

“တော်ပါတော့ ကျေးဇူးပြုပြီး တော်လိုက်ပါတော့”

စကားမဆုံးခင် ဖြတ်ပြောလိုက်တော့ ဝူရီကြောင့် အဘိုးကြီးသုံးယောက် သက်ပြင်းကိုယ်စီချကာ ပျောက်ကွယ်သွားကြသည်။ တစ်ယောက်တည်း ကျန်ခဲ့သော ကောင်လေး၏ မျက်လုံးတွေထဲမှာတော့ မေ့ထားခဲ့သော ပုံရိပ်တစ်ချို့က အစီအရီ။

လီဝူရီလို့ပြောလိုက်ရင် ခပ်ဆိုးဆိုးကောင်လေးမှန်း အားလုံးကသိကြသည်အထိ သူဆိုးခဲ့ဖူးပါသည်။ သူ့မှာ ခံယူချက်တစ်ခုရှိသည်။ သူလုပ်ချင်တာကိုလုပ်မည်။ စိတ်ထဲရှိတာကို တည့်ပြောမည်။ ဟန်ဆောင်တာတွေ လူကြားကောင်းအောင် ပြောတာတွေဘာတွေ သူမသိ။ ဒီတော့ သူဟာ အများအမြင်မှာလူဆိုးကြီးလိုဖြစ်လို့။ အပေါက်ဆိုးသည် သူများကို မစာမနာတွေပြောသည် အစရှိသည်ဖြင့်...။ ကားမောင်းတာအပါအဝင် အားကစားအတော်များများကတော့ သူ့ဝါသနာဖြစ်သည်။ အားလပ်ရက်တိုင်းလိုလိုမှာ သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ တစ်နေရာရာမှာချိန်းပြီး အားကစားတစ်မျိုးစီ ကစားတတ်ကြသည်။

ထိုနေ့ကလည်း အားလပ်ရက်ကြီး။ အားလပ်ရက်ဆိုတော့ လမ်းပေါ်မှာ လူတွေကရှုပ်ပွနေသည်။ သူလည်း ခါတိုင်းနေ့တွေလိုပဲ ကားကိုအေးဆေးမောင်းလာခဲ့သည်။ သူက ကားမောင်းရတာ သဘောကျပေမဲ့ အချိန်ပြည့် ကြမ်းတမ်းနေအောင် မောင်းသူမျိုးတော့မဟုတ်။ သာမန်အချိန်မျိုးတွေမှာ ကားကိုအေးဆေးလေးမောင်းရတာ သူသဘောကျသည်။

“ဟယ် ဟယ် ဟိုကားက ဘရိတ်ပေါက်သွားတာလား ဘာလား”

မီးပွိုင့်ရပ်နေတုန်း ဆူညံဆူညံအသံတွေကြောင့် ကြည့်လိုက်တော့ မူးနေတဲ့လူတစ်ယောက်လို ဟိုတိုက်ဒီတိုက်ဖြစ်နေသော ကားကြီးတစ်စင်းက တန်းစီနေသည့်ကားတွေကို ပုံပျက်စေသည်။ ဆိုးဆိုးဝါးဝါးထိခိုက်စေတာမျိုးတော့ ခုချိန်ထိမမြင်ရသေးပေ။ ဆဲသံတွေညံသွားစဥ် မီးစိမ်းသွားပြီမို့ သူမောင်းထွက်လိုက်ပေမဲ့ မထင်ထားတာက သူ့ကားဆီမဝင်လာသည့် ထိုကားကြီးသည် လမ်းတစ်ဖက်က ရပ်ထားသော ကားအမည်းလေးဆီသို့ တန်းနေ၏။ အထဲမှာလူရှိတာလည်း သေချာနေသည့်အပြင် ဘရိတ်ပေါက်နေသည့် ကားကြီး၏ ဝိတ်နှင့် လမ်းမ၏ ခပ်လျှောလျှောအနေအထားကြောင့် တက်လာသောအရှိန်အရ မသေရင်တောင် ကြီးမားတာ တစ်ခုခုဖြစ်သွားနိုင်၏။ လက်ပိုက်ကြည့်မနေနိုင်သော ဝသီအရ လက်တို့သည် သူ့အလိုအလျောက် လှုပ်ရှားမိလိုက်လျှင်...

“ဂျိမ်း...”

ကျယ်လောင်စွာသောအသံကြီးနောက်တွင် ဝူရီ၏ကားလေးသည် ဘရိတ်ပေါက်နေသော ကားကြီး၏ အရှိန်ကိုတန့်ပေးနိုင်လိုက်ကာ ကြားထဲမှဝင်ခံလိုက်နိုင်၏။ ကားပိုင်ရှင် ဝူရီမှာတော့ အသက်ကိုခက်ခက်ခဲခဲရှူလိုက်ရသည်။ ဟီးရိုးလုပ်ရတာလည်း လွယ်လွယ်ကူကူတော့မဟုတ်။ မှန်ကွဲစတွေ စိုက်ခံရတာလည်း သက်သက်သာသာ မရှိ။ ဘာပဲပြောပြော accident ဖြစ်တဲ့ feelingမျိုးတော့ ကြုံဖူးတာပေါ့လေ။ တစ်ဖက်ကားက လူတော့ ဘယ်လိုဖြစ်နေမယ်မသိပေမဲ့ သူ့ထက်တော့ သက်သာမည်ထင်ပါ၏။ လာရောက်ကူညီသော လူများ၏ ကျွတ်စီကျွတ်စီအသံတို့ကိုကြားလိုက်၏။ ထို့နောက် သူ့အား ကားထဲမှနေကူထုတ်ကြ၏။ အနည်းဆုံးတော့ သတိလစ်နေမယ်လို့ ထင်ထားသောသူ့ကို မျက်လုံးပွင့်လျက်သားမြင်ရတာကြောင့် လာကူသူတွေက တအံ့တဩ။

“စိတ်ခိုင်လိုက်တာဗျာ ကျွန်တော်တို့က ခင်ဗျားကို သတိလစ်လောက်ပြီထင်တာ။ ဟိုကားကလူတောင် သတိလစ်သွားလို့လေ”

‌ဆေးရုံကားက တစ်ကားတည်း စီးရသည်မို့ မျက်စိရှေ့ရှိလူကို မော့ကြည့်မိသည်။ မျက်လုံးတို့ကို စိတ်ချလက်ချမှိတ်ထားပုံက အိမ်မှာအိပ်နေသည်များ ထင်နေသလားမသိ။ သွေးများ စီးကျလာသော ခေါင်းအပါအဝင် ခိုက်မိသွားသော ခန္ဓာကိုယ်နေရာအနှံ့မှ စူးအောင့်လာ၏။ ကြည့်စမ်း သူကျတော့‌ သတိလစ်ချင်တာတောင် မလစ်ရပေမဲ့ ဒီလူကျတော့ သက်သာလို့။ ဘေးချင်းကပ်လှဲနေသည့်အနေအထားမှ နှုတ်ခမ်းဖျော့ဖျော့တို့ဆီ အကြည့်ပို့မိသည်။ မျက်နှာက ခန့်ညားမလိုလိုနဲ့ ကလေးဆန်သား။

ထိုအတွေးကို နောက်ဆုံးတွေးလိုက်ပြီးနောက်မှာတော့ ခေါင်းတွေမူးဝေလာခဲ့သည်။ စီးကျသွားသော သွေးတို့၏ တပေါက်ပေါက်သံကိုတောင် ပြန်ကြားမတတ်။ ခါးပတ်ပတ်ထားတာကို ခေါင်းကဒီလောက်ထိ ဖြစ်ရလားကွာ။ အဲ့ ကားမှန်တွေကိုလည်း ဘာလို့ မကွဲတဲ့ဟာတွေ မတပ်ကြတယ် မသိဘူး။ မကျေမနပ်တွေးတောပြီးနောက်တွင်တော့ အသိစိတ်နဲ့ ခန္ဓာကိုယ်သည် လွတ်ထွက်သွားတော့သည်။ ထိုစဥ်က ပိတ်ခဲ့သော မျက်လုံးများသည်သာ ပြန်ပွင့်မလာနိုင်မှန်းသိခဲ့ရင် သူ သတိမလစ်အောင် ကြိုးစားမိဦးမည်။

“သွေးထွက်လွန်သွားလို့”တဲ့။ အင်းပေါ့ ဒီ‌လောက်ထိ ဖြစ်သွားမယ်လို့ ဘယ်ထင်ခဲ့ပါလိမ့်မလဲ။ နဂိုတည်းက သွေးအားနည်းတတ်တဲ့ ကိုယ့်အကြောင်းကိုယ် ခဏမေ့သွားတာကိုး။ အပြစ်မရှိရှာကြံအပြစ်တင်ရရင် သွေးအိတ်လုံလောက်အောင် မထားနိုင်တဲ့ ဆေးရုံကို အပြစ်တင်ရမှာပဲ။ လူတစ်ယောက်မှာ အဆုံးသတ်ဖို့ကံပါလာရင် နာမည်ကြီးဆေးရုံကြီးမှာတောင် သွေးအိတ်ရှားရတဲ့အထိ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့တဲ့အတွက် သူ့ရဲ့ ပြန်ဝင်စားဖို့ ကိစ္စက အခက်အခဲတွေရှိလာသည်။ အဓိကက သူ့ရဲ့ကျန်ရှိနေသေးသော အသက်ရှင်ချင်စိတ်တစ်ချို့ကြောင့်...။

အကုန်ပြီးသွားပေမဲ့ အမေက သူ့ကို အတင်းပြန်ဝင်စားခိုင်းတာမျိုးမလုပ်ဘဲ ဒီတိုင်းအိမ်မှာပဲပေးနေခဲ့သည်။ သူ့သားအိမ်မှာနေနိုင်ဖို့ လုပ်ဖို့လိုတာ အကုန် သူမ လုပ်သည်။ ထိုလူနဲ့ ပြန်တွေ့ဖို့ မမျှော်လင့်ထားပေမဲ့ အမေက ဘာစိတ်ကူးနဲ့ အိမ်ပေါ်ခေါ်တင်လာသလဲတော့ သူလည်း မသိ။ နောက်ပြီး သူ ချစ်မိသွားသည်။ လူတစ်ယောက်၏ အပြုံးက ဒီလောက်လှမယ်မှန်းသာ သိခဲ့ရင် သူအသက်ရှင်နေတုန်းက များများပြုံးခဲ့ပါတယ်။ စိတ်ညစ်အောင် တွေးရမယ်ဆိုရင် သူတကယ်ကိုယ့်ဆီက ထွက်ပြေးခဲ့ရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုများ အနားမှာပြန်ခေါ်နိုင်ပါ့မလဲ။ နောက်ပြီး... သူက ပိန်းတယ်ဆိုရင်‌တောင် ဒီတိုင်းလေး ဆက်ပိန်းစေချင်သေးတယ်။ ဒါမှ သူ့အနားမှာ ဆက်ရှိနေနိုင်ဦးမယ်မဟုတ်လား။ တမင်တကာ သိစေချင်စိတ်နဲ့ စားပွဲပေါ်တင်ထားသော ကမ္ဗည်းတိုင်လေးကို ဗီရိုအတွင်းပိုင်းထိ ထိုးထည့်လိုက်သည်။

မင်းအနားမှာနေနိုင်ဖို့ ငါက လူဖြစ်ရမယ်ဆိုရင်လည်း အင်းပါ လူပဲဖြစ်ပေးပါ့မယ် လိမ်ညာလှည့်စားတာမကြိုက်တဲ့ ငါက မင်းအနားမှာနေနိုင်ဖို့ သေပြီးသားလူတစ်ယောက်မဟုတ်သလို လှည့်ဖြားနေသတဲ့။ အရယ်ရဆုံး ဟာသကြီးပဲ။ လူတွေဘာလို့ လိမ်ညာကြလဲ ငါနားလည်လာပြီထင်တယ်။

Zawgyi

“အစ္ကိုေလးက သူပင္ပန္းလို႔ နားေနတာမို႔ ဘယ္သူ႔ကိုမွမလာေစခ်င္ဘူးလို႔ ေျပာထားပါတယ္ခင္ဗ်”

ေယာင္ေဖး စိတ္ရႈပ္စြာျဖင့္ ဆံပင္ၾကားထဲသို႔ လက္ေခ်ာင္းေတြကို ထိုးထၫ့္လိုက္သည္။ သူ ဒီေန့ ကုမၸဏီမွာ အရႈပ္ထုတ္ႀကီးကို ကိုင္တြယ္ေျဖရွင္းလာတာ။ အမွန္အတိုင္းေျပာရရင္ မတ္တပ္ေတာင္ ရပ္ခ်င္တဲ့ အားရိွေတာ့တာမဟုတ္ဘူး။ ဒါေပမဲ့ ေတြ့ေနက်ေကာင္ေလးကို မေတြ့ရေသးတာမို႔ အေမာက ဘယ္လိုလုပ္လုပ္ေျပမွာမဟုတ္မွန္းသိသည္။ ဒါေၾကာင့္ ေကာင္ေလးအိမ္သို႔သြားကာ ေကာင္ေလးေပါင္ေပၚမွာ အိပ္ခ်င္ပါတယ္ဆိုမွ ရွင္းေခ်ာင္ဆိုေသာ ထိုသတၲဝါေလးသည္ ဘာေတျြဖစ္ေနမွန္းမသိ။ မဟုတ္မွ... သူ႔ကိုရံုး ၃လေလာက္နားခိုင္းလိုက္လို႔ စိတ္ေကာက္ေနတာမ်ားလား။

ဒီေကာင္ေလးေတာ့ေလ။ သူ႔လူက သူေဌးတစ္ေယာက္လံုးျဖစ္ေနတာပဲဟာ ဘာျဖစ္ခ်င္တယ္ဆိုၿပီး တိုက္ရိုက္ေျပာရင္ၿပီးေရာ။ ဒါကို စိတ္အပင္ပန္းခံၿပီး စိတ္ေကာက္ေနရတယ္လို႔။ ဒီကေလးေလးကေတာ့ တကယ္ပဲ။

“သူ႔ သူေဌးလို႔ သြားေျပာေပးပါ။ သူဝင္ခြင့္ျပဳမွာပါ”

“အာ... ဟုတ္ကဲ့ ေကာင္းပါၿပီ”

ၿခံေစာင့္ၪီးေလးႀကီးက မသြားခ်င္သြားခ်င္ပံုမ်ိဳးႏွင့္ တြန႔္ဆုတ္တြန႔္ဆုတ္ ထြက္ခြာသြားေလသည္။ သိပ္မၾကာလိုက္။ အိမ္ထဲမွ ေကာင္ေလးတစ္ေယာက္ ေျပးထြက္လာ၏။ ဆံပင္အျပာေဖာက္ကေလးသည္ ၿဖီးသင္ထားျခင္းမရိွတာ သိသာစြာကိုပဲ ရႈပ္ပြလို႔။ ရွပ္အက်ႌေျပာင္တစ္ထည္ႏွင့္ ေဘာင္းဘီ ဒူးေလာက္ကိုဝတ္ထားေသာ ေကာင္ေလးသည္ သူ႔အတြက္ ကေလးေလးလိုပင္။

“သူေဌး ဒီေန့ အလုပ္မွာ အကုန္အဆင္ေျပလား။ ကၽြန္ေတာ္စိတ္ပူေနတာ”

“အကုန္ အဆင္ေျပပါတယ္။ ဒါေပမဲ့ စိတ္ပူတယ္ဆိုတဲ့လူက ဖုန္းတစ္ခ်က္ မဆက္ေတာ့ ကိုယ္က အိမ္ထိလိုက္လာရတာေပါ့။”

“အာ... အဲ့တာက တမင္မဆက္တာမဟုတ္ပါဘူး ဟို... ကၽြန္ေတာ္ နည္းနည္းပင္ပန္းေနလို႔”

“ဘာလို႔လဲ ဘာကိစၥရိွလို႔ပင္ပန္းတာလဲ ကိုယ့္ကိုေျပာျပမလား”

ေယာင္ေဖးက ရွင္းေခ်ာင္ပုခံုးကေလးကို ဖြဖြေလးဖက္ကာ အိမ္ဆီသို႔ေလ်ွာက္လာသည္။ ရွင္းေခ်ာင္ကလည္း ေယာင္ေဖး၏ အလုပ္အိတ္ကေလးပိုက္ကာ အလိုက္သင့္ေလးေနရင္း အိမ္ဆီသို႔ ခပ္ျဖည္းျဖည္းသာေလ်ွာက္၏။

“မဟုတ္ပါဘူး ကၽြန္ေတာ္... သူေဌးကို စိတ္ပူရတာနဲ႔ပဲ စိတ္ပင္ပန္းသြားတာ”

“အဲ့ေလာက္ေတာင္မွလား”

ခပ္ဟဟရယ္ရင္း ပါးေဖာင္းေဖာင္းေလးကိုဖ်စ္လိုက္ေတာ့ ႃပံုးလိုက္တဲ့ ေကာင္ေလးရဲ့ အႃပံုးက တစ္ခုခုထူးဆန္းေနသလိုလို။ သူ႔ အလိုလိုသိစိတ္အရ ပါးေဖာင္းေဖာင္းေလးကို ဖ်စ္လိုက္ရင္ မ်က္ေစာင္းေလးတစ္ခ်က္ေပးတတ္တဲ့ေကာင္ေလးဟာ ဒီေန့ေတာ့ ပါးေလးဖ်စ္ခံရတာကိုပဲ ၾကည္ႏူးစြာႃပံုးလို႔။

သူ သြားေနသၫ့္ေျခလွမ္းေတြကိုရပ္ကာ ေကာင္ေလးကို မ်က္ႏွာခ်င္းဆိုင္ဆဲြလွၫ့္လိုက္သည္။ ေသခ်ာၾကၫ့္လိုက္ေတာ့ ဆံပင္တို႔က မၿဖီးသင္ထားတာထက္ လက္နဲ႔ထိုးဖြလို႔ ပြသၫ့္ဘက္ကိုပိုသည္။ မ်က္ႏွာကလည္း အရင္ေန့ေတြေလာက္ မၾကည္တာအမွန္။ ခပ္ႏုႏုေရႊမ်က္ႏွာေတာ္ထက္ ပူပန္ရိပ္အခ်ိဳ႕ စြန္းထင္းေနသလိုလို။ ေနာက္ၿပီး ဒီေကာင္‌ေလး ဒီေန့ ထမင္းေရာစားရဲ့လားမသိ။ လမ္းသြားတာေတာင္ ခပ္ယဲ့ယဲ့ကေလး။

“ရွင္း‌ေခ်ာင္, ကေလး ဘာျဖစ္လို႔လဲ။”

“ကၽြန္ေတာ္ ေၾကာက္တယ္”

အိတ္ကို ေျမၾကီးေပၚျဖည္းျဖည္းကေလးခ်လို႔ ရင္ခြင္ထဲတိုးဝင္လာေသာ ေကာင္ေလးသည္ မ်က္ရည္မထြက္ေပမဲ့ ငိုေနသည္ဟု သူထင္ေနသည္။ ဘာျဖစ္လို႔လဲ။ သူ႔ေကာင္ေလးမွာ ဘာေတြမ်ားထပ္ၿပီးရိွေနလို႔လဲ။

“ေျပာျပမလား မင္း ဘာကိုေၾကာက္တာလဲဆိုတာ ကိုယ္အဲ့တာကိုအျပတ္ရွင္းေပးမယ္”

“သိတယ္ ကၽြန္ေတာ္သိသားပဲ သူေဌး ကၽြန္ေတာ္ေလ”

တြန႔္ဆုတ္စြာေျပာလာေသာ ေကာင္ေလးကို ငံု႔ၾကၫ့္မိသည္။ အရပ္ခ်င္းသိပ္မကြာေပမဲ့ နီးကပ္ေနတဲ့ ခႏၶာကိုယ္အေနအထားအရ ငံု႔ၾကၫ့္ရတာမ်ိဳး။

“ကၽြန္ေတာ္ သူေဌးကို လက္ထပ္ခ်င္တယ္။ ကၽြန္ေတာ့္ကို လက္ထပ္မလား”

အရည္လဲ့ေနေသာ မ်က္ဝန္းမ်ားႏွင့္ ၾကၫ့္လာေသာ ထိုေကာင္ေလးသည္ သူ႔အား မခံႏိုင္ေအာင္ လုပ္ေနသလိုလို။ အိမ္ထဲမေရာက္ႏိုင္ေသးသည္ ျဖစ္တာေၾကာင့္ ေကာင္ေလးကို ေစြ့ခနဲေပြ့သြားလိုက္ကာ အိမ္ထဲအရင္ဝင္ရ၏။ မဟုတ္လ်ွင္ ၿခံေစာင့္ၪီးေလးႀကီး၏ မ်က္လံုးသည္ ကၽြတ္ထြက္ရံုမကဘဲ ေပါက္ပါေပါက္ကဲြလာမွာေၾကာက္ရသည္။

“ဘာေတြေျပာေနတာလဲ”

လုပ္ခ်င္ရာလုပ္ေနသၫ့္ ေကာင္ေလးကို ဆိုဖာေပၚခ်ကာ ေမးလိုက္ေတာ့ ေကာင္ေလးက သူ႔လက္မွ လက္စြပ္တစ္ကြင္းကို ခၽြတ္ကာ ေယာင္ေဖးလက္သူႂကြယ္မွာ စြပ္ေပးလိုက္သည္။ သူ႔ပံုစံေလးက ေယာင္ေဖးသူ႔ကိုလက္ထပ္မယ္ဆိုတာ ေသခ်ာသိေနသၫ့္ပံုမ်ိဳး။

“ခုျပႆနာေၾကာင့္ လူသိရွင္ၾကားမျဖစ္လည္းရတယ္။ ဘယ္သူမွမသိဘဲ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ပဲ သိထားလည္းရတယ္။ ရုတ္တရက္ေတာ့ ဆန္မွာေပမဲ့ ကၽြန္ေတာ္ ခင္ဗ်ားကို လက္ထပ္ခ်င္တယ္”

“တကယ္လား”

“တကယ္”

ေမးလိုက္ေသာေမးခြန္းကို တံု႔ဆိုင္းမႈမရိွ ခ်က္ခ်င္းေျဖလာေသာ ထိုေကာင္ေလးဟာ နည္းနည္းေလးမွ ေၾကာက္တတ္ပံုမရ။ စိတ္ထဲရိွရာလုပ္လိုက္မိ‌ေတာ့ ေကာင္ေလး၏ လက္ေခ်ာင္းေလးေတြမွစ၍ မ်က္ႏွာျပင္အထိ အနမ္းေနြးေတြႏွင့္ ျပၫ့္သြား၏။

“ကိုယ္မင္းကို ခ်စ္တယ္”

“ကၽြန္ေတာ္လည္း ခင္ဗ်ားကို ခ်စ္တယ္ အရမ္းခ်စ္တယ္”

မ်က္ရည္ေတြဝဲကာ ေျပာလာေသာ ေကာင္ေလးအား ရင္ခြင္ထဲမ်က္ႏွာအပ္ေစကာ ခပ္ေနြးေနြးရင္ခြင္ကိုဖန္တီးရတာလည္း သူ ခ်စ္သည္။ ေကာင္ေလး၏ မ်က္ရည္စေလးေတြကိုလည္း သူခ်စ္သည္။ ဒီအခ်ိန္ေလးကိုလည္း သူခ်စ္သည္။ ဒီအိမ္ေလးကိုလည္း သူခ်စ္သည္။ သူ႔ေကာင္ေလးနဲ႔ ပတ္သတ္သမ်ွ အရာအားလံုးအား သူခ်စ္ပါ၏။

“ဒါဆို ကိုယ္တို႔ ဒီအပတ္ပိတ္ရက္ပဲ အေမ့ကိုသြားေတြ့ရေအာင္”

“အြန္း”

“ကိုယ္တို႔ လက္မထပ္ခင္ အမ်ားႀကီးလည္း Dateခ်င္ေသးတယ္”

“အြန္း”

“လက္ထပ္ရင္ ဘယ္မွာလုပ္ရင္ ေကာင္းမလဲ။ ကိုယ့္မွာအႀကံေတာ့ရိွတယ္။ အဲ့အႀကံအတိုင္းလုပ္ခ်င္လုပ္။ မဟုတ္ရင္လည္း မင္းသေဘာအတိုင္း စိတ္ႀကိဳက္လုပ္။ ဘယ္လိုလုပ္ခ်င္လဲ”

“အြန္း သူေဌးပဲ စိတ္ႀကိဳက္လုပ္”

ရင္ခြင္ထဲက ေကာင္ေလးသည္ ရွက္လို႔ထင္ပါ၏။ သူ႔ရင္ဘတ္အား ႏႈတ္ခမ္းေလးႏွင့္ ထိုးၿပီး ေခါင္းကျပန္ေမာ့မလာေတာ့။ ငွက္သိုက္ဆံပင္အား အသည္းတယားယားႏွင့္ ငံု႔နမ္းေတာ့ အနမ္းခံရတာကို ႀကိဳက္ပံုရတဲ့ထိုေကာင္ေလးဟာ သူ႔ေခါင္းေလးကို ထိုးေပးလာေလရဲ့။ ဒီေတာ့ ေယာင္ေဖးလည္း အားရပါးရကိုနမ္းလိုက္ပါေသးတယ္။ ေပ်ာ္တယ္... အင္း ေပ်ာ္တယ္ဆိုေပမဲ့ တစ္ခုခုကို မတင္မက်နဲ႔။ တစ္မ်ိဳးႀကီး ခံစားရေနသည္။ ဘယ္လိုေျပာရမလဲ။ ေပ်ာ္တာေတာင္ ဝမ္းနည္းစရာေပ်ာ္ျခင္းမ်ိဳးလို... ရင္ထိတ္စရာတစ္ခုခုက သူ႔ကိုေစာင့္ႀကိဳေနတုန္းလို... ဒါမွမဟုတ္ သူ ေပြ့ဖက္ထားတဲ့ ဒီေကာင္ေလးကို သူဆံုးရႈံးလိုက္ရမွာလိုလို။

အဲ့လိုေတြးမိျပန္ေတာ့ ဖက္ထားသၫ့္ လက္မ်ားကို အားထၫ့္လိုက္မိျပန္၏။ ခပ္တင္းတင္းေပြ့ဖက္ခံထားရတာေၾကာင့္ ရင္ခြင္ထဲကေကာင္ေလး အသက္ရႉၾကပ္ေလာက္ၿပီျဖစ္ေပမဲ့ မရုန္းလာဘဲ သူ႔ဆီကိုသာ ပိုမိုတိုးကပ္လာေသာ ေကာင္ေလးေၾကာင့္ သူအံ့ဩမိသည္။ ဒီေကာင္ေလး ဘာျဖစ္ေနလဲေတာ့ သူမသိေပမဲ့ ဒီအရာေတြအားလံုးဆီက ေကာင္ေလးကို ကာကြယ္ေပးႏိုင္မယ္လို႔ ေမ်ွာ္လင့္မိပါရဲ့။

“ကိုယ္ျပန္ေတာ့မယ္ ၪီးေလးကိုလည္း ႀကိဳေျပာထားၪီးေနာ္။ အိပ္ပုတ္ေလး, တစ္ေယာက္တည္း ေပေတမေနနဲ႔ အစားလည္း စားၪီး။ ပါးေဖာင္းေဖာင္းေလးနဲ႔ ဗိုက္ေခါက္ေသးေသးေလး က်သြားရင္ အျပစ္ေပးမွာဗ်။”

သံုးနာရီေလာက္ေနၿပီးေနာက္ ျပန္ရန္ျပင္ဆင္ေနေသာ သူေဌးအားၾကၫ့္ကာ ရွင္းေခ်ာင္ မေက်မနပ္ၾကၫ့္မိသည္။

“လူကို ဝက္ျဖစ္ေအာင္ စားခိုင္းေနတယ္”

“မင္းက ဝရင္ပိုခ်စ္ဖို႔ ေကာင္းလို႔။ အဟား ေတြးၾကၫ့္ေလ မီးပံုးပ်ံေလးနဲ႔ တူမွာ အျပာေရာင္ ဆံပင္နဲ႔မီးပံုးပ်ံေလး”

မေက်နပ္သလို အၾကၫ့္တစ္ခ်က္ထပ္ေပးလိုက္ေတာ့ ရယ္ေမာကာ သူ႔အားဖက္ထားပါေသာ သူေဌးေၾကာင့္ ခပ္နင့္နင့္ႃပံုးလိုက္မိပါ၏။ သူ႔ခ်စ္သူဟာေလ အသားယူဖို႔ဆို သိတတ္သလားမေမးနဲ႔။ ရယ္တာမ်ား မဖက္လည္း ရယ္လို႔ ရတာပဲကို။ ဒါေပမဲ့ သူႀကိဳက္ပါတယ္ ဒီလိုအသားယူခံရတာေလးကိုပဲ။

“ျမန္ျမန္ျပန္ေတာ့ သူမ်ားကိုလာရယ္ေနတယ္”

“အိုေခ ညက်ဂရုစိုက္ေနာ္ ေအးလာၿပီမဟုတ္လား”

“သိတယ္ ျမန္ျမန္သြားေတာ့ သြား”

“ကိုယ္သြားၿပီ‌ေနာ္”

ကားထဲကေန သူ႔ကိုလွမ္းေအာ္သြားေသာ ခ်စ္ရသူအား ၾကၫ့္ၿပီး လက္ျပလိုက္သည္။ ပုခံုးေပၚမွာ နားေနတဲ့ ရက္ခ်္လည္း မ်က္ႏွာမေကာင္း။

“ရွင္းေခ်ာင္ မင္းတကယ္ ဒီလိုပဲလုပ္မွာလား။ ဒါေတြက မင္းအမွားေတြ မဟုတ္ဘူးဆိုတာ မင္းသိသားနဲ႔”

“ငါ့အမွားေတြ မဟုတ္ခဲ့ဘူးဆိုရင္ေတာင္ ငါကရွင္းေခ်ာင္ေနရာကိုယူထားတာေလ။ သူ႔အစားေပးဆပ္ရမွာလည္း ငါ့တာဝန္ပဲမလား။ မင္းလည္းသိမွာပါ။ တစ္ဘဝလံုး လုပ္ႀကံမႈေတြၾကားမွာပဲ ေနရရင္ ငါရူးသြားလိမ့္မယ္။ သူ႔ကိုအျပတ္ရွင္းလို႔ ရတယ္ဆိုတာလည္း ငါသိတယ္။ ဒါေပမဲ့ သူကမွားတာမွမဟုတ္ဘဲ မွားေနတာက ငါေလ။ ငါ သူ႔ကိုဘယ္လို အားနဲ႔ရွင္းပစ္ႏိုင္မွာမို႔လဲ”

အႀကိမ္ႀကိမ္ထိုးဖြၿပီးသားဆံပင္တို႔ကို ထပ္မံထိုးဖြကာ ဆိုဖာႀကီးကိုမွီ၍ ၾကမ္းျပင္ေပၚထိုင္ခ်လိုက္သည္။

“ငါ ဒီလိုလုပ္ကိုလုပ္မျွဖစ္မယ္။ ဒါၿပီးရင္... ဒါၿပီးရင္ အားလံုးၿပီးပါၿပီ။ ငါလည္း တာဝန္ၿပီးၿပီ။ မင္းေရာပဲ ရက္ခ်္။ ေနာက္ၿပီး ငါ့မွတ္ဉာဏ္ေတြလည္း အကုန္ၿပီးၿပီ။ ေနာက္ဘဝသြားရင္ ဒီမွတ္ဉာဏ္ေတြက ဖ်က္ပစ္ခံရမွာပဲမဟုတ္လား။ ငါ့မွတ္ဉာဏ္ေတြေရာငါ့မွတ္ဉာဏ္ေတြထဲက သူေရာ အကုန္ဖ်က္ပစ္ခံရေတာ့မွာ”

“သိပ္မေတြးပါနဲ႔ သူခင္ဗ်ားကို လာရွာႏိုင္မွာပါဆို”

“သူလာရွာရင္ေတာင္ ငါသူ႔ကိုမမွတ္မိမွာ စိုးရိမ္တယ္ ရက္ခ်္။ ငါကိုယ္တိုင္ေတာင္ မသိဘဲ သူ႔ကိုတြန္းထုတ္လိုက္မိရင္ ဘယ္လိုလုပ္မလဲ။ ‌ေနာက္ ဆိုတဲ့ကာလတစ္ခုအတြက္ အာမခံခ်က္မရိွဘူးေလ။ ငါ သူ႔ကိုပိုင္ဆိုင္ရတာ ဒါေနာက္ဆံုးျဖစ္ႏိုင္မလား မသိလို႔ ငါဒီကာလအေတာအတြင္းေလးမွာ သူနဲ႔အရာအားလံုးကို လုပ္ခ်င္ေသးတာ”

“မင္းကလည္းကြာ... တကယ္ပါပဲ”

“ဒါရိုက္တာႀကီးနဲ႔ ဝူရီတို႔ ေစာေစာလက္မထပ္ဖို႔ဘဲ ေမ်ွာ္လင့္ရမွာပဲ။ တာဝန္ၿပီးသြားတာနဲ႔ ငါသြားဖို႔ဆံုးျဖတ္ၿပီးသားဆိုေတာ့... အင္း... အရာအားလံုး ငါျဖစ္ေစခ်င္သလိုသာ ျဖစ္လာရင္ ေကာင္းမယ္ေနာ္”

ညည္းညည္းၫူၫူေျပာရင္း ဆိုဖာကိုမွီထိုင္ေနေသာ ေကာင္ေလးကို ရက္ခ်္က မ်က္ေစာင္းထိုးသည္။ သူေၾကာက္ေနသၫ့္ အရာတစ္ခ်ိဳ႕က ျဖစ္မလာပါဘူးလို႔ ေျပာျပခ်င္ေသာ္လည္း... ရိွေစေတာ့။ သူ႔ဟာသူသာ သိပါေစေတာ့ေပါ့။ ဆံုးျဖတ္ခ်က္တစ္ခ်ိဳ႕နဲ႔ ျဖစ္လာတဲ့ ကံအေၾကာင္းတရားအခ်ိဳ႕အတြက္ကေတာ့ သူ႔အေၾကာင္းနဲ႔သူပဲေပမို႔ ရက္ခ်္ကိုယ္တိုင္လည္း ပါဝင္ျပင္ဆင္ေပးလို႔ရမွမရဘဲေလ။

“မင္း ဘာလို႔ ေခါင္းမာေနရတာလဲ”

အဘိုးႀကီးသံုးေယာက္က ဝူရီ့ကိုအလယ္မွာထားကာ တစ္ေယာက္တစ္ေပါက္ေျပာဆိုေနၾကသၫ့္အနက္ အဘိုးႀကီးတစ္ေယာက္က ထေအာ္လိုက္ျခင္း။

“ႀကိဳက္ရင္ ယူလိုက္ေပါ့ ဘာျဖစ္ေနတာလဲ။ ငါတို႔လည္း ကူညီေပးမဲ့ဟာပဲကို မင္းသူ႔ကိုေမ့လဲေအာင္လုပ္လိုက္ရင္ ယူဖို႔က လြယ္လြယ္ေလးရယ္။ ဘာေတြ ေတြေဝေနတာလဲ။ အရင္ကလို တဇြတ္ထိုး စိတ္ေတြဘယ္ေပ်ာက္ကုန္ၿပီလဲ”

“အဘိုးတို႔ေျပာသေလာက္လြယ္ရင္ ကၽြန္ေတာ္လုပ္လိုက္ၿပီ။ ဒါေပမဲ့ သူ႔ဆႏၵမပါဘဲ ကၽြန္ေတာ္ မလုပ္ခ်င္ဘူး။ ဒီကိစၥက လူ႔အသက္ကိုပါ အမ်ားႀကီးထိခိုက္ေစမွာ။ သူလက္မခံရင္ ကၽြန္ေတာ္ မလုပ္ႏိုင္ဘူး”

“ဒါဆိုဘာလဲ မင္းကသူ႔ကိုသြားေမးမွာလား ငါနဲ႔လက္ထပ္မလားဆိုၿပီး။ ဒီမွာ ဝူရီ ငါတို႔မင္းကိုေျပာမယ္ ဘယ္သူကမွ ေသၿပီးသားလူနဲ႔ လက္ထပ္ခ်င္မွာမဟုတ္ဘူး။ မင္းေမးလည္း သူမင္းဆီက ထြက္ေျပးရံုပဲ အဖက္တင္မွာ။ သူက ခုသာမသိေသးေပမဲ့ အေနွးနဲ႔အျမန္သိလာမွာပဲ။ အဲ့အခါက်ရင္ မင္းဘယ္လိုလုပ္မလဲ သူမင္းဆီက ထြက္ေျပးတဲ့အခါက်ရင္ ဘယ္လိုလုပ္မွာလဲ ေျပာ မင္းဒီတိုင္းပဲ ထိုင္ငိုင္ေနမွာလား”

“ကၽြန္ေတာ္ မသိဘူး ကၽြန္ေတာ္ သိတာတစ္ခုက သူကၽြန္ေတာ့္ကို လိုလိုလားလားမရိွသ၍ ကၽြန္ေတာ္ ဘာကိုမွလုပ္မွာမဟုတ္ဘူး။”

“ေအး မင္း အဲ့လိုေတြ လုပ္ေနလိုက္။ ဘာျဖစ္လဲ သူ႔ေၾကာင့္ ေသသြားရတဲ့လူကို တာဝန္ယူခိုင္းတာ...”

“ေတာ္ပါေတာ့ ေက်းဇူးျပဳျပီး ေတာ္လိုက္ပါေတာ့”

စကားမဆံုးခင္ ျဖတ္ေျပာလိုက္ေတာ့ ဝူရီေၾကာင့္ အဘိုးႀကီးသံုးေယာက္ သက္ျပင္းကိုယ္စီခ်ကာ ေပ်ာက္ကြယ္သြားၾကသည္။ တစ္ေယာက္တည္း က်န္ခဲ့ေသာ ေကာင္ေလး၏ မ်က္လံုးေတြထဲမွာေတာ့ ေမ့ထားခဲ့ေသာ ပံုရိပ္တစ္ခ်ိဳ႕က အစီအရီ။

လီဝူရီလို႔ေျပာလိုက္ရင္ ခပ္ဆိုးဆိုးေကာင္ေလးမွန္း အားလံုးကသိၾကသည္အထိ သူဆိုးခဲ့ဖူးပါသည္။ သူ႔မွာ ခံယူခ်က္တစ္ခုရိွသည္။ သူလုပ္ခ်င္တာကိုလုပ္မည္။ စိတ္ထဲရိွတာကို တၫ့္ေျပာမည္။ ဟန္ေဆာင္တာေတြ လူၾကားေကာင္းေအာင္ ေျပာတာေတြဘာေတြ သူမသိ။ ဒီေတာ့ သူဟာ အမ်ားအျမင္မွာလူဆိုးႀကီးလိုျဖစ္လို႔။ အေပါက္ဆိုးသည္ သူမ်ားကို မစာမနာေတြေျပာသည္ အစရိွသည္ျဖင့္...။ ကားေမာင္းတာအပါအဝင္ အားကစားအေတာ္မ်ားမ်ားကေတာ့ သူ႔ဝါသနာျဖစ္သည္။ အားလပ္ရက္တိုင္းလိုလိုမွာ သူ႔သူငယ္ခ်င္းႏွစ္ေယာက္နဲ႔အတူ တစ္ေနရာရာမွာခ်ိန္းၿပီး အားကစားတစ္မ်ိဳးစီ ကစားတတ္ၾကသည္။

ထိုေန့ကလည္း အားလပ္ရက္ႀကီး။ အားလပ္ရက္ဆိုေတာ့ လမ္းေပၚမွာ လူေတြကရႈပ္ပြေနသည္။ သူလည္း ခါတိုင္းေန့ေတြလိုပဲ ကားကိုေအးေဆးေမာင္းလာခဲ့သည္။ သူက ကားေမာင္းရတာ သေဘာက်ေပမဲ့ အခ်ိန္ျပၫ့္ ၾကမ္းတမ္းေနေအာင္ ေမာင္းသူမ်ိဳးေတာ့မဟုတ္။ သာမန္အခ်ိန္မ်ိဳးေတြမွာ ကားကိုေအးေဆးေလးေမာင္းရတာ သူသေဘာက်သည္။

“ဟယ္ ဟယ္ ဟိုကားက ဘရိတ္ေပါက္သြားတာလား ဘာလား”

မီးပြိုင့္ရပ္ေနတုန္း ဆူညံဆူညံအသံေတြေၾကာင့္ ၾကၫ့္လိုက္ေတာ့ မူးေနတဲ့လူတစ္ေယာက္လို ဟိုတိုက္ဒီတိုက္ျဖစ္ေနေသာ ကားႀကီးတစ္စင္းက တန္းစီေနသၫ့္ကားေတြကို ပံုပ်က္ေစသည္။ ဆိုးဆိုးဝါးဝါးထိခိုက္ေစတာမ်ိဳးေတာ့ ခုခ်ိန္ထိမျမင္ရေသးေပ။ ဆဲသံေတြညံသြားစဥ္ မီးစိမ္းသြားၿပီမို႔ သူေမာင္းထြက္လိုက္ေပမဲ့ မထင္ထားတာက သူ႔ကားဆီမဝင္လာသၫ့္ ထိုကားႀကီးသည္ လမ္းတစ္ဖက္က ရပ္ထားေသာ ကားအမည္းေလးဆီသို႔ တန္းေန၏။ အထဲမွာလူရိွတာလည္း ေသခ်ာေနသၫ့္အျပင္ ဘရိတ္ေပါက္ေနသၫ့္ ကားႀကီး၏ ဝိတ္ႏွင့္ လမ္းမ၏ ခပ္ေလ်ွာေလ်ွာအေနအထားေၾကာင့္ တက္လာေသာအရိွန္အရ မေသရင္ေတာင္ ႀကီးမားတာ တစ္ခုခုျဖစ္သြားႏိုင္၏။ လက္ပိုက္ၾကၫ့္မေနႏိုင္ေသာ ဝသီအရ လက္တို႔သည္ သူ႔အလိုအေလ်ာက္ လႈပ္ရွားမိလိုက္လ်ွင္...

“ဂ်ိမ္း...”

က်ယ္ေလာင္စြာေသာအသံႀကီးေနာက္တြင္ ဝူရီ၏ကားေလးသည္ ဘရိတ္ေပါက္ေနေသာ ကားႀကီး၏ အရိွန္ကိုတန႔္ေပးႏိုင္လိုက္ကာ ၾကားထဲမွဝင္ခံလိုက္ႏိုင္၏။ ကားပိုင္ရွင္ ဝူရီမွာေတာ့ အသက္ကိုခက္ခက္ခဲခဲရႉလိုက္ရသည္။ ဟီးရိုးလုပ္ရတာလည္း လြယ္လြယ္ကူကူေတာ့မဟုတ္။ မွန္ကဲြစေတြ စိုက္ခံရတာလည္း သက္သက္သာသာ မရိွ။ ဘာပဲေျပာေျပာ accident ျဖစ္တဲ့ feelingမ်ိဳးေတာ့ ႄကံုဖူးတာေပါ့ေလ။ တစ္ဖက္ကားက လူေတာ့ ဘယ္လိုျဖစ္ေနမယ္မသိေပမဲ့ သူ႔ထက္ေတာ့ သက္သာမည္ထင္ပါ၏။ လာေရာက္ကူညီေသာ လူမ်ား၏ ကၽြတ္စီကၽြတ္စီအသံတို႔ကိုၾကားလိုက္၏။ ထို႔ေနာက္ သူ႔အား ကားထဲမွေနကူထုတ္ၾက၏။ အနည္းဆံုးေတာ့ သတိလစ္ေနမယ္လို႔ ထင္ထားေသာသူ႔ကို မ်က္လံုးပြင့္လ်က္သားျမင္ရတာေၾကာင့္ လာကူသူေတြက တအံ့တဩ။

“စိတ္ခိုင္လိုက္တာဗ်ာ ကၽြန္ေတာ္တို႔က ခင္ဗ်ားကို သတိလစ္ေလာက္ၿပီထင္တာ။ ဟိုကားကလူေတာင္ သတိလစ္သြားလို႔ေလ”

‌ေဆးရံုကားက တစ္ကားတည္း စီးရသည္မို႔ မ်က္စိေရ႔ွရိွလူကို ေမာ့ၾကၫ့္မိသည္။ မ်က္လံုးတို႔ကို စိတ္ခ်လက္ခ်မိွတ္ထားပံုက အိမ္မွာအိပ္ေနသည္မ်ား ထင္ေနသလားမသိ။ ေသြးမ်ား စီးက်လာေသာ ေခါင္းအပါအဝင္ ခိုက္မိသြားေသာ ခႏၶာကိုယ္ေနရာအႏွံ႔မွ စူးေအာင့္လာ၏။ ၾကၫ့္စမ္း သူက်ေတာ့‌ သတိလစ္ခ်င္တာေတာင္ မလစ္ရေပမဲ့ ဒီလူက်ေတာ့ သက္သာလို႔။ ေဘးခ်င္းကပ္လွဲေနသၫ့္အေနအထားမွ ႏႈတ္ခမ္းေဖ်ာ့ေဖ်ာ့တို႔ဆီ အၾကၫ့္ပို႔မိသည္။ မ်က္ႏွာက ခန႔္ညားမလိုလိုနဲ႔ ကေလးဆန္သား။

ထိုအေတြးကို ေနာက္ဆံုးေတြးလိုက္ၿပီးေနာက္မွာေတာ့ ေခါင္းေတြမူးေဝလာခဲ့သည္။ စီးက်သြားေသာ ေသြးတို႔၏ တေပါက္ေပါက္သံကိုေတာင္ ျပန္ၾကားမတတ္။ ခါးပတ္ပတ္ထားတာကို ေခါင္းကဒီေလာက္ထိ ျဖစ္ရလားကြာ။ အဲ့ ကားမွန္ေတြကိုလည္း ဘာလို႔ မကဲြတဲ့ဟာေတြ မတပ္ၾကတယ္ မသိဘူး။ မေက်မနပ္ေတြးေတာၿပီးေနာက္တြင္ေတာ့ အသိစိတ္နဲ႔ ခႏၶာကိုယ္သည္ လြတ္ထြက္သြားေတာ့သည္။ ထိုစဥ္က ပိတ္ခဲ့ေသာ မ်က္လံုးမ်ားသည္သာ ျပန္ပြင့္မလာႏိုင္မွန္းသိခဲ့ရင္ သူ သတိမလစ္ေအာင္ ႀကိဳးစားမိၪီးမည္။

“ေသြးထြက္လြန္သြားလို႔”တဲ့။ အင္းေပါ့ ဒီ‌ေလာက္ထိ ျဖစ္သြားမယ္လို႔ ဘယ္ထင္ခဲ့ပါလိမ့္မလဲ။ နဂိုတည္းက ေသြးအားနည္းတတ္တဲ့ ကိုယ့္အေၾကာင္းကိုယ္ ခဏေမ့သြားတာကိုး။ အျပစ္မရိွရွာႀကံအျပစ္တင္ရရင္ ေသြးအိတ္လံုေလာက္ေအာင္ မထားႏိုင္တဲ့ ေဆးရံုကို အျပစ္တင္ရမွာပဲ။ လူတစ္ေယာက္မွာ အဆံုးသတ္ဖို႔ကံပါလာရင္ နာမည္ႀကီးေဆးရံုႀကီးမွာေတာင္ ေသြးအိတ္ရွားရတဲ့အထိ။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေသဆံုးခဲ့တဲ့အတြက္ သူ႔ရဲ့ ျပန္ဝင္စားဖို႔ ကိစၥက အခက္အခဲေတြရိွလာသည္။ အဓိကက သူ႔ရဲ့က်န္ရိွေနေသးေသာ အသက္ရွင္ခ်င္စိတ္တစ္ခ်ိဳ႕ေၾကာင့္...။

အကုန္ၿပီးသြားေပမဲ့ အေမက သူ႔ကို အတင္းျပန္ဝင္စားခိုင္းတာမ်ိဳးမလုပ္ဘဲ ဒီတိုင္းအိမ္မွာပဲေပးေနခဲ့သည္။ သူ႔သားအိမ္မွာေနႏိုင္ဖို႔ လုပ္ဖို႔လိုတာ အကုန္ သူမ လုပ္သည္။ ထိုလူနဲ႔ ျပန္ေတြ့ဖို႔ မေမ်ွာ္လင့္ထားေပမဲ့ အေမက ဘာစိတ္ကူးနဲ႔ အိမ္ေပၚေခၚတင္လာသလဲေတာ့ သူလည္း မသိ။ ေနာက္ၿပီး သူ ခ်စ္မိသြားသည္။ လူတစ္ေယာက္၏ အႃပံုးက ဒီေလာက္လွမယ္မွန္းသာ သိခဲ့ရင္ သူအသက္ရွင္ေနတုန္းက မ်ားမ်ားႃပံုးခဲ့ပါတယ္။ စိတ္ညစ္ေအာင္ ေတြးရမယ္ဆိုရင္ သူတကယ္ကိုယ့္ဆီက ထြက္ေျပးခဲ့ရင္ ဘယ္လိုလုပ္ရမလဲ။ ဘယ္လိုမ်ား အနားမွာျပန္ေခၚႏိုင္ပါ့မလဲ။ ေနာက္ၿပီး... သူက ပိန္းတယ္ဆိုရင္‌ေတာင္ ဒီတိုင္းေလး ဆက္ပိန္းေစခ်င္ေသးတယ္။ ဒါမွ သူ႔အနားမွာ ဆက္ရိွေနႏိုင္ၪီးမယ္မဟုတ္လား။ တမင္တကာ သိေစခ်င္စိတ္နဲ႔ စားပဲြေပၚတင္ထားေသာ ကမၺည္းတိုင္ေလးကို ဗီရိုအတြင္းပိုင္းထိ ထိုးထၫ့္လိုက္သည္။

မင္းအနားမွာေနႏိုင္ဖို႔ ငါက လူျဖစ္ရမယ္ဆိုရင္လည္း အင္းပါ လူပဲျဖစ္ေပးပါ့မယ္ လိမ္ညာလွၫ့္စားတာမႀကိဳက္တဲ့ ငါက မင္းအနားမွာေနႏိုင္ဖို႔ ေသၿပီးသားလူတစ္ေယာက္မဟုတ္သလို လွၫ့္ျဖားေနသတဲ့။ အရယ္ရဆံုး ဟာသႀကီးပဲ။ လူေတြဘာလို႔ လိမ္ညာၾကလဲ ငါနားလည္လာၿပီထင္တယ္။

Continue Reading

You'll Also Like

275K 9.9K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
385K 44.7K 84
နွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမ...
603K 69K 122
Uni ဟိန်းက သူ့အဘွားကို ကယ်ဖို့အတွက် Systemမှာ အစမ်းသပ်ခံဖို့ ဆုံးဖြတ်ရင်း တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ Zawgyi ဟိန္းက သူ႔အဘြားကို ကယ္ဖို႔အတြက္ Sys...